← Chapters

အခန်း (၂၅၂)

Vol. 26 Ch. 252

အခန်း (၂၅၂)

Vol. 26 Ch. 252

"ထူးဆန်းလိုက်တာ နင်လည်ပင်းက ဘာဖြစ်တာလဲ"

ကျီဖေး တိုက်ရိုက်မေးလိုက်သည်။ ကောင်းယာလန်သည် တချက်တချက်ကြည့်လိုက်ချိန် ရင်းနှီးနေသည့်မြင်ကွင်းက သူမ၏လှုပ်ရှားမှုများကို ခဏရပ်တန့်သွားစေသည်။

ဟန်ကျီယုသည် အနည်းငယ် ယားယံလာသဖြင့်

"ရပါတယ်၊ ကျွန်မ ဓာတ်မတည့်ဖြစ်သွားလို့ပါ၊ တစ်ချက်လောက် ခွင့်ပြုပါဦး"

ထို့နောက် သူမ ထွက်သွားသည်။

"ဓါတ်မတည့်တာ ? အရက်နဲ့လား ?" ကောင်းယာလန်က

"သူ့ကြည့်ရတာ ဓာတ်မတည့်တာက ဖြစ်နေကျနဲ့တူတယ်"

ကျီဖေးလည်း ထူးဆန်းနေသည်ကို တွေ့လိုက်ရတယ်။ ဟန်ကျီယု အရက်သောက်သည်ကို သူမ ယခင်က မတွေ့ဖူးချေ။

သူမသည် စစ်ဆေးရန် စနစ်ကိုအသုံးပြုလိုက်သည်။

ကောင်းယာလန်သည် အခြားသူငယ်ချင်းများနှင့် စကားစမြည်ဆိုရန် ထွက်သွားပြီး သူမသည် ချီလီမှာ ထိုသို့ အပြစ်မရှိသော မိန်းကလေးကို အစားထိုးအဖြစ်သုံးနေသည့်အတွက် မခံမရပ်နိုင်စွာ ညည်းညူနေခဲ့သည်။

လူတိုင်း မည်သို့တုံ့ပြန်ရမည်ကို မသိတော့ပေ။ ချီလီ၏လုပ် ရပ်သည် အမှန်ပင် မှားနေသော်လည်း ကောင်းယာလန်၏ တုံ့ပြန်မှုသည် မမျှော်လင့်ထားသောအရာပင်။

ကျီဖေး စနစ်ထဲကို စစ်ဆေးနေစဉ် ငြိမ်သက်စွာ ထိုင်နေသဖြင့် ချင်ရှန့်သည် သူမနောက်တွင် ၀င်ထိုင်ကာ သူမ လက်ချောင်းများပေါ်မှ စီးကျနေသော ဝိုင်များကိုသုတ်ပေးလိုက်သည်။

[ဝှက်သယ်ဖက်! တိုက်ဆိုင်ချက်ကြီးက!]

ချင်ရှန့်သည် ကျီဖေး၏ အတွေးများကို ကျင့်သားရနေပြီဖြစ်သောကြောင့် ဘာမှ မတုံ့ပြန်ဘဲ လက်ကိုသာဆက်သုတ်ပေးနေသည်။

[သူတို့နှစ်ယောက်က အဲ့လောက်တောင်တူတယ်ပေါ့ ? နှစ်ယောက်လုံးက သံပုရာသီးနဲ့ဓာတ်မတည့်ဘူးပဲ၊ ကောင်းယာလန်မှာပျောက်ဆုံးသွားတဲ့ ညီမတွေဘာတွေများ ရှိနေမလား? ဒါက တကယ်တိုက်ဆိုင်လွန်းတယ်]

ချင်ရှန့်: ?

ယခုအခါ ချင်ရှန့်သည်လည်း ငြိမ်သက်သွာမနေနိုင်တော့ပေ။ ဓာတ်မတည့်မှုများပါ တူနေခြင်းသည် တိုက်ဆိုင်မှုဟုသာ ရှင်းပြ၍မရပေ။

သို့သော် ချင်ရှန့်သည် ကောင်းမိသားစုပျောက်ဆုံးနေသည့် မိသားစုဝင်ရှိအကြောင်း မကြားမိပေ။ လျှို့ဝှက်ထားတဲ့ ကလေးများဖြစ်နေမလား? ဒါပေမဲ့ ကောင်းယာလန်ရဲ့ မိဘတွေက အရမ်းချစ်ကြသလိုကောင်းယာလန်ကိုလည်း ချစ်ကြတာပဲလေ။

ချင်ရှန့် တွေးနေသောအချိန် ကျီဖေး၏ထူးဆန်းသော အတွေးသည်လည်း ပိုအားကောင်းလို့လာသည်။

သူမသည် အစ်မအကြီးဆုံးနှင့် သူ့သားအကြောင်းကို ပြန်ပြောင်းသတိရမိသည်။ တစ်ခါတစ်ရံတွင် သူမ ထိုလူကို သိလျှင်တောင်မှ အမှန်တရားကိုဖော်ထုတ်ရန် စနစ်ထဲသို့ ပို၍ ထဲထဲ၀င်၀င် တူးဆွရန်လိုအပ်သည်။

ထို့ကြောင့် ယခင်က ကျီဖေးသည် ၎င်းတို့၏ အချက်အလက်များကို စစ်ဆေးသောအခါ အပေါ်ယံမျှသာကြည့်ရှုပြီး ထူးထူး ခြားခြားမတွေ့ခဲ့ခြင်းပေ။

ဤတစ်ကြိမ်တွင် ကျီဖေးသည် သေသေချာချာ ကြည့်ရန် စိတ်ဆုံးဖြတ်လိုက်သည်။

[ဟန်ကျီယုက အကြောင်းကတော့ ရိုးရှင်းတယ်၊ သူ့ မိဘတွေက ယာဉ်မတော်တဆမှုဖြစ်ပြီး သေဆုံးသွားလို့ ဆွေမျိုးများကိုလည်း ဆက်သွယ်လို့မရတာနဲ့ သူမကို မိဘမဲ့ဂေဟာကို ပို့ခဲ့တာပဲ၊ သူမက မိဘမဲ့ဂေဟာမှာပဲကြီးပြင်းခဲ့တာ သူမ မိဘတွေကို လည်း ငယ်ငယ်တုန်းကပဲမြင်ဖူးခဲ့တာ၊ သူက သူ့ မားနဲ့ အရမ်းတူတာဆိုတော့ သူတို့က သားအမိအရင်းတွေဖြစ်မှာပဲ]

[ကောင်းယာလန်အကြောင်းကတော့ တကယ့် မယုံနိုင်စရာပါပဲ... ကောင်းယာလန်ရဲ့ လက်ရှိမား သူ့ရဲ့မားအရင်းမဟုတ်ဘူးတဲ့လား?]

ချင်ရှန့်သည် ချက်ချင်းဆိုသလို ဖြစ်နိုင်ခြေအချို့ကိုခံစားလိုက်မိသည်။

[ဒါဆို ဒီလိုပေါ့၊ တကယ်... လွန်လွန်းတာပဲ၊ ကောင်းယာလန် ငယ်ငယ်တုန်းက သူမ အမေအရင်းက အမျိုးသားတစ်ယောက်နဲ့ ခိုးပြေးဖို့လုပ်နေတာကိုတွေ့လို့ သူမ တားဖို့လုပ်ပေမဲ့ သူမ အမေကတော့ သူ့ကိုထိတ်လန့်တကြားနဲ့ လှေကားပေါ်ကနေတွန်း ချခဲ့တယ်]

[သူ ဒဏ်ရာရသွားလို့မထနိုင်ပေမယ့် သူ့ အမေလက်ကိုဆုပ် ကိုင်ထားဖို့ကြိုးစားလိုက်တာကို သူ့ အမေကတော့ ငိုယိုပြီး အကြိမ်ကြိမ်တောင်းပန်ရင်းနဲ့ပဲ သူ့လက်ကိုရှောင်သွားခဲ့တယ်၊ ကောင်းယာလန်က သူ့အမေ အခြားလူနှင့် လိုက်ပြေးသွားတာကိုပဲ ကူကယ်ရာမဲ့နဲ့ကြည့်နေရပြီး အဲ့‌မှာ သူ ရုပ်ပိုင်းဆိုင်ရာ ထိခိုက်ခဲ့တာတင်သာမပဲ စိတ်ပိုင်းဆိုင်ရာမှာပါ အမဲစက်ထင်ခဲ့တာ]

ချင်ရှန့်သည် ကျီဖေး၏ဒေါသတကြီး တွေးနေသည်ကို ကြည့်ကာ တည်ငြိမ်စွာနေတက်သော ကောင်းယာလန်ကိုမကြည့်ပဲမနေနိုင်ချေ။ သူ အရင်က သတိမထားမိခဲ့ချေ။

[ကောင်းယာလန်ရဲ့ အဘိုးနဲ့အဘွားတွေက သူ့ အမေအရင်းကို အစထဲကလက်မခံလို့ သူ့အဖေကို နောက်အိမ်ထောင်ပြုဖို့ အတင်းအကြပ်ဖိအားပေးခဲ့တယ်၊ အစကတော့ သူ့အဖေက ငြင်းဆန်ခဲ့ပေမဲ့ သစ္စာဖောက်ခံရပြီးနောက်မှာတော့ အားလုံးကိုလက်လျှော့ပြီး သူ့သမီးလေး အဆင်ပြေမဲ့လမ်းကို ရွေးလိုက်တာပဲ]

[သူမရဲ့ အဖေက မိဘတွေရဲ့ အတင်းအကြပ်တွန်းအားပေးခဲ့လို့ အဲ့ဒီဇနီးအသစ်ကိုလက်ထပ်ခဲ့တာဆိုပေမဲ့ ဇနီးအသစ်က ကောင်းယာလန်ကို ကောင်းကောင်းပြုစုစောင့်ရှောက်ပေးခဲ့တယ်လို့ပြောရမယ်၊ ကောင်းယာလန်က သူ့အဖေလက်မထပ်ခင်ထဲက အဲ့မိထွေးကို သူ့အမေအရင်းလိုပဲ လက်ခံထားတယ်]

[ဒါပေမယ့် ကောင်းယာလန်ရဲ့အဖေကတော့ သူ့အမေအရင်းကိုရှာနေတုန်းပဲ၊ ဒါက သူ့ကို ပြန်ခေါ်ချင်လို့မဟုတ်ပဲနဲ့ သူ့သမီးအတွက်ပဲ၊ တစ်ရက်မှာတော့ သူ့အဖေက သူ့အမေအရင်းက လွန်ခဲ့တဲ့ နှစ်အနည်းငယ်ကပဲ ကွယ်လွန်သွားတယ်ဆိုတာပြောပြီး သင်္ချိုင်းကိုသွားကြည့်ချင်လားလို့မေးခဲ့တယ်၊ ကောင်းယာလန်ကတော့ သူမမှာ အမေတစ်ယောက်ပဲရှိတယ်ဆိုပြီးပြတ် ပြတ်သားသားငြင်းခဲ့တယ်၊ မီထွေးက ကောင်းယာလန်ကို ချစ်သလို သူမမှာ ကိုယ်ပိုင်သားသမီးလည်းမရှိတော့ သူတို့ဆက် ဆံရေးကတကယ်ကောင်းတယ်၊ ကောင်းယာလန်က သူ့အမေအရင်းကို မေ့သွားတာကြာပေါ့]

ချင်ရှန့် ရုတ်တရက် နားလည်သွားသည်။ ဟန်ကျီယု ဓါတ်မတည့်သည့်ကိစ္စကို ကျီဖေးပင်ဖြစ်နိုင်ချေ အမျိုးမျိုးကိုတွေးနိုင်ခဲ့တာ ကောင်းယာလန်ကော မတွေးနိုင်ဘူးလား? ဖြစ်နိုင် သည်မှာ သူ့မသိစိတ်သည် သူ့ မိခင်အရင်းနှင့် ဆက်စပ်မှုများအားငြင်းဆိုနေကာ ထိုသဲလွန်စများကို လျစ်လျူရှုခဲ့ခြင်းသာဖြစ်ရပေမည်။

သို့သော် ကောင်းယာလန်လို ရဲရင့်ပြီး ရိုးသားတဲ့ မိန်းကလေးသည် အမှန်တကယ် လျစ်လျှူရှုခြင်းမှာ ဖြစ်နိုင်ရဲ့လား?

ကျီဖေး၏သံသယများသည် သူမ၏ အတွေးများ ပိုနက်နဲလာသည်နှင့်အမျှပြင်းထန်လာသည်။

၎င်းတို့နှစ်ယောက်စလုံး၏မိခင်အရင်းကို ဆုံးရှုံးလိုက်ရသည့် တိုက်ဆိုင်မှုသည် အမှန်ပင်သံသယဖြစ်စရာပင်။

[သူတို့ အမေနှစ်ယောက်ရဲ့နာမည်တွေ မတူပေမယ့် ဟန်ကျီယုရဲ့အသက်... အဲဒီမိန်းမ ထွက်ပြေးတဲ့အချိန်... အိုး ဘုရားရေ... တကယ်ဖြစ်နိုင်တယ်! ဒီကမ္ဘာကြီးမှာ ဒီလိုဒရာမာတွေနဲ့ပဲ ပြည့်နေတာလား!]

ကျီဖေးသည် ထိုအတွေးများထဲနစ်မျောသွားပြီး သူမကို စကား လာပြောနေသည်ပင် မကြားတော့ချေ။

"ကျီဖေး ? ကျီဖေး ?"

ကောင်းယာလန် စူးစမ်းစွာဖြင့် ခေါ်လိုက်သည်။

ချင်ရှန့်က "သူ စဉ်းစားနေတာ"

ကောင်းယာလန် ရယ်မောရင်း "သူ အတွေးတွေပြန့်နေတဲ့အချိန် အရမ်းချစ်စရာကောင်းတာပဲ၊ နင် သူ့ကို သဘောကျတာမဆန်းပါဘူး"

ချင်ရှန့် : "သူ ဘယ်လိုပဲဖြစ်ဖြစ် ငါတော့ သူ့ကိုသဘောကျတယ်"

"ဟားဟားဟား" ကောင်းယာလန် ထိန်းချုပ်မရစွာ ရယ်မောလိုက်သည်။

မည်သူတစ်ဦးတစ်ယောက်မှ သူမ ဖော်ထုတ်ခဲ့သည့် အမှန်တရားကိုသတိမမူမိနိုင်ချေ။

[အိုဘုရားရေ! သူတို့တွေက တကယ့်ကို အမေတူအဖေကွဲတွေပဲ]

ချင်ရှန့်၏မျက်လုံးများသည် ကောင်းယာလန်ကိုကြည့်ရင်း မယုံကြည်နိုင်စွာ ပြူးကျယ်သွားသည်။

ကောင်းယာလန် သိပ်အရေးမစိုက်ဟန်ဖြင့် ရုတ်တရက် မေးလိုက်သည်။

"ခုနက ကောင်မလေးနာမည်က ဟန်ကျီယုလား? သူမက ကျီဖေးရဲ့ အမာခံဖန်လား?"

ချင်ရှန့် ခေါင်းညိတ်လိုက်သည်။

"သူ ဒီနှစ်အသက်ဘယ်လောက်ရှိပြီလဲ"

ကောင်းယာလန်သည် ချင်ရှန့်ကို မကြည့်ဘဲ ပေါ့ပေါ့ပါးပါး မေးလိုက်သည်။

ချင်ရှန့် က ကောင်းယာလန်ကို ကြည့်ကာ အနည်းငယ်မျက် မှောင်ကြုတ်၍ "သူ အသက် နှစ်ဆယ်ပဲရှိသေးတယ်"

ကောင်းယာလန်၏ မျက်တောင်များတဖျပ်ဖျပ်ခတ်သွားသည်။

ကျီဖေးသည် အဖြစ်မှန်ကိုသိရှိပြီးနောက် ချင်ရှန့်အား ထိုမျှကြီးမားသော ကိစ္စကိုမျှဝေလိုစိတ်ပြင်းပြနေခဲ့သည်။

သူမ သတိပြန်ကပ်လာချိန် ကောင်းယာလန် လန့်ဖျပ်သွားသည်ကိုတွေ့လိုက်ရသည်။

အမှန်အတိုင်းပြောရလျှင် သူအပြစ်ရှိသလို ခံစားလိုက်ရသည်။

အကယ်၍ ကွဲကွာနေကြသူမှာ အခြားမောင်နှမများသာ ဖြစ်ပါက ကျီဖေး ၎င်းတို့ကိုပြန်လည်ပေါင်းစည်းရန် ကူညီနိုင်မည့် နည်းအမျိုးမျိုးကိုကြံဆပေလိမ့်မည်။

သို့သော် ကောင်းယာလန်၏ကိစ္စတွင်တော့ သူ ၀င်မစွက်ဖက်သင့်ပေ။

ကောင်းယာလန်၏မိခင်သည် သူမကိုစွန့်ပစ်ကာ ကလေးတစ်ယောက်နှင့် ချစ်ရသူဖြင့်နေထိုင်ခဲ့သည်။

ဟန်ကျီယုသည် အပြစ်ကင်းစင်သလို ကောင်းယာလန်လည်း ထိုနည်းတူပင်။

ထို့ကြောင့် ကျီဖေးသည် ကောင်းယာလန်မှာ ဟန်ကျီယုကို မည် သို့တုံ့ပြန်မည်ဆိုတာ အာမ မခံနိုင်ချေ။

ကောင်းယာလန်လည်း သတိပြန်၀င်လာပြီး "နင်ဘာတွေ စဉ်း စားနေတာလဲ?"

ကျီဖေးသည်" ချီလီပြန်လာရင် ဘာဒုက္ခတွေ ထပ်ပေးမလဲလို့ တွေးနေတယ် "

ကောင်းယာလန် ချီလီအား လုံးဝဂရုမစိုက်ပုံရသည်။

သူတို့ ခဏကြာစကားစမြည်ပြောပြီးနောက် သူမ စမ်ထင်ကို ရေကန်ထက်သို့ မြန်မြန်တက်လာရန်ဆွဲခေါ်လိုက်သည်။

"ငါနည်းနည်းလောက် သောက်ချင်လာပြီ၊ ဒါနဲ့ အဲဒီကောင်မ လေး ဘယ်မှာလဲ၊ သူ ဘာလို့ ပြန်မလာသေးတာလဲ။"

ကောင်းယာလန် ရုတ်တရက်မေးလိုက်သည်။

"သူမမှာ ပြင်းထန်တဲ့ ဓါတ်မတည့်တာများရှိနေတာလား ? ငါ တစ်ချက် သွားစစ်ကြည့်လိုက်ဦးမယ်"

All Chapters