အခန်း (၂၅၃)
Vol. 26 Ch. 253
ကောင်းယာလန် ထွက်သွားချိန် ကျီဖေး တုန်လှုပ်ခြောက်ခြားစွာကျန်ရစ်နေခဲ့သည်။
【ကောင်းယာလန်က ဟန်ကျီယုကို သဘောကျတဲ့ပုံပေါ်ပေမယ့် သူနဲ့ အခုမှတွေ့ဖူးတဲ့သူတစ်ယောက်ကို အရမ်းစိတ်ပူနေတာ ထူးဆန်းလိုက်တာ]
ချင်ရှန့်သည် ကောင်းယာလန်၏နောက်ကျောကို ခဏမျှကြည့်ပြီးနောက် "ကောင်းယာလန်က ဟန်ကျီယုကို သူ့ရဲ့ အမေတူ အဖေကွဲညီမလို့ သံသယ၀င်နေတာ ဖြစ်နိုင်တယ်"
ထိုစကားကြောင့် ကျီဖေး ထိတ်လန့်သောအမူအရာဖြင့် ချင်ရှန့်ဘက်သို့ လှည့်ကြည့်လိုက်သည်။ ကျီဖေး ထိုသတင်းကိုချင်ရှန့် အား မမျှဝေခဲ့ရသဖြင့် သူ မည်သို့သိနေရသနည်း?
ချင်ရှန့် သည် ကျီဖေး၏အမူအရာကိုမြင်သည့်အခါ သူမတွေးနေသည့်အရာကိုသိလိုက်သည်။ သူ၏ဝှက်ဖဲကိုဖွင့်ရန်ဆုံး ဖြတ်လိုက်သောကြောင့် ကျီဖေးကို အနားတိုးလာစေရန် လက်ဟန်ပြကြီး အတင်းအဖျင်းမျှဝေရန်ပြင်လိုက်သည်။
ကျီဖေး၏မျက်လုံးများ ချက်ချင်းတောက်ပလာသည်။ ချင်ရှန့်တွင် အဆက်အသွယ်ကောင်းများစွာ ရှိသဖြင့် သူလိုချင်သော အချက်အလက်မှန်သမျှကို အလွယ်တကူ ရှာဖွေနိုင်သည်။ သို့ဖြစ်ရာ အတင်းအဖျင်းအချို့ကို သူ သိပြီးသားဖြစ်နိုင်သည်။
ကျီဖေးသည် လျှို့ဝှက်ထားစရာ မလိုတော့သဖြင့် စိတ်အားထက်သန်စွာ ငုံ့ကိုင်းလာပြီးခပ်တိုးတိုးပြောလိုက်သည်။
"ရှင်တစ်ခုခု သိထားလို့လား"
သူ စကားပြောခါနီးတွင် ပိုင်ရှောင်ရှီ၊ ယွီယွဲ့နှင့် စမ်ထင်တို့အ ပြင် အခြားသူများလည်း အနီးအနားသို့စကားပြောရင်း လာသဖြင့် ကျီဖေးနှင့် ချင်ရှန့်တို့၏သီးသန့်စကားဝိုင်းကို အနှောင့် အယှက်ဖြစ်သွားစေသည်။
ကျီဖေးသည် အတင်းအဖျင်း ပြောခံနီးတွင် အနှောင့်အယှက်ပေါ်လာသဖြင့် စိတ်ပျက်သွားပြီး ချင်ရှန့် ကို ရေကူးကန်ဘေးရှိထောင့်တစ်နေရာသို့ ဆွဲခေါ်သွားပြီး သီးသန့်စကားပြောခဲ့သည်။
"ကောင်းယာလန်ရဲ့လက်ရှိအမေက သူ့အမေအရင်းမဟုတ်ဘူးလို့ ကောလဟာလတွေထွက်နေတယ်၊ သူ့မေအရင်းက တခြားတစ်ယောက်နဲ့ ခိုးရာလိုက်ပြေးသွားတာလေ၊ ဟန်ကျီယုရဲ့အသက်အရွယ်နဲ့ ယှဉ်ကြည့်တော်တော်ဖြစ်နိုင်တယ်၊ ကောင်းယာလန်လည်း သံသယရှိနေတာပဲ၊ ဒါကြောင့် သူ ဟန်ကျီယုကို အရမ်းအာရုံစိုက်နေတာ"
ကျီဖေး၏ မျက်နှာသည် စိတ်လှုပ်ရှားမှုကြောင့် တောက်ပလာသည်။
"တကယ်လို့ သူတို့သာ ညီအစ်မတွေဆိုရင် ကောင်းယာလန်က ဟန်ကျီယုအပေါ် သဘောထားကဘယ်လိုရှိမယ်လို့ထင်လဲ?"
ချင်ရှန့်သည် "ကောင်းယာလန်က သူ့လူတွေဆို အရမ်းကာကွယ်တယ်ဆိုတာ ကိုယ် သိတယ်၊ ပြီးတော့ ဟန်ကျီယုက သူမ မိဘတွေကို ငယ်ငယ်ကတည်းက ဆုံးရှုံးခဲ့ရတာလေ"
သူမ နာကျင်မှု၏အဓိကလူသည် ပျောက်ကွယ်သွားပြီဖြစ်ပြီး လူတိုင်းသည် ၎င်းတို့၏အမုန်းတရားများကို ဆက်လက်တည်တန့်နေလူများမဟုတ်ကြပေ။ ထို့အပြင် ကောင်းယာလန်သည် အလွန်စည်းကမ်းကြီးသူပင်။
သို့သော်ငြားလည်း ချင်ရှန့်သည် သူ့ပတ်ဝန်းကျင်ရှိ လူအများစုကိုကောင်းစွာမသိသောကြောင့် သေချာမပြောနိုင်ပေ။
ကျီဖေးသည် အလွန်စိုးရိမ်သွားပြီး ဟန်ကျီယု၏လက်ရှိအခြေ အနေကိုစစ်ဆေးရန် သူမ၏စနစ်ကို အသုံးမပြုပဲမနေနိုင်လိုက်ချေ။
သူ တွေ့လိုက်ရသည့်အရာကြောင့် ထဆဲလုနီးပါးဖြစ်သွားသည်။
【 ချီလီက ရူးနေတာလား ဘာလား ? သူဘာလို့ ထပ်ပြီး တားနေရပြန်တာလဲ?]
ချင်ရှန့် အနည်းငယ်လှုပ်လိုက်သောကြောင့် ရေကန်အတွင်းရှိ ရေများသည် လှိုင်းအနည်းထသွားသည်။ သူသည် ကျီဖေး သည် စိတ်ထဲ ဆဲဆိုနေသည်ကိုကြားလိုက်ရသည်။
သူ့သူငယ်ချင်းကြီး ချီလီက ထွက်သွားပြီးတာတောင် ဆိုးရွားတဲ့အရာတွေကိုထပ်လုပ်နေသေးတာလား ?
ဟန်ကျီယုသည် ဆေးသောက်ပြီး ယူနီဖောင်းအသစ်ပြောင်းကာ အလုပ်ဆီပြန်လာရန် ပြန်လိုက်ချိန် စင်္ကြန်တစ်ခုတွင် ပိတ်မိသွားသည်။
ဟန်ကျီယုသည် ချီလီကို မြင်လိုက်ရချိန် စိတ်ပျက်မှုများ ပြည့်နှက်သွားသည်။ သူမသည် သူ့ကို မမြင်ချင်ယောင်ဆောင်ကာ ရှောင်ထွက်သွားရန်လုပ်သော်လည်း ချီလီသည် သူမ လက်ကို ဆွဲလိုက်ကာ နံရံကိုထောက်လျက် စတိုင်ကျကျပိတ်ထားခဲ့သည်။
"ဟန်ကျီယု မင်းနာကျင်နေလို့ ငါ့ကို လျစ်လျူရှုထားတာလား!"
ဟန်ကျီယု၏ ရုန်းကန်မှုများသည် အချည်းနှီးဖြစ်သွားပြီး ပြောစရာစကား ပျောက်ရှသွားကာ
"သခင်လေးချီ ကျွန်မတို့ စာချုပ်က သက်တမ်းကုန်ဆုံးပြီးပါပြီ၊ နောက်ဆက်တွဲ အရှုပ်အထွေးတွေ ဖြစ်မလာသင့်ဘူး!"
ထိုအရာသည် ဟန်ကျီယု နှောင့်ယှက်လာမည်ကို တားဆီရန် ချမှတ်ထားခြင်းဖြစ်သော်လည်း ယခုအခါ ဟန်ကျီယုအမြင်တွင် ထိုစည်းကမ်းကို အမှန်တကယ်လိုက်နာသင့်သူမှာ ချီလီဟုထင်မိသည်။
ချီလီသည် ခပ်ဟဟရယ်ကာ ဟန်ကျီယု၏မေးစေ့ကိုဆွဲညှစ်ပြီး လှောင်ပြောင်ဟန်ဖြင့် "ဒီနေ့ မင်း တော်တော် သတ္တိရှိနေတယ်နဲ့တူတယ် ? ငါ့ကို စိတ်မသက်သာအောင် အမြဲလုပ်နေတာ၊ ငါ မင်းကို သည်းခံမယ်လို့ထင်နေတာလား?"
ဟန်ကျီယု၏ နှုတ်ခမ်းများ လှုပ်ယမ်းသွားသည်။ ကောင်းယာလန်လိုထူးချွန်သည့်သူတစ်ယောက်သည် ထိုသို့သောလူတစ်ယောက်နှင့် အဘယ့်ကြောင့်တွဲခဲ့မိမှန်း သူ တကယ်အံ့ဩမိခဲ့သည်။
ချီလီသည် ဟန်ကျီယု နှုတ်ဆိတ်နေသည်ကိုမြင်တော့ သူမသရုပ်ဆောင်နေခြင်းကို ရပ်တန့်လိုက်ပြီဟုထင်ခဲ့သည်။ သူ အသက်ပြင်းပြင်းရှူလိုက်သောအချိန် ဟန်ကျီယု၏မျက်လုံးများသည်အောက်စိုက်ကာ သူမ၏ ခံစားချက်များကိုမျိုသိပ်ထားသည်ကိုမြင်လိုက်ရသောအခါ သူ အံ့သြသွားမိသည်။
ဤသည်မှာ သူနှင့်ရင်းနှီးသော ဟန်ကျီယုဖြစ်သည်—ရိုကျိုးပြီး နာခံတတ်သောသူလေးပင်။
အမှန်တော့... သူသည် သူမကို သူ လွမ်းနေမိခြင်းပင်။ သူမသည် သူ့ဘေးတွင် သူခေါ်တဲ့အခါတိုင်း သူအလိုရှိသည့်အချိန်တိုင်းရှိနေတက်သည်။
ချီလီသည် ဟန်ကျီယုကို စိုက်ကြည့်ရင်း သူ့လည်ချောင်းများ တင်းကြပ်လာသည်။ သူတို့နောက်ဆုံးတွေ့တာ တော်တော်ကြာခဲ့ပြီဖြစ်သည်။ သေချာသည်မှာ ထိုကောင်မလေးလည်း သူ့ကို လွမ်းနေရမည် မဟုတ်လား? သူမ ဘယ်လောက်တောင် တိတ်တိတ်လေးငိုခဲ့ရမလဲ ?
ကောင်းယာလန်ကြောင့်သာ မဟုတ်ပါက သူတို့အရင်တုန်းကလိုနေနိုင်မည်။
ချီလီ၏ဆုံးဖြတ်ချက်သည် ရုတ်တရက်ယိမ်းယိုင်သွားသည်။
အဘယ့်ကြောင့် ကောင်းယာလန်ဖြစ်ရတာလဲ? သူ ကောင်းယာလန်ကို နောက်တစ်ကြိမ်တွေ့ဆုံတုန်းက ခံစားချက်များရှိနေခဲ့တာတောင် သူမနှင့် စကားပြောတိုင်း သူ ယခင်ကလိုဒေါသတွေထွက်နေဆဲပေ။ သူ့အားအကြွင်းမဲ့ချစ်တဲ့သူကို စတေးပြီး သူမ၏ညှဉ်းပန်းနှိပ်စက်မှုများကို ဘာကြောင့်ခံစားနေရမည်နည်း ?
သူရွေးချယ်သင့်သောလူမှာ ဟန်ကျီယုသာဖြစ်သည်။ ကောင်းယာလန်မဟုတ်ပေ။
သူ့စိတ်ထဲတွင် ဟန်ကျီယုသည် ကောင်းယာလန်နှင့် လုံးဝခြား နားသော လူတစ်ယောက်ဖြစ်နေပြီဖြစ်သည်။
"ဟန်ကျီယု မင်း ဘာတွေတွေးနေလဲ ငါ သိတယ်...တကယ်တော့ ငါ့နှလုံးသားက ဝေခွဲမရဖြစ်နေတာ၊ ငါ့ကို အချိန်တစ်ခုလောက်ပေးလို့ရမလား" ချီလီ ရုတ်တရက်ပြောလိုက်သည်။
ဟန်ကျီယု သတိပြန်၀င်လာချိန် ထိုစကားများကြောင့် အံသြသွားသည်။ သူမ စကားမပြောတက်သူပမာ ကူကယ်ရာမဲ့ဖြစ်နေမိသည်။
"သခင်လေးချီ ရှင်အချိန်မလိုဘူး၊ ရှင် စိတ်ရှုပ်စရာလည်း မလိုပါဘူး၊ အခု ကျွန်မတို့မှာ ဘာဆက်ဆံရေးမှမရှိတော့ဘူး၊ ရှင့်အကြောင်းကို ကျွန်မတစ်ခါမှမတွေးဖူးဘူး၊ ကျွန်မ ဘ၀နဲ့ ရင်းပြီး ကျိန်ဆို ကျိန်ရဲပါတယ်၊ ကျေးဇူးပြုပြီး လမ်းဖယ်ပေးပါ၊ ကျွန်မ အလုပ်ပြန်ရမယ်။"
ချီလီသာ သူမကို လွယ်လွယ်နဲ့ယုံလိုက်ပါက ချီလီ မဟုတ်နိုင်ချေ။
"ဟန်ကျီယု ကိုယ် မင်းကို မနမ်းရဲဘူးထင်နေလား" ချီလီသည် တစ်ခုခုကို သက်သေပြနေသလိုပင်။
ဟန်ကျီယု၏ မျက်လုံးများသည် ထိတ်လန့်တကြား ပြူးကျယ်သွားပြီး နံရံထဲသို့ နစ်မြုပ်သွားချင်သည့်အလား တဖြည်းဖြည်းဆုတ်လိုက်ချိန် သူမ ပါးစပ်မှ “နင့် မေလင်” ဆိုသည့် ဆဲရေးစကားထွက်အံ့ဆဲဆဲတွင် အဝေးမှ အသံတစ်ခုကိုကြားလိုက်ရသည်
"ဒါက ဘာလဲ? အတင်းအကျပ် နမ်းဖို့လုပ်နေတာလား? ချီလီ.. အခု ဒီခေတ်က ပိုပြီးတရားမျှတမှုရှိလာပြီနော်"
ကောင်းယာလန်၏အသံကြောင့် ချီလီသည် ဟန်ကျီယုအား ထိန်လန့်တကြားလွှတ်လိုက်ပြီး သူ့နှလုံးသားသည် အပြစ်ရှိစွာ ခုန်ပေါက်နေသည်။
ဟန်ကျီယုသည် ခြေလှမ်းအနည်းငယ်သုံးကာ ဘေးသို့ရွှေ့လိုက်ပြီး လက်ခလယ်နှစ်ချက်ကို ချီလီဘက်သို့လှည့်ထောင်ပြလိုက်သည်။
ချီလီသည် ကောင်းယာလန်ကိုသာ အာရုံစိုက်ထားသောကြောင့် သတိမထားမိလောက်အောင် အလုပ်များလွန်းနေသော်လည်း ကောင်းယာလန်သည်တော့ ဟန်ကျီယု၏ရယ်စရာကောင်းသည့် အမူအရာကိုတွေ့လိုက်သည်။
ကောင်းယာလန်၏ရယ်သံကြောင့် ဟန်ကျီယုသည် ကသိက အောက်ဖြစ်သွားကာ ရှက်သွားမိသည်။
အဆုံးတွင် ထိုစုံတွဲဟောင်းသည် တစ်ယောက်ကို တစ်ယောက် ခံစားချက်များ ရှိ၊ မရှိကို မပြောနိုင်သေးချေ။
"မင်း ဘာလို့ဒီကိုရောက်နေတာလဲ?" ချီလီသည် ယုံကြည်မှုများတိုးလာသည့်ပမာ "ငါဘာလုပ်လုပ် မင်းနဲ့မဆိုင်ဘူး မဟုတ်ဘူးလား၊ မင်း ငါ့အတွက် ဘာမှမဟုတ်တော့ဘူး"
ကျီဖေးသည် စနစ်ဖြင့် ဒရာမာကိုကြည့်နေရာမှပြောစရာစကားများပျောက်ရှသွားရသည်။
【သူက အခုထိ ကောင်းယာလန်ကိုနှိုးဆွဖို့ ဟန်ကျီယုကို သုံးမဲ့ အစီအစဉ်ကိုမမေ့သေးဘူး၊ သူ့စိတ်တွေ ဝေခွဲမရဘူးလို့ ပြောပေမဲ့ ကြည့်ရတာ သူလျှောက်ပြောနေတာပဲဖြစ်မှာ]
ချင်ရှန့် သည် ကျီဖေး၏အတွေးထဲမှ တိုက်ရိုက်ဖျော်ဖြေမှုကို နားထောင်ရင်း ချီလီ၏လုပ်ရပ်များကိုမအံ့ဩမိပေ။ အဆုံးတွင် ထိုအရာသည် ၎င်း နှစ်ပေါင်းများစွာကြံစည်ခဲ့သည့် အစီအစဥ်ဖြစ်သည်။ သူနှစ်ယောက်စလုံးကိုချစ်ရင်တောင် ကောင်းယာလန်သည် အမြဲတမ်း သူ့အတွက်ပထမဆုံးရွေးချယ်မှုဖြစ် သည်။
【ကောင်းယာလန် ဒါမှမဟုတ် ဟန်ကျီယုာ ချီလီအတွက် ခံစားချက်တစ်ခုခုရှိရင် ဒါက 'လရောင်ဖြူလေးနဲ့ အဝေးမှရပ် ကြည့်နေသူလေးရဲ့ ဂန္တ၀င်စစ်ပွဲ' ဖြစ်လောက်တယ်၊ အခုတော့ ချီလီတစ်ယောက်တည်းပဲ ဒရမ်မာကို ဇာတ်ကနေပြီး ဇာတ် ညွှန်းအတိုင်းကို ခေါင်းမာမာနဲ့ လိုက်နာနေတာပဲ】
ကောင်းယာလန်သည် ချီလီ၏ရယ်ချင်စရာကောင်းသော အမူ အရာနှင့်ရင်ဆိုင်ရသော်လည်း သူ့အား ဟာသလုပ်ရန်ပင် စိတ်မရှည်တော့ပဲ
"ဒါပေါ့ ဒါပေါ့ ဒါပေါ့ ၊ ဒါဆို နင် ထွက်သွားပေးလို့ရမလား ? ငါ ဟန်ကျီယုကို တစ်ခုခုပြောစရာရှိလို့"