← Chapters

အခန်း (၂၅၄)

Vol. 26 Ch. 254

အခန်း (၂၅၄)

Vol. 26 Ch. 254

ကောင်းယာလန် ပြောလာသောအခါ ချီလီသည် ဟန်ကျီယုအား ခက်ခဲစေမည်ကို စိုးရိမ်နေသဖြင့် သူ့ အမူအရာသည် ရုတ်တရက်ပြောင်းလဲသွားသည်။ သို့သော် ကောင်းယာလန်သည် သူ့အတွက်လုပ်နေသည်ဟု တွေ့လိုက်မိချိန်မာန်တတ်သွားသည်။

"ကောင်းယာလန် မင်း တွန်းအားပေးတာကို ငါ မကြိုက်ဘူး" ချီလီ မေးကိုမြှောက်ပြီးပြောလိုက်သည်။

"ဒါနဲ့ မင်းဘာလို့ ငါ့လူနဲ့ ပတ်သက်နေတာလဲ"

ကောင်းယာလန်သည် သူ့ မျက်နှာကို မကြည့်ဘဲ လက်ခလယ်နှစ်ချောင်းသာထောင်ပြလိုက်သည်။

ချီလီ၏သွေးကြောများ ပေါက်ထွက်တော့မလိုခံစားလိုက်ရပြီး သူ၏စိတ် အတွင်းသည် ပိုနက်မှောင်လာသလိုခံစားရသည်။ ရုတ်တရက် သူ့နောက်မှ ရယ်မောသံကို ကြားလိုက်ရသဖြင့် အံ့အားသင့်စွာ လှည့်ကြည့်လိုက်ချိန် ဟန်ကျီယုသည် ခပ်မြန်မြန်ထိန်းနိုင်ခဲ့သည်။

ဟန်ကျီယုသည် ချက်ချင်းရှေ့သို့လှမ်းလာပြီး ကောင်းယာလန်ကိုကြည့် "ဒီမှာ သီးသန့် အနားယူစရာနေရာရှိပါတယ်၊ကျေးဇူး ပြုပြီး ကြွပါ..."

ချီလီ မတုံ့ပြန်မီတွင် ကောင်းယာလန်သည် ဟန်ကျီယုနှင့်အတူ အမြန်ထွက်သွားခဲ့သည်။

"ဟန်ကျီယု မင်း ရူးနေတာလား... "

"ကျေးဇူးပြုပြီး ပြန်သွားပါ သခင်လေးချီ၊ ဒီပါတီက ရှင့်ရဲ့ ပွဲပါ" ဟန်ကျီယု နောက်ပြန်မလှည့်ဘဲပြောလိုက်သည်။

ချီလီ တားဆီးချင်သော်လည်း ၎င်းတို့သည် ဓါတ်လှေကားပေါ် တက်ပြီးသွားပြီဖြစ်သည်။

ချီလီ အံ့အားသင့်သွားသည်။

ဘာတွေဖြစ်နေတာလဲ? ဒီလိုအချိန်မျိုးမှာ သူရှိနေသင့်တာမလား ?

ဟန်ကျီယုက တကယ်တုံးတာပဲ၊ ကောင်းယာလန် သူ့ကိုရိုက်ရင် ဘယ်လိုလုပ်မလဲ? သူ မရှိရင် သူ့ကို ဘယ်သူကာကွယ်မှာလဲ?

ချီလီသည် ဒေါသထွက်သွားသဖြင့် ဟန်ကျီယုကိုဂရုမစိုက်ချင်တော့ပေ။ သို့သော် သူလိုချင်တာကို ရှင်းရှင်းလင်းလင်းမသိသေးသဖြင့် ဤအတိုင်းတော့ရပ်မကြည့်နိုင်ချေ။

သူ ပါတီကို ပြန်လှည့်ကြည့်လိုက်သောအထါ ဟန်ကျီယုကို ကာကွယ်ပေးတက်သည့် ကျီဖေးကိုအရိပ်အမြွက်ပြောရန် စဉ်းစားလိုက်သည်။ ကောင်းယာလန်သည် ကျီဖေးကိုမျက်နှာ သာပေးနိုင်သည်။

သိူ့သော် သူရောက်လာသည်နှင့် ရေကန်ထဲရှိ ကျီဖေးနှင့်ချင်ရှန့်တို့သည် မျက်လုံးတို့ကိုမှိတ်ထားလေသည်။

သူတို့ သူ့အားကြည့်လာချိန် ထူးထူးခြားခြားကြောက်စရာကောင်းနေသည်။

ချီလီက "ဟေး ကျီဖေး နင့်ရဲ့ fan လေးကို ကောင်းယာလန်က သီးသန့်စကားပြောဖို့ဆိုပြီးခေါ်သွားတယ်၊ အနိုင်ကျင့်ခံရတာတွေဘာတွေ ဖြစ်လောက်တယ်"

ကျီဖေး သူမပါးစပ်ကိုဖွင့်လာချိန် ချီလီသည် သူမ ကြားဝင် စွက်ဖက်မည်လားဆိုသည်ကို စဉ်းစားနေမိသည်။ သို့သော် ချင်ရှန့်သည် ကျီဖေး၏ စိတ်ထဲရှိကျိန်ဆဲသံထောင်ပေါင်းများစွာကိုကြားနေသောကြောင့် သူမ မည်သို့တုန့်ပြန်မည်ကို မမှန်းဆနိုင်ချေ။

"ဟုတ်တယ် အခုပဲ ယာလန်ကျဲက ကျီယုကိုတစ်ခုခုပြောစရာရှိလို့ဆိုပြီး ထွက်သွားတာ၊ သူတို့ သီးသန့်ပြောကြတာကောင်းပါတယ်"

"ဟမ့်?" ချီလီ လှောင်ပြောင်ချင်စွာ "မင်း တကယ်ယုံတာလား"

"ဘာလို့မယုံရမှာလဲ ? ယာလန်ကျဲက ကျီယုကို အကာအကွယ်ပေးနေခဲ့တာ မဟုတ်ဘူးလား? ရှင် ခေါင်းမကောင်းတာတာလား? ယာလန်ကျဲက ကျီယုကို ဘယ်လိုလုပ် ဒုက္ခပေးနိုင်မှာလဲ"

ချီလီ အံ့အားသင့်သွားကာ သူ၏စေသနာများမှာ လှောင်ပြောင် ခံနေရသည်ဟုခံစားလိုက်ရသည်။ သူ ထပ်မံပြောချင်သော် လည်း ကျီဖေး၏အတုအယောင် အပြုံးကိုမြင်လိုက်ရပြီး

"အာ မဟုတ်မှလွဲရော.. နင်.. သူတို့က နင့်အတွက် ရန်ဖြစ်နေမယ်လို့ ထင်နေတာတော့မဟုတ်ပါဘူးနော်၊ ဟားဟား နင် အရမ်းအတွေးလွန်နေတာပဲ"

ချီလီ:...

ဘာကို ? သူ့အတွက် ရန်ဖြစ်တာမဟုတ်ဘူးလား? ပြီးတော့ ငါအရမ်းအတွေးလွန်နေတယ်ဆိုတာရော ဘာကိုဆိုလိုတာလဲ?

သူ ပြန်ချေပချင်သော်လည်း ယခင်အဖြစ်အပျက်များကို ပြန်သတိရပြီး သူ့ယုံကြည်ချက်များ ရုတ်တရက်ပျောက်ဆုံးသွားသည်။ သို့သော် သခင်လေးချီသည် သူ့မာနကို ဘယ်တော့မှ အဆုံးရှုံးမခံပေ။

"မင်း နားမလည်ပါဘူး၊ ဒါကြောင့် အဓိပ္ပာယ်မရှိတာ‌တွေ မပြောနဲ့"

ကျီဖေး မျက်ခုံးပင့်ပြီး ပြောလိုက်သည်။ "နင်စိတ်ချသာထားလိုက်၊ သူက ကျီယုကို နင့်ထက် ပိုကောင်းကောင်းဆက်ဆံလိမ့်မယ်၊ ရှင်ရော အဲ့လိုမထင်ဘူးလား"

ကျီဖေးသည် ချင်ရှန့်ကို စကားဝိုင်းထဲဆွဲထည့်လိုက်သည်။

ချီလီသည် မူလထဲက ယုံကြည်မှုများကုန်ခမ်းနေသဖြင့် ချင်ရှန့်သည် အမှန်အတိုင်းသာခေါင်းညိတ်ပြခဲ့သည်။

ချီလီ၏အမူအရာသည် တခဏတာအက်ကွဲသွားသည်။

ရုတ်တရက် သူသည် တစ်ခုခုကို စဉ်းစားမိသွားကာ "သူ မဟုတ်မှလွဲရော ကြိုက်နေ.."

ချီလီသည် ချက်ချင်းပင် ပါးစပ်ကိုပိတ်လိုက်ကာ အနည်းငယ် ထိတ်လန့်သွားဟန်တူသည်။

ကျီဖေးနှင့် ချင်ရှန့် :...

ကျီဖေး: [ခဏလေး နင်ပြောတဲ့ 'ကြိုက်'ဆိုတာက ဘာတုန်း၊ သူ တစ်ခုခု အထင်လွဲသွားတာလား ? သူ့စိတ်က အဲ့လောက်တောင် ရောက်သွားတာလား]

ချင်ရှန့်လည်း တုန်လှုပ်သွားကာ သူ့ပါးစပ်ပင် ပွင့်ဟသွားပြီး ချီလီလည်း အတွေးထဲလွင့်မြောသွားပုံရကာ ယခုအခါမှ လက် တွေ့ဘဝသို့ ပြန်ရောက်ရှိပုံရသည်။

[ဟုတ်တယ်၊ ကောင်းယာလန်က တစ်ခါပြောဖူးတယ်၊ သူသာ ယောင်္ကျားလေးဖြစ်ရင် ကောင်မလေးပဲထားမှာလို့၊ သူ တစ် ခါမှမထားဖူးတော့ ချီလီလည်း အဲ့ဒါကိုမေ့သွားတာ၊ ဒါပေမဲ့ ဒီနေ့ ကောင်းယာလန်က ဟန်ကျီယုနဲ့ဆိုရင် သိသိသာသာကွဲပြားနေလို့ သူ မတွေးပဲမနေနိုင်လိုက်မိတာ၊ အင်း… သူ တကယ်အကြီးကြီးတွေးလိုက်တာပဲ]

ချီလီ ရုတ်တရတ် အတွေးကြောင့် လှုပ်ရှားမှုများ ရပ်တန့်သွားသည်။ ဘယ်လိုတောင် အဓိပ္ပာယ်မရှိတာလဲ! သူက မိန်းမတွေကို ကြိုက်တယ်ဆိုရင်တောင် သူနဲ့ အရမ်းတူတဲ့သူကို မကြိုက်လောက်ပါဘူး၊ ဒါက သိပ်အဆင်မပြေဘူးမလား။ ၎င်းတို့နှစ်ယောက်ကြားရှိ ထူးဆန်းသည့်သဟဇာတကြောင့် သူ့စိတ်များ ရှုပ်ထွေးသွားသလိုခံစားလိုက်ရသည်။

ချီလီသည် ကျီဖေးကို ထပ်မံမေးချင်မိသည်။

သို့သော် ကျီဖေးသည် ထပ်မံမပြောလိုသောကြောင့် ချင်ရှန့်ကို ဆွဲခေါ်ကာ ရေကန်အလယ်သို့ကူးခတ်သွားသည်။

သူမသည် ကြီးမားသော ဘောကွင်းတစ်ကွင်းကို ဆွဲယူကာ ထိုပေါ်သို့တက်လိုက်ပြီး ချင်ရှန့်သည် သူ့အနားတွင်ရှိနေခဲ့သည်။

ကျီဖေးသည် ဒရာမာကို ဆက်လက်ကြည့်ရှုလိုက်ခဲ့သည်။

ကောင်းယာလန် ထိုအခြေအနေကို ဘယ်လိုကိုင်တွယ်မလဲဆိုတာ သူမ သိချင်မိသည်။

ဟန်ကျီယုသည် ကောင်းယာလန်မှာ သူမကို ချီလီထံမှခေါ်ဆောင်လာပေးသဖြင့် သက်ပြင်းချမိလိုင်ပြီးကျေးဇူးတင်မိသွားသည်။

"ငါထင်တာမမှားဘူးဆိုရင် နင် သူ့ကို အဲ့လောက်မကြိုက်ဘူးမလား" ကောင်းယာလန် တိုက်ရိုက်ပြောလိုက်သည်။

ဟန်ကျီယုသည် ချက်ချင်း ခေါင်းညိတ်လိုက်ပြီး "ဟုတ်ပါတယ် ကျွန်မ မကြိုက်ဘူး"

ကောင်းယာလန်က ပြုံးပြီး "ကံကောင်းတာပဲ၊ ငါထင်တာ နင် ချီလီကြောင့် ငါ့ကိုမုန်းနေမှာ စိုးရိမ်နေခဲ့တာ"

ဟန်ကျီယု ချက်ခြင်းနားလည်လိုက်သည်။ ထိုသည်မှာ သူမ ပြုမှုခဲ့သည်များနှင့် ပတ်သက်သည်။

ဟန်ကျီယုသည် ရှက်ရွံ့စွာ ခေါင်းကုတ်လိုက်ပြီး "ကျွန်မကိုလည်း မမုန်းပါနဲ့၊ ကျွန်မ ကျိန်ဆို ကျိန်တယ် သူ့ကို တကယ်မကြိုက်တာပါ"

"အခုတော့ ငါ လုံးဝယုံသွားပြီ၊ ကံကောင်းတာပဲ နင် သူ့ကို မကြိုက်လို့ မဟုတ်ရင်..."

ဟန်ကျီယုသည် ကောင်းယာလန်ကို ချက်ချင်းပင် ထိတ်လန့်စွာကြည့်လိုက်သည်။ ကောင်းယာလန်က တကယ်...

"မဟုတ်ရင် ငါ နင့်ကိုမျက်စိအထူးကုဆရာဝန်ဆီပို့ပြီး ကောင် ချောလေး အယောက် ၁၀၀ ကိုကြည့်ဖို့ အကြံပေးရလိမ့်မယ်၊ ငါ နင့်အကြိုက်ကို မပြောင်းလဲနိုင်ဘူးဆိုတာ မယုံဘူး"

"Pfft!"

ဟန်ကျီယု မထိန်းနိုင်ဘဲ ကျယ်လောင်စွာရယ်မောလိုက်သည်။

အမှန်တွင် ကောင်းယာလန်၏ စကားများသည် ၎င်းတို့၏ လက်ရှိ အချစ်ရေးနှင့် ပတ်သတ်နေပြီး အလွန်တည့်တိုးဆန်လွန်းသည်။

သို့သော် ကောင်းယာလန်သည် သဘာဝကျကျ ပြောခဲ့သဖြင့် ဟန်ကျီယုလည်း ထူးဆန်းသည်ဟုမခံစားရပေ။

"ဒါဆို မင်း ဘာလို့ သဘောတူခဲ့တာလဲ" ကောင်းယာလန် စိုးရိမ်တကြီး ဆက်မေးသည်။

ဟန်ကျီယု ဘယ်လိုရှင်းပြရမှန်းမသိတော့ချေ။ ချီလီ သူမကို အချိန်အကြာကြီး နှောင့်ယှက်လာသည့်အချိန် သူမ စာချုပ်ကို ဖျက်ပစ်လိုက်ချင်သည်။

သို့သော် စာချုပ်ပျက်သွားသည့်အခါ တရားစွဲလာပါက မည်သို့လုပ်ရမည်နည်း ? ထို့အပြင် ပိုက်ဆံများကို မိဘမဲ့ဂေဟာအ တွက် သုံးပြီးသားဖြစ်လို့နေသည်။

ဤသခင်ငယ်လေးကို သူမ စော်ကားရန် အမှန်တကယ် မတတ်နိုင်ပေ။ ကျီဖေးနှင့် ကောင်းယာလန်တို့သည် သူမကို အနည်း ငယ် ပိုကောင်းအောင်ဆက်ဆံသောကြောင့် သူ အခွင့်ကောင်း ယူပြီး အကူအညီတောင်းမည်မဟုတ်ချေ။

ထို့ကြောင့် သူမသည် ခံနိုင်ရည်ရှိရန်သာရွေးချယ်ခဲ့ရသည်။

သူ စကားပြောခါနီးတွင် ကောင်းယာလန်က

"ပိုက်ဆံအတွက်လား?"

ဟန်ကျီယု အံ့အားသင့်သွားပြီး သူမ၏တုံ့ပြန်မှုသည် ကောင်းယာလန်ကို ချက်ချင်းနားလည်သွားစေသည်။

ကောင်းယာလန်၏ မျက်နှာသည် မည်းမှောင်သွားသော်လည်း သူမသည် တလေးတစားမေသည်။

"နင့် ကိုယ်တိုင် ဆန္ဒရှိရဲ့လား?"

ဟန်ကျီယုသည် ထိုကိစ္စကို ဖုံးကွယ်ထားစရာ မရှိသောကြောင့် ပွင့်ပွင့်လင်းလင်း ခေါင်းညိတ်ပြသည်။ ထိုအရာသည်မှာ သူမအတွက် အလုပ်တစ်ခုဖြစ်သည်။

တစ်နည်းအားဖြင့် ချီလီသာ အရူးလို လုပ်မလာပါက သူသဘ် အရေးပေါ်အခြေအနေတွင် သူမအတွက် အကူအညီဖြစ်လိမ့် မည်။ ထို့ကြောင့် ဟန်ကျီယု၏ ထပ်ခါတလဲလဲ သည်းခံမှုသည် စာချုပ်ကြောင့် လုံးလုံးလျားလျား မဟုတ်ဘဲ သူမ၏ သူဌေးဟောင်းနှင့် မျက်နှာမပျက်စေလိုသောကြောင့်ဖြစ်သည်။

ကောင်းယာလန်သည် သူမ၏ နှလုံးသားထဲ ချီလီအား အကြိမ်တစ်ထောင်မကကျိန်ဆဲနေခဲ့သည်။ သို့သော် ငွေအတွက်ဆိုလျှင် အကြောင်းပြချက်ရှိသည်ကို သူ နားလည်သောကြောင့် ချီလီကို အပြစ်ထပ်မတင်တော့ပေ။

သူ့ ဒေါသကိုသာ မျိုချခဲ့ရသည်။

"ဒါဆို မစ္စကောင်း မကြိုက်..." ရုတ်တရက် ဟန်ကျီယုသည် သတိထားကာ ပြောလိုက်သည်။

"နင် ငါ့ကို ဘယ်လိုခေါ်လိုက်တာလဲ"

ဟန်ကျီယုသည် ကောင်းယာလန်၏အနည်းငယ် ကျဉ်းမြောင်းသွားသော မျက်လုံးများကို မြင်လိုက်ရတော့ ချက်ချင်းပင်

"ယာလန်ကျဲ"

ဟန်ကျီယု၏ ပါးစပ်မှ "ကျဲ" ဟူသော စကားလုံးကို ကောင်းယာလန် ကြားလိုက်ရချိန် သူမ အနည်းငယ် တုန်လှုပ်သွားသော်လည်း ကြည်နူးမှုများပြည့်နှံ့သွားသည်။

သူမ ရုတ်တရက် မျက်လုံးများကိုတဖျက်ဖျက်ခတ်ကာ စကား ပြောနေရင်း သူ့ လက်ကိုတိတ်တဆိတ်ဆန့်တန်းကာ ဟန်ကျီယု၏ဆံပင်ကို ပေါ့ပေါ့ပါးပါးပွတ်သပ်လိုက်လိုက်သည်။

All Chapters