← Chapters

အခန်း (၂၅၅)

Vol. 26 Ch. 255

အခန်း (၂၅၅)

Vol. 26 Ch. 255

“ဒီကိစ္စက ထပ်မမေးတော့တာအကောင်းဆုံးပဲ ပြီးတော့ ငါက နင့်ရဲ့အန်တီကောင်းပဲ အဲ့ကောင် ငါ့ရင်ထဲမရှိတော့တာနျစ်ပေါင်းရှစ်ရာလောက်ကြာပြီ။ ပြီးတော့ နောက်ထပ်ချစ်ဖို့ဆိုတာ ငါ့အတွက်တော့ တော်တော်လေးခက်ခဲတဲ့ကိစ္စပဲ။ လောကမှာလူကောင်းတွေရှိသေးမှန်း ငါ သိပါတယ်။ ဒါပေမဲ့ အချင်းချင်းနားလည်ပေးနိုင်ပြီး ဖေးမပေးနိုင်တဲ့အချစ်စစ်ဆိုတာရှိပါ့အုံးမလား။ အချစ်ဆိုတာပန်းပွင့်လေးလိုပဲ။ လူနှစ်ဦးနှစ်ယောက်ချစ်နေတဲ့အချိန်က ပန်းလေးတစ်ပွင့်လိုပဲ အရမ်းလှပြီးနှစ်သက်ဖွယ်ကောင်းနေလိမ့်မယ်။ ငါလည်း တစ်ချိန်ကြ အဲ့လိုအချစ်မျိုးနဲ့တွေ့ကြည့်ချင်ပါသေးတယ်။ ဒါပေမဲ့ ပြီးဆုံးပြီးသားအချစ်ရေးကိုတော့ ဘယ်တော့မှပြန်ဆက်မှာမဟုတ်ဘူး”

ကောင်းယာလန်သည် သူမ၏ခံစားချက်တစ်ချို့အား ဟန်ကျီယုအားပြောပြခဲ့သည်။

သူစိမ်းတစ်ယောက်ကသူမအားရင်ဖွင့်နေခြင်းသည်ပထမဆုံးအကြိမ်ဖြစ်သောကြောင့် ဟန်ကျီယုသည်မနေတတ်မထိုင်တတ်ဖြစ်နေသည်။

သူပြောသည်မှာ မှန်ပေသည်။

ချီလီသည် ကောင်းယာလန်ကိုပါးစပ်ကသာကြိုက်တယ်ပြောနေတာတကယ်နှလုံးသားထဲမှာတော့သူကိုယ်သူတာပိုချစ်သောလူစားမျိုးပင်

“ဒါပေမဲ့လောကမှာ ကောင်းကျဲပြောသလို အချင်းချင်းနား လည်ပေးပြီးဖေးမပေးတဲ့အချစ်ရှိပါသေးတယ် ဥပမာ အမကျီဖေးနဲ့သူ့ယော်ကျာ်းကိုပဲကြည့်လေ”

ကောင်းယာလန်သည်ရယ်လိုက်ပြီး ဟန်ကျီယု၏နှာခေါင်း ဖျားလေးအားစနောက်သလိုထိကာ

“ငါပြောတာကသာမန်လူတွေကိုပြောတာ နင်ပြောတာ ချင်ရှန်တို့အတွဲလား သူတို့အားလုံးအတုအယောင်တွေပဲပြီးတော့ ယွီယွဲ့… ထားပါတော့ နင် စိတ်ကူးယဉ်လွန်နေပြီ သူတို့က ငါ့ထက်တောင်ပိုရှုပ်အုံးမှာ ငါပြောတာက ဘာနောက်ဆံတင်းစရာမှမရှိတဲ့အချစ်ကိုပြောတာ ပိုင်ဆိုင်မှုဆိုတာက အပေါ်ယံမှာပဲကြည့်ကောင်းတာဆိုပေမဲ့အတွင်းမှာတော့ တဖြည်းဖြည်းလှိုက်စားလာတဲ့အမျိုးပဲ”

ဟန်ကျီယုသည် သူ့အိုင်ဒေါအတွဲကလည်း အတုအယောင်လိုကြားမိသည့်အတွက် အနည်းငယ်စိတ်မကောင်းဖြစ်မိသည်။သူနားမလည်တာက သူတို့လို လူချမ်းသာတွေကဘာလို့အရမ်းငြီးနေကြတာလဲဆိုတာပဲ

ကောင်းယာလန်သည် သူအများကြီးပြောမိသွားသည်ကိုသတိ ထားမိသဖြင့် ချက်ချင်းရပ်လိုက်ပြီးစကားလမ်းကြောင်းလွှဲလိုက်သည်။

“ကဲ ဒီကိစ္စကိုခဏထားလိုက်အုံး နင့်အလာဂျီဖြစ်တာသက်သာပြီလား”

“အွန်း အတော်လေးသက်သာသွားပါပြီ”

ကောင်းယာလန်သည်ရုတ်တရက်ထမေးလိုက်သည်

“ဓာတ်မတည့်တာ သံပုရာသီးကြောင့်လား”

ဟန်ကျီယုသည်ကောင်းယာလန်၏အမေးကြောင့်တစ်ချက်ထိတ်လန့်သွားပြီး

“ဟုတ်တယ် တိုက်ဆိုင်လိုက်တာနော်”

“ဟုတ်ပ တော်တော်တိုက်ဆိုင်လိုက်တာ တီဗီဇာတ်လမ်းထဲမှာဆို ငါတို့နှစ်ယောက်က ညီအမအရင်းတောင်ဖြစ်နေလောက်ပြီ”

ဒီကိစ္စကမဖြစ်နိုင်မှန်းသိသည်။ ချီလီ သူ့အားပြောပြဖူးပါ သည် ကောင်းယာလန်၏အဖေနဲ့အမေသည်အရမ်းချစ်ကြပြီး သူတို့သုံးဦးက လူအများအားကျဖို့ကောင်းတဲ့မိသားစုလေးဖြစ်တယ်ဆိုတာကိုပေါ့ ပြီးတော့သူမကိုယ်တိုင်လည်း မိဘတွေရှိတဲ့အပြင် သူ့အမေကလည်း သူ့လို လီမွန်သီးအစ်လက်ဂျစ်ရှိတယ်လေ။

ဒါပေမဲ့လည်း ဟန်ကျီယုသည် သူမသည်ကောင်းယာလန်နှင့်တူတာများလွန်းလှသည့်အတွက် သူမတို့နှစ်ယောက်၏ရေစက်သည်ဆန်းကြယ်တယ်လို့ထင်မိသည်။

ကောင်းယာလန်သည်လည်း ထိုကိစ္စအတွက်သံသယရှိခဲ့သော် လည်းများစွာမတွေးခဲ့ပေ။

“ ဒါဆို နင်အခုအလုပ်ဆက်လုပ်ဖို့သွားရအုံးမှာမလား”

ဟန်ကျီယုသည် သူ၏အမေးအားခေါင်းငြိမ့်ပြလိုက်သည်။

“အကယ်၍ ချီလီမင်းကိုနှောက်ယှက်နေသေးရင် ကျီဖေးကိုအကူအညီတောင်းလို့ရတယ် သူမကနဂိုကတည်းကသဘော ကောင်းတဲ့သူဖြစ်ပြီး နင့်ကိုလည်းအတော်သဘောကျပုံရတယ် ပြီးတော့ ချီလီကသူဘယ်လောက်ပဲဘဝင်လေဟပ်ဟပ် ချင်ရှန်ရှေ့မှာတော့ အမြှီးကုပ်ကုပ်နဲ့ကြောင်လေးပဲ”

ဟန်ကျီယုသည် ကောင်းယာလန်၏စကားကြောင့်နည်းနည်းအံ့ဩသွားခဲ့သည်။

“ကောင်းကျဲကော ပြန်မလိုက်ဘူးလား”

“နောက်တစ်ခေါက် အချိန်ထပ်ရတဲ့အခါကြတွေ့တာပေါ့ အခုတော့လုပ်စရာလေးရှိသေးလို့”

ကောင်းယာလန်ကပြုံး၍ပြောလိုက်သည်။

ဟန်ကျီယုသည် ကောင်းယာလန်၏အဖြေအားထပ်စပ်စုချင်ပေမဲ့ဘာမှဆက်မပြောတော့ချေ။

သူမတို့အောက်သို့ရောက်ရောက်ချင်းပင် ကောင်းယာလန်သည်ကားအဖြင့်အရင်ထွက်သွားခဲ့သည်။

ကောင်းယာလန်သည်ကားပေါ်သို့ရောက်ရောက်ချင်းပင် သွေး သားစစ်ဆေးချက်ပြုလုပ်ရန်စီစဉ်ခဲ့သည်။ဘပြီးတော့ သူမ ဟန်ကျီယုရဲ့မိသာစုးအခြေအနေကိုစုံစမ်းကြည့်ဖို့လိုသည်။ အခုပုံစံအရချီလီကသာဟန်ကျီယုကိုလက်ဦးမှုယူပြီးရှာခဲ့တာဆိုတော့ သေချာပေါက် ချီလီနဲ့ဆက်စပ်နေမှာပဲ

တစ်ဖက်က ချီလီကတော့ သူ့ဟာနှင့်သူအတွေးနယ်ချဲ့နေ သည်။

ကောင်းယာလန်ကသူ့အပေါ်ခံစားချက်ရှိနေသေးတာသေချာ ပေါက်ဖြစ်နိုင်တယ် ပြီးတော့သူတစ်ခြားတစ်ယောက်နဲ့ပက်သက်နေတာကိုလည်းမမြင်ချင်ဘူး။ ပြီးတော့သူမကိုယ်တိုင်လည်း သူ့ဆီကိုပြန်လာဖို့ကြောက်နေတာဖြစ်နိုင်တယ်။

ချီလီသည် ထိုကဲသို့တွေးရင်ဟန်ကျီယုပြန်လာသည်အားစောင့်နေခဲ့သည်။ ဟန်ကျီယုသည်သာမန်မိသားစုမှမွေးဖွားလာသူဖြစ်သည့်အတွက် သူမက ထိုကောင်မလေးကိုထွက်သွားဖို့များခြိမ်းခြောက်နေတာလား ??

ဒါပေမဲ့ကောင်းယာလန်ကအဲ့လိုလူမျိုးမဟုတ်တာသူအသိဆုံးပါပဲ

ဒါမှမဟုတ် သူလည်း ဟန်ကျီယုကိုသဘောကျသွားတာလား

နေပါအုံးဒါကြီးကတော့မဟုတ်သေးပါဘူး။

ချီလီသည်တစ်ယောက်တည်းတွေးရင်းဖြင့် ချာလပတ်ရမ်းနေခဲ့သည်။

ထို့နောက်ဟန်ကျီယုပြန်လာသည်အားတွေ့ခဲ့ရသည်။

သူ့ပုံစံကြည့်ရတာတစ်ခုခုကို စိတ်ပျက်နေတဲ့ပုံပဲကြည့်ရတာကောင်းယာလန်ကများ သူ့အပေါ်တစ်ုခုနဲ့နှိပ်စက်ခဲ့တာလား။

ချီလီသည် မဟုတ်ကဟုတ်ကအတွေးမျိုးဆုံဖြင့်တွေးကာ စိတ်ညစ်လာသည်။

သူတကယ်ပဲဘယ်သူ့ကိုရွေးရင်ကောင်းမလဲ။ ချီလီသည်မနေနိုင်ပဲဟန်ကျီယုဆီသို့ထ၍လမ်းလျှောက်သွားခဲ့သည်။

ဟန်ကျီယုသည် ချီလီ၏အရိပ်အယောင်အားတွေ့လိုက်ရသဖြင့် အတတ်နိုင်ဆုံးရှောင်ပြေးရန်ကြိုးစားလေသည်။

သို့သော် ချီလီ၏ဖမ်းစီးခြင်းကိုခံလိုင်ရသည်။ဟန်ကျီယုသည် ထပ်မပြေးတော့ပဲချီလီအား စိတ်ပျက်စွာကြည့်လိုက်သည်။

ချီလီသည် ဟန်ကျီယုအား သူမဝမ်းနည်းနေသည်ထင်ကာ လေသံဖျော့ဖျော့လေးဖြင့်မေးခဲ့သည်

“ သူမ မင်းကိုနှောက်ယှက်ခဲ့သေးလား”

ဟန်ကျီယုသည် ရှည်ရှည်ဝေးဝေးမပြောချင်သောကြောင့်လိုရင်းကိုသာဖြေခဲ့သည်။

“မနှောက်ယှက်ဘူး”

“လျှောက်ပြောနေတယ်”

ဟန်ကျီယု”………” ငါတော့ ဆဲမိတော့မှာပဲ

“မင်း မျိုသိပ်ထားစရာမလိုပါဘူးကိုယ့်ကိုပြောလို့ရပါတယ် ဒါမှမဟုတ်ကိုယ်သူမနဲ့စကားသွားပြောလိုက်မယ် သူမကော ပြန်လိုက်မလာဘူးလား”

ချီလီသည် ကောင်းယာလန်အားမတွေ့သဖြင့်မေးလိုက်သည်။

“ယာလန်ကျဲက တခြားလုပ်စရာကိစ္စရှိသေးလို့ဆိုပြီးကျန်ခဲ့တယ် ပြီးတော့ကျွန်မနဲ့ ယာလန်ကျဲဘာပြဿနာမှမဖြစ်ခဲ့ဘူး ကျေးဇူးပြုပြီးကျွန်မတို့နှစ်ယောက်ကြားကိုရှုပ်ထွေးအောင်မလုပ်ပါနဲ့”

သူသာ ဘောစိမဟုတ်ဘူးဆိုလျှင် သူတကယ် ပဲ သူ့ကိုအစိတ် စိတ်အမြွှာမြွှာလုပ်ပစ်ချင်လေသည်။

ချီလီသည် ဟန်ကျီယုဆက်ပြောသည်အားနားမဝင်တော့ပဲကောင်းယာလန်ထွက်သွားသည်ကိုကြားကြားချင်းပင်မျက်နှာ ပျက်ကာ သူမအားသွားရှာရန်စဉ်းစားခဲ့သည်။

[ ချီလီကတကယ် ငပွေပဲ။ တစ်ဖက်ကလည်း ဟန်ကျီယုကိုလက်မလွှတ်ချင်သလိုနောက်တစ်ဖက်ကလည်း ကောင်းယာလန်ထွက်သွားတာကိုကြားပြီး မတည်မငြိမ်တွေဖြစ်ပြီးသူမနောက်လိုက်သွားချင်နေတယ်။ သူတကယ်ပဲ မွေးကတည်းကဘရိန်းချောင်နေတာလား ငါပြောပြချင်လိုက်တာပါးစပ်ကိုယားနေတာပဲရှင်သာရှင့်ဟာရှင်ဘယ်သူ့ကိုရွေးရမလဲဆိုပြီး ပြာယာခပ်နေတာဟိုနှစ်ယောက်ကို ရှင့်ကိုစာရင်းထဲတောင်သွင်းထားတာမဟုတ်ဘူးဆိုပြီး]

ချင်ရှန်သည်လည်းကျီဖေးပြောသည်အားထောက်ခံ၍ ချီလီအားတကယ်လက်မြှောက်မိလေသည်။

ချီလီသည်သူ၏ဖုန်းကိုကိုင်ကာ အပြင်ထွက်၍ကောင်းယာ လန်အားဖုန်းခေါ်ရန်ကြိုးစားခဲ့သည်။

ဒါပေမဲ့လည်း ကောင်းယာလန်သည်သူ၏ဖုန်းအားကိုင်ဆိုခြင်းမရှိခဲ့ပေ။

ချီလီသည် ကောင်းယာလန်ကသူနဲ့ဟန်ကျီယုတို့၏ ဆက်ဆံရေးအားသိကာ ဒေါသထွက်သွားပြီး သူ့အားရှောင်ဖယ်နေ သည်ဟုကောက်ချက်ချလိုက်သည်။

ချီလီသည် သူ့ကိုယ်သူ ဟန်ကျီယုနှင့်ဆက်ပက်သက်ရန်မဖြစ်နိုင်ဟု ကောက်ချက်ချလိုက်သည်။

ကောင်းယာလန်ကသာ သူတစ်ဘဝလုံးချစ်ခဲ့ရသူပင် ဘာကြောင့်များ သူမ မကြိုက်မဲ့အရာကိုဆက်လုပ်ရမှာလဲ ?

ထိုကဲ့သို့တွေးခဲ့သော်လည်း ချီလီသည် ဝေခွဲရခက်နေဆဲဖြစ် သည်။

[ ကြည့်ရတာချီလီကော ကောင်းယာလန်ကော နှစ်ယောက်လုံး သူ့က်ိစ္စနဲ့သူပြဿနာတတ်နေကြတဲ့ပုံ ဒီဒရမ်မာလည်း ဒီနေ့ဇာတ်လမ်းပြတ်မှပဲအေးမယ်]

ကျီဖေးသည် ရေထဲတွင်က်ုယ်ဖော့နေရင်း ထိုအရှုပ်တော်ပုံကိစ္စအားတွေးနေခဲ့သည်။

ကျီဖေးတစ်ယောက်ရေထဲတွင်အေးဆေးကိုယ်ဖော့နေချ်န်တွင် ရုတ်တရက်တစ်စုံတစ်ယောက် ဒိုင်ဗင်ထိုးလိုက်သည့်အတွက် ဟန်ချက်ပျက်ကာရေထဲနစ်မလိုဖြစ်သွားချိန်တွင် မျက်စိလျင်သောချင်ရှန်သည်သူ၏လက်တံရှည်များဖြင့် ကျီဖေးအားရေထဲမှဆွဲထုတ်ခဲ့သည်။

ကျီဖေးသည် ရုတ်တရက်ရေနစ်သွားသဖြင့် ရေသီးသွားခဲ့သည်။

ချင်ရှန်သည် ကျီဖေးအား လန့်သွားသေးလားလို့မေးတော့မည့်ဆဲဆဲတွင်

[အခုခံစားချက်ကြီးက ဘယ်လိုပြောရမလဲ။ တစ်ကိုယ်လုံးကြွက်သားအပြည့်ရှိတဲ့ ခန္တာကိုယ်ကြီးနဲ့အကပ်ခံထားရတာ ဟိဟိဟိ၊ တကယ်ခံစားလို့ကောင်းပြီးသက်သောင့်သက်သာရှိလိုက်တာ အခုတလော သူများကိစ္စပဲစိတ်ဝင်စားနေမိလို့ ငါ့ဘေးနားက ရွှေတုံးကြီးကိုမေ့သွားတာပဲ ]

ချင်ရှန့် “………”

သူမ၏အပြောကြောင့်ချင်ရှန်သည် သူတို့နှစ်ယောက်အရမ်းပူး ကပ်နေတာကိုသိတိထားမိခဲ့သည်။ဒါ့အပြင် ကျီဖေးသည် ဘစ်ကနီဝတ်ထားပြီး သူမ၏နူးညံ့သော အသားစိုင်လေးများက သူ၏မာကြောသောရင်ဘက်နှင့်ထိတွေ့နေခဲ့သည်။

သူသတိမထားမိလိုက်ခင်မှာပင် သူ့ခန္တာကိုယ်ကတစ်ခုခုထူး ဆန်းလာခဲ့သည်။ ကျီဖေးသည် ချင်ရှန်၏ပွေ့ဖက်မှုကိုသဘော ကျကာပိုလို့တောငိ ချင်ရှန်၏ရင်ခွင်ထဲသို့တိုးဝင်လာခဲ့သည်။ သို့သော်ရုပ်တရက်ချင်ရှန်သည် သူ့အား ဆွဲထုတ်၍ဘေးသို့တွန်းပို့လိုက်သည့်အတွက် နားမလည်နိုင်ဖြစ်သွားခဲ့သည်။

ချင်ရှန်သည်လည်းထိုသို့မလုပ်ချင်ခဲ့ပေ။ သူ့ရင်ခွင်ထဲက သူမခန္တကိုယ်သည်ရေထဲတွင်ပင်နွေးထွေးနေခဲ့ပြီး အဖြူရောင်ကျောက်စိမ်းတုံးလေးကဲ့သို့ပင် သူတကယ်ပဲ သူမကိုရင်ခွင်ထဲတွင်တစ်ချိန်လုံးဖက်ထားချင်မိသည်။ သို့သော် သူ့ခန္တာကိုယ်မှ တုံ့ပြန်လာသည့်အတွက်ကြောင့် ကျီဖေး မသိခင်တွန်းထုတ် လိုက်ရခြင်းဖြစ်သည်။

ရုတ်တရက်ယောကျာ်းဆီမှ တွန်းထုတ်ခံလိုက်ရသောကျီဖေး

“ ရှင်ဘာလို့အဲ့လောက်ကပ်စေးနှဲရတာလဲ ဟမ့် တကယ်သဘောထားမပြည့်ဝတဲ့ယောကျာ်း”

[ ယောကျာ်းတွေအားလုံး ဒီပုပ်ထဲကဒီပဲ ပြောတော့ဖြင့် ငါ့ကိုကြိုက်ပါတယ် သဘောကျပါတယ်နဲ့ အဖက်တောင်မခံဘူး ဟွန့်]

All Chapters