အခန်း (၂၅၆)
Vol. 26 Ch. 256
ချင်ရှန့်သည် ကျီဖေး၏ထိုအတွေးကြောင့် ပြာသလဲလဲရှင်းပြလိုက်ရသည်။
“ကိုယ်က မင်း အအေးမိမှာဆိုးလို့ပါ မင်းခန္တာကိုယ်က ရေထဲစိမ်နေတာကြာနေပြီကို “
ချင်ရှန့် ကျီဖေးကိုကြည့်ကာမရဲတရဲ ရှက်ရှက်ဖြင့်ဆက်ပြောလိုက်သည်။
“မင်း ကိုယ့်ကိုဖက်တာကြိုက်ရင် အိမ်ပြန်ရောက်တဲ့အခါကြ ကိုယ်ဖက်ထားပေးလို့ရပါတယ်”
ကျီဖေးသည် ချင်ရှန်၏စကားကြောင့်ပါးများနီရဲတက်လာသည်။
ထိုနှစ်ဦးသည် အချင်းချင်းလက်ထပ်ထားသောလင်မယားဖြစ်သည်ကိုမေ့ပြီး စကားလေးတစ်ခွန်းကြောင့် တွဲခါစစုံတွဲများကဲ့သို့အရှက်သည်းနေခဲ့ကြသည်။
ကျီဖေး ချက်ချင်းပင်စကားလမ်းကြောင်းလွှဲလိုက်ကာ
“ ရှင်လည်း ရေစိမ်နေတာကြာပြီ အအေးပတ်မယ်မတက်သေးဘူးလား”
ချင်ရှန်သည် ကျီဖေး၏စကားကိုမတုံ့ပြန်နိုင်ခဲ့ပေ။ သူ၏ အောက်ကအရာသည် အခုချိန်ထိမကျသေးပင်ပ။ ရေထဲမှ တက်လာလျှင်ကျီဖေးရှေ့ပေါ်သွားမှာစိုးရသည်။ ထို့ကြောင့် ကျီဖေးအားတွန်းထုတ်လိုက်ရခြင်းပင်။
ကျီဖေးအားပြန်ဖြေရန်အချိန်ဆွဲနေသည့် ခဏတွင် သူခန္တာကိုယ်သည်ပုံမှန်ပြန်ဖြစ်သွားခဲ့သည်။
သူတို့နှစ်ယောက်ရေကန်မှတက်၍အနားယူချိန်တွေ ချင်ရှန့်သည် ကျီဖေးလိုသမျှလိုက်လုပ်ပေးနေသဖြင့် ကျီဖေးသည် ဝိတ်တာခေါ်စရာပင်မလိုခဲ့ချေ။
ထိုအချိန်တွင် တခြားသူများသည် စစ်ထင်ကို ကောင်းယာလန် အကြောင်းကိုမေးနေကြသည်။
စစ်ထင်သည်လည်း သူမနဲ့အရောတဝင်သိပ်မရှိသဖြင့် မသိကြောင်းသာပြန်ဖြေခဲ့သည်။
နေရာတိုင်းတွင် အတင်းအဖျင်းများထွက်ပေါ်နေသည်
ဟန်ကျီယုသည်လည်း လူများ၏သူမအပေါ်အကြည့်များအားသတိထားမိသဖြင့် ချင်ရှန်နဲ့ကျီဖေးတို့နားတွင်သာ သိုသိုသိပ်သိပ်နေနေခဲ့သည်။ လူများ၏ ဟန်ကျီယုပေါ်အကြည့်များပိုမိုပြင်းထန်လာသဖြင့် ဟန်ကျီယုနေရခက်လာခဲ့သည်။
ကျီဖေးနှင့်ချင်ရှန့်တို့သည် ကောင်းယာလန်ကိစ္စအားအမှန်တိုင်းသိထားကြသော်လည်း သူများကိစ္စဖြစ်သောကြောင့်ဝင်မပါခဲ့ပေ
ထိုအချိန် ချီလီသည်ပါတီထဲသို့ ပြန်ရောက်လာခဲ့သည်။
သူ၏ အမူအရာသည်မှောင်မဲနေပြီး ဟန်ကျီယုထံသို့သွားကာ သူမအား အတင်းဆွဲခေါ်ရန်ကြိုးစားခဲ့သည်။
ကျီဖေးသည် ချီလီတစ်ယောက်လွန်လွန်လာတာကိုသည်းမခံနိုင်တော့သဖြင့်
“ ဒီမှာ…..”
ကျီဖေးစကားမဆုံးခင် ချီလီကဖြတ်ပြောလိုက်သည်။
“ ဒါငါတို့နှစ်ယောက်ကိစ္စပါ ကျေးဇူးပြုပြီး ဝင်မပါပါနဲ့”
ကျီဖေးသည် ချီလီသည်အတည်ပေါက်ပုံနှင့်ပြောနေသည့်အတွက် ကြောင်သွားလေသည်။
ချီလီ၏ဆွဲခေါ်ခံရသောဟန်ကျီယုသည် ရုတ်တရက်အဆွဲမခံတော့ပဲ “ရပ်တော့ ဒီမှာပြောလို့ရပြီ”
သူမသည် ချီလီနှင့်နှစ်ယောက်တည်းမရှိလို့သည်အတွက်လူများနှင့်နီးသည့်နေရာတွင်သာအသံတိုး၍ပြောရန်ရွေးချယ်လိုက်သည်။
ချီလီသည်လည်း သူမ၏စကားကိုမငြင်းဆိုခဲ့ပေ။
ချီလီသည် ထိုအတင်းအဖျင်းပြောတတ်တဲ့သူများနှင့်အကွာအဝေးတစ်ခုထားပြီး ဟန်ကျီယုအားစကားစပြောလိုက်သည်
“ ဟန်ကျီယု ကိုယ်နောက်ဆုံးတော့သိသွားပြိ ကိုယ်မင်းအပေါ်ခံစားချက်ရှိတယ်ဆိုတာ”
“ အဲ့တော့….”
ပြဿနာပဲ ဒီအရူးဘောစ့်ကြီးက သူ့ကို တကယ်ကြီးကြိုက်နေတာလား။ သူ ငါ့ကိုဘာကြည့်ကြိုက်တာလဲ။ ငါက အဲ့ကောင်းယာလန်နဲ့အရမ်းတူနေလို့လား ?
ယာလန်ကျဲ သူ့ကိုပြန်မကြိုက်လို့ငါ့ဆီကိုပြောင်းချင်နေတာလား။ ထပ်ပြီး ငါ့ကိုအစားထိုးလုပ်ဖို့တွေးနေတာလား ? သူမသေချာပေါက်ဒီကိစ္စကိုငြင်းရမယ်။ ပြဿနာတွေ ထပ်အဖြစ်မခံနိုင်တော့ဘူး။
“ သခင်လေးချီလီ ရှင် အရင်ကကိစ္စတွေကြောင့်…..”
“ အရင်က ကိစ္စတွေနဲ့တစ်ခုမှဆိုင်မနေဘူးကွာ ကိုယ်မင်းနဲ့တူတူရှိချင်တာ ကိုယ်မင်းကိုတန်ဖိုးထားချင်တာ မင်းကို ကိုယ့်ရဲ့မိန်းကလေးဖြစ်စေချင်တာ ကိုယ့်ရဲ့ နှလုံးသားထဲကလာတဲ့အစစ်အမှန်ခံစားချက်တွေပါ”
ဟန်ကျီယုသည်နားထောင်ရင်းဖြင့် သူမ ပြဿနာအားလက် ယှက်ခေါ်လိုက်မိမှန်းသဘောပေါက်ခဲ့သည်၊
ဟုတ်ပြီ ပြဿနာကအရင်ကထပ်ပိုဆိုးသွားပြီ။
တိုက်ရိုက် Live ကို System မှကြည့်နေသော ကျီဖေးသည်ထို အကြောင်းကြားသောအခါ
[ နောက်ဆုံးတော့ရွေးချယ်မှုလုပ်လိုက်ပြီလား ? ဟန်ကျီယုကိုအစားထိုးသပ်သပ်မဟုတ်ပဲ တကယ်ကြိုက်နေတာမှန်းနား လည်သွားပြီလား။ ဒါဆိုအဲ့ကောင်အဲ့လောက်ဘရိန်းချောင်နေတာမဟုတ်ဘူးပဲ]
ချင်ရှန်သည်လည်းအံ့ဩနေခဲ့သည် သူအစတုန်းကတွေးထား ခဲ့တာက ချီလီသည် ဘယ်လိုပဲဖြစ်ဖြစ်အဆုံးသတ်တွင်ကောင်းယာလန်အား ရွေးချယ်မည်ဟုသာထင်ခဲ့သည်ပင်။
သူတို့တင်မကပဲ ဟန်ကျီယုကပါ ချီလီ၏စကားကြောင့် သံသယဝင်နေခဲ့သည်။
သူမဘက်က ဘာမှပြန်မပြောသေးခင် ချီလီဆက်ပြောလိုက်လေသည်။
“ ကိုယ်နှလုံသားကသေချာပေါက်မင်းဆီမှာပဲ ဒါပေမဲ့ ကိုယ် ယာလန်နဲ့လက်ထပ်ဖြစ်ခဲ့ရင် မင်းဗွေမယူဖို့မျှော်လင့်ပါတယ်”
ဟန်ကျီယုသည်ထိုစကားကြောင့် အံ့ဩသွားကာ
“ရှင် ဘာပြောလိုက်တယ် ?“
ချီလီသည် ဟန်ကျီယုသူပြောသည့်ဆိုလိုရင်းကိုနားမလည်ဟုထင်ကာသေချာရှင်းပြခဲ့သည်။
“ ကိုယ် နည်းလမ်းပေါင်းစုံစဉ်းစားပြီးပြီ။ ကိုယ်တို့နှစ်ယောက်တူတူနေလို့ရတယ် ဒါပေမဲ့ယာလန်ကိုတော့ လျှို့ဝှက်ထားမှရမယ်။ ယာလန်ရဲ့အကျင့်က တဇွတ်ထိုးနိုင်တယ် ကိုယ်သာသူ့ထက် မင်း အပေါ်သဘောကျနေတာသိသွားရင် သူ မင်းကိုပြဿနာရှာလာမှာစိုးရတယ် အဲ့တာကြောင့် ကိုယ်သူနဲ့ အလိုက် အထိုက်ဆက်ဆံပေးဖို့လိုအပ်တယ် မင်း လိမ္မာမှရမယ် ကိုယ်မင်းကိုအကုန်ဖြည့်ဆည်းပေးမှာပါ ပိုက်ဆံ၊ အချစ် ပြီးတော့ ကိုယ်တို့ရဲ့ကလေး အကုန်ကိုယ်ဖြည့်ဆည်းပေးမှာပါ အဲ့တာကလွဲပြီးတော့ “
“မင်း ကောင်းဖို့အတွက် ဒါကိုလုပ်ရတာပါ”
နှစ်ယောက်လုံး သူတန်ဖိုးထားရတဲ့မိန်းကလေးတွေဖြစ်ရာသူမည်သို့ တစ်ယောက်တည်းရွေးချယ်နိုင်မည်နည်း။ သူနှစ်ယောက်စလုံးအား ရအောင်လုပ်နိုင်သည်ပင်။
မိန်းမနှစ်ယောက်ယူတာ လူ့အဖွဲ့အစည်းဘောင်ကိုချိုးဖောက်သလိုဖြစ်နေပေမဲ့ သူတို့လို လူချမ်းသာလောကမှာဒါကပုံမှန်ပါပဲ။ သူ့အဖေဆိုအပြင်မှာ မိန်းမတွေ မရေမတွက်နိုင်အောင်ရှိတယ် ဒါပေမဲ့ သူ့အမေလည်း အဲ့ကိစ္စတွေကိုစိတ်မဝင်စားခဲ့ဘူး သူ့မာနနဲ့သူနေတဲ့မိန်းမတစ်ယောက် ဟန်ကျီယုလိုဘာနောက်ခံအဆင့်အတန်းမှမရှိတဲ့ကောင်မလေးက သူတို့အသိုင်းအဝိုင်းထဲဝင်ဖို့ခက်တယ်ဒါပေမဲ့ သူထောက်ပံ့ပေးလို့ရတယ်လေ ဘာအရေးကြီးလို့လဲ ?
ပြီးတော့ဟန်ကျီယုရဲ့အကျင့်စရိုက်ကလည်း မာနထောင်လွှားနေတဲ့ မိန်းမတွေလိုမဟုတ်ဘူး။ သူနေရာ သူသိတဲ့ကောင်မ လေးမျိုး သေချာပေါက်သူ့ကိုပြဿနာများစေမှာမဟုတ်ဘူး။
အဲ့ဒါကြောင့် သူ သူမလိုချင်တာကိုဖြည့်ဆည်းပေးရမယ်။ ချီလီသည်ဟန်ကျီယုဘယ်လိုတုံ့ပြန်မလဲဆိုတာ စိတ်ရှည်ရှည် နှင့်စောင့်နေခဲ့သည်။ အကယ်၍ အဲ့ကိစ္စကြောင့် သူမဝမ်းနည်းပြီးငိုနေရင်ဘယ်လိုလုပ်မလဲ ?
သို့သော် သူ ဘာမှမတုံ့ပြန်နိုင်ခင် သူ့ပါးပေါ်သို့လက်ဝါးတစ်ချက်ကျရောက်လာခဲ့သည်။
ကျယ်လောင်သောပါးရိုက်သံကြောင့်ပါတီပွဲထဲကလူများသည်အံ့ဩတကြီးဖြစ်ကာ အဓိကဇာတ်ဆောင်နှစ်ယောက်အားကြည့်နေကြသည်။ ထိုင်ခုံပေါ်တွင် ပက်လက်လှန်ပြီးသာယာနေသော ကျီဖေးသည်လည်း အသံကြားသောကြောင့်ချက်ချင်းငုတ်တုတ်ထိုင်၍ကြည့်လိုက်သည်။
[ ကောင်းတယ် ရိုက်သာရိုက် အဲ့လိုမောင်းမဆောင်ထောင်ချင်နေတဲ့ကောင်ကို မှတ်လောက်သားလောက်အောင် သမပေးမှရမှာ ]
ချင်ရှန်သည်လည်း သူ၏သူငယ်ချင်းငတုံးအားကူကယ်ရာမဲ့စွာကြည့်၍သက်ပြင်းချလိုက်သည်။
အရိုက်ခံလိုက်ရသောချီလီသည် စိတ်မဆိုးခဲ့ချေ။ ထိုအစား နှစ်ကိုယ်တည်းကြားရလောက်သည့်အသံဖြင့် ဟန်ကျီယုအားချော့မော့သလိုပြောခဲ့သည်။
“ကိုယ်နားလည်ပါတယ် ဒီကိစ္စကြောင့်မင်း မတရားဖြစ်သလိုခံစားရမယ်ဆိုတာကို ဒါပေမဲ့ မင်းအတွက် ကိုယ်အတတ်နိုင်ဆုံးလုပ်ထားပေးတာပါ”
ဟန်ကျီယုသည် ချီလီ၏ရူးကြောင်ကြောင်နိုင်သောစကားတွေကသူမ၏မာနနဲ့သိက္ခာအား စော်ကားနေသလိုခံစားခဲ့ရသဖြင့် ဒေါသများထွက်လာခဲ့သည်။
[ တစ်ချက်တည်းပဲလားဆက်ရိုက်ပါအုံး မကြောက်နဲ့ နင့်အနောက်မှ ငါရှိတယ် ချသာ ချ အဲ့လိုအိပ်မက်မက်နေတဲ့ကောင်က တစ်ချက်လေးနဲ့အသိတရားမရဘူး]
ဟန်ကျီယုအခြေအနေမဟန်တာကိုတွေ့သောအခါ ကျီဖေး သည်မနေနိုင်ပဲ ဟန်ကျီယုဆီသွား၍ဝင်ကူရန်လုပ်သည်။ သို့ သော်ချင်ရှန်က သူမအားသွားခွင့်မပေးခဲ့ပေ။
ထိုအချိန်တွင်ကောင်းယာလန်သည် လက်ထဲတွင် ဖိုင်တစ်ဖိုင်ကိုင်ထားကောထိုနေရာသို့စိတ်လှုပ်ရှားမှုပြည့်နေသောမျက်နှာဖြင့်လာခဲ့ချိန်တွင် တွေ့လိုက်ရသောမြင်ကွင်းကြောင့်လန့်သွားခဲ့သည်။
ဟန်ကျီယု၏မျက်လုံးများသည်နီရဲနေပြီး ဒေါသကြောင့် တစ်ကိုယ်လုံးဆက်ဆက်တုန်နေသည် ပြီးတော့ ခွေးကောင်ချီလီ အဲ့ကောင်ထပ်ပြီးတော့ ဟန်ကျီယုကိုအနိုင်ကျင့်နေပြန်ပြီ
ကောင်းယာလန်သည် သူတို့နှစ်ယောက်ကြားသို့ဝင်ကာ ဟန်ကျီယုအားသူ့အနောက်ဘက်သို့ပို့၍ ကာကွယ်ပေးလိုက်သည်။
“ချီလီ နင်အခုဘာလုပ်နေတာလဲ ?”