အခန်း (၂၅၇)
Vol. 26 Ch. 257
ကောင်းယာလန်၏အသွင်အပြင်သည် ချီလီ၏မျက်လုံးများထဲတွင် ထိတ်လန့်တကြားဖြစ်စေခဲ့ပြီး "ဘာမှမဟုတ်ဘူး၊ ဒီတိုင်းပဲ ပြောတာပါ။"
ချီလီသည် ဤအကြောင်းအား ကောင်းယာလန်ကိုမပြောပြဝံ့သောကြောင့် တုန်လှုပ်သွားသည်။
"ဟန်ကျီယု၊ သေချာစဉ်းစားပြီး ဖြေပေး" ချီလီယောင်ဝါးဝါးနှင့် အရိပ်အမြွက်ပြောလိုက်သည်။
သူတို့ပြောနေတာတွေကို ဘေးပတ်ဝန်းကျင်က မည်သူမှမသိသည့်အတွက် ဒီအချိန်မှာ ချီလီ၏မှတ်ချက်က တခြားသူများအား အမှောင်ချထားခဲ့သည်။
ဟန်ကျီယုက အခုတလောဖြစ်ပျက်ခဲ့တာတွေကို ထုတ်မပြဘူးဟု သူက ထင်ထားသည်၊ ၎င်းက ကြွားလုံးထုတ်သင့်သည့် အရာတစ်ခုမဟုတ်ပေ။
ဟန်ကျီယုက သေချာပေါက် သူ့ဘာသာသူ သိမ်းထားပြီး သူ့ proposeကို အိမ်မှာပဲတွေးနေမှာသေချာသည်။ သူသည် အစပိုင်းတွင် နာကျင်ခံစားခဲ့ရသော်လည်း၊ သူဉာဏ်ကောင်းနေသရွေ့ သူသည် သူ့ချစ်ရသူ၊ ပူပင်ကြောင့်ကြစရာမရှိသည့် အနာဂါတ်၊ ကလေးများ၊ ပြီးနောက် အိမ်လေးတစ်အိမ်ရမည်ဖြစ်ပြီး လူသိရှင်ကြားမဟုတ်ရုံလေးသာဖြစ်ကြောင်း သူနား လည်မည်ဖြစ်သည်။
၎င်းက အကောင်းဆုံးရွေးချယ်မှုဖြစ်ပြီး ဟန်ကျီယုကိုလည်း ရှင်းပြပေးခဲ့သည်။
ချီလီသည် ပြဿနာကြီးတစ်ခုကိုဖြေရှင်းပြီးပြီဟု တွေးကာ ယုံကြည်မှုအပြည့်ရှိပြီး ကောင်းယာလန်ကိုနှိုးဆော်ရန်အတွက် ဟန်ကျီယုအား အသုံးပြုရန်မလိုအပ်တော့ပေ။
သူသည် ကောင်းယာလန်နှင့်ပြန်လည်ပေါင်းစည်းရန် အာရုံ စိုက်နိုင်သည်။
ဒါကိုစဉ်းစားရင်း ချီလီသည် ကောင်းယာလန်ကိုကြည့်ကာ စကားပြောဖို့အဆင်သင့်ဖြစ်နေသည်။
သို့သော်လည်းကောင်းယာလန်က သူ့ကိုတစ်ချက်တောင်မကြည့်ဘဲ ဟန်ကျီယုကို မျက်မှောင်ကြုတ်ကာ "ဘာဖြစ်နေတာလဲ ? ဘာ အဖြေလဲ ?"
ကောင်းယာလန်၏လေသံက မေးခွန်းထုတ်နေသည်။
၎င်းက ပတ်ပတ်လည်ရှိလူများအား ကောင်းယာလန်သည် ဟန်ကျီယုမှ ချီလီကိုခိုးယူရန်ကြိုးပမ်းနေသည်ဟုသံသယရှိသည်ဟုထင်ကြသည်။
ကျီဖေးနှင့်ချင်ရှန့်သာလျှင် ကောင်းယာလန်သည် သက်သေခံရလဒ်များကို လက်ခံရရှိကြောင်းသိရပြီး ဟန်ကျီယုသည်သူ၏မအေတူဖအေကွဲညီမဖြစ်ကြောင်း အတည်ပြုခဲ့သည်။
【ဝိုးး၊ ဒီလို အကာအကွယ်ပေးတဲ့ ရပ်တည်မှုက၊ ဒါဆို ယာလန်က ဟန်ကျီယုကိုအပြစ်မတင်ဘဲ သူ့ညီမကိုရှာတွေ့သွားတာကို စိတ်လှုပ်ရှားနေပြီလား? သူက ယာလန်ပဲဟာ၊ လေးစားဖို့ကောင်းတာက အံ့သြစရာမရှိပါဘူး။ 】
ချင်ရှန့်၏မျက်နှာတွင် အမှန်တကယ်ကြီးကျယ်ခမ်းနားပြီး၊ လေးစားဖွယ်ကောင်းသည့် အပြုံးမျိုးဖြင့်ပြုံးနေသည်။
ဟန်ကျီယုသည် ကောင်းယာလန်၏လေသံပျက်သွားသည်ကိုမခံစားရဘဲ သူက ဒေါသတကြီးဖြစ်နေဆဲပင်။
ချီလီ၏အတွေးအမြင်များအား သူလုံးဝ စက်ဆုပ်ရွံရှာနေရုံသာမကဘဲ ချီလီသည် မိန်းမကောင်းတစ်ဦးဖြစ်သောကောင်းယာလန်ကို တိုက်ခိုက်ရန်မမျှော်လင့်ဘဲ သူ့အား တိတ်တိတ်ပုန်းရည်းစားအဖြစ် ထိန်းသိမ်းထားလိုသဖြင့် လုံးလုံးလျားလျားတုန်လှုပ်သွားခဲ့သည်။ ယခင်က သူ့အား အစားထိုးအဖြစ်အ သုံးပြုသောအခါ ဟန်ကျီယုသည် စက်ဆုပ်စရာကောင်းသည်ဟုခံစားခဲ့ရသော်လည်း ချီလီမှ ကောင်းယာလန်အား နက်နက်ရှိုင်းရှိုင်းချစ်နေနိုင်သည်ဟု တွေးထားသောကြောင့် သူသည် ဇာတ်ရုပ်အတိုင်းသရုပ်ဆောင်နေခြင်းဖြစ်သည်။
ယခု ဒီကိုရောက်လာချိန် ဟန်ကျီယု ပိုလို့ပင်မအီမသာဖြစ်လာရကာ လစာမြင့်သည့်အလုပ်အတွက် ဘာကျေးဇူးတင်မှုမှမရှိတော့ပေ။
ဟန်ကျီယုသည် ကောင်းယာလန်၏မေးခွန်းကိုဖြေမည့်အစား ချီလီကို ပြတ်ပြတ်သားသားစိုက်ကြည့်နေပြီး "ကျမ စဉ်းစားစရာမလိုဘူး၊ ငြင်းတယ် ကြားလား ?"
ချီလီ ခေတ္တအံ့ဩသွားကာ "ဘာ?"
"ကျမပြောတာ ရှင့်ရဲ့ propose ကိုငြင်းတယ်!"
ဟန်ကျီယု ဒေါသတကြီးအော်လိုက်သည်။
ချီလီမှ စိတ်မရှည်သည့်အမူအရာမျိုးမပြခင်မှာ ဟန်ကျီယုက လှည့်ပြီး ကောင်းယာလန်ကိုဆွဲလိုက်ကာ
"သူက ရှင်နဲ့ ရင်ကြား စေ့ချင်တာ၊ ရှင့်ကိုလက်ထပ်ချင်တယ်၊ ပြီးတော့ ကျမကိုတောင် သူ့ရဲ့တိတ်တိတ်ပုန်းရည်းစားလုပ်ခိုင်းသေးတယ်၊ သူက သူ့ကိတ်မုန့်ကိုလည်းလိုချင်သေးတယ် ပြီးတော့ စားလည်းစားချင်သေးတယ်"
သူ၏ကျယ်လောင်စွာစွပ်စွဲချက်ကြောင့် ပါတီပွဲတစ်ခုလုံးတိတ် ဆိတ်သွားခဲ့သည်၊ ချီလီသည်ပင် ဟန်ကျီယုမှ ထိုသို့သောစကားများအား ပြောလိမ့်မည်ဟုမယုံကြည်နိုင်ပဲ အံ့အားသင့်စွာကြည့်နေခဲ့သည်။
ပြီးတော့အခု အဲ့တာက လူတိုင်းရဲ့ရှေ့မှာ ဖော်ထုတ်ခံလိုက်ရတာလား ?
နေပါဦး၊ ဟန်ကျီယုကဘယ်လိုလုပ် ဒီလိုကိစ္စကို တဲ့တိုးဆန်နေရတာလဲ... ဒီလိုကိစ္စမျိုးက ပွင့်ပွင့်လင်းလင်းဆွေးနွေးလို့ရလား?
အိုး၊ မဟုတ်ဘူး၊ ဟန်ကျီယုရဲ့ရဲရင့်မှုက သူ သဘောတူဖို့ရည် ရွယ်ချက်မရှိဘူးဆိုတာ သက်သေပြနေတယ်မဟုတ်လား?
ဒီတော့ ဟန်ကျီယုက ချီလီကိုကပ်တွယ်နေတယ်လို့ထင်နေပြီး စိတ်ကောက်နေတယ်ဆိုတာတွေအားလုံးက အတုအယောင်တွေပဲလား?
ချီလီဖန်တီးထားသည့် လေထုနှင့်စကားလုံးအနည်းငယ်ဖြင့် အဆက်မပြတ်ဦးနှောက်ဆေးခံထားရသည့်လူတိုင်း၏ စိတ်ထဲတွင် ရှုပ်ထွေးမှုများနှင့်တုန်လှုပ်ချောက်ချားသွားကာ ဖြစ်ပေါ် လာသောအဖြစ်အပျက်များကြောင့် ရှက်ရွံ့ကာခြေချောင်းများအား မအီမသာတွန့်လိမ်နေကြသည်။
ဒါက သူတို့ကြားသင့်တဲ့အရာလား ?
ဒါကို ရှောင်သင့်လား ?
သို့ပေမယ့်... ဒီလောက်ကြီးမားသည့်အရှုပ်တော်ပုံကြီးအား သူတို့ မခံစားကြည့်ပဲမနေနိုင်ပေ!
လူတိုင်းသည် နောက်လာမည့်အဖြစ်အပျက်များအား စိတ်အားထက်သန်စွာ စောင့်မျှော်နေကြသည်။
ကျီဖေးသည် ဟန်ကျီယု၏ပေါက်ကွဲသံကြောင့် စိတ်လှုပ်ရှားနေသဖြင့် ချင်ရှန့်ကို တင်းတင်းကြပ်ကြပ်ဖက်ထားသည်။
သို့ပေမယ့်အပေါ်ယံမှာတော့ သူတုန်လှုပ်သွားပုံရပြီး "အာ? ချီလီက ဘယ်လိုဖြစ်ရတာလဲ ?"
ချင်ရှန့်သည် ကျီဖေး၏စိတ်လှုပ်ရှားမှုကြောင့် ထိုင်ခုံပေါ်မှပြုတ်မကျအောင်ပွေ့ဖက်ထားခဲ့သည်။
အခြားသူငယ်ချင်းများကလည်း ချီလီသည် ရိုင်းစိုင်းသူဖြစ် ကြောင်းသိသော်လည်း ထိုကဲ့သို့ဆုံးဖြတ်ချက်ချမည်ဟုမမျှော် လင့်ထားပေ။
နောက်ဆုံးတော့၊ ကောင်းယာလန်သည်လည်း သူတို့၏သူငယ် ချင်းဖြစ်သည်။ ချီလီသည် ဟန်ကျီယုအား တကယ်ကြိုက်မိသွားမည်ဆိုလျှင် သူတို့စိတ်ထဲမထားပေမယ့် ချီလီမှ လှေနံနှစ် ဖက်နင်းကာ ကောင်းယာလန်အား အရှက်ရစေလို့တော့မဖြစ်ပေမဟုတ်ပါလား ?
ကောင်းယာလန်သည် ဤစကားကိုကြားပြီးနောက် စက္ကန့်သုံးဆယ်တိတိ အေးခဲသွားခဲ့သည်။
ထို့နောက်သူသည် အံ့အားသင့်သွားကာ ချီလီအား အေးစက်စွာဖြင့်စိုက်ကြည့်လိုက်သည်။
ဒီ... ဒီအရူးက သူတို့နှစ်ယောက်လုံးကိုယူဖို့ တွေးရဲတာလား ?
သူ့မှာ ဘယ်လောက်သတ္တိရှိနေလို့လဲ ?
သူ့ကိုယ်ပေါ်မှာ အစွန်းအထင်းတွေချန်ထားရုံတင်မကပဲ သူ့ညီမကိုပါ ဒုက္ခဖြစ်စေမယ့်သူနဲ့ ချိန်းတွေ့တာက ဘယ်လောက်ရူးမိုက်လိုက်လဲ ?
မူလက၊ ကောင်းယာလန်သည် ဟန်ကျီယုအပေါ် ခံစားချက်များရှုပ်ထွေးခဲ့သည်။ ဤသွေးသားတော်ဆပ်မှုကိုသိသွားပြီးနောက် ဟန်ကျီယုသည် သူ့အဖေအပေါ်ကိုသစ္စာဖောက်သွားသည့် ထိုမိန်းမ၏ကလေးဖြစ်သည်ကို သိလိုက်ရသဖြင့် စိတ်မထိခိုက်ပဲမနေပေ။ သို့တိုင် ညီမတစ်ယောက်ကိုရှာတွေ့လိုက်သည့် စိတ်လှုပ်ရှားမှုသည် စိတ်မသက်မသာဖြစ်မှုထက်သာ လွန်နေသည်။
ထို့အပြင် သူ၏မအောင်မြင်သည့်ဆက်ဆံရေးသည် သူ့ညီမအတွက်ပါ ဤမျှသောပြဿနာများသယ်ဆောင်လာခဲ့သဖြင့်အပြစ်ရှိစိတ်သည် နာကြည်းမှုမှန်သမျှကိုလုံးဝလွှမ်းမိုးသွားခဲ့သည်။
ယခု ဒီအရှက်မဲ့တဲ့လူက သူတို့ကိုရန်စဖို့ကြံစည်ပြီး သူ့ညီမကိုပါဒေါသထွက်အောင် လုပ်နေတာလား!
ကောင်းယာလန်သည် ချီလီကိုဒေါသတကြီးစိုက်ကြည့်ကာ တုံ့ပြန်ခြင်းမပြုမီတွင် သူသည် ရှေ့သို့လှမ်းလာပြီး လက်ကိုမြှောက်ကာလှည့်လိုက်သည်။
ကျယ်လောင်သည့်ပါးရိုက်သံနှစ်ချက်သည် ပါတီအတွင်းပဲ့တင်ထပ်ကာ လူတိုင်းကိုအံ့အားသင့်စေပြီး ချီလီအားမြေပြင် ပေါ်သို့လဲကျသွားစေသည်။
ချီလီသည် သူ့ပါးကိုတင်းတင်းဆုပ်ကိုင်ထားရင်း အံကြိတ်ကာ မည်ကဲ့သို့ဖြစ်လာသည်ကို နားမလည်နိုင်ပေ။ ဟန်ကျီယုကို အလိုလိုကြည့်လိုက်ပြီး "မင်း ရူးနေလား ? မင်းကို ဘယ်သူကပြောခိုင်းလို့လဲ! မင်း ငါနဲ့နေချင်သေးရဲ့လား?"
【သောက်ကျိုးနည်း! သူ့ဦးနှောက်က မရှင်းသေးဘူးနဲ့တူပါတယ်။]
"နင်ဘယ်လိုလုပ် ဒီလိုလုပ်ရဲတာလဲ။"
ဟန်ကျီယုက ဒေါသတကြီးဖြင့် "နင်နဲ့အတူနေရမယ်? နင့်ခေါင်းထဲဝင်နေတဲ့ရေတွေကို သွန်ပစ်ပြီး ကိုယ့်မျက်နှာကိုယ် ပြန်မကြည့်မိဘူးလား? နင့်လိုမျိုးညစ်ပတ်နေတဲ့သူကို ငါကကြိုက်လိမ့်မယ်လို့ ထင်နေတာလား? စိတ်ကူးယဉ်နေတာရပ်လိုက်၊ ကိုယ့်ကိုယ်ကိုအထင်ကြီးနေတာ ရပ်လိုက်တော့၊ ငါဘယ်တော့မှ နင့်ကိုကြိုက်မှာမဟုတ်ဘူး၊ အိုကေ? ငါ ဒါကိုပြောနေတာ အကြိမ်ရေမနည်းတော့ဘူး၊ နင် နားမလည်နိုင်တာလား ဒါမှမဟုတ် နားမလည်ချင်တာလား ? နင်ငါ့ကို ထပ်ပြီးနှောင့် ယှက်နေမယ်ဆိုရင်၊ ငါ ရဲခေါ်ရလိမ့်မယ်!"
ဟန်ကျီယု၏ပေါက်ကွဲသံသည် လူတိုင်းကိုအံ့အားသင့်သွားစေပြန်သည်။
အရင်က ဟန်ကျီယုမှဘာပဲပြောပြော၊ ချီလီသည် ဒေါသကြောင့်ပြောင်းပြန်တွေပြောနေသည်ဟု အမြဲထင်ခဲ့သည်။ သူများတွေမေးသည့်အခါ ဟန်ကျီယုမှ သူ့အားစိတ်ကောက်နေသည်ဟုပြောပြီး ထက်မြက်ကာ အစွမ်းထက်သည့်အပြု အမူကိုအမြဲလုပ်သည်။
ယခုမူ ဟန်ကျီယုသည့် သူ့မျက်နှာကိုလက်တွေ့ကျကျစုတ်ဖြဲပစ်လိုက်သည်။
"မင်း... မင်း ဒီလိုပြောတာကို နောင်တမရနဲ့!" ချီလီ ဒေါသတကြီးနှင့် ပြောလိုက်သည်။
"ရှောင်ယု ရှင်းရှင်းလေးပြောနေတာကို၊ သူနင့်ကို စိတ်ကောက်နေတာလို့ ထင်နေတုန်းပဲလား? နင်အရမ်းကို ကယောင်ကတမ်းဖြစ်တတ်မှန်း အရင်က ငါမသိခဲ့ဘူး။ ငါ့ကိုပြောစမ်းပါဦး၊ ရှောင်ယုက နင့်ကိုမကြိုက်ဘူးဆိုတာကိုနားလည်ဖို့ ဘယ်လိုသက်သေပြရမလဲ? ဒါမှမဟုတ် သူဘယ်လောက်သက်သေပြပြ နင့်ရဲ့ ကိုယ့်ကိုယ်ကိုအထင်ကြီးမှုကြီးက ပြင်းထန်နေတာလား၊ သူကနင့်ကိုကြိက်နေလို့ နင့်အာရုံစိုက်မှုကိုရအောင်လုပ်နေတာလို့ တွေးနေတုန်းပဲလား? ကျေးဇူးပြုပြီး၊ ဆရာဝန်နဲ့သွားပြလိုက်ပါလား၊ နင့်မှာ အချစ်ရေးထင်ယောင်ထင်မှားဖြစ်တဲ့ရောဂါရှိနေတာသေချာတယ်!" ဟု ကောင်းယာလန်မှ ချီလီ့အားမျက်နှာ မထောက်ပဲပြောချလိုက်တော့သည်။