← Chapters

အခန်း (၂၅၈)

Vol. 26 Ch. 258

အခန်း (၂၅၈)

Vol. 26 Ch. 258

ချီလီအားပစ်မှတ်ထားရန် လက်တွဲလုပ်ဆောင်နေသည့် အမျိုး သမီးနှစ်ဦး၏တညီတညွတ်တည်းသီဆိုသံကိုနားထောင်ရင်း သူတို့အနီးနားရှိလူများသည် အနည်းငယ်စိတ်ရှုပ်သွားကြသည်။

တကယ့်ကို စွဲဆောင်မှုရှိသည်။

ချီလီသည် အမှန်တကယ်ပင် အစပျိုးခဲ့သည်။ အဆုံးတွင် ကောင်းယာလန်မှ သူ့အပေါ် ခံစားချက်တွေရှိနေသေးလားဆိုတာမသေချာပေမယ့် ကျောင်းတက်နေသေးသည့် မိန်းမငယ်လေးဟန်ကျီယုမှာ အဘယ့်ကြောင့် သူ့အားမည်သို့မကြိုက်ရှိမည်နည်း?

"မင်းငါ့ကို မကြိုက်ဘူးဆိုတာ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ ? မင်း ငါ့အနားမှာရှိနေတာကြာလှပြီ။ မင်းသာ ငါ့ကိုကြိုက်နေလို့မဟုတ်ရင် မိန်းမတစ်ယောက်က အခြားတစ်ယောက်ရဲ့အစား ထိုးပုံစံအဖြစ်နေဖို့ လွယ်လွယ်နဲ့သဘောတူနိုင်မှာလဲ!"

ချီလီသည် စိတ်ပျက်လက်ပျက်ဖြစ်နေပြီး သူ့ကိုယ်သူသက် သေပြရန် အရူးအမူးကြိုးစားနေခဲ့သည်။

အခြားသူများက အဓိပ္ပါယ်ရှိသည်ဟုထင်ကြသည်။ အစားထိုးတစ်ယောက်အဖြစ်နေတာက အချစ်အတွက်သာမဟုတ်ရင် ဆင်ဖြူတော်မှီပြီး ကြံစုပ်ချင်လို့လား ? မဟုတ်ရင် ဘယ်သူက ဒီလောက်အနှိမ်ခံနိုင်မှာလဲ ?

သူ့အားမှီကာတက်ဖို့ဆိုပါက ယခု ချီလီ၏အငယ်အနှောင်းအဖြစ်နေဖို့အား ငြင်းဆန်နေစရာအကြောင်းမရှိပေ။

သို့ပေမယ့်တစ်ဖန် အချစ်‌ကြောင့်ဆိုလျှင် မည်သို့သောအရာများက ယခုလောက်ရုပ်ဆိုးနိုင်မည်နည်း ?

လူအုပ်ကြီးက တကယ့်ကိုရှုပ်ထွေးသွားကြသည်။

ဟန်ကျီယုက အေးစက်စွာအော်ဟစ်လိုက်ပြီး "နင်ပဲ စာချုပ်ကိုဖျက်လိုက်တာလေ၊ ငါ မဟုတ်ဘူး။ ငါတို့ ဘယ်လိုစခဲ့တယ်ဆိုတာ မမှတ်မိဘူးလား? အဲဒါ အလုပ်စာချုပ်တစ်ခုပဲ။ နင်ငါ့ကို ယာလန်ကျဲအဖြစ်နေပေးဖို့ တစ်လကို ယွမ်ငါးသောင်းနဲ့ ငှားခဲ့တာလေ။ ငါက လစာနဲ့အလုပ်လုပ်နေတာ။ မိဘမဲ့ဂေဟာမှာသာ အဆင်မပြေမဖြစ်ခဲ့ရင် ငါ ဒီအလုပ်ကိုလုပ်ခဲ့မှာမဟုတ်ဘူး။ ဒါက ရှင်းလင်းပြတ်သားတဲ့ အလုပ်ရှင်-အလုပ်သမားဆက်ဆံရေးပဲ။ ငါ နင့်ကိုကြိုက်သင့်တယ်လို့ နင့်ကို ဘာက တွေးစေခဲ့တာလဲ? ငါ သရုပ်ဆောင်တာများ အရမ်းသဘာဝကျသွားလို့လား၊ အရမ်းအလုပ်ကြိုးစားလိုက်မိလို့လား? ပြီးတော့ ငါတို့ရဲ့စာချုပ်က သက်တမ်းပြည့်သွားပြီ၊ နင် ငါ့ကိုနှောင့်ယှက်နေတာက မပြီးနိုင်သေးဘူး။ အရမ်းလွန်နေပြီလို့ နင် မထင်ဘူးလား!"

ဤစကားလုံးများသည် ဝရဇိန်လက်နက်နှင့်တူသည်။

ဟန်ကျီယုသည် ချီလီနှင့်ရှိခြင်းမှ များစွာအကျိုးရှိမည်ဟု ယခင်ကထင်ခဲ့ကြသော်လည်း ဤအလုပ်စာချုပ်သည် လုံးဝခြားနားသောဇာတ်လမ်းဖြစ်သည်။

"ချီလီက အရမ်းရယ်စရာမကောင်းဘူးလား? သူပဲ ငှားခဲ့ပြီး သူဘာသာ သူ မေ့နေတာလား?

"ဒါဆို ဒါက လစာကြောင့်ပေါ့။ သူ ပြတ်ပြတ်သားသားထွက်သွားတာက အံ့ဩစရာတော့မဟုတ်ဘူးပဲ။"

"ဒီနေ့မှ ဟန်ကျီယုရဲ့သဘောထားကို ငါနားလည်နိုင်သွားတယ်။ အဲ့တာက အလုပ်ရှင်ဟောင်းနဲ့ ဆက်ဆံနေရသလိုပဲ။"

" သူတို့နှစ်ယောက်က သူ့အတွက်နဲ့ရန်ဖြစ်လိမ့်မယ်လို့ ချီလီထင်နေတာဟေ့၊ ငါ မရယ်ပဲမနေနိုင်တော့ဘူး။"

" ချီလီရူးနေတယ်လို့ ငါအမြဲထင်ခဲ့ပေမယ့် ဒီလောက်ထိဆိုး ရွားလိမ့်မယ်လို့တော့ မမျှော်လင့်ထားခဲ့ဘူး။"

"ဒါဆို သုံးယောက်ထဲက လီလီကမှ ချီလီကိုတကယ်ကြိုက်တာလား?"

"ဆိုးရွားလိုက်တာ၊ ချီလီက ကောက်ပြီးရွေးချင်ပေမယ့် လီလီတစ်ယောက်တည်းကပဲ ရွေးချယ်ခံချင်နေခဲ့တာ။"

"အရင်က ဒရာမာတွေအကုန်လုံးက တစ်ကိုယ်တော်အက်ရှင်တွေပဲမဟုတ်လား? အဲဒါကိုတွေးရင်း ရယ်ချင်တာမထိန်းနိုင်တော့ဘူး။"

ကြည့်ရှုသူများသည် ဖျော်ဖြေမှုအားကျေနပ်ခဲ့ကြသည်။

ချီလီ၏သူငယ်ချင်းများသည် လုံးဝအရှက်ကွဲသွားကြသည်။ တကယ်တော့ချီလီသည် သူတို့ရှေ့တွင် အများကြီးပြခဲ့ပြီး ဟန်ကျီယုအား ချီလီ၏အချစ်ကိုဘယ်တော့မှမရနိုင်သည့် သနားစရာကောင်းသောအစားထိုးတစ်ယောက်အဖြစ် သူတို့တွေးမိခဲ့ကြသည်။

ချီလီမှပြုလုပ်ခဲ့သည့် တစ်ကိုယ်တော်သရုပ်ပြမှုများဟု မည်သူကထင်မည်နည်း ?

သူတို့သည် ဒေါသနှင့်အရှက်ကွဲခြင်းကိုခံစားခဲ့ရပြီး ချီလီကိုကြည့်ရင်း မငိုပဲမနေနိုင်ပေ။ သို့ပေမယ့် ချီလီမှ သူ့ကိုယ်သူ မည်သို့လှည့်စားခဲ့သည်ကိုတွေးကြည့်မိတော့ သူတို့ရယ်မောပြီး စိတ်အနှောက်အယှက်အဖြစ်မခံတော့ပေ။

တစ်ဖက်တွင်ကျီဖေးသည် စိတ်လှုပ်ရှားစွာ ခုန်ပေါက်နေသည်။

【နောက်ဆုံးတော့ အမှန်တရားက ထွက်လာပြီ။ အားးး၊ ငါအဲ့တာကို ဆုပ်ကိုင်ထားတယ်၊ ဟားဟားဟား!]

ချင်ရှန့်မှ ကျီဖေးအား ထိုင်ခုံ‌ပေါ်ပြန်ထိုင်စေရန်ဆွဲချလိုက်သော်လည်း သူ ထိန်းမနိုင်သိမ်းမရရယ်နေဆဲပင်၊ သူ့မျက်လုံးများသည် ကွေးညွတ်ကာတောက်ပနေသည်။

ထိုခံစားချက်များသည် သူ့အတွက်မဟုတ်မှန်း ချင်ရှန့်သိသော် လည်း သူ့အကြည့်ထဲ ခေတ္တပျောက်ဆုံးသွားခဲ့သည်။

ဟန်ကျီယု၏ရုတ်တရက်ဝန်ခံမှုကြောင့် ချီလီ စိတ်ထဲတွင် တုန်လှုပ်သွားခဲ့သည်။

သူ့စိတ်ထဲတွင် ဟန်ကျီယုကိုပေးဆပ်ခြင်းသည် သူ့ကိုသဘော ကျခြင်းမှတားဆီးသည့် နည်းလမ်းဖြစ်သည်။ နောက်ဆုံးတွင် အဲ့ဒီငွေပမာဏသည် သူ့အတွက် မပြောပလောက်ပေ။ ဟန်ကျီယုသည် ငွေအသည်းအသန်လိုနေသောကြောင့် ဘယ်အလုပ် ဖြစ်ဖြစ် လုပ်ဖို့ဆန္ဒရှိနေမည်ဟု ချီလီမထင်ထားမိပေ။

ငွေသည် အကြောင်းပြချက်တစ်ခုမျှသာဖြစ်ပြီး စိတ်ပိုင်းဆိုင် ရာနှောက်ယှက်မှုကိုရှောင်ရှားရန် နည်းလမ်းတစ်ခုဟုသူထင်ခဲ့သည်။

သူ့ကိုယ်သူ မှိုင်းတိုက်မိမှန်း သူမသိခဲ့ပေ။

သူ၏ သံသယဖြစ်ဖွယ်စီရင်ချက်ဖြင့်ပင် ဟန်ကျီယု၏မျက် လုံးများထဲ စစ်မှန်သောရွံရှာဖွယ်ကို ယခုမူ ရှင်းရှင်းလင်းလင်းမြင်လာရပြီဖြစ်သည်။

ချက်ခြင်းပင်၊ အရှက်တရားနှင့်ဒေါသတို့သည် သူ့အပေါ်လွှမ်း မိုးသွားသော်လည်း သူ့အား ပိုဒေါသထွက်ဖြစ်စေခဲ့သည်မှာ သူသည် သူ့အပေါ်ခံစားချက်များတိုးပွားလာနေခြင်းပင်။

ချီလီထခုန်ပြီး ဟန်ကျီယုအား သူ့အပေါ် တစ်ခုခု ခံစားခဲ့ဖူးလားဟုမေးရန် လှမ်းလာလိုက်သည်။ သူသည် သူ့ရှေ့ကအဖြစ်မှန်ကို လက်မခံနိုင်ချေ။

သို့ပေမယ့်ကောင်းယာလန် သူ့လမ်းကိုပိတ်ရပ်လိုက်သည်။

"ဘာလို့လဲ... မင်း ဘာလို့ ဒီလိုလုပ်တာလဲ? တစ်ချိန်က ငါ သူ့ကို မင်းရဲ့အစားထိုးအဖြစ်တက်ဆံခဲ့တယ်။ မင်း သူ့ကို မမုန်းသင့်ဘူးလား ?"

ကောင်းယာလန်မှ ဟန်ကျီယုကိုဆန့်ကျင်ရန် ရည်ရွယ်ချက်မရှိသောကြောင့် ချီလီသည် အဖြစ်မှန်ကို ထပ်မံရင်ဆိုင်ရတော့မည်ဖြစ်သည်။

သူ သူ့ကိုဆန့်ကျင်ခဲ့သည် ?

"ချီလီ၊ စကားကို တည့်တည့်ပြောစမ်း။ ဒီနေရာမှာ ရွံမုန်းစရာတွေလုပ်နေတဲ့ တစ်ယောက်တည်းသောသူက နင်ပဲလေ။ နင်က လှေနံနှစ်ဖက်နင်းချင်နေတာလား ? နင်က လူယုတ်မာသပ် သပ်ပဲ။ ငါ တရားဝင်ပြောမယ်၊ ငါတို့ထဲက ဘယ်သူမှ နင့်ကိုမကြိုက်ဘူး၊ ငါတို့နှစ်ယောက်လုံး နင့်ကိုမုန်းတယ်။ ငါတို့နဲ့ဝေးဝေးနေစမ်း၊ ဒါမှမဟုတ်ရင် ပါးရိုက်ခံရမယ်မှတ်၊ နင် ခွေးကောင်!"

ချီလီ၏မျက်လုံးများသည် ဒေါသကြောင့်နီရဲလာသည်။

ရုတ်တရက်သူ ကောင်းယာလန်မှ ဟန်ကျီယု၏လက်ကိုကိုင်ကာ သူ့အသည်းအသက်ကို ကာကွယ်ပေးနေသကဲ့သို့ပြုမူနေတာကိုမြင်လိုက်သည်။ သူ့ခေါင်းအား မိုးကြိုးထိမှန်သွားသလိုမျိုး၊ ထိပ်လန့်သွားပြီး မယုံနိုင်ဖြစ်သွားသည်။

" မင်း... မင်းသူ့ကို ကြိုက်နေတာမဟုတ်လား? အဲ့တာကြောင့် မင်းတို့နှစ်ယောက်စလုံး ငါ့ကိုရန်လုပ်နေတာလား!"

ချီလီ ထိုအကြောင်းကိုပိုတွေးလေလေ၊ ဒေါသပိုထွက်လေလေဖြစ်ပြီး ကြက်ခြေခတ်နှစ်ခါခြစ်ခံလိုက်ရသလို ခံစားလိုက်ရပြီး သူ့ဒေါသသည် အထွတ်အထိပ်သို့ရောက်သွားသည်။

ယခင်က စကားစမြည်ပြောနေကြသည့်လူအုပ်ကြီးသည် နောက်တစ်ကြိမ် တုန်လှုပ်ချောက်ချားစွာတိတ်ဆိတ်သွားပြန် သည်။

【ဟားဟားဟားဟား၊ သူတကယ် အဲ့လိုထင်နေတာလား? သူ့စိတ်ကူးယဉ်စွမ်းကတော့ အကြီးဆုံးပါပဲ။]

ကျီဖေးသည် ချင်ရှန့်၏လက်မောင်းနှစ်ဖက်ထဲတွင်လှိမ့်ကာ အူလှိုက်သည်းလှိုက် ရယ်မောနေလေသည်။

သို့သော်ချင်ရှန့်သည် စတင်စိုးရိမ်လာသည်။ အဆုံးတွင် သူတို့သည် သူတို့နှင့်သက်ဆိုင်သည့်ကိစ္စရပ်များအား သီးသန့်ဖြေရှင်းရန်လိုသည်။ ယခုလည်း...

ဖိနှိပ်ထားသောရယ်သံများသည် နောက်ဆုံးတွင် လူအုပ်ထဲမှထွက်ပေါ်လာပြီး ချီလီသည် သူ့ကိုမည်သူမျှမယုံကြောင်း သိလိုက်ရသည်။ သူက ချက်ချင်း ဒေါသတကြီးအော်ရင်း

" မင်းအရင်က ဘယ်တုန်းကမှ မိန်းကလေးတွေကိုမကြိုက်ဖူးဘူး၊ အဲ့တာက မင်းဘာသာ မင်းပြောတာပဲ။ ပြီးတော့ တစ် ယောက်ယောက်နဲ့ လျှပ်တပြက်ဆက်နွယ်မှုမျိုး ဘယ်တုန်းကခံစားဖူးလို့လဲ? မင်းပုံစံကိုအတုခိုးတဲ့သူတွေကို မင်းအရင်ကမကြိုက်ဘူး၊ မင်းနဲ့အရမ်းတူတဲ့သူကိုကျတော့ ဒီတိုင်းထားလိုက်တယ်။ မင်းသူ့ကို ကာကွယ်ပေးတဲ့နည်းလမ်းက အတော်လေးထူးဆန်းတယ်။ မင်း သူ့ကိုကြိက်နေတာလား? မင်းသူ့ကို ကြွေသွားတာလား!"

သူ၏ အလျင်စလို စေ့စပ်သည့်ငြင်းခုံမှုများသည် လူအချို့ကို သံသယဝင်စေခဲ့သည်။

တကယ်တော့ ကောင်းယာလန် တစ်ယောက်ယောက်အတွက် အကာအကွယ်ပေးမှုအဆင့်သည် ရုပ်ရည်ကောင်းရုံ သို့မဟုတ် တရားမျှတမှုသဘောအရဖြင့် ရှင်းပြဖို့ခက်သည်။

ကောင်းယာလန်နှင့်ဟန်ကျီယုအကြားတွင် လူအုပ်ကြီး၏မျက် လုံးများ လှည့်ပတ်သွားခဲ့သည်။

ကောင်းယာလန်သည် ယခင်က ယောက်ျားများကိုသဘောကျသည်ဟု စွပ်စွဲခံခဲ့ရဖူးသော်လည်း ယခုအကြိမ်သည် အမျိုးသ မီးတစ်ဦးကိုသဘောကျသည်ဟု စွပ်စွဲခံရခြင်းဖြစ်သည်။ ဒီလိုမျိုး သူပြောဖူးလား? သူ မမှတ်မိပေ၊ ပေါ့ပေါ့ပါးပါးစကားပြော ရုံသာဖြစ်သည်။

"နင့်ရဲ့ခေါင်းကိုစစ်ကြည့်ဖို့ တကယ်လိုနေပြီ" ဟု ကောင်းယာလန်က စိတ်တိုတိုနှင့်ပြောခဲ့သည်။

"မင်း ဝန်မခံချင်ရင် ဘာလို့ သူ့အပေါ် ဒီလောက်ကောင်းနေတာလဲ?!"

ချီလီက "ငါတို့ တစ်ယောက်ကိုတစ်ယောက်သိနေတာ နှစ်အ တော်ကြာပြီ၊ ပြီးတော့ တစ်ချိန်က ချစ်သူတွေတောင်ဖြစ်ခဲ့ဖူးတယ်..."

ချီလီ၏ထောက်ပြမှုသည် ကောင်းယာလန်မှာ သူနှင့်လက်တွဲသင့်သည့် လူအမျိုးအစားဖြစ်ပြီး သူ့ဘက်လိုက်သင့်သည်။ သူဘာလို့ ဟန်ကျီယုကို ကူညီနေတာလဲ ? ထိုပုံမှန်မဟုတ်မှုသည် ကျီဖေးအား ရှေ့သို့မလှမ်းစေနိုင်ခဲ့ပေ။

သူတို့နှစ်ယောက်၏ဆက်ဆံရေးသည် မည်သူမှ မထင်ထား လောက်အောင်ပိုနက်ရှိုင်းခဲ့သည်။

All Chapters