← Chapters

အခန်း (၂၆၀)

Vol. 26 Ch. 260

အခန်း (၂၆၀)

Vol. 26 Ch. 260

ချီလီသည် မယုံကြည်နိုင်ဆဲဖြစ်ပြီ သူ့မျက်လုံးများက သူ့ရှေ့ရှိ လူနှစ်ယောက်ကြားတွင် ထိပ်ထိပ်ပြာပြာပြေးလွှားနေသည်။ သူ တစ်ခုခုပြောခါနီးတွင် တစ်ယောက်ယောက်က အော်ခေါ်လာသံကို ကြားလိုက်ရသည်။ "ချီလီ၊ မင်းက ဒီမှာလား။"

လူတိုင်း လှည့်ကြည့်လိုက်ပြီး ပိန်ပိန်ပါးပါး အမျိုးသားလေးယောက်က ရေကူးကန်အဝင်ဝမှာ ရပ်နေတာကို တွေ့လိုက်ရသည်။ သူတို့ကို ကြည့်ရတာ ဇဝေဇဝါဖြစ်နေပေမယ့် ရင်းနှီနေသလိုပင်။

ချီလီ၏စိတ်သည် တုန်လှုပ်နေဆဲဖြစ်ပြီး ခေါင်းလှည့်ကြည့်လိုက်သောအခါတွင် သူတို့ကို သိသလိုရှိပေမယ့် မမှတ်မိသေးပေ။ စိတ်မရှည်စွာဖြင့် မာဆတ်ဆတ်ပြောလိုက်သည်။

"ဘာကိစ္စရှိလို့လဲ၊ နောက်မှ ပြော!"

"သူ တကယ် ဒီမှာရှိတယ်။ ငါတို့က လီလီရဲ့အစ်ကိုတွေ၊ ငါတို့ မင်းနဲ့ စကားပြောဖို့လိုတယ်။!"

နောက်ထပ် ဘာစကားမှမပြောတော့ဘဲ လူလေးယောက်ဝင်လာကြသည်။

[လီလီ့အစ်ကိုတွေလား။ ခဏနေဦး ... အိုး မဖြစ်တော့ဘူး။ ချီလီတော့ သွားပြီ။ လီလီက သိပ်မလိမ်မာပေမယ့် သူတို့ညီမကို အပြင်းအထန် အကာအကွယ်ပေးတဲ့ အစ်ကိုလေးယောက်ရှိတယ်။ လီလီပြောတာကြားပြီးတော့ ချီလီ သူ့ခံစားချက်တွေကို ကစားခဲ့ကြောင်းသိပြီးနောက် ပြဿနာရှာဖို့အပြေးလာခဲ့ကြတာဖြစ်မယ်။ ဒီကောင်တွေက ကျိုးကြောင်းမဆီလျော်ကြဘူး။ သူတို့လုပ်ပြီဆိုတာနဲ့ မိသာစုကြီးတွေကြားက ဆက်ဆံရေးကိုလည်း ဂရုစိုက်မှာမဟုတ်ဘူး။ ပုံမှန်လီလီက ချီလီကိုလိုက်ခဲ့ဝာာ သူ သူမကိုလစ်လျူရှုတုန်းကတော့အဆင်ပြေသေးတယ်။ ဒါပေမယ့် အခုတစ်ခေါက်မှာ သူ သူမကို အသုံးပြုပြီး ဝမ်နည်းစရာ အခြေအနေမှာထားခဲ့တာကိုး၊ သူ့အစ်ကိုတွေက ဘယ်လိုလုပ်ငညိမ်ခံနေမှာလဲ။ လီလီ နောက်ဆုံးတော့ သူ့ကို ဖောက်မြင်သွားတဲ့ပုံပဲ၊ ဟမ် ? ခဏနေပါဦး၊ အခုလေးတင် ငါက သူ့ကို ဝိုင်နဲ့ပက်လိုက်တာလေ...]

ဒါကိုကြားတော့ ချင်ရှန့် အခြေအနေတွေက သူ့လက်ထဲက လွတ်သွားသလို ခံစားလိုက်ရသည်။ ထိုလူတွေရဲ့ မျက်လုံးတွေဟာ ရန်လိုမှုတွေပြည့်နှက်နေသည်။

ပထမဆုံး ချင်ရှန့် ကျီဖေးကို သူ့နောက်ဘက်ကိုပို့ကာ သိမ်မွေ့စွာအကာအကွယ်ပေးလိုက်ပြီး စားပွဲထိုးကို အမြန်ခေါ်လိုက်သည်။ ထိုလူတွေက မလှုပ်ရှားသေးပေမယ့် နောက်မှဝမ်းနည်းရတာထက် လုံခြုံဖို့ရေးကိုဂရုစိုက်တာက ပိုကောင်းတာမို့ လုံခြုံရေးတွေကို ခေါ်ဖို့ပြောလိုက်သည်။

သို့သောါ လုံခြုံရေးတွေ မရောက်ခင်မှာ ပိန်ပိန်ပါးပါးလူလေးယောက်က စတင်လှုပ်ရှားတော့သည်။

ပထမဆုံးလက်သီးသည် ပျံသန်းလာပြီး ချီလီ အထိုးခံလိုက်ရကာ အနီးနားရှိ သောက်စရာများ စားပွဲပေါ်ကပြုတ်ကျသွားစေသည်။

လူအုပ်ကြီးကလည်း အော်ဟစ်ပြီး ပြန့်ကျဲသွားတော့သည်။

ထိုသို့သော အခြေအနေမျိုးတွင် လောဖေး၊ ကျန်းရန်၊ ယွီယွဲ့နှင့် ချင်ရှန့်တို့ ထိုလူလေးယောက်ကြားရောက်နေကာ ဘာမှမလုပ်ပဲရပ် ကြည့်မနေနိုင်ပေ။ ချီလီ ဒါနဲ့ထိုက်တန်ပေမဲ့ သူ့ အရိုက်ခံရတာကိုကြည့်မနေနိုင်ကြချေ။

သူတို့ အချိန်မီဝင်ရောက်စွက်ဖက်သော်လည်း ချီလီမျက်နာမှာ ပွန်းပဲ့၊ရောင်ရမ်းနေပြီဖြစ်ပြီး သူ၏ဒေါသများသည်လည်း အရှက်တရားအဖြစ်သို့ ပြောင်းလဲကာငိုလုမတတ်ဖြစ်နေ သည်။

ဒီညဟာ ရုပ်ပိုင်းဆိုင်ရာရော စိတ်ပိုင်းဆိုင်ရာမှာပါ သူအတွက်ဘယ်တော့မှ မမေ့နိုင်တဲ့ အမာရွတ်ဖြစ်သွားတော့မည်ပင်။

လုံခြုံရေးတွေ ရောက်လာပြီး ထိုလူတွေကိုတားလိုက်သည်။

ညီအစ်ကိုလေးယောက်က ချီလီကို လူယုတ်မာလို့ ဆဲဆိုကြိမ်း မောင်းဆဲဖြစ်ပြီး နောက်ဆုံးမှာတော့ ရဲခေါ်လိုက်ရကာ ချီမိသားစုနဲ့ လီလီ မိသားစုကပါရောက်လာကာ ဇာတ်လမ်းတစ်ခုလုံးဟာ ဟာသအကြီးစားအဖြစ်ပြောင်းလဲသွားတော့သည်။

ရေကူးကန်ပါတီလည်း ပြီးဆုံးသွားခဲ့သည်။ သို့သော် အတင်း အဖျင်းပြောချင်စိတ်တွေ မပျောက်ကြသေးချေ။ ဒီနေ့ညပြီးနောက်၊ အထက်တန်းစားအသိုင်းအ၀ိုင်းတွင် နောက်ထပ်အရှုပ်အရှင်းတစ်ခုဖြင့် အသံညံနေဦးမည်မှာအသေအချာပင်။

လူတိုင်း အဝတ်အစားများကို ပြန်လဲကာ ကလပ်၏အဝင်ပေါက်တွင် ကားစီးရန်စောင့်ဆိုင်းနေကြသည်။

ကောင်းယာလန်သည် ဟန်ကျီယုတစ်ယောက်တည်းကိုသာ ခေါ်ကာ ထွက်သွားသည်ကိုမြင်လိုက်ပြီး လူတိုင်းမှင်တက်သွားကြသည်။

ကျန်းရန်က "သူတို့က တကယ် ညီအစ်မတွေပဲ။"

"ယာလန် တကယ်ပျော်နေပုံပဲ။" စမ်ထင်က ထပ်ပြောလိုက်သည်။ "သူ့ညီမကို ငါ့စေ့စပ်ပွဲကို ခေါ်လာမယ်လို့တောင်ပြောသွားသေးတယ်။"

ပိုင်ရှောင်ရှီ စပ်စုလိုစိတ်ဖြင့် မျက်လုံးပြူးသွားကာ "မင်းဘယ် လိုထင်လဲ... ချီလီက စေ့စပ်ပွဲကို တစ်ပတ်အတွင်းလာဖို့ သတ္တိ ရှိမယ်လို့ ထင်လား။"

"သူ မလုပ်ရဲဘူးလို့ ငါလောင်းတယ်" ယွီယွဲ့ရယ်မောလိုက်သည်။

လောဖေးက ပြောလိုက်သည်။ "နောက်ဆုံးတော့ ချီလီက သူ့သင်္ချိုင်းသူတူးမိတယ်လို့ ပြောလို့ရတယ်။"

သူတို့စကားပြောနေကြစဉ် အနားမှ ကျယ်လောင်သော ဆွေးနွေးသံကို ကြားလိုက်ရသည်။

"အဲ့တာ သူပဲ၊ ဖျော်ဖြေရေးနယ်ပယ်ရဲ့တရားသူကြီး၊ အထက် တန်းလွှာအတင်းအဖျင်းတွေရဲ့ဘုရင်မပဲ!"

"အဲဒါက တကယ်ရယ်စရာကောင်းတယ်။ သူ နောက်ဆုံးအကြိမ်ကပေါ်လာတုန်းက လောမိသားစုရဲ့ မင်္ဂလာဆောင်မှာပဲ ပြီးတော့ မင်္ဂလာပွဲကိုဖျက်သိမ်းလိုက်ရတယ်။ ဒီတစ်ခေါက်ကတော့ ပါတီအသေးလေးပဲ၊ ဒါတောင် ဒီလောက်ကြီးကျယ်တဲ့ ဒရမ်မာတစ်ခုအဖြစ်ပြောင်းလဲသွားခဲ့တာဟေ့ ကြောက်စရာကြီး။"

"သူ့ပရိသတ်တွေက သူ့ကို အရမ်းစွဲလမ်းနေကြတာ အံ့သြစရာ မရှိဘူး။ သူ့မှာ တကယ်ပဲ အံ့ဖွယ်စွမ်းအားတစ်မျိုးရှိတယ်!"

"ငါတောင် သူ့ကို စစွဲလမ်းလာပြီ။ သူ့နောက်ကိုလိုက် အရည် ရွှမ်းတဲ့ အတင်းအဖျင်းတွေအားလုံးကိုစားပစ်လိုက်ချင်တယ်။ ဒီနေ့ရဲ့ အလှည့်အပြောင်းတွေက ဘယ်တုန်းကထက်မဆို ပိုစိတ်လှုပ်ရှားစရာ ကောင်းတယ်။ ငါ ဒီအကြောင်းကို တစ်နှစ်လောက်တောင်ပြောနေနိုင်တယ်။"

"သူ နောက်ဘာပွဲတက်ရမလဲဆိုတာသိချင်လှပြီ။ ငါအတင်းအ ဖျင်းတွေ ဖမ်းဖို့ စောစောသွားချင်တယ်။"

“ တခြားပွဲတွေရှိလား မသိပေမယ့် မကြာခင်မှာ မင်္ဂလာပွဲတစ်ပွဲရှိတယ်။ သူ သေချာပေါက် အဲဒီပွဲကိုတက်မှာ။”

ချင်ရှန့် သူငယ်ချင်းများတွေက လှေကားက ဆင်းလာတဲ့ ကျီဖေးနှင့် ချင်ရှန့်ကိုကြည့်ပြီး အံ့အားသင့်သွားပုံရသည့် စမ်ထင်ကိုကြည့်လိုက်သည်။

တခဏတော့ သူတို့ ဘာပြောရမှန်းမသိဖြစ်သွားသည်။

"ဘာမှားလို့လဲ ?"

သူတို့နှစ်ယောက်သား အနားရောက်လာတော့ လူတိုင်းက သူတို့ကို ထူးထူးဆန်းဆန်းကြည့်နေကြသည်ကို တွေ့ရသောအခါ ကျီဖေးက မနေနိုင်ဘဲမေးလိုက်သည်။

ဘာမှဂရုမစိုက်ဆုံးဖြစ်တဲ့ ပိုင်ရှောင်ရှီက ချက်ချင်း စိတ်လှုပ် ရှားစွာမေးလိုက်သည်။

"ဖေးဖေး မင်းရဲ့ မှော်အစွမ်းတွေ သုံးပြီး ဒီနေ့ ဒါတွေအားလုံးဖြစ်အောင်လုပ်ခဲ့တာလား။"

ကျီဖေး : ?

ယွီယွဲ့က ရယ်ပြီး "ဒါပေမယ့် သတိထားဦးနော်။ ချီလီ စိတ်ညစ်ပြီး မင်းနောက်လိုက်လာရင် ဘယ်လိုလုပ်မလဲ။ ဟားဟား။"

ကျီဖေးက သူတို့ နောက်ပြောင်နေမှန်းသိလိုက်သည်။

ဒါပေမယ့် ဘယ်လိုလုပ်ရပါ့မလဲ၊ ဒီတစ်ခါတော့ သူမတကယ် အိုးကို မမွှေရသေးပါဘူး။ သူမ အချက်အလက်အချို့ကို ကြိုသိထားပြီး ရှိုးကို ပျော်ပျော်ပါးပါး ထိုင်ကြည့်နေခဲ့တာလေးပဲ။

ကျီဖေးက သနားစရာ မျက်နှာထားလေးနဲ့ "ဒါ တကယ် ငါနဲ့ ဘာမှမဆိုင်ပါဘူး"

ပိုင်ရှောင်ရှီနဲ့ ယွီယွဲ့နှစ်ယောက်လုံးက စနောက်ချင်နေတဲ့ အမူ အရာ သူ့ကိုမယုံကြပဲ ယွီယွဲ့ရဲ့အဖေရဲ့ မင်္ဂလာပွဲကိုတက်ရမည်ဟု ထပ်ခါထပ်ခါအလေးပေးပြောနေကြတော့သည်။

လောဖေးက ချောင်းဆိုးပြီး သူတို့ကို ထိန်းဖို့သတိပေးလိုက်သည်။ သူတို့က ဂရုမစိုက်ပေမယ့် စမ်ထင် ဒီမှော်အတတ်လို့ ပြောနေတာကို အနှောက်အယှက်ဖြစ်သွားရင် သိပ်မကောင်းလောက်ပေ။

ဘာပဲဖြစ်ဖြစ် မှော်အတတ်ပညာသာဖြစ်လျှင်ပင် လော်ဖေး သည် ကျီဖေးအား အမှန်ပင်ကျေးဇူးတင်မိလိမ့်မည်။

ဒါပေါ့ ဒါတွေအားလုံးကို တိုက်ဆိုင်မှုတစ်ခုလို့သာ သူတွေးခြင်းဖြစ်သည်။ ရိုးရိုးရှင်းရှင်းပင် ကျီဖေး၏ဖရဲသီး ( အတင်းအဖျင်း ) စားရတာ နှစ်သက်ပြီး ရုန်းရင်းဆန်ခတ်ဖြစ်သည့်အခါတိုင်း အပျော်သဘောပါ၀င်လေ့ရှိသည်။

ချင်ရှန့်လည်း သိလိုက်ပြီး စမ်ထင်ကိုလှမ်းကြည့်လိုက်သည်။

စမ်ထင် တိုက်ရိုက်ပဲပြောလာသည်။

"တကယ်လို့ နင်နဲ့ ဆိုင်ရင်တောင် ကောင်းယာလန်က နင့်ကို စာအိတ်အနီအကြီးကြီးပေးသင့်တယ်။ ဒါပေမယ့် ငါ့ရဲ့ စေ့စပ်ပွဲက မကြာခင်လာတော့မှာမို့ ငါ ပြင်ဆင်စရာတွေလိုသေးတယ်"

စမ်ထင် အမှန်တကယ် စိတ်အနှောက်အယှက်ဖြစ်သွားသည်ဟုထင်လိုက်ကာ လူတိုင်း အနည်းငယ်လန့်သွားကြသည်။

"ငါ့ရဲ့ စေ့စပ်ထားသူက မှောင်မိုက်တဲ့အတိတ်တချို့ရှိပေမယ့် အပြင်ကိုမပေါက်ကြားဘူး၊ ငါတို့မိသားစုကြား ပူးပေါင်းဆောင်ရွက်မှုကို မထိခိုက်စေသရွေ့ဂရုမစိုက်ဘူး။ ဒါကြောင့် ငါတို့ တရားသူကြီးက နင့်ရဲ့အစွမ်းတွေကို မသုံးမိအောင် ကြိုးစားပါ၊ ဟုတ်ပြီလား ?"

နောက်ဆုံးအသံကို မြှင့်ပြောလိုက်တာကြားတော့မှ စမ်ထင် တမင်တကာနောက်ပြောင်နေမှန်း သူတို့ သဘောပေါက်လိုက်ကြသည်။

ဒါမှမဟုတ် ယခင်အရှုပ်တော်ပုံများအားလုံးက တရားမျှတမှုရှိသည်ဟု ခံယူထားသော်လည်း သူမနှင့် သူမ၏စေ့စပ်ထားသူ ကျင့်ယုနှင့် ကိစ္စတွင်မူ တရားမျှတမှုလိုဟာမျိုးမရှိပေ။ ကျီဖေး အရိပ်အယောင်တစ်ခုခုကိုတွေ့ခဲ့လျှင်ပင် ထုတ်ဖော်နေဖို့မလိုချေ။

ဘာလို့လဲဆိုတော့ ရှင်းရှင်းလေးပဲ သူ ဂရုမစိုက်လို့လေ။ သူမသည် သူ့ဝါသနာအား လိုက်စားခွင့်ပေးရန် မိသားစု၏ကတိကိုရရှိဖို့ အိမ်ကစီစဉ်သည့် အိမ်ထောင်ရေးကိုသဘောတူခဲ့သည်။ သူမ မိသားစုစီးပွားရေးကိုမကူညီနိုင်ခဲ့သောကြောင့် နှစ်ပေါင်းများစွာ သူ့မိသားစု၏အကျိုးကျေးဇူးများကိုခံစားခဲ့ရပြီး ထုံးစံအတိုင်းတန်ဖိုးအနည်းငယ်ပေးဆပ်ရမည်သာ။

သူမရဲ့ စိတ်ကူးယဉ်အိပ်မက်တွေ ရှင်သန်ဖို့အတွက် အပေါ်ယံလက်ထပ်ထိမ်းမြားမှု ဒါဟာ သူ့အမြင်မှာ တရားမျှတတဲ့ကုန် သွယ်မှုတစ်ခုပင်။

နောက်ဆုံး သူမသည် အချစ်ရေးမှာစိတ်ဝင်စားမှုမရှိခဲ့ပေ။

ရှားရှားပါးပါး စမ်ထင်၏ဟာသကိုကြားတော့ လူတိုင်းရယ် မောလိုက်ကြသည်။

ကျန်းရန်၏အမူအရာကသာ တဖြည်းဖြည်းနဲ့ ပိုမိုရှုပ်ထွေးလာခဲ့သည်။

ကားတွေ တစီးပြီးတစီးရောက်လာကာ လူတိုင်းကို လာကြိုသွားကြသည်။

နောက်ဆုံးတွင် ကျန်းရန်၊ ကျီဖေးနှင့် ချင်ရှန့်တို့သာ ကျန်တော့သည်။

သူတို့ကားရောက်သည်နှင့် ကျန်းရန်ရုတ်တရက် စိတ်မြန်လက် မြန်ဖြင့် ရှေ့တိုးကာ ကျီဖေးကိုကြည့်ပြီး စကားမပြောခင် ခဏလောက်တုန့်ဆိုင်းသွားသည်။

"မင်း စိတ်ထဲမှာ တစ်ခုခုရှိနေလို့လား?" ချင်ရှန့်က မေးလိုက်သည်။

ကျီဖေးက မော့ကြည့်လိုက်ပြီး ကျန်းရန်က ရုတ်တရက် စိတ် ညစ်သွားပုံရပြီး သူ့မျက်လုံးတွေက ဖျတ်ခနဲ ထိတ်လန့်တကြားဖြစ်သွာကာ အံကျိတ်လိုက်ပေမယ့် စကားမပြောလာပေ။

ကျီဖေးက မျက်ခုံးပင့်လိုက်ပြီး မရေမရာနဲ့ ပြောလိုက်သည်။ "ရှင်လည်း လာမယ့် စေ့စပ်ပွဲအတွက်စိတ်ပူနေတာလား။ ရှင့် ရဲ့ဝမ်းကွဲကျန်းယုနဲ့ စမ်ထင်ရဲ့ ပျော်ရွှင်စရာကောင်းတဲ့ အနာဂတ်ကို ကျမ အနှောင့်အယှက်ပေးမှာကြောက်လို့လား။"

ကျန်းရန်၏အမူအရာမှာ ကို့ယို့ကားယားဖြစ်သွားပြီး ကိုယ့်ကိုကိုယ် ပျက်ရယ်ပြုမှုက မျက်လုံထဲတစ်ချက်လက်သွာကာ ထင်ရာစိုင်းတဲသူဟာ ယုံကြည်မှုမရှိသူအဖြစ်ပြောင်းသွားသလို အဓိပ္ပါယ်မရှိသလို ခံစားလိုက်ရသည်။

သူငြင်းခါနီးမှာ ကျီဖေးထပ်ပြောလာတာကိုကြားလိုက်ရသည်။

"ဒါမှမဟုတ် ကျမရဲ့စွမ်းအားကိုသုံးပြီး စေ့စပ်ပွဲကိုဖျက်ဆီးဖို့ ကျမကိုသေချာပေါက်ရှိပေးဖို့ မျှော်လင့်နေတာလား ?"

All Chapters