အခန်း (၂၆၃)
Vol. 27 Ch. 263
ကျီဖေး၏ မျက်လုံးများသည် ချင်ရှန့် မျက်လုံးများနှင့် ဆုံသွားကာ သူ၏ နက်မှောင်သော အကြည့်များထဲသို့ သူမ နစ်မြုပ်သွားသလိုပင်။ လေထုသည် ရုတ်တရက် ရောထွေးလာသည်။ ကျီဖေး သူမရှေ့ရှိ လက်တွေ့မကျလောက်အောင် ချောမော သော မျက်နှာကို စိုက်ကြည့်ရင်း သူမ နှလုံးသားသည် ဗုံတစ်ခုအလား မြည်ဟီးလာသည်။ သူမ၏အကြည့်များသည် အနည်း ငယ် ပြန့်လွင့်သွားသော အောက်ဘက်သို့ နိမ့်ဆင်းသွားပြီး အနီရောင်နှုတ်ခမ်းများဆီသို့ အကြည့်ရောက်ချိန် ကျီဖေးအလိုလို တံတွေးမျိုချမိလိုက်သည်။
【အရမ်းနီးနေပြီ၊ နီးနေပြီ၊ ငါတို့ နမ်းမိတော့မယ်】
ထိုအခါ ချင်ရှန့် ရုတ်တရက် လန့်သွားသည်။ သူစိတ်ကို လွှတ် ပေးလုနီးပါးဖြစ်မိသွား... ဟင့်အင်း ကျီဖေးမှ သူနဲ့ အတူနေဖို့ သဘောမတူရသေးတာ.. သူ ဘယ်လိုများ သူမကို အတင်းနမ်းရမှာလဲ ?
ချင်ရှန့်၏စိတ်ထဲတွင် ရွေးချယ်ခွင့်အာဏာမှာ ချုပ်ကိုင်ထားသူမှာ ကျီဖေးဖြစ်သည်။ သူမ သူ့ကို ဘာမဆိုလုပ်နိုင်သော်ငြား သူသည်တော့ သူမဆန္ဒကိုမဆန့်ကျင့်လိုပေ။
【သူရုတ်တရက် ဘာဖြစ်သွားတာလဲ၊ ယောက်ျားလေးဗီဇများ အသက်၀င်သွားတာလား? ငါ ရုန်းသင့်လား? လက်ခံလိုက်ရမလား? အခု ငါ ခေါင်းလေးမော့လိုက်ရင် ငါတို့ မတော်တဆ နမ်းမိသွားနိုင်တယ်!]
ချင်ရှန့်၏အာဒမ်ပန်းသီးလေး လှုပ်ခါသွားပြီး သူ၏ တင်းမာ သောအသက်ရှုရှိုက်မှုသည် သူ့နှုတ်ခမ်းပါးမှ မှုတ်ထုတ်လိုက်သဖြင့် မသိစိတ်မှဆွဲဆောင်မှုရှိလှသည်။
သို့သော် တစ်စုံတစ်ယောက်သည် အရှက်မဲ့လွန်းလှသော်လည်း စိတ်ကူးယဉ်ခြင်းများသာ ပြုလုပ်တက်သည်။
"ဘာ... ဘာဖြစ်လို့လဲ ? ရှင် ယားလို့်လား? ကျွန်မ မရည်ရွယ်ပါဘူးနော်"
ချင်ရှန့် မျက်လုံးပြူးသွားသည်။ သူ့မိန်းမက ဘာလို့အဲ့လောက်တောင် အရှက်မရှိရတာလဲ ? အာ.. အင်း သူလည်းမရှိဘူးပဲ။
"ရတယ်၊ အခု နောက်ကျနေပြီ၊ ငါတို့ အနားယူသင့်ပြီ"
ချင်ရှန့်၏အသံသည်ဩရှနေကာ သူ့ခန္ဓာကိုယ်ရှိ နှိုးဆွနေမှုသည် ကျီဖေးကို ကြောက်လန့်စေမည်စိုးသောကြောင့် မိမိကိုယ်ကိုထိန်းထားရန် အတတ်နိုင်ဆုံးကြိုးစားနေဆဲဖြစ်သည်။
ကျီဖေးသည် သူ ထိုကိစ္စကို ရှေ့မဆက်တာမြင်တော့ အမြန်ထလိုက်ပြီး "အွန်း" သူပြန်လဲလိုက်ချိန် ချင်ရှန့်ကို မဖက်ပဲမနေနိုင်ချေ။
ထူးဆန်းသော်ငြား သူ့ကိုဖက်ထားရသည်မှာ သက်တောင့်သက်သာရှိသည်။
ချင်ရှန့်လည်း သဘောတူပြီးသဖြင့် သူမလည်းရသလောက် အခွင့်ကောင်းယူရပေမည်။
ချင်ရှန့်သည် မီးကိုပိတ်လိုက်ပြီး ကျီဖေးကို စောင်ခြုံပေးလိုက်ကာ ပြတင်းပေါက်မှ ဖြာကျနေသော လရောင်ကြောင့် သူတို့ တစ်ယောက်ကို တစ်ယောက် မြင်နိုင်စေသေးသည်။
ချင်ရှန့်သည် မျက်တောင်ပုတ်ခတ်ခတ်လုပ်နေသာ ကျီဖေးကို ကြည့်လိုက်သည်။
"မျက်လုံးမှိတ်ထား"
ကျီဖေးတစ်ခုခုပြောချင်သော်လည်း ချင်ရှန့်သည် အနည်းငယ်ကြွကာ သူမ၏နဖူးကိုညင်သာစွာနမ်းလိုက်ပြီး "Goodnight
ကျီဖေး၏ ခံစားချက်များလည်း တဟုန်ထိုးတက်သွားသည်။
"Goodnight ပါ"
ထိုညတွင် သူတို့ ကောင်းကောင် အိပ်ပျော်ကြသော်လည်း အခြားမိသားစုသုံးစုအပြင် ကောင်းယာလန်နှင့် ဟန်ကျီယုတို့သည်ပိုလို့ပင်အိပ်မပျော်ကြချေ။
ကောင်းယာလန်သည် ဟန်ကျီယုကို သူမ၏ယာယီဟိုတယ်ခန်းသို့ ပြန်ခေါ်လာခဲ့ပြီးဖြစ်သည်။ ညီအစ်မနှစ်ယောက် တစ်ညလုံး စိတ်လှုပ်ရှားစွာ ၀မ်းပမ်းတသာစကားပြောကြသည်။
နှစ်အတော်ကြာ ခွဲခွာခဲ့ရသဖြင့် သူတို့တွင်ပြောစရာအများကြီးရှိသည်။
ကောင်းယာလန်သည် မည်သည့်အရာမှ ဖုံးကွယ်မထားဘဲ အတိတ်က အရာအားလုံး ဟန်ကျီယုကိုပြောပြသည်။
"ဖေဖေနဲ့ သူက အတူတူချစ်ခဲ့ကြပေမယ့် အဘိုးနဲ့ အဘွားက သူတို့နောက်ခံမတူလို့ သဘောမတူတာနဲ့ ခိုးပြေးပြီးတိတ်တိတ် လေးလက်ထပ်ခဲ့တယ်၊ ပြီးတော့ ငါ့ကိုကိုယ်ဝန်လွယ်ခဲ့ရတယ်၊ အဘိုးနဲ့ အဘွားက သူတို့အိမ်ထောင်ရေးကို လျှို့ဝှက်ထားဖို့ကလွဲပြီး ရွေးချယ်စရာမရှိတော့လို့ အဖေ့ကို စီးပွားရေးမအောင် မြင်မချင်း လူသိရှင်ကြား ထွက်ခွင့်မပေးဘူးလို့ပြောခဲ့တယ်၊ ပါးပါးက အဘွားတို့ ပြောတဲ့အရည်အချင်းတွေ ပြည့်မီဖို့ ဖိအားတွေအောက်မှာ အိပ်ချိန်မရှိလောက်တဲ့အထိ ကြိုးစားခဲ့တယ်၊ ဒါပေမဲ့ ပါးက ကုမ္ပဏီပဲအမြဲသွားနေလို့ သူက အထီး ကျန်မှုတွေကို မခံစားနိုင်တော့လို့ သူ့ အချစ်ဦးနဲ့ဖောက်ပြန်ခဲ့တယ်၊ ပါးသိသွားတော့ သူ့ ရည်းစားနဲ့ထွက်ပြေးတော့တာပဲ၊ အခု ငါ့ခါးကအမာရွတ်က ငါသူမကို တားခဲ့တုန်းက သူ ငါ့ကို လှေကားပေါ်ကနေ တွန်းချခဲ့လို့ရခဲ့တဲ့ဟာ"
ကောင်းယာလန်သည် ဟန်ကျီယုကိုပြသရန် သူမ၏အင်္ကျီကို လှန်လိုက်သည်။
ကောင်းယာလန်သည် ထိုအမျိုးသမီးကို ခွင့်မလွှတ်မိစေရန် မိမိကိုယ်မိမိ သတိရအောင် တမင်တကာသိမ်းဆည်းထားသောကြောင့် ထိုအမာရွတ်သည် အလွန်သိသာသည်။
ဟန်ကျီယုသည် ထိုသို့ ရက်စက်လှသော အတိတ်ကြားနစ်မြုပ်သွားပြီး ကောင်းယာလန်၏ အမာရွတ်ကိုမြင်လိုက်ရသောအခါ သူမ၏မျက်နှာတွင် မျက်ရည်များ ချက်ချင်းစီးကျလာသည်။
အမေဖြစ်သူထံမှ စွန့်ပစ်ခံရသော ကောင်းယာလန်အတွက် မည်မျှတောင် နာကျင်ရမည်ဆိုတာ သူမ တွေးကြည့်လို့မရချေ။
"နင် ဘာမှမမေးချင်ဘူးလား" ကောင်းယာလန် ခါးခါးသီးသီး မေးလိုက်သည်။
ဟန်ကျီယုသည် ကောင်းယာလန်ကို စိတ်ရှုပ်ထွေးစွာ ကြည့်နေသည်။
ကောင်းယာလန်သည် သက်ပြင်းချလိုက်ပြီး "ငါ အဲ့မိန်းမနဲ့ပတ်သတ်ပြီး မကောင်းတာတွေပြောလို့ မင်းငါ့ကိုသံသယတောင် မ၀င်ဘူးလား"
ဟန်ကျီယု၏ မျက်လုံးများသည် အောက်သို့ ငုံ့ဆင်းသွားပြီး ခဏလောက် နှုတ်ဆိတ်နေခဲ့ပြီး "တကယ်တော့ ကျွန်မရဲ့ ငယ်ဘ၀တုန်းက မကောင်းတဲ့အမှတ်တရတွေရှိခဲ့တယ်၊ ဒါက.... ကံတရားကြောင့်ပဲ၊ သူတို့ဘ၀က သိပ်အဆင်မပြေလို့ ဘဝကရုန်း ကန်မှုတွေနဲ့ ပြည့်နှက်နေတော့ မားက ပါးကိုအမြဲတမ်းအော် ဟစ်နေတာကို မှတ်မိတယ်၊ သူ သောက်ပြီးရင်ငိုပြီး နောင်တရတယ်လို့ တစ်ချိန်လုံးပြောတက်တယ်၊ တစ်ခါတလေ ကျွန်မအပေါ်ပုံချတယ်"
ကောင်းယာလန် ချက်ချင်းစိတ်ပူသွားပြီး "သူ မင်းကိုရိုက်သေးလား"
ဟန်ကျီယုသည် တုံ့ဆိုင်းသွားပြီး ပိုက်ဆံမရှိသောကြောင့် မဖယ်ရှားရသေးသည့် အမာရွတ်ဟောင်းကိုပြရန် သူမ၏အကျီကို လှန်ပြလိုက်သည်။
“တစ်ခါတုနက သူမ အရက်မူးပြီး ကျွန်မကို ပုလင်းကွဲနဲ့ လှီးခဲ့တယ်၊ ကျွန်မကြောင့်နဲ့ ပါးပါးရဲ့လှည့်စားမှုကြောင့်သာ မဟုတ်ရင် သူ ပြန်သွားလို့ရမှာလို့အမြဲပြောတယ်။ အဲဒီတုန်းက ကျွန်မအထင် သူမ အပျိုစင်ဘ၀ကိုသွားချင်တယ်ပဲထင်ခဲ့တာ၊ ငယ်ဘ၀ကိုပေါ့၊ ကျွန်မ မသိခဲ့ဘူး..."
ကောင်းယာလန်သည် "ရွံဖို့ကောင်းလိုက်တာ! သူက သမီးနှစ်ယောက်ရှိတာတောင် တစ်ယောက်ကိုမှကောင်းကောင်းမဆက် ဆံခဲ့ဘူး၊ တစ်ကိုယ်ကောင်းဆန်ပြီး ကောက်ကျစ်တဲ့မိန်းမ"
ဟန်ကျီယု တုန်လှုပ်သွားသော်လည်း ထိုအမျိုးသမီးမှာ ဆုံးပါးသွားသဖြင့် ကောင်းယာလန်ကဲ့သို့ ကျိန်ဆဲခြင်းမပြုခဲ့ပေ။
ကောင်းယာလန်သည် ဟန်ကျီယုကို မဖက်ထားပဲမနေနိုင်လိုက်ချေ။
"ကျဲ... ညီမတောင်းပန်ပါတယ်" ဟန်ကျီယု ခပ်တိုးတိုးပြောလိုက်သည်။
ကောင်းယာလန် ခပ်မြန်မြန်ဆန်ဆန် ပြန်ဖြေသည် " ငတုံးမလေး! တောင်းပန်ရမယ့်သူက အဲဒီအမျိုးသမီးပဲ၊ နင်မဟုတ်ဘူး ၊ ငါတို့နှစ်ယောက်လုံးမှာ အဲ့လိုအမေမျိုးရှိတာ ကံမကောင်းတာပဲ"
ဟန်ကျီယု ပြုံးပြီး "အနည်းဆုံးတော့ သူက ကျွန်မကို အစ်မကောင်းတစ်ယောက် ပေးခဲ့တယ်လေ"
သူမသည် လောကကြီးတွင် သူမတစ်ယောက်တည်းဟုထင် ထင်ခဲ့သော်လည်း ကံကြမ္မာသည် သူမကို အံ့သြစရာကောင်းပြီး ထူးချွန်ထက်မြက်သည့် အစ်မတစ်ယောက်ကို ပေးခဲ့သည်။ သူမ အိပ်မက်တစ်ခုလို ခံစားရသည်။
ကောင်းယာလန်လည်း ပြုံးကာ "ဟုတတယ်၊ သူမ လုပ်ခဲ့တဲ့ တစ်ခုတည်းသော ကောင်းတဲ့အရာကို ငါ့ကို ဒီလိုချစ်စရာ ညီမလေးတစ်ယောက် ထားခဲ့တာပဲ"
သူတို့စကားပြောနေစဉ် ကောင်းယာလန် ဟိုတယ်အခန်းရှိ တယ်လီဖုန်းသည် မြည်လာကာ ဖြစ်နိုင်သည်မှာ သူမ ဖုန်းဆက်မရသောကြောင့် ဖြစ်နိုင်သည်။ ဤနံပါတ်ကို လူအနည်းငယ်သာသိနိုင်သဖြင့် သူမ ဆက်သွယ်သူကို တစ်ခါတည်းမှန်းဆမိလိုက်သည်။
ကောင်းယာလန်သည် ချက်ချင်းပင် "ဒါက ငါ့မိဘတွေဖြစ်လောက်တယ်၊ သူတို့အခုမှ နိုးတာလားပဲ ဟားဟား သတင်းတွေမြင်ပြီး ခေါင်းရှုပ်နေမှာ သေချာတယ်"
ဟန်ကျီယုသည် ချက်ချင်းစိတ်လှုပ်ရှားလာပြီး သူ့အမူအရာ သညါ တွေဝေမှုများပြည့်လာသည်။ သူမသည် ကောင်းပါးပါးကို မျက်နှာမပြရဲချေ။ သူသည် သူမဖြစ်တည်မှုကို မုန်းတီးနိုင်သည်ဟုထင်မိသည်။
ကောင်းယာလန်သည် ဟန်ကျီယု၏ စိတ်ကိုသတိထားမိသဖြင့် "စိတ်မပူပါနဲ့၊ နင်က ကျဲနဲ့ပဲ သက်ဆိုင်တယ်၊ သူတို့နဲ့ မပတ် သက်ဘူး"
"ကျွန်မတို့ရဲ့ဆက်ဆံရေးကို ထုတ်ဖော်တာက ကောင်းမိသားစုအတွက် မကောင်းဘူး၊ ဒါက အန်ကယ်နဲ့ အန်တီကိုပဲ ထိခိုက်စေနိုင်ပါတယ်" ဟန်ကျီယုသည် ချီလီပြောခဲ့သည့် စကားကို ပြန်တွေးမိလိုက်ခြင်းဖြစ်သည်။
"ဟာဟား ငါ DNAရတာနဲ့ သူတို့ကို ပြောထားပြီးသား၊ သူတို့က ငါ့ကိစ္စကို ကိုယ့်ဘာသာ ကိုင်တွယ်လို့ပဲပြောခဲ့တယ်" ကောင်းယာလန် ပြန်ဖြေလိုက်သည်။
ထို့နောက်တွင် ကောင်းယာလန်သည် ဖုန်းကို ကောက်ကိုင်လိုက်ချိန် ကောင်းပါးပါး၏ တင်းမာနေသောအသံနှင့် နောက်မှထွက်လာသည့် ကောင်းမားမား၏ နူးညံသောအသံကို ကြားလိုက်ရသည်။
ကောင်းယာလန်သည် သူမ၏ လျှာကို တစ်ချက်ထုတ်လိုက်ပြီး ရိုးသားသလိုလေး"ဘာကိစ္စရှိလို့လဲ၊ သမီး ကိုယ်တိုင်ဆုံးဖြတ် ချက်ချနိုင်တယ်လို့ ပါးတို့ပြောတာမဟုတ်ဘူးလား"
"ဒါက မင်းကို ဒီလောက် ရုန်းရင်းဆန်ခတ် ဖြစ်အောင်လုပ်ဖို့ မဆိုလိုဘူး!"ပါးပါးကောင်း ဒေါသထွက်စွာ "မင်းမှာ သတ္တိရှိရင် အဲ့အရှုပ်တွေကို မင်းဘာသာ မင်း ရှင်း!"
ကောင်းယာလန်သည် စိတ်ပူနေသော ဟန်ကျီယုကိုတစ်ချက်ကြည့်လိုက်ပြီး သူမ အဖေကို ချော့လိုက်သည်။
ပါးပါးကောင်းသည် ဟန်ကျီယုအကြောင်းကို တစ်ခါမှ ထုတ်မပြောချေ။
အမှန်တော့ ပါးပါးကောင်းနှင့် ကောင်းယာလန်တို့နှစ်ယောက်စလုံးတွင် မားမားကောင်းရှိပြီဖြစ်တာကြောင့် ထိုအချိန်တုန်းက ကိစ္စများကို မေ့လျော့သွားပြီး စိတ်မဆိုးခဲ့ချေ။ ပါးပါးကောင်းသည် အပြင်ဘက်ရှိ မိန်းမနှင့် ကလေးကို ဂရုစိုက်စရာအကြောင်းမရှိပေ။ ထို့ကြောင့်လည်း ကောင်းယာလန်ကို မတားဆီးခဲ့ခြင်းပင်။
မားမားကောင်းသည် ဟန်ကျီယု၏ အတိတ်အကြောင်း ခပ်တိုးတိုးလေးမေးကာ ဖြစ်သည်။ ကောင်းယာလန်သည် အား လုံးကို ပြောပြခဲ့သဖြင့် မားမားကောင်းသည် ဟန်ကျီယုကို အလွန်သနားပြီး စိုးရိမ်နေခဲ့သည်။
"အခု သူ သမီးနဲ့ အတူရှိနေပါပြီ၊ သမီးတို့ ညီအစ်မ သံယော ဇဉ်ကို တည်ဆောက်နေကြတာ၊ မား စိတ်မပူပါနဲ့၊ သမီး သူ့ကို ကာကွယ်ပေးပါ့မယ်၊ သမီး ညီမကို ဘယ်သူမှ အနိုင်ကျင့်လို့ မရပါဘူး" ထို့နောက် ကောင်းယာလန်သည် အရွှန်းဖောက်လိုက်ပြီး ရယ်မောကာ "မား အခု သမီးမှာညီမလေးရှိနေပြီ၊ ဘယ် တော့မှ မောင်လေးရမှာလဲ ?"
"ဒီကောင်မလေးတော့ ဘာမဟုတ်တာတွေပြောနေတာလဲ !"