အခန်း (၂၆၄)
Vol. 27 Ch. 264
ကျီဖေးသည် နွေးထွေးသော ပွေ့ဖက်မှုကြား နိုးထလာခဲ့သည်။ သူ့နှာခေါင်းသည် တောင့်တင်းသောရင်ဘတ်ကြားတွင်နစ်မြုပ် နေပြီး ပတ်ဝန်းကျင်တစ်ခုလုံး သာယာအေးချမ်နေသည်။
ကျီဖေး နှာခေါင်းယာလာသဖြင့် သူမရှေ့ရှိ ရင်ဘတ်ဖြင့် ပွတ်တိုက်ကြည့်မိရာ တစ်ဖက်လူ အနည်းငယ်တွန့်သွားသလို ခံစားလိုက်ရသည်။
သူမ မျက်လုံးများကို ဖွင့်ကြည့်လိုက်ချိန် တောင့်တင်းသော ရင်ဘတ်အစုံကို မြင်လိုက်ရပြီး မော့ကြည့်လိုက်သောအခါ ရင်သပ်ရှုမောဖွယ်ကောင်းအောင် ချောမောသော မျက်နှာလေးသည် သူမအား မိန်းမောမှုများကြားမှလှုပ်နှိုးသွားစေသည်။
သူမ မနေ့ညက မည်မျှ ရဲရဲရင့်ရင်း တောင်းဆိုခဲ့သည်ကို သတိ ရသွားပြီး တိတ်တဆိတ်ချီးကျူးမိလိုက်သည်။
သူမသည် အိပ်မပျော်ခြင်းရောဂါကို ခံစားနေရသူမဟုတ်သော် လည်း သူမ၏ အိပ်စက်ခြင်းသည် မတည်ငြိမ်လှပေ။
သူမတစ်သက်တာ ကာလအတွင်းတွင် ယခုလို နှစ်ချိုက်စွာမအိပ်ဖူးကြောင်း ကျိန်ဆိုနိုင်သည်။
ချင်ရှန့်သည် လမ်းလျှောက်နေသည့် အိမ်မွေ့ချ ဖယောင်းတိုင်းကြီးနှင့်တူသည်။
"မင်္ဂလာနံနက်ခင်းပါ"
ချင်ရှန့်၏ အသံသည် ညင်သာစွာ ထွက်လာပြီး နံနက်ခင်း၏ လွှမ်းမိုးမှုကြောင့် ပျင်းရိမှုနှင့် ဩရှမှုများရောယှက်နေသည်။
ကျီဖေးသည် ချင်ရှန့်၏ ပွေ့ဖက်မှုများကြားမှ ရုန်းထွက်လိုက်သည်။
ကျီဖေး ချင်ရှန့်၏အနည်းငယ်ဖျော့တော့နေသော မျက်နှာကို မြင်လိုက်ရသောအခါ သူမ စိတ်များအဆင်မပြေဖြစ်သွားသည်။
"ဘာဖြစ်လို့လဲ ? ရှင် ကောင်းကောင်း အိပ်မပျော်ဘူးလား"
ချင်ရှန့် အံ့အားသင့်သွားပြီး သူ့အမူအရာသည် အနည်းငယ် ယိုယွင်းသွားကာ ။ "ဟင့်အင်း၊ တစ်ယောက်တည်း အိပ်ရတာထက်တောင် ပိုအဆင်ပြေတယ်"
ကျီဖေး သံသယဖြစ်သွားသည်။ ချင်ရှန့် ပုံမှန်ဆိုရင် အိပ်လို့မပျော်တာများ ဖြစ်နိုင်မလား?
ဒီလိုမျိုး အသားအရေဖြစ်နေတာတောင် ကောင်းကောင်းအိပ် ပျော်တယ်လို့ခေါ်တာလား?
အမှန်တွင် ချင်ရှန့် ကောင်းကောင်းမအိပ်ခဲ့ရပေ။ ကံကောင်းစွာဖြင့် ကျီဖေးသည် သူ့အခြေအနေကို စနစ်ဖြင့် မစစ်ဆေးနိုင်သောကြောင့် တော်သေးသည်။ သို့မဟုတ်ပါက သူ ၎င်းကို ဖုံးကွယ်ထားနိုင်မည်မဟုတ်ချေ။
ထိုသည်မှာ သူ့တွင် အိပ်မပျော်သော ရောဂါရှိနေသည်မဟုတ်ပေ။ အကြောင်းမှာ ကျီဖေးသည် ကောင်းကောင်းမအိပ်ပဲ လှုပ်ယွနေသောကြောင်သာ။ သူမသည် လှုပ်ယွယွလုပ်တက်သည့်အပြင် သူ့ကိုလည်း အတင်းဖက်တွယ်တက်သည်။
သူ့ကို ပုံစံမျိုးစုံဖြင့် ဖက်တွယ်ခြင်းပင်။
အစပိုင်းတွင် ထိုအပြုအမှုများသည် မယုံနိုင်လောက်အောင် ချိုမြိန်သော်ငြား မကြာခင်တွင် ဒုက္ခရောက်လာသည်။
တကယ်တော့ ကျီဖေးသည် သူ ညလယ်ခေါင်တွင် အိပ်ရာမှထရသည်ကို မသိပေ။
သူတစ်ယောက်တည်း ပြဿနာကို ဖြေရှင်းရသည့်အပေါ် တစ်ခါမှ မရှက်ဖူးချေ။
သူပြန်လာချိန်တွင် ကျီဖေးသည် သူ့ကို ဖက်ထားခဲ့ပြီး သူ တစ်ညလုံး ကောင်းကောင်းအိပ်မပျော်နိုင်ခဲ့ပေ။
သူ၏ မနက်ခင်းတုံ့ပြန်မှုသည် ငြိမ်သက်သွားပြီဖြစ်သော်ငြား ကျီဖေးနိုးလာသောအခ့ သူထိန်းချုပ်မှုလွတ်လုနီးပါးဖြစ်သွားတယ်။
ဟုတ်ပါသည်။ ထိုသည်မှာ သူ့မိန်းမ အမှားမဟုတ်ပဲ၊ သူ၏ ထိန်းချုပ်နိုင်မှုမှာ ဆိုးရွားသောကြောင့်ပင်။
“အား!”
ရုတ်တရက် ကျီဖေးအော်လိုက်သည်။
"ဘာဖြစ်လို့လဲ ?"
ချင်ရှန့်သည် အိပ်ယာမှထပြီးသော်လည ထိုအသံကိုကြားသောအခါ သူ မတော်တဆ သူမ လည်ပင်းတွင် အမှတ်အ သားတစ်ခုများချန်ထားမိလို့လားဟု တွေးမိသဖြင့် သူ့စိတ်တစ်ခုလုံး တောင့်တင်းသွားရသည်။ ထိုအချိန်က သူ အနည်းငယ်ထိန်းချုပ်မှု လွတ်ကင်းသွားသော်လည်း သိပ်အားမထည့်ခဲ့သဖြင့် တိတ်တိတ်လေး ပြန်စစ်ဆေးကြည့်ချိန် မည်သည့်အရာမှမတွေ့ခဲ့ပေ။
"ကိုးနာရီခွဲနေပြီ!"
ကျီဖေးသည် တအံ့တသြအော်လိုက်သည်။
"ရှင် အလုပ်နောက်ကျနေပြီ!"
ပုံမှန်အားဖြင့် ကျီဖေးနိုးလာသောအခါ ချင်ရှန့်သည် ရုံးသို့ရောက်နေပြီဖြစ်သည်။ ၎င်းတို့၏ နံနက်ခင်းအလေ့အထသည် လုံးဝ ခြားနားပေသည်။
"အဆင်ပြေပါတယ်" ချင်ရှန့် ပြောလိုက်သည်။
သူနိုးနေပြီဖြစ်သော်လည်း ကျီဖေးနိုးလာသည်အထိ ဖက်ထားမည်ဟု ကတိပေးထားသောကြောင့် သူမကို မနှိုးခဲ့ခြင်းပင်။
ကျီဖေးသည် ကုတင်ပေါ်တွင် ထိုင်ကာ ချင်ရှန့်ကို တအံ့တဩ မော့ကြည့်လိုက်သည်။
[ ဒီစကားက ချင်ရှန့် ပြောတာရောဟုတ်ရဲ့လား? သူ အလုပ်သရဲမဟုတ်တော့ဘူးလား? သူတော့ မျောပါသွားပြီ ! တကယ့်ကိုအလှတရားက ယောက်ျားတွေကို လမ်းလွဲစေတာပဲ၊ သူသာ အလုပ်မကြိုးစားရင် ပိုက်ဆံက...]
ချင်ရှန့် : .... ဒါဆို ပိုက်ဆံက ပိုအရေးကြီးတယ်ပေါ့ ဟမ် ?
ချင်ရှန့်သည် သက်ပြင်းချကာ ကျီဖေး၏အတွေးများကို လျစ် လျူရှုကာ သူမ ခေါင်းကိုပုတ်လိုက်သည်။
"နိုးနေပြီဆို ထကြစို့၊ ကိုယ်တို့ မနက်စာ အတူတူစားကြမယ်၊ စိတ်မပူနဲ့.. ကိုယ် အလုပ်သွားမှာပါ၊ မနောက်ကျဘူး "
ကျီဖေး ရှက်ရွံ့စွာ ရယ်လိုက်သည်။
ချင်ရှန့်၏ ရေချိုးခန်းသုံးပစ္စည်းများနှင့် အဝတ်အစားများ သည် တစ်ဖက်အခန်းတွင် ရှိနေသောကြောင့် သူပြန်သွားရမည်ဖြစ်သော်လည်း ထွက်မသွားမီတွင် မမေးပဲမနေနိုင်လိုက်ချေ။
"မနေ့ညက ကောင်းကောင်းအိပ်ပျော်ရဲ့လား"
ကျီဖေးသည် ရေချိုးရန် ထတော့မည့်အချိန် မေးခွန်းကိုကြား သည်နှင့် ခေါင်းညိတ်လိုက်သည်။ "ကျွန်မ ကောင်းကောင်းအိပ်ပျော်ပါတယ်"
ချင်ရှန့်သည် တံခါးရှေ့တွင် ရပ်နေပြီး တံခါးလက်ကိုင်ပေါ်တွင် သူ၏ သွယ်လှသော လက်ချောင်းများကိုတင်လျင် ကျီဖေးကို မကြည့်ဝံ့ဘဲ “ဒါဆို မနက်ဖြန်ကျရင်ရော မင်းရဲ့ခေါင်းအုံးလေးလုပ်ပေးရဦးမလား”
ကျီဖေးက ချက်ချင်း မတုံ့ပြန်ဘဲ ခေတ္တရပ်တန့်လိုက်သည်။ မနေ့ညကအိပ်ရတာ ယခင်ကထက် ပိုပြီးသက်တောင့်သက် သာရှိသည်ဟု သူမ ထင်သည်။
ထိုစကားများသည် သူမအတွက် တော်တော်လေးဆွဲဆောင်မှုရှိသည်။
ကျီဖေး တုံ့ဆိုင်းသွားပြီးနောက် “အွန်း၊ ရှင် လာလို့ရတယ်”
ထိုအခါမှ ချင်ရှန့်လည်း အောင့်ထားသော အသက်ကိုရှုထုတ်မိလိုက်သည်။
ကျီဖေး အနည်းငယ် ချီတုံချတုံဖြစ်နေပုံသော်လည်း ချင်ရှန့်သည် သူ့ ကိုယ်ပိုင်ပစ္စည်းများကို အခွင့်ကောင်းယူပြီး ပြောင်းလိုက်သည်။ သူမ ခေါင်းအုံးလုပ်ဖို့ ညတိုင်း လာခဲ့ရုံနှင့် လုံ လောက်ပေသည်။
ကျီဖေးသည် သူ့ကို တဖြေးဖြေး လက်ခံလာမည်ဟုယုံကြည်သည်။
သူတို့ အတူတူ အောက်ထပ်သို့ဆင်းလာသောအခါ ချင်မိသား စု၏ အာရုံကိုစွဲဆောင်သွားသည်။
အလုပ်သွားရမည်ဖြစ်သော ချင်ရန်ပင်လျှင် ဤနေရာတွင် ရှိနေသေးသည်။
သူတို့၏ဒုတိယမြောက်သခင်လေးသည် အိပ်ရာထနောက်ကျသည်မှာ ... ရှားမှ ရှားပင်။
မနေ့ညက တစ်ခုခု တကယ်လုပ်ခဲ့လို့ သူအိပ်နေတာ ဖြစ်နိုင်လား ?
သို့သော် ကျီဖေးသည် ပုံမှန်အတိုင်း နောက်ကလိုက်နေပြီး ကောင်းယာလန်နှင့် ဟန်ကျီယုတို့နှင့် ပတ်သက်သော အတင်း အဖျင်းများကို တွေးနေသောကြောင့် ၎င်းတို့ဘာမှမဖြစ်ခဲ့မှန်းသိလိုက်ရသည်။
ချင်ရှန့်၏ မိဘများနှင့် ချင်ရန်သည် ချင်ရှန့်အား ကဲ့ရဲ့လိုစွာဖြင့် မထီမဲ့မြင်ပြုသော အကြည့်များကိုပစ်လွှတ်ကာ သူ့တုန့်နှေးမှုများကို အရှက်ရစေချင်သည်။
သုံးယောက်သားသညါ သက်ပြင်းချကာ သီးသန့် group chat တွင်သာ ညည်းညူလိုက်ကြသည်။
ထို့နောက် နံနက်စာစားရန် ကျီဖေးနှင့် ချင်ရှန့်တို့ အတူသွားလိုက်ကြသည်။
ကျီဖေးသည် များသောအားဖြင့် အိပ်ရာထနောက်ကျသော် လည်း သူမ ထမင်းစားချိန်တိုင်း လက်ဖက်ရည်တစ်ခွက်သောက်လျှင်ပင် မိသားစုထဲရှိ တစ်ယောက်ယောက်သည် သူမနှင့် အမြဲအတူရှိနေတတ်သည်။ သူတို့သည် ကျီဖေးအထီးကျန်မှုကို ခံစားခွင့် ဘယ်တော့မှမပေးချေ။
သူတို့ အတင်းအဖျင်းအချို့အကြောင်း ပြောဆိုကြပြီး ကျီဖေး၏ အတွေးထဲမှတစ်ဆင့် နောက်ပိုင်းဖြစ်လာသည့်အကြောင်းကို သိရှိလာကြသည်။
ကောင်းယာလန်နှင့် ဟန်ကျီယုတို့သည် ၎င်းတို့၏ ပြဿနာများကို ဖြေရှင်းခဲ့ကြပုံရသည်။ ၎င်းတို့သည် အခင်ဆုံးသူငယ် ချင်းနှစ်ယောက်ပမာ စကားစမြည်ပြောကြပြီး ယခုချိန်ထိ အတူတူအိပ်နေကြတုန်းပင်။
[ ဒီကမ္ဘာလုံးမှာ ချီလီတစ်ယောက်တည်း ဒုက္ခရောက်နေတဲ့ပုံပဲ၊ လီလီ့မိသားစုက ချီလီ ခံစားချက်တွေကို လျစ်လျူရှုပြီး လီလီနဲ့ လက်ထပ်ဖို့လာတောင်းဆိုကြတယ်၊ ဘာပဲဖြစ်ဖြစ် ချီလီက နာမည်ပျက်နေပြီမို့ သူတို့မိသားစုနဲ့ လက်ထပ်တာက ပိုကောင်းတယ်လို့ပြောတယ်]
ချင်မိသားစု: တကယ်ကြီးလား ? အဲ့ဒီကောင်မလေးက ချီလီကိုလိုချင်နေသေးတယ်ပေါ့ ?
ချင်ရှန့်သည် ချီလီ သဘောမတူဘူးဆိုတာသိသည်။
[ချီမိသားစုက ဒါကို စဉ်းစားခဲ့တယ်ထ မနေ့ညက သူတို့ညှိ နှိုင်းတဲ့အချိန် ချီလီ လုပ်ရပ်တွေက ကောင်းမိသားစုကို ထိခိုက်စေသလို အထက်တန်းလွှာတစ်ခုလုံးရဲ့ဟာသတစ်ခုဖြစ်ခဲ့တယ်၊ ချီလီက မိသားစုကောင်းတစ်ခုနဲ့ လက်ထပ်ဖို့ မဖြစ်နိုင်တော့လို့ လီလီနဲ့ လက်ထပ်တာက ပိုကောင်းတယ်လို့ သူတို့ထင်တယ်၊ ပြီးတော့ သူမက ချီလီကိုခြွင်းချက်မရှိ ကူညီပေးမယ့် အချစ်ရူးတစ်ယောက်ဖြစ်နေလို့လည်းပါတာပေါ့]
ချင်မိသားစု: ဒါက တကယ့်စီးပွားရေးဆန်တာပဲ၊ ချီလီကို သနားရမလိုလိုတောင်ဖြစ်နေပြီ။
[ချီမိသားစုက အစက ချီလီကိုလက်ထပ်မဲ့ အစီအစဉ်ဆွေးနွေး ချင်ပေမဲ့ ... ဟားဟား သူ တကယ်ကြီး ပြတင်းပေါက်ကနေ ခုန်ချသွားတာပဲ! ပြီးတော့ သူက စာတောင်ရေးထားခဲ့တယ်၊ ဘာတဲ့.. သူ မချစ်တဲ့မိန်းမနဲ့ လက်ထပ်တာထက် သေလိုက်တာကပိုကောင်းတယ်ဆိုပြီး၊ သူ သေတော့မသေပေမဲ့ ခြေထောက်တော့ ကျိုးသွားတာပဲ၊ ဒါနဲ့ ဆွေးနွေးတာကလည်း အဆုံးသတ်ရော]
ချင်မိသားစု- အိုး...အဲဒါက… နည်းနည်းတော့ သနားစရာကောင်းပေမဲ့ ရယ်ရတယ်မဟုတ်လား?
ချင်ရှန့်သည် ခေါင်းကိုက်လာမိသည်။ သူ ထိုကံဆိုးသည့်လူဆီ အလည်သွားရဦးပေမည်။
သေချာစွာပင်၊ သူ့ဖုန်းကို စစ်ကြည့်လိုက်ချိန် လောဖေးဆီ မက်ဆေ့ချ်တစ်ခု လက်ခံရရှိထားပြီဖြစ်ပြီး ထိုထဲတွင် ချင်ရှန့်နှင့် အတူသွားကြမည်ဟု ရေးထားသည်။
ချင်ရှန့်သည် ကျီဖေးကိုလိုက်ချင်လားဟု မေးသော်လည်း ချီလီသည် သူကံဆိုးတိုင်း သူမကိုအပြစ်တင်တက်သဖြင့် သူမ မသွားတာပိုကောင်းသဖြင့် ငြင်းဆိုခဲ့သည်။
ချင်ရှန့်လည်း ထိုစာကို အလုပ်ရှိသောကြောင့် ငြင်းဆန်လိုက်ပြီး အနည်းငယ် နှိမ့်သိမ့်ပေးကာ ငွေရှာရန် ကုမ္ပဏီသို့သွားလိုက်သည်။
သို့သော် ချင်ရှန့် အိပ်ရာနောက်ကျသောကြောင့် နောက်ကျပြီးမှလာသည်ဆိုသည့် သတင်းသည် လျင်မြန်စွာ ပျံ့နှံ့လာခဲ့သည်။ အဆုံးတွင် Qin Corporation ၏ CEO နောက်ကျနေခြင်းသည် အကြောင်းပြချက်ရှိမှာသေချာသည်။
အဆုံးတွင် ၎င်းတို့ CEOသည် သူ့မိန်းမ၏အလှအောက်တွက် ရှုံးနိမ့်သွားခဲ့ပြီလား ?
ချင်ရှန့် သူ့ဘာသာသူ အိပ်ရာထနောက်ကျမည်ဟု မထင်ခဲ့ပေ။ သူ့မိန်းမကြောင့်သာဖြစ်ရမည်။
၎င်းတို့ စုံတွဲ၏ ရင်းနှီးမှု တိုးလာသည်ဆိုသော ကောလာဟလများ ပြန့်နှံ့နေပြီး တစ်ချို့သည် ၎င်းတို့မင်္ဂလာဆောင်မည့်အချိန်ကို လောင်းကြေးထပ်ကြသည်။
သူတို့သည် သူဌေးဖြစ်သူမှာ အခုမှ ခြေလှမ်းစတုန်းမှန်း မသိကြပေ။
နောက်ပိုင်းတွင် ချင်ရှန့်သည် ထပ်မအိပ်တော့ပေ။ ကျီဖေး သည် သူထသွားလည်း သူမနိုးလာမည်မဟုတ်ကြောင်းပြောသဖြင့် သူအလိုရှိတိုင်းထနိုင်သည် ။
သူ့အတွက် ပျော့ပျောင်းသောကုတင်၏ ဆွဲဆောင်မှုကို ခံနိုင် ရည်ရှိရန် ခဲယဉ်းကာ သူတကယ်ကြာကြာနေချင်သော်လည်း ကျီဖေး၏မျက်လုံးထဲတွင် သူ၏အကြီးမားဆုံးအားသာချက်မှာ ဘာလဲဆိုတာ သူသိသည်။
ရက်အနည်းငယ်ကြာပြီးနောက် ကျီဖေး Qin Corporation သို့လာခဲ့သည်။
ဤတစ်ခါတော့ သူမတွင် အကြောင်းပြချက်တစ်ခုရှိသည်။ သူမသည် စမ်ထင်အတွက် မင်္ဂလာလက်ဆောင်ကို ချင်ရှန့်နှင့်အတူရွေးချယ်သောကြောင့် သူအလုပ်ပြီးအောင်စောင့်ဖို့ ရောက်လာခဲ့ခြင်းဖြစ်စည်။
ဒုတိယထပ်တွင် လူတစ်စု မတော်တဆတစ်ချို့ ဖြစ်နေပုံရသည်။
ချင်ရှန့်သည် အစည်းအဝေးတစ်ခုတွင်ရှိနေသောကြောင့် ကျီဖေးသည် လူအုပ်စုတစ်စု စကားစမြည်ပြောကာ ရယ်မောနေ သည်ကိုတွေ့သောအခါ နို့လက်ဖက်ရည်သောက်လျက် စပ်စုလိုက်သည်။
"စိတ်မပူပါနဲ့ မစ္စတာကျန်း ဒီပရောဂျက်အတွက် ဦးဆောင်မင်းသမီးနေရာမှာ ဝမ်ရုကို ဦးစားပေးမှာသေချာတယ်"
"ဦးစားမပေးလည်းရတယ်၊ ငါက မင်းတို့ Qin Corporationရဲ့ CEO နဲ့ ငါက တော်တော်ရင်းနှီးတယ်လေ၊ ဒီကိစ္စလောက်ကို တောင်းဆိုဖို့က အသေးအဖွဲပါပဲ"
ကျီဖေး: ?
သူကြည့်လိုက်သည့်အါ ကျန်းရန် မျက်နှာနှင့် 60% လောက် ဆင်တူသော ယောက်ျားတစ်ယောက်သည် sexy ကျလွန်းသော ဝတ်စုံကို၀တ်ထားသည့် အမျိုးသမီးကိုပွေ့ဖက်ထားကာ အနည်းငယ် ရဲတင်းလှသည်ကိုလည်းတွေ့ရသည်။
သူ့ ရုပ်ကိုကြည့်ရုံဖြင့် သူ မည်သူလဲဆိုတာကိုအတည်ပြုနိုင် သည်။
【ငါ အနံ့ခံတာသာ မမှားရင် ဒါ ဒရာမာရဲ့အနံ့ပဲ! ခဏလေး.. မဟုတ်သေးဘူး၊ စမ်ထင်က ဒီကိစ္စလောက်ကို ဒရာမာလို့ထည့်တွက်မှာမဟုတ်ဘူး၊ ဒါပေမဲ့ နည်းနည်းလေးတော့စပ်စုချင်စရာကောင်းသားပဲ】