အခန်း (၂၆၅)
Vol. 27 Ch. 265
ကျီဖေးသည် ကျန်းရန်နှင့် တူသည့် ကျန်းယုဟုအမည်ရသည့် ထိုလူကို တစ်ခါမှမတွေ့ဖူးချေ။ ကျန်းယုသည် အမှန်တကယ်တန်ဖိုးမရှိသော ချမ်းသာကြွယ်ဝသော ဒုတိယမျိုးဆက်မျှသာဖြစ်ကြောင်း ထင်ရှားသည်။ ကျီဖေးသည် ယခင်က ချင်ရှန့်ထံမှ ကျန်းသားစုအကြောင်း ကြားဖူးသည်။
ကျန်းမိသားစုသည် စီးပွားရေးတွင် ထူးထူးခြားခြားကောင်း မွန်စွာ လုပ်ဆောင်ခဲ့ပြီး အဓိကအားဖြင့် မိသားစု၏အကျိုးစီး ပွားကို အမြဲဦးစားပေးသည့်သူမျိုးဖြစ်သည်။ မိသားစုအတွင်း အချင်းပွားမှုများမှာ အတော်ပင်ရှားသည်။ ကျန်းမိသားစု၏ အစဉ်အလာသည် အရည်အချင်းအရှိဆုံးသူသည် ဦးဆောင်ရမည် ဖြစ်သည်။
လက်ရှိ အိမ်ထောင်ဦးစီးမှာ ကျန်းယု၏မိခင်ဖြစ်သူ မဒမ်ရှဲ့လီဖုန့်ဖြစ်သည်။
ကျန်းယု၏ဖခင် ကျန်းမိသားစု၏ ဒုတိယသားဖြစ်သူ အရည် အချင်းသည် ပျမ်းမျှသာရှိသည်။ သူသည် ဇနီး၏နောက်တွင်သာ နေတက်ပြီး မိသားစုကိစ္စများကို လုံးဝပါဝင်ခြင်းမရှိပဲ ကိုယ်ပိုင်ဝါသနာအသေးစားကိုသာ လုပ်သူဖြစ်သည်။ မဒမ်ရှဲ့နှင့် လက်ထပ်ထိမ်းမြားခြင်းကို မိသားစုမှစီစဉ်ပေးခဲ့ခြင်းဖြစ်ပြီး သူတို့ ကုမ္ပဏီတွင်အလုပ်လုပ်နေသော မဒမ်ရှဲ့သည် သာမန်အမျိုးသမီးမဟုတ်ကြောင်း အသိအမှတ်ပြုခဲ့သည်။ သူတို့သည် အနာဂတ်တွင် မိသားစုစီးပွားရေးကို စီမံခန့်ခွဲရာတွင် ကူညီရန် ဒုတိယသားကိုလက်ထပ်စေချင်သည်။
ဤနှစ်များတစ်လျှောက် မဒမ်ရှဲ့သည် သူမ၏စွမ်းရည်များကို သက်သေပြခဲ့ပြီး ယခုအခါကျန်းမိသားစုတွင် သူမသည် အာ ဏာကိုချုပ်ကိုင်ထားသူဖြစ်သည်။
ဤအရာသည် ကျီဖေး၏ အတွင်းစိတ်တွင် မေးခွန်းထုတ်စရာ ဖြစ်စေခဲ့သည်။
"မဒမ်ရှဲ့ရဲ့ ဘဝမှာ တစ်ခုတည်း ကျရှုံးမှုတဲ့ သူ့ရဲ့ တန်ဖိုးမရှိတဲ့ သားဖြစ်နိုင်တယ်၊ ဒါကြောင့် သူ့က်ု ဖျော်ဖြေရေး လုပ်ငန်းခွင်ထဲကိုပို့ပြီး ကြိုက်တဲ့ပရောဂျက်မှာသရုပ်ဆောင်ခိုင်းတာ အံ့ဩစရာမဟုတ်ဘုးပဲ၊ အဓိက မိသားစုလုပ်ငန်းက ကျန်းရန်အတွက်ပဲဖြစ်မှာ၊ ဒီမိသားစုစည်းကမ်းတွေက အများအမြင်မှာရော အတွင်းပိုင်းမှာရောအတူတူပဲ"
ကျန်းရန်သည် ကျန်းယု၏ဝမ်းကွဲဖြစ်ကာ ကျန်းမိသားစု၏ အကြီးဆုံးသားမှ မွေးဖွားလာခြင်းဖြစ်သည်။ အကြီးဆုံးသားသည် အစောကြီးဆုံးပါးသွားပြီး သူ့အမေသည်လည်း ကျန်းရန်ကိုထားကာ နောက်အိမ်ထောင်ပြုသွားသဖြင့် ကျန်းမိသားစုအတွင်း သူသည် 'မိဘမဲ့' ဖြစ်လာခဲ့သည်။ သို့သော် သူသည် မိသားစုအရေးကိုတဖြည်းဖြည်းတာဝန်ယူနိုင်လာပုံကြောင့် ကျန်းမိသားစုသည် သူ့ကိုအလွန်တန်ဖိုးထားပြီး မိသားစု၏ အနာဂတ်ဂုဏ်ကိုဆောင်နိုင်ရန် ရည်ရွယ်ထားကြောင်းထင်ရှားသည်။
ကျီဖေးသည် ကျန်းယုမှာ ထိုင်နေစဉ် ရဲတင်းလှစွာပင် လက်ကို ကောင်မလေးပေါင်ပေါ် တင်လိုက်သည်ကိုမြင်လိုက်သည်။ သူ၏ ရွံရှာဖွယ်အမူအရာကို မြင်သည့်အခါ ကျီဖေး စမ်ထင််အတွက် စိတ်မကောင်းဖြစ်ခဲ့သည်။ ဤကဲ့သို့ အမှိုက်ကောင်ခင်ပွန်းကိုလက်ထပ်ထိမ်းမြားခြင်းတွင် အချစ်မပါဘူးဆိုလျှင်ပင် ထိုသို့အိမ်ထောင်ရေးမျိုးကို မည်သို့ခံနိုင်ရည်ရှိမည်နည်း။ ဒီလိုယောက်ျားမျိုးနဲ့ဆို စားလို့တောင် ၀င်မှာမဟုတ်လောက်ဘူး။
ကျီဖေးသည် ကျန်းရန်အပေါ် အလွန် စိတ်ပျက်မိသည်။
[သူ ဆယ်နှစ်လောက် တိတ်တိတ်လေးချစ်ခဲ့ပေမဲ့ သူ့ရဲ့ ဒုတိယအဒေါ်ဖြစ်တဲ့ မဒမ်ရှဲ့က သူ့ကို အရမ်းဂရုစိုက်ပြီး ပြုစုပျိုးညထောင်ပေးခဲ့သလို မိသားစုစီးပွားရေးအတွက် တစ်ကိုယ် ကောင်းမဆန်ပဲ သူ့ဆီ လွှဲပြောင်းပေးဖို့ ဆန္ဒရှိလို့ သူ့ဝမ်းကွဲရဲ့ဇနီးလောင်းကိုတောင် သူလိုချင်ခဲ့ရင် ဒုတိယအဒေါ်ရဲ့ကြင်နာမှုတွေကို ကျေးဇူးကန်းရာရောက်မှာဆိုးလို့ မစ်ရှဲ့ကို ဒုက္ခမရောက်စေချင်ဘူး၊ သူက ကြီးတဲ့သူရဲ့ ဆုံးဖြတ်ချက်တွေကို လေးစားရမယ်လို့ ခံယူထားလိုဘ ကျေးဇူးမကန်းချင်တာနဲ့ပဲ လိပ်တစ်ကောင်လိုတွင်းအောင်းနေပြီး သူချစ်တဲ့ အမျိုးသမီးက သူ့ဝမ်းကွဲရဲ့ ဇနီးဖြစ်လာမှာကို ကြည့်နေတာပဲ"
ကျီဖေးသည် ထိုကိစ္စနှင့်ပတ်သက်၍ ကျန်းရန်၏ လုပ်ရပ်ကို အမှန်တကယ် သဘောမတူပေ။ အဆုံးတွင် ထိုသည်မှာ မိသား စုအချင်းချင်း မဟာမိတ်လက်ထပ်ခြင်းပင်။ ကျန်းရန်သာ တိုက်ပွဲဝင်ဖို့ဆန္ဒရှိလျှင် သူအောင်မြင်နိုင်ပေလိမ့်မည်။ အဆုံးတွင် စမ်ထင်သည် မိသားစုနှစ်စုကြား ပူးပေါင်းဆောင်ရွက်မှုကို ထိန်းသိမ်းရန် ကျန်းမိသားစုသို့ ဝင်ရောက်သည်ဟု ပြောခဲ့သည်။ သူမ ဘယ်သူနဲ့လက်ထပ်သည်ဖြစ်စေ အရေးမကြီးသလို သူမ ဂရုမစိုက်သလို၊ စိတ်မ၀င်စားပေ။
ကျန်းရန်သည် ကျေးဇူးတရားကြောင့် စမ်ထင်အပေါ်ချစ်မြတ် နိုးမှုကို စွန့်လွှတ်ခဲ့သည်။ ကျီဖေးအထင် သူ့အချစ်သည် သိပ်တန်ဖိုးမရှိဟုထင်သည်။
ကံကောင်းထောက်မစွာ စမ်ထင်သည်အိမ်ထောင်ပြုရန်အတင်းအကြပ်မခံခဲ့ရရုံသာမက သူမ ကျန်းရန်ကိုလည်း မကြိုက်သဖြင့် ဤအခြေအနေသည် အလွန်စိတ်မကောင်းဖြစ်စရာမဟုတ်ပေ။
ကျီဖေး မသိသည်မှာ ချင်အိမ်တော်ရှိလူများသည် သူ့ အတွေး များကိုမတော်တဆကြားပြီးနောက် ကျန်းရန်ကို စည်းရုံးဖို့ ချင်ရှန့်ကို စိတ်အားထက်သန်စွာတိုက်တွန်းခဲ့ခြင်းပင်။ ကျန်းရန်နှင့် စမ်ထင်တို့အတူတကွပေါင်းဖက်နိုင်မည်ဟုမျှော်လင့်ကြသည်။
နှစ်ယောက်စလုံးသည် ချင်ရှန့် ၏သူငယ်ချင်းများဖြစ်ပြီး စမ်ထင် ဂရုမစိုက်လျှင်တောင် အမျိုးသမီးများသည် လှည့်စားတက်သည့် ယောက်ျားအစား သူမကို ချစ်သောသူတစ်ယောက်နှင့် လက်ထပ်ခြင်းသည် ပိုကောင်းမည်မဟုတ်ပေလား? စမ်ထင်သည် အိမ်ထောင်ရေးကို ထိန်းသိမ်းလိုသော်လည်း ထိုပြဿနာရှိသော ပလေးဘွိုင်းကိုလက်ထပ်ခြင်းသည် အဆုံးမရှိသော ပြဿနာကိုဖြစ်ပေါ်စေမည်မှာ သေချာသည်။
ထို့အပြင် ကျန်းမိသားစု၏ ဂုဏ်သိက္ခာသတင်းအရ ဤအရာသည် ကြီးကြီးမားမားအရှုပ်တော်ပုံမဟုတ်ဟု ၎င်းတို့ယုံကြည် ကြသည်။ ကျန်းရန်သည် သူ့ဘာသာကျေးဇူးတင်စိတ်ကြား ပိတ်မိနေခြင်းဖြစ်သည်။
ချင်ရှန့်သည် ထိုကိစ္စနှင့် ပတ်သက်၍ကျီဖေးနှင့်အလားတူ ဝင်ရောက်စွက်ဖက်ခြင်းမပြုရန် စဉ်းစားထားသည်။ လောဖေးလိုမျိုး အလိမ်ခံရသည်ဆိုပါက ချင်ရှန့်သည် သူငယ်ချင်းကို ကူညီရန် သေချာပေါက်ဝင်စွပ်ဖက်လိမ့်မည်။
ယခုအရာသည် ကျန်းရန်နှင့် စမ်ထင်တို့၏ ကိုယ်ပိုင်ရွေးချယ်မှုပင်။ ၎င်းတို့နှစ်ယောက်လုံးသည် အရွယ်ရောက်ပြီးသူများဖြစ်သဖြင့် အနာဂတ်တွင် မည်သို့အကျိုးဆက်များ ကြုံပါစေ ၎င်းတို့တွင် တာဝန်ရှိပေသည်။
ကျီဖေးလည်း ဤဒရာမာဇာတ်ကားတွင် ကြည့်ရှုသူအဖြစ်သာ ပါဝင်ခဲ့သည်။
ကျန်းယုသည်တော့ ဝန်ထမ်းများကို ဒုက္ခပေးနေတုန်းပင်။ ကျီဖေးသည် "ဦးစားပေးထည့်သွင်းစဉ်းစားခြင်း" သည် ဝန်ထမ်းများ၏ စကားသာဖြစ်ကြောင်း ပြောနိုင်သည်။ ဖျော်ဖြေရေးကုမ္ပဏီကို ပိုင်ဆိုင်သည့် ချင်ကော်ပိုရေးရှင်းသည် ၎င်း၏ပရောဂျက်များအတွက် တင်းကျပ်သောလိုအပ်ချက်များရှိသည်။ ယခင်တုန်းကတော့ ကျီဖေးတောင် ဖြတ်လမ်းယူရန် မသုံးခဲ့ဖူးပေ။
ထို့အပြင် ကျီဖေးသည် ဤအလှပန်းအိုးမှာ ထိပ်တန်းအမျိုးသ မီးမဟုတ်ကြောင်းပြောနိုင်သည်။
ကျန်းယုသည် ချင်ရှန့်နှင့်ကောင်းမွန်သော ဆက်ဆံရှိသလို လုပ်ရန်ကြိုးစားနေသည်။
"ဝါး.. မင်း ဝမ်းကွဲနဲ့ မင်းရဲ့ စေ့စပ်ထားသူက ချင်ရှန့်ရဲ့သူငယ် ချင်းအစစ်ဟုတ်ပေမဲ့၊ ချင်ရှန့်က မင်းကို တစ်ခါမှမတွေ့ဖူးဘူးထင်တယ်၊ ဘယ်လိုတောင် ဘ၀င်မြင့်နိုင်ရတာလဲ ?"
ကျီဖေးညည်းညူရင်း ရယ်မောလိုက်သည်။ စင်စစ်တွင် စီးပွား ရေးအလုပ်ကိစ္စတွင် အလားအလာမရှိသူတစ်ဦးနှင့် သိခွင့်ရရန် သူ စိတ်၀င်စားမည်မဟုတ်ပေ။
သို့သော် ဝန်ထမ်းများအတွက်တော့ ထိုအခြေအနေကို အတော် လေးကို ရှုပ်ထွေးနေမိသည်။ ကျန်းယုသည် ဒုတိယမျိုးဆက်ဖြစ်သော်ငြား ကျန်းမိသားစု၏ သခင်ငယ်တစ်ဦးဖြစ်ဆဲဖြစ်ပြီး ချင်ရှန့်နှင့် အမှန်တကယ် အဆက်အသွယ်ရှိနိုင်သည်။
ကျီဖေးသည် ၀န်ထမ်းများမှာ တစ်စုံတစ်ဦးကို စော်ကားမိမှာကြောက်ပြီး နှုတ်ဆိတ်နေမှန်း သိသဖြင့် စာနာမိသည်။ သူ့အတွက်တော့ တိကျသေချာသောအဖြေကို မပေးနိုင်သော ကြောင့် ပိုမိုမောက်မာလာသည်။
သို့သော် ကျန်းယုသည် သူ့အမျိုးသမီးရှေ့တွင် မောက်မာစွာဖြင့် အဖြေတစ်ခုရရန် တောင်းဆဲဖြစ်သည်။
ကျီဖေးသည် ဝန်ထမ်းလေးမှာ ချောက်ကမ်းပါးသို့ တွန့်ချခံလိုက်ရသည်ကို မြင်သဖြင့် တစ်ခါတည်းလျှောက်လာကာ
"ရှင်က မစ္စတာကျန်းလား?"
ကျန်းယု၏မျက်လုံးကို လှပသော အမျိုးသမီးတစ်ဦး၏ အသွင်အပြင်သည် ရုတ်တရက်ဖမ်းစားခံလိုက်ရသောကြောင့် ဝမ်ရု၏ ပေါင်ပေါ်တွင် တင်ထားသောလက်သည် ရပ်တန့်သွားသည်။
ထိုသို့သောအကြည့်များဖြင့် သူ့ကို "မစ္စတာကျန်း" ဟု ခေါ်ဆိုလာသဖြင့် သူမသည် သူ့ဖန်ဖြစ်ရမည်။
ကျန်းယု ယခုလိုအခြေအနေမျိုးကို အများကြီးကြုံဖူးသဖြင့် သူ၏ ပထမဆုံးအတွေးမှာ သူ့ကို သွေးဆောင်ဖို့ကြိုးစားနေ သည်ဟု ထင်သဖြင့် "ဟုတ်ပါတယ်၊ ဒီက မိန်းမလှလေးက ဘယ်သူများလဲ"
သူ မတ်တတ်ထရပ်ပြီး သူမကိုလက်ဆွဲနှုတ်ဆက်ရန်အဆင် သင့်ဖြစ်နေပြီဖြစ်သည်။
ဝန်ထမ်းများသည် ကျီဖေးကို ချက်ချင်းမှတ်မိလိုက်သည်။ သူတို့သည် ကျီဖေးကို မမှတ်မိသည့် ကျန်းယုနှင့် မတူဘဲ ကျီဖေး ၏မိတ်ကပ်မပါသောပုံကို အကြိမ်ပေါင်းများစွာမြင်တွေ့ဖူး သည်။
ကျန်းယုသည် ကျီဖေးကို ယောင်ဝါးဝါးဖြင့် ရင်းနှီးသည်ကို သတိပြုမိလိုက်သော်လည်း သူမ၏ အပြစ်ကင်းစင်သော အသွင်အပြင်ကြောင့် လုပ်ငန်းသို့ ဝင်ရောက်လာခါစကော လိပ်ကျောင်းသူအသစ်ဖြစ်နိုင်သည်ဟု ထင်ခဲ့သည်။ သူသည် ချက်ချင်းဆိုသလို အောင်မြင်သည့် စီးပွားရေးသမားတစ်ယောက်ပမာ ဟန်ဆောင်တော့မည်။
ကျီဖေးသည် သူ၏ တုံ့ပြန်မှုကို သတိပြုမိသဖြင့် "အိုး... ရှင် ကျွန်မကို မမှတ်မိဘူးလား၊ ကျွန်မ ခင်ပွန်းနဲ့ အရမ်းရင်းနှီးတယ်လို့ ပြောတာကြားလိုက်တာကို၊ ကျွန်မ ဘယ်သူလဲဆိုတာ ရှင် ဘာလို့မသိတာလဲ"
ကျန်းယုအံ့အားသင့်သွားပြီး မတုံ့ပြန်နိုင်ခင် ဝန်ထမ်းများသည် မတ်တပ်ရပ်ကာ သူမအား ယဉ်ကျေးစွာနှုတ်ဆက်ကြသည်။
"တွေ့ရတာဝမ်းသာပါတယ် မဒမ်"
"မဒမ် ? ဘယ်သူလဲ" ဝမ်ရူ ရုတ်တရက်ပြောလိုက်သည်။
ဖျော်ဖြေရေးနယ်ပယ်၏တရားသူကြီး၊ အတင်းအဖျင်းဘုရင်မနှင့် တရားမျှတမှုကို လက်ကိုင်ထားသူဟု လူသိများသော ၎င်းတို့ ဥက္ကဌဇနီးသည် ၎င်းတို့ ဒုက္ခရောက်နေသည်ကိုစောင့်ကြည့် နေမည်မဟုတ်ကြောင်းသိသဖြင့် ဝန်ထမ်းများမှ ချက်ချင်းဆိုသလို စိတ်သက်သာရာရသွားသည်။
"ဒါက ငါတို့ CEO ရဲ့ဇနီးပဲ၊ မစ္စတာကျန်းက သူ့ကို ဘယ်လိုလုပ်မသိတာလဲ" ဝန်ထမ်းများလည်း ခပ်ပါးပါးလှောင်ပြောင်ကြသည်။
"မင်းက ကျီဖေး!"
ကျန်းယု အံ့သြသွားသည်။ ကျီဖေး၏ ရုပ်ရည်ကို ဖျော်ဖြေရေးနယ်ပယ်မှာ မြင်တွေ့ခဲ့သော်ငြား အခုချိန်တွင် သူမသည် လုံးဝခြားနားသည့် လှပတဲ့စတိုင်လ်တစ်ခုပင်။
တစ်ဖက်တွင် ဝမ်ရူသည် ကျီဖေးကို အပေါ်အောက် အပြန်အ လှန်ကြည့်ကာ ကဲ့ရဲ့သောအကြည့်သည် သူမ၏မျက်လုံးထဲတွင်အပြည့်ပင်။
ကျီဖေးသည် ယခင်က ဤကို သိပ်ဂရုမစိုက်ခဲ့သော်ငြား ၎င်း ၏အမူအရာသည် ထင်ရှားလွန်းသဖြင့် ၎င်း၏ အဖြူရောင်မျက်ဆန်သည် ကောင်းကင်ကိုတောင် လှန်မိမတက်ပင်။ ၎င်းသည် သူမ၏ အဆင့်အတန်းကို သိလျက်နှင့်ပင် မာနကြီးနေနိုင်ကို နားမလည်ပေ။ ကျီဖေးသည် ချက်ချင်းပင် စူးစမ်းချင်စိတ်များပေါက်ကွဲလာပြီး သူမအား ဘယ်သူက ထိုသို့ယုံကြည်မှုပေးထားသည်ကို စစ်ဆေးမကြည့်ပဲမနေနိုင်လိုက်ချေ။
[ဟမ် ? ငါ့က သူ့ကို ကျန်းယု စပွန်ဆာပေးထားတဲ့အနုပညာရှင်တစ်ယောက်လို့ထင်ထားတာ၊ ဒါပေမယ့် သူ ချင်ရှန့်ရဲ့အတိတ်တုန်းက အရှုပ်ထုပ်ပဲ!]
ချင်ရှန့်သည် သူ့ဇနီးလေးမှာ ဤနေရာကို ရောက်နေသည်အား သိသဖြင့် အစည်းအဝေးကို အမြန်ပြီးအောင် လုပ်ခဲ့သော ဇနီးဖြစ်သူ၏စွပ်စွဲချက်ကိုကြားသောအခါ အပြေးအလွှားရောက် လာရတော့သည်။
ချင်ရှန့်: ?