← Chapters

အခန်း (၂၆၆)

Vol. 27 Ch. 266

အခန်း (၂၆၆)

Vol. 27 Ch. 266

ချင်ရှန့် ဝင်လာချိန်မှာ သူ့အကြည့်က သူ့မိန်းမဆီရောက်သွာပြီ သူမဆီပြေးဝင်လုနီးပါး ဖြစ်နေပြီ။

"ဖေးဖေး"

ချင်ရှန့် အနောက်ကရောက်လာပြီး ဘယ်သူကမှ မတုံ့ပြန်နိုင်ခင်မှာ သူကျီဖေးရဲ့လက်ကို တိုက်ရိုက်ကိုင်လိုက်သည်။

"စောင့်နေခိုင်းရလို့ တောင်းပန်ပါတယ်နော်။"

ကျီဖေး ရုတ်တရက်ဆိုတော့လန့်သွားသည်။

[နတ်ဆိုးအကြောင်းပြောနေတုန်း နတ်ဆိုးပေါ်လာတယ်ဆိုတဲ့အတိုင်းပဲ။ သူက အရမ်းချောတော့ ဘယ်နေရာမှာမဆို သူ့ကို သဘောကျတဲ့သူတွေ အများကြီးရှိတာ အံ့သြစရာတော့မရှိပါဘူး။]

ချင်ရှန့်:...

ငါ့မိန်းမက ငါ့ကို ချီးကျူးနေတာထင်တယ်။

"ချင်ရှန့်၊ ဘယ်လိုတောင် တိုက်ဆိုင်တာလဲ။"

ကျန်းယု စိတ်မသက်မသာနဲ့ ပြောလိုက်သည်။

ထိုအခါမှပဲ ချင်ရှန့် သူ့အား လှည့်ကြည့်လာကာ ချက်ချင်းမေးလာခဲ့သည်။ "မင်း ဘာလို့ ဒီကိုရောက်နေတာလဲ။"

ချင်ရှန့် လေသံမှာ ရင်းနှီးမှုအရမေးတာမဟုတ်ပဲ တိုက်ရိုက်မေးမြန်းတာဖြစ်သည်။

ဒီနေ့ ကျန်းနှင့် စမ်မိသားစုကြား တွေ့ဆုံမှုအသေးစားတစ်ခုရှိတာကို ချင်ရှန့် စောစောကမတော်တဆသိရှိခဲ့ရပြီး ကျန်းယုသည် စမ်ထင်၏အနားတွင်ရှိနေသင့်ကာ ဒီမှာမဟုတ်ပေ။

ချင်ရှန့်၏ဖော်ရွေမှုမရှိသော လေသံကိုမြင်လိုက်ရတော့ ကျန်းယုစိတ်ပျက်သွားခဲ့သည်။ သူ့ကိုယ်သူ ချင်ရှန့်ထက်နိမ့်ကျသည်ဟု မစဥ်းစားဘူးချေ။ သူနဲ့စကားပြောရတာ မကြိုက်ရုံပဲ။ ချင်ရှန့်သည် ကျန်းရန်နှင့်နီးစပ်ပြီး သူကတော့ ထိုဝမ်းကွဲကိုလုံးဝကိုအလွန်မုန်းတီးသည်။

"ငါက ပူးပေါင်းဆောင်ရွက်ဖို့ကိစ္စနဲ့ပတ်သတ်ပြီး လာဆွေးနွေးတာ။ ဒါပေမယ့် ဒီမှာ မင်းရဲ့ဝန်ထမ်းက နှေးတိနှေးတုပ်လုပ်နေတယ်လေ။ စွမ်းဆောင်ရည် တကယ်နိမ့်ပါးလွန်းတယ်။ ဒါကအသေးအဖွဲကိစ္စတစ်ခုပေမယ့် မင်းကို ကိုယ်တိုင်လာမေးရတော့မယ့်ပုံပဲ။ ငါတို့မှာလည်း ရင်းနှီးမှုအချို့တော့ရှိတာပဲလေ။ ဒါပေါ့ ဒီလိုအသေးအမွှားကိစ္စက ငါကိုယ်တိုင် ဝင်စွက်ဖက်ဖို့မလိုပါဘူး။ ချင်ရှန့် မင်း အချိန်ပိုပေးပြီး မင်းရဲ့ဝန်ထမ်းတွေကို သင်ကြားပေးသင့်တယ်။"

အဲဒီမှာ တိတ်တိတ်ဆိတ်ဆိတ်ရပ်နေတဲ့ နောက်မှဝန်ထမ်းသည် ထိုမှတ်ချက်ကြောင့်တောင့်တင်းသွားပြီး နေရာမှာတင် ဖြတ်ရိုက်ခံလိုက်ရသလို ခံစားလိုက်ရသည်။

[ အိုး၊ ဒီတော့ တူညီတဲ့ လူမှုအသိုင်းအဝိုင်းဖြစ်တာနဲ့ပဲ အသေး စိတ်အချက်အလက်တွေကို သေသေချာချာဖော်ပြဖို့မလိုတော့ဘူး ထင်တာလား။ ပေါ့ပေါ့ပါးပါးပြောလိုက်ရုံနဲ့ ချင်ရှန့် က ကျန်းမိသားစုကိုလေးစားသမှုထားပြီး သူ လိုချင်တာကိုပေး လိုက်ရမှာလား။ ပြီးတော့ စောစောက သူ့ကို စိတ်အနှောင့်အ ယှက်ဖြစ်စေခဲ့တဲ့ဝန်ထမ်းကို သင်ခန်းစာပေးချင်သေးတယ်ပေါ့။ ဒီလို အလုပ်ကြိုးစားတဲ့ဝန်ထမ်းက ကြားထဲကဒဏ်ခံရဖို့ ထိုက်တန်တယ်ပေါ့လေ၊ ဟမ့် အားးးး ဒီလို အခွင့်ထူးခံအမျိုးအစားကို ငါ တကယ်မကြိုက်ဘူး ]

ချင်ရှန့်: ငါ့မိန်းမ မကြိုက်ရင် ငါလည်းမကြိုက်ဘူး။

"ဘာဖြစ်ခဲ့တာလဲ အတိအကျ ရှင်းပြ။"

ချင်ရှန့် ဝန်ထမ်းဘက် တိုက်ရိုက်လှည့်ပြောလိုက်သည်။

ဝန်ထမ်းသည် အမှန်အတိုင်းပြောသင့်လား မပြောသင့်ဘူးလား သေချာမသိတော့ပဲ ပိုစိတ်လှုပ်ရှားသွားသည်။

"ပြောလိုက်၊ အဆင်ပြေတယ်။"

ကျီဖေး အပြုံးလေးနှင့် ပြောလိုက်သည် ။

ဝန်ထမ်းသည် ချက်ချင်း စိတ်အေးသွားပြီး အဖြစ်အပျက်များကို လျင်မြန်စွာ အသေးစိတ်ပြန်ပြောပြပြီး အရာအားလုံးမှာ နောက်ဆုံး ဒါရိုက်တာ၏ရွေးချယ်မှုအပေါ် မူတည်ကြောင်း ပါးနပ်စွာဖော်ပြလိုက်သည်။ ဝမ်ရူမှာ ဦးစားပေးခံရလျှင်ပင် တူညီတဲ့အခြေအနေအောက်မှာသာ အကျုံးဝင်လိမ့်မည်။ ဝမ်ရူသည် အခြားမင်းသမီးများနှင့် အတူတူဖြစ်ပြီး ဝမ်ရူသည် ရင်းနှီးမြုပ်နှံမှုယူဆောင်လာပေးနိုင်သောသူဖြစ်ပါက သဘာဝအတိုင်း ဦးစားပေးခံရမည်ဖြစ်သည်။

ဒါကိုကြားပြီးနောက် ကျန်းယု၏မျက်နှာသည်အရုပ်ဆိုးသွားသည်။

ထိုအခါမှသာ ဝန်ထမ်းလေးတစ်ဦးဆီမှ လှည့်စားခြင်းကိုခံရကြောင်း သူနားလည်သွားပုံရသည်။

သူ့ကို ပိုလို့တောင် စိတ်မသက်မသာဖြစ်စေခဲ့တာကတော့ ကျန်းမိသားစုရဲ့ သခင်လေးတစ်ဦးလည်းဖြစ်ပြီး ဖျော်ဖြေရေးကုမ္ပဏီတစ်ခုရဲ့ CEO ဖြစ်တဲ့သူ့အနေနဲ့ မာနရှိသူတစ်ဦးဖြစ် သည်။ သို့ရာတွင် ချင်ရှန့်နှင့် ကျီဖေးတို့ နှစ်ဦးကပဲ အမှားအမှန်ကို ဆုံးဖြတ်နိုင်သလိုလုပ်နေကြတာလဲ။ နားထောင်ပြီးနောက် ချင်ရှန့် ဝန်ထမ်းအားတိုက်ရိုက်ပြောလိုက်သည်။

"Qin ကော်ပိုရေးရှင်းမှာ အဆက်အသွယ်ပေါ်မူတည်ပြီး နှစ် သက်ခံရတာမဟုတ်ဘူး။ အရာအားလုံးကို တရားမျှမျှတတ ကိုင်တွယ်ဖြေရှင်းရတယ်။"

ဤသည်မှာ ချင်ရှန့်၏တသမတ်တည်းသော စီမံခန့်ခွဲမှုပုံစံဖြစ်သည်။ ကော်ပိုရေးရှင်းတစ်ခုမှာ ဆက်ဆံရေးတွေအပေါ် မူတည်တဲ့ ဖြတ်လမ်းများကို အမြဲခွင့်ပြုထားပါက၊ အတွင်းပိုင်းဖွဲ့စည်းပုံသည် တဖြည်းဖြည်း ပုပ်သိုးသွားလိမ့်မည်ဖြစ် သည်။ သူ၏ကိုယ်ရည်ကိုယ်သွေးကြောင့် ချင်ရှန့် သည် ထိုသို့သောအလေ့အကျင့်များကို သည်းမခံနိုင်ပဲ Qinကော်ပိုရေးရှင်း သည်လည်း သူ၏ဦးဆောင်မှု အောက်တွင် ဒီလိုအမြင့်ဆုံးအဆင့်သို့တက်လှမ်းနိုင်ခဲ့ခြင်းဖြစ်သည်။

သို့သော်လည်း မည်သည့်အဖွဲ့အစည်းတွင်မဆို ထိုသို့သောပြဿနာများကို လုံးဝရှောင်ရှားရန်မှာမဖြစ်နိုင်ပေ။ ထို့ကြောင့် ယေဘုယျအားဖြင့်တော့၊ ကုမ္ပဏီအတွင်းရှိ အဓိကကိစ္စများ သို့မဟုတ် ချင်ရှန့် ၏ တိုက်ရိုက်ကြီးကြပ်မှုအောက်တွင်ရှိသော ကိစ္စများကို မျှမျှတတသာ ကိုင်တွယ်ဖြေရှင်းခဲ့သည်။ လက်ထဲတွင်ရှိနေသည့်ကိစ္စမှာ လုပ်ငန်းအခွဲတစ်ခု၏ လက်အောက်ခံကုမ္ပဏီ၏ ပရောဂျက်တစ်ခုသာဖြစ်တာကြောင့် သူ့ကိုတိုက် ရိုက်ငြင်းလိုက်မယ့်အစား တစ်စုံတစ်ယောက်ပါဝင်နေကာ ကျန်းယုနှင့် အချိန်ဖြုန်းနေတာဖြစ်သည်။

ထက်မြက်သော ဝန်ထမ်းသည် ချင်ရှန့် ၏စကား အဓိပ္ပာယ်ကို နားလည်ကာ အခွင့်ထူးခံလူတန်းစားအချို့၏ တိုင်ကြားချက်ကိုထောက်ခံပြီး သူ့ဒုက္ခရောက်မည်မဟုတ်ကြောင်း နားလည်ခဲ့သည်။

"ဟုတ်ကဲ့ပါ မစ္စတာ ချင်။" ဝန်ထမ်းက ချင်ရှန့်ကို လေးလေး စားစား ကြည့်ကာပြောလိုက်သည်။

အခုအချိန်တွင် ကျန်းယု၏မျက်နှာသည် မည်းမှောင်မိုက်နေပြီး သူ့အမူအရာမှာ မကျေမနပ်နေကြောင်း ရှင်းရှင်းလင်းလင်း ပြနေသည်။ "မင်း ငါ့ကိုမျက်နှာသာ မပေးဘူးလို့ပြောနေတာလား။"

ကျန်းယု လုံးဝကိုမယုံကြည်နိုင်ပေ။ နောက်ဆုံးတော့ ဒီလူက ရက်အနည်းငယ်အတွင်း ကျင်းပမယ့် သူတို့ရဲ့ စေ့စပ်ပွဲကို တက်မယ့်သူလေ။

“အိုး၊ နင် မသိဘူးထင်တယ်။ ငါလည်း Qin ကော်ပိုရေးရှင်းမှာ အနုပညာရှင်တစ်ယောက်လုပ်ခဲ့ဖူးတယ်။ ငါ့ခင်ပွန်းကို ဘယ် လောက်ပဲ တောင်းပန်တောင်းပန် သူက ငါ့ကို မကူညီဘူးလေ။ အမှီအခိုကင်းကင်း၊ ဝီရိယရှိရှိ အလုပ်လုပ်ပြီးမှပဲ ငါဒီလိုတောက်ပနိုင်ခွင့်ရခဲ့တာ။"

ကျီဖေး ထေ့ငေါ့လိုက်သည်။

“ငါ့တောင် မရတာ နင်ကတော့ ပြောမနေနဲ့တော့ပေါ့။”

ချင်ရှန့် ကျီဖေးကို မှင်သက်စွာစိုက်ကြည့်လိုက်သည်။

အခုချိန်တွင်တော့ ကျီဖေး သူမလိုချင်သော အရင်းအမြစ်မှန်သမျှကို တောင်းနိုင်ပြီး သူကလည်း သူမတောင်းစရာတောင်မလိုဘဲပေးလိမ့်မည်။ သူ ဒီလောက် မတင်းကျပ်ပါဘူး။ ကျီဖေးကြိုက်သရွေ့ သူ ဘာမဆိုလုပ်ပေးမည်ပင်။

သို့သော် ကျီဖေး၏စကားကျေးဇူးကြောင့် ကျန်းယုသည် ငြင်း ခုံရန်ပင် သတ္တိမရှိတော့ပဲ များစွာသောမကျေမနပ်ချက်များနှင့် သူတို့နှစ်ဦးကို စိုက်ကြည့်ရုံသာတတ်နိုင်တော့သည်။

ထိုအချိန်မှာပဲ မင်းသမီးဝမ်ရူသည် နောက်ဆုံးစကားပြောလာကာ သူမ၏အသံသည် ချွဲနွဲ့ပြီး ချိုမြိန်ပြီးသနားစရာကောင်း သော လေသံဖြင့်ဖြစ်သည်။

"ချင်ရှန့်ကောကောကရော ညီမကို မကူညီနိုင်ဘူးလားဟင်။ ဒါက ညီမရဲ့ပထမဆုံး ရုပ်ရှင်ဖန်သားပြင်ကြီးပေါ်မှာ ပွဲဦးထွက်ပွဲလေ။ ညီမကို မကူညီနိုင်ဘူးလားဟင်။"

[ချင်ရှန့်ကောကော ?! ငါ့အရေပြားတွေတောင် ယားလာပြီ။ ပြီးတော့ အခုတင်ပဲ တရားဝင်ဇနီးမယားဖြစ်တဲ့ ငါတောင် မရပါဘူးဆိုတာကို သူက ခုန်ထွက်လာပြီး မလုပ်ပေးနိုင်ဘူးလားလို့ မေးရဲတယ်ပေါ့။ ဒါ ငါ့ရာထူးကို ပြောင်ပြောင်တင်းတင်းလာ စိန်ခေါ်နေတာပဲ။]

ချင်ရှန့် တုန်လှုပ်သွားသည်။ ဒါသူ စောစောကပြောခဲ့တဲ့ "အရှုပ်ထုပ်" ဆိုတာလား ?

ထိုနောက် ချင်ရှန့်သည် သူ့ရှေ့မှလူကို ကြည့်ကာရုတ်တရက် မျက်မှောင်ကြုတ်လိုက်သည်။

"မင်းက ဘယ်သူလဲ။ ထိန်းထိန်းသိမ်းသိမ်းနေပေးပါ။ ငါ့ကို ဒီလိုခေါ်တာ အဆင်မပြေဖြစ်စေတယ်။"

"Pfft!"

"Pfft..."

ဘာလို့ ရယ်သံနှစ်သံဖြစ်နေတာလဲ။ ပေါက်ပေါက်စားရင်း တိတ်တဆိတ်ပွဲကြည့်နေတဲ့ ဝန်ထမ်းက မထိန်းနိုင်ပဲရယ်မိလို့ပင်။

ဒီတစ်ကြိမ်တွင်၊ ဝမ်ရူ၏မျက်နှာဟာ ကျန်းယုထက်တောင် ဆိုးရွားသွားကာ ချင်ရှန့်၏စကားများက သူ့အားမိုးကြိုးပစ်လိုက်သကဲ့သို့ ထိသွားခဲ့ကာ မျက်လုံးများပင် ချက်ချင်းနီရဲသွားခဲ့သည်။

"ချင်ရှန့်ကောကော ရှင်..."

"မသင့်လျော်တဲ့ အခေါ်အဝေါ်တွေသုံးတာကို ရပ်လိုက်ပါ။" ချင်ရှန့် လေသံလေးနက်ပြီး သတိပေးသံဖြစ်သည်။

"ချင်ရှန့် မင်း နောက်နေတာလား။"

သူခေါ်လာတဲ့ မိန်းကလေးသည် ချင်ရှန့်အပေါ် လျှို့ဝှက်ထားသော ရည်ရွယ်ချက်အချို့ရှိပုံရသော်လည်း ကျန်းယုသည် စိတ်မ၀င်စားဘဲ ဝမ်ရူကိုပင် ကာကွယ်ပေးခဲ့သည်။

ဒီတစ်ကြိမ်မှာ ချင်ရှန့်သည် သူတို့အား တမင်တကာအရှက်ခွဲတဲ့ပုံမပေါ်သောကြောင့် ကျီဖေး ထူးဆန်းသလိုခံစားရသည်။

[ထူးဆန်းတယ် သူတို့ မရင်းနှီးဘူးဆိုရင်တောင် ချင်ရှန့် က သူ့ကို အသိအမှတ်ပြုသင့်တယ်မဟုတ်ဘူးလား။ ချင်ရှန့်က မျက် နှာတွေကို မေ့တတ်တဲ့သူလည်းမဟုတ်ပါဘူး။ သူက ကျန်းရန်အမေ နောက်အိမ်ထောင်ပြုပြီးရလိုက်တဲ့ အမေတူဖအေခွဲညီမဆိုတာကို သူ မမှတ်မိတာလား။ ဒါဆို သူက ကျန်းရန်ရဲ့ အမေတူဖအေကွဲညီမ၊ တစ်မအေတည်းက မွေးတဲ့နောက်ထပ်သွေးတစ်ဝက်ညီမ။ လူကုံထံတွေကြာက ဆက်ဆံရေးကွန်ရက်က တကယ့်ကို ရှုပ်ထွေးတာပဲ။]

ကျီဖေး၏ ရယ်မောကျီစယ်သံကြောင့် ချင်ရှန့် ခေတ္တရပ်သွားခဲ့သည်။

ထို့နောက် ချင်ရှန့်က မယုံသင်္ကာနှင့် မေးလိုက်သည်။

“မင်းက ကျန်းရန်ရဲ့ညီမလား ?"

အရင်က သူ သူမကိုမြင်ဖူးပေမယ့် နာမည်ကိုမမှတ်မိပေ။

ဝမ်ရူက နောက်ဆုံးတွင် အသက်ရှုနိုင်သွားပြီး စိတ်သက်သာရာရသွားချိန်တွင် ချင်ရှန့်က စိတ်ရှုပ်နေတုန်းပင်။

“မင်းဘာလို့ ဒီလောက်တောင်ကွာခြားသွားရတာလဲ။”

"Pfft!"

ဒီတစ်ကြိမ်မှာတော့ ကျီဖေးက ရယ်မောခဲ့ပြီး ဝန်ထမ်းကတော့ သူ့အလုပ်အတွက် ထိန်းထားနိုင်ခဲ့သည်။

အခုတော့ ဝမ်ရူ၏မျက်နှာသည် အဖြူနှင့်အစိမ်းကြား ပြောင်းသွားတော့သည်။ အဘယ်ကြောင့်ဆိုသော် သေချာပေါက်ကို သူ့မျက်နှာသာမက တစ်ကိုယ်လုံးကိုပါ "နည်းပညာ" ဖြင့် ပြောင်းလဲခဲ့ခြင်းကြောင့်ပင်။

ဒါပေမယ့် သူမ ဒီလိုလှပလာဖို့ ဒီလောက်အားထုတ်ခဲ့ပြီး လှပလာတာတောင်မှ ဒီလိုရှက်ရွံ့ရဦးမယ်လို့ ဘယ်တုန်းကမှမမျှော် လင့်ခဲ့ပေ။

နောက်ဆုံးတွင် သူမသည် အားတင်းပြီးသာပြောလိုက်ရသည်။

"အခုခေတ်ရေစီးကြောင်းအတိုင်းလေ။ ချင်ရှန့်ကောကော၊ ညီမ ပိုလှလာတယ်လို့ မထင်ဘူးလားဟင် ?" သူ တစ်ပတ်တောင်လှည့်ပြလိုက်သေးသည်။

ချင်ရှန့်က မဆိုင်းမတွ ခေါင်းခါလိုက်ပေမယ့် ကျန်းရန်ကို လေးစားသောအားဖြင့် ယဉ်ယဉ်ကျေးကျေးသာ အကြံပြုလိုက်သည်။

"မင်းရဲ့အလှအပပိုင်းဆိုင်ရာ အရသာကတိုးတက်ဖို့လိုနေသေးတာပဲ။”

All Chapters