အခန်း (၂၆၇)
Vol. 27 Ch. 267
အခုအချိန်မှာတော့ ဝမ်ရူ တကယ်ကိုသည်းမခံနိုင်တော့ပေ။
"ချင်ရှန့်ကောက ညီမကို ရုပ်ဆိုးတယ်လို့ ထင်တာလား။"
အို ဘုရားရေ၊ ကျန်းရန်က မြေခွေးလိုပါးနပ်တာကို အံ့သြစရာပဲ၊ ဒီကောင်မလေးကတော့ သူ့ကိုယ်သူ ထပ်ခါထပ်ခါ အရှက်ပြန်ခွဲတဲ့အထိကိုတုံးအတာပဲ။ စမ်ထင်နဲ့ ကျန်းရန်တို့မှာ ကံမပါတာ ပိုကောင်းတယ်လို့ ရုတ်တရက်ခံစားမိသွားတယ်။ ဒီလိုခယ်မမျိုးတစ်ယောက်ရှိတာ တော်တော်ခက်ခဲလောက်တယ်။ သာမာန်လူတွေစကားပြောတာကို သူ နားမလည်ဘူး။
ချင်ရှန့် သူ့စကားများကို သေချာစဉ်းစားပြောနေပုံပေါ်သော် လည်း ၃၆.၅ ဒီဂရီရှိသော သူ၏ပါးစပ်သည် 0. ဒီဂရီ စကား လုံးများကိုထွေးထုတ်နိုင်သေးသည်။
"မင်းက ကော်ပီပွားထားတာနဲ့တူပြီး ကိုယ်ပိုင်တစ်သီးတစ်သန့်ထူးခြားမှုမျိုးမရှိဘူး။ အနုပညာရှင်တစ်ယောက်အနေနဲ့ ထူး ခြားမှုမရှိရင် မင်းရဲ့တန်ဖိုးအရှိဆုံးအရာ ဆုံးရှုံးသွားလိမ့်မယ်။ စကားပြောနေချိန်မှာ မင်းအမူအရာတွေက သဘာဝမကျဘူး။ ဒီပရောဂျက်အတွက် ပြင်ဆင်ဖို့အချိန်ဖြုန်းနေစရာလိုမယ်မထင်ဘူး။ ငါတို့သရုပ်ဆောင်တွေအတွက် အခြေခံအကျဆုံးလိုအပ်ချက်က သဘာဝကျတဲ့ပုံစံရှိရမယ်။"
[Wow၊ ကလေးမလေးကို ငိုအောင်လုပ်တဲ့နေရာမှာ ချင်ရှန့်က တကယ်အရည်အချင်းရှိတာပဲ။]
သေချာပေါက်ပဲ၊ နောက်စက္ကန့်မှာပဲ ဝမ်ရူဟာ ဝမ်းနည်းစွာ ငိုကြွေးပြီး ထွက်ပြေးသွားတော့သည်။
ချင်ရှန့်သည် စကားမပြောနိုင်ဖြစ်သွာတော့သည်။ သူသည် ရိုးရိုးသားသား အချက်အလက်တွေ ဖော်ပြနေခြင်းသာ။ မည်သူ့ကိုမျှစော်ကားလိုခြင်းမရှိခဲ့ပေ။
"ဝမ်ရူ!"
ကျန်းယုက ထိတ်လန့်တုန်လှုပ်သွားပြီး ချက်ချင်း ဒေါသတကြီး စိုက်ကြည့်ကာ ပြောလာတယ်။ "ချင်ရှန့်၊ ကျန်းမိသားစုရဲ့ ဘယ်မျက်နှာကိုမှဂရုမစိုက်တော့ဘူးထင်တယ်။"
"သူက ကျန်းမိသားစုကလား။"
ကျီဖေးက ချက်ချင်း အံ့သြစွာ မေးလိုက်သည်။
"သူ့ရဲ့ မျိုးရိုးနာမည်ကို ကျန်းလို့တောင် နာမည်မတပ်ထားဘူးလားလို့ပါ။"
ကျန်းယုသည် အကျပ်ရိုက်သွားပြီး ရန်စခံလိုက်ရသလို ခံစားမိလို့ထင် အပြစ်ပြုမိမည်ကိုပင် မစိုးရိမ်တော့ပဲပြောလာခဲ့တယ်။
"ဒါဆို မင်း ငါ့ရဲ့ စေ့စပ်ပွဲကို မတက်ချင်တော့ဘူးလား။"
[ဝိုး၊ ဒီမှာ၊ ဂန္ထဝင်အလိုက်လိုက်ခံသူဌေးသားတွေရဲ့ လုပ်ရိုးလုပ်စဉ်မဟုတ်လား။ ဒီလိုခြိမ်းခြောက်တာနဲ့ ဘာမဆိုရနိုင်မယ်လို့ တကယ်ထင်နေတာလား။ အခြေအနေကိုလည်း ရှင်းရှင်း လင်းလင်း မမြင်နိုင်။ ဒါအမြောက်စာ ဇာတ်ကောင်ရဲ့ကံကြမ္မာပဲ။]
မျှော်လင့်ထားသည့်အတိုင်း ကျန်းယုခြိမ်းခြောက်ပြီးသည်နှင့် တပြိုင်နက် ချင်ရှန့်၏မျက်နှာသည် မည်းမှောင်သွားသည်။
"မဒမ်ရှဲ့က ဖိတ်ကြားချက်ကို ကိုယ်တိုင်ကိုယ်ကျ လာပို့ခဲ့တာ။ မစ္စတာကျန်းက ကျွန်တော်တို့ကို မတက်စေချင်ဘူးထင်တယ်၊ နောက်မှ မဒမ်ရှဲ့ဆီကို ကျွန်တော် ကိုယ်တိုင်ဖုန်းဆက်အ ကြောင်းကြားလိုက်ပါ့မယ်။"
ဖိတ်စာကိုပေးခဲ့သူမှာ ကျန်းရန်လည်း မဟုတ်သလို စမ်ထင်လည်း မဟုတ်ပါချေ။ အဖွဲ့အစည်း နှစ်ခုကြားပူးပေါင်းဆောင် ရွက်မှုကို လေးစားတဲ့အနေနှင့်အပြင် အမြင့်ဆုံးလောကဝတ် ပြုတဲ့အနေနှင့် ဒါကို မဒမ်ရှဲ့ကိုယ်တိုင် ပေးပို့ခဲ့တာဖြစ်သည်။
အကယ်၍ ကျန်းယုသာ သည်နေရာတွင် အဓိပ္ပါယ်မရှိသော စကားကို ပြောနေမှန်း မဒမ်ရှဲ့သိသွားပါက၊ သူမသေချာပေါက် ကျန်းယုကို ကိုယ်တိုင်ကိုယ်ကျလာရောက်တောင်းပန်ပြီး စေ့စပ်ပွဲသို့ ဖိတ်ကြားရန် အတင်းအကြပ်ခိုင်းစေလိမ့်မည်။ မိသားစုလုပ်ငန်းကို အမွေဆက်ခံရန် အရည်အချင်းမပြည့်မီသော လူအချို့ရှိနေသည်မှာ အံ့ဩစရာတော့မဟုတ်ပေ။
ကျန်းယုသည် အေးခဲသွားပြီး သူ့မျက်နှာသည် သက်တံ့ရောင်လို ရောင်စုံပြောင်းသွားသည်။ နောက်ဆုံးမှာ သူ့အစောပိုင်း ခြိမ်းခြောက်မှုတွေကိပြန်ယူရတော့သည်။
"မင်း လာချင်ရင် လာလို့ရပါတယ်။"
ကျန်းယုက ကျောကိုင်းကျသွားကာ လူရွှင်တော်ကြီးလို မြန်မြန် လမ်းလျှောက်ထွက်သွားတော့သည်။
ဒီလိုလူရွှင်တော်တွေနဲ့ ဆက်ဆံရတာ မတန်ပါချေ။
နှစ်ယောက်သား သူတို့ရဲ့လက်ဆောင်ဝယ်ဖို့ အစီအစဉ်ကို ဆက်လုပ်ကြသည်။
"စမ်ထင်အတွက်ပဲ ဝယ်ကြရအောင်။ ကျန်းယုအတွက် ဝယ်တာကပိုက်ဆံဖြုန်းတာပဲ။" ကျီဖေးက ပြောလိုက်သည်။
"ကောင်းပြီ" ချင်ရှန့် က ကားမောင်းရင်း ပြန်ဖြေလိုက်သည်။
"စမ်ထင် ဒီလိုဆိုးရွားတဲ့ စေ့စပ်ထားသူနဲ့ ဆက်ဆံရတာမှာကို တွေးကြည့်ရုံနဲ့ မသက်မသာဖြစ်မိတယ်။"
ကျီဖေး ညည်းညူခဲ့သည်။
"သူ သူ့ရဲ့စေ့စပ်ထားသူကို ဂရုမစိုက်ရင်စေ့စပ်ပွဲကိုဘာကြောင့် အစကတည်းက သဘောတူခဲ့တာလဲ။ သူ့မှာပုန်ကန်ချင်တဲ့ စိတ်ဓာတ်မျိုး ရှိတယ်ထင်တယ်။"
"သူ တခြားသူတွေကို ပုန်ကန်ပေမယ့် မဒမ်ရှဲ့ကို ဘယ်တော့မှ မဖီဆန်ဝံ့ပါဘူး။" ချင်ရှန့် ရှင်းပြလိုက်သည်။ "ပြီးတော့ စမ်ထင်ကို မဒမ်ရှဲ့က ရွေးချယ်ခဲ့တာလေ။"
အဲဒါက သတင်းအချက်အလက်အသစ်ပဲ။
"ထပ်ပြောပြပါဦး" ကျီဖေးချက်ခြင်း စပ်စုချင်စိတ်နဲ့ မှီလိုက်သည်။
ချင်ရှန့် ရှင်းပြလိုက်သည်။
"စမ်ထင်ရဲ့ စရိုက်က တည်ငြိမ်ပြီး ဒုက္ခပေးတတ်တဲ့ လူစားမျို မဟုတ်ဘူး။ သူ့ကို လက်ထပ်တာက ကျန်းယုကို ရင့်ကျက်သွားအောင် ကူညီပေးနိုင်သလို အနည်းဆုံးတော့ သူ့ရဲ့ အကျင့်ဆိုးကြောင့် ဆူဆူညံညံတွေ မဖြစ်တော့ဘူးပေါ့။ ဒါ့အပြင် မဒမ်ရှဲ့က စမ်ထင်နဲ့ ကျန်းယုအတွက် နှစ်ဦးနှစ်ဖက် အကျိုးရှိစေမယ့် အစီအစဉ်တစ်ခုဆိုတာ သိတယ်လေ။ မိန်းကလေးတစ် ယောက်ရဲ့ ဘဝကိုဖျက်ဆီးပစ်တာလည်းမဟုတ်ဘူး။ စမ်ထင် မိသားစုစီးပွားရေးကို ကူပြီးစီမံခန့်ခွဲဖို့ရာ မမျှော်လင့်ထားဘူး။ သူမလွတ်လပ်မှုကိုလည်း ဝင်ရောက်စွက်ဖက်မှာမဟုတ်ဘူး။ သူတို့ဘဝကို တည်တည်ငြိမ်ငြိမ်တည်ဆောက်သွားပြီးကလေးတွေရှိနဲ့ လုံလောက်ပြီ။”
"ကြားရသလောက်တော့ ယောက္ခမနဲ့ ချွေးမကြား သဟဇာတ ဖြစ်တဲ့ ဆက်ဆံရေးဖြစ်လာလိမ့်မယ်ထင်တယ်။" ကျီဖေးက ဆိုလိုက်သည်။
" မဒမ်ရှဲ့က တော်တော်ကို ကျိုးကြောင်းဆီလျော်ပါတယ်။ သူမရဲ့ ပင်ကိုယ်စရိုက်က စမ်ထင်နဲ့ ဆင်တူတယ်။ သူတို့အကုန်လုံးကို ပွင့်ပွင့်လင်းလင်းဆွေးနွေးကြပြီး အိမ်ထောင် ရေး ညှိနှိုင်းမှုက ချောချောမွေ့မွေ့ ပြီးဆုံးသွားခဲ့တာ။ သူတို့ အဆင်ပြေပြေရှိတယ်။ မဒမ်ရှဲ့အာဏာရှိနေသေးသရွေ့ စမ်ထင်ရဲ့ အနာဂတ်ကလုံခြုံတယ်" ချင်ရှန့် ကပြောခဲ့သည်။
[ဒါကြောင့် ကျန်းရန်က ရာထူးလွဲယူရရင်တောင် စမ်ထင်က ကာကွယ်ခံရလိမ့်မယ်။ တော်တော်လေး စိတ်ဝင်စားဖို့ကောင်းတာပဲ။ ဒါပေမယ့် ပိုပြီးစိတ်ဝင်စားစရာကောင်းတာက ကျန်းယုနဲ့ ဝမ်ရူတို့ရဲ့ဆက်ဆံရေးပဲ။]
ချင်ရှန့် စိတ်ရှုပ်သွားသည်။ ဘယ်လို ဆက်ဆံရေးမျိုးလဲ ?
သို့သော် နှစ်ယောက်သား အတူတူ ပေါ်လာသည့်အချက်က သူ့ကိုအံ့အားသင့်စေခဲ့သည်။ ကျန်းရန်နှင့် ကျန်းယုသည် မတည့်ကြပဲ ကျန်းယုသည်လည်း ဝမ်ရူကိုမကြိုက်ဟု သူထင်ခဲ့သည်။ သူ့မရဲ့အလုပ်အတွက် ကျန်းယုက ဝမ်ရူနဲ့အတူလိုက်လာမယ်လို့ မမျှော်လင့်ထားခဲ့ချေ။
နေဦး၊ ဝမ်ရူနဲ့ အတူရှိဖို့ မိသားစု တွေ့ဆုံမှုကိုတောင် မတက်ဘူး…အင်း နည်းနည်းတော့ မဟုတ်သလိုပဲ။
သူ တွေးနေရင်း သူ့ဖုန်းမြည်လာခဲ့သည်။
ချင်ရှန့်က ကျီဖေးကို ဖုန်းဖြေခိုင်းလိုက်သည်။
ကျီဖေး ဖုန်းခေါ်ဆိုသူ ID ကိုကြည့်ပြီး ကို့ယို့ကားယားနဲ့ ပြောလိုက်သည်။
"ရှင် သူ့ ညီမကို အနိုင်ကျင့်လိုက်ရုံလေးတင်ကို သူက ဖြေရှင်း ချက်တောင်းဖို့ ဖုန်းပြန်ခေါ်နေတာလား။”
ချင်ရှန့် တခဏမျှ စိတ်ရှုပ်ထွေးသွားပြီးနောက် ပြုံးကာ ပြောလိုက်သည်။
"စိတ်မပူပါနဲ့၊ သူအဲ့လိုလုပ်မှာမဟုတ်ပါဘူး။"
ကျီဖေး သံသယကင်းစွာနဲ့ ဖုန်းပြန်ဖြေပြီးနောက် ကျန်းရန်က အကူညီမဲ့စွာပြောလာတာကို ကြားလိုက်ရတယ်။
"ဝမ်ရူ ငါ့ကို ငိုယိုဖုန်းဆက်လာပြီး အကုန်လုံးညီးညူသွားတယ်။ ငါ စိတ်ရှုပ်သွားတာပဲ။ မင်း တကယ်ကြီး သူ့ကို ရုပ်ဆိုးတယ်လို့ပြောလိုက်တာလား? ပလပ်စတစ်ဆာဂျရီက မသင့် တော်မှန်း ငါသိတယ်၊ ဒါပေမယ့် သူက ပိုလှအောင်ကြိုးစားနေတာ။ မင်းမိန်းမကိုကျ ကောင်းကောင်းဆက်ဆံနိုင်ပြီး ဘာလို့ တခြားအမျိုးသမီးတွေအပေါ်မှာကျ အေးစက်ပြီးနှလုံးသားမဲ့နေရသေးတာလဲ။ မင်းရဲ့ လူကြီးလူကောင်းအပြုအမူတွေက ဘယ်ရောက်နေတာလဲကွ ”
တူညီသောမိခင်ဆိုသော်လည်း ကျန်းရန်သည် ကျန်းမိသားစု ၏ရုပ်ရည်ကောင်းမွန်မှုကို အမွေဆက်ခံခဲ့ပြီး ဝမ်ရူသည် သူမ ၏ဖခင်၏ သာမန်အသွင်အပြင်ကိုသာ အမွေဆက်ခံခဲ့သည်။ ဒါကြောင့် သူမရဲ့ မိသားစုက သူမကိုပလပ်စတစ်ဆာဂျရီ ခွဲစိတ်မှုခံယူတာကို မကန့်ကွက်ခဲ့ပေ။
" ငါပါ" ကျီဖေး ပြောလိုက်သည်။
"အာ၊ ချင်ရှန့်ရဲ့ဖုန်းက အမြဲတမ်း သူ ဖြေတာမဟုတ်မှန်း ငါမေ့သွားတယ်။ ငါ့အမှားပါ ငါ အရင်မေးလိုက်သင့်တယ်။"
ကျန်းရန်က နောက်ပြောင်လိုက်သည်။
"ဒါဆို ငါ့ညီမက နင်တို့ နှစ်ယောက်နဲ့ ဆုံကြတာလား။ ဒါဆိုသူက နင့်ကို စော်ကားခဲ့တာလား။”
နောက်ဆုံးအခေါက်က ကို့ယို့ကားယားဖြစ်ခဲ့တာက မဖြစ်ခဲ့ဘူးသလိုပင်။ သူကတော့ ပုံမှန်အတိုင်းကြော့ရှင်းပြီး ပေါ့ပါးနေသူ ပြန်ဖြစ်သွားသည်။
"နင်ခန့်မှန်းလိုက်တဲ့ အတိုင်းပဲ။" ကျီဖေးက တိုက်ရိုက်ပြောလိုက်သည် ။
ကျန်းရန်က ပြောလိုက်သည်။
"ခန့်မှန်းရလွယ်ပါတယ်။ ရိုးရိုးသားသားပြောရရင် ငါ့ညီမက မင်းခင်ပွန်းကို အရင်ကတည်းကသဘောကျနေတာလေ။ တစ်ခါအငြင်းခံရဘူးပေမယ့် သူကလွယ်လွယ်လက်လျော့တတ်တဲ့သူမျိုးမဟုတ်ဘူးလေ။ သူမပလပ်စတစ်ဆာဂျရီလုပ်ခဲ့တာတွေအားလုံးက မင်းခင်ပွန်းကို မျှော်လင့်နေသေးလို့ဆိုပြီးတောင် ငါသံသယဖြစ်မိသေးတယ်။ ဒါပေမယ့် စိတ်မပူပါနဲ့၊ ငါသူတို့ကို ဘယ်တုန်းကမှ အတူတူမရှိစေချင်ခဲ့ပါဘူး။"
ကျီဖေးစိတ်ရှုပ်သွားသည်။
"ငါ သူ့ဇနီး မဖြစ်ခင်ကတည်းက နင်တို့တစ်ယောက်နဲ့တစ်ယောက် သိပြီးသားမဟုတ်ဘူးလား။ ပစ္စည်းကောင်လေးကို မိသားစုထဲမှာ မထားချင်ဘူးလား။"
"ငါလုပ်ချင်ပေမယ့် ငါကန်းလည်း မကန်းဘူး တုံးလည်းမတုံးဘူးလေ။ သူက ငါ့ညီမဆိုပေမယ့် လူဝင်စားပြီး သူ့မျက်နှာ၊ စိတ်နဲ့ စရိုက်ကို လုံးဝ မပြောင်းလဲဘူးဆိုရင် ချင်ရှန့် နဲ့ ဘယ်လိုမှ မလိုက်ဖက်နိုင်ဘူး။"ချင်ရှန့် ကို ကောင်းကောင်းနားလည်တဲ့ကျန်းရန်ကပြောလိုက်သည်။ သူ့ညီမ ညီးညူတာကိုဘယ် လောက်နားထောင်ရပါစေ ချင်ရှန့် နဲ့အောင်သွယ်ပေးဖို့ သူဘယ်တုန်းကမှမစဉ်းစားဖူးချေ။ သူထိုလောက် မိုက်မဲပြီးကျေး ဇူးကန်းတဲ့အရာကို လုပ်မည်မဟုတ်ပေ။
ကျီဖေး : ......
[ငါ သတိလက်လွတ်ဖြစ်သွားတယ်။ ဒီလူက ချင်ရှန့်နဲ့ ယုကျစ်ရဲ့ CP Fan ဖြစ်ခဲ့တာမေ့သွားတယ်။ အခု သူကတစ်ကိုယ် တော် အမာခံပရိသတ်ဖြစ်သွားပြီ။]
ချင်ရှန့်: ဟမ်... အခု သူက ငါတို့နှစ်ယောက်ရဲ့ CP Fan လည်း ဖြစ်နေနိုင်တယ်လေ။
ကျန်းရန်သည် အလွန်ပွင့်လင်းမြင်သာတာကိုမြင်လိုက်ရသဖြင့် ကျီဖေး ဒီနေ့ဖြစ်ပျက်ခဲ့သမျှအားလုံးကို ပြောပြရန်ဆုံး ဖြတ်လိုက်သည်။
ဤစကားများသည် ကျန်းရန်ကို အကြာကြီးတိတ်ဆိတ်သွားစေသည်။
ဝမ်ရူက သူတို့ကိုစော်ကားတဲ့ကိစ္စက အဓိကပြဿနာမဟုတ်တော့ချေ။
ကျန်းရန်က ထပ်ပြောသောအခါတွင် သူ့ဒေါသကိုမျိုသိပ်ရ ထားတာကို ရှင်းရှင်းလင်းလင်းသိနိုင်သည်။
"ဒါဆို ဝမ်ရူက ဇာတ်လိုက်နေရာအတွက် audition ဖြေဖို့ကြိုး စားခဲ့တယ်လို့ မင်း ပြောနေတာလား ? သူမ အနုပညာရှင်တစ်ယောက်ဖြစ်ချင်တာကို ငါတို့ဆီကနေ ဖုံးကွယ်ထားပြီးတော့ သူမကို ခေါ်သွားပေးခဲ့တာက မိသားစုတွေ့ဆုံပွဲကို မတက်ခဲ့တဲ့ကျန်းယုပေါ့။"
ကျီဖေးက ထပ်ပြောလိုက်တယ်။ "နင် ဒီအကြောင်းကို ဘာမှမသိလိုက်ဘူး။ ဒါမယ့် နင်သိလား။..."
ကျီဖေး သူမမျက်မြင်တွေ့ခဲ့ရတဲ့ မြင်ကွင်းကိုပြန်စဥ်းစားပြီး ကျီစယ်တဲ့သဘောနှင့်ပြောလိုက်သည်။
"သူတို့နှစ်ယောက်ရဲ့ဆက်ဆံရေးက မူမမှန်ဘူး။ ကျန်းယုက သူ့ ခါးကိုဖက်ထားပြီး ပေါင်ကိုကိုင်နေတာတောင်တွေ့ခဲ့တယ်"
[ဝမ်းကွဲနှစ်ယောက်ကြားက ဆက်ဆံရေး ဆိုးရွားနေပြီးသားကို အခုတော့ ကျန်းရန်ရဲ့ ညီမ ဖြစ်သူက ကျန်းယုရဲ့အငယ်အ နှောင်းလိုဆက်ဆံခံနေရတယ်။ ဒါ အရည်ရွှမ်းလိုက်တာ။ ဟီးဟီး။ ခဏနေဦး၊ ငါ သူတို့စေ့စပ်ပွဲကို ဖျက်ဆီးလိုက်မိပြီလား။ ဒါက အံ့ဩစရာ ဝဋ်ကြွေးမျိုးရှိပုံပဲ။]