← Chapters

အခန်း (၂၆၈)

Vol. 27 Ch. 268

အခန်း (၂၆၈)

Vol. 27 Ch. 268

ကျီဖေး သေချာပေါက် သူ့ ပြဿနာမဟုတ်ဘူးလို့ခံစားရသည်။ သူမသည် ရိုးရှင်းကာ၊ ကိုယ်ကျိုးမဖက်တတ်သော အတင်းအဖျင်း အချက်အလက်များကို ဖြန့်ဝေသူ၊ စိတ်အားထက်သန်ကာ အရည်ရွှမ်းသော သတင်းတိုများကို စွဲစွဲမြဲမြဲ နှစ်သက်သဘောကျသူတစ်ဦးသာဖြစ်သည်။

သို့သော် ပါဝင်ပတ်သက်သူများမှာတော့ သတင်းကြောင့် အပြင်းအထန်ခံစားကြရသည်။

ဖုန်းတစ်ဖက်မှ လူသည် နောက်တစ်ဖန် အသံတိတ်သွားပြန်သည်။

တိတ်ဆိတ်မှုက သိသာလွန်းကာပေါက်ကွဲတော့မည့် မီးတောင် ၏ ခံစားချက်ကိုပင် စိတ်ကူးကြည့်နိုင်သည်။

ထိုအကြောင်းကိုကြားသောအခါ ကျန်းရန်တင်မက ချင်ရှန့်ပါ အံ့အားသင့်သွားခဲ့သည်။ စောစောက ချင်ရှန့် အခန်းထဲကို ဝင်လာတဲ့အချိန်တုန်းက နှစ်ယောက်သား ဘာစည်းမှမကျော်ခဲ့တာကြောင့် လွဲမှားနေတာ တစ်ခုကိုမှ သတိမထားမိလိုက်ဘဲ သူတို့နှစ်ယောက်လုံး တစ်ချိန်တည်းမှာ အတူရှိနေတာကို တွေ့လိုက်ရတာပဲထူးဆန်းတယ်လို့ ခံစားရရုံသာ။

အခုတော့ အရာအားလုံးက အဓိပ္ပာယ်ရှိသွားပြီ သူတို့ရဲ့ အခြေ အနေကို သူလည်း ထပ်တူ ရွံရှာသွားသည်။

"ကျန်းရန်" ချင်ရှန့် က ကားမောင်းနေရင်းပြောလိုက်တယ်။

"မဆင်မခြင်မပြူမူနဲ့။"

ကျန်းရန်ထပ်ပြောသောအခါတွင် သူ့အသံက အက်ကွဲနေသည်။ "ငါ့ကို အသိပေးတာ ကျေးဇူးပဲ။ ငါသိုသိုသိပ်သိပ်ပဲ ကိုင်တွယ်လိုက်မယ်။"

ဖုန်းခေါ်ဆိုမှု ပြီးဆုံးသွားတော့ ကျီဖေးက ခွဲခြမ်းစိတ်ဖြာလိုက်သည်။ "ကျန်းရန်က တကယ်ဒေါသထွက်နေတာပဲ၊ နားလည်နိုင်ပါတယ်။ သူ့ဝမ်းကွဲက သူ့ညီမကိုချစ်သူအဖြစ် သုံးနေတာကို။ သူတို့က သွေးသားမတော်စပ်ရင်တောင်မှ တော်တော်ကို ရွံရှာစရာကောင်းနေတုန်းပဲ။"

"အဲ့ဒါထက်ပိုတယ်။" ချင်ရှန့် က ပြောလိုက်သည်။

"ဘာကိုဆိုလိုတာလဲ ?" ကျီဖေး စနစ်ကို သွားစစ်ဆေးရန် ပျင်းရိလွန်းတာကြောင့် ချင်ရှန့်ကို တိုက်ရိုက်မေးမြန်းရန် ဆုံးဖြတ်ခဲ့သည်။

ပြီးတော့ ချင်ရှန့် ကအမြဲစိတ်အားထက်သန်စွာနဲ့ သူမကို အတင်းအဖျင်း ဝေမျှလေ့ရှိတာပဲ။

"ကျန်းယုနဲ့ ကျန်းရန်က ဘယ်တော့မှ မတည့်ကြဘူး။ ညီအစ် ကိုလို သံယောဇဥ်မရှိတဲ့ ရန်သူစစ်စစ်တွေပဲ။ မဒမ်ရှဲ့က အရည်အချင်းရှိတဲ့ ကျန်းရန်ကို မကြာခဏ ချီးကျူးပြီး အမွေဆက်ခံသူအဖြစ် ရွေးချယ်ခဲ့တယ်။ ဒါကြောင့် ကျန်းယုက သူ့ကို နာကျဥ်းရင်း ကြီးပြင်းလာခဲ့တာ။ သူက ကျန်းရန်မှာ ရှိတဲ့ အရာတွေကို ယူပြီး ဖျက်ဆီးပစ်တယ်၊ ကျန်းရန်ကို စိတ်ဆင်းရဲအောင် အဲဒါတွေကို အသုံးချတာလေ။"

ကျီဖေးက ချက်ချင်းပြောလာသည်။

"ဖြစ်နိုင်တာက စမ်ထင်လည်း ..."

ချင်ရှန့် ခေါင်းယမ်းလိုက်သည်။ "သူ ကောင်းကောင်းသိုဝှက် ထားတာလေ။ ကျန်းယုက ဒါနဲ့ပတ်သတ်ပြီး ဘာမှမသိဘူး။"

ကျီဖေး သဘောပေါက်သွားသည်။ သူဒါကို စေ့စေ့စပ်စပ် သိုဝှက်ထားတာက စမ်ထင်ကိုကာကွယ်ရန်အတွက်လည်း ဖြစ်နိုင်တာပဲ။။

"ဒါကြောင့် ကျန်းယုက တဏှာကြီးရုံတင်မကဘူး၊ ဝမ်ရူကို သူ့ချစ်သူအဖြစ်ထားတာက ကျန်းရန်ကို စိတ်ဆင်းရဲအောင်သက် သက်လုပ်ဖို့လား။ သူ့ အဲ့ဒီညီမက မဆင်မခြင်နဲ့ပြီးတော့ လှည့် စားရလည်း လွယ်တယ်။ သူမနဲ့အတူရှိနေတဲ့ ယောက်ျားက သူ့မအစ်ကိုကို မကြိုက်ဘူးဆို မသိဘူးလား။" ကျီဖေးက ပြောလိုက်သည်။

ချင်ရှန့် ရှင်းပြလိုက်သည်။

"ကျန်းရန်ဟာ အကြီးအကဲတွေရဲ့ အရိပ်အောက် ကျန်းမိသား စုမှာပဲ အမြဲနေခဲ့တာလေ။ ဝမ်ရူကလည်း ဝမ်မိသားစုမှာပဲ နေတာ။ သူတို့ဟာ သွေးတစ်ဝက်ပဲနှောတဲ့ မောင်နှမတွေဆိုပေမယ့် သူတိုဆက်ဆံရေးကမရင်းနှီးဘူး။ အများအားဖြင့် ကျန်းရန် သူမကိုစောင့်ရှောက်တာက သူ့အမေရဲ့အမိန့်ကြောင့်ပဲ။ ဒါပေမယ့် ဝမ်ရူကတော့ သူ့ကို သိပ်သဘောမကျဘူး။"

"သူ့အစ်ကို ကျန်းရန်မကြိုက်ပဲ ၊ ဒီလို playboy ကျန်းယုကိုကြိုက်တာလား။ အာ... ပလပ်စတစ်ဆာဂျရီလုပ်နေရင်း ဦး နှောက်ပါ ထိသွားတာလားမသိဘူး။" ကျီဖေးက ပြောလိုက်သည်။

ချင်ရှန့်၏မျက်လုံးများကတော့ မတူညီတဲ့ ခံစားချက်ကိုပြသခဲ့သည်။

"သွေးတစ်ဝက်ပဲနှောတဲ့ မောင်နှမတွေရဲ့ဆက်ဆံရေး တင်းမာတာက ပုံမှန်ပါပဲ။ အချင်းချင်းရဲ့ ဖခင်အရင်းတွေအပေါ် ငြင်း ပယ်တာနဲ့ တစ်မအေထဲရဲ့ ချစ်ခြင်းမေတ္တာကိုပြိုင်ဆိုင်တာတွေက သူတို့ရဲ့ဆက်ဆံရေးကို ထိလွယ်ရှလွယ်ဖြစ်စေနိုင်တယ်။ ကောင်းယာလန်နဲ့ ဟန်ကျီယုလို အမွှာတွေလိုမျိုး ရင်းနှီးတဲ့သူတွေက ရှားတယ်။"

သူတို့နှစ်ယောက် မည်မျှရင်းနှီးသည်ကို ကျီဖေးသည် သတိရသွားသည်။ သူတို့နဲ့ အတူတူကစားရန် သူမကိုပင် မကြာခဏ ဖိတ်ခေါ်လေ့ရှိသည်။ သူ့အစ်မ သူ့ idol တွေနောက်လိုက်တာကို ကောင်းယာလန်ကကူညီနေသည်ဟုတောင် ပြောခဲ့သေးသည်။

"သေချာပေါက်ပဲ၊ လူအပေါ်မှာပဲ မူတည်တယ်။"

"ဆယ်နှစ်အသက်ကွာဟမှုကြောင့် ဝမ်ရူအပေါ် ကျန်းရန်ရဲ့ ဂရုစိုက်မှုက ဂျူနီယာတစ်ယောက်အတွက် စီနီယာတစ်ယောက်ရဲ့ တာဝန်ယူမှုနဲ့ ပိုတူတယ်။ ဒါပေမယ့် ဝမ်ရူက နည်းနည်းတော့ အလိုလိုက်ခံနေရတုန်းပဲ။ ငါသူ့ကိုတွေ့တဲ့ အချို့အကြိမ်တွေမှာတောင် သူအစ်ကိုကို လေးစားမှုမရှိပဲမကြာ ခဏ စိတ်တို၊ မလိုမကျ၊ မဖော်မရွေလုပ်နေတုန်းပဲ။ ဒါကြောင့် ကျန်းယုနဲ့ သူမရဲ့ဆက်ဆံရေးက လှည့်စားခံရတာချည်းသက် သက်တော့ မဖြစ်နိုင်ဘူး။"

ဤတစ်ကြိမ်တွင်တော့ ခန့်မှန်းဖို့ရာ ချင်ရှန့်ကို ကျီဖေး မလို အပ်တော့ပေ။ သူမ အချက်အလက်တွေကို တိုက်ရိုက်စစ်ဆေးခဲ့သည်။

[Wow၊ သူတို့နှစ်ယောက်စလုံးက ကျန်းရန်ကို စိတ်ဆင်းရဲအောင်လုပ်ဖို့ ပေါင်းကြံနေကြတဲ့ ဗီလိန်တွေပဲ။ မယုံနိုင်စရာပဲ။ ဒါပေမယ့် ဘာလို့ ဝမ်ရူက ကျန်းရန်ကို ဆန့်ကျင်ရတာလဲဆိုတဲ့ အကြောင်းရင်းတစ်ခုကိုတော့ ချင်ရှန့် လွဲသွားတယ်။]

ချင်ရှန့် မျက်လုံးတွေလက်သွားသည်။ သူသတိမထားမိတာမဟုတ်ပေမယ့်လည်း သူ့ညီအစ်ကို ကျန်းရန်သည် တစ်ခါမျှမပြောခဲ့ဘဲ အချိန်အကြာကြီး ဖုံးကွယ်ထားသောကြောင့် သူကလည်း သဘာဝအတိုင်း ထုတ်မမေးခဲ့ပေ။ ပြီးတော့ သူက…

စတီယာရင်ဘီးပေါ်ရှိ ချင်ရှန့် လက်များမှ ဆုပ်ကိုင်မှုမှာ တင်း ကျပ်လာပြီး သူ့အသက်ရှူသံက ခဏရပ်သွားကာ သူ့စိတ်တွေလည်း ဗလာြဖစ်သွားသည်။ ဒါပေမယ့် ကျီဖေးရဲ့ အဆက် မပြတ်ဝင်လာသော အတင်းအဖျင်း အတွေးတွေက သူ့ကို လက်တွေ့ဘဝထဲကို မြန်မြန်ဆန်ဆန် ပြန်ရောက်လာစေခဲ့သည်။

[ မဒမ်ဝမ်က ကျန်းရန်ကိုမကြိုက်တာကြောင့် ကောင်မလေးကလည်း အတုယူပြီး သဘာဝအတိုင်းပင် သူ့အစ်ကိုကိုအထင် သေးပြီး၊ မနှစ်သက်ခဲ့တာပဲ။]

ချင်ရှန့် စိတ်အတွင်း သရော်လိုက်သည်။

မဒမ်ဝမ်ရဲ့ ဦးနှောက်ဗဟိုချက်ကလည်း တော်တော် ထူးခြားလှသည်။ ကျန်းရန်၏ မွေးဖွာမှုဟာ ခက်ခဲသောကြောင့် သူမအား သွေးယိုစေကာ ဝေဒနာခံစားခဲ့ရတာကြောင့် သူ့ကို ဘယ်တုန်း ကမှ မနှစ်သက်ခဲ့ပေ။ ခင်ပွန်းဖြစ်သူ မတော်တဆမှုဖြစ်ပြီးနောက် သူမတိုင်ပင်ခဲ့သော ဗေဒင်ဆရာက ကျန်းရန်သည် ကျန်းမိသားစုကို ကျန်စာသင့်စေသည်ဟု ဟောကြားခဲ့ကာ သူကိုစတင်မုန်းတီးလာကာ ထပ်ခါထပ်ခါပင် စိတ်ပိုင်းဆိုင်ရာနှိပ် စက်ညဥ်ပန်းခဲ့ပြီး ဒါကို မဒမ်ရှဲ့မှ လျင်မြန်စွာ ရှာဖွေတွေ့ရှိခဲ့ပြီး ဖော်ထုတ်ခဲ့သည်။ ထို့နောက် ကျန်းမိသားစုသည် ကျန်းရန်ကို ထိန်းသိမ်းခွင့်ယူခဲ့သည်။ ကျန်းရန်၏ကျိန်စာကိုကြောက်ရွံ့တာကြောင့် မဒမ်ဝမ်သည် နောက်အိမ်ထောင်ပြုခဲ့သည်။ ထိုက တည်းက အခြေအနေများ အေးချမ်းသွားခဲ့သော်လည်း ကျန်းရန်သည် သူ့မိခင်ထံမှ ကာလရှည်ကြာစွာ စိတ်ပိုင်းဆိုင်ရာညှဥ်းပန်းနှိက်စက်မှုများကို ခံခဲ့ရသည်။

ချင်ရှန့် နှုတ်ခမ်းများ အနည်းငယ်တုန်သွားသည်။

ဒီရူးနေတဲ့ မိခင်က ကျန်းရန်ကို စိတ်ပိုင်းဆိုင်ရာနှပ်စက်ညဥ်ပန်းပြီး သူမ၏ကံဆိုးမှုများအတွက်လည်း သူ့ကိုအပြစ်တင်သေးသည်။ သူမသည် ဝမ်မိသားစု သို့မဟုတ် ဝမ်ရူကြောင့်ဖြစ်ရသည့် အရှုပ်အထွေးတွေကို ရှင်းဖို့အတွက် ကျန်းရန်အား ကျင့်ဝတ်ဆိုင်ရာနဲ့ ခြိမ်းခြောက်ပြီး အတင်းအကြပ် ဖိအားပေးခဲ့သည်။ ကံကောင်းထောက်မစွာနဲ့၊ ကျန်းရန်ကောင်းကောင်း မွန်မွန်သင်ကြားပေးခံခဲ့ရကာ ဘယ်တုန်းကမှ အလွယ်တကူ ခြယ်လှယ်နိုင်မခံခဲ့ရပဲ သူတာဝန်များကိုသာ ကျေပွန်ခဲ့သည်။ သူတို့ သားအမိဆက်ဆံရေးမှာ ပါဝါချင်းရုန်းကန်မှုများသာ။

[သောင်းကျန်းတတ်သော မိခင်၊ ဒုက္ခပေးတတ်တဲ့ညီမနဲ့ နောက်အိမ်ထောင်ပြုထားသောမိခင်… ကြေကွဲနေသော ကျန်းရန်။ ရုတ်တရက်၊ သူက ကံဆိုးမိုးမှောင်ကျနေတဲ့ သူရဲကောင်းတစ်ဦးနဲ့တောင် နဲနဲတူနေပြီ။ ချောမောတယ်၊ သန်မာတယ်၊ သနားစရာကောင်းတယ်။]

ကျီဖေး တွေးတောရင်းရယ်မောလိုက်သည်။

ကုန်တိုက်ကို ရောက်ပြီဖြစ်သည်။

ချင်ရှန့် ကျီဖေးကို ကားတံခါးဖွင့်ပေးတာ အလေ့အကျင့်ဖြစ်နေပြီဖြစ်သည်။

ဒါပေမယ့် ဒီတစ်ကြိမ်မှာတော့ ချင်ရှန့် သူ့ထိုင်ခုံခါးပတ်ကို ဖြုတ်ပြီးနောက် ကားထဲမှာ သူမကိုတင်းတင်းကျပ်ကျပ် ပွေ့ဖက်ထားခဲ့သည်။

ရုတ်တရက် သတိပေးခြင်းမရှိ ပွေ့ဖက်မှုသည် ကျီဖေးအံ့အား သင့်သွားစေခဲ့သည်။

ထူးထူးခြားခြား တင်းတင်းကျပ်ကျပ်ပွေ့ဖက်ထားသည်။

သူ၏လေးလံသောအသက်ရှုသံကိုပင် သူမခံစားနိုင်သည်။

ချင်ရှန့်က သူမကို ပင်လယ်ရေမျက်နှာပြင် ဟိုးအမြင့်ကြီးတွင် အောက်ဆီဂျင်ဘူးကို ပွေ့ဖက်ထားသကဲ့သို့ ပွေ့ဖက်နေသည်ဟု ကျီဖေးသည် ခံစားလိုက်ရသည်။

"ဘာမှားလို့လဲ ?"

ကျီဖေးသည် ပုံမှန်မဟုတ်သော အာရုံခံစားမှုအရ မူမမှန်သလိုခံစားလိုက်ရသည်။

"မင်းကို ဖက်ထားချင်လို့။"

ချင်ရှန့် အနိမ့်သံသည် ဆွဲဆောင်မှုရှိလှကာ အထူးသဖြင့် ကား ကျဉ်းကျဉ်းလေးထဲတွင်ဖြစ်သည်။

ကျီဖေး ချက်ချင်းဆိုသလို နှလုံးခုန်မြန်လာသည်။

[သူငါ့ကို ပရောပရည်လုပ်နေတာလား။ ငါတို့ ညတိုင်းလည်းဖက်အိပ်ပြီးပြီ။ တစ်စုံတစ်ယောက်ကို သဘောကျရင်ချစ်ခြင်းမေတ္တာတွေက ရုတ်ချည်းပေါက်ကွဲထွက်လာပြီး နီးစပ်ချင်လာကြတယ်တဲ့။ ငါ ဒီလောက်တောင် ဆွဲဆောင်မှုရှိနေတာပါလား ဟီးဟီး~]

သူမ တုံအလုနီးပါးအတွေးတွေက ချင်ရှန့် နှုတ်ခမ်းကိုပြုံးသွားစေသည်။

" မင်းကို အမြဲတမ်းဖက်ထားချင်တယ်။ ဘယ်တော့မှ လွတ်မပေးချင်ဘူး။"

ကျီဖေး အံအားသင့်သွားသည်။

[ဝိုး တစ်ချိန်က အေးစက်ပြီးလစ်လျူရှုတတ်တဲ့ CEOကြီးက တကယ်ကြီးကို မြန်မြန်ဆန်ဆန်ပွင့်လင်းလာတာပဲ။ သူချိုမြိန်တဲ့စကားတွေကို ဘာမှမဟုတ်သလို သဘာဝကျကျပြောနေတာတော့ ငါတော့ ပျာယာခတ်နေပြီနော်။]

တခြားတစ်ယောက်ယောက်သာ ဒါကိုကြားရင် ကျီဖေးက စိတ်အခြေအနေကောင်လေးကို ဖျက်ဆီးနေတယ်လို့ထင်ကောင်းထင်သွားနိုင်သည်။

ချင်ရှန့်အတွက်မူ ချစ်စရာအကောင်းဆုံးအရာဖြစ်သည်။ ဒါပေမယ့် သူနားများသည် တဖြည်းဖြည်း နီရဲလာသည်။

အမြဲလိုပင် ကျီဖေးပြန်တုံ့ပြန်ရန် ချင်ရှန့် မလိုအပ်ပါချေ။ သူ့နှလုံးသားထဲမှာ ပြည့်လျှံနေတဲ့ ချစ်ခြင်းမေတ္တာတွေကို ဖော်ပြီးနောက်တွင် သူတို့ရဲ့နေ့စဉ်လုပ်ရိုးလုပ်စဉ်တွေကို ဆက်လုပ်ပြီး သူမကို ဖိအားမပေးပါချေ။

သူလွှတ်ပေးလိုက်ကာ ကားပေါ်က ဆင်းပြီး သူ့ဇနီးသည်အတွက် တံခါးဖွင့်ပေးပြီးနောက် ဈေးဝယ်ထွက်ရင်း အတင်း စကားများကို ပြောခဲ့ကြသည်။

လက်ဆောင်ရွေးပြီး အစားအစာထိုင်စားပြီးနောက် ကျီဖေးရဲ့နောက်ဆက်တွဲကို စစ်ဆေးဖို့ အချိန်ရပြီဖြစ်သည်။

[ဝိုး သူတို့ ရန်ဖြစ်ခဲ့တာပဲ။ ကျန်းရန်က ကျန်းယုကို ရိုက်လိုက်တယ်။ သူ တကယ်ပါးနပ်တာပဲ ဒဏ်ရာမကျန်ခဲ့မယ့်နေရာတွေကိုရွေးရိုက်တယ်။ ကျန်းယု နာကျင်လွန်းလို့ငိုသွားတယ်။ ရယ်ချင်စရာကြီး။ ကျန်းရန် လက်သီးချက်တွေကလည်း သူ့ကိုယ် ပိုင်မကျေနပ်ချက်တွေပါတာပဲ။ ဒါပေမယ့် ဝမ်ရူက တကယ်ကျေးဇူးကန်းတဲ့သူပဲ။ ကျန်းယုကိုကာကွယ်ပေးပြီး သူ့အစ်ကိုကိုပြန်ရိုက်နေတယ်တဲ့။]

All Chapters