← Chapters

အခန်း (၂၆၉)

Vol. 27 Ch. 269

အခန်း (၂၆၉)

Vol. 27 Ch. 269

ဝမ်ရူက သူ့ပါးကိုရိုက်လိုက်ပြီးနောက် ကျန်းရန်အံ့အားသင့်သွားသည်။ သူဝမ်ရူကို နှလုံးသားထဲတွင် အေးစက်မှုအပြည့်နှင့် ကြည့်လိုက်သည်။ အမြဲတမ်း သူ့ညီမ သူ့အပေါ် ဂရုမစိုက်ခဲ့သော်ငြားလည်း မောင်နှမများအကြား သွေးသားတော်စပ်မှုအရ သူတို့က အရင်းနှီးဆုံးဖြစ်နေဆဲပင်။ ကောင်းယာလန်နှင့် ဟန်ကျီယုအကြားက သဟဇာတဖြစ်မှုကို တွေးရင်း ကျန်းရန် ဒေါသတကြီးနှင့် ရယ်မောလိုက်သည်။

"မင်း ဘာလုပ်နေတာလဲဆိုတာရော ကိုယ့်ဟာကိုယ်သိရဲ့လား။ သူက နောက်နှစ်ရက်နေရင် စေ့စပ်တော့မယ့်သူ။ စေ့စပ်ထားတဲ့သူရှိတဲ့ လူတစ်ယောက်နဲ့ မသင့်တော်တဲ့ ဆက်ဆံရေးကို ထိန်းသိမ်းချင်တာလား။"

"နင်နဲ့ ဘာဆိုင်လဲ။ နင်ကအရမ်းစိတ်ပျက်စရာကောင်းတာပဲ။ ငါ ယုကောနဲ့အတူနေရတာကြိုက်တယ်၊ ဘာပြဿနာရှိသေးလဲ။"

ဝမ်ရူ မြေပြင်ပေါ် လဲနေတဲ့ ကျန်းယုကို ကူညီဖို့ ကြိုးစားရင်း ကျန်းရန်ကို ဒေါသတကြီးနဲ့ အပြစ်တင်လိုက်တယ်။

"ငါတို့ အမေတူတာနဲ့ပဲ ငါ့ကို ဆရာလုပ်နိုင်မယ် မထင်နဲ့။”

ကျန်းရန်အသက်ပြင်းပြင်းရှူကာ ကျန်းယုကို ကြည့်လိုက်သည်။ ကျန်းယုနာကျင်နေသော်လည်း ကျန်းရန်ကိုလှောင် ပြောင်သော အမူအရာဖြင့် စိုက်ကြည့်နေသေးသည်။

ကျန်းရန်ဒေါသတွေ တဟုန်ထိုးတက်လာကာ ကျန်းယုသာ သူ့အဒေါ်၏သားမဟုတ်ပါက သူ့ကိုသတ်ပစ်ဖို့တောင် တကယ်စဥ်းစားပြီးပြီ။

"သူက ငါ့ကို ဒုက္ခရောက်အောင်လုပ်ဖို့ နင်နဲ့ အတူတူ ရှိနေတာ။ မင်းကို တကယ်သဘောကျတယ်လို့ ထင်နေတာလား။"

ကျန်းယုက ရှင်းပြဖို့ စိတ်မ၀င်စားပေ။ ဖျော်ဖြေရေး နယ်ပယ်ထဲကို ဝင်ပြီး သူမရဲ့အလှကို သက်သေပြချင်တဲ့ ဝမ်ရူ ဆန္ဒကို ဖြည့်ဆည်းပေးပြီးပြီ။ ကျန်းရန်အပေါ် ဝမ်ရူ၏ မကျေမနပ်ချက်တွေကို လောင်စာဖြည့်ခဲ့ကာ ကျန်းရန်စိတ်မသက်မသာဖြစ်စေနိုင်မယ့် အခွင့်အရေးကို သူမကိုပေးခဲ့သည်။

ကျန်းယု သူမကိုချစ်တာ မချစ်တာက အရေးမကြီ:ပါချေ။ ဝမ်ရူသာ သူ့ကို တကယ်ချစ်ရင် စေ့စပ်ကြောင်းလမ်းတာကို သူမကြည့်နေနိုင်ပါ့မလား။

ထို့ကြောင့် ကျန်းရန်၏မေးခွန်းက ဝမ်ရူလှောင်ပြောင်မှုကိုသာ ပြန်ရခဲ့သည်။

ဝမ်ရူသည် ကျန်းရန်မကြားချင်သောစကားများကို တမင်တ ကာပြောလိုက်သည်။

"ယုကောက ငါ့ကို ချစ်ချစ် ၊ မချစ်ချစ် ငါ ဂရုမစိုက်ဘူး။ ငါ သူ့ကို ချစ်တယ်၊ ငါက သူ့အငယ်အနှောင်း ဖြစ်ချင်တယ်။ ငါက ကျန်းမိသားစုဝင်ဖြစ်တဲ့ သူ့ကို သဘောကျတယ်၊ မင်းကို မုန်းတယ်။ မင်းဘာလုပ်ချင်လဲ။”

ကျန်းရန်၏ မျက်နှာပြောင်းလဲသွားတာကြောင့် ဝမ်းသာသွားသလို အောင်ပွဲခံသည့် အမူအရာနှင့် ဝမ်ရူကို မြင်လိုက်ရပြီးနောက်၊ ၊ ကျန်းရန်သည် သူမ ခေါင်းမာကာနောင်တမရကြောင်းသဘောပေါက်လိုက်သည်။

ကျန်းရန်က ဒီလူရွှင်တော်နှစ်ယောက် သူ့ကို သြဇာလာပေးနေ သည်ကို လက်မခံပါချေ။ သူတို့ကို ပညာပေးဖို့ ကြိုးစားတာကို စွန့်လွှတ်ပြီး တိုက်ရိုက်သတိပေးလိုက်သည်။

"ကောင်းပြီ၊ မင်း ဒီဆက်ဆံရေးကို အဆုံးသတ်ရင် မင်း ဖျော် ဖြေရေးနယ်ပယ်ထဲဝင်တာရော သူနဲ့ ပတ်သတ်နေတာ အမေ့ကိုပြောပြရလိမ့်မယ်။"

ကျန်းရန်က ဝမ်ရူကို ပထမဆုံးခြိမ်းခြောက်ခဲ့ပြီးနောက် ကျန်းယုကို စူးစိုက်ကြည့်လာခဲ့သည်။

"အန်တီက အပြင်မှာ မင်းလုပ်ခဲ့တဲ့ အရိုင်းအစိုင်းတွေကို ဂရုမစိုက်ဘူး ဒါပေမယ့် ဝမ်ရူရဲ့အမေက တစ်ချိန်က အန်တီရဲ့ယောင်းမဖြစ်ခဲ့တယ်။ ဝမ်ရူကို ဒီလိုပုံစံနဲ့ ဖျက်ဆီးပစ်တာကို လက်ခံမယ်လို့ မင်း ထင်နေတာလား။ ငါ့ညီမကိုထပ်ထိရင် အန်တီကိုပြောပြရလိမ့်မယ်။"

သူတို့၏ချက်ကောင်းကို ထိသွားပြီး သဘာဝအတိုင်း အမျိုးမျိုးသော ကျိန်စာများဟာ တုံ့ပြန်မှုအနေနှင့်ထွက်လာကာ ကျန်းရန်ကို အလွန်အမင်းစိတ်တိုသွားစေခဲ့သည်။

ကျန်းရန် ဝမ်ရူ၏လက်မောင်းကိုဆွဲကာ ဆွဲထုတ်လာလိုက်သည်။

"ငါ့သတိပေးချက် ဟာသမဟုတ်ဘူး။ မင်း သတ္တိရှိရင် စမ်းကြည့်လို့ရတယ်။"

ထိုသို့ပြောပြီးနောက် ဝမ်ရူကို ကားထဲတွန်းကာ ဝမ်မိသားစုထံသို့ ပြန်ပို့လိုက်သည်။

ဝမ်မိသားစုကို ပြန်ရောက်သောအခါ၊ ဝမ်ရူသည် မဒမ်ဝမ်ကို မိုက်မဲစွာ ဖက်ထားကာ ကျန်းရန်က သူမအား ဘယ်လိုအနိုင် ကျင့်ကြောင်းကို ငိုယိုတိုင်တန်းခဲ့သည်။

မဒမ်ဝမ်သည် အသေးစိတ်ကို မမေးဘဲ ကျန်းရန်ကိုစတင်အော်ဟစ်တော့သည်။

"မယုံနိုင်စရာပဲ၊မင်းအခု ကျန်းမိသားစုကို လက်လွဲယူတော့မှာဆိုတော့ ကိုယ့်ဟာကိုယ် တော်လှပြီထင်နေတယ်ပေါ့။’

“အမေ၊ ညီမဖြစ်သူက အမှားလုပ်လို့ ကျွန်တော်ကဆုံးမနေတာ။ သူ့ကို ဒီလိုဆက်အလိုလိုက်နေရင် အမှားကြီးတွေပါ ကျူးလွန်သွားလိမ့်မယ်။”

မိခင်တစ်ယောက်အနေနဲ့ ရှင်းရှင်းလင်းလင်း မေးသင့်ပေမယ့် ကျန်းရန်ရဲ့ မျက်နှာကို မြင်လိုက်ရတော့ သူမ ပိုပြီး ဒေါသမထွက်ပဲ မနေနိုင်ချေ။

"မင်း ညီမအမှားလုပ်လည်း မင်းအပြစ်ပဲ။ မင်း ငါတို့မိသားစုကို ကျိန်စာတိုက်ဖို့ မွေးဖွားလာခဲ့တာ။"

ဤသည်မှာ အသစ်အဆန်းမဟုတ်တော့ပေ။ ကျန်းရန်သည် ကြိမ်ဖန်များစွာ ကြားဖူးသည်မို့ စကားမို့ သူထုံကျင်နေပြီ။ သူ့အမေနဲ့ ဆက်ပြောလို့ မရတော့ဘူးဆိုတာ သူသိတဲ့အတွက် လှည့်ထွက်ပြန်ခဲ့သည်။

"အမေ၊ မင်း ဝမ်ရူကို စောင့်ကြည့်ထားတာ ပိုကောင်းမယ်။ နောက်ပိုင်းမှာ သူ ကလိမ်ကကျစ်ကောင်တွေနဲ့ ပေါင်းသင်းနေတယ်။"

ဝမ်ရူက ချက်ချင်းငြင်းလိုက်ပြီး မဒမ်ဝမ်က သူမဖက်တွင်ရှိပုံရကာ ကျန်းရန်စကားကို နားထောင်ချင်စိတ်မရှိတဲ့ပုံပင်။

သူဗီလာထဲက ထွက်ခါနီးမှာ မဒမ်ဝမ်က နောက်ဆုံး သူမရဲ့ ဒေါသကို မျိုသိပ်ပြီး ရုတ်တရက် မေးလာခဲ့သည်။

"ဟေး၊ ငါကြားတာ စေ့စပ်ပွဲမှာ မင်းအဒေါ်က မင်းကိုအမွေဆက်ခံသူအဖြစ် တရားဝင်ကြေငြာဖို့ စီစဉ်နေတာဆို။ အဲဒါတကယ်လား။”

မဒမ်ဝမ်က ဝမ်မိသားစုအတွက် အကျိုးခံစားခွင့်များရရှိရန် သူ့ကိုအသုံးပြုရန် ကြံစည်နေတာကို ခန့်မှန်းမိကာ ကျန်းရန်ရပ် တန့်လိုက်သည်။

"ကျွန်တော် မသေချာဘူး။ ပြီးတော့ ကျန်းမိသားစုကထွက်သွားပြီးပြီဆိုမှတော့ စိတ်ပူစရာမလိုပါဘူး။"

သူ့နဲ့ ဆွေးနွေးဖို့ အရိပ်အမြွက်တွေရှိခဲ့ပေမဲ့ အခြေခံအားဖြင့်တော့ဆုံးဖြတ်ပြီးသွားပြီဖြစ်တဲ့အတွက် အကြီးအကဲတွေကို ဆုံးဖြတ်ခွင့်ပေးလိုက်ရုံသာ။

မဒမ်ဝမ် ဘာမှထပ်မပြောတော့ပေ။ ကျန်းရန်က နောက်ပြန်လှည့်ကြည့်လိုက်တော့ မဒမ်ဝမ်ရဲ့ မျက်နှာဟာကြောက်စရာကောင်းလောက်အောင် မည်းမှောင်နေပြီး သူ့ကို နတ်ဆိုးတစ်ကောင်လို စိုက်ကြည့်နေသည်ကိုတွေ့လိုက်ရသည်။

ကျန်းရန်ရဲ့နှလုံးသားတွေ အေးခဲသွားပြန်သည်။ မဒမ်ဝမ်က သူ့အောင်မြင်နေတာ မြင်ရတာကို သည်းမခံနိုင်ဘူးဆိုတာ သူနားလည်သည်။ သူ့အောင်မြင်မှုက မိသားစုတစ်ခုလုံးရဲ့ ကံ ကောင်းခြင်းနဲ့ ကျန်းမာခြင်းတွေကို သုံးစွဲလိုက်သလို သူပိုထူးချွန်လေလေ၊ သူမ ဒေါသထွက်လေလေဖြစ်သည်။ တစ်စုံ တစ်ယောက်သည် ဤမျှ အယူသီးနိုင်မည်ဟု သူဘယ်တုန်းကမှ မမျှော်လင့်ထားခဲ့ပေ။

စိတ်ပျက်စရာတွေ အများကြီး ကြုံလာရပြီးနောက်မှာတော့ နာကျင်မှုတွေ သိပ်မခံစားရတော့ပါချေ။

ကျန်းရန် တိတ်ဆိတ်စွာ ထွက်ခွာသွားခဲ့သည်။

မဒမ်ဝမ်၏မေးခွန်းထုတ်ခံရမှာ စိုးရိမ်နေသော ဝမ်ရူ လက်ဦးမှုယူ အရင် တိုင်ကြားလိုက်သည်။

"အမေ၊ သူ့ကို ကြည့်ပါဦး။ သူ အမေ့ကိုမလေးစားဘူး။ ဒီနေ့ဆို သမီးကို ယုကောရှေ့မှာတောင် ရိုက်တယ်။ နောင်ကျန်းမိသားစုရဲ့ ခေါင်းဆောင်ဖြစ်လာရင်၊ သမီးတို့ကို ဘယ်လိုဆက်ဆံရမယ်ဆိုတာ မသိနိုင်တော့ဘူး။!"

မဒမ်ဝမ်က အံ့အားသင့်သွားပြီး ပြောလိုက်သည်။ "ဘာဖြစ်တာလဲ၊ သူ သမီးကို ရိုက်လိုက်တာလား။"

မဒမ်ဝမ်သည် ကျန်းရန်ကို အလွန်မုန်းတီးကြောင်း ဝမ်ရူသိသည်။ သူ့ခယ်မမိသားစုဟောင်းကဖြစ်တဲ့ ကျန်းယုကို ကြင်နာတဲ့အကြည့်နဲ့ကြည့်ရင်တောင် ကျန်းရန်ကိုတော့ တစ်ချက်တောင်မကြည့်ပါချေ။

ဒါကြောင့် ဝမ်ရူက ကျန်းယုအကြောင်း ပြောဖို့ မကြောက်ပေ။

ဝမ်ရူသည် အလျင်အမြန် အလိမ်အညာကိုဖန်တီးခဲ့သည်။

"ဒီနေ့ သမီးယုကောနဲ့ ကစားတာကို သူတွေ့သွားတယ်။ သူက ယုကောကို အမြဲတမ်း အညိုးထားတာ အမေလည်းသိတာပဲ။ သမီးတို့ ဆက်ဆံရေးက သူ့ထက် ပိုကောင်းနေတာတွေ့တော့ သူမနာလိုဖြစ်ပြီး သူလာလှောင်ပြီးရိုက်တောင်ရိုက်သေးတယ်။ သူက အရမ်းအကျင်ပုတ်တာ။ အခု သမီးက ကလိမ်ကကျစ်ကောင်နဲ့ ပေါင်းသင်းနေတယ်လို့တောင်ပြောနေတယ်။ သူက လုံးဝ ရူးသွားပြီ။"

မဒမ်ဝမ် ထိုအကြောင်းကို သိပ်တွေးတောမနေတော့ဘဲ ကျန်းရန်က ပိုပိုပြီး ထိန်းမနိုင်သိမ်းမရဖြစ်လာပြီ သူ့အမေရင်းကိုတောင် မလေးစားတော့ဘူး။ သူမ မျက်နှာသည် ပို၍ပင် မည်းမှောင်လာသည်။

"အခုချိန် သူ့ကို ဘယ်သူမှ အနိုင်မယူနိုင်တော့ဘူးလို့ တကယ်ကြီးထင်နေသလား။ သူ့ကို ကျန်းမိသားစုကို အမွေဆက်ခံခွင့် လုံးဝ မပေးနိုင်ဘူး။ ငါ့ဆီကနေ လွတ်မြောက်ဖို့မဖြစ်နိုင်ဘူး။”

ထိုအတွေးဖြင့် သူမသည် စတင်ကြံစည်တော့သည်။ ထို့နောက် သူမသည် သူတို့၏ဒဏ်ရာတွေနှင့် ပတ်သတ်ပြီး စိတ်ပူစပြုလာသည်။ ဝမ်ရူသည် အတွင်းဒဏ်ရာများရှိနေဟန်ဆောင်ကာ ကျန်းရန်၏ခြေထောက်များကိုချိုးပစ်ဖို နည်းလမ်းရှာမည်ဟု ကျိန်ဆဲသည်ထိ မဒမ်ဝမ်ကိုဒေါသထွက်စေခဲ့သည်။

ဝမ်ရူအခန်းထဲပြန်ရောက်တော့ ကျန်းယုကို ထပ်ပြီးဆက်သွယ် လိုက်သည်။ သူတို့နှစ်ယောက် ရေမြောင်းထဲမှ နံစော်နေတဲ့ကျောက်တုံးတွေလို ကျန်းရန်အား ကလိမ်ကျစ်ကျရန် နည်းလမ်းတွေအား အဆက်မပြတ်တွေးတောနေကြလေသည်။

ကျီဖေးသည် စနစ်ကို အားကိုးပြီး ဒရာမာကိုကြည့်ပြီးနောက် မကျေမနပ်ဖြစ်ပြီး မညီးညူပဲမနေနိုင်ချေ။

[ကျန်းရန်တကယ်ကို ချဉ်းကပ်တဲ့နည်းကမှားသွားတာပဲ။ ဝမ်ရူကပုန်ကန်ရေးသမား၊ ချင်ရှန့်ဆီက အရှက်ကွဲခံရပြီး အစ်ကိုဖြစ်သူဆီကနေ ဆူပူတာကိုခံရပြီးတော့ ကျန်းရန်ကို ရန်စဖို့ ကျန်းယုနဲနေဖို့က ပိုပြီးတောင် ဆုံးဖြတ်ချက်ခိုင်မာသွားဦးမယ်။ သူတို့စည်းကျော်သွားရင် ကျန်းရန်တကယ်ပြောပစ်မှာလားဆိုတာ သိချင်မိသား။”

ချင်ရှန့် က သူ ဘယ်သူ့ကိုမှ အရှက်ခွဲခဲ့တာမဟုတ်ဘူးလို့ ပြန်ငြင်းချင်မိတယ်။

ဒါပေမယ့် သူတို့နှစ်ယောက် တကယ်ပဲ ပြန်ပေါင်းခဲ့မယ်ဆိုရင် ကျန်းရန်က သူတို့အကြောင်းကိုသေချာပေါက်ပြောလိမ့်မယ်။

[ဟမ်၊ သူ စမ်ထင်ကို သွားတွေ့မှာ ဖြစ်နိုင်လောက်မလား...]

ချင်ရှန့်လည်း အနည်းငယ်အံ့သြသွားသည်။ နောက်ဆုံးတော့ သူ့သူငယ်ချင်းက ဆက်သည်းမခံတော့ဖို့ ဆုံးဖြတ်လိုက်တာလား။

ဒါပေမယ့် အရမ်းများနောက်ကျသွားပြီလား ??

စမ်ထင်အပေါ် ချင်ရှန့်၏နားလည်မှုအပေါ် အခြေခံပြီးပြောရရင် စမ်ထင် ဒီကိစ္စကြောင့်နဲ့ စေ့စပ်မှုကို ရပ်တန့်မှာမဟုတ်လောက်ပေ။

All Chapters