← Chapters

အခန်း (၂၇၀)

Vol. 27 Ch. 270

အခန်း (၂၇၀)

Vol. 27 Ch. 270

"အတင်းအဖျင်းနတ်ဘုရားက တကယ်ရှိတာလား။"

ကျီဖေးရုတ်တရက် ဒီမေးခွန်းကို မေးလိုက်ကာ သူ့အတွေးထဲမှာ နစ်မြောနေခဲ့တဲ့ ချင်ရှန်း ပြန်မတုံ့ပြန်နိုင်ခင်မှာပဲသူ့ကို ဆွဲထုတ်လာခဲ့သည်။

ညစာစားပြီးသည်နှင့် ကားယူကာ ပြန်ကြဖို့ မြေအောက်ကားပါကင်ဆီဦးတည်ခဲ့ကြသည်။

ဒါပေမယ့် ကျီဖေးက သူ့ကို ရုတ်တရက် တိုင်လုံးနောက်ကို ဆွဲခေါ်လိုက်သည်။

ထို့နောက်တွင် အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦး၏ အသံကိုကြားလိုက်ရသည်။

ထိုအချိန်တွင် ကျန်းနှင့် စမ်မိသားစု၏ ညစာစားပွဲမှာ ယနေ့ညဖြစ်သည်ကို ချင်ရှန့် သတိရလိုက်မိသည်။ မြို့တော်၏ ထိပ် တန်းစားသောက်ဆိုင်အများစုသည် Qin ကော်ပိုရေးရှင်းပိုင် ကုန်တိုက်တွင် တည်ရှိသောကြောင့် ဤနေရာတွင် ကျင်းပခဲ့ဟန်တူသည်။

ကျန်းရန် ဒီစုဝေးပွဲတက်ဖို့ မသင့်တော်ပေမယ့် နေရာကိုတော့ သူသေချာသိမှာပင်။ ညစာ ပြီးချိန်မှာတော့ ကျန်းရန်က သူမကို ကြားဖြတ်တားနိုင်ခဲ့သည်။

သူတို့ဒီမှာ လာဆုံတာ တကယ့်ကို တိုက်ဆိုင်မှုတစ်ခုပဲ။

အတင်းအဖျင်းနတ်ဘုရားသာရှိလျှင် ကျီဖေးကို မျက်နှာသာ ပေးနေသည်မှာ အသေအချာပင်။

ဒီအခိုက်အတန့်မှာ ကျီဖေးဟာ မယုံနိုင်လောက်အောင် စိတ်လှုပ်ရှားနေပြီး အရည်ရွှမ်းနေတဲ့ အတင်းအဖျင်းကို အခုလေး တင်ဖမ်းမိလိုက်တဲ့ ပါပါရာဇီတစ်ယောက်လို ကားနောက်ကနေ ချောင်းကြည့်နေသည်။

ဂုဏ်သိက္ခာရှိသော ချင်ရှန့်သည်ပင် သူမနှင့်အတူ ပုန်းနေခဲ့ရသည်။ စောင့်ကြည့်ခန်းထဲက လုံခြုံရေး အစောင့်တွေသာ မော်နီတာကတစ်ဆင့် သူတို့ရဲ့ သူဌေး အဲဒီလို လုပ်နေတာကို မြင်ရင် သူတို့ကိုယ့်သူတို့ ရူးသွာတာမဟုတ်ပါဘူးနော်လို့ ပြန်မေးကြလောက်သည်။

"အတိအကျဘာဖြစ်နေတာလဲ ?" စမ်ထင်က စကားပြောရန် ချီတုံချတုံဖြစ်နေပုံရသော ကျန်းရန်ကို မေးလိုက်သည်။

ဒါဟာ မထမဆုံး သူတို့နှစ်ယောက်တည်း တွေ့ဆုံတာဖြစ်ပြီး တကယ့်ကို ကို့ယို့ကားယားဖြစ်စေသည်။ နှစ်ပေါင်းများစွာ တစ်ယောက်နှင့်တစ်ယောက် သိကြရုံသာဖြစ်သော်လည်း နောက်ဆုံးတွင် ခဲအိုနှင့် ခယ်မဖြစ်လာပြီး သူတို့ အဆင်ပြေပြေ ပေါင်းသင်းနိုင်ပါ့မလားဟု စမ်ထင်သံသယဖြစ်မိသည်။

သူမသည် introvert ဖြစ်ပြီး လူတွေကို သွေးပူအောင်လုပ်ရာ တွင်နှေးလှသည်။ သူမ၏သူငယ်ချင်းအားလုံးသည် သူမကို ပထမဆုံး ချဉ်းကပ်လာသူတွေဖြစ်ကြပြီး သူမကို သူတို့ အသိုင်းအဝိုင်းထဲ ခေါ်လာကြတာဖြစ်သည်။ ဒါကြောင့် သူမဟာ တခြားသူနှင့် ရင်းနှီးရန် ဘယ်တုန်းကမှ သူမဘက်က မစတင်ခဲ့ဘူးချေ။

တစ်ဖက်တွင်၊ ကျန်းရန်သည် ပေါင်းသင်းဆက်ဆံရေးတွင် တက်ကြွသည့် အမျိုးအစားဖြစ်သော်လည်း သူမနှင့် ပေါင်း သင်းဆက်ဆံရန် သူ့ဘက်မှအစမပျိုးခဲ့ပေ။ ရလဒ်အနေနဲ့ သူတို့နှစ်ယောက်ရဲ့ ခင်မင်ရင်းနှီးမှုဟာ အလွန်ပါးလွှာပြီး မရှိသ လောက်ပင်ဖြစ်ကာ တစ်ယောက်နဲ့တစ်ယောက် ဒီနှစ်တွေမှာသာသိကြတယ်လို့သာ အတည်ပြုနိုင်သည်။

တခြားသူတွေနဲ့ အရမ်းနွေးထွေးပြီး တက်ကြွတဲ့သူတစ်ယောက်ဟာ သူမကိုတော့ အေးတိအေးစက်နဲ့ ဝေးဝေနေတာကြောင့် သူမတို့က သဟဇာတမဖြစ်ဘူးလို့ ခံစားရသည်။

ထို့ကြောင့် ယနေ့ညတွင် အရေးကြီးသော ကိစ္စတစ်ခုကို လူကိုယ်တိုင်ပြောမှဖြစ်မှာမို့ အပြင်ထွက်ရန် ဖိတ်ခေါ်ခံရချိန်မှာတော့ သူမကို အမှန်တကယ်အံ့အားသင့်စေခဲ့သည်။

ထိုအချိန်တွင် ကားနောက်တွင်ပုန်းအောင်းနေသောနှစ်ယောက် သားသည်လည်း အသက်ရှူမအောင့်ပဲမနေနိုင် တော့ချေ။

[သူ ဝန်ခံတော့မှာလား။ ဒီလိုအရေးကြီးတဲ့အခိုက်အတန့်မှာလား။ သူ့ညီမနဲ့ ကျန်းယုဆီကနေများ ရန်စခံလိုက်ရလို့များလား။ သတို့သမီးလုပွဲ ဖြစ်တော့မှာလား။]

ကျီဖေးတွေးလေလေ စိတ်လှုပ်ရှားလာလေလေပင်။

ချင်ရှန့် တောင်မှဘာဖြစ်တော့မှာလဲဆိုပြီး တွေးလိုက်မိသေးသည်။

နောက်ဆုံးတွင် ကျန်းရန်က ပြောလာခဲ့သည်။

ကျီဖေး၏မျက်နှာသည် တဖြည်းဖြည်း စိတ်ပျက်မှုကိုပြလိုက်ပြီး ချင်ရှန့်လည်း တည်ငြိမ်သွားသည်။

ကျန်းရန်က ဝန်မခံခဲ့ပါချေ။ ကျန်းယုနဲ့ ဝမ်ရူတို့ရဲ့ အချစ်ရေးကိုထုတ်ဖော်ပြသခဲ့ရုံသာဖြစ်သည်။

"တောင်းပန်ပါတယ်"

ကျန်းရန်က ပြောလိုက်သည်။ သူ့အမူအရာက စမ်ထင်ကိုကြည့်ရင်း ရှုပ်ထွေးနေသည်။

စမ်ထင် သေချာပေါက်အံ့သြသွားမိသည်။

"သူ တကယ်သတ္တိရှိတာပဲ။ တခြားမိန်းကလေးတွေတင်တောင်မကဘူး နင့်ညီမကိုတောင်ထိဝံ့တယ်။ မိသားစုကြား သိက္ခာကျစရာကိစ္စအကြီးအကျယ်တွေဖြစ်မှာကို သူတကယ်မကြောက် ဘူးလား။"

"အခြေအနေက ဒါပဲ။ မင်း ဘယ်လိုပဲဆုံးဖြတ်ပါစေ ငါ မင်းကို ထောက်ခံမှာပါ။" ကျန်းရန်က ပြောလိုက်သည်။

စမ်ထင် ခဏရပ်တန့်သွားသည်။ "ငါဘာဆုံးဖြတ်ချက်ချရသင့်လဲ။ ငါ ဂရုမစိုက်ပါဘူး။ စိတ်ပူရမယ့်သူကတော့ ကျန်းနဲ့ ဝမ်မိသားစုလေ။ ငါ ဝင်ပါဖို့ တကယ်မလိုဘူး။"

ကျန်းရန်အေးခဲသွားပြီး သူ့ကိုယ်သူ လှောင်ရယ်လိုက်သလို ခါးခါးသီးသီး ရယ်မောလိုက်သည်။

"ဟုတ်တာပေါ့ ဒါမှ မင်းပဲ။ ငါ မင်းကို နုနယ်တဲ့ မိန်းကလေးတစ်ယောက်လို မဆက်ဆံလိုက်သင့်ဘူး။"

စမ်ထင် ကျန်းရန် မျက်နှာပေါ်ရှိ အမူအရာကြောင့် အနည်းငယ် အံ့သြသွားသည်။ သူ့မျက်လုံးတွေ သူမကိုကြည့်တဲ့အကြည့်တွေ လျှို့ဝှက်ချက်အချို့ကို ဖုံးကွယ်ထားပုံရသည်။

ဒါပေမယ့် သူမ အထူးတလည် စူးစမ်းမနေပါဘူး။ သူမ ပခုံး တွန့်သည်။

"ငါအနာဂတ်ခင်ပွန်းက လူဖြစ်ဖြစ်၊ တစ္ဆေပဲဖြစ်ဖြစ် အရေးမကြီးဘူး။ ယောက္ခမကောင်းနေဖို့ပဲလိုတာ ဒါအကုန်ပဲ။”

ကျန်းရန်အားတင်း ပြုံးလိုက်ခါ ဒီတစ်ခါ ပိုလို့တောင် ခါးသီးနေပုံပေါသည်။

"အန်တီက အရမ်းကောင်းတဲ့လူပါ။ မင်းကို ကောင်းကောင်းဆက်ဆံလိမ့်မယ်။"

စမ်ထင် ခပ်ဖျော့ဖျော့ ပြုံးလိုက်သည်။ "ဒါကို အခုလိုလာပြောပြပေးလို့ ကျေးဇူးတင်ပါတယ်၊ တခြားဘာကိစ္စမှမရှိတော့ရင် ငါပြန်တော့မယ်။"

ကျန်းရန်နှင့် နှစ်ယောက်တည်း ရှိနေရတာက တကယ့်ကို ကို့ယို့ကားယားနိုင်သည်။

ကျန်းရန်ခေါင်းညိတ်လိုက်သည်။

စမ်ထင်ကားမောင်းထွက်သွားသည်ကို ဝမ်းနည်းစွာကြည့်နေတဲ့ ကျန်းရန်ကို ကျီဖေးနှင့် ချင်ရှန့်တို့ကြည့်နေကြသည်။

သူတို့ကားထဲရောက်သည်နှင့် ကျီဖေးက မထိန်းနိုင်ဘဲ ကျိန်ဆဲမိတော့သည်။

"ဟမ့်! ငါ့ခံစားချက်တွေကို ဖြုန်းတီးသွားတယ်။!"

သို့သော် ချင်ရှန့်ကတော့ မအံ့သြပေ။

ကျီဖေးက ချင်ရှန့် ဘက်လှည့်ပြီး မေးလိုက်သည်။

"ရှင်ဘယ် လိုထင်လဲ။ သူ သူမကို ဒါတွေအားလုံးလာပြောတာက စမ်ထင်အတွက် စိတ်ပူပြီး ဒီလို အနီးဆုံးက ပြဿနာရှာသမားအကြောင်းကို သူမ မသိမှာကို စိုးလို့လား၊ ဒါမှမဟုတ် စမ်ထင်က ဒီဆက်ဆံရေးအကြောင်း သိပြီးတာနဲ့ ကျန်းယုကို လက်မခံနိုင် ေတာ့ပဲ စေ့စပ်ပွဲကို ဖျက်သိမ်းဖို့ သူမျှော်လင့်ထားလို့လား။"

ချင်ရှန့် က ပြန်ဖြေလိုက်သည်။

"နှစ်ခုစလုံးပဲ။ အဓိက ရည်ရွယ်ချက်ကတော့ ရှေ့ကတစ်ခုပေါ့။ ဒါပေမယ့် စိတ်အတွင်းထဲကတော့ သူနောက်က တစ်ခုကို ဖြစ်စေချင်ခဲ့တာလေ။ သူစမ်ထင်ကို ကြိုက်တယ်။ စေ့စပ်ထားတဲ့လက်တွဲဖော်ကို သူ ဘယ်လိုလုပ်မပြောင်းချင်ဘဲနေမလဲ။"

ကျီဖေးရုတ်တရက် သဘောပေါက်သွားပြီး ချင်ရှန့်ကို အံ့အား သင့်စွာ ကြည့်လိုက်သည်။ "ရှင်...ရှင်သိတာလား ?"

ချင်ရှန့်သည် ချက်ချင်းပင် အလွန်အသိဉာဏ်ကျွယ်သယောင် ဟန်ဆောင်ခဲ့သည်။

"ငါသိတာကြာပြီ"

"ဒါဆို ရှင်က တကယ်ကို အထောက်အကူမဖြစ်တာပဲ။ ငါ့ကိုဘာလို့မပြောပြခဲ့တာလဲ။" ကျီဖေးက သူဘက်ကို ချက်ချင်းအပြစ်ပုံချလိုက်သည်။

စနစ်ကြောင့် သူမကမပြောနိုင်ခဲ့ပေမယ့် ချင်ရှန့် ဒီလိုအတင်း အဖျင်းကြီးကြီးကို သူမကို ဘယ်လိုလုပ်မပြောပဲနေနိုင်တာလဲ။

ချင်ရှန့်: ကိုယ့်ခြေထောက်ကိုယ် ပြန်ပစ်မိတာပဲ...

ကျီဖေးက ချင်ရှန့်ကိုဆက် စိတ်မဆိုးနိုင်ခဲ့ပါချေ။ အခုအခါ သူတို့ရဲ့ အချက်အလက်တွေသည် အနည်းနှင့်အများတော့ တူသွားပြီဆိုတော့ သေသေချာချာအတင်းအဖျင်းပြောလို့ရပြီ။

"ဒီကိစ္စမှာ ကျန်းရန်က တကယ်ကို အထင်သေးစရာကောင်းတယ်။ သူ့ကိုယ်တိုင်ကျ အချစ်အတွက် မကြိုးစားရဲပဲ သတ္တိ ကြောင်လွန်းပြီ: စမ်ထင်ဘက်က စဖို့မျှော်လင့်နေတယ်။ ရိုးရိုးသားသားပြောရရင် ကျန်းရန်ရဲ့ မရယူလိုတဲ့အချစ်ကရှည် ကြာပြီး ခံစားရတယ်ဆိုပေမယ့် နောက်ဆုံးတော့ ကိုယ်စိတ်ကို အလိုလိုက်လွန်းတယ် စမ်ထင်နဲ့မထိုက်တန်ဘူး။” ကျီဖေးက ပြောလိုက်သည်။

ချင်ရှန့်လည်း သူအသက်ကယ်လုနီးပါးဖြစ်ပြီး ကြင်ကြင်နာနာနဲ့ သင်ကြားပေးခဲ့တဲ့ မဒမ်ရှဲ့ရဲ့ ကျေးဇူးတရားအပေါ် ကျန်းရန်ရဲ့ နက်ရှိုင်းတဲ့ သဘောထားနားလည်းပေမယ့် ဒီကိစ္စကို ကိုင် တွယ်ရာမှာတော့ ညံ့ဖျင်းလှသည်ဟုထင်မြင်မိသည်။

"ကျန်းရန်ဘက်က အမြင်အရတော့ သူက မဒမ်ရှဲ့ရဲ့သားကို အမွေဆက်ခံသင့်တဲ့ မိသားစုစီးပွားရေးအမွေကိုလည်း ယူသွားပြီးပြီ။ သူ့သားအတွက် အသင့်တော်ဆုံးဇနီးအဖြစ် မဒမ်ရှဲ့ရွေးချယ်ထားတဲ့သူကိုတော့ သူ မယူသွားနိုင်တော့ဘူး။ အဲဒါကြောင့် သူ ဒီလိုလုပ်နေတာပါ..."

"ဒါပေမယ့် ကျန်းမိသားစုစီးပွားရေးက အရည်အချင်းအရှိဆုံးလူကို လွဲပြောင်းပေးတာမဟုတ်ဘူးလား။" ကျီဖေးက ပြန်ချေပလိုက်သည်။

"ဒါကြောင့် သူ ထောင့်မှာ ပိတ်မိနေတာပေါ့။ မဒမ်ရှဲ့မရှိရင် သူ သေသွားလိမ့်မယ် ပြီးတော့ သူ့လက်ရှိ အရည်အချင်းတွေကို ပြုစုပျိုးထောင်နိုင်စွမ်းလည်းရှိခဲ့မှာ မဟုတ်ဘူးလို့တွေးရင်လေ။ မိသားစုစီးပွားရေးကို အမွေဆက်ခံနိုင်တာဟာ မဒမ်ရှဲ့ရဲ့ စေတနာကြောင့်လို့ သူယုံကြည်တယ်။ သူမသာ တစ်ကိုယ် ကောင်းဆန်ပြီး ငယ်ငယ်တုန်းက သူ့ကို ဂရုမစိုက်ခဲ့ဘူးဆိုရင် ကျန်းမိသားစုရဲ့ အရာအားလုံးက ကျန်းယုရဲ့ဟာတွေဖြစ်သွားမှာလေ။ ပြီးတော့ ကျန်းယု အမှိုက်ဖြစ်လာတာက သူနဲ့ယှဥ်ခံရ ဖိအားပေးခံရတာကြောင့်နဲ့ မဆိုင်တာတော့ မဟုတ်ဘူးလို့ သူတွေးခဲ့တာ။”

ကျီဖေးဘာပြောရမယ်မှန် မသိတော့ချေ။အခြေအနေတစ်ခုလုံးက ရှုပ်ထွေးလှသည်။

ဒီရှုပ်ထွေးတဲ့ဆက်ဆံရေးတွင် စမ်ထင်ကသာ အဓိကအားဖြင့် အပြင်လူတစ်ဦးဖြစ်သောကြောင့် သူမကို အားနည်းတဲ့ ခံရသူအဖြစ်မြင်ရန်လည်း မလိုပါချေ။ ကျီဖေးသည် အခုလေးတင် ကျန်းရန်၏ သူရဲဘောကြောင်သော ပြန်လည်မရယူလိုသော အချစ်အတွက် သူမကျေနပ်မှုကို ဖွင့်ဟခဲ့တာဖြစ်သည်။

ရှုပ်ထွေးသောခံစားချက်များဖြင့် သူတို့ နောက်ဆုံးတွင် စေ့စပ်ပွဲသို့ ရောက်ရှိလာခဲ့ကြသည်။

ဒီတစ်ခါမှာတော့ မိသားတစ်စုလုံး ရှိနေကြတယ်။

Qin မိသားစုသည် ကျီဖေးနှင့်အတူ ပွဲတက်ရောက်ရမည့် အခွင့်အရေးကို မည်သို့လက်လွတ်မခံမည်နည်း။

သူတို့ အတင်းအဖျင်းစကားတွေကို လွမ်းဆွတ်နေတာ ဘယ်သူသိမှာလဲ။

တူညီသောစိတ်ထားနှင့် လူအချို့လည်းရှိနေပုံရသည်။

ကျီဖေးပွဲကိုရောက်ကတည်းက ခါတိုင်းထက်ပိုပြင်းထန်သောအကြည့်များကို လက်ခံရရှိနေတာကိုခံစားမိသည်။

[အဟမ်း ငါဘာလို့ ဖိအားတွေအရမ်းများနေရတာလဲ ? တကယ်ပဲ အရည်ရွှမ်းတဲ့ အတင်းအဖျင်းတွေအများကြီးရှိပေမယ့် ဒါတွေအားလုံးက အသံတိတ်အတင်းအဖျင်းတွေ ပေါက် ကွဲထွက်လို့မရဘူးဟ။ အမျာဆုံးစခရင်က‌နေ တဆင့် တတ်တိတ်လေးစောင့်ကြည့်ရုံပဲ။ မိတ်ကပ်အထူကြီးအောက်ကနေတောင် မျက်ကွင်းတွေမှာအညိုရောင်စက်ဝိုင်းဖြစ်နေတာ မြင်နိုင်သေးတယ်။ ခံစားနေရပြီမဟုတ်လား။ လိပ်နင်ဂျာကြီး၊ ဒါကိုယ်ရွေးတဲ့ လမ်းပဲလေ။]

ချင်မိသားစုသည် ကျီဖေး၏အကြည့်နောက်သို့ လိုက်ကြည့်လိုက်ကာ အလွန်ဂုဏ်သိက္ခာရှိပြီးကြော့ရှင်းသောအမျိုးသမီးတစ်ဦးနှင့်အတူ ဧည့်သည်များကိုနှုတ်ဆက်နေသော ကျန်းရန်ကိုတွေ့လိုက်ရသည်။

All Chapters