← Chapters

အခန်း (၂၈၀)

Vol. 28 Ch. 280

အခန်း (၂၈၀)

Vol. 28 Ch. 280

"သူစောစောက အရမ်းတက်ကြွနေခဲ့တာ မအံ့သြတော့ပါဘူး၊ သရုပ်ဆောင်ကောင်းလိုက်တာ။"

“စောစောက သူ့အစ်ကိုကို သိက္ခာချဖို့အသဲအသန်ကြိုးစားနေတာ။ အခုတွေးကြည့်ရင် အန်ချင်တယ်။”

“သူတို့ နှစ်ယောက်စလုံး ရူးနေကြတာထင်တယ်။ ဒီအမေနဲ့ သမီးတို့ သူတို့မိသားစုဝင်ကို ဒီလိုဆက်ဆံတယ်။”

"ရူးရုံတင်မကဘူး ရက်စက်တာ။ 'လူဆိုး' ဆိုတဲ့ စကားလုံးကို သူတို့ နဖူးမှာ ထွင်းထားသင့်တယ်။ ကျန်းရန်အတွက် ဒီလို ဆွေမျိုးတွေရှိတာ ကျိန်စာသင့်တာပဲ။"

"သူ့သားကို ကိုင်တွယ်ဖြေရှင်းဖို့အပြင်လူတွေနဲပူးပေါင်းတယ်။ တကယ်ကို သာမန်လူတွေ နားလည်နိုင်တဲ့ အပြုအမူမဟုတ်ဘူး။"

"ကျန်းယုလည်း မထူးပါဘူး၊ အခုလေးတင် သူက ကျန်းရန်ကို တိရိစ္ဆာန်လို့ခေါ်နေတာ။ ဒါပေမယ့် သူ့ဖော်ပြချက်က သူနဲ့ပိုကိုက်ညီမယ်ထင်တယ်။"

“ခံရတဲ့လူလို ဟန်ဆောင်ဖို့ကြိုးစားတယ်။ ဒါကိုလုပ်ဖို့ ဉာဏ် ရည်ကမမှီပြန်ဘူး။”

"ဆန်ကုန်မြေလေးကောင် သူ့ဝမ်းကွဲကို ကြံစည်ဖို့တကယ်ပဲ သူ့စေ့စပ်ထားသူကိုတောင် စွန့်လွှတ်လိုက်တယ်။ စမ်မိသားစုရဲ့ မျက်နှာကို ကြည့်ပါဦး သူတို့ဒေါသထွက်နေကြပြီ။ ဒါက လုံးဝကို အရှက်ကွဲတာပဲ။”

ကျန်းမိသားစုဝင်များ၏ အမူအရာမှာလည်း တင်းမာလွန်းလှသည်။ ကျန်းယု၏မိခင်ဖြစ်တဲ့ မဒမ်ရှဲ့ဒေါသပေါက်ကွဲသွားသည်ကိုကြည့်ရန် လူတိုင်းက သူမကိုလှည့်ကြည့်ကြသည်။ သို့သော် ယခုအချိန်တွင် သူမသည် တည်ငြိမ်စွာထိုင်နေလေသည်။

ထိုတည်ငြိမ်မှုသည် မဒမ်ဝမ်ကို ပိုဒေါသဖြစ်စေခဲ့ပြီး သူမ၏ မျက်လုံးများသည် ဒေါသကြောင့်နီရဲလာသည်။ သူမသည် ပြင်းထန်စွာရုန်းကန်ခဲ့ပြီး သူမပါးစပ်မှ ပိတ်ထားပြီးနှင့် သူမလက်များကို ချုပ်ထားခြင်းကြောင့်သာ မဟုတ်ပါက မဒမ်ရှဲ့အား စွဲချက်တင်ပြီးအော်ဟစ်နေပြီးဖြစ်လောက်သည်။

ပွဲကြည့်နေသော ကျီဖေးသည် ရုတ်တရက်တစ်ခုခုမှားနေသလို ခံစားလိုက်ရသည်။ မဒမ်ဝမ်သည် မဒမ်ရှဲ့အပေါ် မုန်းတီးမှုကို လုံးဝမဖုံကွယ်ထားခဲ့ပေ။ မဒမ်ရှဲ့က သူ့လူတွေကို သူမကို ချုပ်ခိုင်းထားလို့ပဲလား။

အခုအချိန်တွင် ကျန်းယုက သူစီစဉ်ထားတဲ့အရာအားလုံးကို ထုတ်ဖော်နေသည်။ ကျန်းရန်၏ စိတ်ပူပန်သောကရောက်သည့်အမူအရာကိုမြင်တော့ သူက ရယ်ပြီးပြောလိုက်သည်။

"ငါ မင်းနဲ့ ထိုက်တန်တာကိုပေးလိုက်တာပါ။၊ ငါ စမ်ထင်ကို ထိတောင်မထိဘူး၊ သူ့ကို မင်းအတွက်ထားခဲ့တာ။ အဲဒါက အမွေဆက်ခံသူရာထူးအတွက် ငါ့ရဲ့အလဲအလှယ်လို့ စဉ်းစားလိုက် ပါ။ ဘာပဲဖြစ်ဖြစ် မင်းကတော့သွားပြီပဲ၊ စမ်ထင်ပြန်လာတဲ့အခါ အရာအားလုံးပြီးသွားပြီ။"

ဒီအခါမှာ ကျန်းယုက မောက်မာစွာနဲ့ ထပ်ပြောလိုက်သည်။

“မင်း အခု ငါ့ကို ဒူးထောက်ပြီး တောင်းပန်ရင် ဖြစ်နိုင်တာက ငါ့ဇာတ်လမ်းကို ပြောင်းဖို့စဥ်းစားပေးပြီး မင်းအတွက် ဂုဏ် သိက္ခာနဲနဲ ချန်ထားပေးနိုင်ပါတယ်။ ဒါပေမယ့် အမွေဆက်ခံသူ ရာထူးကိုတော့ တွေးတောင်မတွေးနဲ့။ မင်း အမြဲတမ်း ငါ့ကို ရှုံးနိမ့်တဲ့ ပြိုင်ဘက်ဖြစ်လာလိမ့်မယ်။”

ထိုအချိန်တွင် ကျန်းရန်၏ အရှိန်အဝါသည် နောက်ဆုံးတွင် ပြောင်းလဲလာသည်။ သူက နှာခေါင်းရှုံ့လိုက်သည်။

“ပြိုင်ဘက်ကို အနိုင်ယူမယ်။ ဒီလို စက်ဆုပ်ဖွယ်နည်းလမ်းတွေနဲ့ အနိုင်ရတာက ဂုဏ်ယူစရာလို့မင်းထင်တာလား။ မင်း အမေကို မင်းတကယ် စိတ်ပျက်စေခဲ့တာပဲ။”

"ပါးစပ်ပိတ်ထား! ငါမင်းကိုအခွင့်အရေးပေးခဲ့တယ် မင်းမယူဘူးမလား? ကောင်းပြီ မင်း စမ်ထင်ကို အတင်းအကြပ်လုပ်ခဲ့တာကို ငါ သေသေချာချာ တာဝန်ယူပေးရမှာပေါ့။"

ကျန်းယု၏အာခံမှုကိုမြင်လိုက်ရသော ကျန်းရန် ချက်ချင်းပင် ဒေါသထွက်သွားသည်။

"ဟား၊ မင်း သူ့ကို ဆေးခပ်ပြီးတာတောင် စမ်ထင်က မင်းနဲ့ ပူးပေါင်းမယ်လို့ မင်းတကယ်ထင်နေတာလား။"

"သူက စေ့စပ်ပွဲနေမှာ စေ့စပ်ထားသူရဲ့ဝမ်းကွဲနဲ့ ပတ်သက်နေတဲ့အမျိုးသမီးတစ်ယောက်လေ။ ဉာဏ်ကောင်းရင် သား ကောင်အဖြစ် ကစားလိမ့်မယ်။ မဟုတ်ရင် သူမလည်း ပျက်စီးသွားလိမ့်မယ်။ ဒါပေမယ့် သူမ ဘာမှမဖြစ်ခဲ့ဘူးဆိုပြီးဟန် ဆောင်နေရင်တောင် အရေးမကြီးဘူး။ သူ့ကို အရှုပ်ထဲကနေ အလွှတ်မခံဘူး။" ကျန်းယုက ကြွားဝါလိုက်သည်။

ကျန်းရန်သည် သူ့မာနကြောင့် ရယ်ချင်လုနီးပါးဖြစ်သွားသည်။ "မင်း ကိုယ်မင်း တစ်ခုခုလို့ ထင်နေတာ မဟုတ်လား။"

ကျန်းယုသည် ကျန်းရန်၏ လေသံ လုံးဝပြောင်းသွားသည်ကို သတိမထားမိလိုက်ပေ။ သူ့အစီအစဥ်ကိုမြင်ပြီး စျာန်ဝင်လွန်းနေသည်။

"ဘာလဲ။ ငါမလုပ်နိုင်ဘူး ထင်လို့လား။ ရိုးရိုးလေးပါ။ စမ်ထင်ရဲ့ ခန္ဓာကိုယ်ကိုစစ်ဆေးဖို့ ဆရာဝန်ဆီ ခေါ်ပြီး သူ လတ်တ လောအိပ်ခဲ့လား ဆိုတာ စစ်ဆေးကြည့်ရုံပဲ။ ဒါဆို ငြင်းလို့မရဘူး။ စစ်ဆေးခံရတာကိုငြင်းရင် အပြစ်ရှိကြောင်း သက်သေပြလိုက်တာပဲ။"

သူပြောပြီးသည်နှင့် ကျယ်လောင်သော ထိုးသံကိုကြားလိုက်ရသည်။

"မင်းကို ဘယ်အရာက ဒီလိုလုပ်ခွင့်ပေးတာလဲ။ မင်းကိုယ်မင်း ဘာကောင်လို့ထင်နေလဲ!"

ကျန်းရန် ဒေါသတကြီးအော်လိုက်သည်။

ကျင်းယု၏ အရှက်ကင်းမဲ့သော စီမံချက်ကြောင့် ထောင် ချောက်ဆင်နေပြီး ထိန်းသိမ်းထားခဲ့သော တည်ငြိမ်နေသည့် မျက်နှာသည် ပျောက်ကွယ်သွားသည်။

ကျီဖေးနှင့် အခြားသူများပင်လျှင် ကျန်းယုသည် အဆုံးမှာ ကိုယ်ကျင့်တရားပျက်ပြားမှု ခြိမ်းခြောက်အကျပ်ကိုင်ခြင်း အသုံးချလိမ့်မည်ဟု မထင်ထားခဲ့ပေ။ ထိုသို့သော လုပ်ရပ်သည် ဂုဏ်သိက္ခာရှိသော မိသားစုမှ အမျိုးသမီးဖြစ်သူ စမ်ထင်အတွက် လုံးဝအရှက်ရစေသည်။

အားလုံးက စင်ပေါ်မှ စမ်ထင်ကိုလှည့်ကြည့်လိုက်ကြသည်။ သူမ မျက်လွှာချထားရင်း သူမအမူအရာက ရေခဲကဲ့သို့ အေးစက်နေသည်။

"ငါ့ကို ပိုပြင်းပြင်းထိုးလေ။ မင်း ထိုးလေလေ သူတို့မြင်တာနဲ့ မင်းကိုဆိုးလွန်းတယ်လို့ လူတွေက ထင်လိမ့်မယ်။ ဟားဟား။"

ရုပ်ပိုင်းဆိုင်ရာအရ ပြန်မတိုက်ခိုက်နိုင်သော ကျန်းယုသည် ကျန်းရန်ကို ယဆွခဲ့သည်။

ကျန်းရန်အသက်ပြင်းပြင်းရှူပြီး အေးစက်စက်ရယ်မောလိုက်သည်။

"ကျန်းယု၊ မင်းက အဖတ်ဆယ်လို့မရနိုင်လောက်အောင်လွန် သွားပြီ။ ဒါပေမယ့် အရမ်းဘဝင်မြင့်မနေနဲ့။ မင်းတကယ်ပဲ အောင်မြင်နိုင်လိမ့်မယ်လို့ ထင်နေတာလား။ မင်းကို ပြောပါဦးမယ်။ စမ်ထင်နဲ့ ငါဘာမှမဖြစ်ခဲ့ဘူး။"

ကျန်းယုအံ့အားသင့်သွားပြီး မြန်မြန်ငြင်းလိုက်သည်။ "မဖြစ်နိုင်တာ! ဘာမှမဖြစ်ခဲ့ရင် မင်းက ဘာလို့ ပုန်းနေတာလဲ။"

"မင်း ငါ့ကိုပေးခဲ့တဲ့ဆေးရဲ့အာနိသင်က ဘယ်လောက်ခံတယ်ဆိုတာ မင်းမသိဘူးလား၊ တကယ်လို့တစ်ခုခုဖြစ်ခဲ့မယ်ဆိုရင် ငါအခု နိုးနေပါ့မလား။" ကျန်းရန် အေးစက်စွာပြောလိုက်သည်။

သူဤသို့ပြောသောအခါ ကျန်းယုလည်း သံသယဝင်လာကာ ပြန်လည် မချေပနိုင်တော့ချေ။

"ငါတကယ် ဆေးခပ်ခံခဲ့ရတာပါ။ စမ်ထင်လည်း မင်းကြောင့် မလှုပ်ရှားနိုင်ခဲ့ဘူး။ ဒါပေမယ့် ငါ့မှာ ဦးနှောက်ရှိတုန်းပဲ၊ အကူအ ညီမရောက်လာမချင်း နိုးနေဖို့ ငါ့လက်ကိုဒဏ်ရာရအောင်လုပ်ခဲ့တယ်။" ကျန်းရန် ဆက်ပြောလိုက်သည်။

ကျန်းယုသည် ထိုအခိုက်အတန့်တွင် ရှင်းသွားပုံရသည်။

"အဲဒါ ချင်ရှန့်နဲ့ ကျီဖေးပဲ!"

"ဟုတ်တယ်၊ ငါတို့သူငယ်ချင်းတွေက ဆရာဝန်ကိုခေါ်လာပြီး ငါတို့ကို ဆေးကုပေးခဲ့တာ။ အဲဒါကြောင့် ငါတို့ အခုပြန်လာခဲ့တာပဲ။"

ကျန်းရန်က ပြောလိုက်သည် "ဒါကြောင့် မင်းရဲ့အစီအစဥ်က ကျရှုံးသွားပြီ၊ စမ်ထင်က ဖြူစင်ပြီးတော်တဲ့မိန်းကလေးဖြစ်နေတုန်းပဲ။ မင်း သူ့ကို နာကျင်အောင်မလုပ်နိုင်ဘူး။"

ကျန်းယု၏အကြံအစည်မှာ နှောက်ယှက်ခံလိုက်ရကာ သူ့မျက် နှာသည် ရုပ်ဆိုးသွားခဲ့သည်။ သူသည် ကျန်းရန်ကိုရက်ရက် စက်စက် စိုက်ကြည့်ကာ တစ်ခုခုကို ရုတ်တရက် တွေးမိသွားသလို ပြုံးလိုက်သည်။

"ဒါဆိုရင် ဘာလို့ မင်းငါတစ်ယောက်တည်းကိုပဲ ခေါ်တာလဲ။ မင်း စိတ်ထဲမှာ မသေချာလို့ မဟုတ်ဘူးလား။ မင်း ဘာမှမဖြစ်ခဲ့ဘူးလို့ပြောနေရင်တောင်မှ မင်းကို ဘယ်သူက ယုံမှာလဲ။ ငါတို့ အခင်းဖြစ်ပွားရာနေရာကိုလည်း တွေ့ခဲ့တယ်၊ စမ်ထင်ကို စစ်ဆေးဖို့ ငါတောင်းဆိုနိုင်သေးတယ်။ သူ သဘောတူတူ မတူတူ ငါ့ရဲ့ သံသယနဲ့ မသင်္ကာဖြစ်တာကို ငါ ပြောပြရမှာပဲ။ မင်းအပေါ်ရှိနေတဲ့သံသယနဲ့ဆို ကျန်းမိသားစုက မင်းကိုဆက်ခံသူအဖြစ် ဆက်ကြေညာလိမ့်မယ်လို့ ငါ မယုံဘူး။"

“ဘာ မြင်ကွင်းလဲ။”

ကျန်းရန် ချက်ချင်း မျက်မှောင်ကြုတ်လိုက်သည်။

ကျန်းယုသည် ဘဝင်မြင့်သွားပြန်သည်။

"ထုံးစံအတိုင်း မင်းရဲ့ နှစ်ယောက်'ပျော်စရာ'တွေလုပ်အပြီး ကျန်ခဲ့တဲ့နေရာပေါ့။"

"ချီးစကားတွေ၊ ဒါ မင်းကြံစည်ထားတဲ့ နောက်တစ်ခန်းပေါ့။ "

"အဲ့တော့ ဘာဖြစ်လဲ။ မင်း ကံမကောင်းဘူးဖြစ်သွားတယ်။ အဲဒါက မင်းညီမနဲ့ ငါသုံးတဲ့အခန်းလေ၊ မင်း အဲဒီမှာ ပုန်းနေတယ်ဆိုကတည်းက ငါတို့က မင်းကိုပေးလိုက်တာပေါ့။ ဟားဟား!"

လုပ်နေကြအတိုင်းအကျင့်ဖြစ်စွာ ကျန်းရန်ကို သူ့မိသားစုနှင့် ပတ်သက်ကာ နာကျင်အောင်လုပ်ရန် ကျန်းယုသည် ကြိုးစားနေသေးသည်။ သူ့ညီမနဲ့အတူအိပ်ပြီး သူမနှင့် ပူးပေါင်းကြံ စည်သည်ကို ကြွားလုံးထုတ်ရင်း ကျန်းယုအရမ်းကျေနပ်သွားသည်။

ဒါပေမယ့် ကျန်းရန်အတွက်က အရေးမကြီးတော့ပေ။ ထိုမိခင်နှင့်သမီးတို့၏သစ္စာဖောက်မှုကြောင့် သူ့စိတ်နှလုံးသား ကြေကွဲနေခဲ့ပြီးဖြစ်သည်။

သို့သော် ခန်းမထဲကလူများသည်တော့ တုန်လှုပ်သွားခဲ့သည်။

ကျေးဇူးကန်းသောညီမသည် သူ့အစ်ကိုကို ဤကဲ့သို့ဆက်ဆံသည်မှာ အံ့ဩစရာမဟုတ်ဟု လူတိုင်းတွေးလိုက်ကြသည်။ ရှင်းရှင်းကြီးကို သူမသည် အပြင်လူနှင့် ကျိတ်ပုန်းခုတ်နေ သည်ပင်။

ထပ်ပြီးလည်း သူတို့သိသွားသည်က ချမ်းသာတဲ့သူတွေက တကယ်ကို ရှုပ်ထွေးနေပြီး ကျန်းရန်ကတကယ်ကံဆိုးသည်။

ထိုအခိုက်အတန့်တွင် ဝမ်ရူ၏မျက်နှာသည် ဝက်အသည်းရောင်ပြောင်းသွားသည်။ သူမဆန္ဒရှိရှိလုပ်ခဲ့သော်လည်း ဤကဲ့သို့ လူသိရှင်ကြားတော့ မဖြစ်လိုပေ။ ကျန်းယုက အာချောင်လှသည်။ ဘယ်လိုလုပ် အားလုံးကို ပြောပစ်လိုက်တာလဲ။

တကယ်ကို အားလုံးသွားပြီ။

လွန်ခဲ့သည့်အခိုက်အတန့်က ပြင်းထန်စွာ ရုန်းကန်နေရသော မဒမ်ဝမ်သည် ကျန်းယု၏စကားကြားပြီးသောအခါတွင် သူမဝိညာဉ်ခန္ဓာကိုယ်မှလွင့်သွားသကဲ့သို့ လုံးဝငြိမ်ကျသွားသည်ကို မည်သူမှသတိမထားမိလိုက်ပေ။

All Chapters