← Chapters

အခန်း (၂၆၂)

Vol. 27 Ch. 262

အခန်း (၂၆၂)

Vol. 27 Ch. 262

ကျီဖေး၏အခန်းရှိ ကုတင်သည် နှစ်ယောက်အိပ် ကုတင်ကျယ်ကြီးဖြစ်သည်။ ချင်ရှန့်သည် ထိုပေါ်တွင်လှဲလျောင်းနေကာ ကျီဖေး အိပ်ရလွယ်စေရန် သူ့ခန္ဓာကိုယ်ကို ဖြေလျှော့ထားပြီး သူ့လက်သည် ကျီဖေးကို ညင်သာစွာပွေ့ဖက်ထားကာ ခေါင်းအုံးတစ်အုံး၏တာ၀န်ကို ကျေပွန်စွာထမ်းဆောင်နေသည်။

ကျီဖေးသည် ချင်ရှန့်၏ ဗိုက်ကြွက်သားပေါ်တွင် သက်တောင့်သက်သာ ထိကပ်ထားပြီး လက်တစ်ဖက်သည် သူ့ခါးကို တင်း တင်းဖက်ထားကာ ကျန်တစ်ဖက်သည် ဖုန်းစခရင်ကိုပွတ်ဆွဲနေသည်။

ချင်ရှန့်၏ထူးခြားသော ကိုယ်သင်းရနံ့သည် သူမကို ဝိုင်းရံထားသဖြင့် အဓိပ္ပါယ်ဖော်နိုင်အောငိ လုံခြုံမှုကိုခံစားမိသဖြင့် သူမ ၏စိတ်အစဉ်သည် အလွန်တည်ငြိမ်နေပြီး သူမကိုယ်သယမ လွင့်မျောနေသောကျူပင်အလားခံစားရသည်။

ထူးဆန်းသည်မှာ ၎င်းတို့နှစ်ယောက်လုံးသည် ထိုအခြေအနေအတွက် အဆင်မပြေမှုများစိတ်မသက်မသာမှုများ နည်းနည်းမှမခံစားရပေ။

ထိုအစား ၎င်းတို့၏ ခန္ဓာကိုယ်နှင့် ဝိညာဉ်တို့နှစ်ခုလုံးသည် တစ်သားတည်းဖြစ်နေသည့်အလား သဟဇာတဖြစ်မှုနှင့်အတူ ပွေ့ဖက်ထားခြဂ်းကြောင်း နွေးထွေးမှုကိုတဖြည်းဖြည်းခံစားလာရသည်။

ချင်ရှန့်သည် ဤအခိုက်အတန့်လေးကို မယုံနိုင်လောက်အောင် ပျော်ရွှင်နေမိသည်။

ဤတိုတောင်းသော တစ်နှစ်ခွဲကာလတွင် ၎င်းတို့ဘ၀နှစ်ခုသည် တစ်သားကျသွားသည်ဟုတွေးမိသည်။

ယခင်ကနှင့်မတူပဲ ပြောင်းလဲသွားသော ကျီဖေးသည် သူ့နှလုံး သားထဲတွင် အရေးပါဆုံးသော တည်ရှိမှုဖြစ်လာခဲ့သည်။

သူဘယ်တော့မှ လက်လွှတ်မည်မဟုတ်တော့ချေ။

"ချင်ရှန့် ရှင် သိလား..." ကျီဖေး ရုတ်တရက် မော့ကြည့်လာသည်။

ချင်ရှန့်သည် ကျီဖေးကိုသာ တချိန်လုံး စောင့်ကြည့်နေသဖြင့် သူမ မော့ကြည့်လာသောအခါ မျက်လုံးချင်းဆုံသွားသည်။

ထိုအချိန်တွင် ချင်ရှန့်သည် သူ မေ့ပျောက်နေသော မှတ်ဉာဏ်ထဲမှ မြင်ကွင်းတစ်ခုကို သတိရသွားသည်။

ခပ်သေးသေးနှင့် ချစ်စဖွယ်ကောင်းသော မိန်းကလေးတစ်ဦးသည် ကျီဖေးလိုပင် မော့ကြည့်လျက် "ချင်အာ့ကော အခုမှစပြီး ကောက မီးမီးခေါင်းအုံးပဲ၊ မီးမီး အိပ်မပျော်မချင်း ကော လှုပ်လို့ရဘူးနော်"

ပါးပါးချင်နှင့် မားမားချင်တို့ အခန်းထဲ၀ယ်

၎င်းတို့နှစ်ယောက်သား ငြိမ်သက်စွာလဲလျောင်းနေကြချိန် မားမားချင်သည် ရုတ်တရက်ထရယ်လာသဖြင့် ပါးပါးချင်က

"မင်း အရမ်းပျော်တာပဲလား? သူတို့နှစ်ယောက် အတူတူအိပ်ကြရင်တောင် ဖေးဖေးကမစရင် ဘာမှဖြစ်မှာမဟုတ်ဘူး၊ ပြီးတော့ ဖေးဖေးက အရင်စရင်တောင် မင်းသားလိုတွန့်ဆုတ်တွန့် ဆုတ်နဲ့တော့ တစ်ခုခုဖြစ်လာမလားဆိုတာ မသေချာဘူး"

သူသည် သားဖြစ်သူကို လျှော့တွက်ခြင်းမဟုတ်ပေ။ ချင်ရှန့်ဆိုသည့်‌ကောင်သည် ဆေးမိခဲ့တုန်းကတောင် ဘာမှမဘာခဲ့ပေ။

သူ၏နှေးကွေးသော ဗီဇီအရဆိုလျှင် အိမ်ထောင်ရေးကို ပြီးမြောက်အောင် အစပြုရန်မဖြစ်နိုင်ပ။

သူ့ ချွေး‌မ‌လေးဆီမှ စိတ်အားထက်သန်မှုအနည်းငယ်ကူးစက် သွားလျှင်တော့ မပြောတက်ပေ။

မားမားချင်သည် ရယ်မောလျက် "ကျွန်မ ဟိုးအရင် အားလပ်ရက်တုန်းရ ဗီလာမှာ ဖြစ်ခဲ့တဲ့ အဖြစ်အပျက်ကိုသတိရမိလို့ပါ၊ အဲ့တုန်းက ဖေးဖေးက အမြဲတမ်း သူ့ခေါင်းအုံးကိုဖက်ပြီး အိပ်တက်တယ်လေ၊ ဒါပေမဲ့ အဲ့မှာ သူ ယူလာတဲ့ ခေါင်းအုံးက မတော်တဆညစ်ပတ်သွားလို့ သူ့ အမေကပြန်လျှော်ပေးထားတာ၊ အဲ့မှာ တရေးတမောအိပ်ရမဲ့အချိန်ရောက်တော့ ဖေးဖေးကခေါင်းအုံးမပါပဲ မအိပ်တတ်တော့ ချင်ရှန့်ကို သူ့ ခေါင်းအုံးလုပ်ခိုင်းတာလေ"

ပါးပါးချင်လည်း လိုက်ရယ်မောရင်း“ဟုတ်ပ၊ ဟားဟား... အဲ့ကောင်စုတ်လေးက ဖေးဖေးရဲ့ ခေါင်းအုံးလိုငြိမ်ငြိမ်လေးနေနေတာလေ၊ သူနိုးလာတော့ သွေးလည်ပတ်မှုက သိပ်မကောင်းတော့လို့ မတ်တပ်ရပ်ဖို့ အချိန်တော်တော်ကြာခဲ့တာ၊ သူက ချွေးတွေပါထွက်နေလို့ ဖေးဖေး အရမ်းကြောက်သွားတာ"

မားမားချင်သည် "ဖေးဖေးက အာ့ကောကို သူဖိမိခဲ့တယ်ထင်ပြီး 'ချင်အာ့ကော၊ မသေနဲ့၊ မီးမီး ကောကို ခေါင်းအုံးမလုပ်တော့ပါဘူး' ဆိုပြီး ငိုပါလေရော၊ ဒါပေမယ့် အဲဒီအချိန်တုန်းက ချင်ရှန့် ဘာမှပြန်မပြာ၊ ဘာမှမလုပ်ပဲနဲ့ သူ့မျက်နှာကလည်း ထုံပေပေနဲ့ သူ ငိုနေတာကို ရပ်ကြည့်နေတာလေ၊ သူ မပြောပေမဲ့ ဖေးဖေး ငိုလိုလန့်နေတာတော့ အသိသာကြီး"

ပါးပါးချင်သည် "ဟုတ်တယ်၊ ဖေးဖေးက ခေါင်းအုံးပြန်ရတော့ ချင်ရှန့် ကို ခေါင်းအုံးမလုပ်ခိုင်းတော့ပေမဲ့ ချင်ရှန့်ကတော့ သူ အိပ်ခါနီးတိုင်း ဘေးမှာတိတ်တိတ်လေးမတ်တပ်ရပ်နေတာ မသိရင် ခေါင်းအုံးလိုမှာဆိုးလို့ အဆင်သင့်ရပ်နေတဲ့ပုံနဲ့"

မားမားချင် ရယ်မောလို့မဆုံးတော့ပဲ "ဆိုးတာက ဖေးဖေးက သူ့ကို ထပ်ပြီးနာကျင်အောင်လုပ်မိမှာ အရမ်းကြောက်ပြီး ချင်ရှန့် ကို ခေါင်းအုံးအဖြစ်မသုံးတော့ဘူး၊ ချင်ရှန့်က ဘယ်လိုပဲအရိပ်ပြပြ သူကတော့ ငြင်းပဲ ငြင်းတော့တာ၊ အဲ့ကောင်လေး တော်တော်စိတ်ပျက်နေမှာသေချာတယ်၊ ဒီလောက်နှစ်တွေကြာတာတောင် သံသရာက တစ်ပတ်ပြန်လည်လာမယ်လို့ ဘယ်သူထင်မှာလဲ"

လင်မယားနှစ်ယောက်သည် ရယ်မောခြင်းကိုအတောမသတ်နိုင်တော့ချေ။

တစ်ဖက်တွင် ချင်ရှန့်သည် ကျီဖေးကို စိုက်မြဲအတိုင်းသာ စိုက်ကြည့်နေသည်။ ထို့ကြောင့် သူ့ မျက်လုံးများရှေ့တွင် သူ့လက် ကို ဝှေ့ယမ်းလိုက်သည်။

ချင်ရှန့် သတိပြန်၀င်သွားပြီး တစ်ခုခုမေးချက်သော်လည်း မည်သို့အစပြုရမှန်းမသိချေ။

"ပင်ပန်း‌နေပြီးလား ?"

ကျီဖေးက "ဒါမှမဟုတ် ကျွန်မနဲ့ လှဲနေလို့အဆင်မပြေတာလား၊ ရှင် ကျွန်မကို တစ်ချိန်လုံး ဖက်ထားဖို့မလိုဘူးနော်"

ချင်ရှန့်သည် တွေးတောင်မတွေးပဲ "အရမ်းအဆင်ပြေတယ်၊ ကိုယ် မင်းကို တစ်သက်လုံးဖက်ထားနိုင်တယ်"

ကျီဖေး: "ဟမ် ?"

ဒါက သူ့ခန္ဓာကိုယ် တစ်ဝက်လောက်ကိုထုံကျင်သွားစေမှာ မဟုတ်ဘူးလား?

သူ့ ကြွက်သားတွေက တကယ်ခံနိုင်ရည်ရှိလို့လား?

ကျီဖေး ဘာမှမပြောနိုင်ခင် ချင်ရှန့်သည် သူ့ရင်ဘက်အား ပိုမိုပြေလျှော့လိုက်ပြီး ကျီဖေးပိုသက်သာဖြစ်စေရန် နေလိုက်သည်။

သူ့ဖက်ပြီးတာနဲ့ ဘယ်တော့မှ လွှတ်မှာ မဟုတ်တော့ချေ။

"မင်း ကိုယ့်ကို ဘာပြောချင်လို့လဲ" ချင်ရှန့် မေးလိုက်သည်။

ကျီဖေး အမှတ်ပြန်ရသွားပြီး သူမဖုန်းကို ပြလိုက်ကာ အတင်း အဖျင်းပြောလိုက်သည်။

"ဒီတစ်ခါ ပွဲက အရမ်းကြီးလို့ လိုင်းပေါ်မှာတောင် အရမ်း ရေပန်းစားနေပြီ"

ချင်ရှန့် တစ်ချက်ကြည့်လိုက်သည်။ အမှန်ပင် ၎င်းတို့အားလုံးနီးပါး၏နာမည်များသည် ထင်ရှားလှစွာပင်။

ချီမိသားစု၏ သခင်လေးသည် အမျိုးသမီးနှစ်ယောက်လုံးမှာ သူ့ကို ချစ်နေသည်ဟုသော ရူးကြောင်ကြောင် အတွေးမျိုးရှိသဖြင့် လှေနံနှစ်ဖက်နင်းချင်သော်လည်း ထိုနှစ်ယောက်မှာ ညီအစ်မအရင်းများ ဖြစ်ကြသည်ကို သိသွားခဲ့သည်။

ပေါ်ထွက်လာသည့် အချက်အလက်တိုင်းသည် ပေါက်ကွဲမတက် ရေပန်းစညးသဖြင့် အင်တာနက်သုံးစွဲသူများကြား ဆွေးနွေးမှုသည် မကြုံစဖူး စည်းကား‌လို့နေသည်။

ကျီဖေးသည် မူလတွင် ထိုအကြောင်းများမှာ အမြန်ဖယ်ရှားခံရမည်ဟုထင်ခဲ့သည်။

သို့သော် ဤတစ်ကြိမ်တွင် အချိန်အတော်ကြာအောင် တည်ရှိနေခဲ့သည်။

ကျီဖေး စပ်စုချင်လာသည်။

"သုံးပွင့်ဆိုင်ဆိုတော့ သူတို့အကုန်လုံးမှာ ဖြစ်ချင်တာတွေရှိလို့ ပြီးဖို့မလွယ်ဘူး" ချင်ရှန့် ရှင်းပြလိုက်သည်။

"သုံးပွင့်ဆိုင် ?"

"ချီမိသားစု၊ လီလီမိသားစုနဲ့ ကောင်းမိသားစုလေ"

"ချီမိသားစုက မျက်နှာမပျက်ချင်တော့ တခြားမိသားစုနှစ်စုက ဒီကိစ္စကို ပိုကြီးအောင်လုပ်ချင်တာလား ?" ကျီဖေးက တအံ့တသြမေးလိုက်သည်။

"သူတို့တစ်ဖွဲ့ချင်းဆီမှာ ကိုယ်ပိုင် အကြံတွေရှိလို့ထိပ်တိုက်တွေ့တဲ့အခါ ဘယ်သူမှ နောက်ပြန်မဆုတ်ချင်ဘူး၊ ဒီသတင်းကို မဖြတ်ခင် သီးသန့်ညှိနှိုင်းဖို့အချိန်ယူရလိမ့်မယ်"

ကျီဖေး ခဏလောက်စဉ်းစားပြီး "တကယ်တော့ ကျွန်မ ကောင်းယာလန် ဟန်ကျီယု အကြောင်းကို ဖော်ထုတ်လိုက်တော့ မစ္စတာကောင်းနဲ့ မစ္စကောင်းတို့ ဘယ်လိုတုန့်ပြန်မလဲဆိုတာ ပိုသိချင်တယ်"

ထိုလင်မယားနှစ်ယောက်ကို သူမ မသိသောကြောင့် အတင်းအ ဖျင်းကို မကြည့်နိုင်ပေ။

သူမသည် ကောင်းယာလန်နှင့် ဟန်ကျီယုအကြောင်းကိုသာ ကြည့်နိုင်သည်။

"သူတို့ ကောင်းယာလန်ကို ဘယ်လောက်ချစ်ချစ် အမှန်တရားက အမြဲတမ်းဖုံးကွယ်ထားလို့မရဘူး၊ သူတို့ သေချာဖုံးကွယ်ထားဖို့ အင်အားမရှိတာကြောင့်မဟုတ်ရင် လုံးဝဖုံးကွယ်ဖို့ မကြိုးစားတာဘဲ ဖြစ်နိုင်တယ်၊ မစ္စကောင်းက အဆင်ပြေပါတယ် ဒါပေမယ့် မစ္စတာကောင်းက..."

[တကယ်တော့ ဒါက ဇနီးဟောင်းနဲ့ လင်ငယ်က သစ္စာဖောက်ပြီးရခဲ့တဲ့ ကလေးဆိုတော့ ဘယ်ယောက်ျားမဆို လက်ခံဖို့ခက်မှာပဲ၊ ကောင်းယာလန့်က သူမ အဖေကိုဘေးကြပ်နံ့ကြပ်ထဲ တွန်းပို့လိုက်တာပဲ၊ တကယ်တော့ ကောင်းယာလန် ဖော်ထုတ်လိုက်တဲ့အချိန် သူ အရမ်းပြတ်သားတာဆိုတော့ အခု သူတို့ ဘယ်လိုဖြစ်နေလဲ သိချင်လိုက်တာ၊ နောက်ကျမှစစ်ဆေး ကြည့်ရမယ်]

ကျီဖေးသည် ချင်ရှန့်၏ဗိုက်ပေါ်ရှိ eight packs ကို မသိစိတ်မှ ပွတ်သပ်မိလိုက်သည်။

ရုတ်တရက် သူမ လက်အောက် ဗိုက်ကြွက်သားများသည် တဆတ်ဆတ်တုန်လာသည်။ ထိုအခါ ကျီဖေး သတိပြန်ကပ်လာသော်လည််း ဆက်လက်တွေးနေဟန်ဆောင်လိုက်သည်။ သို့ သော် သူမ အတွေးများသည်။ သူမကို သစ္စာဖောက်နေခဲ့သည်။

[Ahh ငါ့လက်က ပိုရိုး‌သားနေတာပဲ၊ ဒါကို အခွင့်ကောင်းယူရမယ်၊ ငါ့လက်က ဘယ်တုန်းက အဲ့ကိုရောက်သွားတာပါလိမ့်၊ ဟင့်အင်း ဒီခံစားချက်က အရမ်းကောင်းတာပဲ၊ ဖရဲသီးစားရင်း ထိပ်တန်းအလှတရားကို ခံစားရတဲ့ဘ၀! ဘယ်အတင်းအဖျင်းကြိုက်တဲ့သူက ဒီလိုအခြေအနေကို မကြိုက်ပဲနေမှာလဲ]

ကျီဖေး တွေးနေရင်း သူ ရပ်တန့်လိုက်သင့်သည်ဟု ခံစားမိသော်လည်း ချင်ရှန့်၏ အသံတိတ်ခုခံမှုနှင့် ရံဖန်ရံခါ တုန်လှုပ်မှုသည် သူမ၏ဆန္ဒများကိုသာ ပိုမိုလှုံ့ဆော်ပေးခဲ့သည်။ သူမသည် ချင်ရှန့် မတုန့်ပြန်သည်ကို ဆက်လက်အခွင့်ကောင်းယူနေခဲ့သည်။

ကျီဖေး ပျော်ရွှင်မှုကိုခံစားနေရချိန် တစ်စုံတစ်ယောက်သည် သူ၏ ကန့်သတ်ချက်ကိုရောက်သွားပြီဖြစ်သည်။

ရုတ်တရက် ကျီဖေး၏လက်ကောက်ဝတ်သည် ဖမ်းဆွဲခံလိုက်ရပြီး သူမကို ပွေ့ဖက်ထားသည့် လက်အစုံသည် ရုတ်ခြည်းတင်းကြပ်လာကာ ၎င်းတို့၏အသက်ရှူသံများချက်ချင်းရော ယှက်သွားသည်။

All Chapters