အခန်း (၂၇၁)
Vol. 28 Ch. 271
"အဲ့ဒါ ရှဲ့လီဖုန်လေ။"
ချင်ရှန့် ကျီဖေးကိုဖက်ထားရင်း တိုးတိုးလေးမိတ်ဆက်ပေး လိုက်သည်။ သူသည် ကျီဖေးအား အရေးပါသည့်ပုဂ္ဂိုလ်များကို ရှင်းရှင်းလင်းလင်းမိတ်ဆက်ပေးသည့် အလေ့အထကို မွေးမြူထားသည်၊ သို့မှသာ ကျီဖေးအနေဖြင့် အမည်များကို မျက်နှာနှင့်တွဲကာ သူ၏ "ဖရဲသီးစားခြင်း" ကို ပိုမိုလွယ်ကူစေမည်ဖြစ်သည်။
ဇနီးဖြစ်သူအား သူ့အတင်းအဖျင်းများတွင် သူ့ဘာသာသူပျော်ရွှင်ခံစားနိုင်ဖို့အတွက် အရာအားလုံးကို အလိုကျလွတ်ထား သည်။
မစ္စရှဲ့သည် သြဇာကြီးမားသည့် စီးပွားရေးသမားတစ်ဦးဖြစ် သည်။ သူသည် မူလက ပါးပါးချင်နှင့်ပူးပေါင်းခဲ့ပြီး ယခု ချင်ရှန့်၏စွမ်းဆောင်နိုင်မှုများကြောင့် ပါးပါးချင်သည် ၎င်း၏အ ဖိုးတန်နှစ်များကိုခံစားရန် စောစောအနားယူခဲ့ပြီး မစ္စရှဲ့သည် ချင်ရှန့်နှင့်ပူးပေါင်းခဲ့သည်။
ထို့ကြောင့်သူတို့သည် တစ်ယောက်နှင့်တစ်ယောက် အတော်လေးရင်းနှီးခဲ့ကြသည်။
နောက်ခံပုံရိပ်ဖြစ်လုနီးပါးဖြစ်သော ဒုတိယသခင်ကြီးကျန်းနှင့် အနီးအနားတွင်ရှိသည့် စမ်မိသားစုအဖွဲ့ဝင်များအပြင် ၎င်းတို့အားလုံးသည် အဖော်များဖြစ်သည်။ တွေ့ဆုံပြီးနောက်နွေးထွေးစွာနှုတ်ဆက်ကြသည်။
စမ်ထင်မှ နောက်ဘက်တွင် ပြင်ဆင်နေချိန်တွင် ကျန်းရန်သည် မစ္စရှဲ့နှင့်အတူ ဧည့်သည်များကိုဖျော်ဖြေရန်ကူညီပေးခဲ့ပြီး စေ့စပ်ပွဲမစမီအထိ ပေါ်လာမည်မဟုတ်ပေ။
ယုတ္တိကျကျပြောရလျှင် ကျန်းယုကသာ ရှိနေသင့်သည်။
သို့သော် ထိုလူသည် လူရှုပ်လူပွေဖြစ်သည်ကို လူတိုင်းသိကြသောကြောင့် ကျန်းယုအဘယ်ကြောင့် မရှိရသည်ကို မည်သူမျှမမေးခဲ့ကြပေ။
သူတို့မှ ထိုအကြောင်းမစတင်ခဲ့သည့်အတွက် ကျီဖေးသည် သူ၏အတင်းအဖျင်းများအား သူ့ဘာသာသူပဲခံစားနိုင်သည်။
【ရယ်စရာကောင်းလိုက်တာ၊ မသိရင် ကျန်းရန်က ဒီနေ့ပွဲရဲ့ အဓိကဇာတ်လိုက်လိုပဲ။ ကြည့်ရအောင်... အိုးမိုင်၊ ငါ အန်မိတော့မယ်။]
စကားလေးနည်းနည်းသာ ပြောလိုက်သော်လည်း ချင်မိသားစုဝင်များအားလုံး ခိုးနားထောင်နေကြပြီး နားရွက်များလှုပ်ခါသွားကြသည်။ ကျီဖေးနောက်လိုက်ခြင်းသည် အရည်ရွှမ်းသည့်အတင်းအဖျင်းများဆီသို့ အမြဲတမ်းဦးတည်နေမည်ကို သူတို့သိသည်။
ဘာဖြစ်နေတာလဲ? ဒီလိုအရေးကြီးတဲ့အချိန်မှာတောင် ဒီကောင်က ပြဿနာရှာနေတာလား? သူ နောက်ကျနေတာလား? မလာတာလား? ဒါမှမဟုတ်...
【ဒီလိုခြိမ်းခြောက်ခံရပြီးနောက်မှာတောင် ကျန်းယုနဲ့ ဝမ်ရူတို့က ခိုးတွဲရဲနေတုန်းပါပဲလား။ အဲ့တာက ရောဂါကပ်ဆိုးနတ်ဘုရားနဲ့ တိုက်ခိုက်နေရတာနဲ့တောင်တူတယ်။ သူတို့ တမင်သပ်သပ် ကျန်းရန်ကိုစိန်ခေါ်နေတာလား ဒါမှမဟုတ် ရည်ရွယ် ချက်ရှိရှိနဲ့ စမ်ထင်ကိုအရှက်ခွဲတာလား? ]
ချင်မိသားစုဝင်များသည် ဤအတင်းအဖျင်းကြောင့် တူညီစွာရွံရှာခဲ့ကြသည်။
ပါးပါးချင်သည် မစ္စရှဲ့ကိုစာနာစိတ်ဖြင့်ကြည့်သည်။
မားမားချင်က ကျန်းရန်အား စာနာစိတ်ဖြင့်ကြည့်သည်။
ချင်ရန်က ကောင်းကင်ကိုမော့ကြည့်ရင်း သက်ပြင်းလေးချလိုက်ပြီး ညီအစ်မတွေနဲ့အတင်းအဖျင်းပြောဖို့ သူ့ဖုန်းကိုကောက်ကိုင်လိုက်သည်။
[သူတို့ကိုအမိအရဖမ်းဖို့ နည်းလမ်းရှာသင့်လား ? ဟမ်းးး... မေ့လိုက်တော့မယ်။ စမ်ထင်သိသွားရင်တောင်မှ သူက စေ့စပ်ပွဲကို ချောချောမွေ့မွေ့ဖြစ်စေဖို့မျှော်လင့်ပြီး လျစ်လျူရှုဖို့ကိုပဲ ရွေး ချယ်လိမ့်မယ်။ ကျန်းယုက တင်းတင်းမာမာပြောနေပေမယ့်လည်း ဒါကို သတိရှိရှိကိုင်တွယ်ဖို့ မျှော်လင့်ထားတယ်။
"ထူးခြားတဲ့ ဉာဏ်အပေါ်ယုံကြည်သက်ဝင်မှု" ဆိုတဲ့ခေါင်းစဉ်က ငါနဲ့ကပ်နေပြီး ဘယ်တော့မှပြန်မကွာတော့ဘူး။ ဒီနေ့ သာယာသောနေ့လေးဖြစ်ပါစေလို့ပဲ ဆုတောင်းပါတယ်။】
ချင်ရှန့်လည်း ထိုနည်းလည်းကောင်းပင်တွေးခဲ့သည်။ အရာအားလုံး မည်သို့ဖွံ့ဖြိုးလာသလဲဆိုလျှင် မပါဝင်တာအကောင်းဆုံးပင်။
ခန်းမထဲသို့ဝင်လိုက်သည်နှင့် ချင်မိသားစုဝင်များသည် သက် ဆိုင်ရာအသိုင်းအဝိုင်းဆီသို့ ခွဲခွာသွားကြသည်။
မည်သူတွေထိုင်နေပါစေ အတင်းအဖျင်းများ၏ အဓိကအ ကြောင်းအရာကတော့ ကျန်းယုမရှိတော့ခြင်း၊ စမ်ထင်၏ ကံဆိုးခြင်းနှင့် ယနေ့တွင် ကျန်းမိသားစုမှကျန်းရန်ကို တရား ဝင်အမွေဆက်ခံသူအဖြစ် ကြေညာနိုင်ခြေရှိခြင်းတို့ဖြစ်သည်။
တစ်ချိန်တည်းမှာပင် အခြားအုပ်စုသည်လည်း အလားတူဆွေး နွေးခဲ့ကြသည်။
"ချင်ရှန့်ပြီးရင် ကျန်းရန်လည်း ကျန်းရှန့် ဖြစ်လာတော့မယ်။" ယွီယွဲ့က နောက်ပြောင်လိုက်သည်။
ပိုင်ရှောင်ရှီက ထပ်ပေါင်းပြောလိုက်သည်။
"ငါတို့ကြားထဲမှာ သူတို့နှစ်ယောက်ပဲ သူတို့ရဲ့မိသားစုစီးပွား ရေးကို အမွေဆက်ခံကြပုံရတယ်။ ဟမ် ? ကောင်းယာလန် ၊ နင်ကော။"
ကောင်းယာလန်လည်း ဒီနေ့ တက်ရောက်ခဲ့သည်။
ကောင်းယာလန်က "ငါက ငါ့မိဘတွေကို ကလေးထပ်မွေးဖို့ဖိအားပေးနေတာ။ မယုံမရှိနဲ့၊ ငါ့မိဘတွေရဲ့ စွမ်းပကားနဲ့ဆိုရင် အမွေဆက်ခံမယ့်သူတစ်ယောက် မွေးလာလိမ့်မယ်လို့ယုံကြည်တယ်။ ငါကတော့ စမ်ထင်လိုပဲ၊ ငါ့ရဲ့ ကိုယ်ပိုင်အသက်မွေဝမ်း ကြောင်းကိုအာရုံစိုက်ပြီး ညီမလေးကိုဂရုစိုက်ပေးမယ်။"
မိဘများအားကလေးထပ်ယူဖို့ ဖိအားပေးနေသည်ဟု အခြားသူများကြားသောအခါတွင် အော်ဟစ်ရယ်မောကြသည်။
ကောင်းယာလန်သည် ထိုကဲ့သို့ ဆန့်ကျင်ဘက်တွေလုပ်တတ်သည့် ပထမဦးဆုံးလူတစ်ယောက်ဖြစ်သည်။
"ရှောင်ယု ဘယ်လိုနေသေးလဲ ?" ကျီဖေးက ထိုင်ချလိုက်ပြီး မေးသည်။
“သူ စာမေးပွဲဖြေနေတယ်။” ဟု ကောင်းယာလန်ပြန်ဖြေသည်။
"ငါ့ညီမက ငါ့ထက် ဉာဏ်ကောင်းတယ်၊ သူ့မှာ ထူးချွန်တဲ့အဆင့်တွေရှိတယ်။"
“နင့်ညီမအကြောင်းကို စာကြောင်းသုံးကြောင်းနဲ့ပြောနေတာ ရပ်လို့မရဘူးလား။” ဟု လော့ဖေးကရယ်လျက်ပြောသည်။
ကောင်းယာလန် ချက်ချင်းဆိုသလို "ငါ့မှာ ညီမလေးတစ်ယောက်ရှိတယ် ပြီးတော့ နင် မနာလိုမဖြစ်ရဘူး!"
လော့ဖေးက သဘောကျသွားသည်။ "မနာလိုသင့်တဲ့သူက ငါမဟုတ်ဘူး၊ ကျန်းရန်။"
“အို၊ အဲဒီကျေးဇူးကန်းတဲ့လူဆိုးကိုတော့ ပြောမနေနဲ့တော့” ဟု ကောင်းယာလန် ညည်းညူသည်။
"ဘာဖြစ်တာလဲ ?" ကျီဖေးသည် ချက်ချင်းဆိုသလိုပင် ကျေးဇူးကန်းသည့်လူဆိုးသည် တစ်စုံတစ်ဦးကိုသယ်ဆောင်ကာ ဧည့်ခန်းထဲတွင်ပုန်းအောင်းနေနိုင်သည်ကို သိလိုက်သည်နှင့် အံ့သြသွားမိသည်။
"ကျန်းရန်ရဲ့ အမေ နောက်အိမ်ထောင်နဲ့ရခဲ့တဲ့ မအေတူဖအေကွဲညီမလေး ရောက်နေတယ်။ ကျန်းရန်က 'ဒီနေ့ လူအရမ်းများနေတယ်၊ အပြင်မထွက်နဲ့၊ မင်း အမေနဲ့ပဲနေ' လို့ပဲ သတိ ပေးနိုင်တယ်။ ပြီးတော့သူက ကျန်းရန်ကို လူမြင်ကွင်းမှာလှောင်ပြောင်ခဲ့တယ်လေ”
ပိုင်ရှောင်ရှီက သူ့လေသံကိုတုပပြီး “ နင့် ကိုယ်နင် ကျန်းမိသားစုက တာဝန်ရှိတဲ့သူလို့ထင်နေတာလား? နင်ငါ့ကို အမိန့်လာပေးနေတာလား?”
ကောင်းယာလန်သည် တစ်စုံတစ်ဦးမှပလက်ကျွတ်နေတာကိုညွှန်ပြကာ သူ့အား လှောင်ပြောင်ခဲ့သည်။
ယွီယွဲ့က " ဆယ့်ရှစ်နှစ်အရွယ် မိန်းကလေးတစ်ယောက်အ တွက် ကျန်းရန်ရဲ့သတိပေးချက်က လုံးဝကိုမလိုအပ်ဘူးလို့ထင်ရပေမယ့်၊ အဲဒါက အစ်ကိုတစ်ယောက်အတွက် စိုးရိမ်စရာဖြစ်နေတုန်းပဲ။ ဝမ်ရူက ကျေးဇူးကန်းတဲ့လူမိုက်တစ်ယောက်ပဲ၊ နှစ်တွေအများကြီးကြာသွားရင်တောင်မှ သူ့ရဲ့ခွေးရူးပြန်ရောဂါနဲ့တူတဲ့အပြုအမူတွေ ပျောက်သွားလိမ့်မယ်လို့ ငါ မထင်ဘူး။"
အရင်တုန်းက ဝမ်ရူကိုတွေ့တိုင်း သူသည် ကျန်းရန်အားမျက်နှာသာမပေးခဲ့သလို များသောအားဖြင့် အကြောင်းပြချက်မရှိဖြစ်နေတာကြောင့် အားလုံး ဝမ်ရူကိုမကြိုက်ကြချေ။
ကျီဖေးနှင့်ချင်ရှန့်တို့ အကြည့်ခြင်းဖလှယ်လိုက်ပြီး ကျန်းရန် ၏သတိပေးချက်သည် ကျန်းယုကိုလိုက်မရှာရန် ဝမ်ရူအားသတိပေးခြင်းဖြစ်ကြောင်းနားလည်လိုက်သည်။
ကံမကောင်းစွာပင်၊ ဝမ်ရူသည် လုပ်ချင်တာလုပ်နေသဖြင့် သတိပေးချက်သည် အသုံးမဝင်ခဲ့ပေ။
သူ့တွင် ဘယ်လိုမိခင်မျိုးရှိသလဲ၊ ဘာကိုမှသံသယမ၀င်ဘဲ ဝမ်ရူကိုခိုးကြောင်ခိုးဝှက်နှင့် သူ့သား၏သတိပေးချက်များကို အလကားအဖြစ်သဘောထားဖို့သင်ပေးနေသလဲ ရှင်းရှင်း လင်းလင်းမသိရသေးချေ။ ကျန်းရန်သည် ၎င်းတို့နှင့်ဆက်ဆံရန် အချိန်မရှိခဲ့ပေ။
အဖွဲ့သည် ဝမ်ရူမှ ပိုပြီးစက်ဆုပ်ဖို့ကောင်းသည့် တစ်စုံတစ်ရာကိုပြုလုပ်နေမှန်း လုံးဝမသိလိုက်ပဲ အတင်းအဖျင်းပြောနေခဲ့သည်။
ကျီဖေးလှည့်ကြည့်လိုက်သောအခါ ချင်ရှန့်က သူ့ကိုလက် ဖက်ရည်တိုက်ပြီး “ဘာရှာနေတာလဲ ?” ဟု မေးလိုက်သည်။
"ဒီထူးဆန်းတဲ့အမေက ဘယ်လိုပုံစံမျိုးလဲဆိုတာ ကျွန်မသိချင်တယ်။"
ချင်ရှန့် သူ့ကို တိုက်ရိုက်ညွှန်ပြလိုက်သည်။
ကျီဖေးသည် အမျိုးသမီးတစ်စုကြားတွင် ကြမ်းတမ်းပြီးအေးစက်သည့်မျက်နှာကိုအမြန်တွေ့လိုက်ရသည်။
【တစ်ခါတစ်ရံမှာ 'အသွင်အပြင်က စိတ်နှလုံးကို ထင်ဟပ်စေတယ်' ဆိုတဲ့စကားက တကယ့်ကို အမှန်ပဲ။ ဒီမျက်နှာက ဗီလိန်တစ်ယောက်လိုပဲ... အကယ်၍ သူ့ရဲ့ အဖိုးတန်သမီးလေးက နာမည်ဆိုးနဲ့ကျော်ကြားတဲ့ ကျန်းယုနဲ့ရှိနေတာကို သူသိသွားရင် ဘယ်လိုတုံ့ပြန်မလဲဆိုတာတွေးမိတယ်။ သူက ထူးထူးဆန်းဆန်းပြုမူတာလည်းဖြစ်နိုင်တယ်၊ အကုန်လုံးကို ကျင်းရန်အ ပေါ်ပုံချပြီးတော့လေ။]
ကျီဖေးက ၎င်းကိုစိတ်ကူးယဉ်ပြီး ဒါဟာ ဖြစ်ကောင်းဖြစ်နိုင်မယ်လို့ ခံစားရသည်။ ကျန်းရန်သည် ဤနေရာတွင် အကြီးဆုံးသားကောင်ဖြစ်ခဲ့သည်။
သူတွေးနေရင်းနှင့် ပတ်ဝန်းကျင်ရှိစကားသံများက ရုတ်တ ရက်ကျယ်လောင်လာခဲ့သည်။
"အိုး၊ ဒီကောင်က စေ့စပ်ပွဲမှာတောင် ပေါ်လာမှာမဟုတ်ဘူးလို့ငါ ထင်ခဲ့တာ" ယွီယွဲ့ကပြောသည်။
“သူ့အမေရဲ့အာရုံစိုက်မှုကိုရအောင် ကြိုးစားနေတဲ့သူက စိတ်ပိုင်းဆိုင်ရာရင့်ကျက်သေးတယ်လို့တော့ ငါထင်တယ်။” ဟု လော့ဖေးက ပြတ်ပြတ်သားသားပြောကြားခဲ့သည်။
"နို့မပြတ်သေးဘူးလား ?"ဟု ကောင်းယာလန်က ထိတ်လန့်တကြားအော်လိုက်သည်။
ပိုင်ရှောင်ရှီက ကျယ်လောင်စွာရယ်မောလိုက်သည်။
ကျီဖေးနှင့်ချင်ရှန့်တို့ ကြည့်လိုက်သော်လည်း ဝမ်ရူကိုမတွေ့ချေ။ သူတို့နှစ်ယောက်လုံး မည်သူ့ကိုမျှ မသိစေချင်သေးပေ။
ကျန်းယုသည် ရုတ်တရက်ပေါ်လာပြီး မစ္စရှဲ့၏ယုံကြည်ရသည့် လက်ထောက်တစ်ဦးမှ ဧည့်သည်များကိုနှုတ်ဆက်ရန် သူ့အား တံခါးဝသို့ ချက်ချင်းဆွဲခေါ်သွားခဲ့သည်။
နာရီဝက်ခန့်အကြာတွင် မွန်မြတ်သည့်အချိန်၌ စေ့စပ်ပွဲအခမ်းအနားကို စတင်ခဲ့သည်။
စမ်ထင်သည် ချီဖောင်၀တ်စုံဖြင့် စင်မြင့်ပေါ်တွင် သူ၏ရုပ်ရည်ကို ပြုပြင်ထားသည်။ သူ၏ စေ့စပ်သေချာသည့်မိတ်ကပ်နှင့် ၀တ်စားဆင်ယင်မှုတို့ဖြင့် သူသည် အံ့မခန်းပင်။
ကောင်းယာလန်နှင့်ပိုင်ရှောင်ရှီတို့သည် အားတက်သရော ဓာတ်ပုံရိုက်ကြသည်။
ကျီဖေးက ချင်ရှန့်အား တိတ်တိတ်လေးကပ်ပြောပြီး "ဒါဆို... ကျန်းယုက မျက်စိကန်းနေတာဖြစ်နိုင်တယ်။"
ချင်ရှန့် ခေါင်းညိတ်သဘောတူလိုက်သည်။
ထိုအချိန်တွင်၊ သပ်ရပ်စွာ၀တ်စားထားသည့် ကျန်းယုသည် စမ်ထင်အနားတွင်ရပ်နေပုံရသည်။
ဆန့်ကျင်ဘက်အားဖြင့် သူ့ထက် အာရုံစိုက်ခံနေရသည့်ကျန်းရန်သည် စင်မြင့်၏အစွန်းဘက်ရှိ မည်သူမျှမမြင်နိုင်သည့် အမှောင်ရိပ်ထဲတွင် ရပ်နေခဲ့သည်။ သူ့ဝိညာဉ်က သူ့ခန္ဓာကိုယ်ထဲကထွက်သွားသလိုမျိုး တင်းတင်းကြပ်ကြပ် မတ်တပ်ရပ်နေခဲ့သည်။