အခန်း (၂၇၉)
Vol. 28 Ch. 279
မဒမ်ရှဲ့သည် ကျန်းရန်၏ရည်ရွယ်ချက်ကို နားလည်သည်။ ယခင်ကကျန်းရန်သည် မကြာခဏ ပစ်မှတ်ထားခံရပြီး သူ့ကြောင့် ကျန်းရန်သည် ကျန်းယုနှင့်ရန်ဖြစ်ခဲကြောင်း သူသိသည်။
တကယ်တော့သူသည် ကျန်းရန်အပေါ်တွင်အပြစ်ရှိသည်ဟု အမြဲခံစားခဲ့ရသောကြောင့် ဤကလေးကိုပြုစုပျိုးထောင်ရာတွင် နှစ်ဆကြိုးစားခဲ့ရသည်။
သို့သော်ယခုတစ်ကြိမ်တွင် အပြစ်မဲ့သူများပင်ပါဝင်လာပြီး ကိစ္စများသည် အလွန်ဝေးကွာသွားခဲ့သဖြင့် ကျန်းရန်သည် ၎င်းကိုသည်းမခံနိုင်တော့ပေ။
ဤအရာသည် ကောင်းသည့်အရာဖြစ်ခဲ့သည်။ သို့မှသာ ကျန်းရန်သည် ကျန်းမိသားစု၏အနာဂတ်အမွေဆက်ခံသူ ဖြစ်လာနိုင်သည်။
ထို့အပြင်မဒမ်ရှဲ့သည် သူ့သားအားထိန်းကြောင်းရာတွင် အ တော်လေးပျက်ကွက်ခဲ့သည်ဟု ခံစားခဲ့ရသည်။ ဤတစ်ကြိမ်တွင်၊ သူသည် ကျန်းယုကို မပြောင်းလဲနိုင်တော့သဖြင့် သင် ခန်းစာတစ်ခုပေးနိုင်မည့် သူ့လုပ်ရပ်များ၏အကျိုးဆက်များအား သူ့သားကိုရင်ဆိုင်ခွင့်ပေးမည်ဖြစ်သည်။
ကျန်းယုသည် နောင်တရဖို့ငြင်းဆိုခဲ့ပေမယ့် ဒီတစ်ကြိမ်သူ့ကိုနှိပ်ကွပ်ခြင်းသည် နောင်အနာဂတ်တွင် အကြီးအကျယ်ဒုက္ခမဖြစ်အောင် တားဆီးနိုင်ပါလိမ့်မည်။
၎င်းက မှန်ကန်သည့်ချဉ်းကပ်မှုဖြစ်သည်။
အရာအားလုံးကိုမျက်မြင်တွေ့ထားပြီး စနစ်မှတစ်ဆင့် အစီအစဥ်ကိုသိပြီးသားကျီဖေးက သက်ပြင်းမချပဲမနေနိုင်ပေ။
[ကြင်နာတတ်တဲ့အမေက မကြာခဏဆိုသလို သူ့သားကိုဖျက်စီးတတ်တယ်။ မဒမ်ရှဲ့က ကြင်နာတတ်တဲ့အမေမဟုတ်တဲ့အပြင်ကို တင်းကြပ်တဲ့သူဖြစ်တာတောင်မှ ကျန်းယုက ဘယ် လိုလုပ်လူယုတ်မာဖြစ်သွားတာလဲ? တစ်ချို့လူတွေက မွေးက တည်းကဗီဇမကောင်းတာ ဖြစ်နိုင်လား၊ ပြီးတော့ သူတို့က မှား ယွင်းတဲ့မိသားစုမှာ မွေးဖွားလာတာလား? သူတို့ တကယ်ပဲ မိသားစုမှားပြီးမွေးလာတာဖြစ်မယ်။ ကျင်းရန်ကမှ မဒမ်ရှဲ့ရဲ့သားနဲ့ပိုတူတယ်လို့ခံစားရတယ်၊ ကျင်းယုကတော့ အရမ်းရက် စက်ပြီး မဒမ်ဝမ်ရဲ့သားနဲ့ပိုတူတယ်။ အဲ့တာက မဒမ်ဝမ်၊ ကျင်းရန်ကိုကောင်းကောင်းမဆက်ဆံပေးသလိုပဲ၊ ဟားဟား၊ ဒီသဘာဝမကျတဲ့ဇာတ်လမ်းက ဘယ်ကနေဘယ်လို ငါ့ဆီရောက်လာတာပါ့လိမ့်။]
ကျီဖေးသည် သူ့ကိုယ်ပိုင်အတွေးများဖြင့် ရယ်မောလိုက်ပြီး လူအများ၏မိသားစုဆက်ဆံရေးကို နှိုက်နှိုက်ချွတ်ချွတ်မရှာဖို့ဆုံးဖြတ်လိုက်သည်။
ကျင်းယုအပေါ် မဒမ်ဝမ်၏သဘောထားက အထူးကောင်းမွန်သော်လည်းနွေးထွေးမှုမရှိသောကြောင့် ချင်ရှန့်သည် ၎င်းကိုများစွာမတွေးခဲ့ပေ။ ကျန်းရန်အပေါ် သူ၏နှိပ်စက်ညှဉ်းပန်းမှုမှာအကြောင်းပြချက်များရှိပြီး ဝေဖန်ခံရသော်လည်းအဓိပ္ပါယ် ရှိသည်။
"ဘာတွေဖြစ်နေတာလဲ ? သူတို့တကယ်ပဲ ဘာလုပ်ဖို့စီစဉ်နေတာလဲ ?" Gp Chat ထံစတင်ဆွေးနွေးခဲ့ကြသည်။
"သူတို့က ပြန်တိုက်မှာလား ဒါမှမဟုတ် အပေးအယူလုပ်မှာလား?"
"ကျေးဇူးပြုပြီး လုံးဝအလျော့မပေးလိုက်နဲ့! သူတို့ ကောင်း ကောင်းကြီးကို မျက်ခွက်ဖြတ်ရိုက်ခိုင်းရမယ်!"
သို့သော် သူတို့နှင့်အတူပြန်လာသော လော့ဖေးနှင့် ကောင်းယာလန်တို့သည် အသေးစိတ်အချက်အလက်များကို မသိခဲ့ကြပေ။ စမ်ထင်နှင့် ကျန်းရန်တို့က စီစဉ်ပေးခဲ့သည်။
ထိုအချိန်တွင် ခန်းမသည် ဆူညံသွားပြန်သည်။ လူတိုင်းလှည့်ကြည့်လိုက်တော့ စမ်ထင်ပြန်ရောက်လာသည်ကို တွေ့လိုက်ရသည်။
စမ်မိသားစုဝင်များသည် အခြေအနေကိုချက်ချင်းရှင်းပြရန် ရှေ့တိုးလာသော်လည်း စမ်ထင်က "လူတိုင်းမေးချင်နေတာကို ကျွန်မသိပါတယ်။ အမှန်တရားကို အခုချက်ချင်းပြပါ့မယ်။"
ထို့နောက်စမ်ထင်က စေ့စပ်ပွဲကျင်းပသည့်စင်မြင့်ပေါ်သို့ လျှောက်သွားပြီး ဖန်သားပြင်ကြီးနားသို့ချဉ်းကပ်လာကာ သူ့ဖုန်းကိုကောက်ကိုင်လိုက်ပြီး ၎င်းကို စတင်လည်ပတ်စေခဲ့သည်။
[အိုး၊ ဖန်သားပြင်တိုက်ရိုက်ထုတ်လွှင့်မှုကြီးက ဒီမှာပဲ၊ ဖန်သားပြင်ကြီးက တိုက်ရိုက်ထုတ်လွှင့်ဖို့အချိန်ကျပြီ၊ ဖန်သားပြင်ကြီးရဲ့ တိုက်ရိုက်ထုတ်လွှင့်မှုက နင်တို့အတွက် အမှောင်ခွင်းပြီးအလင်းဆောင်ပေးလိမ့်မယ်ကွ။]
ချင်ရှန့်နှင့် အခြားချင်မိသားစုဝင်များက ဘာတွေဖြစ်လာမယ်ဆိုတာ ခန့်မှန်းထားပြီးဖြစ်သည်။
သို့သော် ကြည့်ရှုသူများကတော့ စမ်ထင်ဘာလုပ်မည်ကို သေ ချာမသိသေးဘဲ စိတ်ရှုပ်ထွေးနေသေးသည်။
သို့သော် မဒမ်ဝမ်နှင့် ဝမ်ရူတို့သည် စိတ်မသက်မသာဖြစ်စပြုလာသည်။
မထွက်သွားရသေးသည့်ပါပါရာဇီများသည် နောက်တစ်ကြိမ်တိတ်တဆိတ်ရိုက်ကူးရန် ပြင်ဆင်နေပြန်သည်။
ဖန်သားပြင်ကြီးသည် မူလက စမ်ထင်နှင့်ကျန်းယုတို့၏ဓာတ်ပုံကို ပြသထားသည်။
ရုတ်တရက်၊ ၎င်းသည် မည်သူ့ကိုမှမတွေ့ရပဲ အနီးအနားရှိရှုခင်းများကိုသာ ရိုက်ကူးထားသည့် video call အဖြစ်သို့ပြောင်းသွားသည်။
ထို့နောက် လူနှစ်ယောက်၏စကားသံများထွက်ပေါ်လာသည်။
ကျန်းရန်သည် ကျန်းယုအား နောက်ဖေးဥယျာဉ်သို့ခေါ်သွားကာ ဒေါသအပြည့်ဖြင့် "မင်း ဘာလို့ ဒီလိုလုပ်ရတာလဲ?"
"မင်း ဘာတွေပြောနေတာလဲ ငါ မသိဘူး။" ကျန်းယုက ဝန်ခံရလောက်တဲ့အထိ မမိုက်မဲဘူးဟူသည့်ပုံစံဖြင့် ပြန်ဖြေသည်။
ကျန်းရန်က "မင်းဟန်ဆောင်နေစရာမလိုပါဘူး။ ဒီနားမှာ ကင် မရာတွေမရှိဘူးဆိုတာ မင်းသိတာပဲ။ မင်းငါ့ကို လွတ်မထားဘူးဆိုတာ ငါသိသားပဲ၊ ပြီးတော့ ငါမင်းရဲ့ထောင်ချောက်ထဲ ကျမှာမဟုတ်ဘူး။ မင်းဘာကြောင့်ဒီလိုလုပ်ရလဲဆိုတာ ငါသိချင်ရုံပဲ။ ငါ့ကိုချောက်ချဖို့အတွက် မင်းနဲ့စေ့စပ်ထားတဲ့သူရဲ့ဂုဏ်သိက္ခာကို အသုံးချရလောက်တဲ့အထိ မင်းနဲ့ငါရဲ့ဆက်ဆံရေးက ဆိုးရွားလွန်းနေတာလား? "
ကျန်းရန်၏အမူအရာသည် နာကျင်မှုနှင့်ရုန်းကန်မှု ရောထွေးနေသည်။ ကျန်းရန်ကျရှုံးတာကို မြင်လိုစိတ်ကြောင့်မဟုတ်ရင် ကျန်းယုပိုပြီး သတိထားမိနိုင်သည်။ ယခုမူ၊ ကျန်းရန်၏ ရှေ့ မှောက်တွင် ဝံ့ကြွားလိုသည့်ဆန္ဒပြင်းပြနေတာကို မထိန်းချုပ်နိုင်ခဲ့ပေ၊ အောင်မြင်မှုရဲ့အရသာကိုခံစားကာ နောက်ပိုင်းတွင် ကျန်းရန်မှ အသနားခံလိမ့်မည်ဟုပင် စိတ်ကူးနေမိသည်။
နှစ်ပေါင်းများစွာ ဖိနှိပ်ခံခဲ့ရသည့်ကျန်းယုသည် နောက်ဆုံးတွင် နလန်ထူရန်အခွင့်အရေးရခဲ့ပြီး သူ၏စိတ်လှုပ်ရှားမှုကိုထိန်း ချုပ်ရန် ခက်ခဲလာသည်။
အရာအားလုံးဘေးကင်းကြောင်းသေချာစေရန် ဧရိယာတစ်ခုလုံးကို အမြန်ပင်အကဲခတ်လိုက်ပြီးနောက် ရယ်မောလိုက်သည်။
"ကျန်းရန်၊ ကျန်းရန်၊ မားနဲ့ အဲ့ဒီရှေးရိုးစွဲလူအိုကြီးတွေက မင်းကိုဘယ်လောက်ပဲထူးချွန်တယ်လို့ချီးကျူးနေပေမယ့် မင်းက ငါ့လက်ထဲ ရောက်နေတုန်းပဲ!"
စကားဝိုင်းကို ခန်းမထဲသို့လွှင့်တင်လိုက်ပြီး ထိုအချိန်တွင် လူတိုင်းတိတ်ဆိတ်သွားကြသည်။
သို့ပေမယ့်မကြာခင်မှာပင် လူအုပ်ကြီးက စိတ်လှုပ်ရှားသွားသည်။
"ဝိုးးးး! ဒါက ပေါက်ကွဲမှုကြီးပဲ! ဧရာမအရှုပ်တော်ပုံကြီး ရှိနေတာလား ?"
"ဒါဆိုသူတို့နှစ်ယောက်က တကယ်ပဲအတူအိပ်ခဲ့ကြပေမယ့် အဲ့တာက ကျန်းယုစီစဉ်ထားတာလား?"
"ကျန်းယုကဘာလို့ သူ့ကိုယ်သူ ဦးထုပ်စိမ်းဆောင်းလိုက်တာလဲ? သူရူးနေတာလား?"
ထိုအချိန်တွင် မဒမ်ဝမ်နှင့်ဝမ်ရူ၏မျက်နှာများသည် ဖြူဖျော့သွားသည်။ သူတို့ ချက်ချင်းထရပ်လိုက်ပေမယ့် မထနိုင်ခင်မှာပင် သက်တော်စောင့်လေးယောက်က သူတို့အား နောက်ပြန်တွန်းချခဲ့သည်။
"ဘာလုပ်နေတာလဲ ? ငါတို့ကို လွတ်!"
မဒမ်ဝမ်သည် လှမ်းအော်ဖို့ကြိုးစားခဲ့ပေမယ့် သူ့အသံက ဝေးဝေးကိုမသွားနိုင်ဘဲ သတိမပေးနိုင်ခဲ့ပေ။ သူသည် အရူးတစ်ယောက်လို ရှူးရှုးရှဲရှဲနှင့်ပြီးဆုံးသွားခဲ့သည်။
"လွှတ်၊ လွှတ်! အားးး၊ ကူညီပါ!"
ဝမ်ရူက ပိုလို့တောင်လန့်သွားသည်။
မဒမ်ရှဲ့မှ သူ့လက်ကိုဝှေ့ယမ်းပြီး နှစ်ယောက်သားအားနှုတ်ဆိတ်စေကာအချက်အလက်ကို မည်သူတစ်ဦးတစ်ယောက်မှနားလည်မှုမလွဲအောင် တားဆီးလိုက်သည်။
[ကောင်းတယ်။ မဒမ်ရှဲ့က သူ့သားကိုဖော်ထုတ်ဖို့ ဆုံးဖြတ်ထားတယ်။ ကျန်းယုက ရယ်စရာကောင်းလွန်းတယ်။ သူ့ကို ဒီလိုမျိုးထောင်ချောက်ဆင်ရုံနဲ့လုံလောက်တယ်ဆိုတာ ကျန်းရန်ကောင်းကောင်းသိတယ်။ နောက်ဆုံးတော့၊ ဗီလိန်တွေက အမြဲ တမ်းစကားကိုအလွန်အကျွံပြောပြီး သူတို့ရဲ့မောက်မာမှုအတွက်ပြန်ပေးဆပ်ကြရတယ်။]
၎င်းကကျန်းရန်တွေးနိုင်သည့်အကောင်းဆုံးဖြေရှင်းချက်ဆိုတာ ချင်ရှန့်သိသည်။ ကျန်းယုမှ သူ့ကိုယ်တိုင်မဝန်ခံသ၍ သူ့ကိုဘယ်လိုပဲစွပ်စွဲနေပါစေ အဆုံးမဲ့ငြင်းခုံမှုတွေဖြစ်ပေါ်လာပြီး သူတို့၏နာမည်ဂုဏ်သတင်းများမှာ ဘယ်တော့မှရှင်းသွားမည်မဟုတ်ပေ။ သို့ပေမယ့် ထိုနည်းလမ်းကိုအသုံးပြုလျှင် အကျိုးသက်ရောက်မှုမှာ မျှော်လင့်ထားသည်ထက်ပိုကောင်းနိုင်သည်။ အရာအားလုံးသည် ကျန်းရန်၏ သွေးဆောင်နိုင်မှုစွမ်းရည်ပေါ်တွင်မူတည်သည်။
ကျန်းရန်သည် အခြားနှစ်ယောက်ကိုလည်း လွတ်မြောက်ခွင့်မပြုဘဲ သဘာဝကျကျနှင့်
"ငါ မင်းကိုမရှုံးဘူး ငါ ငါ့အမေနဲ့ညီမကိုရှုံးခဲ့တာ။ ငါ့ကိုဆေးခပ်ဖို့အတွက် မင်းဘယ်လိုများ သူတို့ကို စည်းရုံးနိုင်ခဲ့တာလဲ? မင်း သူတို့ကိုခြိမ်းခြောက်ခဲ့တာလား ဒါမှမဟုတ် အပေးအယူ လုပ်ခဲ့တာလား?"
၎င်းက ကျန်းယုကို အူလှိုက်သည်းလှိုက်ရယ်မောစေသည်။
"မင်း ကိုယ်မင်းကြည့်စမ်း၊ သနားစရာလေး၊ မင်းအမေနဲ့ညီမအတွက် ဆင်ခြေတွေပေးနေသေးတယ်။ မင်း ကိုငါ ရှင်းရှင်းပဲပြောမယ်။ မင်းအမေဆီက အကြံတစ်ခုရခဲ့တာ။ သူကမင်းကို ကျန်းမိသားစုရဲ့အကြီးအကဲမဖြစ်စေချင်ဘူး၊ အဲ့ဒါကြောင့် မင်းကို ချောက်ချဖို့အတွက် ငါနဲ့ပူးပေါင်းခဲ့တာ။ မင်းနာမည်ပျက်နေသရွေ့ ကျန်းမိသားစုကမင်းကို ဘယ်တော့မှအမွေဆက်ခံခွင့်မပေးဘူး။ သူတို့က မင်းရဲ့အနီးဆုံးဆွေမျိုးတွေပဲ ဒါပေမဲ့ သူတို့ မင်းကိုအရမ်းမုန်းနေပြီး မင်းပိုင်ဆိုင်သမျှအား လုံးကို ဖျက်စီးပစ်ချင်နေတယ်။ မင်းက အရှုံးသမားပဲ၊ ဟားဟား။"
ကျန်းယုသည် ကျန်းရန်အပေါ် မဒမ်ရှဲ့၏မျက်နှာသာပေးမှုကြောင့် ကျန်းရန်ကိုထိခိုက်စေရန် ၎င်းမိခင်၏နာမည်ကိုအသုံး ပြုပြီး ရုပ်ဆိုးအကျည်းတန်သည့်အကြံအစည်ကို လုံးလုံးလျား လျားထုတ်ဖော်ခဲ့သည်ကို သတိမထားမိပေ။
ခန်းမအတွင်းမှကြည့်ရှုသူများအားလုံး ရုတ်ရုတ်သဲသဲဖြစ်နေပြီဖြစ်သည်။
မဒမ်ဝမ်နှင့်ဝမ်ရူတို့သည် ရုန်းကန်ရန်မေ့သွားကာ မြင်ကွင်း ကျယ်ကြီးအား မယုံကြည်နိုင်စွာစိုက်ကြည့်ရင်း ခေါင်းတွေတဆတ်ဆတ်ခါနေသည်။ သူတို့ကြံစည်ထားသမျှသည် တခဏ ချင်းပျောက်ကွယ်သွားသလိုမျိုး သူတို့၏ဇာတ်ကြောင်းကို ထုတ်ဖော်ခံရဖို့ ဘယ်တုန်းကမှမမျှော်လင့်ထားခဲ့ကြချေ။
လူအုပ်ကြီး၏စူးစူးဝါးဝါးအကြည့်များက သူတို့အပေါ်သို့ကျရောက်သည့်အခါ နောက်ဆုံးတွင်ထိတ်လန့်သွားကြသည်။