အခန်း (၂၇၈)
Vol. 28 Ch. 278
စမ်ထင်ရဲ့အဖေက စိုးရိမ်တကြီးနဲ့ ချက်ချင်းဆိုလိုက်သည်။ "မင်း ဘယ်ရောက်နေတာလဲ၊ မင်ကို ငါတို့ရှာမတွေ့လို့။ မင်းအခုဘယ်သူနဲ့ရှိနေတာလဲ၊ မင်း ဘာလို့ဖုန်းမကိုင်တာလဲ!"
စမ်ထင်သည် ခဏမျှ တိတ်ဆိတ်နေပြီး လူတိုင်း၏ နှလုံးသားများသည် လည်ချောင်းထဲတွင်ဆို့နေကြသည်။
"အခြေအနေက ဘယ်လိုလဲ၊ သမီး ရုတ်တရက်စိတ်ကူးပေါ် လာလို့ ကားပေါ်သွားပြီး Design ဆွဲနေတာ။ ဖုန်းကလည်း အမြဲလိုလို silent လုပ်ထားတာ။ သမီးရှိနေဖို့ မလိုတော့ဘူးမဟုတ်လား။”
စကားပြောနေသောသူသည် အနည်းစိတ်ရှုပ်သွားပုံရသည်။
စမ်မိသားစုဝင်များသည် စမ်ထင်သည် တကယ်လည်းဒီလိုပင်ဖြစ်သည်ကိုအမှတ်ရလိုက်ပြီး စိတ်အေးလက်အေ ဖြစ်သွားသည်။ သူတို့ကမြန်မြန်ပြောလိုက်သည်။
"သမီး၊ အရင်ပြန်လာခဲ့ဦး ပြဿနာတချို့ရှိတယ်။ စကားမစပ် ကျန်းရန်ကိုတွေ့သေးလား။"
"မတွေ့ပါဘူး၊ ဘာကိစ္စရှိလို့လဲ"
ဖုန်းမှတစ်ဆင့် စမ်မိသားစုဝင်များသည် စကားပြောရန် ခက်ခဲသဖြင့် ပြောလိုက်သည်. "ပြန်သာ လာခဲ့ပါ။ ပြီးမှ ငါတို့ စကား ပြောကြမယ်။"
ဖုန်းခေါ်ဆိုမှု ပြီးဆုံးပြီးနောက် စမ်မိသားစုသည် ဝမ်ရူနှင့် ကျန်းယုကို ချက်ချင်းပင် ပြောလိုက်သည်။
"မင်း ကြားတယ် မဟုတ်လား။"
ဝမ်ရူနှင့် ကျန်းယု၏ မျက်နှာများသည် ကြည့်မကောင်းတော့ပေ။ မြန်လွန်းတယ်လို့ခံစားရပြီး တစ်ခုခုမှားနေသလိုပင်။
“ဘယ်သူသိမှာလဲ။” ဝမ်ရူက ခေါင်းမာမာဖြင့်ပြန်ပြောလိုက်သည်။
ကျန်းယုသည် စကားမပြောသော်လည်း မယုံကြည်မှု အပြည့်နှင့်ပင်။
"ဒါဆို နောက်ပိုင် ထိပ်တိုက်ဖြေရှင်းပြီးမှ မင်းကောလဟာလတွေကို ဘယ်လိုဆက်ဖြန့်မလဲဆိုတာ ကြည့်ရသေးတာပေါ့။ ဒီစေ့စပ်ပွဲကိုတော့ ပြန်စဉ်းစားဖို့လိုမယ်ထင်တယ်။"
စော်ကားခံရပြီးနောက်တော့ စေ့စပ်ပွဲကိုအမှန်တကယ်ပင် ပြန်လည်စဉ်းစားရတော့မည်။
ထိုအချိန်တွင် စမ်ထင်ပြန်ရောက်မလာသော်လည်း ကျန်းရန်က ထွက်လာသည်။
သူရောက်လာသည်နှင့် တပြိုင်နက် အားလုံးမျက်လုံးများက သူ့ကို ကြည့်လာကြသည်။
ကျန်းရန်ကို အဝတ်အစားလဲဝတ်ထားသည်ကို မြင်လိုက်သည့် လူတိုင်းက အဆိုးဆုံးကိုမတွေးပဲမနေနိုင်ကြတော့ပေ။
မဒမ်ရှဲ့သည် ကျန်းရန်ကိုယုံကြည်တဲ့အတွက် သူ တိုက်ရိုက်မေးလိုက်သည်။
"မင်းကို ခိုင်းလိုက်တဲ့ဟာက ဘာဖြစ်သွားတာလဲ ? မင်းထွက်သွားတာ တော်တော်ကြာပြီ။ အဆက်အသွယ်လည်းမရဘူး။"
ကျန်းရန်သည် အပြစ်ကင်းသောအမူအရာဖြင့် ပတ်တီးစီးထားပြီး သွေးများစိမ့်ထွက်နေသော သူ့လက်ကိုမြှောက်လိုက်သည်။
"တောင်းပန်ပါတယ်အန်တီ၊ ကျွန်တော် ကိုင်တွယ်ဖို့သွားခဲ့ပေမယ့် မတော်တဆပြုတ်ကျသွားတယ်။ ကျွန်တော့်အဝတ်တွေ စိုသွားရုံတင်မကဘဲ လက်မှာလည်းဒဏ်ရာရသွားတယ်။ ပြန်မလာခင် ဒါကို အရင်ဖြေရှင်းဖို့ကလွဲလို့ ရွေးချယ်စရာမရှိတော့ဘူး။ ကျွန်တော့်ဖုန်းကလည်း ရေစိုပြီးကွဲသွားတယ်"
ကျန်းရန်ကရေတစ်စက်စက်ကျနေသော ဖုန်းကိုကိုင်ကာ ကူကယ်ရာမဲ့နေသော အမူအရာဖြင့်ပြောလိုက်သည်။
မဒမ်ရှဲ့ကျေနပ်သွားပြီး သက်ပြင်းတစ်ချက်ချလိုက်သည်။
သို့သော် ကျန်းယု မထိန်းနိုင်ဘဲ ခုန်ထွက်လာသည်။
"တိုက်ဆိုင်လိုက်တာ။ ငါလည်း မယုံဘူး။ နှစ်ယောက်စလုံး အပြင်မှာရောက်နေတယ်။ ဖုန်းတွေရော ပြဿနာတွေအတူတူ ဖြစ်ကုန်ရော။ မင်း ငါတို့ကို သုံးနှစ်သားလိုဆက်ဆံနေတာလား။"
"ဘာလဲ၊ မင်း ဘာလို့ စမ်ထင်ကိုပါပြောနေတာလဲ" ကျန်းရန်အံ့အားသင့်စွာ မေးလိုက်သည်။
"သရုပ်ဆောင်တာကို ရပ်လိုက်တော့၊ မင်း ငါ့စေ့စပ်ထားတဲ့သူနဲ့ အိပ်ခဲ့တာမဟုတ်လား။ မင်း တကယ်ပဲ ငါ့စေ့စပ်ပွဲနေ့မှာ ငါ့အပေါ် လုပ်ခဲ့တာ။ မင်းက သားရဲတစ်ကောင်ပဲ။" ကျန်းယုက အော်လိုက်သည်။
ကျန်းရန်ချက်ချင်းပင် ဒေါသဖြစ်သွားသည်။ "မင်းဘာတွေပြောနေတာလဲ၊ ဒီမှာဘာတွေဖြစ်နေတာလဲ။ တစ်ယောက် ယောက် ငါ့ကိုရှင်းပြပေးနိုင်မလား။"
မဒမ်ရှဲ့သည် ကျန်းယုကို အေးတိအေးစက် ကြည့်ပြီး သူတကယ်ပဲ ဘယ်အချိန်မှာ ရပ်ရမည်ကိုမသိသေးကြောင်း နားလည်လိုက်သည်။ သူသည် ကျန်းမိသားစု ဂုဏ်သိက္ခာကို အမှန်တကယ် ထိခိုက်စေလိမ့်မည်။
အသိမိတ်ဆွေတစ်ယောက်က အခြေအနေကိုရှင်းပြလိုက်သည်။
ကျန်းရန်က တိုက်ရိုက်ရယ်သည်။ "ဒီလို အခြေအမြစ်မရှိတဲ့ ထင်ကြေးတွေကြောင့် ငါတို့ အပြစ်လို့ ဆုံးဖြတ်လိုက်တာလား။ မင်း ဒီက လူတိုင်းရဲ့ဖုန်းတွေကိုခေါ်ကြည့်သင့်တယ်။ တစ် ယောက်ယောက်က စောစောထွက်သွားတာ ဒါမှမဟုတ် ကစားနေလို့ မကိုင်ဘူးဆိုရင် သူတို့နဲ့ ဖောက်ပြန်နေတယ်လို့ မင်းစွပ်စွဲဦးမှာလား။"
"ငါ့ မျက်စိနဲ့မြင်ခဲ့တာ။" ဝမ်ရူက ကျန်းရန် ငြင်းခုံရန်အခွင့်အ ရေးမပေးဘဲ ပြန်ပြောလိုက်သည်။
ကျန်းရန်သည် သူ့ညီမကိုကြည့်လိုက်သည်။ သူ့နှလုံးသားက မနာကျင်တော့ဘူးလို့ ထင်ခဲ့ပေမယ့် အပ်နဲ့ ထိုးခံလိုက်ရသလို ခံစားရတယ်။ သူ့ညီမက သူ့ကိုအဲ့လောက်မုန်းတာလား။ ထိုရုပ်ဆိုးကာ၊ ယုတ်မာသောအမူအရာသည် သူတို့ မိခင်ကဲ့သို့ပင်။
ပြောစရာလိုပေ၊ ဒီနောက်ကွယ်ကကြိုးကိုင်သူမှာ သူ့အမေပင်။
သူသည် မယုံနိုင်လောက်အောင်ပင် မောပန်းနွမ်းနယ်နေသည်။
"မင်းရဲ့ အကျင့်ဆိုးတွေကို အမေ့ကိုပြောပြပြီး ဖျော်ဖြေရေးလောကထဲကိုမဝင်ဖို့ တားခဲ့လို့ ငါ့ကို ဒီလိုဆက်ဆံနေတာလား။ ငါတို့ရဲ့ဆက်ဆံရေး မကောင်းမှန်းသိပေမယ့် ငါတို့ မောင်နှမတွေဖြစ်နေတုန်းပဲ။ နောက်ပြောင်တာတွေက အကန့်အသတ်ရှိရမယ်။"
ကျန်းရန်၏ လေသံသည် အမှန်တကယ်ကိုစိတ်ပျက်နေသည်။
ဒါက လူတွေက သူ့ကို ပိုယုံကြည်လာစေသည်။ ဝမ်ရူသည် အခြားသူများ၏ခံစားချက်ကို ဂရုမစိုက်ကာတစ်ကိုယ်ကောင်း ဆန်ပြီး မလိုတမာစိတ်ရှိသော မိန်းကလေးတစ်ယောက်ကဲ့သို့ ထင်ရသည်။ ပြီးတော့ သူတို့ မောင်နှမဆက်ဆံရေးသည်တကယ့်ကို တင်းမာခဲ့သည်။
"နင်!"
ဝမ်ရူသည် တကယ့်ကို ယုတ်မာသော်လည်း အနည်းငယ်တော့ အထစ်အထစ်ဖြစ်သွားသည်။ သူမ ခေါင်းမာမာနှင့် ဆက်အော် ဟစ်လိုက်သည်။
"ငါအမှန်တိုင်းပြောနေတာ။ အဲဒါ အမှန်တရားပဲ! နင်တို့နှစ်ယောက်လုံးက မရှင်းမရှင်းဖြစ်နေတာ။ နင် နင့်ညီရဲ့ စေ့စပ်ထားသူကို မက်မောနေတာလေ။!"
ကျန်းရန်၏ မျက်နှာသည် ချက်ချင်းမည်းမှောင်သွားသည်။
ဒါကိုမြင်တော့ ကျန်းယုဆုံးဖြတ်ချက်ချလိုက်သည်။ ကျန်းရန် ၏တုံ့ပြန်မှုကို ကြည့်ရင် တစ်စုံတစ်ခု သေချာပေါက်ဖြစ်ခဲ့လိမ့်ပေမည်။ တစ်ခုခုဖြစ်ခဲ့တယ်ဆိုင်ရင် အဲဒါကို ကိုင်တွယ်ဖြေရှင်းဖို့နည်းလမ်းရှိသည်။
"ဟမ်၊ မင်းပြောတာကို ငါမယုံဘူး။ စမ်ထင်ပြန်လာတဲ့အခါ ငါတို့ ထိပ်တိုက်ဖြေရှင်းကြတာပေါ့။!"
ကျန်းယုသည် သူတို့ လွတ်မြောက်နိုင်မည်ဟု မယုံကြည်ပေ။ ကောင်းကင်က သူ့တို့ကိုကူညီနေတာမဟုတ်ဘူးပါက လောက ကြီးမှာ ဒီလောက်တိုက်ဆိုင်မှုမရှိနိုင်ပေ။
သူပြောပြီးသည်နှင့် ကျန်းရန်၏ မျက်လုံးများသည် ထိတ်လန့်တုန်လှုပ်သွားသည်။ ဒါကမြင်တော့ ကျန်းယုကိုပိုလို့တောင် ဘဝခိုက်သွားစေခဲ့သည်။
"ငါတို့က အပြစ်ကင်းတယ်။ မင်အရှုပ်ထုပ်တွေ လုပ်ချင်သ လောက်လုပ်လို့ရတယ်။ ဒါပေမယ့် အန်တီခိုင်းထားတဲ့ မပြီး သေးတဲ့ တာဝန်ရှိတယ်။ မင်းငါကိုကူလုပ်ပေးရမယ်။ ငါ့နောက် လိုက်ခဲ့။” ကျန်းရန်ကပြောလိုက်သည်။
ဒီလှုပ်ရှားမှုက လူတွေကိုအံ့သြသွားစေသည်။
အချို့ကသူက ကိုယ့်ဟာကိုယ် အပြစ်ကင်းသည်ဟု ယုံကြည်သောကြောင့် အရေးကြီးသောကိစ္စများကို ဦးစားပေးသည်ဟု တွေးမိကြသည်။
အခြားသူများက ကျန်းရန်သည် အပြစ်ရှိသည်ဟု ခံစားရပြီး ခြိမ်းခြောက်ကာ၊ သို့မဟုတ် လာဘ်ထိုးကာ သူ၏ဝမ်းကွဲနှင့် သီးသန့်ဖြေရှင်းလိုသည်ဟုထင်ကြသည်။
ကျန်းယုက နောက်က တစ်ခုကို တွေးမိသည်။ ပုံမှန်အားဖြင့် စိတ်တည်ငြိမ်သော ကျန်းရန်က စိတ်အားထက်သန်နေတာကိုမြင်လိုက်ရတော့ သူတကယ်ကျေနပ်သွားသည် ။
"မင်း အပြစ်ကင်းတာကို သက်သေပြဖို့ထက် ဘာကပိုအရေး ကြီးလဲ။" ကျန်းယု ပြောလိုက်သည်။
"မိသားစုကိစ္စပဲ။ ငါနဲ့လိုက်ခဲ့။"
ကျန်းရန်ကပြောလိုက်ကာ သူ့လေသံသည် အနည်းငယ်စိုးရိမ်နေသည်ပုံပင်။ ကျန်းယုသည် ပို၍ပင် အောင်ပွဲခံချင်လာခဲ့သည်။
"ငါ မသွားဘူး။ စမ်ထင်ပြန်လာတာကို ဒီမှာစောင့်နေမယ်"
ကျန်းယု သူကမ္ဘာ့ထိပ်ဆုံးရောက်နေသလို ခံစားရကာပြောလိုက်သည်။
"အန်တီ၊ ကျွန်တော် တစ်ယောက်တည်း လုပ်လို့မရဘူး။ ကျန်းယုရဲ့အကူအညီလိုတယ်။" ကျန်းရန်က မဒမ်ရှဲ့ကို တိုက်ရိုက်တောင်းဆိုခဲ့တယ်။
မဒမ်ရှဲ့သည် ကျန်းရန်သည် ကျန်းယု သူ့ဇာတ်လမ်းကိုပြောင်း လဲရန်၊ ကိစ္စကိုသေးငယ်သွားရန် နည်းလမ်းရှာဖို့ကြိုးစားနေ သည်ကို မှန်းဆမိကာ သူ ခေါင်းညိတ်ပြီးပြောလိုက်သည်။ "ကျန်းယု၊ လိုက်သွား။ တဇွတ်ထိုးလုပ်မနေနဲ့၊ ငါတို့ ဒါကိုနောက်မှပြောကြမယ်"
ကျန်းယုသည် ကျန်းရန်ကို အမြဲတမ်း ဘက်လိုက်နေသော သူ့အမေကို ပို၍ပင် နာကြည်းလာသည်။ ဒါပေမဲ့ အခုတော့ သူတွေးနေတာတွေက အရေးမကြီးတော့ပေ။ ကျန်းရန်နဲ့ လိုက်သွားတာနဲ့ ကျန်းရန်နဲ့ စမ်ထင်ရဲ့ သံသယမျိုးစေ့တွေက လူတိုင်းရဲ့စိတ်ထဲမှာ ထာဝရ ရှင်သန်နေလိမ့်မည်။ သူ့ဇာတ်လမ်းကို ပြောင်းဖို့ အတင်းအကြပ် လှည့်ကွက်တွေ လုပ်ခဲ့ရင်တောင် အရေးမကြီးတော့ပေ။
မမျှော်လင့်စွာပဲ၊ဒါက သူ့ ကိုထိတ်လန့်သွားစေတာ ကျန်းရန်သည် အဆိုးရွားဆုံး လှုပ်ရှားမှုကိုပြုလုပ်ခဲ့သည်။
ဒါဆို သူနဲ့လိုက်တာပေါ့။ ကျန်းရန်၏ အကျည်းတန်ဆုံးသော ရှုံးနိမ့်မှုကို သူမြင်ချင်သည်။
"ရှင်းရှင်းလင်းလင်းပြောရဦးမယ်။ မင်းရဲ့အရှုပ်တော်ပုံတွေကို ဖုံးကွယ်ချင်ရင်တောင် ငါ သဘောမတူဘူး။"
ကျန်းယုက ရဲရဲတင်းတင်းပြောလိုက်ပြီး ကောလဟာလတွေကို ကြည့်ရှုသူတွေ ပိုယုံကြည်လာစေသည်။
ကျန်းယု ကျန်းရန်နားဖြတ်သွားကာ ကျန်းရန်သည် ချက်ချင်း မလိုက်ခဲ့ပါပေ။ ထိုအစား သူသည် မဒမ်ရှဲ့၏အနားသို့ရောက် လာပြီး သူ၏အမူအရာသည်မဖတ်နိုင်ပေ။ နောက်ဆုံးတော့ နှစ်ယောက်သာ ကြားနိုင်တဲ့ အသံတိုးတိုးနှင့်ပြောလိုက်သည်။
"တောင်းပန်ပါတယ် အန်တီ။ သူဒီတစ်ခါတော့ အရမ်းလွန်သွားပြီ။ အလွှတ်မပေးနိုင်တော့ဘူး။”
မဒမ်ရှဲ့၏ခန္ဓာကိုယ်သည်ယိုင်သွားကာ သူမ၏ဉာဏ်ရှိသော မျက်လုံးများသည် အကူအညီမဲ့မှု၊ ဝမ်းနည်းမှုများဖြင့် တဖြည်းဖြည်းပြည့်လာခဲ့သည်။
"ငါ နားလည်ပါတယ်။"