← Chapters

အခန်း (၂၇၇)

Vol. 28 Ch. 277

အခန်း (၂၇၇)

Vol. 28 Ch. 277

သူတို့သည် အမှန်ပင် အရူးမဟုတ်ပေ၊ သူတို့သည် အခြားသူများထက် ပိုရဲရင့်ကြသည်။

တစ်ထောင်ရဖို့ ရှစ်ရာ ရှုံးရင်တောင်မှ ပန်းတိုင်ရောက်သရွေ့ ဂရုမစိုက်ဘူး။

ချင်ရှန့်သည် ကျီဖေးကို ပဟေဠိဖြစ်နေသည့်ပုံကိုမြင်သော အခါတွင် သူမအားရှင်းပြသည်။

စမ်ထင်နဲ့ ကျန်းရန်တို့ သူတို့ကို နောက်ပိုင်းမှာ စွပ်စွဲခဲ့မည်ဆိုရင်တောင်မှ ဒီအဖြစ်အပျက်ကို လူတိုင်းရှေ့မှာဖော်ထုတ်ပြလိုက်ပါက အဓိပ္ပါယ်မရှိဖြစ်သွားလိမ့်မည်။ အဘယ့်ကြောင့် ဆိုသေည် ၎င်းတို့ရဲ့ခြယ်လှယ်မှုအောက်မှာ ကျန်းရန်နှင့်စမ်ထင်တို့ တကယ်ပဲဆက်ဆံရေးတစ်ခုရှိနေသလိုဖြစ်သွားလိမ့်မည်။

"စေ့စပ်ပွဲတုန်းက ကျန်းယု ပူးပေါင်းဆောင်ရွက်တာကို မှတ်မိလား။”

ကျီဖေးသဘောပေါက်သွားသည်။ "ဒါက စေ့စပ်ပွဲမတိုင်ခင်မှာ ဖြစ်ခဲ့မယ်ရင် ပြောင်းပြန်လှန်လို့ရနေတုန်းပဲ၊ သူတို့နှစ်ယောက်ကချစ်ကျွမ်းဝင်နေကြပြီး အတူတူရှိကြဖို့ဆုံးဖြတ်လိုက်တယ်လို့ ပြန်ငြင်းလို့ရတယ်။ ဒါပေမယ့်စေ့စပ်ကြောင်းလမ်းကြေ ညာပြီးတာနဲ့ သူတို့ရဲ့ တော်စပ်ပုံတွေပြောင်းလဲသွားပြီး နောက် ဆက်တွဲလည်း လုံးဝကွဲပြားသွားလိမ့်မယ်။"

ချင်ရှန့်ခေါင်းညိတ်လိုက်သည်။ "ကျန်းမိသားစုက ကျန်းရန် ကြံစည်ခံရမှန်းသိပေမယ့် သူတို့အရှက်ရစရာတွေနဲ့ ဆုံးရှုံးမှုတွေကို ခံနိုင်ရည်ရှိမှာမဟုတ်ဘူး။ တစ်ယောက်ကို ကာကွယ်ဖို့၊ တစ်ယောက်ကို အနစ်နာခံဖို့ရွေးချယ်ရမှာပဲ။ ကျန်းရန်ပျက်စီးနေပြီဆိုတော့၊ ဒီအခြေအနေမှာ သိသိသာသာပဲ ဒီအခြေအနေမှာ သားကောင်ဖြစ်သွားတဲ့ ကျန်းယုကို ကာကွယ်ဖို့ပဲ ရွေးချယ်မှာ။ စမ်ထင်အတွက်တော့ ရှင်းရှင်းလေး စေ့စပ်မှုကိုဖျက်ပြီးနောက်ထပ် တွဲဘက်ဖို့အသစ်ရှာဖို့ပဲ။ တရားမျှတမှုက အရေးမကြီးဘူး မိသားစုရဲ့အကျိုးစီးပွားကအရေးကြီးတယ်။ စမ် မိသားစုအတွက်ကတော့ သူတို့မှာ တခြားရွေးချယ်စရာမရှိဘူးပေါ့။"

ကျီဖေးဒေါသအရမ်းထွက်ပြီး အသက်ရှုကြပ်လာသည်။

"ဒါက အရမ်းဆိုးတာပဲ၊ ကျန်းရန်ကို ဒုက္ခပေးချင်နေတာ နားလည်တယ်၊ ဒါပေမယ့် အပြစ်မဲ့မိန်းကလေးကိုပါ သူတို့ရဲ့ တစ်ကိုယ်ကောင်းဆန်တဲ့ စိတ်ကြောင့်နဲ့ ဒီလိုနာကျင်အောင် လုပ်လိုက်တယ်။ သူတို့ရဲ့အသိစိတ်တွေကို ခွေးစားသွားတာလား"

ချင်ရှန့်က နှာခေါင်းရှုံ့လိုက်သည်။ "အဟုတ်ပဲ၊ သူတို့မှာ အသိ တရားမရှိဘူး"

"အခုငါတို သူတို့ကို တားလိုက်ပြီဆိုတော့ သူတို့ကိုဖော်ထုတ်လို့ရနိုင်သေးလား" ကျီဖေးတကယ်ပဲ ဗီလိန်တွေကို လွတ်မသွားစေချင်ဘူး။

ချင်ရှန့်က ပြောလိုက်သည်။"ဒါက သူတို့ အပေါ်မှာ မူတည်တယ်။ ဒါကို သူတို့ ဘယ်လို ကိုင်တွယ်ဖြေရှင်းဖို့ ရွေးချယ်သလဲ ဆိုတာပေါ်မှာမူတည်တယ်"

သူတို့စကားပြောနေစဉ်တွင် ချင်ရှန့်ဖုန်းမှာ တုန်ခါသွားသည်။

တစ်ချက်ကြည့်လိုက်ပြီးနောက် သူပြတင်းပေါက်ကိုသွားဖွင့်လိုက်ကာ မကြာမီမှာပဲ အမှောင်ထဲ အရိပ်များချဉ်းကပ်လာသည်။

ထို့နောက် သူတို့နှင့်အတူ ဆရာဝန်ခေါ်ဆောင်လာသော ကောင်းယာလန်နှင့် လောဖေးတို့သည် အထဲသို့ တက်လာကြသည်ကို တွေ့လိုက်ရသည်။

ကောင်းယာလန်ဝင်လာပြီးတာနဲ့ စမ်ထင်ကို အခန်းထဲကနေ အမြန်ဆွဲထုတ်လိုက်သည်။ စမ်ထင်သတိလစ်နေတာကိုမြင်တော့ သူမ ဒေါသတကြီးနဲ့ ခေါင်းအုံးကို ထုလိုက်သည်။

"အဲဒီလူယုတ်မာတွေကို ငါ သတ်ပစ်မယ်!"

စစ်ဆေးမှုက မြန်ဆန်သည်။ ဆေးထိုးပြီးနောက်၊ စမ်ထင်နိုးထလာမည့် လက္ခဏာများပေါ်လာသည်။

ကျန်းရန်၏ အခြေအနေမှာ အနည်းငယ်ရှုပ်ထွေးသည်။ ဆေးထိုးဖို့နဲ့ ဒဏ်ရာကို ကုသဖို့လိုသည်။

ကျန်းရန်ကုသမှုခံယူရန် စောင့်နေစဉ် စမ်ထင်နိုးလာသည်။

နိုးလာသည်နှင့် တပြိုင်နက် တစ်စုံတစ်ခု မှားနေပြီဟု ခံစားလိုက်ရကာ ဆတ်ကနဲထထိုင်လိုက်သည်။ သူ အလွန်လျင်မြန်စွာနှင့် နက်နက်ရှိုင်းရှိုင်း အိပ်ပျော်သွားခဲ့ပြီးနိုးလာသောအခါတွင်လည်း ချက်ချင်းသတိအပြည့်နဲ့ပင်။

ဒါပေမယ့် ထထိုင်လိုက်တာနဲ့ အခန်းထဲတွင် လူတွေပြည့်နေသည်ကိုတွေ့လိုက်ရသည်။

ပုံမှန်မဟုတ်သောအခြေအနေသည် သူ့မျက်နှာကိုသိသိသာသာပြောင်းလဲသွားစေခဲ့သည်။ "ငါ ဘာဖြစ်သွားတာလဲ?"

ကျီဖေးက အဖြစ်အပျက်တွေကို အမြန်ပြန်ပြောပြလိုက်သည် "ကျန်းယု ရှင့်ကို ဆေးခတ်ခဲ့တာ ?"

စမ်ထင်၏မျက်နှာသည် ဖြူဖတ်သွားပြီး အံကြိတ်ကာ တုန်ရီနေသည်။

"အဲဒါ သူပဲ!"

သူမ ထပ်မေးတော့မယ့်အချိန်မှာ ရေချိုးခန်းထဲမှညည်းညူသံတစ်ခုထွက်လာသည်။

စမ်ထင်၏မျက်နှာသည် ပိုဖျော့တော့သွားသည် ။

ကျီဖေးသည် ထိုမတော်တဆကို စိုးရိမ်နေသည်ဟု ထင်ကာ ကျိန်ပြောလိုက်သည်။ "ရှင် လုံးဝမထိခိုက်ဘူး။ စိတ်မပူပါနဲ့၊ သူကိုယ်သူ ပြန်ထိန်းနိုင်ခဲ့တယ်။"

ကောင်းယာလန်က ပိုပျော်သွားကာနောက်လိုက်သည်။

"ကျန်းယုက ကျန်းရန်ရဲ့လိင်စိတ်တိမ်းညွှတ်မှုကို မသိတာဖြစ်နိုင်တယ် ?"

ကျီဖေးသည် တခဏတာစကားမပြောနိုင်တော့ဘဲ ကောင်းယာလန်ကိုချက်ချင်းကြည့်လိုက်သည်။

ချင်ရှန့်နှင့် ပြင်ပအခြေအနေကို ဆွေးနွေးနေသည့် လောဖေး သည် ဒါကို ကြားလိုက်ပြီး စိတ်ဆိုးသွားသည်။

" ကျန်းရန်က ယောကျာ်းတွေကို ကြိုက်နေတယ်ဆိုတဲ့ ကောလဟလတွေကို တကယ်လျှောက်မဖြန့်သင့်ဘူးနော်။"

ကောင်းယာလန် ပခုံးတွန့်လိုက်သည်။

"ဒီလိုမဟုတ်ဘူးလား ? ဒီကောင် Single ဖြစ်နေတာကြာပြီ။ ငါတို့အဖွဲ့ထဲက တစ်ယောက်ယောက်ကိုသဘောကျတယ်လို့ အမြဲသံသယရှိခဲ့တာ။ဒါပေမယ့် သူက မလှုပ်ရှားပဲနဲ့ Single ဖြစ်နေတုန်းပဲ။"

ထို့နောက် သူမသည် ကျီဖေးကိုပြုံးပြကာပြောလိုက်သည်။ "အထူးသဖြင့် ငါက နင့်ရဲ့ခင်ပွန်းလို့ သံသယရှိနေတာ။”

ကျီဖေး မထိန်းနိုင်ဘဲ ရယ်မောလိုက်သည်။

[ယာလန်ကျဲက တကယ်အရည်အချင်းရှိတယ်။ သူ ခန့်မှန်းတာ တစ်ဝက်လောက်မှန်တယ်။ သူက အဖွဲ့ထဲက တစ်ယောက်ကို သဘောကျတယ်၊ ဒါ့ကြောင့် သူ့ကို မရနိုင်မှန်းသိလို့ တစ်ကိုယ် တည်းနေခဲ့တယ်။ ဒါပေမယ့်...အကြီးကြီး လမ်းလွဲသွားတယ်။ ကျန်းယုမှာ ဒီလို စိတ်ကူးမျိုးရှိခဲ့ရင် ဒီည အစီအစဉ်ရဲ့သား ကောင်ဟာ ငါတို့ အဖွဲ့ထဲက ယောက်ျားလေးဖြစ်နိုင်တယ်။ ဟားဟား!]

ချင်ရှန့်: ...မင်းရဲ့စိတ်ကူးကလည်း တော်တော်ကောင်းတာပဲ

"နင် ဘာရယ်တာလဲ၊ ငါ့ရဲ့ခွဲခြမ်းစိတ်ဖြာမှုက အဝေးကြီ:လို့ ထင်တာလား" ကောင်းယာလန်သည် စမ်ထင်ကို ထောက်ပြ သည်။

"ဒါက ခိုင်လုံတဲ့ သက် သေပဲလေ။ အဲဒီဆေးမျိုးနဲ့ကို သူ့မကို ထိမည့်အစား သူ့ကိုယ်သူ နာကျင်ခံလိုက်တယ်။ သူယောက်ျားတွေကို သဘောကျတာကလွဲလို့ ဒီလို စိတ်စွမ်းအားကဘယ်ကရလာမှာလဲ၊ တခြားအကြောင်းပြချက်ကို ငါ မစဉ်းစားနိုင်တော့ဘူး။"

[ဒါမှမဟုတ် သူ့ကိုယ်သူထိန်းထားနိုင်လောက်အောင် စမ်ထင်ကို တကယ်ကြိုက်လွန်းလို့လေ။ သူ သူမကို နာကျင်စေမိမှာကြောက်လို့၊ သူ့ရဲ့ ရွံရှာနေတဲ့ အကြည့်ကိုမြင်ရမှာကြောက်လို့လေ။]

"အဲ့ အဲ့လိုလား ? ဟားဟား၊ အခုအချိန်ကစပြီး ကျမခင်ပွန်းကို အနီးကပ်စောင့်ကြည့်ရတော့မှာပဲ။"

ကောင်းယာလန် ဒေါသူပုန်ထကာရယ်သည်။

လောဖေးပင် ရယ်မောလိုက်သည်။

ချင်ရှန့်:...

သူတို့နောက်ပြောင်နေသောအခါ စမ်ထင်၏ စိတ်ခံစားမှုများ တည်ငြိမ်လာသည်။ ကောင်းယာလန်ရဲ့ ကျပန်းထင်မြင်ချက်နဲ့ ပတ်သက်ပြီးတော့ သူမဟာ သဘာဝအတိုင်း မယုံခဲ့ပါချေ။ သူမသည် ကျန်းရန်၏စရိုက်ကိုပိုယုံကြည်သည်။

ထိုအချိန်တွင် ရေချိုးခန်းထဲမှ အသံတစ်ခုထွက်လာပြီး ဆရာ ဝန်က သူတို့ကို ကူညီရန်ခေါ်ခဲ့သည်။

လောဖေးဝင်လာကာ မကြာခင် အဝတ်လဲထားတဲ့ ကျန်းရန်ကိုကူညီလျက် ရေချိုးခန်းထဲကနေထွက်လာသည်။

ကျန်းရန်၏မျက်ခုံးများသည် ပင်ပန်းနွမ်းနယ်မှုများ ပြည့်နှက်နေသော်လည်း သူတတ်နိုင်သလောက် စမ်ထင်ကိုကြည့်လိုက်ဆဲဖြစ်သည်။

ထိုအကြည့်တစ်ချက်ကြောင့် စမ်ထင်တောင့်တင်းလာကာ သူ့နှလုံးသားထဲ ဖြစ်နိုင်ခြေတစ်ခုစတင်အမြစ်တွယ်လာသကဲ့သို့ သူမ မျက်လုံးများ မှိတ်တုတ်မှိတ်တုတ်ဖြစ်သွားသည်။

"စမ်ထင် မင်း အဆင်ပြေရဲ့လား" ကျန်းရန်က ကို့ယို့ကားယားပြောလိုက်သည်။

"ဘာမှစိတ်မပူပါနဲ့ ငါတို့နှစ်ယောက်ကြား ဘာမှမဖြစ်ခဲ့ဘူး။"

စမ်ထင် ခေါင်းညိတ်ပြပြီးနောက် သူမ၏မျက်လုံးများသည် တဖြည်းဖြည်း အေးစက်လာသည်။

"ဖြစ်ပျက်ခဲ့တာကို ငါကြားပြီးပြီ။ နင် ဘယ်လိုတွေးတွေး ငါဒီအတိုင်းလွှတ်ထားပေးမှာမဟုတ်ဘူး။"

ကျန်းရန်အံ့အားသင့်သွားပြီး စောစောကခံစားခဲ့ရတဲ့စိတ် ပျက်အားငယ်မှုကို ဖြည်းညှင်းစွာပြန်သတိရသွားသည်။ သူ့မျက်လုံး တွေလည်းကြည့်လာသည်။

"ငါ... မင်းပြောတာကိုသဘောတူတယ် ဒါပေမယ့် ငါတို့ ဒါကို လူသိရှင်ကြားဖော်ထုတ်ရင် မင်း သိသင့်တယ်...။"

“ကောလဟာလတွေကို ငါ ဂရုမစိုက်ဘူး။ ဘယ်သူမှ ငါ့ကို ဒီလိုထောင်ဖမ်းလို့မရဘူး။”

ကျန်းရန်က စမ်ထင်ကိုကြည့်ပြီး နောက်ဆုံးတော့ ခေါင်းညိတ်လိုက်သည်။

ကျီဖေးက လှည့်ပတ်ကြည့်ရင်းတွေးလိုက်သည်။

[အိုး၊ ပွဲကတော့ စတော့မယ်ဟေ့။]

သူတွေးနေချိန်မှာပင် ကောင်းယာလန်က သူမကို ပုခုံးအားပုတ်လိုက်သည်ကိုခံစားလိုက်ရသည်။

ကျီဖေးက တအံ့တသြကြည့်နေမိသည်။

ကောင်းယာလန် သဘောကျစွာပြောလိုက်သည်။ "မင်းမှာ တကယ်ကို မှော်အစွမ်းရှိတယ်။ နင့် နောက်ကလိုက်ရင် တကယ်ကိုသတင်းအကြီးကြီးရှိတယ်။"

ကျီဖေး:...အိုး.

ကျန်အစီအစဥ်များကို ကျန်းရန်နှင့် စမ်ထင်ထံလွဲထားခဲ့ပြီး သူတို့ကတော့ ဘေးကနေစောင့်ကြည့်ရုံသာ။

၎င်းတို့အပြင်ပြန်ရောက်ချိန် အားလုံး ကျန်းယု၏ကို့ယို့ကားလုပ်ခြင်းကိုဖြေရှင်းပြီးသွားမှန်း တွေ့လိုက်ကြသည်။ သို့သော် သူကတော့ ပျောက်နေဆဲပင်။ သူတို့ ကာမဆက်ဆံပြီးနောက် နောက်ဆက်တွဲကျန်ခဲ့သည့် အခြေအနေများနှင့် အခန်းတစ်ခန်းကိုရှာတွေ့ခဲ့ပြီးနောက် အခြေအနေတွေပိုဆိုးလာသည်။

ကျန်းယုနှင့် ဝမ်ရူတို့က ကျန်းရန်နှင့်စမ်ထင်သည် သည်နေရာတွင် သည်လို အရှက်ရဖွယ်လုပ်ရပ်ကို ကျူးလွန်ပြီးနောက် ယခု ထွက်ပြေးသွားကြောင်း အခိုင်အမာပြောဆိုခဲ့ကြသည်။

သူတို့၏အစီအစဉ်ကိုအောင်မြင်ပြီဟုထင်ကာ သူတို့သည် ဘဝင်ခိုက်နေသော အမူအရာများနှင့်ရှိနေသည်။

သူတို့နှစ်ယောက်စလုံးပျောက်ဆုံးနေပြီး ဒီသံသယဖြစ်စရာ အထောက်အထားတွေကြောင့် ယခင်ကမယုံခဲ့သူများပင် သံသယတွေဝင်လာကြသည်။

ခန်းမထဲ ကျီဖေးနဲ့ ချင်ရှန့်ပေါ်လာတာကို သူ မမြင်ခင်အထိ မဒမ်ရှဲ့၏မျက်နှာကမကောင်းချေ။

တစ်ချိန်တည်းမှာပင်၊ စမ်မိသားစု၏ခေါ်ဆိုမှုသည် နောက်ဆုံးတွင်ရသွားခဲ့သည်။

ချိတ်ဆက်မိသွားသည်နှင့် တပြိုင်နက် စမ်ထင်၏တည်ငြိမ် အေးစက်နေသောအသံထွက်ပေါ်လာသည်။

"ပါး ဘာဖြစ်လို့လဲ၊ ဖုန်းတွေအများကြီးခေါ်ထားတာက ?"

All Chapters