အခန်း (၂၇၆)
Vol. 28 Ch. 276
"ဘယ်လိုလုပ် နင်တို့ဖြစ်နေရတာလဲ!"
ဝမ်ရူအော်ဟစ်လိုက်သည်။ စမ်ထင်နှင့် ကျန်းရန်ကို နောက်ဆုံးတွေ့လိုက်ရသောသူဖြစ်သည့် ဝမ်ရူ ထိတ်လန့်တုန်လှုပ်သွားသည်။
မကြာသေးခင်က သူမ၏အစီစဉ်ကိုမခုခံနိုင်ကာ ၎င်းတို့နှစ်ဦး အိပ်ယာပေါ် ရှိနေခဲ့သည်ကို ဆယ်မိနစ်အတွင်း မည်သို့အစား ထိုးနိုင်မည်နည်း။
"စမ်ထင်နဲ့ ကျန်းရန်ဘယ်မှာလဲ။" ကျန်းယုလည်း တစ်ခုခုမှားနေသည်ကို ရိပ်မိပြီး အခန်းထဲကို အမြန်ပြန်ကြည့်ကာ ထိုနှစ်ယောက်သား ကိုယ်ပျောက်သွားတာဟုပင် သံသယဝင်သွားရသည်။
ချင်ရှန့်သည် မျက်မှောင်ကြုတ်ကာ သိသိသာသာမကျေမနပ်ဖြစ်နေပြီဖြစ်သည်။ ဒီလူတွေနဲ့ စကားတွေ ဖြုန်းတီးပစ်ဖို့ စိတ်မဝင်စားပေ၊ သူ့ရဲ့အေးစက်တဲ့အကြည့်များသည် အခန်းကို ဖိအားများသွားကာတင်းမာသွားစေသည်။
"မင်း ဘာတွေပြောနေလဲ ငါမသိဘူး။ မင်းတစ်ယောက် ယောက်ကိုရှာဖို့ အလျင်လိုနေတယ်ဆိုရင် မင်း ဘာလို့ထွက်မသွားတာလဲ။"
ချင်ရှန့်လေသံက ဘာမှမထူးခြားဘဲ သူအမှန်အတိုင်းပြောနေခြင်းဖြစ်သည်မှာ သံသယမဝင်စရာမလိုချေ။
"သူတို့ဒီမှာ မရှိတာ မဖြစ်နိုင်ဘူး မင်း…" ကျန်းယု၏အော်သံကိုမဆုံးခင်မှာပင် ရိုက်သံတစ်ချက်ပေါ်လာသည်။
မဒမ်ရှဲ့သည် ရှေ့သို့ တိုးလာပြီးထိန်းမနိုင်သိမ်းမရဖြစ်နေသော သူ့သားကို ပါးရိုက်လိုက်သည်။ "ဒီလောက်ဆို လုံလောက်ပြီ၊ မင်း သောက်တာအရမ်းများနေပြီထင်တယ်၊ ငါတို့ ဧည့်သည်တွေကို ဖျော်ဖြေပေးနေတာလား။"
သူ့ကို ကြိမ်းမောင်းပြီးနောက် ချင်ရှန့်နှင့် ကျီဖေးထံသို့ချက် ချင်းလှည့်ကာ ပြင်းပြင်းထန်ထန်တောင်းပန်လိုက်သည်။
"တောင်းပန်ပါတယ်၊ ငါ တစ်ခုခုကိုလျစ်လျူရှုခဲ့မိတာဖြစ်မယ်။ နောက်မှ သေချာလာပြီးပြန်တောင်းပန်ပါ့မယ်။"
"အဲ့လိုလုပ်ဖို့ မလိုပါဘူး မဒမ်ရှဲ့၊ ပြဿနာရှာတဲ့သူကသာ တောင်းပန်သင့်တာပေါ့။" ကျီဖေး၏အသံသည် မသဲမကွဲထွက်လာသည် ။
မဒမ်ရှဲ့ ပြုံးပြီးခေါင်းညိတ်ကာ ချင်ရှန့်ကိုအဓိပ္ပါယ်ရှိရှိ တစ်ချက်ကြည့်လိုက်သည်။ ချင်ရှန့်နှင့် ကျီဖေးတို့သည် ကျန်းမိသားစုကို ဘေးဒုက္ခမှရှောင်နိုင်ရန်ကူညီပေးခဲ့ကြောင်း နှစ်ယောက်စလုံးနားလည်နိုင်လောက်အောင်ထက်မြက်ကြသည်။
မဒမ်ရှဲ့ အခု သူတို့နှစ်ယောက် ဘယ်ရောက်နေမှန်းမသိပေမယ့် လူတိုင်း အခန်းထဲကထွက်သွားတာ အလုံခြုံဆုံးပင်။
“ထွက်တော့!” တံခါးနားမှာရပ်နေသည့် ကျန်းယုကို သူ တွန်းထုတ်လိုက်သည်။
သို့သော် ကျန်းယုသည် လူသိရှင်ကြားပါးရိုက်ခံရခြင်းကြောင့် ရှက်ရွံ့ကာစိတ်ညစ်နေပုံရသည်။ သူ့မျက်နှာထက် အရှက်ရမှုမျာူလောင်ကျွမ်းနေပြီး ဒေါသတကြီးစိုက်ကြည့်နေသည်။ "အဲဒါ အဓိပ္ပာယ်မရှိဘူး! သူတို့နှစ်ယောက်…"
"မင်း!" မဒမ်ရှဲ့အံ့သြသွားသည်။ သူ့သားက အရူးတစ်ယောက်လို ပြုမူပြီး တခြားသူတွေကို ဒီလိုနည်းဗျူဟာတွေနဲ့ ကြံစည်ဖို့ ကြိုးစားနေသည်။ ဒါက တကယ်ပဲ သူ့ကလေးလား ?
မိခင်နှင့်သားပဋိပက္ခဖြစ်ခါနီးတွင် ကျန်းမိသားစု၏ ဒုတိယသားသည် နောက်ဆုံးတွင် ဖျန်ဖြေရန် ရောက်လာခဲ့သည်။
"ရုတ်တရက်ကြီး ဘာဖြစ်သွားတာလဲ၊ တစ်ခုခု နားလည်မှုလွဲနေကြတာလား။"
"ဒီနေ့ မင်းရဲ့ စေ့စပ်ပွဲပါတီလေ။ ဒါကို ဘေးဒုက္ခအဖြစ်မပြောင်းလဲသွားစေနဲ့။"
မဒမ်ရှဲ့၏လေသံသည် တင်းမာနေပြီး နောက်ဆုံးတွင် ကျန်းယုကိုသက်ရောက်မှုရှိသွားခဲ့သည်။
လူတိုင်းက နားလည်မှုလွဲတာလို့ ယူဆကာ ဘယ်သူ့ကိုမှမစော် ကားချင်ကြသဖြင့် ထွက်ခွာသွားကြသည်။
"မဟုတ်ဘူး၊ သူတို့ ဒီမှာမဟုတ်ဘူးဆိုရင်၊ တခြားတစ်နေရာမှာရှိရမယ်။"
ဝမ်ရူ စိတ်ဓာတ်ကျသွားသည်။ နောက်ဆုံး၊ သူမ ၎င်းတို့အား ဆေးခပ်ခဲ့ကာ လမ်းတစ်ဝက်မှာနိုးလာခဲ့လျှင်ပင် သူတို့ ဗီလာကနေမထွက်သွားရလောက်သေးပေ။
သူမ စိတ်ထဲမှာပေါ်လာသမျှကို မတွေးဘဲထုတ်ပြောလိုက်သည်။
"သူတို့ဖောက်ပြန်နေကြတာကို ငါ့မျက်လုံးနဲ့ မြင်လိုက်တယ်။ ဆက်ရှာကြည့်၊ သူတို့ကိုတွေ့လိမ့်မယ်!"
"အဓိပ္ပါယ်မရှိလိုက်တာ!"
စမ်မိသားစုဝင်တစ်ဦးသည် ဒေါသထွက်သွားသည်။ "ဒီအရူးကို ဘယ်သူကဝင်ခွင့်ပြုထားတာလဲ။ သူ့ကို ဒီကနေ နှင်ထုတ်လိုက်စမ်း!"
အရူးလို့ခေါ်ခံလိုက်ရတဲ့ ဝမ်ရူသည် ချက်ချင်း ဆူဆူညံညံလုပ်တော့သည်။ ယခင်က သံသယဖြစ်ခဲ့သော သူ့မိခင် မဒမ်ဝမ်သည် ယခုအခါဒေါသထွက်သွားသည်။ "မင်းဘယ်သူကို အရူးလို့ ခေါ်နေတာလဲ။"
မဒမ်ရှဲ့သည် အခြေအနေ ဒီ့ထက်အခြေအနေမဆိုးခင်လုံခြုံ ရေးအစောင့်များကိုခေါ်လိုက်သည်။
စမ်ထင်နှင့် ကျန်းရန်သာ ခဏနေ မထွက်ခွာပါက ဤအရှုပ်အဘထွေးသည် ဘယ်တော့မှ ပြီးဆုံးတော့မည်မဟုတ်ပေ။
နောက်ဆုံး ထွက်ခွါသည့်သူမှာ ချင်မိသားစုဖြစ်သည်။ သူတို့ သည် ဒရာမာကိုစောင့်ကြည့်နေခြင်းဖြစ်ပြီး ယခုသားဖြစ်သူကို ဇနီးဖြစ်သူအားဖက်ထားသည်ကိုမြင်လိုက်ရသဖြင့် ပျော်ရွှင်စွာ ပြုံးလိုက်ကြသည်။ ၎င်းတို့ရင်းနှီးနေတာမြင်ရတာ တကယ့်ကို ရှားလှသည်။ ချိုမြိန်နေတာပဲ ~
တံခါးပိတ်သွားသည်နှင့် တစ်ပြိုင်နက် နောက်ဆုံးတွင် ချင်ရှန့်သည် ကျီဖေးကိုလွှတ်ပေးလိုက်သည်။
ကျီဖေး၏မျက်လုံးများ တောက်ပနေကာ အခြေအနေတစ်ခုလုံး ရင်ခုန်စိတ်လှုပ်ရှားဖွယ်ကောင်းနေပုံရသည်။
"ရှင်က အံ့ဩစရာပဲ။ အရာအားလုံး ရှင့်ရဲ့ထိန်းချုပ်မှုအောက်မှာပဲ။" ကျီဖေးထိန်းချုပ်မထားပဲ ချီးကျူးလိုက်သည်။
ချင်ရှန့်သည် ဘဝင်မြင့်သွားပြီး အပြုံးသေးသေးလေး မပြုံးပဲ မနေနိုင်ခဲ့ပါ။
"သူတို့ရဲ့ အခြေအနေကို အရင်သွားစစ်ဆေးကြည့်ရအောင်။ တခြားတစ်ယောက်ယောက် ဝင်လာတာကို ရှောင်ဖို့ သူတို့ကို အပြင်ခွင့်မပြုသင့်သေးဘူး။ သီးသန့် ဆရာဝန်က ရောက်လာပြီး ဒါကိုကိုင်တွယ်သည်ထိ စောင့်ကြရအောင်။"
ကျီဖေးက ခေါင်းညိတ်ပြပြီး စမ်ထင်ကိုသွားကြည့်လိုက်သည်။ သူဆေးဘယ်လောက်တောင် သုံးထားလဲ အံ့အားသင့်မိသည်။ သူမ နိုးလာတာမည့် လက္ခဏာပင်မရှိချေ။
ချင်ရှန့်သည်လည်း ကျန်းရန်ကို စစ်ဆေးလိုက်ပြီး သူငယ်ချင်းအုပ်စုကို အခြေအနေကိုရှင်းပြကာ သီးသန့်ဆရာဝန်အားဆက်သွယ်ကာ တိတ်တဆိတ်ဝင်လာရန် စီစဉ်ခဲ့သည်။ မဒမ်ရှဲ့က အရာအားလုံးကို ချောချောမွေ့မွေ့ဖြစ်အောင်လုပ်မှာ အသေ အချာပင်။
အခြားသူများသည် အများစုအားမှန်းကြည့်နေကြပြီး Gp chat တွင် ဒေါသတကြီးဖြစ်နေကြသည်။
သူတို့ သူငယ်ချင်းနှစ်ယောက်ကို ဘယ်လိုတောင်ကြံစည်ဝံ့ကြလဲ။ သူတို့ရူးသွားကြပြီလား။
သူတို့ အခြေအနေကို စောင့်ကြည့်ပြီး လိုအပ်သောအစီအစဉ်များပြုလုပ်မည်ဖြစ်ကြောင်း ချင်ရှန့်မှ အာမခံခဲ့သည်။
သို့သော် မဒမ်ရှဲ့သည် ခန်းမအတွင်းမှရုန်းရင်းဆန်ခတ်ဖြစ်နေမှုကို ကိုင်တွယ်ဖြေရှင်းရန် အလွန်အလုပ်များနေပုံရပြီး လူများဟာ အချင်းချင်း တိုက်ခိုက်ပြီး ကျယ်လောင်စွာငြင်းခုံနေကြသည်။
ချင်ရှန့်သည် ကျီဖေး၏ အတွေးကိုကြားလိုက်သည်။
[ဝမ်ရူက တကယ်ပဲ တုံးတာလား၊ ဒါမှမဟုတ် သူထင်ရာစိုင်းတတ်တာလား။ သူက ဇာတ်လမ်းကိုအသေချာပြောနေတာများ သူတို့ကို သူ့မျက်လုံးနဲ့မြင်ခဲ့ရတာဆိုပြီး အလိမ်အညာတွေကိုတောင်စဖန်တီးနေတယ်။ သူ့အစ်ကိုကို သူ့ခယ်မကိုစွဲလမ်းနေတဲ့သားကောင်အဖြစ် ပုံဖော်ဖို့ကြိုးစားနေတယ်။ သူတို့ကို ဖမ်းမမိခဲ့ရင်တောင် ကျန်းရန်ရဲ့ဂုဏ်သတင်းကို အပုပ်ချဖို့ဆုံး ဖြတ်ထားတယ်။ ဘယ်လောက်ရက်စက်လိုက်လဲ။ သူ့အမေအတိုင်းပဲ။ ဝမ်ရူက ဒီစကားတွေေ ဒီလောက်ရယ်စရာကောင်းတာကို ယုံတဲ့လူတွေရှိနေတုန်းပဲ။ ဒေါသထွက်လိုက်တာနော်!]
တစ်ချိန်တည်းမှာပင်၊ ချင်ရှန့်သည် သူတို့၏အဖွဲ့နှင့် မိသားစုဝင်များထံမှ အပ်ဒိတ်များကို ရရှိခဲ့သည်။ သူတို့သည် ကောလ ဟလများကိုချေပရန် ကြိုးစားသော်လည်း လူအများစုသည် စိတ်လှုပ်ရှားဖွယ် အတင်းအဖျင်းစကားများကို ယုံချင်ကြသည်။
ကောလာဟလဖြန့်ဖို့လွယ်သော်ငြား ဖျောက်ဖျက်ဖို့ခက်တာတော့အမှန်ပင်။
အထူးသဖြင့် ပါဝင်ပတ်သက်သူ နှစ်ဦးပျောက်ဆုံးနေသော ကြောင့် ၎င်းတို့ကိုကာကွယ်ရန် ပိုမိုခက်ခဲစေသည်။
[ဒီအရူးတွေကို ထိန်းမရလောက်ဘူး။ ကျန်းယုက အမှန်ထင်နေသေးသလိုလုပ်နေပြီး တစ်အိမ်ကြီးတစ်ခုလုံးကို လိုက်ရှာဖို့ တွန်းအားပေးနေတယ်။ ဆေးအာနိသင်မပြယ်သေးတာကို သိထားတာဖြစ်ရမယ်။ အချိန်ကြာတာနဲ့ ပိုဆိုးလာလိမ့်မယ်။ သေစမ်း ငါအခုနားလည်သွားပြီ:- ဒီလိုဖြစ်ခဲ့မယ်ဆိုရင် သတိလစ်နေသေးတဲ့ စမ်ထင်ကကြောက်စရာကောင်းတဲ့အခြေအနေမှာ အဆုံးသတ်သွားနိုင်တယ်။ သူတို့က အိမ်ထောင်ရေးဖောက်ပြန်သလို ကြံစည်ရုံတင်မကပဲ ကျန်းရန်ကို လုံးလုံးဖျက်ဆီးဖို့ပါ ကြိုးစားနေကြတာ။ စမ်ထင် ကျန်းရန်ကိုမုန်းတီးသွားပြီး သူတို့ အိမ်ထောင်ရေးလည်း လုံးဝကွဲပြဲသွားနိုင်တယ်။ ဘယ်လောက်တောင်ဆိုးလိုက်လဲ။ သူတို့က သူတို့ကို လုံးဝဖျက်ဆီးပစ်ဖို့ ကြိုးစားနေတာပဲ။]
ချင်ရှန့်သည် ရေချိုးခန်းအပြင်ဘက်တွင် ရပ်ကာ ရေချိုးကန်ထဲတွင် ရုန်းကန်နေရသော ကျန်းရန်ကိုကြည့်နေသည်။ ဒီလိုချောချောမွေ့မွေ့ဖြစ်သွားလို့ မဟုတ်ရင် သူ ဒီ့ထက်ပိုဒုက္ခဖြစ်သွားနိုင်သည်။
[မဒမ်ရှဲ့က တကယ်ကိုတော်တာပဲ။ သူတို့နှစ်ယောက်က ငါတို့နှစ်ယောက်နဲ့ဘေးကင်းနေမှန်းသိတယ်၊ ဒါကြောင့် သူက ထိတ် လန့်မသွားပဲ သူ အားနာတယ်လို့ လူတွေထင်အောင်လုပ်လိုက်တာပဲ။ သူက ကျန်းယုနှင့် အခြားလူတွေကိုလူရွှင်တော်တွေလို လုပ်ခွင့်ပေးထားတာပဲ။]
ချင်ရှန့်သည် လူတိုင်းထံမှ မက်ဆေ့ချ်များကို လက်ခံရရှိခဲ့ပြီး ဒါက အကောင်းဆုံးလုပ်ဆောင်ချက်ဖြစ်ကြောင်း သဘောတူခဲ့သည်။ သူတို့သည် ဆရာဝန်ရောက်လာချိန်တွင် ပိုအဆင်ပြေအောင်လုပ်နိုင်သည်။
သူတို့လုပ်ဖို့လိုက စောင့်နေရုံသာ။
"သူ ဘယ်လိုနေသေးလဲ ?" ကျီဖေးက ချင်ရှန့်ကို စပ်စုစွာ မေးလိုက်သည်။
ချင်ရှန့် ကျီဖေးအား သိပ်အနားကပ်ခွင့်မပြုပေ။ ထို့အစား သူ သူ့မကို ထိုင်ခိုင်းပြီး လက်ရှိအခြေအနေကိုရှင်းပြသည်။
ကျီဖေးက နောက်ဆုံးတော့ မမေးပဲမနေနိုင်ချေ။
"သူတို့ ရူးနေတာလား။ဒီလိုလုပ်ဖို့ အကြောင်းပြချက်တွေလိမ်ဖန်တီးတာကို ထားလိုက်ဦး၊ အခုက သူတိုက အဖြစ်မှန်လိုလိုလုပ်နေကြတယ်။ ကျန်းရန်နဲ့ စမ်ထင်တို့က ဖြစ်ခဲ့တာတွေကိုမေ့သွားမှာမဟုတ်ဘူး။ အမှန်တရားထွက်လာတာနဲ့ သူတို့ပြေးစရာနေရာတောင် ရှိတော့မှာမဟုတ်ဘူး။ သူတို့ငြင်းလိုက်ရုံနဲ့ရပြီလို့ ထင်နေကြတာလား။ တခြားသူတွေက ငတုံးတွေမှ မဟုတ်တာ။"