အခန်း (၂၇၅)
Vol. 28 Ch. 275
ကာမပိုင်ရှိသူနှင့်ဖောက်ပြန်ခြင်းစသည့် ဒရမ်မာအား ကျီဖေး ၏အတွေးမှတစ်ဆင့်ကြားလိုက်ရသောအခါ ချင်ရှန့်အမူအရာ အနည်းငယ်ပြောင်းလဲသွားသည်။
"ဖေးဖေး၊ တံခါးဆီသွားပြီး အပြင်က အခြေအနေကိုမြန်မြန် တစ်ချက်ကြည့်လိုက်။"
ကျီဖေးသည် တံခါးဆီသို့ အမြန်ပြေးသွားပြီး အဟလေးဆွဲဖွင့်ကာ အပြင်ဘက်သို့ တစ်ချက်ကြည့်လိုက်ပြီး ပြန်ပိတ်လိုက်သည်။
"မဖြစ်တော့ဘူး။ ဒီဘက်လာနေတဲ့ လူတစ်စုကိုတွေ့ရတယ်။ အခုချက်ချင်းထွက်သွားရင် ကျမတို့ကိုတွေ့သွားလိမ့်မယ်"
ရေချိုးခန်းထဲမှကျန်းရန်သည် ကျီဖေး စကားကိုကြားရာ သူ့မျက်နှာသည် စာရွက်တစ်ရွက်လိုဖြူဖျော့သွားသည်။ စိတ် ပျက်အားငယ်မှု၊ နာကြည်းမှုအပြည့်ဖြင့် သူ့အမေ၊ ညီမ၊ ဝမ်းကွဲ—သူနှင့် အရင်းနှီးဆုံးသူများအကြောင်းကိုတွေးနေမိသည်။ သူ၏ချစ်လှစွာသော ဆွေမျိုးများ၏လုပ်ရပ်များက သူသွေးများကိုပင် အေးစက်သွားစေခဲ့သည်။
"ဘာလို့လဲ... ဘာလို့ ဒီလိုဖြစ်နေရတာလဲ..."
ကျန်းရန်၏အတွေးများက သူ့မိသားစုဆီသို့ ပြန်ရောက်သွားပြီး သူ့သွေးများ နောက်ပြန်စီးသွားသလိုခံစားလိုက်ရသည်။
“အခုအချိန်က ဒါတွေစဉ်းစားရမယ့်အချိန်မဟုတ်ဘူး။”
ချင်ရှန့် အေးစက်စွာပြောလိုက်သည်။
ကျန်းရန်က ဒါကို သူ့နှလုံးသားထဲမှာသိသည်။ သူ့ကိုယ်သူ စိတ်လျှော့ဖို့ တွန်းအားပေးလိုက်ပြီး အဖြေရှာဖို့ကြိုးစားပေမယ့် မူးယစ်ဆေးဝါးတွေ ထိန်းချုပ်ထားတဲ့ သူ့ခန္ဓာကိုယ်က ပူးပေါင်းဆောင်ရွက်နိုင်မည်မဟုတ်သလို မာနကြီးသည့် သူ့စိတ်ကြောင့်သာ မဟုတ်ရင် ဒီအသိစိတ်ကိုတောင် ထိန်းထားနိုင်ခဲ့မည်မဟုတ်ချေ။
ကျန်းရန် သေချာမစဥ်းစားနိုင်တာတွေ့သဖြင့် ချင်ရှန့် တာဝန်ယူလိုက်သည်။
ရေချိုးကန်ထဲက ရေသည် ကျန်းရန်၏ခန္ဓာကိုယ်ကို မြုပ်သွားပြီဖြစ်သည်။
ချင်ရှန့်သည် ရေကိုပိတ်လိုက်ပြီး ကျန်းရန်ကိုပုဝါတစ်ထည် ပေးလိုက်သည်။ "မင်း မထိန်းနိုင်ရင် ဒီပဝါကိုကိုက်လိုက်။ အသံမထွက်နဲ့ ဒီနေရာမှာ မင်း ရှိနေတာကိုသိလို့မဖြစ်ဘူး။"
ချင်ရှန့်၏ တည်ငြိမ်သောအသံသည် သဘာဝအတိုင်းသြဇာရှိပြီး စိတ်ရှုပ်ထွေးနေသော ကျန်းရန်သည်ပင် အလိုလိုလိုက်နာလုနီးပါးပင်။
ချင်ရှန့်ထွက်လာတဲ့အချိန်မှာ ကျီဖေးက စမ်ထင်ကိုနှိုးရန် ကြိုး စားနေသည်။ လှည့်ပတ်ကြည့်ပြီးနောက် ချင်ရှန့်က ပြောလိုက်သည်။
"ဖေးဖေး၊ သူ့ကို ဗီရိုထဲမှာထားလိုက်။ ဒီအခန်းထဲမှာ ငါတို့နှစ်ယောက်ပဲရှိသလိုဟန်ဆောင်ရအောင်။"
ကျီဖေး မျက်လုံးများတောက်ပသွားသည်။
[သောက်ပဲ၊ သူ CEO ဖြစ်တာမဆန်းတော့ဘူး။ ငါတောင် အဲ့ဒါကိုမစဉ်းစားမိဘူး။ အဲ့လူတွေက ဇွတ်ဝင်လာပြီး ငါတို့နှစ်ယောက်ပဲရှိတွေ့ရင် သူတို့ အခန်းထဲကိုသေချာလိုက်ရှာရဲမှာမဟုတ်ဘူး။ သူတို့လုပ်ရဲရင် ချင်ရှန့်က သူတို့ကိုအကြည့်နဲ့တင် အညံ့ခံအောင်လုပ်လိုက်ရုံပဲ။]
ချင်ရှန့်- ...
ကျီဖေးသည် စမ်ထင်ကို မြန်မြန်မလိုက်ပြီး အနီးနားရှိဗီရိုထဲသို့ ထည့်လိုက်သည်။
သူခေါင်းကိုလှည့်ကြည့်လိုက်တော့ ချင်ရှန့် အခန်းကို သန့်ရှင်းရေးလုပ်နေသည်ကိုတွေ့လိုက်သည် ၊ ကွဲနေသောပန်းအိုးစများကိုကောက်နေကာ ကျန်းရန် မတော်တဆကြမ်းပြင်ပေါ် ကျသထားသော သွေးများကိုဖုံးနေသည်အား တွေ့လိုက်ရသည်။
ထိုအချိန်တွင်၊ ကျန်းယုသည်လည်း အရှေ့ဘက်စင်္ကြံဆီသို့ လူတစ်စုကို ဦးဆောင်ကာအရှိန်အဟုန်ဖြင့်လာနေသည်။
ရုတ်တရက် ချင်မိသားစုသုံးယောက်ကဖြတ်သွားကာ ကျန်းယုကို တိုက်ရိုက်တားလိုက်သည်။ သူတို့သည် နောက်တွင်ကပ်ပါလာသည့် တခြားသူများကိုသတိထားမိပုံမရပေ။
"အိုး.. ကွက်တိပဲ။ မင်းက ကျန်းယုမဟုတ်လား။ ငါတို့သားနဲ့ချွေးမကိုတွေ့မိသေးလား။ ငါတို့က နေရာအနှုံ့လိုက်ရှာနေတာ သူတို့ဖုန်းကိုလည်း ဆက်သွယ်လို့မရဘူး။ ငါတို့မှာ အရေးတ ကြီးဆွေးနွေးစရာတစ်ခုရှိလို့။" ပါးပါးချင် ပြောလိုက်သည်။
မားမားချင်က "တကယ်အရေးတကြီးဖြစ်နေလို့၊ သူတို့ကို ကူရှာပေးဖို့ အသံချဲ့စက်သုံးပေးနိုင်မလား ?"
ချင်ရန်ကလည်း "ဒါမှမဟုတ် ငါတို့ကို CCTV ကနေစစ်ဆေးပေးပါလား။"
အိမ်ထောင်ရေးဖောက်ပြန်နေတဲ့သူတွေကို ဖမ်းဖို့အလျင်လိုနေသည့် ကျန်းယုသည် ဒီအခြေအနေမကြည့်တတ်သော လူသုံးယောက်ကြောင့်စိတ်တိုသွားရသည်။ သို့သော် ဒေါသဖြစ်သွားသော်လည်း ၎င်းတို့အဆင့်ကိုသိထားသဖြင့် ဒေါသမထွက်ပြဝံ့ပေ။ သူစိတ်ထဲကနေကျိန်ဆဲရုံသာတတ်နိုင်သည်။
"အဲ့အတွက် ကျွန်တော့်အမေကိုသာ သွားရှာလိုက်ပါ။" ကျန်းယု စိတ်မရှည်စွာပြောလိုက်သည်။
ချင်မိသားစုကလည်း ထိုကျေးဇူးကန်းသည့်ကောင်စုတ်လေးအားလွယ်လွယ်လွှတ်မပေးကြပေ။ သူတို့သားနဲ့ချွေးမ တစ်ခုခု လုပ်နေသည်ဟုသာထင်သည်။ သို့ဖြစ်ရာ အချိန်ရသလောက်ဆွဲထားပေးရမည်။
ထိုအချိန် မဒမ်ရှဲ့အခွင့်အရေးကိုမြင်လိုက်ကာ ချင်မိသားစုနှင့် စကားပြောဆိုရန် ရှေ့တိုးလိုက်သည်။
သို့သော် လူတချို့၏အရှက်ကင်းမဲ့မှုကိုလျှော့တွက်ခဲ့ကြသည်။ သူတို့အောင်မြင်ဖို့အတွက် ကျန်းယုသည် ဟန်ဆောင်ဖို့ပင်စိတ်မ၀င်စားခဲ့ချေ။ သူ လူတိုင်းကိုဖြတ်ကာ ဧည့်ခန်းဆီသို့ ဦးတည်ကာ သူ့လုပ်ရပ်သည် အိမ်ထောင်ရေးဖောက်ပြန်မှုကို လက်ပူးလက်ကျပ်အမိဖမ်းချင်သည့် လူနှင့်တူကာ နောက်မှလိုက်ပါလာသူတိုင်းကိုစိတ်လှုပ်ရှားသွားစေသည်။
အထူးသဖြင့် ဖျော်ဖြေရေးသတင်းထောက်များဖြစ်ပြီး ရှေ့ဆုံးကနေသတင်းဦးကိုရရန် စိတ်အားထက်သန်ကြပြီး အမိန့်ပေးစရာပင်မလိုပဲ ဝိုင်းအုံပြီး ရှေ့သို့ဒရောသောပါးပြေးသွားကြသည်။
တံခါးဖွင့်လိုက်ပြီး ကျန်းယုဘာမှမမြင်ရသေးတာတောင်မှ သူ ဒေါသတကြီးနှင့်အော်လိုက်သည်။
"မင်းဒီမှာ ဘာလုပ်နေတာလဲ။!"
အမျိုးသမီးအသံက တစ်ချက်ထွက်လာသည်။
"အာ!"
"အိုး၊ အဲ့ဒါတကယ်ကြီး ကောနဲ့ စမ်ထင်လား" လူအုပ်နောက်မှ ဝမ်ရူက ချက်ချင်းထအော်လိုက်သည်။
ကျန်းနှင့် စမ်မိသားစုများအားလုံးဖြူဖျော့သွားကာ ရှေ့သို့ တိုးဝင်လာကြသည်။ မဒမ်ရှဲ့၏မျက်နှာသည် မီးဖိုပေါ်တွင် အချိန်ကြာကြီးတည်ထားသော အိုးတစ်လုံးကဲ့သို့မည်းမှောင်သွားသည်။ သူမ ရုတ်တရက် အနောက်မှ မဒမ်ဝမ်ကိုလှည့်ကြည့်လိုက်ရာ သူ့နှုတ်ခမ်းပေါ်မှအေးစက်သော အပြုံးကို တွေ့လိုက်ရသည်။
မဒမ်ရှဲ့သည် အားလုံးကို ချိတ်ဆက်မိကာ ရေခဲချောက်ထဲသို့ ကျသွားသလိုခံစားရသည်။ သူမရဲ့ အယူသီးမှုတွေကြောင့်နဲ့ ဒီယောင်းမဖြစ်သူသည် သူ့သားဖြစ်သူကို ထိုမျှလောက်လွန်ကဲစွာမနှစ်သက်နေမည်ဟု သူ ဘယ်တုန်းကမှမမျှော်လင့်ခဲ့ချေ။
စမ်ထင်သည် ကျန်းယုကိုလက်ထပ်ရန် တရားဝင်သဘောတူထားခဲ့ပြီး ယခုအခါ ကျန်းရန်နှင့်ပါဆက်ဆံရေးရှိနေကြောင်း ဖမ်းမိလိုက်ပါက ဤအရှုပ်တော်ပုံသည် ကျန်းရန်၏ဂုဏ် သိက္ခာကိုဖျက်စီးသွားလိမ့်မည်ဖြစ်သည်။ ကျန်းမိသားစု၏ အမွေဆက်ခံရာတွင် အရည်အချင်းမရှိရုံသာမက သူ့ခယ်မနှင့် အိမ်ထောင်ရေးဖောက်ပြန်သူအဖြစ်လည်း တံဆိပ်ကပ်ခံရမည်ဖြစ်သည်။
မဒမ်ရှဲ့သည် ဤအခြေအနေသည် ပြန်မပြင်နိုင်လောက်သည်ထိဖြစ်နိုင်သည်ကို သဘောပေါက်ပြီးနောက် လုံးဝကိုစိတ်ပျက် အားငယ်သွားရသည်။
သို့သော် ကြည့်ရှုသူများဝမ်းသာသွားကြသည်။ စကားဝိုင်းပြောနေသံများသည် ပိုမိုကျယ်လောင်လာကာ ပရိသတ်များကို အတင်းအဖျင်း ပြောဆိုစိတ်ကိုပိုစိတ်အားထက်သန်လာစေ သည်။
သူငယ်ချင်းများကလည်း သူတို့သူငယ်ချင်း ပြဿနာတက်မှာကို စိုးရိမ်စွာနဲ့ ရှေ့ကိုပြေးသွားကြသည်။ တကယ်ကို ဒီလူနှစ်ယောက်ရဲ့ သီလသမာဓိကိုတော့ အတိအကျမသိခဲ့ကြပေမယ့် ဒီနေရာမှာ တရားတယ်မတရားဘူးဆိုတာ မရှိတော့ပေ။
သို့သော် အရှေ့ဘက်ရှိမြင်ကွင်းသည် အနည်းငယ်ကို့ယို့ကားယားဖြစ်နေသည်။
အဆက်မပြတ်တဖျက်ဖျက် လင်းနေသည့် မီးလုံးများသည် တစ်ချက်လက်သွားပြီးနောက် ရုတ်တရက် ရပ်တန့်သွားကာ ရေခဲချည်မျှင်များက တံခါးဝမှပြန့်ကျဲနေသကဲ့သို့ပင်။
ထို့နောက် လူအုပ်ကြီး၏သက်ပြင်းရှိုက်သံကို ကြားလိုက်ရသည်။
ဒါ့နောက်ကြားလိုက်ရသော အေးစက်ပြီး ဒေါသပါသောအသံကိုကြားလိုက်ရကာ လူတိုင်းကို ကြောက်လန့်တကြားခြေတစ်လှမ်းပြန်ဆုတ်သွားစေသည်။
"တံခါးတောင် တစ်ချက်မခေါက်ဘဲ ငါနဲ့ ငါ့မိန်းမ အနားယူတဲ့နေရာကိုဝင်လာတယ်။ ကျန်းမိသားစုရဲ့အမူအကျင့်တွေက တကယ်ကိုကောင်းတာပဲ၊ ထွက်သွားကြစမ်း!"
ချင်မိသားစုနှင့် သူငယ်ချင်းအုပ်စုသည် အံ့အားသင့်သွားကြသည်။ ထိုအသံသည် ချင်ရှန့်၏အသံမဟုတ်ပါလား ? ဒီတော့ စောစောက အော်ဟစ်ခဲ့တဲ့အမျိုးသမီးအသံက ကျီဖေးရဲ့ အသံသာဖြစ်ရမည်။
ရှေ့ဆုံးမှ ဖျော်ဖြေရေးသတင်းထောက်များသည် ဖြူဖပ်ဖြူ ရော်ဖြစ်သွားကြသည်။ ထိုအမျိုးသား၏ ခံ့ညားထည်ဝါသော တည်ရှိမှုသည် သူတို့စော်ကားနိုင်သောသူ မဟုတ်ကြောင်း ၎င်းတို့သိကြသည်။ ထို့အပြင် ဒီမှာ ရိုက်စရာဘာမှမရှိသဖြင့် ၎င်းတို့ အမြန်နောက်ဆုတ်လိုက်ကြသည်။
"မင်းတို့ရိုက်ထားတဲ့ ဓာတ်ပုံတွေကိုဖျက်လိုက်ပါ။ Qin Corporation ရဲ့ ဥပဒေအဖွဲနဲ့ ရင်မဆိုင်ချင်ဘူးဆိုရင်ပေါ့။ " ချင်ရှန့် ပြင်းပြင်းထန်ထန် သတိပေးခဲ့သည်။
ထို့ကြောင့် သတင်းထောက်များသည် နောက်ဆုတ်ရန်မေ့သွားကာ သူတို့ ကင်မရာများမှဓာတ်ပုံများကို အရူးအမူးဖျက်ပစ် လိုက်ကြသည်။
'Qin Corporationရဲ့ ဥပဒေအဖွဲ့' သူတို့ထောင်ထဲ၀င်ချင်တာမဟုတ်ရင် သွားမရှုပ်ရဲပါဘူး။
ကျွမ်းကျင်သောသတင်းထောက်အချို့သည် ထိုစုံတွဲသည် မည်သူဖြစ်ကြောင်း လျင်မြန်စွာခန့်မှန်းမိခဲ့ကြသည်။ သတင်းမပို့ဝံ့ကြသော်လည်း အချို့ကမူမှတ်မိနေသေးသည်။
၎င်းတို့နှစ်ဦးသည် Qin Corporation ၏ CEO ချင်ရှန့်နှင့် ဖျော် ဖြေရေးနယ်ပယ်၏တရားသူကြီး ကျီဖေးမှလွဲ၍အခြားသူ မဟုတ်ပေ။
အရင်တုန်းက အိမ်ထောင်ပြုထားသည်ဆိုသော ကောလဟာလတွေရှိခဲ့သော်လည်း တခြားသူများကမယုံခဲ့ကြပေ။ အခုကြည့်ရသည်မှာ အမှန်ဖြစ်ပုံပင်။ ကျီဖေး ဤမျှပြဿနာရှာခဲ့သော်လည်း မထိမခိုက်ဖြစ်နေတာမအံ့သြတော့ပါဘူး—သူ့မိသားစုနောက်ခံမှာ အလွန်အင်အားကြီးမားသည်ကိုး။ ကျန်းယု သူတို့ကို တကယ်ပြဿနာဖြစ်အောင်လုပ်လိုက်တာပဲ။ သူတို့မျက်နှာတွေကို ဒီစုံတွဲမမှတ်မိခင်မြန်မြန်ပြန်ဆုတ်ရမယ်။
ရှေ့ဆုံးတွင်ရပ်နေသော ကျန်းယုသည် အတွင်းဘက်မြင်ကွင်းကိုအသက်မဲ့စွာကြည့်နေကာ သူ့အသက်ဝိညာဉ်ဆုံးရှုံးသွားပုံရသည်။
"ဘာတွေဖြစ်နေတာလဲ ?"
ဝမ်ရူက အံ့အားသင့်စွာ အော်ပြောကာ ရှေ့သို့ တိုးဝင်လိုက်သည်။ ချင်ရှန့်သည် ဆိုဖာပေါ်တွင်ထိုင်ကာ ကျီဖေးကို သူ့လက်မောင်းထဲဖက်ထားသည်ကို တွေ့လိုက်ရသည်။ ကျီဖေး ရုတ်တရက်လန့်သွားပုံရပြီး ချင်ရှန့်ပခုံးထဲတွင် သူမ၏မျက်နှာကိုဖွက်ထားသည်။
ရှင်းရှင်းလင်းလင်းကို သူတို့နှစ်ယောက်ချစ်ခင်ကြင်နာနေကြတုန်း လူအုပ်ကြီးရုတ်တရက်ဝင်လာခြင်းဖြစ်ကာ ပွေ့ဖက်နေတာဖြစ်နိုင်သလို၊ နမ်းရှုံ့နေတာမျိုးလည်းဖြစ်နိုင်သည်ကိုမြင် လိုက်ရသည်။ ယခုလိုရိုင်းစိုင်းသည့်ကျူးကျော်မှုအား ချင်ရှန့်လိုအဆင့်အတန်းရှိသူပင် မတည်ငြိမ်နိုင်ပါချေ။ ဒါ လုံးဝကို အရှက်ရစေခဲ့သည်။
ထို့ပြင် အခန်းထဲ ၎င်းတို့နှစ်ယောက်ကလွဲပြီးမည်သူမှမရှိပေ။