အခန်း (၂၇၄)
Vol. 28 Ch. 274
ကျီဖေးရဲ့ အတွေးတွေကို ကြားပြီးနောက် ချင်မိသားစုဟာ တုန်လှုပ်ချောက်ချားသွားခဲ့သည်။
ဘာ?!
ကျန်းယုက သူ့ရဲ့ စေ့စပ်ထားသူကို သူ့ဝမ်းကွဲနဲ့ ထောင်ဖမ်းဖို့ ကြံစည်ခဲ့တာလား။
ကျန်းယု ဘာကြောင့် ဒီလိုစတန့်မျိုးကို ဆွဲထုတ်တယ်ဆိုတာ လုံးဝနားမလည်နိုင်ဘူး။ ကျန်းရန်ကို အမှုဆင်ဖို့ သူ့စေ့စပ်ထားသူကို စွန့်လွှတ်လိုက်သည်ထိကို ကျန်းရန်ကို မုန်းတီးလွန်းနေတာလား။
ဘာပဲဖြစ်ဖြစ် ဒါက အခြားအရာတစ်ခုကို အတည်ပြုခဲ့နိုင်ခဲ့သည်။ ကျန်းရန်သည် စမ်ထင်ကို သဘောကျကြောင်း ကျန်းယု မသိခဲ့ပေ။ မဟုတ်ရင် သူဒီလိုစီစဉ်ခဲ့မှာ မဟုတ်ပေ ။
ထိုလုပ်ရပ်များနောက်ကွယ်မှ ပိုမိုလေးနက်သော အကြောင်း ရင်းများကို အာရုံခံနိုင်သော ချင်ရှန့်၏အမူအရာမှာလည်းမဲမှောင်သွားသည်။
"ထူးဆန်းတယ်၊ ဒီကို မကြာခင်ရောက်မယ်လို့ စမ်ထင် မက်ဆေ့ချ်ပို့ထားတာကို။ အဝတ်အစားလဲတာ ဘာလို့ ဒီလောက် ကြာရတာလဲ။"
ကောင်းယာလန်သည် သူမဖုန်းကို ဆက်တိုက်ကြည့်နေပြီး စမ်ထင်နဲ့ပတ်သတ်ပြီး ကျန်းယု၏ သံသယဖြစ်ဖွယ် လှုပ်ရှားမှုများအကြောင်းကို စိတ်အားထက်သန်စွာ ဖွင့်ဟနေသည်။
တကယ်တော့ စမ်ထင်က မီးမောင်းထိုးခံတာကိုမကြိုက်ပေ။
အခြားသူများလည်း ကျန်းရန်ရောက်ရှိလာရန် စောင့်ဆိုင်းနေကြသော်လည်း သူ့ကို မည်သည့်နေရာမှ မတွေ့ရပေ။
ထိုအချိန်တွင် ကျီဖေးသည် တုန်လှုပ်နေသည်။ အချိန်တွေကုန်နေပြီ သူမ သင့်လျော်တဲ့ ဆင်ခြေကို မတွေးနိုင်သေးပေ။ သူမသည် ချင်ရှန့်၏အင်္ကျီလက်ကို ကိုးယို့ကားယား ဆွဲလိုက်ပြီး ပြောလိုက်သည်။
"ကျမ နည်းနည်းမူးနေလို့၊ ခဏလောက်အနားယူဖို့ လိုက်ပို့ပေးပါလား။”
ရုတ်တရက် ချင်ရှန့်၏ဖုန်းသည် တောက်ပသွားသည်။
ကျီဖေး၏လုပ်ဆောင်ချက်များနှင့် ပူးပေါင်းဆောင်ရွက်နေစဉ်၊ ချင်ရှန့်သည် ဖန်သားပြင်ကို တစ်ချက်ကြည့်လိုက်သည်။ သူမျက်စံများ ကျုံ့သွားပြီးဖုန်းကိုမြန်မြန်ဖြေလိုက်သည်။
"ကူညီပါဦး…"
အားနည်းသောအသံတစ်ခု ထွက်ပေါ်လာပြီး ဆုံးအောင်မပြောနိုင်ခင်မှာပင် တစ်ဖက်မှဖုန်းသည်ပြုတ်ကျသွားပုံရသည်။
ချင်မိသားစုဝင်များသည်းလည်း စိုးရိမ်ပူပန်နေကြကာ သူတို့စုံတွဲရည်ရွယ်ချက်ရှိရှိ အရှေ့ဘက်သို့ ဦးတည်သွားသည်ကို မြင်လိုက်ရသည်။ စိတ်လှုပ်ရှားနေသော်လည်း စိတ်သက်သာရစွာ သက်ပြင်းတစ်ချက်ချလိုက်သည်။ သူတို့ သုံးယောက်စုဆွေးနွေးကြပြီးနောက် နောက်ပိုင်း လိုအပ်မယ်ထင်တာ ကြောင့် အခုတော့ ဒီမှာပဲဆက်နေဖို့ဆုံးဖြတ်လိုက်ကြသည်။
နောက်ဆုံးတော့ တစ်စုံတစ်ယောက်ကို ဖမ်းမိသွားတာလား။ လက်ရှိမှာ ကျန်းယုနှင့်ပါပါရာဇီအား သူတို့မျက်စိဒေါက်ထောက်စောင့်ကြည့်နေသည်။
အဝေးက သူ့သမီးနဲ့ အတူ တခြားသူများနှင့်စကားစမြည်ပြောရင်း ရယ်မောနေတဲ့ မဒမ်ဝမ်ကို မကြည့်ပဲ မနေနိုင်ပါချေ။
စိတ်ထဲကနေ မကျိန်ဆဲပဲမနိုင်တော့ပေ။ ဘယ်လိုမိခင်မျိုးလဲ ? ကျန်းရန် တကယ့်ကိုကံဆိုးသည်။
[မြန်မြန်၊ မြန်မြန်။ အရှေ့ဘက်စင်္ကြံက နားနေခန်း၊ တတိယအခန်း၊ တတိယအခန်း ငါ့တို့မြန်မြန်ဝင်လိုက်ဖို့လိုတယ်။]
ကျီဖေး တလောတကြီး တွေးနေသည်။
ရုတ်တရက် ချင်ရှန့်ပြောတာကြားလိုက်သည်။
"ဖေးဖေး၊ ကျန်းရန်နဲ့ စမ်ထင်တို့ တစ်ခုခုဖြစ်နေပြီထင်တယ်။ သူတို့က အရှေ့ဘက်စင်္ကြံက တတိယမြောက်နားနေခန်းမှာ ရောက်နေတာ။ သွားကြည့်ရအောင်။"
ဒါကိုကြားချိန်မှာ ကျီဖေး ထိုအခန်းသို့သွားရန် အကြောင်း ပြချက်တစ်ခုပေးဖို့ သူမ၏ဦးနှောက်ကို ညှစ်ထုတ်နေခြင်းဖြစ်ရာ သူ အရမ်းပျော်သွားသည်။
[ဝိုး၊ အထင်ကြီးစရာပဲ။ မဒမ်ဝမ်က ပြင်းထန်တဲ့ အစီအမံတွေ အသုံးပြုခဲ့တာ ကျန်းရန်ကြည့်ရတာ တကယ်တောင့်ခံထားပြီး အကူအညီတောင်းနိုင်ခဲ့တာပဲ။!]
သူတို့တွေးထားတဲ့အတိုင်း တတိယသန့်စင်ခန်းကို ရောက်သွားကြသည်။
အကြောင်းတစ်ခုခုကြောင့် တံခါးကို လော့မချထားဘဲ လက် ကိုင်တစ်ချက်လှည့်ရုံဖြင့် ဖွင့်လိုက်နိုင်သည်။
တံခါးဖွင့်လိုက်သည်နှင့် အတွင်းမှ ဖိနှိပ်ထားသောအော်သံတစ်ခု ထွက်ပေါ်လာခဲ့သည်။
နှစ်ယောက်သား အကြည့်ချင်းဖလှယ်ကာ ပြေးဝင်သွားကြသည်။
အထဲမှာ၊ စမ်ထင်က အိပ်ယာပေါ်မှာလဲလျောင်းနေပြီး သူမရဲ့အဝတ်အစားတွေက အနည်းငယ်ဖရိုဖရဲဖြစ်နေသည်ကလွဲ၍ ထိခိုက်မှုမရှိချေ။
ကျန်းရန်သည် ကြမ်းပြင်ပေါ်တွင်ခွေခွေလေးလဲနေကာ သူ့ဘေးနားတွင် ပန်းအိုးအကွဲများပြန့်ကျဲနေသည်။ သူ့လက်ဖဝါးထဲကို ပန်းအိုးအကွဲကို ဆုပ်ကိုင်ထားပြီး သူ့လက်ကို ချွန်ထက် သောအစွန်းက ဖြတ်တောက်နေကာ သူ၏လက်ဖဝါးတစ် လျှောက်သွေးများပျံ့နှံ့နေသည်။
သူသည် နာကျင်မှုကို အသုံးချပြီး အသိစိတ်ကိုထိန်းတာခြင်းဖြစ်သည်။
ဤသွေးထွက်သံယိုမြင်ကွင်းကိုမြင်လိုက်ရတော့ ကျီဖေးသည် ကျန်းရန်အား သဘောမကျပဲမနေနိုင်တော့ချေ။
[ဒါကို သူ ခံနိုင်ရည်ရှိတယ်။ သူကိုယ်သူ ထိန်းချုပ်တဲ့နေရာမှာ တကယ်ကို Pro အဆင့်ပဲ။]
ချင်ရှန့်က ကျန်းရန်ကိုတွဲကာ ရေချိုးခန်းထဲဆွဲခေါ်သွားပြီး အေးစက်နေတဲ့ ရေကိုဖွင့်ကာ အဆင်ပြေအောင် ကူညီလိုက်သည်။
ကျီဖေးက စမ်ထင်ကို နှိုးရန် ကြိုးစားသော်လည်း သူမသည် နက်ရှိုင်းစွာ ငိုက်မျဉ်းနေသဖြင့် အလွယ်တကူလည်းလမ်းမလျောက်နိုင်ပေ။
"ချင်ရှန့်၊ ဘာလုပ်ရမှာမလဲ၊ ရဲကိုခေါ်လိုက်ရမလား။ လူနာတင်ယာဥ်ရော။" ကျီဖေးက မေးလိုက်သည်။
ချင်ရှန့်မဖြေခင်မှာ နဲနဲစိတ်ရှင်းသွားတဲ့ ကျန်းရန်ကပြောလိုက်သည်။
"မဟုတ်ဘူး၊ ရှုပ်လွန်းသွားရင် ငါ့တို့ကိုပေါ်သွားလိမ့်မယ်။ ဘာမှမဖြစ်ခဲ့ရင်တောင် တစ်ခုခုဖြစ်ခဲ့တယ်လို့ပြောင်းသွားလိမ့်မယ်။ ငါတို့ သူတို့ရဲ့အကြံအစည်ကိုအောင်မြင်ခွင့်မပြုနိုင်ဘူး။"
ကျန်းရန်၏မျက်နှာပေါ်မှ မဖတ်ရှုနိုင်သော နာကျင်မှုကိုမြင်လိုက်ရသော ချင်ရှန့်ကပြောလိုက်သည်။
"ဒါကို သတိရှိရှိကိုင်တွယ်ဖို့ ငါ သီးသန့်ဆရာဝန်ကို ခေါ်လိုက်မယ်။ ငါတို့ အခုရွှေ့ဖို့လိုတယ်..."
ချင်ရှန့် စကားမဆုံးခင်မှာတင် ကျီဖေးအတွေးထဲမှထိတ်လန့်တကြားထအော်လာသည်။
[အိုး၊ ဇာတ်လမ်းကစနေပြီ။ ငါတို့ အခု ဘာလုပ်ကြမလဲ။]
ထိုအချိန်တွင် ပွဲတွင် ဆက်ခံသူအား ကြေငြာရန် စီစဉ်ထားပြီး မဒမ်ရှဲ့သည် ကျန်းရန်ကို ခဏတာမျှ စောင့်ဆိုင်းနေခဲ့သော် လည်း အရိပ်အယောင်မတွေ့ရသောကြောင့် သူ မျက်မှောင် ကြုတ်ကာ သူ့ကိုရှာရန် တစ်စုံတစ်ယောက်ကိုအမိန့်ပေးလိုက်သည်။
ကျန်းယုသည် ရုတ်တရက် မဒမ်ရှဲ့နှင့် အတူထိုင်နေသော စမ်မိသားစုထံ ချဉ်းကပ်လာပြီးမေးလာသည်။
"စမ်ထင်ဘယ်မှာလဲ၊ သူမကို ရှာမတွေ့လို့ ။ ဖုန်းလည်း မကိုင်ဘူး။ ကျွန်တော် သူငယ်ချင်းတွေနဲ့ သူ့ကို မိတ်ဆက်ပေးချင်လို့လေ။"
သူတို့လည်း စမ်ထင်ကိုမတွေ့သောကြောင့် စမ်မိသားစုသည်လည်း စိတ်ရှုပ်သွားခဲ့သည်။
ခဏနေတော့ အမျိုးသမီးတစ်ဦး၏ အသံတိုးတိုးထွက်လာခဲ့သည်။
"အစ်ကိုက စမ်ထင်နောက်လိုက်ပြီး နားနေခန်းထဲကိုဝင်သွားတာ စောစောကတွေ့လိုက်မိသလိုပဲ၊ နားနေခန်းတစ်ခုထဲမှာ စကားပြောနေကြတာဖြစ်နိုင်တယ်။ ဒါပေမယ့် နဲနဲတော့ကြာနေပြီ။"
ပြောလိုက်သူမှာ ဝမ်ရူဖြစ်သည်။ အပြစ်ကင်းသည်ဟု ထင်ရသော သူမ၏ထင်မြင်ယူဆချက်သည် လူအချို့ကြားတွင် ချက်ချင်း အတင်းအဖျင်းများဖြစ်ပေါ်လာစေခဲ့သည်။
အစ်ကိုအကြီးဆုံးနှင့် ခယ်မဖြစ်သူတို့နှစ်ယောက်သားဆွေး နွေးဖို့ လိုအပ်သလော ??
မဒမ်ဝမ်က ဝမ်ရူကို အမြန်ဆွဲခေါ်လိုက်ပြီးပြောလိုက်သည်။ "အဓိပ္ပာယ်မရှိတာတွေ မပြောနဲ့။ မင်းအစ်ကိုက သူနဲ့ မရင်းနှီးဘူး။"
သူမ၏ဖုံးကွယ်ရန် ကြိုးပမ်းမှုသည် ထင်ကြေးပေးမှုများကို ပိုမိုများပြားလာစေခဲ့သည်။
ကျန်းယု၏မျက်နှာသည် မည်းမှောင်သွားပြီး ချက်ချင်းလှည့်ထွက်သွားသည်။
သူလှုပ်ရှားလိုက်တာနဲ့ ဧည့်သည်တွေအဖြစ်ဟန်ဆောင်ထားသော ပါပါရာဇီများသည် စိတ်လှုပ်ရှားသွားပြီး လိုက်မတ်တပ်ရပ်လိုက်ကြသည်။
မဒမ်ရှဲ့၏ အမူအရာ ပြောင်းသွားသည်။ တစ်ခုခုမှားနေပြီဆိုတာ သိလိုက်ရတော့ သူမက ကျန်းယုကို အမြန်ဆွဲပြီးပြောလိုက်သည်။
"စမ်ထင်က အပေါ်ထပ်မှာ အနားယူနေတာ။ စကားမစပ် ကျန်းယု၊ ငါ ကျန်းရန်အတွက် တစ်ခုခုလုပ်ဖို့ခိုင်းထားတာ။ သူ မပြီးသေးဘူး ထင်တယ်။ သူ့ကို သွားကူညီချည်။"
မဒမ်ရှဲ့က အတိအကျ ဘာဖြစ်သွားမှန်း မသိပေမယ့် သူ မတုံးအပါချေ။ တစ်ခုခုလွဲချော်နေမှန်း သူမသိလိုက်ပြီးအရှုပ်အ ရှင်းကို တားဆီးချင်ခဲ့သည်။
သို့သော် ကျန်းယု မဒမ်ရှဲ့၏လက်ကို ခါလိုက်သောအခါ၊ ဒါကို ကျန်းယု လုပ်နေသည်ဆိုတာကို သူ သဘောပေါက်သွားပြီး သူ့မျက်နှာသည် ဖြူဖျော့သွားခဲ့သည်။
ဘာပဲဖြစ်ဖြစ် ကျန်းယုသည် လူတစ်စုကို ဦးဆောင်ကာစင်္ကြန်ဆီသို့ ဦးတည်နေပြီဖြစ်သည်။
အခြေအနေကို သတိမထားမိတဲ့ ဘေးမှကြည့်သူများသည် သိချင်သော အကြည့်များအချင်းချင်းဖလှယ်လိုက်ကြသည်။
"ဘယ်သွားနေတာလဲ။ နောက်ထပ်အရှုပ်တစ်ခုလား?"
"သေချာပေါက်ပေါ့၊ အထူးသဖြင့် ကျီဖေးက ဒီမှာရှိနေတယ်လေ!"
"ငါတို့လည်း သွားကြည့်သင့်လား"
"ဒရမ်မာတွေထဲကလို သွားဖမ်းတော့မယ့်ပုံနဲ့တူတယ်ဟ!”
ကျီဖေးရှိနေခြင်းသည် လူတိုင်း၏အတင်းအဖျင်းအပေါ်စိတ်ဝင်စားမှုကို တိုးမြင့်သွားစေပြီး အများအားဖြင့်မစပ်စုတတ်သောသူများသည်ပင် ပထဆုံးအကြိမ် ယခုဒရာမာကို ဖမ်းရန်စိတ်အားထက်သန်နေကြသည်။
မြင်ကွင်းက ထိုအုပ်စုငယ်လေးကို အံ့ဩသွားစေသည်။ သူတို့ အနည်းငယ်ကြားလိုက်ကာ ကျန်းရန်နှင့် စမ်ထင်တို့အား သံသယ၀င်နေမှန်း သိလိုက်ရသည်။
"ကျန်းယု ရူးသွားပြီလား ? သူတို့ ဘယ်လိုတောင်..." ကောင်းယာလန်က ထိတ်လန့်တကြားအော်လိုက်သည်။
"တစ်ခုခုတော့ မှားနေပြီ၊ ထောင်ချောက်ဆင်ထားတာဖြစ်နိုင်တယ်။"
လောဖေး ထရပ်ပြီး ရုတ်တရက်နားလည်လိုက်သည်။
"ချင်ရှန့်နဲ့ ကျီဖေး ဘယ်မှာလဲ...?"
"သူတို့က စောစောကတင် အနားယူမယ်လို့ပြောသွားကြတယ်။ တကယ်ပဲ တစ်ခုခုဖြစ်နေတာများလား။" ယွီယွဲ့အံ့သြသွားသည်။
ပိုင်ရှောင်ရှီလည်း အံ့အားသင့်စွာဖြင့်ပါးစပ်ကိုအုပ်လိုက်သည်။
သို့သော် လောဖေးသည် အနည်းငယ် စိတ်သက်သာရာရသွားသည်။
"သူတို့ရှိနေရင် ကိစ္စတွေက လက်ထဲကလွတ်ထွက်သွားမှာမဟုတ်ဘူး။"
ဒါက အဓိပ္ပာယ်မရှိဘူးထင်မိပေမယ့် အခုတော့ သူလည်း ဒီလို အယူသီးတာတွေကိုအားကိုးနေမိသည်။
ဒါပေမယ့် သူတို့ ထိုင်မနေနိုင်ကြ ပ။ သူတို့အမြင်မှာတော့ စမ်ထင်နဲ့ ကျန်းရန်သည် ထိုသို့ဆက်ဆံရေးရှိဖို့ ဘယ်လိုမှမဖြစ်နိုင်ချေ။ တစ်ခုခုဖြစ်ခဲ့ပါက ထောင်ဖမ်းခြင်းသာဖြစ်ရမည်။ ကျန်းယု၏ထူးဆန်းသော အစီအစဉ်များနှင့် ပါပါရာဇီများရှိနေခြင်းသောကြောင့်ပင်။ ၎င်းတို့လျင်မြန်စွာ နောက်ကလိုက်ပါခဲ့ကြသည်။