အခန်း (၂၇၃)
Vol. 28 Ch. 273
မဒမ်ဝမ်မှ သူ့အားတွေ့ချင်ကြောင်းကြားလာသဖြင့် ကျန်းရန် စိတ်အခြေအနေမကောင်းဖြစ်နေပြီဖြစ်ပြီး သူ့အမေနှင့် ထပ်ပြီးမတိုက်ခိုက်ချင်တော့ပေ။ သူ့အမေ သူ့ကိုလိုက်ရှာတိုင်း ဘာတစ်ခုမှကောင်းတာမရှိမှန်း သူကောင်းကောင်းသိသည်။
သို့သော် ဝမ်ရူ အကြိမ်ကြိမ်တိုက်တွန်းပြီးနောက် ကျန်းရန် သွားတွေ့ရန်မှအပ ရွေးချယ်စရာမရှိတော့ပေ။
ထိုအချိန် မဒမ်ဝမ် ပွဲမှထွက်ကာအနားယူရန် သန့်စင်ခန်းတစ်ခုကိုရှာတွေ့ခဲ့သည်။ ကျန်းရန် ရောက်ရှိလာသောအခါတွင် သူ ထိုင်ရန်လက်ပြလိုက်သည်။
"ကျွန်တော့်ဆီက ဘာလိုချင်လို့လဲ ?"
မဒမ်ဝမ် သူ့ကိုတွေ့ချိန် ဒေါသမထွက်အောင် မနည်းထိန်းထားခဲ့ရသဖြင့် စကားအနည်းငယ်သာပြောခဲ့သည်။ လက်တွဲဖော်ရှာဖို့ အစီအစဥ်အကြောင်း သူစပြောလာသည့်အခါ ကျန်းရန် ပိုလို့ပင်သံသယတွေတိုးလာခဲ့သည်။
"မင်းကို ကျန်းမိသားစုရဲ့အမွေဆက်ခံသူအဖြစ် ကြေညာတော့မယ်ဆိုလို့ ငါကြားတယ်။ မား မင်းကို ဘာကောင်းချီးတွေမှပေးစရာမရှိဘူး၊ မင်း ဘယ်သူ့ကလေးလည်းဆိုတာကို မမေ့ဖို့ပဲမျှော်လင့်တယ်။"
ထို့နောက် မဒမ်ဝမ် သူ့ဖန်ခွက်ကိုမြှောက်လိုက်ပြီး သူ့အား ဂုဏ်ပြုပေးရန် အနားကပ်လာသည်။
ကျန်းရန် ဒီနောက်ပိုင်းတွင် မည်သို့သောကောင်းသည့်အရာမှ ရောက်လာမည်မဟုတ်မှန်းသိသော်လည်း အနည်းဆုံး သူ့အမေထံမှ ဂုဏ်ပြုတာကိုလက်ခံပြီး ၎င်း၏သားသမီးကျင့်ဝတ်ကိုဖြည့်စည်းပေးခဲ့သည်။ ထူးထွသိပ်မစဉ်းစားဘဲ သူ့ဘေးနားကဝိုင်ပုလင်းကိုကောက်ကိုင်လိုက်ပြီး ဖန်ခွက်ထဲသို့လောင်းထည့်ကာ မဒမ်ဝမ်၏ခွက်နှင့်တိုက်ပြီးသောက်လိုက်သည်။
မဒမ်ဝမ်၏မကျေမနပ်အကြည့်သည် နောက်ဆုံးတွင် ကျေနပ်မှုနှင့်ရူးသွပ်မှုအရိပ်အမြွက်ကိုထုတ်ဖော်ပြသခဲ့သည်။
"နောင်ကျ မင်းညီမနဲ့ ဝမ်းကွဲကို ပိုကူညီပေးသင့်တယ်။ အမွေဆက်ခံမယ့်ရာထူးက သူ့အတွက်ဖြစ်သင့်တာ။ ရှဲ့လီဖုန်က ရူးနေလို့ သူ့ကလေးနေရာကို မင်းကို ပေးဖို့လုပ်နေတာ။ မင်း ကျေးဇူးတင်ပြီး မင်းဝမ်းကွဲကိုပြန်ပေးဆပ်သင့်တယ်။"
ကျန်းရန် အသက်ပြင်းပြင်းရှူလိုက်သည်။ မျှော်လင့်ထားသည့်အတိုင်းပင် ၎င်းသည် သူ့အားစိတ်မသက်မသာဖြစ်စေရန် ဤနေရာတွင်ရှိနေခြင်းဖြစ်သည်။ ယနေ့ သူချစ်ရသည့်မိန်းက လေးမှာ သူ့ဝမ်းကွဲနှင့်စေ့စပ်လိုက်သည်ကိုကြည့်ပြီးပြီဖြစ်ရာ သူ့ထံက ဘာထပ်လိုချင်သေးသနည်း ??
ကျေးဇူးသိတတ်ခြင်းဟူသည် သူနားလည်သည့်အရာဖြစ် သည်၊ သို့သော် အခြားသူများမှအဘယ်ကြောင့်အမိန့်မေးသင့်သည့်အရာဖြစ်သနည်း ? အထူးသဖြင့်သူ့မိခင်ထံမှပင်။
နောက်ဆုံး ကျန်းရန် ဒေါသမထိန်းနိုင်တော့ပဲ “မား တကယ်ပဲ ကျွန်တော့်အမေအရင်း ဟုတ်ရဲ့လား?”
မဒမ်ဝမ်၏မျက်လုံးများ ပြူးကျယ်သွားပြီးနောက် သူ အရမ်းဒေါသထွက်သွားသည်။
"နင် ဘယ်လိုစကားပြောလိုက်တာလဲ!"
"ဟက်၊ မားက ဝမ်ရူကိုဂရုစိုက်စေချင်တာ ကျွန်တော်နားလည်တယ်။ ဒါပေမဲ့ မား ကျန်းယုကို ကျေးဇူးဆပ်စေချင်တာလား? ကျန်းမိသားစုရဲ့စည်းကမ်းတွေကို မား မေ့သွားတာလား? ပြိုင်ပွဲမှာ ကျရှုံးသွားတဲ့ ကျန်းမိသားစုအဖွဲ့ဝင်မျိုးဆက်တိုင်းကို အမွေဆက်ခံသူကပြန်ပေးရမယ်လို့ တစ်ခါမှမကြားဖူးဘူး။ ကျွန်တော်အရည်အချင်းရှိလို့ ဒီရာထူးကိုရခဲ့တာ၊ သူနဲ့ဘာဆိုင်လို့လဲ? ကျွန်တော်တို့နှစ်ယောက်လုံး အန်တီရှဲ့ရဲ့လက်အောက်မှာသင်ယူခဲ့တယ်၊ သူ ကျွန်တော့်လောက်မတော်ဘူး၊ အဲ့တာက အန်တီရှဲ့ ဘာလို့ ကျွန်တော့်ကိုရွေးခဲ့လဲဆိုတာပဲ၊ ကျန်းယု ပေးခဲ့တာမဟုတ်ဘူး။ ကျွန်တော် ကျေးဇူးတင်ရမဲ့တစ်ယောက် တည်းသောသူက အန်တီရှဲ့ပဲ ကျန်းယုမဟုတ်ဘူး။"
ကျန်းရန်သည် တစ်နေကုန်စိတ်ထိန်းထားခဲ့ပြီး ယခုမူ အားလုံးကိုလွှတ်ထုတ်ပစ်လိုက်သည်။
တကယ်တော့သူသည် အမွေဆက်ခံမည့်ရာထူးကို ဘယ်တုန်း ကမှမလိုချင်ခဲ့ပေ။ သူသည် ဤမိသားစုတွင်ကြီးပြင်းလာခဲ့ပြီး သူ၏အရည်အချင်းများက သူ့ကို ဤရာထူးတွင်နေရာပေးခဲ့သည်။ ၎င်းက နက်နက်ရှိုင်းရှိုင်းအမြစ်တွယ်နေသည့် ယုံကြည်မှုတစ်ခုပင်။
ကျန်းမိသားစုတစ်ခုလုံးက သူ့ကို ကျန်းယု၏အနာဂတ်ကိုခိုးယူသွားသည်ဟု ဘယ်တုန်းကမှမတွေးခဲ့ပေ။ သူ့မှာဘာကြောင့် ဒီလိုအတွေးမျိုးရှိခဲ့လဲဆိုသည်ကို တွေးတောဆင်ခြင်မိပြီး ၎င်းသည်အမြစ်တွယ်နေပြီး ဖယ်ရှားပစ်ဖို့မဖြစ်နိုင်ဘူးဆိုတာ သိလိုက်ရသည်။ သူ့အမေ၏အဆက်မပြတ်ပြောကြားချက်များကြောင့်မှန်း သူ သိသည်။
ချို့ယွင်းချက်ရှိသည့် မိသားစုတစ်ခု၏နာကျင်မှုသည် မှားမှန်းသိနေသော်လည်း ပင်ကူအိမ်တွင်ကပ်ညှိနေသကဲ့သို့ လွတ် မြောက်ရန်လမ်းစမရှိပေ။ သူ့တွင်အပြစ်မရှိဘူးဆိုတာကို ဆင်ခြင်တုံတရားကြောင့်သိနေပေမယ့် သူချစ်ရသည့်မိန်းက လေးကို စွန့်လွှတ်လိုက်ရလျှင်ပင် နောက်ပြန်ဆုတ်သင့်သည်ဟုခံစားရသည်။ သူ့ဆီက ဘာတွေထပ်လိုချင်နေသေးတာလဲ ?
သူ့မားသည် သူ့အားအသက်ရှူကျပ်သည်အထိ တွန်းအားပေးနေသည်ဟုခံစားရသည်။
အမှန်ပင်၊ ယခုချက်ချင်း သူ့ခေါင်းမှာ ချာချာလည်နေကာ၊ သူ့ကိုယ်မှာ ပူပြင်းလာခဲ့ပြီး အသက်ရှူရခက်လာသည်ကို ခံစားလိုက်ရသည်။
ကျန်းရန်သည် တစ်ခုခုမှားနေပြီဟု ချက်ခြင်းခံစားလိုက်ရပြီး မဒမ်ဝမ်ကို ထိတ်လန့်စွာကြည့်လိုက်သည်။ "မား ကျွန်တော့်ကို ဆေးခတ်လိုက်တာလား။ မား ဘာလိုချင်လို့လဲ?"
အစောကစကားကြောင့် မဒမ်ဝမ်၏မျက်နှာသည် ဒေါသတကြီးတုန်လှုပ်သွားသည်။
"နင်က ကျေးဇူးကန်းတဲ့ လူယုတ်မာတစ်ယောက်ဆိုတာ ငါသိတယ်။ နင့်မှာ အိမ်ထောင်ဦးစီးနေရာမှာထိုင်နိုင်တဲ့ အရည်အ ချင်းဘယ်လောက်ရှိလဲ။ နင့်အဖေကို နင် အပြစ်လုပ်မိတယ်၊ ငါ့အပေါ် အပြစ်လုပ်မိတယ်။ နင် အပြစ်ပေးခံရသင့်တယ်၊ ထာဝရအပြစ်ပေးခံရသင့်တယ်!"
မဒမ်ဝမ်က ရူးနေသည့်အတိုင်း တရစက်ပြောနေခဲ့သည်။ ကျန်းရန်မြေပြင်ပေါ်သို့လဲကျသွားမှသာ သူအသိစိတ်ပြန်ဝင်လာသည်။ သူသည် အေးစက်စွာရယ်မောလိုက်ကာ ဝမ်ရူကိုခေါ်လိုက်သည်။
ဝမ်ရူက စိတ်လှုပ်ရှားစွာဖြင့် "အကျိုးသက်ရောက်မှုက အရမ်းမြန်တယ်လား ?"
"ဟိုဘက်အခန်းထဲမှာရော ? " မဒမ်ဝမ်က မေးသည်။
"အဲ့မိန်းမက ကျန်းယုပေးတဲ့ရေကိုသောက်ခဲ့တယ်။ သမီးသွားစစ်ကြည့်တော့ သူလုံးဝမေ့လဲသွားပြီ။"
ဝမ်ရူက ရုတ်တရက်စိုးရိမ်သွားပြီး "သူတို့နိုးလာပြီး သမီးတို့ကိုအပြစ်တင်ရင် ဘယ်လိုလုပ်မလဲ ?"
မဒမ်ဝမ်က အေးစက်စွာရယ်မောလိုက်သည်။
"ကျန်းမိသားစုရဲ့ကိုင်တွယ်ပုံအရ၊ သူတို့ လုပ်မှာမဟုတ်ဘူး။ စမ်မိသားစုနဲ့ မဟာမိတ်ဖွဲ့ နိုင်သရွေ့ ဘယ်သူ့ကိုရွေးမလဲဆိုတာ အရေးမကြီးဘူး။"
ဝမ်ရူက ချက်ချင်းပြုံးလိုက်သည်။ "ဒါဆို ကျန်းယု အိမ်ထောင် ဦးစီးဖြစ်လာနိုင်တယ်ပေါ့!"
မဒမ်ဝမ်က ဆွဲဆောင်မှုရှိစွာဖြင့် ခေါင်းညိတ်သည်။
ဝမ်ရူ၏မျက်လုံးများ လှည့်လာသည်။ အဲ့အခါကျရင် သူက မိသားစုအကြီးအကဲရဲ့ ဇနီးဖြစ်လာမှာလား? ဝမ်မိသားစု၏ သမီးပျိုဖြစ်ခြင်းထက် ဂုဏ်ယူဖွယ်ကောင်းပေလိမ့်မည်။ ချင်ရှန့်ကိုအနိုင်မယူနိုင်သော်လည်း ထိုစိတ်အနှောက်အယှက်ဖြစ်စေသည့် ကျီဖေးကို ထိခိုက်စေနိုင်သည်။
ကျန်းယုသည် ကိုင်တွယ်ရန်မလွယ်ကူသော်လည်း သူ့ထံ ကိုယ် ပိုင်အစီအစဉ်များရှိသည်။ သူတို့ အတူတူ ဓါတ်ပုံရိုက်ပြီးပြီ။
ကျန်းမိသားစုမှ ကျန်းယုနှင့်စမ်ထင်တို့၏ စေ့စပ်ကြောင်းလမ်း ခြင်းကို ဖြတ်တောက်ပြီး ကျန်းယုသည် မိသားစုကိုအမွေဆက်
ခံမည်ဟု ကြေညာပြီးသည်နှင့် သူနှင့်ကျန်းယုတို့သည် အတူရှိနေကြကြောင်း ကျန်းမိသားစုမှလူကြီးများအား ချက်ချင်းပြောပြမည်။ ကျန်းယုမှ ပူးပေါင်းဆောင်ရွက်ခြင်းမပြုပါက၊ သူသည် ၎င်းတို့အားဓာတ်ပုံများပြသပြီး ကျန်းမိသားစုမှကျန်းယုနဲ့လက်ထပ်ပေးရန် ဖိအားပေးခိုင်းစေမည်ဖြစ်သည်။
သေချာတာကတော့ ထိုအကြောင်းကို သူ့အမေကို မပြောနိုင်ပေ။ သူ့အမေမှကျန်းယုကို အကြီးအကဲတစ်ယောက်လိုဆက် ဆံနေခြင်းမှာ အပေါ်ယံသာဖြစ်ပြီး အထူးသဖြင့် ကျန်းရန်အ တွက်ဟု သူအမြဲခံစားရသည်။ အတွင်းထဲ၌မူ သူသည် ကျန်းယုကိုလုံးဝမကြိုက်ခဲ့ပေ။ နောက်ဆုံးတော့ သူ့အမေသည် ကျန်းယု၏အမေကို အိမ်မှာနေ့တိုင်းကျိန်ဆဲနေခဲ့သည်မဟုတ်ပါလား ?
ယောင်းမများအကြားမှဆက်ဆံရေးက ကြောက်စရာကောင်းသည်။ မဟုတ်ပါကသူသည် ကျန်းမိသားစုမှထွက်ခွာသွားလိမ့် မည်မဟုတ်ပေ၊ ထို့အပြင် မဒမ်ရှဲ့ကိုလည်း အလွန်မုန်းတီးနေသေးသည်။ မဒမ်ရှဲ့သာမရှိလျှင် မိသားစု၏အကြီးအကဲရာထူးက သူ့ခင်ပွန်းဟောင်းဖြစ်လိမ့်မည်ဟု သူထင်ကောင်းထင်နေလိမ့်မည်။
၎င်းကိုတွေးလိုက်ချိန် ဝမ်ရူ၏စိတ်က အနည်းငယ်ရှုပ်ထွေးသွားသလိုခံစားလိုက်ရသည်။
မဒမ်ရှဲ့ကိုအရမ်းမုန်းလျှင် ကျန်းယုကို အမွေဆက်ခံသူရာထူးရဖို့ အဘယ့်ကြောင့်ကူညီမည်နည်း? သို့ပေမယ့် နောက်တဖန် အဓိပ္ပါယ်ရှိလာပြန်သည်။ မဒမ်ရှဲ့နဲ့ယှဉ်လျှင် သူ့အမေမှ ကျန်းရန်အား ပိုပြီးမုန်းနေတာဖြစ်နိုင်သည်။ ကျန်းရန်က သူတို့ကိုနှိမ်နှင်းဖို့ရည်မှန်းထားသည်။
ဆိုလိုသည်မှာသူသည် ကျန်းရန်ကို သူ့လမ်းသူလျှောက်ခွင့် ပေးသည်ထက်ပို၍ မဒမ်ရှဲ့၏သားကိုကူညီချင်သည်။
ဝမ်ရူသည် ဤကြောက်မက်ဖွယ်ကောင်းသည်ကို မတွေ့ခဲ့ရသော်လည်း ရယ်စရာကောင်းသည်ကို တွေ့ခဲ့ရသည်။ ထို့ နောက် သူ ခေတ္တသတိလစ်နေသည့်ကျန်းရန်ကိုကူညီခဲ့ပြီး သူ့အား အခြားအခန်းတစ်ခန်းထဲသို့ တိတ်တဆိတ်ခေါ်ခဲ့သွားသည်။
သူသည် ကျန်းရန်အား စမ်ထင်၏အပေါ်သို့ပစ်ချလိုက်သည်။ စမ်ထင်သည် မသဲမကွဲညည်းညူသံကို ထုတ်လွှတ်လိုက်သော် လည်း မနိုးသေးပေ၊ ကျန်းရန်သည် သူ့တစ်ကိုယ်လုံးမှအပူရှိန်ကြောင့် နိုးလာခဲ့သည်။
သူ့အောက်မှ ရနံ့နှင့် နူးညံ့သည့်အထိအတွေ့တို့က သူ့အား ဆင် ခြင်တုံတရားနှင့်ဝေးရာသို့ ဆွဲခေါ်သွားခဲ့သည်။ တံခါးပိတ်သွားသည်နှင့် နောက်ဆုံးတွင် သူရုန်းကန်ပြီးမျက်လုံးဖွင့်လိုက်နိုင် သည်။
တခဏချင်းမှာပင် သူ့ရင်ဘတ်မှာ ပေါက်ကွဲသွားသလိုပင်။
၎င်းသည် လွန်ခဲ့သည့်ဆယ်နှစ်ကျော်ကတည်းက သူ တောင့်တခဲ့ရသည့်လူဖြစ်သည်။
ပင်မခန်းမထဲတွင်။
အဝေးတွင် စားသောက်နေကြသည့်ချင်းမိသားစု- အိမ်ထောင် ရေးဖောက်ပြန်မှုကို ထောင်ဖမ်းနေတာ ?
ချင်ရှန့်: ငါတို့က ဘယ်သူ့ ဖောက်ပြန်မှုကိုဖမ်းနေတာလဲ???
【ငါ၊ ငါ၊ ငါ ဘာလုပ်သင့်လဲ? ကျန်းယုက ကျန်းရန်နဲ့စမ်ထင်ကို အိပ်ယာထဲမှာဖမ်းမလို့လာ!?! ဘုရားဘုရား၊ ငါ့ဦးနှောက်ရဲ့ CPU က အလုပ်ရှုပ်နေပြီ! ဘယ်လောက်ကောင်းတဲ့ ညီလေးလဲ၊ ဘယ်လောက်ကောင်းတဲ့ လက်ဆောင်လဲ၊ ရင်ထဲထိ သွားပြီလား? မဟုတ်သေးဘူး၊ နေဦး၊ နင် သူတို့ကို ဆေးခတ်ဖို့မလိုပါဘူး။ နင် မေးလိုက်ရုံနဲ့ ကျန်းရန်က နင့်စေ့စပ်ပွဲကိုတာဝန်ယူပေးရလို့အရမ်းပျော်နေလိမ့်မယ်! နိုး၊နိုး၊နိုး ငါမှားတွေးမိတာ။ သူတို့နှစ်ယောက်လုံးကဆေးမိထားပြီး အတူတူရှိနေတာ။ တစ် ခုခုဖြစ်တော့မယ်။ ငါတို့ သူတို့ကိုမြန်မြန်ကယ်ဖို့လိုတယ်!!!!】