← Chapters

အခန်း (၂၇၂)

Vol. 28 Ch. 272

အခန်း (၂၇၂)

Vol. 28 Ch. 272

"ကျွစ် ကျွစ် ကျွစ်၊ သနားစရာပဲ" ကျီဖေး မှတ်ချက်ပေးလိုက်သည်။

တခြားသူတွေက ကြားလိုက်ပေမယ့် ကျန်းရန်အကြောင်းပြောနေတာကိုတော့ မသိလိုက်ပေ။

"ဟုတ်တယ်၊ စမ်ထင်က ဒီလိုလူနဲ့လက်ထပ်ရတော့မယ်။ တကယ် သနားစရာကောင်းတယ်။ ငါ သူတို့ရဲ့စေ့စပ်ပွဲကို ဖျက်ပစ်လိုက်ချင်တယ်" ကောင်းယာလန်က ရဲဝံ့စွာ အော်ဟစ်လိုက်သည်။

"စမ်ထင်အတွက် ခပ်ချောချောကောင်လေးတချို့ ငါ စီစဉ်ပေးမယ်၊ သူ့ကို ဒီလိုအမှိုက်တွေနဲ့ မကုန်ဆုံးစေရဘူး။"

"စမ်ထင် နင့်ကိုအာရုံမစိုက်ဘူးလို့ ငါထင်တယ်" လော့ဖေးကပြောသည်။

ကောင်းယာလန်က နှုတ်ခမ်းစူရင်း "စမ်ထင်က ကျန်းယုရဲ့အမည်ခံဇနီးဖြစ်တော့မှာလို့ သူပြောဖူးတယ်။ သူတို့ IVFနဲ့ကလေးမွေးပြီးရင် နောက်ပိုင်းသားသမီးတွေရလာမှာပါ။"

"အဲဒါက အဓိပ္ပာယ်ရှိတယ်။ စမ်ထင်က နည်းနည်းအသန့်ကြိုက်လွန်းနေတာ" ဟု ပိုင်ရှောင်ရှီက ထပ်ပြောသည်။

ကျီဖေးသည် ဤအကြောင်းကို ပထမဆုံးအကြိမ်ကြားသိခဲ့ရပြီး ၎င်းသည် သူ့စိတ်အားများစွာကောင်းမွန်စေခဲ့သည်။မဟုတ်ပါက မိန်းမကောင်းလေးအားညစ်ညမ်းသည့်အရာတစ်ခုခုစွန်းထင်းသွားမည်ဟု အမြဲခံစားရသည်။

သို့သော်လည်း နှစ်ယောက်သား စေ့စပ်ပွဲနှင့်လဲလှယ်လက်စွပ်များဆက်လုပ်နေသည်ကို မြင်လိုက်ရသဖြင့် သူရွံရှာမိသေးသည်။

နောက်ဆုံးတွင်ကျန်းယုသည် မိုက်ခရိုဖုန်းကိုကောက်ကိုင်လိုက်သည်။

"စမ်ထင်နဲ့စေ့စပ်ပွဲလုပ်ခွင့်ရလို့ အရမ်းပျော်ပါတယ်။ မကြာခင်မှာ မင်္ဂလာဆောင်ခန်းမထဲကို ချောချောမွေ့မွေ့နဲ့ရောက်နိုင်လိမ့်မယ်လို့ ယုံကြည်ပါတယ်။"

[ဒီကောင် စကားလုံးလှလှလေးတွေ ပြောတတ်တာသေချာတယ်။ ဒီလိုအဖြစ်အပျက်မျိုးမှာ သူသရုပ်ဆောင်ပြီးဇာတ် လမ်းတစ်ခုဖန်တီးလိမ့်မယ်ထင်တယ်။]

နောက်ဆုံးတွင်ကျန်းယုသည် စမ်ထင်အား ချစ်ခင်မြတ်နိုးစွာဖြင့် လေးလေးနက်နက်ကြည့်ကာ "စမ်ထင်၊ အခုကစပြီး မင်းကကိုယ်နဲ့ တရားဝင်စေ့စပ်ထားတဲ့သူပဲ" ဟု ပြောလိုက်သည်။

ထိုစကားကိုပြောပြီးနောက် ကျန်းယုက စမ်ထင်ကိုပွေ့ဖက်လိုက်သည်။

စမ်ထင်အံ့အားသင့်သွားသည်။ သူ့စကားလုံးများသည် တမင် တကာ ပိုင်ဆိုင်ကြောင်းပြနေသကဲ့သို့ ထူးဆန်းနေသောကြောင့် သူ့ကိုစိတ်မသက်မသာဖြစ်စေသည်။ ကျန်းယုမှ သူတို့၏ဆက် ဆံရေးသည် လက်တွဲဖော်မျှသာဖြစ်ကြောင်းသိမည်ဟု သူထင်ခဲ့သည်။

သို့သော်လည်းစမ်ထင်သည် သူ့ကိုသတိပြန်မပေးခဲ့ပဲ ပြီးပြည့် စုံစွာပြုမူခဲ့သည်။

ကျီဖေးသည် ထိုအရာအားလုံးအား တိတ်ဆိတ်စွာကြည့်နေပြီး သူ့ဘေးနားရှိ ချင်ရှန့်မှ ရုတ်တရက် "ယာလန်၊ နေကာမျက်မှန်ငှားလို့ရမလား ?" ဟု ထပြောလိုက်သည်။

ကောင်းယာလန်၏နေကာမျက်မှန်များသည် သူ့မျက်နှာတစ် ဝက်ကိုဖုံးအုပ်ထားပြီး အလွန်ချဲ့ကားထားသည်။ ၎င်းတို့သည် သူ့အကြည့်၏တစ်စိတ်တစ်ပိုင်းဖြစ်သောကြောင့် သူဝင်ရောက်လာကတည်းက ၎င်းတို့ကိုမချွတ်ခဲ့ပေ။

ချင်ရှန့်၏အလေးအနက်လေသံကိုကြားသဖြင့် ကောင်းယာလန်သည် သိပ်မစဉ်းစားပဲချွတ်ပြီးပေးလာသည်။

ထို့နောက်ချင်ရှန့်သည် ချက်ချင်းပင် ကျီဖေးအား နေကာမျက် မှန်ဝတ်ပေးလိုက်သည်ကို သူ တွေ့လိုက်ရသည်။

ကျီဖေး: ?

" paparazzi တွေရှိတယ်။" ဟု ချင်ရှန့် မကျေမနပ်နှင့်ပြော သည်။

ကျီဖေး: !

ဓာတ်ပုံရိုက်ခံရမည်ကို ကြောက်ခြင်းမဟုတ်ပေ။ ယခင်အဖြစ် အပျက်တွေမှာ သတင်းထောက်တွေရှိခဲ့ဖူးသော်လည်း အကုန်လုံးနီးပါး သက်သေအထောက်အထားခိုင်ခိုင်လုံလုံမရှိမှန်းသိသည်။ သို့သော်ယနေ့တွင် အဝင်ဝမှသတင်းထောက်များကိုမတွေ့ရတော့သဖြင့် ကျန်းမိသားစုသည် သတင်းယူရန်စီစဉ်နေခြင်းမဟုတ်ဟု သူ ထင်ခဲ့သည်။

ထိုသို့ဆိုပါက လှို့ဝှက်ရိုက်ချက်များပင်။ ထိုကဲ့သို့ ခွင့်ပြုချက်မရှိပဲဓာတ်ပုံများရိုက်ကာ ဇာတ်လမ်းများဖန်တီးရန်နှင့် ကောလဟလများကိုလှုံ့ဆော်ရန်အတွက် အလွယ်တကူအသုံးပြုနိုင် သည်။ ထိုသို့သောအခြေအနေများတွင် အနည်း ဆုံးတော့ သူ့မျက်နှာကိုဖုံးအုပ်ထားခြင်းဖြင့် နောက်ဆက်တွဲပြဿနာများကိုကိုင်တွယ်ဖြေရှင်းရလွယ်ကူစေသည်ဟု သတိပေးခဲ့သည်။

သူ ဘာကိုမှအာရုံမခံမိသော်လည်း ရှင်ချင်ရှန့်သည် အနုပညာရှင်ဖြစ်‌သော သူ့ထက်ပိုပြီးအာရုံခံနိုင်စွမ်းရှိသည်။

ကျီဖေးသည် နေကာမျက်မှန်ကိုနာခံစွာဝတ်ထားပြီး "သူတို့ ဘယ်မှာလဲ" ဟု မေးလိုက်သည်။

"ဘာလဲ၊ paparazziတွေ တကယ်ရှိတာလား? ကျန်းမိသားစုက ဘာမှမပြောဘဲ ဒါကိုဘယ်လိုလုပ်နိုင်မှာလဲ?"

တစ်ဖွဲ့လုံးအံ့သြသွားကြသည်။ ချင်ရှန့်က မျက်မှောင်ကြုတ်ပြီး

"ကျန်းရန် စီစဉ်ထားတာမဟုတ်ဘူး။ ကျန်းယုလုပ်တာပဲ ဖြစ်ရမယ်။ သူတို့က သူ့ကုမ္ပဏီရဲ့လုပ်ဖော်ကိုင်ဖက် စားပွဲဘက်ကနေဓာတ်ပုံလှည့်ရိုက်နေတာ။"

လူတိုင်းလှည့်ကြည့်လိုက်သောအခါ ပစ္စည်းအမျိုးမျိုးအား ဖုံးကွယ်ထားသည့် လူတစ်ချို့ကို ရှင်းရှင်းလင်းလင်းကိုတွေ့လိုက်ရသည်။

"ကျန်းယု ဘာလုပ်ဖို့ကြိုးစားနေတာလဲ ? သူကိုယ်တိုင်ရိုက်ခိုင်းတာလား?" ယွီယွဲ့က မယုံနိုင်လောက်အောင်ပင်။

ချင်ရှန့်က ဖြေကြားခြင်းမရှိသော်လည်း အခြေအနေကိုအ ကြောင်းကြားရန် ကျန်းရန်ကို ဖုန်းဖြင့်တိုက်ရိုက်ဆက်သွယ်ခဲ့သည်။

အခမ်းအနားပြီးသွားတော့ လူတွေက စပြီးဆန္ဒပြုခဲ့ကြသည်။ ကျန်းရန်သည် ထိုစာကိုမြင်ပြီး မဒမ်ရှဲ့ကိုချက်ချင်းသွားရှာခဲ့သည်။

မဒမ်ရှဲ့သည် ကျန်းယုကိုအမြန်ခေါ်ပြီး သူ့ကိုစစ်ဆေးမေးမြန်းခဲ့သည်။

"ဘာလို့လဲ ? ကျွန်တော့်ရဲ့ကိုယ်ပိုင်စေ့စပ်ပွဲပါတီအတွက် လူကြိုက်များအောင်ဖန်တီးချင်တယ်၊ အဲ့ဒါကို ခွင့်မပြုဘူးလား? ကျွန်တော့်ကုမ္ပဏီက မားရဲ့စံနှုန်းနဲ့မကိုက်ညီရင်တောင်မှ၊ မား ကျွန်တော် အဲ့ဒါကို စီမံခန့်ခွဲဖို့ကြိုးစားနေတယ်လေ။"

သူ့သား၏မရင့်ကျက်သည့်သဘောထားကိုကြည့်ပြီး မဒမ်ရှဲ့သည် အမှန်တကယ်ပင် မတတ်နိုင်တော့သလိုခံစားခဲ့ရသည်။ သူသည် အခြားသူများ၏သားသမီးများကိုကောင်းစွာပြုစုပျိုးထောင်နိုင်ခဲ့သော်လည်း သူ့သားအရင်းကတော့ ရှုပ်ထွေး ပွေလီနေခဲ့ခြင်းပေလော ?

"ဟမ့်၊ မင်း အမြဲတမ်း မား ဆီသွားတိုင်တယ်‌ပေါ့၊ မင်း စောင့်နေလိုက်။"

ကျန်းယုသည် မကြာခဏပင် အချည်းနှီးခြိမ်းခြောက်မှုများအား ပြုလုပ်လေ့ရှိပြီး ကျန်းရန်မှ ၎င်းတို့အားမကြားချင်ယောင်ဆောင်ပြီး ကျန်းယု မည်သို့မျှမလုပ်ဆောင်နိုင်သည်ကို သိထားကြသည်။

မဒမ်ရှဲ့သည် စိတ်ပျက်လက်ပျက်ဖြင့် သူ၏နားထင်ကိုပွတ်သပ်ရင်း "ဒီနေ့က ထူးခြားတဲ့နေ့၊ ဘာပြဿနာမှ မဖြစ်စေနဲ့။ မင်း ဓာတ်ပုံရိုက်ချင်တယ်ဆိုလည်း ငါ တစ်ခုပဲတောင်းဆိုမယ်၊ ဧည့်သည်တွေကိုမရိုက်နဲ့။"

ကျန်းယုသည် ဧည့်သည်များကိုရိုက်ရန် မစီစဉ်ထားသကဲ့သို့ ပခုံးတွန့်ကာလျစ်လျူရှုလိုက်သည်။

တစ်ကြိမ်မျှငြင်းခုံမနေပဲ မဒမ်ရှဲ့က သက်ပြင်းတစ်ချက်ချလိုက်သည်။ ထို့နောက် တစ်စုံတစ်ခုကိုသတိရသွားသလိုမျိုး၊ သူသည် ကျန်းယုနှင့်စကားပြောနိုင်စေရန် ကျန်းရန်ကို ထွက်သွားဖို့တောင်းဆိုလိုက်သည်။

ကျန်းယုသည် စိတ်မရှည်ပုံရသည်။ "အခုက‌ရော ဘာလဲ ?"

မဒမ်ရှဲ့သည် နွေးထွေးပြီးယုယချင်ပေမဲ့ ကျန်းယု၏သဘော ထားက သူ့ကို မည်သို့ဆက်လုပ်ရမည်မသိ ဖြစ်စေသည်။

"မင်း ကျန်းရန်နဲ့ အမြဲဆန့်ကျင်နေတယ်ဆိုတာ ငါသိတယ်၊ မင်းရဲ့ခံစားချက်တွေကို ငါခန့်မှန်းလို့ရတယ်။ ဒါပေမယ့် ငါတို့ကသားအမိတွေလေ။ ငါ ကျန်းရန်ကို မင်းထက်ပိုပြီးမချစ်ခဲ့ပါဘူး။ သူ့အပေါ် ပိုပြီးအာရုံစိုက်ရတဲ့အကြောင်းပြချက်က သူက တကယ့်ကိုအရည်အချင်းရှိပြီး ကျန်းမိသားစုရဲ့တာဝန်တွေကို ထမ်းဆောင်နိုင်လို့ပဲ။"

မဒမ်ရှဲ့သည် သူ့ကိုယ်သူတရားမျှတပြီး သမာသမတ်ကျသည်ဟုခံစားမိသော်လည်း ကျန်းယု၏အမူအရာမှာ ပြောင်းလဲသွားသည်။ "ဒါဆို မားရဲ့မျက်လုံးထဲမှာ ကျွန်တော်က သူ့လောက်မတော်ဘူးပေါ့၊ ဟမ် ?"

မဒမ်ရှဲ့သည် ကျန်းယုကို တကယ်ပင်နားမလည်နိုင်ပေ။ သူ့ခင်ပွန်းသည်နှင့်သူ့တွင် သူ့ခင်ပွန်းမှ အတွင်းရေးကိစ္စများကိုကိုင်တွယ်ပြီး သူသည် ပြင်ပကိစ္စများကိုကိုင်တွယ်သည့် ရိုးရာအစီအစဉ်တစ်ခုရှိသည်။ ခင်ပွန်းသည်က သူ၏အရိပ်တစ်ခုလိုပင်၊ အဲ့တာနှင့်ပတ်သတ်ပြီး မည်သူကမျှ မသက်မသာမဖြစ်ကြပေ။ လူတိုင်းတွင် သူတို့ကိုယ်ပိုင်ခွန်အားများရှိကြသည်။ သူတို့သားလေးက ဘာလို့ ဒီလောက်တောင်ရန်လိုနေရတာလဲ?

"မင်းမှာ မင်း ကိုယ်ပိုင်အရည်အချင်းရှိတယ်။ ကျန်းရန် မိသားစုစီးပွားရေးကိုတာဝန်ယူနေသရွေ့ မင်း လုပ်ချင်တာမှန်သမျှ လုပ်နိုင်တယ်။ ဒါလည်း မဆိုးပါဘူး။"

မဒမ်ရှဲ့သည် သူ့သားကို အိမ်ထောင်ပြုခါနီးတွင် မပျော်မရွှင်ဖြစ်စေသည့်စကားမျိုးမပြောချင်သဖြင့် ပျော့ပြောင်းအောင် ကြိုးစားပြောခဲ့သည်။

ကျန်းယု၏အမူအရာသည် တုန်လှုပ်သွားသည်။

"ဒါဆိုဒီနေ့မားက သူ့ကို အမွေဆက်ခံသူအဖြစ်ကြေညာပြီး ကျွန်တော့်ကိုနှစ်သိမ့်ပေးဖို့လာခဲ့တာလား?"

မဒမ်ရှဲ့က "ဒါက တစ်မိသားစုလုံးက အကြီးအကဲတွေရဲ့ဆုံးဖြတ်ချက်ပဲ"

ကျန်းယုက လက်မခံနိုင်ပေ။ သူ့အမေကသာ ကျန်းရန်ကို အ ပြည့်အဝမထောက်ခံလျှင် ထိုဆက်ခံသူနေရာမှာ သူ့အပိုင်သာဖြစ်လိမ့်မယ်လို့ သူယုံကြည်ခဲ့သည်။

သူ့တွင် အရည်အချင်းရှိတာမရှိတာ သူဂရုမစိုက်ပေ။ သူလုပ်နိုင်သည်ဟုသာ ခံစားရသည်။ သူ့အပေါ်အထင်သေးသည့် အခြားသူများနှင့်ကျန်းရန်၏တည်ရှိမှုသည် သူ့လမ်းကြောင်းကိုပိတ်ဆို့စေခဲ့သည်။

အဲ့တာကြောင့် လူတိုင်းကို သူနဲ့အတူဆွဲချလို့ သူ့ကိုအပြစ်မတင်နဲ့။

ကျန်းယုက အေးစက်စွာဟစ်အော်လိုက်ပြီး "ကျန်းရန်က မားထင်ထားသလောက် မကောင်းနိုင်ဘူး။ မား သူ့ကိုရွေးခဲ့တယ်နော်၊ နောင်တမရ‌စေနဲ့။"

ထို့နောက်ကျင်းယုသည် နောက်ပြန်မလှည့်ဘဲထွက်သွားသည်။

ထိုအတောအတွင်း၊ ကျန်းရန်သည် ချင်ရှန့်မှ သူ၏အနုပညာရှင်ဇနီးသည်ကို စိတ်ပူနေမည်ကိုသိသောကြောင့် ချင်ရှန့်ထံသို့ မက်ဆေ့ချ်ပို့ထားပြီးဖြစ်သည်။ သတင်းထောက်များသည် ဧည့်သည်များကိုမရိုက်ဝံ့ကြောင်း ချင်ရှန့်အား အာမခံခဲ့သည်။

ထိုသို့ဆိုလျှင်တောင် ချင်ရှန့်က ကျီဖေးအားနေကာမျက်မှန်ချွတ်ခွင့်မပေးချေ။

"ဘာတွေဖြစ်နေတာလဲ၊ သူ့ကုမ္ပဏီရဲ့ hot search တွေကိုမြှင့်ဖို့ ဒီစေ့စပ်ပွဲပါတီကို အသုံးချနေတာလား? သူက ရည်မှန်းချက်ကြီးတာလား?" ကောင်းယာလန်က လှောင်ပြောင်လိုက်သည်။

"ဧည့်သည်တွေကိုမရိုက်ဘူးဆိုရင် ဘာလို့ ခိုးကြောင်ခိုးဝှက်ဖြစ်နေရတာလဲ ?" ပိုင်ရှောင်ရှီ အံ့သြသွားသည်။

"တစ်ခုခုတော့ လွဲနေပြီ။" ယွီယွဲ့က ပြောသည်။

လော့ဖေးခဏလောက်စဉ်းစားပြီး ချင်ရှန့်ကိုကြည့်လိုက်သည်။

“သူတို့ဖမ်းမိသွားပြီး အကြောင်းပြချက်တွေပေးခဲ့ရလို့ဖြစ်နိုင်တယ်။ ဒါပေမယ့် နောက်ပိုင်းမှာတော့ သူတို့မလုပ်ရဲကြပါဘူး။”

ကျီဖေးက ချင်ရှန့်ကို စူးစူးစိုက်စိုက်ကြည့်နေသည်။

ချင်ရှန့် မျက်မှောင်ကြုတ်လိုက်သည်။

"အဲ့လောက်မရိုးရှင်းလောက်ဖူး။ သူဒါကိုစီစဉ်နိုင်ဖို့ တော်တော်ကိုအခက်အခဲတွေနဲ့ကြုံခဲ့တာ၊ တခြားရည်ရွယ်ချက်တစ်ခုရှိရမယ်။"

ထို့နောက် နောက်ထပ်မစုံစမ်းလျှင် မိုက်မဲရာကျပေလိမ့်မည်။

[ဒီစေ့စပ်ပွဲက… ကျန်းယုက စေ့စပ်ရုံတင်မဟုတ်ဘဲ တခြားတစ်ခုခုအတွက် စီစဉ်နေတာလား? ကြည့်ရအောင်… ဒီ paparazzi တွေကို ခေါ်လာရတဲ့ အဓိကအကြောင်းပြချက်က.... ဘာလဲဟ ? လိမ်နေတာကို အမိဖမ်းဖို့ ?!?!?!?!?]

All Chapters