အခန်း (၂၈၁)
Vol. 29 Ch. 281
[အိုး၊ အိုး၊ အိုး၊ ဒီငတုံးကတော့ သူ့ကိုယ်သူ လုံးလုံးဖော် ထုတ်လိုက်ပြီ၊ သူ ပြန်လာခါကျ သူ့အကြံအစည်တွေကို သူကိုယ် တိုင်ဖျက်ဆီးလိုက်ပြီဆိုတာသာသိသွားရင် ဘယ်လိုမျက်နှာဖြစ်သွားမလဲ တွေးတောင်မတွေးရဲဘူး ? အဖိုးမဖြတ်နိုင်လောက်ဘူး။]
ကျီဖေးသည် တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်ရင်းဟက်ဟက် ပက်ပက်ရယ်မောနေခဲ့သည်။ ဤအဖြစ်အပျက်သည် ကျန်းယု၏စက်ဆုပ်ဖွယ် သဘောသဘာဝကို ထုတ်ဖော်ပြသနိုင်ရုံသာမက မဒမ်ဝမ်နှင့် သူမ၏သမီးတို့၏သူများဂုဏ်သိက္ခာကို လုံးလုံးလျားလျားပျက်စီးစေလိုစိတ်ကိုပါဖော်ထုတ်ခဲ့သည်။
"နှောင်ကြိုးတွေကို ပြတ်ပြတ်သားသားဖြတ်လိုက်တော့၊ အဲ့အမေနဲ့သမီးက ကျန်းရန်ရဲ့ဆွေမျိုးဖြစ်ဖို့ မထိုက်တန်ဘူးလို့ ငါအမြဲတမ်း ခံစားခဲ့ရတာ။ အခုကျန်းရန် သူတို့ကိုမဖြေရှင်းဘူးဆိုရင်တောင် ကိုယ်ကျင့်သိက္ခာနဲ့ပတ်သတ်ပြီး သူ့ကိုထပ်အသုံးချလို့ရတော့မှာမဟုတ်ဘူး။” ယွီယွဲ့က ဆိုသည်။
ပိုင်ရှောင်ရှီ ခေါင်းညိတ်သဘောတူလိုက်သည်။
"အဲ့ဒီသားအမိက တကယ်နှလုံးသားမရှိဘူးပဲ။ ကျန်းရန် သူတို့ကိုကောင်းကောင်းဆက်ဆံတာကို ကျေးဇူးတင်ရမယ့်အစား သူ့ကို အချိန်တိုင်းကြံစည်နေကြတာ။"
"ကျန်းရန်က အဲဒီအမေနဲ့သမီးကိုဖယ်ထုတ်နိုင်လိုက်ပြီး စမ်ထင်က ကျန်းယုကိုဖယ်လိုက်နိုင်သွားတယ်။ နှစ်ယောက်လုံး အနိုင်ရသွားတဲ့ အခြေအနေပဲ!" ကောင်းယာလန် ဂုဏ်ပြုသည့်အနေနှင့် လက်ခုပ်တီးချင်သွားသည်။
လောဖေးလည်း ခေါင်းညိတ်လိုက်သည်။ "ဒီတစ်ခါတော့ စေ့စပ်ပွဲက သေချာပေါက် ပျက်ပြီပဲ။"
စမ်မိသားစုသည် အကျိုးစီးပွားအိမ်ထောင်ရေးအတွက် စမ်ထင်ကိုလိုအပ်သော်လည်း အိမ်ထောင်ဖက်သည် ထိုမျှကြီးမား သောမကောင်းသည့်အကျိုးသက်ရောက်မှုကို ယူဆောင်လာပါကမဖြစ်နိုင်တော့ချေ။
ထိုသည်မှာ ၎င်းတို့အဖွဲ့အား အတင်းအဖျင်းပြောချင်စေလာသည်။
"ဒါဆို စေ့စပ်သူပါတနာကို ပြောင်းလို့ရလောက်မလား။" ပိုင်ရှောင်ရှီ ခန့်မှန်းလိုက်သည်။
"ရှောင်ရှီပြောတာ မှန်တယ်။ သူတို့နှစ်ယောက်လုံးကသား ကောင်တွေပဲ။" ယွီယွဲ့ချက်ချင်း သဘောတူလိုက်သည်။
"ဘာလဲ၊ single ပြန်ဖြစ်တော့မယ့် ငါ့ကောင်မလေးက ပြန်ချည်နှောင်ခံရဦးမှာလား။" ကောင်းယာလန် အလွန်အံ့သြသွားသည်။
"ကိုယ့်ကိုကိုယ် ဖော်ထုတ်လိုက်တာဆိုတော့ တစ်ချို့အရာတွေကရှင်းသွားပေမယ့်။ တချို့လူတွေကတော့ သံသယတွေနဲ့ ကောလာဟလတွေ ပိုပြန့်သွားဦးမှာ။" လောဖေး ပြောလိုက်သည်။
"ဒါ့ပြင်၊ အစကတည်းက စေ့စပ်ပွဲကို မိသားစုနှစ်စုလုံးရဲအ ကြီးအကဲတွေက ဆုံးဖြတ်ခဲ့တာလေ၊ လက်တွဲဖော်ကိုပြောင်းနိုင်တဲ့ ဖြစ်နိုင်ချေရှိသေးတယ်။"
မဖြစ်နိုင်တာ၊ ဒါဆို ကျန်းရန်က နှစ်ခါအနိုင်ရတယ်လို့ ဆိုလိုတာမဟုတ်ဘူးလား။ အမွေဆက်ခံသူအဖြစ် သူ့ရာထူးကိုပြန် လည်ရယူနိုင်ရုံသာမက သူ့မိန်းကလေးကိုပါရခဲ့သည်။ ကျန်းယုနှင့် ထိုသားအမိဘက်မှ အကုန်လုံးဆုံးရှုံးသွားသည့် အရှုံးသမားများမှ ကောင်းကျိုးများအားလုံးကို လက်လွဲပေးလိုက်ကြခြင်းပင်။
အခြေအနေက အတော်လေးကိုဒရမ်မာဆန်ပေမယ့် ချင်ရှန့်က ဒါဟာတကယ်ဖြစ်နိုင်ချေရှိတာကို မငြင်းနိုင်ပါချေ။
အဆုံးတွင်၊ မိသားစုနှစ်စုကြားရှိ အိမ်ထောင်ရေးမဟာမိတ်ဖွဲ့မှုသည် သားသမီးများ၏ ခံစားချက်ကိုဂရုမစိုက်ဘဲ သူတို့ကြားကကြိုးကိုပိုခိုင်မြဲစေရန်နှင့် ခေါင်းစဥ်တပ်ရမည့်လိုအပ် ချက်တစ်ခုပင်ဖြစ်သည်။ အိမ်ထောင်ရေးအပြီးသတ်ပြီးသည်နှင့် များပြားလှသော ပူးပေါင်းဆောင်ရွက်မှု ပရောဂျက်တွေ လုပ်ဆောင်ရန်ရှိသေးတယ်ဟုဆိုနိုင်သည်။
လူတိုင်းသည် ၎င်းတို့၏စိတ်ကူးစိတ်သန်းများကို မည်သို့ရိုင်း စိုင်းစွာတွေးနေပါစေ အခြေအနေသည်လတ်တလောပြေ လည်သွားပြီဖြစ်ရာ စိတ်ပူစရာမလိုတော့ချေ။
သို့သော်နောက်အခိုက်အတန့်မှာတော့ မဒမ်ဝမ်သည် ရုန်းရင်း ဆန်ခတ်မှု အကြီးကြီးကိုလုပ်လိုက်သည်။
ဘယ်က ခွန်အားတွေရသွားမှန်း မသိပေမယ့် သူ့ကိုချုပ်ထားသည့် သက်တော်စောင့်တွေကိုတွန်းထုတ်နိုင်ခဲ့ပြီး လွတ်သွားပြီးနောက် အော်ဟစ်လိုက်သည်။
"မဖြစ်နိုင်ဘူး! ဒါလုံးဝမဖြစ်နိုင်ဘူး။ ငါသမီးက ဘယ်တော့မှ...မဖြစ်နိုင်ဘူး၊ မဖြစ်နိုင်ဘူး!"
ထိုအချိန်တွင် မဒမ်ဝမ်သည် ရုတ်တရက် မဒမ်ရှဲ့အား ဒေါသတကြီးဖြင့်စွပ်စွဲလိုက်သည်။
"နင် လုပ်တာမလား။ ငါတို့ကို အကြံအစည်နဲ့ တမင်ထောင်ဖမ်းတာမလား။"
မဒမ်ဝမ် ပုံစံကိုကြည့်လိုက်သည့် လူတိုင်း မူမမှန်သည်ကို ခံစားလိုက်ရသည်။
ဝမ်ရူသည် မိခင်ဖြစ်သူ၏ပေါက်ကွဲသံကြောင့် တုန်လှုပ်သွားခဲ့ပြီး အဘယ်ကြောင့် ဤမျှပြင်းပြင်းထန်ထန်တုံ့ပြန်လာရသည်ကိုနားမလည်နိုင်ခဲ့ပေ။ ကျန်းယုနဲ့ တစ်ခုခုဖြစ်ခဲ့လျှင်ပင် သူ့မအမေ ယခုလိုရူးသွပ်မသွားသင့်ပေ။ ဖြစ်နိုင်သည်မှာ မဒမ်ရှဲ့ရဲ့သားဖြစ်သဖြင့် ကျန်းယုအား မုန်းတီးနေခဲ့ခြင်းလော ? သူ့အမေသည် မဒမ်ရှဲ့အား မုန်းတီးလွန်းသဖြင့် သူတို့ကြားရှိ မည်သည့်ဆက်နွယ်မှုကိုမှမလိုချင်ပဲ ဆန့်ကျင်နေခြင်းပေလော ?
ဒါပေမယ့် ကျန်းယုက ဝန်ခံပြီးပြီမို့ သူမလည်း ဘာမှ မတတ်နိုင်တော့ပါချေ။
မဒမ်ဝမ်၏ ပေါက်ကွဲသံကို မဒမ်ရှဲ့က လုံးဝလျစ်လျူရှုခဲ့သည်။ မဒမ်ဝမ်ကို သူမကို လိုက်ပို့ရန် တစ်ယောက်ယောက်က ခိုင်းစေလိုက်မည်။ သူမကဲ့သို့သော မိခင်ကို ကျန်းရန်က တွေ့ချင်မှာ မဟုတ်ပေ။ ကျန်းရန်နှင့် စမ်ထင်တို့ကို ကြံစည်သည့် အစီအစဉ်တွင် ပါဝင်သည့် သူမလုပ်ရပ်အတွက် မဒမ်ဝမ် ပြန်ပေးဆပ်ရန်မူ သူတို့မိသားစုနှစ်စုက ဆွေးနွေးပြီး စီစဥ်ကြမည်ဖြစ်သည်။
သို့သော် မဒမ်ရှဲ့သည် တစ်စုံတစ်ဦးအား မခိုင်းစေမီပင် မဒမ်ဝမ်သည် ရုတ်တရက် အေးခဲသွားပြီး တစ်ခုခုကို အလွန်ကြောက်လန့်သွားသကဲ့သို့ သူမ၏ ခန္ဓာကိုယ်သည် ထိန်းမရသိမ်းမရ တုန်နေကာ တိတ်ဆိတ်သွားသည်။
မဒမ်ဝမ်သည် ဇာတ်လမ်းတွဲ ရိုက်နေသလို ထူးထူးဆန်းဆန်း သရုပ်ဆောင်နေသည်ဟု လူတိုင်းက ခံစားလိုက်ရသည်။
ထိုအချိန်တွင်၊ မျက်နှာပြင်ကြီးပေါ်မှ ကျန်းရန်သည် တည်ငြိမ်စွာ ပြုံးကာ ပြောလိုက်သည်။"မင်းရဲ့ ပူးပေါင်းဆောင်ရွက်မှုအတွက် ကျေးဇူးတင်ပါတယ်၊ မင်းက စမ်ထင်နဲ့ ငါ့ရဲ့ အပြစ်ကင်းစင်မှုကို သက်သေပြဖို့ ကူညီပေးခဲ့တာပဲ။"
"မင်းဘာတွေပြောနေတာလဲ?" ကျန်းယု အံ့အားသင့်သွားသည်။
ကျန်းရန်သည် ယခင်က ရေစိုနေသော ဖုန်းကို ထုတ်လိုက်ခါ ဗီဒီယိုကောလ် ခေါ်ဆိုမှုကို အဆုံးသတ်လိုက်သည်။
ကျန်းယု၏ မျက်နှာသည် ချက်ချင်းပြောင်းလဲသွားသည်။
"စောင့်ကြည့်ကင်မရာ မရှိပေမယ့် ဖုန်းကိုကျ မစဉ်းစားမိဘူးလား? ဒါမှမဟုတ် ငါ့ဖုန်းရေစိုပြီး အလုပ်မလုပ်တော့ဘူးလို့ပြောလိုက်တာနဲ့ ငါအမှန်တိုင်းပြောနေတယ်လို့ ယုံလောက်အောင် တုံးတာလား။ ကျန်းယု၊ မင်းက တကယ်ကို ဦးနှောက်မရှိဘူး။" ကျန်းရန်ကပြောလိုက်သည်။
"မင်း... မင်း... မင်း ဘယ်လိုတောင် လုပ်ရဲရတာလဲ။ မင်းဟန်ဆောင်နေတာပဲဖြစ်ရမယ်..."
"ပြန်သွားပြီး စစ်ဆေးကြည့်လိုက်လေ။" ကျန်းရန်က တည်ငြိမ်စွာပြောသည်။
ကျန်းယုထိတ်လန့်သွားသည်။ အောင်ပွဲ၏ပျော်ရွှင်မှုမှသည် စိတ်ပျက်အားငယ်ခြင်းသို့ လျင်မြန်စွာပြောင်းလဲသွားသည်။ မကြာသေးမီက သူသည် ကြွားဝါကာ ဝင့်ကြွားနေခဲ့သော်လည်း ယခုအခါအထပ်မြင့်မှ တွန်းချခံလိုက်ရသလိုခံစားလိုက်ရသည်။ တခြားဘာကိုမှဂရုမစိုက်နိုင်တော့ဘဲ ခန်းမဆီပြန်ပြေးကာ သူပြောခဲ့သမျှကိုလည်း ပြန်စဥ်းစားလိုက်သည်။
ဖြတ်တိုက်သွားသောလေသည်ပင် သူ့မျက်နှာကို ရိုက်နေသည့်အတိုင်းပင်။
ထိတ်လန့်တုန်လှုပ်နေသော အခြေအနေတွင် သူလုပ်ခဲ့သမျှကို လူတိုင်းသိပါက ပြန်ပြင်နိုင်ခြေရှိမရှိတွေးတောကာ ဦးနှောက် ခြောက်အောင် စဥ်းစားနေသည်။
သို့သော် ခန်းမထဲမှာ သူရောက်လာချိန်တွင် ဧည့်သည်အားလုံး သူ့အားအထင်သေး၊ ကဲ့ရဲ့ရှုံ့ချစွာကြည့်နေကြသည်ကိုမြင်လိုက်ရသဖြင့် သူ လဲကျမလိုဖြစ်သွားသည်။။
သူ့အမူအရာသည် ရှုပ်ထွေးခြင်းမှ ဒေါသသို့ တလှည့်ပြီးနောက်တဖြည်းဖြည်းကြောက်စိတ်နှင့် စိတ်ပျက်လက်ပျက်ဖြစ်ခြင်းသို့ ပြောင်းလဲသွားတော့သည်။
[ဝိုး၊ အဲဒီ့အမူအရာကို ရုပ်ရှင်သင်ရိုးညွှန်းတမ်း စာအုပ်ထဲမှာတောင် ထည့်သင်လို့ရလောက်တယ်။]
ကျီဖေးသာ ထိုသို့တွေးသည်မဟုတ်ဘဲ ဖျော်ဖြေရေးသတင်း ထောက်တချို့လည်း မတွေးမိဘဲမနေနိုင်ပေ။ ကျန်းယုသည် သတင်းအကြီးကြီးဖမ်းရန် ၎င်းတို့အားပိုက်ဆံပေးခဲ့သော် လည်း၊ ၎င်းတို့၏သူဌေးကိုယ်တိုင် အဓိကဇာတ်ကောင်ဖြစ်လာမည်ဟုမမျှော်လင့်ထားပေ။ ၎င်းတို့သည် အလွန်ပရော်ဖက်ရှင်နယ်ကျကာ ယခုလိုအံ့သြထိတ်လန့်ဖွယ်ဖြစ်ရပ်ကို မှတ်တမ်းမတင်ပဲမနေနိုင်ချေ။
ကင်မရာတစ်လုံး၏ဖလက်ရှ်မီးသည် လက်လာခဲ့သည်။
ကျန်းယုရုတ်တရက်လန့်ပြီး ဒေါသထွက်ကာ အော်ဟစ်လိုက်သည်။ "ဘယ်သူလဲ ? ဘယ်သူ ဓာတ်ပုံရိုက်လိုက်တာလဲ။"
ဖျော်ဖြေရေးသတင်းထောက်တစ်စုက အပေါက်ပိတ်သွားသည့်အဖြစ်အပျက်ပြီးနောက် လူတိုင်း ရယ်မောလိုက်ကြသည်။ ဤသည်မှာ သူ့အစီအစဥ်ဖြစ်သည်ကို လူတိုင်းနားလည်ကြသည်။ သူသည် သူဝမ်းကွဲနှင့် သူ့စေ့စပ်ထားသူကို ထောင်ဖမ်းချင်သော်လည်း ကိုယ်စိုက်ပျိုးသည်ကိုကိုယ်ပြန်ရိတ်သိမ်းလိုက်ရသည်—ဘယ်လိုတောင် ကွက်တိကျတဲ့ လက်စားချေမှုလဲ။
လှောင်ပြောင်သရော်သံများက ကျန်းယုအပေါ် လှိုင်းလုံးများလို ရိုက်ခတ်သွားသည်။ သူတစ်ဖွဲ့တည်းသားများကို မနေနိုင်ပဲ ကြည့်ကြည့်လိုက်သည်။ မဒမ်ဝမ်သည် သရဲတစ္ဆေကဲ့သို့ ဖြူဖျော့နေပြီး သူမဝိညာဉ်လွင့်သွားပုံပေါ်ကာ သူ့ကိုပင် မကြည့်ဝံ့ပေ။ ဝမ်ရူသည် စိုးရိမ်ပူပန်ကာ၊ ဒေါသထွက်နေပြီး သူ့မျက် လုံးတွေထဲ အပြစ်တင်မှုအပြည့်နှင့်ပင်။
ကျန်းယု၏စိတ်သည် နောက်ဆုံးတွင်ပြိုလဲသွားသည်။ အထူး သဖြင့် မော့ကြည့်လိုက်သောအခါတွင် စင်မြင့်ထက်မတ်တပ်ရပ်နေသော စမ်ထင်အားတွေ့လိုက်ရသည့်အခါတွင်ဖြစ်သည်။
"ချီးပဲ။ ခွေးမ၊ မင်း ငါ့ကို ကြံစည်တာပေါ့!"
ကျန်းယုသည် အပြစ်ကိုလုံးဝလွှဲချလိုက်ပြီး စမ်ထင်ကို စွပ်စွဲလိုက်သည်။
တခြားသူတွေက သူ့ကို တားချင်ပေမယ့် အံ့သြစရာကောင်းတာက ပုံမှန်အားဖြင့်အေးစက်ကာ၊ ဂရုမစိုက်တတ်သော စမ်ထင်က ကျန်းယုကိုပြန်စွပ်စွဲလိုက်သည်။
ဤအရာဟည် သူ့စရိုက်မှသွေဖယ်လွန်းသဖြင့် ကျန်းယုပင် ခေတ္တထိတ်လန့်သွားပြီး သူ့အသံရပ်သွားခဲ့သည်။
သူရပ်လိုက်ပေမယ့် စမ်ထင်ကတော့ မရပ်ခဲ့ပေ။ သူ ရှေ့သို့ ပြေးထွက်ကာ ကျန်းယုအား ပါးရိုက်လိုက်သည်။
သူ့မိခင်နှင့် ကျန်းရန်ထံမှ အရိုက်ခံရပြီးသား ကျန်းယုသည် စမ်ထင်ကပါ သူ့အပေါ် လက်တင်ဝံ့သည်ကိုမယုံနိုင်ခဲ့ချေ။
သူရက်စက်စွာစိုက်ကြည့်ပြီး ပြန်လက်တုံ့ပြန်ရန်အသင့်ဖြစ်နေသော်လည်း စမ်ထင်၏ဆက်တိုက်ဆင့်ရိုက်ချက်များကြောင့် လုံးဝစိတ်ရှုပ်ထွေးသွားသည်။
စည်းချက်ညီလုနီးပါး ဖြစ်နေသောအသံကြောင့် ကြည့်ရှုသူတိုင်း တုန်လှုပ်သွားကြသည်။
"သူ လူတွေကို ဘယ်လိုရိုက်ရမယ်ဆိုတာ တကယ်သိတယ် ?" ပိုင်ရှောင်ရှီ တအံ့တသြနဲ့ပြောလိုက်သည်။
"ဝိုး၊ စမ်ထင်က မကြာခဏတော့ မရိုက်နှက်တတ်ပါဘူး၊ ဒါပေမယ့် သူချုပ်တည်းထားတာကနေ တကယ်လွတ်ထွက်သွားတာဖြစ်ရမယ်။!" ယွီယွဲ့ လက်မထောင်ပြလိုက်သည်။
"စမ်ထင်ရဲ့ အခုလို ကြမ်းတမ်းတဲ့ဘက်ခြမ်းကို ငါ တစ်ခါမှမမြင်ဖူးဘူး။" ကောင်းယာလန်လည်း အံ့ဩသွားသည်။
"သူ့ လစ်မစ်အထိ တွန်းပို့ခံလိုက်ရလို့ဖြစ်မယ်။" လောဖေးကဆိုသည်။
【ကောင်းကောင်းရိုက်ပစ်။ နာနာလေးတီးပစ်။ ချန်ပီယံလို ရိုက်ပစ်။ သူလို လူယုတ်မာဆန်ကုန်မြေလေးက ဒီလို ပါးရိုက်ခံရဖို့ထိုက်တန်တယ်။ သိပ်မထိဘူးဆိုပေမယ့် နာတော့နာမှာပဲ မသေသေး သရွေ့ရတယ်။ သူ တစ်ခြမ်းသေသွားတဲ့အထိ ပါးရိုက်ပစ်လိုက်။ ]