အခန်း (၂၈၅)
Vol. 29 Ch. 285
ကျီဖေးတစ်ယောက်တည်းသာ ထူးဆန်းသည်ကို သတိပြုမိရုံမကဘဲ ချင်ရှန့်ပင် မဒမ်ဝမ် မူပျက်သွားသည်ကို ခံစားမိသည်။
ချင်မိသားစုသည်လည်း ကျီဖေးကြောင့် အတင်းအဖျင်းများစွာကြည့်ဖူးသဖြင့် အရိပ်အယောင်မပြလျှင်ပင် ဒရမ်မာနံကိုခံနိုင်လေသည်။
ချင်မိသားစုသည် ကျီဖေး၏ အတွေးများအဆုံးတွင် ၎င်းတို့လည်း တိတ်တဆိတ် မဆွေးနွေးပဲမနေနိုင်တော့ချေ။
ပါးပါးချင်- "သူ့တုံ့ပြန်မှုက ကျန်းယုက ဝမ်ရူနဲ့ မထိုက်တန်ဘူးလို့ထင်တဲ့ပုံလည်း မဟုတ်ပါဘူး"
မားမားချင် : "သမီးကြီး.. နင် အရင်က ကြည့်ဖူးတဲ့ ဇာတ်လမ်းတွဲကို မှတ်မိသေးသေးလား"
"အဓိကဇာတ်ကောင်နဲ့ ဒုတိယ အမျိုးသမီးဇာတ်ဆောင်တို့ကို သူတို့အမေက လာခွဲတဲ့ဟာလား မား?" ချင်ရန်၏ တည်ငြိမ်သော မျက်နှာသည် စိတ်လှုပ်ရှားမှုဖြင့် တောက်ပသွားသည်။ "တကယ့်ကို မဒမ်ဝမ်ရဲ့အမူအရာက ငိုတော့မတက်အော်နေတာပဲ ..."
[နင်တို့က အမေတူအဖေကွဲ မောင်နှမတွေဆိုတော့ အတူမနေနိုင်ဘူး...? ဘုရားရေ! ငါ ဘာမြင်လိုက်တာလဲ! ဒါဆို ကျန်းယုနဲ့ ကျန်းရန်က မွေးကတည်းက အလဲခံထားရတာလား?]
ကျီဖေးသည် စိတ်ထဲတွင် ကျယ်လောင်သော အသံဖြင့် တွေးလိုက်သည်။
ချင်မိသားစု ......
!!!!!!!
၎င်းတို့သည် မူလတွင် သံသယအနည်းငယ်သာရှိသော်လည်း ကျီဖေး၏ အတွေးများကြောင့် အတည်ပြုလိုက်နိုင်ပြီး ချင်မိသားစု၏ အမူအရာတွင် အံ့ဩခြင်းနှင့် မယုံနိုင်မှုများရော ထွေးနေသည်။
အတင်းအဖျင်းပြောခြင်းသည် ပျော်စရာကောင်းသော်လည်း အပြောခံရသူများအတွက်တော့ ရိုက်ချပြင်းလွန်းပေမည်။
ချင်ရှန့်သည် ထိုအရာကို ကြားလိုက်ရသည့်အခါ သူ့မျက်နှာတောင် အေးခဲသွားသည်။ ဤသည်မှာ အံ့ဩလွန်းသဖြင့် မည်သို့တုန့်ပြန်ရမှန်း မသိအောင်ပင်။
ဤနှစ်များတစ်လျှောက် ကျန်းရန်ခံစားခဲ့ရသည့် မတရားမှုများသည် ယခုအခါဟာသတစ်ခုသာဖြစ်လို့နေသည်။
ချင်ရှန့်၏ စူးရှသောအကြည့်သည် မဒမ်ဝမ်၏ ဖြူဖျော့နေသောမျက်နှာ ဆီသို့ စိုက်ရောက်သွားသည်။
မည်သည့် အကြောင်းကြောင့်ဖြစ်စေ ကလေးလဲခြင်းသည် ခွင့်မလွှတ်နိုင်စရာကိစ္စပင်။
ကျီဖေးသည် အရည်ရွှမ်းရွှမ်း ဖရဲသီးကြီးကြောင့် တုန်လှုပ်နေပြီး အမှန်တရားကို ယခုထက် ခပ်နက်နက်တူးဖော်ရန်အာရုံ စိုက်နေသဖြင့် ချင်ရှန့်၏ အမူအရာ ရုတ်တရက်ပြောင်းလဲသွားသည်ကို သတိမထားမိလိုက်ချေ။ သို့သော် စားပွဲတွင်ရှိသော အခြားသူများသည် ချင်ရှန့်ထံမှ ပျံ့လွင့်လာသော အေးစိမ့်သောလေထုကြောင့် တုန်ရီသွားသည်။
"ဘာဖြစ်လို့လဲ ?" လောဖေး အံ့သြစွာမေးလိုက်သည်။
"ဘာရှိဦးမှာလဲ၊ သူ ဝမ်မိသားစုရဲ့ အရှက်မရှိတာကိုကြည့်ပြီး ရွံနေတာပဲဖြစ်မှာ"
ကောင်းယာလန် စိတ်တိုတိုနှင့် ပြောလိုက်သည်။
"ဒါပေမယ့် မဒမ်ဝမ်က ဘာလို့ငြင်းတာလဲ? ဝမ်ချွမ်က ဝမ်မိသားစုနဲ့ ဝမ်ရူတို့အနာဂတ်ကောင်းအောင် ကြိုးစားနေတယ်ဆိုတာ လူတိုင်းသိတယ်၊ ဝမ်ရူတောင် ကျေကျေနပ်နပ်ကြီး သဘောတူနေတာကို မဒမ်ဝမ်က ဘာလို့ထူးထူးဆန်းဆန်း သဘောမတူတာလဲ"
ပိုင်ရှောင်ရှီသည် "သူတို့တွေ တစ်ယောက်က လူကောင်းနေရာ၊ တစ်ယောက်က လူဆိုးနေရာဆိုပြီး သရုပ်ဆောင်နေတာများလား?"
ယွီယွဲ့သည် "ဒါဆိုရင် အဲ့အဘွားကြီးရဲ့ သရုပ်ဆောင်စွမ်းရည်က ထိပ်တန်းပဲ၊ သူ့မျက်နှာက အလောင်းတစ်လောင်းလို ဖြူဖျော့နေပြီ"
"သူ့ကြည့်ရတာ ကန့်ကွက်တဲ့ပုံထက် ပိုကြောက်နေသလိုပဲ"
လောဖေးရုတ်တရက် မျက်မှောင်ကြုတ်ကာ ချင်ရှန့်ကို မလှည့်ကြည့်ပဲမနေနိုင်ချေ။
ချင်ရှန့်သည် ဤကိစ္စကို မည်သို့ဖော်ထုတ်ရမည်ကို စဉ်းစားနေပြီဖြစ်သည်။ သူ မတ်တပ်ရပ် ချက်ချင်းရပ်ပြီးထပြောလို့လည်းမရပေ။
ထိုအချိန်တွင် မဒမ်ဝမ်လည်း ဘေးကြပ်နံ့ကြပ်ဖြစ်နေသည်။ သူမ၏စိတ်သည် လဲပြိုလုနီးပါးဖြစ်နေသော်လည်း ဖိအားများကြောင့် စိတ်ကိုတင်းထားခဲ့သည်။
ကျန်းယုက ဝမ်ရူကို ဘယ်လိုလက်ထပ်လို့ရမှာလဲ။ လုံးဝမရဘူး!
သို့သော် ဝမ်ချွမ်၏အမူအရာသည် အလွန်ရှုပ်ထွေးနေပြီး သူမ ၏မိခင်ကို ဒေါသထွက်စပြုလာပြီဖြစ်သည်။
"မင်း မတုံးအစမ်းပါနဲ့၊ ငါတို့သမီးက ငယ်သေးတယ်လို့ မင်းထင်နေတာမလား၊ ဒါပေမယ့် အိမ်ထောင်ဆိုတာက အနှေးနဲ့ အမြန်ကျမှာပဲ၊ ဒါကြောင့် ငါတို့ ကောင်းကောင်းသိတဲ့ မိသားစုနဲ့ လက်ထပ်တာက ပိုကောင်းတယ်မလား? ဒါမှ ငါတို့ စိတ်ချနိုင်မှာလေ"
ဝမ်ချွမ်သည် သူ့မိန်းမအား မတုံးအနေစေချင် အဓိပ္ပါယ်ပါသည့် အကြည့်တစ်ချက်ဖြင့်အရိပ်အမြွက်ပြလိုက်သည်။
နိုးနိုး! ဘယ်သူက တုံးတာလဲ? ဒီနေမှာ ကျန်တဲ့သူတွေက တုံးရင်တုံးမယ် မဒမ်ဝမ်ကတော့ ငတုံးမဟုတ်ဘူး အခု ဒီမှာ မဒမ်ဝမ်ထက် ဘယ်သူကမှ ရှင်းရှင်းလင်းလင်းသိတဲ့သူမရှိဘူး၊ သူမ ငြင်းဖို့ အကြောင်းပြချက် တစ်ခုလည်းရှာမရဘူး၊ သသ ကလေးနှစ်ယောက်ကိုလှဲလိုက်လို့ ကျန်းယုက တကယ်တော့ သူ့ကလေးဖြစ်သလို ကျန်းမိသားစုရဲ့အကြီးဆုံးသားမို့လို့ သူ့အမေတူ ညီမဖြစ်တဲ့ ဝမ်ရူနဲ့ လုံးဝလက်ထပ်လို့မရဘူးလို့ပြောလိုက်ရမှာလား... ???
ကျီဖေး အတင်းအဖျင်းအားလုံးကို ကြည့်ပြီးချိန် ထိုစကားကိုကြားသည်နှင့် သူ့မကျေနပ်ချက်များကို မထိန်းထားနိုင်တော့ပေ။
ချင်မိသားစု၏ အမူအရာသည် ပို၍ပင် အံ့သြစရာကောင်းလာသည်။ တော်တော့ တော်လိုက်တော့ သူတို့ရဲ့လောကကြီးအပေါ်အမြင်ကိုကျော်သွားပြီဖြစ်သည်။
"မိမိ၏လုပ်ရပ်ကို မိမိကသာ ရိတ်သိမ်းရခြင်း" ဆိုသည့်စကားကို မဒမ်ဝမ် လေးလေးနက်နက် နားလည်ပြီဖြစ်သည်။
မဒမ်ဝမ်သည် ခေါင်းကို ပြင်းပြင်းထန်ထန် ခါရုံသာ တက်နိုင်ပြီး သူမ တစ်ကိုယ်လုံး တုန်ယင်စွာ "ဟင့်အင်း၊ ကျွန်မသဘောမတူဘူး၊ လုံးဝသဘောမတူနိုင်ဘူး ယောင်္ကျား.. အိမ်ပြန်ကြရ အောင်၊ ကျွန်မ ပင်ပန်းနေပြီ၊ သွားကြရအောင်"
"မား ဘာလုပ်နေတာလဲ!"
ဝမ်ရူသည် အမေဖြစ်သူကို ပြန်ဆွဲကာ မေးခွန်းထုတ်လေသည်။
၀မ်ချွမ်သည်လည်း မဒမ်ဝမ် အဘယ့်ကြောင့် ပြတ်ပြတ်သားသား ငြင်းနေလဲဆိုတာ မေးချင်နေသဖြင့် မဒမ်ဝမ်သာ အ ကြောင်းပြချက်ကို ရှင်းရှင်းလင်းလင်း မပြောနိုင်ပါက ဝမ်ချွမ်နှင့် ဝမ်ရူတို့၏ စိတ်ကို ဆွဲဆောင်နိုင်မှာမဟုတ်ပေ။
[ သူ လုပ်ခဲ့တာတွေကို ဘယ်လိုပြောရမှာလဲ၊၊ ကျန်းယုနဲ့ ဝမ်ရူအကြောင်းကိုသာ လူတိုင်းသိသွားကြရေ... အိုး ဘုရားဘုရား ငါ့ခေါင်းကတော့ အဲ့လိုတွေလျှောက်တွေးမနေနဲ့လေ! ငါ့လော ကအမြင်ကြီး ပျက်စီးကုန်တော့မယ် ငါဘာမှမသိဘူး၊ ငါ တကယ်ဘာမှမသိဘူး!] ကျီဖေး သူမကိုယ်သူမ စိတ်ညှို့နေသည့်အလား ခဏလောက် ရေရွတ်လိုက်နေသည်။
[အခု မဒမ်ဝမ် တစ်ခုခုပြောရင်တောင် အမှန်တရားကို ပြောရဲမှာ မဟုတ်ဘူး၊ ဒါပေမယ့် အမှန်တရားမဟုတ်ရင် သူ ဘယ် လောက်ငြင်းငြင်း အခြေအမြစ်မရှိတော့ အသုံး၀င်မှာမဟုတ်ဘူး]
ချင်မိသားစု၀င်များသည် ကျီဖေး၏ အတွေးကို နားထောင်ရင်း ခေါင်းညိတ် သဘောတူလိုက်သည်။ ဝမ်ချွမ်သည် လွယ်လွယ်နှင့် အလွှတ်ပေးမှာမဟုတ်ချေ။
ဤအချိန်တွင် ချင်ရှန့်၏ မျက်ခုံးသည် အနည်းငယ် ဖြေလျှော့သွားသည်။ ဝမ်ချွမ်သည် ဤမဟာမိတ်ကို မရရအောင်လုပ်မည်ဟု စိတ်ပိုင်းဖြတ်ထားသဖြင့် မဒမ်ဝမ် ရူးသွားသလိုလို ဟန်ဆောင်လျှင်တောင် ဤအခြေအနေမှ လွတ်မြောက်မည်မဟုတ်ပေ။ သူမသည် ထွက်လမ်းမရှိသော လမ်းကိုကိုယ်တိုင် ၀င်ခဲ့သည်။ ယခု သူတို့လုပ်ရမည်မှာ အဖြစ်မှန်များပေါ်လာမည့်အချိန်ကို စောင့်ဆိုင်းနေဖို့သာဖြစ်သည်။
ထိုစဉ်တွင် ဝမ်မိသားစု သူတို့ဘာသာ လုံးလည်ခြာလည်ရိုက်နေစဉ် ကျန်းယု၏ ဒေါသများ ပေါက်ကွဲထွက်လာပြီဖြစ်သည်။
ကျန်းယုသည် မဒမ်ဝမ်ထံမှ အငြင်းခံရမည်ဟု မမျှော်လင့်ထားသဖြင့် သူ့စိတ်မကြည်တော့ပေ။ သူ့နဘေးရှိ လူများ၏ရံဖန်ရံ ခါတီးတိုးပြောနေသည့် စကားများမှာ သူသည် စမ်ထင်အားမရလိုက်ရုံသာမက မဒမ်ဝမ်ထံမှ ငြင်းပယ်ခြင်းကိုတောင် ခံစားရသည်ဆိုကာ လူတိုင်းသည် သူ့အား လှောင်ပြောင်နေသည်မှာ ထင်ရှားလှသည်။
ကျန်းယု အလွန်လည်းရှက်မိကာ ဒေါသလည်းဖြစ်မိသည်။
ဒါဘာကိုပြောချင်တာလဲ ? သူက ဝမ်ရူနဲ့ မထိုက်တန်ဘူးလား? ဝမ်ရူသည်သာ သူနှင့်မထိုက်တန်သူဖြစ်သဖြင့် ငြင်းသင့်သည့်လူမှာ သူသာဖြစ်သင့်သည်။ မဒမ်ဝမ် သူ့ကို ဘယ်လိုတောင် အထင်သေးရတာလဲ?
ပုံမှန်ဆိုလျှင် မဒမ်ဝမ်သည် သူ့ကို ကြင်ကြင်နာနာ ဆက်ဆံတတ်ပြီး သူသည် ကျန်းရန်ထက်တောင် ပိုကောင်းသည်ဆိုပြီး ချီးကျူးလေ့ရှိသည်။ သူမသည် သူ့ကို တမင်တကာ ကူညီခဲ့ပြီး ကျန်းရန်ကို အတူတကွ ပူးပေါင်းကြံစည်ခဲ့သည်။ သို့သော် ယခုမူ သူမ၏ အဖိုးတန်သမီးလေး အကြောင်းနှင့် ပတ်သတ်လာသောအခါ သူမ မျက်နှာအစစ်ကိုထုတ်ပြလာပြီဖြစ်သည်။
မဒမ်ရှဲ့နှင့် စမ်ထင်တို့သည် သူ့အား မကြိုက်သောကြောင့် အငြင်းခံရသည့်အချိန်တွင် သူ ထွေထွေထူးထူး မခံစားရပေ။ သို့သော် အမြဲတစေ သူ့အား ချီးကျူးလေ့ရှိသူထံမှ ငြင်းပယ်ခံရခြင်းသည် သူ့အတွက် အကြီးမားဆုံး တုံ့ပြန်မှုဖြစ်သည်။
"ဘာလဲ ? မဒမ်ဝမ်က ကျွန်တော့်ကို အထင်သေးတာလား" သူသည် သူမကို “အန်တီ” ဟု မကြာခဏ ခေါ်လေ့ရှိသော်လည်း ယခုအခါ ဒေါသရှေ့တန်းရောက်နေသဖြင့် မဒမ်ဟုသာပြောင်းခေါ်လိုက်သည်။
[ဪ သူက နင့်ကို ရိုးရိုး အထင်သေးတာမဟုတ်ဘူး လုံး၀ လုံး၀ အထင်သေးတာ!] ကျီဖေးလည်း စိတ်ထဲတွင် ထစ်ငေါ့လိုက်သည်။
မဒမ်ဝမ်သည် ကျန်းယု စကားကြောင့် ပြိုလဲမတက်ဖြစ်နေ သည်ကိုမြင်ချိန် ကျီဖေး ထအော်မိတက်ပင်။
ဟုတ်တယ်၊ မကောင်းဆိုးဝါးက မျိုးတူကိုပဲ မွေးနိုင်မှာပေါ့