← Chapters

အခန်း (၂၈၆)

Vol. 29 Ch. 286

အခန်း (၂၈၆)

Vol. 29 Ch. 286

[ကိုယ်ပြုသောကံသည် သူတို့ကို ခြောက်လှန့်ရန် နောက်ဆုံးတွင် ကိုယ့်ထံပြန်လာလိမ့်မည်။ မဒမ်ဝမ်က ကောင်းကင်ကိုတောင် ခွဲပစ်နိုင်လောက်ထိ ကြီးကျယ်ခမ်းနားသော အလိမ် အညာနဲ့ယုတ်ညံ့တဲ့ အစီအစဥ်ကိုကြိုးကိုင်နေတာကို ဘယ်သူမှစဥ်စားမိမှာမဟုတ်ဘူး။ အစက သူ ကလဲ့စားချေတာကိုကျေ နပ်အားအောင်လုပ်ဆောင်နိုင်ခဲ့ပေမယ့် သူ့ကလေးတွေက သူတို့ အလွန်အစွမ်းထက်ကြောင်း သက်သေပြပြီး သူ့ရဲ့ကြီး မားတဲ့စွမ်းဆောင်ရည်ကို အရှုပ်တော်ပုံအဖြစ်ပြောင်းလဲလိုက်ပြီး သူ သည်းမခံနိုင်လောက်တဲ့ အမှန်တရားတွေ၊ ဖိအားတေဖွခံရအောင် ထောင့်တစ်နေရာကိုတွန်းပို့ခဲ့တယ်။ အဆုံးမှာ သူမပဲ သူမဖန်တီးခဲ့တဲ့ အရှုပ်ကို ရှင်းဖို့ ကျန်ရစ်ခဲ့ရပြီးတော့ သူစိတ်ကူးယဥ်ခဲ့သမျှလည်း ပြိုကျပျက်စီးသွားပြီပဲ။ ]

ချင်မိသားစု ဤအချက်ကိုကြားသောအခါအဓိကအချက်ကို ဆုပ်ကိုင်နိုင်လိုက်ကြသည်- မည်သို့သော ကလဲ့စားချေမှုမျိုးက ထိုသို့သော ကျေနပ်မှုကို ဆောင်ကြဉ်းပေးနိုင်မည်နည်း။ ကလေးပြောင်းလိုက်တဲ့ နောက်ကွယ်က အကြောင်းရင်းနဲ့များ ဆက်စပ်နေမလား။

သို့သော်လည်း ကျီဖေးသည် ထိုအတင်းအဖျင်းကို ဘာသက် သေမှမပြနိုင်သောကြောင့် အတင်းအဖျင်းဝန်ဆောင်မှုမပေးနိုင်သေးပဲ ဒရာမာကိုကြည့်ရင်း ကိုယ်ဘာကိုယ်ရေရွတ်ရင်းသာနေနိုင်သည်။

ကျန်းယုသည် မဒမ်ဝမ်အား ခြိမ်းခြောက်တဲ့အကြည့်နဲ့ကြည့်နေစဥ် သူမကတော့ ခေါင်းငုံ့ကာ သူနဲ့မျက်လုံးချင်းမဆုံဝံ့ဘဲ သမီးဖြစ်သူကိုသာ အဝေးသို့ ခေါ်ဆောင်ရန်ကြိုးစားနေသည်။ သို့သော် မည်သူကမျှ သူနှင့် ပူးပေါင်းဆောင်ရွက်ခြင်းမရှိသဖြင့် ကျန်းယုကို ရင်ဆိုင်ရန်မှလွဲ၍ ရွေးချယ်စရာမရှိတော့ပေ။ စိတ်ဓာတ်ကျနေတဲ့အခိုက်အတန့်မှာပဲ သူမ ဦးနောက်ကို ညှစ်သုံးနေသည်။

"မဟုတ်၊ မဟုတ်ပါဘူး ငါ့ကလေး... အဲဒါ အဲဒါ ငါ့သမီးက မင်းနဲ့ မထိုက်တန်ပါဘူး။ မင်းတို့နှစ်ယောက်လုံးက ဘာဆက် ဆံရေးမှ လုံးဝမရှိဘူးလေ...။ အဲ့အတွက် မင်းတာဝန်ယူစရာ မလိုဘူး။ စောစောက ငါပြောခဲ့တာမှန်သမျှက ကျန်းရန်ကိုဇာတ် လမ်းဆင်ဖို့ပဲ။" မဒမ်ဝမ်ကပြောရင်း သူမ ဆင်ခြင်နိုင်စွမ်းကို ပိုယုံကြည်လာခဲ့ပြီး စိတ်သက်သာရာရစွာပင်ပြုံးလိုက်သေးသည်။

တခြားသူတွေအတွက်တော့ သူမ၏စကားတွေက ထူးဆန်းနေ သည်။ သူမ ကျန်းရန်ကို ကြံစည်မှန်း သူတို့သိပေမယ့် ကျန်းယုနဲ့ ဝမ်ရူ ဘာဆက်ဆံရေးမှမရှိဘူးဆိုတာကို အတည်ပြုဖို့ ဒါကို ဝန်ခံလိုက်တာကတော့ထူးဆန်းသည်။

ဒါက အလွန်အဓိပ္ပာယ်မရှိပေ။

သူ ရူးသွားပြီလား။

သူ့အတွေးထဲတွင် လွင့်မျောနေသောကျန်းရန်ပင် ဤစကားကိုကြားတော့ ခါးခါးသီးသီး မပြုံးပဲ မနေနိုင်ပေ။ သူ့အမေရဲ့မျက် လုံးထဲမှာတော့ သူ သူမဆီကနေ ဇာတ်လမ်းဆင်ခံရတာက လုံးဝအရေးမကြီးတဲ့ပုံပင်။

[သူ ကယောင်ကတမ်းဖြစ်နေတာထင်တယ်။ ထိုးနှက်ချက်က ကြီးလွန်းတယ်။ မဖော်ထုတ်ခံသရွေ့ အရာအားလုံးဟာ ဘယ် တုန်းကမှ မဖြစ်ခဲ့ဘူးသလို ထားလို့ရသေးတယ်။ တကယ်လည်း ဒါက သူမတစ်ယောက်တည်းသိတဲ့ လျှို့ဝှက်ချက်လေ။ ကျန်းယုကို ဘယ်တော့မှအသိအမှတ်မပြုသရွေ့ သူ ဒီလျှို့ ဝှက်ချက်ကို သူ့ သင်္ချိုင်းထိယူဆောင်သွားနိုင်တယ်... ၊ ပြီးတော့ ဒါ့ကြောင့်နဲ့ပဲ သူမရဲ့ တစ်ကိုယ်ကောင်းဆန်တဲ့ စိတ်ဆန္ဒကြောင့် ဖြစ်ပေါ်လာတဲ့ မဖြစ်သင့်တဲ့အမှားကို ရင်ဆိုင်နေရပြီး ရှောင်ရှားနေရပြီ။]

မဒမ်ဝမ်၏မျက်လုံးမှ စိတ်လှုပ်ရှားမှု မီးတောက်များကိုမြင်တော့ ကျီဖေးက တကယ်ပဲပြောလိုက်ချင်သည်။ ‘ဆောရီးပါနော်။ ဒါပေမယ့် ဒီလျှို့ဝှက်ချက်ကို တခြားတစ်ယောက်ကသိသွားပြီ။ ပြီးတော့ နောက်ထပ်လူတွေကို အသိပေးဖို့လည်း စီစဉ်နေတယ်နော်။’

အကယ်၍ မဒမ်ဝမ်၏မဆုတ်မနစ်သော အကြံအစဥ်များကြောင့် ကျန်းရန်သည် ထိုကဲ့သို့ ရုန်းရင်းဆန်ခတ်ဖြစ်ခဲ့တာကြောင့်သာ မဟုတ်လျှင်၊ ကျီဖေးသည် ဤမျှအထိ နက်နက်နဲနဲ တူးဆွနိုင်ပြီး အမှန်တရားကိုဖော်ထုတ်နိုင်လိမ့်မည်မဟုတ်ပေ။

ဒါကိုတွေးပြီး ကျီဖေးက စလုပ်ဆောင်ဖို့ ဆုံးဖြတ်လိုက်သည်။ သူမရဲ့ ပထမဆုံး အလိုအလျောက် တုန့်ပြန်မှုကတော့ သူ့မခင်ပွန်းကို ရှာဖို့ပါပဲ။

သူမ မသိလိုက်ခင်မှာပင် ပြဿနာများကို ဖြေရှင်းရန်အတွက် သူမ ရှာဖွေသောသူမှာ ချင်ရှန့်ဖြစ်လာပြီဖြစ်သည်။

" မဒမ်ဝမ်က နည်းနည်းတော့ စိတ်လှုပ်ရှားနေပုံရတယ်လို့ ရှင်မထင်ဘူးလား။" ကျီဖေးသည် သွယ်ဝိုက်ပြောရင် အရိပ်အမြွက်ပြောရန် ကြိုးစားနေသည်။

သူ့ဇနီးသည် ရုန်းကန်နေသည်ကို မကြည့်နိုင်သော ချင်ရှန့်သည် ချက်ချင်းတန်းပြောလိုက်သည်။

"ကိုယ်လည်း သံသယဝင်နေတာ ကြာပြီ။”

ကျီဖေး: ?

ချင်ရှန့်- " ကျန်းရန်နဲ့ ကျင်းယုရဲ့ Identityက သူတို့ထင်သလို မဟုတ်တာလည်းဖြစ်နိုင်တယ်။"

ကျီဖေး: !

ချင်ရှန့်- "ငါတို့ ဒါကို အတည်ပြုဖို့လိုတယ်။"

ကျီဖေးသည် ဘာစကားဆက်ပြောရမလဲ မသိတော့ကာ "တကယ်...တကယ်လား?" လို့သာ တုန့်ပြန်နိုင်တော့သည်။

ဒရမ်မာမှ ကျီဖေး၏ roleကို ချင်ရှန့်က လွဲပြောင်း တာဝန်ယူရင်း ခေါင်းညိတ်လိုက်သည်။

ကျီဖေးအံ့သြစွာ ကျန်ရစ်ခဲ့သည်။

[ဝိုး ချင်ရှန့်က အရမ်းစမတ်ကျတာပဲ။ ကြည့်ရတာ နောက်ဆုံး တော့ ငါကူညီစရာ မလိုတော့ဘူးထင်တယ်။ ပွဲကိုပဲ ဆက်ပြီးပျော်ပျော်ကြီးကြည့်တာပေါ့]

ဒါကိုကြားတော့ ဆက်စပ်၊ခန့်မှန်းနိုင်ခဲ့ကာ ချင်မိသားစုသည် ချင်ရှန့်ရဲ့ လုပ်ရပ်တွေကို ရှုံ့ချပြီးခေါင်းနောက်ရောက်လောက် သည် မျက်လုံးလှန်လိုက်သည်။

ထိုအချိန်တွင် ကျန်းယုသည် မဒမ်ဝမ်၏ စကားကြောင့် အံ့သြသွားခဲ့သည်။ သူမက သူ့ကိုအထင်သေးပြီး ဆင်ခြေတွေပေးနေသေးတယ်လို့ ခံစားမိနေသေးပေမယ့် သူမရဲ့ ရှင်းပြချက်က သူ့ကို မျက်နှာသာပေးပြီး ဒုက္ခကနေကယ်တင်ခဲ့သည်။

ကျန်းယုသည် သူနဲ့မတန်သော ဝမ်ရူကိုလက်မထပ်လိုသော ကြောင့် စိတ်ငြိမ်အောင်ထားလိုက်သည်။

သူမဒမ်ဝမ်ရဲ့ ဇာတ်လမ်းအတိုင်း လိုက်ပြောသရွေ့ မစ္စတာဝမ်က သူ့ကို မခြိမ်းခြောက်နိုင်ပါဘူး။

"ဒီလိုနဲ့ ပိုတူပါတယ်။"

ကျန်းယုက မဒမ်ဝမ်ကို လေးစားမှုပင် မပြတော့ဘဲ နှာခေါင်းရှုံ့လိုက်သည်။ သူ့မနှလုံးသားက ပိုနာကျင်လာပေမယ့် သူမ ဒီအခြေအနေကို လုံးဝမကိုင်တွယ်နိုင်ဘူးဆိုတာသိတာကြောင့် သည်းခံဖို့ကလွဲပြီး ရွေးချယ်စရာမရှိတော့ပေ။

"အမေ၊ အဲဒါ ဘာကိုဆိုလိုတာလဲ။ သမီးကို ဘာလို့ ဒီလိုတောင်ပြောရတာလဲ ?" ဝမ်ရူသည် ဒေါသထွက်ကာမျက်လုံးများပင် နီရဲလာသည်။

မဒမ်ဝမ်၏နဖူးသည် ချက်ချင်းပင် သွေးကြောများထောင်ထလာကာ သူ့၏ခံစားချက်အစစ်ကို မဖော်ပြနိုင်တာကြောင့် စိတ်ပျက်လက်ပျက်ဖြစ်ကာ နေရာတွင်ပင် မူးလဲတော့မတတ်ဖြစ်သွားသည်။ ဒေါသ၊ စိတ်အနှောက်အယှက်ဖြစ်ခြင်း၊ကူကယ်ရာညီမဲ့မှုတို့ ရောနှောနေသည်။

ကျီဖေးက မရယ်ပဲ မနေနိုင်တော့ချေ။

【ဟာဟားဟား၊ တကယ်တော့သူတို့ရဲ့ အရှက်ရစရာကို မဒမ်ဝမ်က ဖုံးကွယ်ဖို့ ကြိုးစားနေတယ်ဆိုတာကို ဝမ်ရူက နားမလည်ဘူး။ ဒီနေ့ပွဲမှာ မဒမ်ဝမ်ရဲ့ဇာတ်လမ်းကို အတည်ပြုနိုင်သွားရင် နောက်ပိုင်းမှ တစ်ခုခုကို ဖော်ထုတ်လိုက်မယ်ဆိုရင် တောင် ဒီငတုံးနှစ်ယောက်အတွက် သေစေနိုင်လောက်တဲ့ ထိုးနှက်ချက်ဖြစ်လာဦးမှာမဟုတ်ဘူး။ ဒါပေမယ့် သူတို့က အခုကို သူတို့ အသက်သွေးကြောကို ဆွဲထုတ်ဖို့ စိတ်ပိုင်းဖြတ်ထားကြတာပဲ။ မဒမ်ဝမ်က လဲကျလုနီးပါးဖြစ်နေပြီ။】

ချင်မိသားစုသည် သူတို့၏ရယ်မောချင်စိတ်ကို ထိန်းထားရန် ရုန်းကန်ခဲ့ကြရသည်။- ဒေါသဖြစ်စရာရော၊ ရယ်စရာပါကောင်းသည်။ အကြောင်းတရားတိုင်းမှာ သူ့အကျိုးဆက်ရှိပြီး မဒမ်ဝမ်ရဲ့ ဝဋ်ကြွေးက သူ့သားသမီးတွေပင်။

ဝမ်ရူအတွက်တော့ သူမသိသည်မှာ သူမက ကျန်းယုကိုလက် ထပ်ရန်မထိုက်တန်ကြောင်း ပြောဆိုခြင်းသည် သူမ၏မိခင်သည် သူမကို နှိမ့်ချနေခြင်းသာဖြစ်သည် ။

ဒါကို သူ့အမေကိုယ်တိုင်က ပြောလာတာ သည်းမခံနိုင်ဘူးပေ။ ကျန်းယုလို ပလေးဘွိုင်းတစ်ယောက်က သူမနဲ့ ဘယ်လိုလုပ်ပြီး မထိုက်တန်ရမှာလဲ။ ပြီးတော့ ကျန်းယုက သူမကို လက်မထပ်ချင်ဘူးဆိုတာကိုလည်း သူမသဘောပေါက်လိုက်သည်။

သူ့မအမေက သူမကို မကူညီဘူး။ သူမက တမင်သက်သက်ဖျက်ဆီးနေတာပဲ!

မဒမ်ဝမ်က ထိတ်လန့်တကြားနဲ့ သူမကို အော်လိုက်သည်။ "ပါးစပ်ပိတ်ထားစမ်း!"

ဝမ်ရူက သူမကို ပြန်အော်လိုက်သည်။ "အမေ မဒမ်ရှဲ့ကိုမုန်းတာနဲ့ပဲ သမီးကျန်းယုကို လက်ထပ်တာကို ဆန့်ကျင်လို့မရဘူး။ ဒါက အမေတစ်ကိုယ်ကောင်းဆန်ပြီး သမီးအနာဂတ်ကို လောင်းကစားလုပ်နေတာပဲ!"

မဒမ်ဝမ်သည် သူ့သမီးကို သူ့ကိုလူရှေ့သူရှေ့တွင် ထိုသို့ပြောရန် မမျှော်လင့်ထားဘဲ သူမ၏မျက်နှာမှာဒေါသများနှင့် ပုံပျက် ပန်းပျက်ဖြစ်နေကာ သူမတစ်ခွန်းမှပင် မပြောနိုင်တော့ချေ။

ကြည့်ရှုသူများလည်း အံ့သြသွားကြသည်။ ယောင်းမဟောင်းတွေကြားက ဆက်ဆံရေးကတင်းမာနေမှန်း သူတို့သိပေမယ့် မဒမ်ဝမ်က မဒမ်ရှဲ့ကို မုန်းတီးတယ်ဆိုတာတစ်ခါမှမကြားဖူးခဲ့ပေ။

မဒမ်ရှဲ့ပင်လျှင် မဒမ်ဝမ်ကို မယုံကြည်နိုင်စွာ ကြည့်ရင်းခဏတာ စိတ်ရှုပ်သွားသည်။ စောစောက သူတို့ အချင်းပွားခဲ့ကြသော်လည်း ဒါကကလေးတွေကိစ္စကြောင့်သာဖြစ်သည်။

သူတို့ ကျန်းမိသားစုတွင် သမီးယောင်းမများဖြစ်ခဲ့သောအခါတုန်းကလည်း အပြန်အလှန်ဆက်ဆံမှု နည်းကြသည်။ အမွေဆက်ခံသူဖြစ်တဲ့ မဒမ်ရှဲ့သည် ပြင်ပရေးရာများကိုသာ အာရုံ စိုက်ခဲ့ပြီး မဒမ်ဝမ်သည် အတွင်းရေးကိစ္စများကို ကိုင်တွယ်ခဲ့သည်။ သူတို့၏ သြဇာလွှမ်းမိုးမှု နယ်ပယ်များသည် ထပ်နေခြင်းမရှိချေ။ ထို့ကြောင့် မဒမ်ဝမ်သည် သူမကိုအဘယ်ကြောင့် ဤမျှလောက်မုန်းတီးရမည်နည်း။

ထိုအချိန်တွင် နောက်တွင်ရပ်နေသော ဒုတိယသခင်ကြီးကျန်းသည် အနည်းငယ် အဆင်မပြေသည့်အမူအရာဖြင့် တစ်ချက်ကြည့်လိုက်သည်။ သူ့အစ်ကိုကြီးကလည်း ဆုံးပါးသွားပြီဆိုတော့ သဘာဝအတိုင်း ဒီအဖြစ်အပျက်ကို သူ့မိန်းမကိုမပြောနိုင်ခဲ့ပေ။

ချင်မိသားစုသည် ချက်ချင်းပဲ ချိတ်ဆက်မိသွားကာ ကလေးလဲလှယ်ရခြင်း၏ နောက်ကွယ်မှ အကြောင်းအရင်းကို နား လည်သွားပြီး ထိတ်လန့်သွားကြသည်။

ကံကောင်းစွာနဲ့ပဲ ကျီဖေးရဲ့ အတွေးကလည်း မကြာခင်မှာပဲ သူတိုကိုအတည်ပြုပေးခဲ့သည်။

【ကျစ် ကျစ် ကျစ် အဲ့ဒီ့အချိန်တုန်းက ကျန်းမိသားစုရဲ့ အကြီးဆုံးသားဖြစ်သူက မဒမ်ရှဲ့ကို လက်ထပ်ဖို့ စီစဉ်ခဲ့တာပဲ။ ဒါပေမယ့် မဒမ်ဝမ်က အကြီးဆုံးသားကို သူယူချင်တာကြောင့် သူ့ကို ဆေးခပ်ပြီး အတူတူအိပ်ပြီးတော့ စေ့စပ်မှု အစီအစဉ်ကို ပျက်ပြားအောင်လုပ်ခဲ့တယ်။ ဒါက တစ်ခါတည်း ဖြစ်သွားတဲ့ အပြောင်းအလဲတွေဆိုတော့ မဒမ်ရှဲ့နဲ့ အပြင်လူတွေက သတိမထားမိဘဲ ပါဝင်ပတ်သက်နေတဲ့သူတွေပဲ သိတယ်။】

ချင်မိသားစု: ဘာကြီး? အရင်မျိုးဆက်မှာလည်း သုံးပွင့်ဆိုင် အချစ်ရှိခဲ့တာပဲ။

【သားအကြီးဆုံးက မဒမ်ရှဲ့ကို အချိန်အကြာကြီး သဘောကျခဲ့ပေမယ့် မိသားစုဖိအားကို မခံနိုင်တာကြောင့် နောက်ဆုံးမှာ မဒမ်ဝမ်ကို လက်ထပ်ခဲ့တယ်။ မဒမ်ရှဲ့က ဒုတိယသားကိုလက် ထပ်ခဲ့တယ်။ ထုံးစံအတိုင်း သားအကြီးဆုံးနှင့် မဒမ်ဝမ်အ ဆက်မပြတ် သဘောထားမတိုက်ဆိုင်ကြပဲ ရန်ဖြစ်လေ့ရှိတယ်။]

ချင်မိသားစု- ဒါပေါ့။ သေချာပေါက် ပဋိပက္ခတွေရှိရမယ်။ ဒီလို ကြိုးကိုင်ခြယ်လှယ်ခံရတာကို ဘယ်သူကလက်ခံနိုင်မှာလဲ။

သို့သော် သားအကြီးဆုံးသည် မဒမ်ရှဲ့အတွက် ခံစားချက်ကို သိမ်းထားဆဲဖြစ်ကြောင်း မဒမ်ဝမ်ကယုံကြည်ခဲ့သည်။ သူတို့နှစ်ဦးစလုံးသည် မိသားစုစီးပွားရေး လုပ်ကိုင်နေကြပြီး မကြာ ခဏ အပြန်အလှန်ပြောဆိုဆက်ဆံရသဖြင့် မဒမ်ဝမ်သည် ပိုလို့ပင်သံသယဝင်ကာ ထိလွယ်ရှလွယ်ဖြစ်လာပြီး မဒမ်ရှဲ့သည် သားအကြီးဆုံး၏အာရုံကိုဆွဲဆောင်ကာ သူမနှင့် ဝေးအောင်လုပ်နေသည်ဟုယုံကြည်လာခဲ့သည်။ ထို့ကြောင့် သူမသည် မဒမ်ရှဲ့ကို အမြဲတစေရန်ငြိုးထားပြီး နောက်ဆုံး ဖြစ်ပျက်လာခဲ့သည်မှာ.....

All Chapters