← Chapters

အခန်း (၂၈၇)

Vol. 29 Ch. 287

အခန်း (၂၈၇)

Vol. 29 Ch. 287

ချင်မိသားစု စကားပင်မဆိုနိုင်တော့ပေ။ မဒမ်ရှဲ့ တကယ်စွပ်စွဲခံရတာပင်။

ယခုအချိန်ထိပင် မဒမ်ရှဲ့သည် သူ့ခဲအိုဖြစ်သူမှ သူမအားတိတ်တိတ်လေး သဘောကျခဲ့ကြောင်းမသိသေးပေ။ ကျန်းမိသားစု ၏အကြီးဆုံးသားသည် လက်ထပ်ပြီးသည့်နောက် ဘာစည်းမှမကျော်ခဲ့ကြောင်းထင်ရှားသည်။

သို့သော် မဒမ်ဝမ်သည် သူမကျရှုံးမှုအားလုံးကို မဒမ်ရှဲ့အပေါ် အပြစ်တင်ခဲ့သည်။

သူမကိုယ်တိုင်လုပ်ခဲ့တဲ့အရာတွေကို ထည့်တောင် မစဉ်းစားခဲ့ချေ။

သို့သော် ချင်ရှန့်သည်တော့ ထိုအတွေးများကို တွေးမနေပေ။ အမှန်တရားကိုကြားပြီးနောက် မဒမ်ဝမ် ဘာကြောင့် ဒီလိုရဲရင့်တဲ့အကြံအစည်ကို ချရဲတယ်ဆိုတာ သူနားလည်သွားသည်။ ထိုသို့သော အခြေအနေမျိုးတွင် ကျန်းမိသားစုသည် မည်သို့သော ရွေးချယ်မှု ပြုလုပ်မည်ကို သူမတွင် အတွေ့အကြုံရှိပြီး သိပြီးသားဖြစ်သောကြောင့် ကျန်းရန်နှင့်စင်တင်တို့ကိုကြောက် ရွံ့ခြင်းမရှိဘဲ ဇာတ်လမ်းဆင်ရဲတာဖြစ်သည်။

သို့သော် ကံမကောင်းစွာပဲ၊ ဒီတစ်ကြိမ်မှာတော့ အတိတ်ကလို ချောမွေ့မှု မရှိခဲ့ပါချေ။

သမီးဖြစ်သူ၏ အံခံမှုကို ရင်ဆိုင်ရသောအခါ မဒမ်ဝမ်သည် ထိတ်လန့်သွားပြီး မတတ်သာသည့်အဆုံး သူမလုပ်နေကြ နည်းဗျူဟာအတိုင်း ကျန်းယုအားသုံးခိုင်းကာ ဝမ်ရူအပေါ်ကိုပင် သုံးခဲ့သေးသည်။

"နင်လာမှာလား မလာဘူးလား? နင်မလာရင် ငါနင့်ကိုအသိအမှတ်မပြုတော့ဘူး !"

ဝမ်ရူသာ သေချာ အနီးကပ်ကြည့်ခဲ့မည်ဆိုလျှင် သူ့အမေပြို လဲနေကာ သူမ၏မျက်လုံးများမှ သွေးကြောများကို မြင်နိုင်ပေမည်။ သို့သော် ဝမ်ရူသည် သူမ၏ ထိန်းကျောင်းမှုကြောင့် ပျက်စီးသွားကာ ပိုပုန်ကန်လာသည်။ မဒမ်ဝမ်ကိုပင် အတင်းတွန်းထုတ်ခဲ့သည်။

နောက်ဆုံးတော့ သည်းမခံနိုင်တော့သော မစ္စတာဝမ် ရှေ့ကိုလှမ်းလာကာ မဒမ်ဝမ်ရဲ့လက်မောင်းကို ဆုပ်ကိုင်လိုက်ပြီး အသံတိုးတိုးနဲ့ သတိပေးလိုက်သည်။

"တော်လောက်ပြီ၊ အချိန်မဟုတ် အရူးမထနဲ့။"

ထိုသို့ပြောပြီးနောက် မဒမ်ဝမ်သည် အနှိမ့်ချဆုံးသောအမူအ ရာဖြင့် တောင်းပန်သည့်တိုင် မစ္စတာဝမ်သည် လျစ်လျူရှုခဲ့သည်။ ထိုအစား မကျေမနပ်ဖြစ်နေသောမျက်နှာနှင့် မဒမ်ရှဲ့ဘက်သို့ လှည့်ကာ အပြုံးနှင့်ပြောလိုက်သည်။

"ကျွန်တော်တော့ မဒမ်ရှဲ့က ဒါကို သေချာစဉ်းစားပြီးပြီထင်တယ်၊ ဒီအိမ်ထောင်ရေးအပေါ် ဘယ်လိုထင်လဲ။ "

မဒမ်ရှဲ့ အေးစက်စက် ရယ်မောကာ စကားပြောရန် ကြံသော် လည်း ကျန်းယု ဝင်အနှောင့်အယှက်ပေးခဲ့သည်။

"ခင်ဗျား မိန်းမပြောတာကို မကြားဘူးလား။ ကျနော်နဲ့ ခင်ဗျားသမီးကြားက ဘာမှမဖြစ်ခဲ့ဘူး။ ခင်ဗျား ကနော့်ကိုခြိမ်း ခြောက်ဖို့ ကြိုးစားနေတာလား။" ကျန်းယု လှောင်လိုက်သည်။

"သူ့ကိုလက်ထပ်စေချင်တယ် ? အိပ်မက်မက်နေလိုက်!"

မစ္စတာဝမ်သည် အကြီးဖြစ်သဖြင့် မျိုးဆက်သစ်လူငယ်တစ်ဦးထံမှ ဤကဲ့သို့ပြောဆိုခံရခြင်းကြောင့် လုံးဝအရှက်ရသွားခဲ့သည်။ ဒါပေမယ့် ရှင်းရှင်းပြောရရင် ကျန်းယုသည် ကျိုးကြောင်းမစဥ်းစားတတ်သောလူတစ်ယောက်ဖြစ်ကာ မစ္စတာဝမ်၏လှည့်ကွက်များသည် ထုံးစံအတိုင်း သူ့အပေါ် အလုပ်မဖြစ်ပါချေ။ သူ တိုက်ရိုက်ပြောမှသာရမည်။

ကျန်းယုအားရင်ဆိုင်ဖို့ သူ့သမီးအား ရှေ့ကို တွန်းထုတ်လိုက်ပြီး သူ့အဖေမှ အားပေးလိုက်တဲ့အတွက် ဝမ်ရူသည် ချက်ချင်းပင် ယုံကြည်မှု ရှိလာခဲ့သည်။

"ယုကော၊ ကောဘယ်လိုလုပ် ဒီလိုပြောရက်ရတာလဲ။ ?"

မင်းသမီးဖြစ်ချင်တဲ့ ဝမ်ရူဟာ နှလုံးသားမဲ့တဲ့လူကို ချက်ခြင်းစွပ်စွဲပြီး သရုပ်ဆောင်တော့သည်။

ဒါပေမယ့် ဒီသရုပ်ဆောင်နိုင်စွမ်းက...

【သူမ ဒီလိုမျိုး audition သွားဖြေရင် ဒါရိုက်တာက ထုတ်ပစ်မှာ သေချာပေါက်ပဲ။]

ချင်မိသားစု တိတ်တဆိတ်ခေါင်းညိတ်လိုက်သည်။ မြင်ကွင်းကအလွန့်အလွန်ကို ကို့ယို့ကားယားနိုင်သည်။

ဝမ်ရူသည် ဤအခွင့်အရေးကို အခွင့်ကောင်းယူပြီး သူ့ကို ခြမ်းခြောက်ရန် ကြိုးစားနေကြောင်း ကျန်းယုလည်း လျင်မြန်စွာ သဘောပေါက်ခဲ့သည်။

"ငါ ဘာမှားလို့လဲ၊ ငါတို့မှာ ဆက်ဆံရေးရှိခဲ့တယ်ဆိုတဲ့ အ ထောက်အထားရှိလို့လား။ ငါစေ့စပ်ထားတဲ့သူနဲ့ ပြတ်သွားတာနဲ့ပဲ မင်းကစေ့စပ်ဖို့အခွင့်အရေးရှိတယ်လို့ အထင်မှားမနေနဲ့၊ မင်းက ကျန်းရန်ရဲ့ညီမပဲ၊ ငါမင်းကို မကြိုက်တဲ့ အကြောင်းပြချက် ရာနဲ့ချီရှိတယ်!" ကျန်းယုသည် မည်သည့်အရာကိုမဆို ဝန်ခံရန် ငြင်းဆန်ခဲ့သည်။

ကိစ္စတွေသည်လို အရှိန်တက်လာသောကြောင့် လူတိုင်းအံ့ အားသင့်သွားခဲ့ကြသည်။ မကြာသေးမီကပဲ ကျန်းရန်နှင့် စမ်ထင်တို့ကို ဖြေရှင်းရန် ၎င်းတို့နှစ်ဦးသည် လက်တွဲလုပ်ဆောင်ခဲ့ကြသော်လည်း ယခုအခါ ခွေးများကဲ့သို့ အချင်းချင်းကိုက်နေကြသည်။ဒါတကယ်ကို ရယ်စရာကောင်းသည်။

ဒီဒရာမာဟာ ရယ်စရာကောင်းလှသည်ဟု ကျီဖေး ညည်းညူချင်ပေမယ့် ဘယ်ကနေစပြောရမှန်း မသိလောက်အောင် ဝေဖန်စရာ အချက်များလွန်းလှသည်။ အဆုံးတွင် သူမသည် အကြည့်ကို မဒမ်ဝမ်၏ မျက်နှာ၌သာ ကျောက်ချသာ အံ့သြဖွယ်ကောင်းသော ပြောင်းလဲမှုများကို ခံစားလိုက်သည်။ သူမ ပိုတွေးကြည့်လေလေ၊ အဓိပ္ပါယ်မဲ့တယ်ထင်လေလေဖြစ်ကာ သူမတစ်ချိန်တည်းမှာပင် ရယ်လည်းရယ်ချင် ငိုလည်းငိုချင်သည်။

လူတိုင်းရှေ့မှာ ပွင့်ပွင့်လင်းလင်းနဲ့ ဒီလို အကျင့်ပျက်တဲ့ကိစ္စနဲ့ ပတ်သက်ပြီး သူ့သားသမီးတွေ ငြင်းခုံနေကြတာကို မြင်တော့ မဒမ်ဝမ် အဲဒီအချိန်မှာသေချင်နေလိမ့်မည်။

သို့တိုင် သူတို့သည် လူရွှင်တော်များကဲ့သို့ ဆက်လက်ပြုမူကာ အခြားသူများကိုထိခိုက်ကာ ၎င်းတို့အကျိုးမယုတ်အောင်ကျိုးစားနေကြတုန်းပင်။

ဝမ်ရူသည် ကျန်းယု အရာအားလုံးကို ပြတ်ပြတ်သားသား ငြင်းဆိုမည်ကို မမျှော်လင့်ထားပေ။ သူသည် သူ့မအားတလျှောက် လုံးအသုံးပြုခဲ့မှန်းသိလိုက်သည်။ ဒေါသတကြီးဖြင့် ဖုန်းကိုထုတ်ကာ ပြောလိုက်သည်။

"နင် ငြင်းရဲတယ်ပေါ့။ သိပ်ကောင်းတယ်၊ သိပ်ကောင်းတယ်!"

【ခဏနေပါဦး၊ သူတကယ်ပဲ... သူ တကယ်ကြီးလား... သူ့ကိုယ် သူ အရှက်ခွဲဖို့ စိတ်ပိုင်းဖြတ်ထားပုံပဲ။】

ချင်မိသားစုသည် စိတ်ရှုပ်သွားသည်။ သူတို့ ခေါင်းထဲတွင် ?များ ပြည့်နှက်နေသည်။

ဘာလဲ? ဘာလဲ? ဟိုလိုလို သည်လိုလို စာသားမက်ဆေ့ချ်များလား ဒါမှမဟုတ်……။

ထို့နောက် ဝမ်ရူသည် သူမ၏ ဖုန်းကို ထုတ်ကာ ဓာတ်ပုံများ ပြသသည်ကို တွေ့လိုက်ရသည်။ တခြားသူတွေက မမြင်ရပေမယ့် အနီးနားက သူတွေကတော့ လှမ်းမြင်လိုက်သည်။ ကျန်းယု၏ မျက်နှာသည် ချက်ချင်းပြောင်းလဲသွားပြီး ဖုန်းကို လုယူရန် ချက်ခြင်းပင် ရှေ့သို့ တိုးသွားသည်။

ဝမ်ရူ တကယ်ပဲ အခန်းထဲတွင် လျှို့ဝှက်ဓာတ်ပုံရိုက်ထားမှန်း သိသဖြင့် စိတ်ထဲမှကျိန်ဆဲလိုက်သည်။

မစ္စတာဝမ်သည် ဓာတ်ပုံများကို မြင်လိုက်ရသဖြင့် သူ့သမီးမှာ အရည်အချင်းရှိသည်ဟု တွေးကာကျေနပ်သွားသည်။ ဒါဘယ် လောက်အန္တရာယ်များကြောင်း သူ မသိခဲ့ပေ။

ဝမ်ရူသည် ကျန်ယုကို ရှောင်ရှားကာ သူ့ပတ်ဝန်းကျင်ရှိလူတိုင်းအားဓာတ်ပုံများပြသရင်း ပိုဘဝင်မြင့်သွားသည်။

ဒီမြင်ကွင်းမှာ ကျီဖေးနဲ့ ချင်မိသားစုကိုထုံကျင်သွားစေခဲ့သည်။

【ဒါကို... ကိုယ့်သင်္ချိုင်းကိုယ်တူးတာလို့ ခေါ်တာလား။ သူ တစ်ပါးကို တိုက်ခိုက်ပေမယ့် နောက်ဆုံးတွင် ကိုယ်ဟာကိုယ် ပြန်ထိသွားတာပဲ။]

သူ့ကိုယ်သူ လှည့်စားနေတဲ့ မဒမ်ဝမ်ဟာ ဓာတ်ပုံတွေကို မြင်ပြီးနောက်အေးခဲသွားတော့သည်။ နောက်ဆုံးတွင် သူ ပြန်ထိန်း သိမ်းထားသည့် ကျိုးကြောင်းဆီလျှော်မှုဟာ ပြန်ပျောက်ကွယ်သွားကာ သူ မထိန်းနိုင်စွာပျို့အန်ချင်သွားသည်။

တခြားဘယ်သူမှ မသိပေမဲ့လည်း သူမကတော့ ဒီလိုအဖြစ်မျိုးကို လက်မခံနိုင်ပါချေ။ မဒမ်ဝမ်၏ယုံကြည်ချက်များပြိုလဲသွားသည်။

နောက်ဆုံးတွင် သူမသည် ရူးသွပ်စွာအော်ဟစ်လိုက်သည် ။

ဤထူးဆန်းသော တုံ့ပြန်မှုသည် လူတိုင်းကို ပဟေဋ္ဌိဖြစ်စေကာ မဒမ်ဝမ်ကို စိတ်ရှုပ်ထွေးစွာစိုက်ကြည့်နေကြသည်။

မဒမ်ဝမ်သည် ကျန်းယုအား ဤမျှမုန်းတီးသည်လား။ သို့မ ဟုတ် သူ မဒမ်ရှဲ့အားမုန်းတီးသည်လား။

နောက်တော့ မဒမ်ဝမ်ဟာ အရူးတစ်ယောက်လို ရှေ့ကို ပြေးလာပြီး သူ့သမီးဖုန်းအား လုယူသွားသည်ကိုတွေ့လိုက်ရသည်။

【သူ အထောက်အထားတွေကို ဖျက်ဖို့ကြိုးစားနေတာလား】

ကျီဖေးမှန်းနေတုန်းမှာပင် ချက်ချင်းဆိုသလိုပင် မဒမ်ဝမ်သည် ဖုန်းကိုတစ်ချက်ကြည့်ကာ ရုတ်တရက် အေးခဲသွားပြီး သူမ၏ မျက်လုံးများသည် ရူးသွပ်မှုများနှင့် တောက်ပသွားသည်။

"မဟုတ်ဘူး ဒါ ကျန်းယုမဟုတ်ဘူး..."

မဒမ်ဝမ်သည် ရုတ်တရက် အကျယ်ကြီး ရယ်မောလိုက်သည်။

ဓာတ်ပုံအား ထိုးပြရင်း သူမ ပြောလိုက်သည်။

"ဒါက ကျန်းယု မဟုတ်ဘူး၊ ကျန်းရန်ပဲ။"

ထိုစကားများသည် မိုးခြိမ်းသံကဲ့သို့ပင် လူတိုင်းအား ထိတ်လန့်တုန်လှုပ်သွားစေသည်။

သတင်းအများအပြားအား သိထားပြီး ပွဲ စိတ်အားထက်သန်စွာကြည့်ပြီး သိချင်နေကြသေးသောချင်မိသားစုနှင့် ကျီဖေးပင် ဤလှုပ်ရှားမှုကြောင့် အံ့အားသင့်သွားကြသည်။

ပါဝင်ပတ်သက်သူတွေကိုတော့ ပြောမနေတော့နှင့်။

ကျန်းယု စိတ်ရှုပ်သွားသည်။

ဝမ်ရူ အံ့သြသွားသည်။

ကျန်းရန်၏ဒေါသများ မြင့်တက်လာပြီး လေကို ရှူရှိုက်လိုက် ကာ အသက်ရှုရပ်တော့မလို ခံစားလိုက်ရသည်။

လူတိုင်း ပုံတွေကို မြင်လိုက်ကြကာ လျှို့ဝှက်ရိုက်ထားသော ဓာတ်ပုံများသည် ကျန်းယု၏ နောက်ကျောဗလာနှင့် သူ့မျက်နှာဘေးအစိတ်အပိုင်းအနည်းငယ်သာ ဖြစ်သည်။

ကျန်းယုနှင့် ကျန်းရန်သည် အနည်းငယ် ဆင်တူသောကြောင့် ဓာတ်ပုံများကို တစ်ယောက်ယောက်မှ သတိထားမကြည့်မိပါက ကျန်းရန်ဟုပင် အထင်မှားနိုင်သည်။

ဒါပေမဲ့ အခုလက်ရှိသူတွေသည် ဒရာမာအား အစကတည်းမှ ကြည့်နေကြသူများဖြစ်သည်။ အတင်းအဖျင်းတွေကို စပ်စုကာ ကြိုက်တယ်ဆိုရင်တောင် သူတို့ကဟာသတွေ မဟုတ်ဘူးလေ။ မဒမ်ဝမ် သူတို့ကို ငတုံးတွေလို ဆက်ဆံနေတာလား။

"အမေ!"

ဝမ်ရူ သူ့အမေအား နားမလည်နိုင်စွာ အော်လိုက်သည်။

သို့‌သော် မဒမ်ဝမ် ဝင်ပူးခံရသလို ဝမ်ရူအား သူ့မဘက်ဆွဲလိုက်သည်။

"မင်း မတရားဘူး ခံစားနေရတာကို အမေ သိတယ်။ မင်းအစ် ကိုက မင်းကိုအတင်းအကြပ်လုပ်ခဲ့လို့ မင်းရင်မဆိုင်နိုင်ဘဲ မင်းကို ကျန်းယုကလုပ်ခဲ့သလိုဟန်ဆောင်ပြီး လက်ထပ်ချင်ခဲ့တာမလား။ ဒါပေမယ့် အဲဒါမှားတယ်။ မင်းအစ်ကိုက မင်းကို မတရားလုပ်ခဲ့တဲ့အတွက် ငါတို့ ရဲကိုအကြောင်းကြားရမယ်။ အမေ့ကိုယုံ။ အမေ သမီးကို မထိခိုက်စေရဘူး။!"

ဝမ်ရူ၏မျက်နှာ ပျက်ယွင်းသွားသည်။ ဒါက သူမကို မထိခိုက်စေတာလား။ သူမ၏ အမေတူဖအေကွဲအစ်ကိုနှင့် ထိုသို့သောဆက်ဆံရေးရှိခြင်းသည် ကျန်းယုနှင့် ပတ်သက်ဆက်နွယ်တာထက်ပင် မခွင့်လွှတ်နိုင်တာမဟုတ်ဘူးလား။

All Chapters