← Chapters

အခန်း (၂၈၈)

Vol. 29 Ch. 288

အခန်း (၂၈၈)

Vol. 29 Ch. 288

ဝမ်ရူသည် သူ့မအမေ၏ ရူးသွပ်နေသောအသွင်အပြင်ကြောင့် တုန်လှုပ်သွားပြီး သူမအား ဆွဲနေသော မဒမ်ဝမ်၏လက်ကို အရူးအမူး ဖယ်ထုတ်လိုက်သည်။

သူမ၏ မယုံကြည်နိုင်ဖြစ်မှုကို ဖော်ပြရန် သူမ၏ မျက်လုံးများမှတစ်ဆင့် သူမ၏ ဖခင်အား ကြည့်လိုက်သည်၊ သူမ၏ အမေသည် ဤကဲ့သို့ အဓိပ္ပါယ်မရှိသော အရာအားလုပ်ရသည်ထိ စိတ်ဆိုးလွန်းအာကြီးပြီး စိတ်ပိုင်းဆိုင်ရာပင် ချို့ယွင်းသွားသလား။

မစ္စတာဝမ်သည် ဇနီးဖြစ်သူ၏ အပြုအမူကြောင့် အံ့အားသင့်သွားခဲ့သည်။ ကျန်းရန်တည်ရှိမှုမှာ သူအား စိတ်မသက်မသာဖြစ်စေမယ့် ကျန်းရန်ကို ယုတ္တိမရှိတဲ့နည်းနဲ့ ထိခိုက်နစ်နာအောင်လုပ်ဖို့ သူ့သမီးရဲ့ဂုဏ်သိက္ခာကိုပါ စွန့်လွှတ်ဖို့ထိတော့ မထိုက်တန်ဘူးဟုထင်သည်။

နောက်ဆုံးတွင် သူ့မိခင် ဖန်တီးထားသော လှုံ့ဆော်မှုကြားမှာ နစ်မြှပ်သွားသော ကျန်းရန်သည် အသံပြန်ထွက်နိုင်သွားကာ မဒမ်ဝမ်အား စိုက်ကြည့်ကာ ရှေ့သို့ တိုးလိုက်သည်။

"ကျနော် ထင်တာတော့၊ ခင်ဗျားတကယ် ရူးသွားပြီ။ သူက ကျနော့်ညီမ။ ကျနော်တို့က ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ... ခင်ဗျား ဒီလောက် ယုတ်မာတဲ့စွပ်စွဲမှုတွေနဲ့ စွပ်စွဲရလောက်သည်ထိ မုန်းနေတာလား။” ကျန်းရန် ရယ်မောလိုက်သည်။

ကျန်းရန်၏အမြင်တွင် မဒမ်ဝမ်သည် ယနေ့ည၏ အဖြစ်အ ပျက်များသည် သူမဆန္ဒအတိုင်း မဖြစ်ခဲ့တာကြောင့် လက်မခံနိုင်ကာ လွန်လွန်းနေသည်ဟုပင်။ သူ သူမကိုအမြဲတမ်းသည်းခံ ခဲ့တာကြောင့် သူမသည် လစ်မစ်မရှိ သူ့ကို နှိပ်စက်၍ရမည် ထင်နေပုံပင်။

သူမသည် သူ၏မိခင်ဖြစ်သောကြောင့် အမြဲမပြတ်မသားဖြစ်ခဲ့သော်လည်း သူသည်းမခံနိုင်သော အရာများရှိတုန်းပင်။

သို့သော် မဒမ်ဝမ်သည် သူ့အား အခိုင်အမာ အပြစ်တင်ပြော ဆိုခဲ့သည်။ သူမသည်လိုလုပ်မှသာလျှင် သူ့မသားသမီးများ ဒီဘေးဆိုးကြီးကနေ လွတ်မြောက်နိုင်မှာဖြစ်သည်။

"အဲဒါ မင်းပဲ၊ မင်းလေ! မင်း ဝန်မခံချင်ဘူးဆိုရင်တောင်မှ ငါကသက်သေပဲ။ မင်း ညီမကို အတင်းအကြပ်လုပ်ခိုင်းတာ ငါမြင်ဖူးတယ်။ မင်းဟာ စက်ဆုပ်စရာကောင်းတဲ့ တိရစ္ဆာန်တစ်ကောင်ကလွဲပြီး တခြားမဟုတ်ဘူး။ မဟုတ်ရင် ငါကမင်းကို ဘာလို့ဒီလို ဆက်ဆံမှာလဲ။ ဘယ်သူမှ မသိပေမယ့်ငါသိတယ်။ မင်းကမွေးရာပါ နတ်ဆိုးတစ်ကောင် အရူးကောင်ပဲ…..။"

မဒမ်ဝမ်ပြောလေလေ သူမ၏ အမူအရာသည်ရှုံ့တွလာလေလေဖြစ်သည်။

ရှိနေသည့် လူတိုင်း ဆက်နားမထောင်နိုင်တော့ပေ။

"ချီးပဲ၊ သူရူးသွားတာလား"

ကောင်းယာလန် မကျိန်ဆဲပဲ မနေနိုင်တော့ပေ။

"သူ ရူးနေတာ။" လောဖေး အေးစက်စွာပြောလိုက်သည်။

"ဒါကလည်း တကယ်တော့ မဆိုးပါဘူး၊ ဒါက ကျန်းရန်ရဲ့ နှလုံးသားကို လုံးလုံး ကွဲသွားစေပြီး အနာဂတ်မှာမွေးကျေးဇူးကို ဆပ်နေစရာမလိုတော့ဘူးပေါ့”ယွီယွဲ့ ရယ်မောလိုက်သည်။

ပိုင်ရှောင်ရှီဒေါသထွက်လွန်းကာ သူမ ပါးကိုပုတ်လိုက်သည်။ "သူ ဘာလို့ ဒီလိုဖြစ်နေရတာလဲ! ကျန်းရန်က အရမ်းသနားဖို့ကောင်းတယ်။"

သူ့ကို နတ်ဆိုးလို့တောင် ဖော်ပြလို့မရဘူး။ ရှင်းရှင်းလေးပဲ သူသည် သူမ၏ကလေးမဟုတ်သောကြောင့် သူမ၏သားသမီးများ၏ အပြစ်တွေအား ကျန်းရန်ဆီသို့ လုံးလုံးလွဲပို့လိုသော ကြောင့် သူမသည် ယုံကြည့်ချက်အပြည့်နှင့် သွားပုတ်လေလွင့်ပြောနေခြင်းဖြစ်သည်။ ကျန်းရန်သည် သူ့သားသမီးများ၏ အမှားအားလုံးအား ခံရန်ထိုက်တန်သည်။

ချင်မိသားစု နားထောင်ပြီး သက်ပြင်းချလိုက်သည်- အစက တော့ သူမ၏ကလေးမျာကြာ ဒီလို နားလည်မှုလွဲခဲ့သည့်အ တွက် သူ့ကလေးတွေအတွက် စိတ်မကောင်း ဖြစ်ခဲ့ကြပေမယ့် အခု ရက်စက်တဲ့ ရည်ရွယ်ချက်ရှိသူအတွက် ဝဋ်ကြွေးဟုသာထင်သည်။

ချင်ရှန့်သည် မျက်ခုံးပင့်ကာ အချိန်ကိုက်ပဲဟုခံစားမိလိုက်သည်။

ကျန်းရန်သည် မဒမ်ဝမ်၏အသည်းခွဲခြင်းအား ကြာရှည်စွာခံခဲ့ရသော်လည်း ဆက်တိုက်စွပ်စွဲချက်များသည် သူ့အားအလွန်စိတ်မကောင်းဖြစ်စေသည်။ သူ့မျက်နှာဖြူရော်သွားကာ ခြေတစ်လှမ်းဆုတ်လိုက်ချိန်မှာ သူ့ခန္ဓာကိုယ်သည် မထိန်းနိုင်ဘဲ ယိုင်သွားသည်။

လက်တစ်ဖက်မှ သူ့အား အနောက်ကနေ ထိန်းပေးခဲ့သည်။ ကျန်းရန်အံ့ဩသွားပြီး စမ်ထင်၏အမြဲတမ်းအေးစက်နေသော မျက်နှာအားမြင်လိုက်ရသည်။

စမ်ထင်သည် သူမဘက်မှ အစပြုကာရှေ့တစ်လှမ်းတိုးခဲ့သည်။

"မဒမ်ဝမ်၊ ရှင် တစ်ယောက်ယောက်ကို ကျန်ဆဲရင်တောင် အနည်းဆုံး ဦးနှောက်လေးတော့သုံးပါဦး။ အစောပိုင်းက ဧည့်ခံပွဲအတွင်း ကျန်းရန်က လူတိုင်းရဲ့ စောင့်ကြည့်မှုအောက်မှာ ရှိနေခဲ့တယ်။ ရှင်ဆေးခတ်ပြီးနောက် ကျွန်မနဲ့ အတူရှိခဲ့ပြီးတော့ သူငယ်ချင်းတွေကယ်တာကို ခံခဲ့ရတယ်။ အဲဒီအချိန်တွေတုန်းက ရှင့်ရဲ့သမီးက ရှင်နဲ့အတူ ခန်းမထဲမှာ တစ်ချိန်လုံးရှိနေခဲ့တာ။ သူ ဒါကို ဘယ်အချိန်မှာလုပ်နိုင်မှာလဲ။"

အမှန်မှာ၊ စမ်ထင်ကဲ့သို့ ဦးနှောက်ရှိသူတိုင်း နားလည်နိုင်ကာ ဤစကားများအား ပြောရန်ပင်မလိုအပ်ပါချေ သို့သော် မဒမ်ဝမ်သည် အလိမ်အညာ ပူဖောင်းကိုတိုက်ရိုက်ဖောက်ခွဲချင်သဖြင့် လေထိုးဖို့သာအသည်းအသန်ကြိုးစားနေသည်။

သူမစကားပြောပြီးသည်နှင့် မဒမ်ဝမ်သည် သူမ၏မျက်နှာဖုံးကို စုတ်ပြဲသွားသလို ခံစားလိုက်ရကာ စမ်ထင်အား စိုက်ကြည့်နေသော သူမ၏ အမူအရာမှာ ရက်စက်ကြမ်းကြုတ်နေသည်။

"ပါးစပ်ပိတ်ထား သောက်ကလေး။ သူက ငါ့သားပဲ။ ငါက အ ပြစ်ရှိတယ်လို့ပြောရင် အပြစ်ရှိလို့ပေါ့။ အမေတစ်ယောက်ရဲ့ စကားက မှားနိုင်ပါ့မလား!"

မဒမ်ဝမ်၏ဟောက်သံသည် လာသူအားလုံးအား တိတ်ဆိတ်သွားစေသည်။

ရုတ်တရက် အသံတစ်ခု ထွက်ပေါ်လာသည်။

"ဒါပေမယ့် ခင်ဗျားက သူ့အမေအစစ် မဟုတ်ရင်ရော။"

ချက်ခြင်းပင် မဒမ်ဝမ်အေးခဲသွားပြီး မျက်လုံးများအားလုံးသည်လည်း အသံထွက်ရာ နေရာဆီလှည့်သွားကြသည်။

အစကတော့ လူတိုင်း ကြုံရာကျပန်း မှန်းဆချက်တွေနှင့် အတင်းပြောသူလို့ ထင်ခဲ့ကြပေမယ့် ပြောသူအား တွေ့လိုက်တဲ့အခါမှာတော့ သူတို့ရဲ့ စိတ်တွေ လွတ်ထွက်သွားသည်။

ချင်ရှန့်သည် အခြေအမြစ်မရှိသည့် စကားတွေပြောတတ်သူမဟုတ်ပါချေ။

ထို့အပြင် သူနဲ့အတူ လူကုံထံများကြား ပျော်စရာအကောင်းဆုံးသော အရှုပ်တော်ပုံများကို ဖော်ထုတ်ပေးသည့်အတွက် လူသိများသော "ဖျော်ဖြေရေးလုပ်ငန်းမှ နိမိတ်စကားဆိုသူ" ကျီဖေးပါ ပါလာခဲ့သည်။

ထိုအချိန်တွင် အလွန်လေးနက်ပုံရသော ကျီဖေးသည် ချင်ရှန့်အား အံ့အားသင့်စွာကြည့်နေသည်။

【ဘာလဲ ? ဒီလိုပြတ်ပြတ်သားသားပဲ ပြောလိုက်တာလား? အထောက်အထားတွေရော မလိုဘူးလား? ချင်ရှန့်က သူ့ခန့် မှန်းချက်ကို သိပ်သေချာတာလား။ ကံကောင်းစွာနဲ့၊ အဲဒါအမှန်ဖြစ်နေလို့ပဲ၊ ဒါမှမဟုတ်ရင်တော့ ဒီပွဲမှာ CEO ရဲ့ စွမ်းဆောင်မှုက ရယ်စရာဖြစ်သွားလိမ့်မယ်။ 】

ကျီဖေး တိတ်တဆိတ်သက်ပြင်းချလိုက်တာဟာ ချင်မိသားစုအား ရယ်မောသွားစေသည်။

ချင်ရှန့်သည် သူစိတ်တည်ငြိမ်မှုအား ဆုံးရှုံးလုနီးပါပင်။ သူသည် သူ့ဇနီးကို အားကိုးရာမဲ့စွာကြည့်လိုက်ပြီးနောက် လူအုပ်ကြီး၏တုန်လှုပ်ခြောက်ခြားဖွယ်ရာ အကြည့်များကို ရင်ဆိုင်လိုက်ရကာ အထူးသဖြင့် ကျန်းရန်ပင်။

ကျန်းရန်က ချင်ရှန့်ရဲ့ အရည်အချင်းတွေကို နက်နက်နဲနဲယုံ ကြည်တဲ့အတွက် မျက်လုံးပြူးသွားကာအသနားခံတော့မတတ်ပင်။

"အဲဒါ ဘာကိုဆိုလိုတာလဲ။"

ကျန်းရန်သည် ဘယ်တုန်းကမှ ယခုလို မဒမ်ဝမ်နှင့် ခွာနေလိုသော ပြင်းပြသော ဆန္ဒအား မခံစားခဲ့ဖူးချေ ချင်ရှန့်ထံမှာ အံဖွယ်ရာများထွက်လာပါစေဟုပင် ဆုတောင်းမိသည်။

ချင်ရှန့်မှာ သက်သေမရှိပေမယ့် တည်တည်ငြိမ်ငြိမ် ယုံကြည်ချက်ရှိရှိနဲ့ပြောလိုက်သည်။

"မဒမ်ဝမ်က ရူးနေတာမဟုတ်ရင် သူ့လုပ်ရပ်တွေကို ရှင်းပြနိုင်တာက မင်း သူ့သားမဟုတ်လို့ပဲ။ ဒါကြောင့် မင်းကို နာကျင်အောင်လုပ်နိုင်တယ်၊အသုံးချနိုင်တယ်၊ မင်းအရှက်ကွဲအောင် မင်းရဲ့ဂုဏ်သိက္ခာကိုတုံ့ဆိုင်းခြင်းမရှိဖျက်ဆီးပစ်နိုင်တာပေါ့။"

လူများစွာသည်လည်း အလားတူ အတွေးမျိုးရှိခဲ့ကြသော် လည်း ၎င်းတို့သည် အချိန်ဖြုန်းသော ထင်မြင်ယူဆချက်များသာ ဖြစ်သည်။ မည်ကဲ့သို့ အမှန်ဖြစ်နိုင်မည်နည်း။

"အဓိပ္ပာယ်မရှိတာတွေ၊ မင်းပြောနေတာတွေက အဓိပ္ပာယ်မရှိတာတွေပဲ၊!" မဒမ်ဝမ်သည် အရူးတစ်ယောက်လို ချင်ရှန့်မပြီး ဆုံးမီမှာပင် အော်ဟစ်ခဲ့သည်။

" သူ့နဲ့ ထိုက်တန်လို့ သူ့ကို ဒီလို ဆက်ဆံတာ။ သူ့ကြောင့် ငါခက်ခက်ခဲခဲ မွေးဖွားခဲ့ရတယ်။ သူ့ကြောင့် ငါ့ခင်ပွန်း ဆုံးသွားတယ်။ အရာအားလုံးက သူ့အမှားကြောင့်ပဲ။ ငါကဘာလို့ သူ့ကို ကောင်းကောင်းမွန်မွန် ဆက်ဆံရမှာလဲ"

【ဝိုး သူမက တကယ်ပဲကျန်းရန်က သူမကိုအကြွေးတင်နေတယ်လို့ ယုံကြည်နေတာပဲ၊ သူ့မွေးဖွားမှုကြောင့် သူ့ခင်ပွန်းက သေဆုံးသွားပြီး သူမက မုဆိုးမဖြစ်သွားပြီး သူမ ကလေးက မိဘမဲ့ဖြစ်သွားရတယ်... ဘာလိုတောင် အဓိပ္ပာယ်မရှိတာလဲ။ အကုန်လုံးက ချီးစကားတွေချည်းပဲ။】

ချင်မိသားစုလည်း အံ့အားသင့်သွားသည်။

"ဒါဆို ဝမ်ရူနဲ့ သွေးသားခြင်းဆက်ဆံတယ်လို့စွပ်စွဲတာကရော? မင်းက တစ်ခုခု ယုတ္တိမရှိတာကို လုပ်ထားလို့မဟုတ်ရင်..."

ချင်ရှန့် အေးဆေးတည်ငြိမ်စွာပြောကာ မဒမ်ဝမ်ရဲ့ ထိတ်လန့်မှု ကြီးထွားလာတာကိုကြည့်ပြီး အေးစက်စွာဆက်ပြောသည်။

"တကယ့် သွေးသားခြင်းဆက်ယှက်တာကို ဖုံးကွယ်မထားရင်ပေါ့။"

ဒီအခြေအနေနှင့် အစောပိုင်းမှ ကျန်းရန်သည် သူမ၏ကလေးအစစ်မဟုတ်နိုင်ကြောင်းပြောဆိုချက်ကြောင့် လူတိုင်း ရဲရင့်စွာ ထင်ကြေးပေးလာကြတော့သည်။

"ကျန်းယုက မဒမ်ဝမ်ရဲ့ကလေးဆိုတော့ ကျန်းရန်က မဒမ်ရှဲ့ရဲ့ ကလေးဖြစ်နိုင်မလား၊ ကလေးတွေက ငယ်ငယ်တုန်းက အလဲခံလိုက်ရတာများဖြစ်နေမလား။ နှစ်ယောက်လုံးကရုပ်ချင်း အရမ်းဆင်တယ်။ ငယ်ငယ်တုန်းကဆို ပိုလို့တောင် ဆင်နိုင်တယ်။ သူတို့ကိုပြောင်းလိုက်ရင်တောင် ဘယ်သူမှ သတိမထားမိမှာ မဟုတ်ဘူး!"

ဒရာမာကနေ ဘယ်တော့မှ မရှောင်တတ်တဲ့ ကောင်းယာလန်က အားရပါးရအော်လိုက်သည်။

"ကျန်းရန်၊ နင် DNA စစ်ချင်လား ၊ ငါသိတဲ့ တစ်ယောက် ယောက်နဲ့ နင့်ကို မိတ်ဆက်ပေးနိုင်တယ် !"

"ဟင့်အင်း၊ ငါ မလုပ်ဘူး! ငါ မလုပ်ချင်ဘူး။ ကျန်းရန်က ငါ့ကလေး၊ ကျန်းယုနဲ့ ဝမ်ရူက မောင်နှမတွေမဟုတ်ဘူး၊ မဟုတ်ဘူးလို့!"

မဒမ်ဝမ်သည် သွေးနီရောင်မျက်လုံးများနှင့် ချောင်ပိတ်ခံထားရသော သားရဲ့တစ်ကောင်လို အော်ဟစ်လိုက်သည်။

သူမ၏ထိပ်ထိပ်ပျာပျာနှင့်၊ အချိတ်အဆက်မမိသော စကား လုံးများသည် အရာအားလုံးကို ပိုသံသယဖြစ်သွားစေသည်။

သူ့ဇနီးအား အသိဆုံး ဖြစ်တဲ့ မစ္စတာဝမ်ဟာအလွန်တုန်လှုပ်သွားသည်။ မဒမ်ဝမ်၏လိပ်ပြာမသန့်ဖြစ်ခြင်းကို သဘော ပေါက်ကာ သူမူးဝေသွားသည်။

ပါဝင်ပတ်သက်သူများ အံ့အားသင့်စွာ အချင်းချင်းကြည့်လိုက်ကြသည်။

နောက်ဆုံးတွင် ဝမ်ရူ အော်လိုက်ကာ မဒမ်ဝမ်အား ထိပ်ထိပ်ပျာပျာနဲ့ ဆွဲခါကာ အော်ဟစ်လိုက်သည်။

"ဒါက မဖြစ်နိုင်ဘူး၊ သမီးနဲ့ ကျန်းယုက မောင်နှမတွေမဟုတ်ဘူးမလား၊ အမေ သူတို့ကို ပြောလိုက်။ သက်သေပြလိုက်။"

အရုပ်ဆိုးသောအမှန်တရားအား ဖမ်းယူထားသည့် ဖုန်းသည်ရုန်းရင်းဆန်ခတ်ဖြစ်နေစဉ်မြေပြင်ပေါ်သို့ပြုတ်ကျသွားသည်။

All Chapters