← Chapters

အခန်း (၂၈၉)

Vol. 29 Ch. 289

အခန်း (၂၈၉)

Vol. 29 Ch. 289

မဒမ်ဝမ်က အရူးအမူးခေါင်းခါပြီး "မဟုတ်ဘူး၊ မဟုတ်ဘူး၊ အဲဒါ မဟုတ်ဘူး။"

သို့သော်ဝမ်ရူက ၎င်းသည် ဖြစ်နိုင်ခြေအရှိဆုံးဟုခံစားရသော ကြောင့် ထိတ်လန့်နေဆဲဖြစ်သည်။

“သူတို့ကို DNAစစ်ကြည့်လိုက်။”

ဟု မဒမ်ရှဲ့က ရုတ်တရက်အကြံပြုခဲ့သည်။

မဒမ်ရှဲ့သည် ခေါင်းငုံ့ကာနေသည့်ကျန်းရန်အား လှည့်ကြည့်လိုက်သောအခါ သူ၏မျက်လုံးများသည် အနည်းငယ်နီရဲနေသည်။

"အခြေအနေက သံသယဖြစ်စရာကောင်းနေတာကို ငါလည်းသတိထားမိတယ်။ မဒမ်ဝမ်က ဆင်ခြင်တုံတရားနဲ့အကြောင်း ပြချက်တွေကို မရှင်းပြနိုင်တဲ့အတွက် ဖြစ်နိုင်ခြေအရှိဆုံးယူဆချက်ကိုပဲ စစ်ဆေးကြည့်ကြရအောင်။"

အာဏာရှိသူတစ်ဦးအနေဖြင့် မဒမ်ရှဲ့သည် ဤကဲ့သို့ ပြတ်ပြတ်သားသား ဆုံးဖြတ်ချက်မချသင့်ပေ။ အဖြစ်အပျက်များမှာ သူတို့မှားနေကြောင်းသက်သေပြလာပါက ကျန်းယုအတွက် သူ့မိခင်၏ခံစားချက်ကို တုပ၍မရနိုင်သည့် ထိခိုက်မှုတစ်ခုဖြစ်လာလိမ့်မည်။

ကျန်းယု၏လှုံ့ဆော်မှုကြောင့် ဖြစ်ကောင်းဖြစ်နိုင်သည်၊ ယခုအချိန်တွင်မဒမ်ရှဲ့သည် သူ၏အလိုလိုသိစိတ်ကိုလိုက်နာပြီး တစ်ကြိမ်တစ်ခါမျှ ပြတ်ပြတ်သားသား ဆုံးဖြတ်ချက်ချချင်ခဲ့သည်။ ကျန်းရန်သာ သူ့ကိုယ်ပိုင်ကလေးဆိုရင် ဘယ်လောက်တောင် အံ့သြဖို့ကောင်းမလဲဆိုတာ သူ မတွေးခဲ့ဖူးပေမဲ့ ကလေးက သူနှင့်အရမ်းဆင်တူသည်ဟု မကြာခဏဆိုသလို ယောင်ဝါးဝါးခံစားမိနေခဲ့သည်။ ထိုအချိန်တုန်းက သူသည် ကျန်းရန်အား ကိုယ်တိုင်ကိုယ်ကျသင်ပေးခဲ့သောကြောင့်သာ ဖြစ်နိုင်သည်ဟု ယုံကြည်နေခဲ့သည်။

ယခုတော့ မွေးရာပါဖြစ်ပုံရသည်။

ကျန်းယုသည် သူနှင့်နှိုင်းယှဉ်လျှင် အမြင်ကျဉ်းမြောင်းသည့် သူ့ယောင်းမနှင့်ပိုတူနေသည်။

"မား၊ မားကျွန်တော်ကို သံသယရှိနေတာလား?"

ကျန်းယု၏စိတ်ထဲတွင် ကမောက်ကမဖြစ်နေသော်လည်း သူ့အမေမှ DNAစစ်ဆေးမှုအတွက် တက်ကြွစွာတောင်းဆိုနေ သည်ကိုတွေ့လိုက်ရတော့ သူသည် မထီမဲ့မြင်ပြုခံရသကဲ့သို့ စိတ်ဆိုးလာပြီး သူ့အမေကို အကြီးအကျယ်စိတ်ပျက်သွားသည်။

"မားက ကျန်းရန်ကိုပဲ မားရဲ့ကလေးအဖြစ်လိုချင်နေတာ သေ ချာတယ်။ ကောင်းပြီလေ၊ ကျွန်တော်တို့ DNA စစ်မယ်၊ စစ်ပြီးလို့ ကျွန်တော်ကမားရဲ့သားဆိုရင် မားကိုဆက်ပြီးအသိအမှတ် ပြုမယ်လို့ မမျှော်လင့်တော့နဲ့။ အခုကစပြီး ခင်ဗျားက ကျွန်တော့် အမေမဟုတ်တော့ဘူး!"

မဒမ်ရှဲ့သည် စိတ်ထဲတွင် အေးစက်စွာရယ်မောလိုက်သည်။ မိခင်မေတ္တာကိုဖယ်ထုတ်လိုက်ရာ ကျန်းယု၏စကားများသည် ကြည်လင်ပြတ်သားလာသည်။

ကျန်းယု၏တုံ့ပြန်မှုသည် အပြစ်ရှိမှန်းသိသည်မှာအမှန်ပင်၊ အဘယ်ကြောင့်ဆိုသော် သူလည်းသံသယရှိနေပေမယ့် ၎င်းကိုမရင်ဆိုင်ချင်‌ပေ - သူ့အမေအရင်းမှာ ဤရူးနေသည့်မိန်းမဖြစ်ပြီး သူကသာ ကျင်းရန်ဆီမှခိုးယူသွားခဲ့ခြင်းဖြစ်သည်မှာ အမှန်တရားဖြစ်ပြီး နောက်ဆုံးတွင် ကျင်းရန်နှင့် မနှိုင်းယှဉ်နိုင်ခဲ့ပေ။

"မင်းရဲ့စကားတွေကို တကယ်ထိန်းထားနိုင်ပြီး ဒီလို‌ကျောရိုးမျိုးရှိတယ်ဆိုရင် မင်းမှာ ငါနဲ့တူတာနည်းနည်းတော့ရှိတယ်။" မဒမ်ရှဲ့က အေးစက်စွာပြောပြီး သူ့လက်ကိုဝှေ့ယမ်းကာ လုံခြုံ ရေးအစောင့်များက ရှေ့သို့တိုးလာသည်။ ဆေးစစ်ဖို့အတွက် နမူနာပစ္စည်းကိုယူဖို့ အတင်းအကြပ်လုပ်မည့်ပုံရသည်။

"နင်... နင် ဒီလိုမလုပ်နိုင်ပါဘူး!" မဒမ်ဝမ်က စိတ်တိုနေသည်။

"ကျန်းရန် နင်အဲ့ဒီမှာရပ်ပြီးပဲ ကြည့်နေတော့မှာလား? သူ့ကို ဒီလိုလုပ်ခွင့်ပေးလိုက်ရင် ငါသတ်သေပစ်မယ်!"

ကျန်းရန်သည် သူ့ခေါင်းကိုမော့ထားသော်လည်း အရာအားလုံးကို ဖြည်းညှင်းစွာကြည့်နေသည်။

"ကျွန်တော်လည်း အမှန်အတိုင်းသိချင်တယ်။ ခင်ဗျားဘာလို့ ကျွန်တော်ကိုဒီလိုဆက်ဆံတာလဲ ? ခင်ဗျား သတ်သေမယ်လို့ခြိမ်းခြောက်လည်း၊ ဟားဟား၊ ကျွန်တော် လုံးဝကိုတာဝန်ယူမှာမဟုတ်ဘူး။ ခင်ဗျားကျွန်တော့်ကို လိမ်ညာစွပ်စွဲထားတဲ့ကိစ္စနဲ့ယှဉ်လိုက်ရင် သားအရင်း မဟုတ်ဘူးဆိုတဲ့စွပ်စွဲချက်က ဘာမှမဟုတ်ပါဘူး။"

မဒမ်ဝမ်သည် ခြိမ်းခြောက်ခြင်းမပြုနိုင်တော့သည့်ကျန်းရန်ကို တွေ့လိုက်ရတော့ အံ့အားသင့်သွားသည်။ သူ့အသက်ဖြင့်ခြိမ်း ခြောက်ရန် စားပွဲတင်ဓားတစ်ချောင်းကို လှမ်းဆွဲလိုက်သည့်အချိန်တွင် အသင့်ဖြစ်နေသည့်လုံခြုံရေးအစောင့်များက မဒမ်ဝမ်အား ထပ်မံနှိမ်နင်းခဲ့သည်။

မဒမ်ဝမ်သည် မဒမ်ရှဲ့အနီးသို့လှမ်းကြည့်လိုက်ပြီး လုံးလုံးရှက်ရွံ့သွားသည်။ သူသည် ခင်ပွန်းဖြစ်သူထံမှအကူအညီကိုသာ အပြင်းအထန်ရှာနိုင်ခဲ့သည်။

မစ္စတာဝမ်က တုန်လှုပ်နေတုန်းပင်။ သူသည် အလွန်လိမ္မာပါး နပ်ပြီး ဒီရေလှိုင်းများပြန်ကျသွားမည်ကိုသိသည်။

(T/N : ပြဿနာက ဘွင်းဘွင်းရှင်းရှင်းကြီးပေါ်လာတာကို ပြောချင်တာလားမသိ။ "လယ်ပြင်မှာဆင်သွားသလို")

DNA စစ်ခြင်းမှာ မလွဲမသွေလုပ်မည်ဖြစ်ပြီး ဇနီးဖြစ်သူ၏တုံ့ ပြန်မှုသည် အမှန်တရားကိုထုတ်ဖော်ပြီးသားဖြစ်သွားသည်။

ပြီးသွားပြီ၊ ဝမ်မိသားစုတစ်ခုလုံး ပြီးသွားပြီ၊ သူတို့သမီးဘဝလည်းပြီးသွားပြီ။

ဝမ်ရူသည် အရာရာတိုင်းကို စိတ်အားထက်သန်စွာစောင့်ကြည့်နေဆဲဖြစ်ပြီး ကျန်းယုသည် ပြင်းထန်သည့်အမူအရာဖြင့် လုံခြုံ ရေးအစောင့်များ၏နှိမ်နှင်းခြင်းခံရကာ အော်ဟစ်ရုန်းကန်နေခဲ့သည်။

မဒမ်ရှဲ့က မဒမ်ဝမ်ထံချဉ်းကပ်ပြီး " ခေါင်းမာနေတာက အသုံးမဝင်ဘူး။ ငါ့ ဒေါသကို နင်သိသင့်တယ်၊ ငါ ရပ်မှာမဟုတ်ဘူး။ နင် အခု ဝန်ခံရင်သက်သာလိမ့်မယ်။"

သူသည် ၎င်းကိုစစ်ဆေးရန် စိတ်ပိုင်းဖြတ်ထားသော်လည်း ပိုတွေးလေလေ အဖြေရရန် စိတ်မရှည်လေလေဖြစ်သည်။

မဒမ်ဝမ်၏မျက်နှာသည် သွေးကြောများပေါက်ထွက်သွားသလိုနီရဲနေသည်။ သူစကားမပြောပဲ ခေါင်းမာမာနှင့်ငြင်းလိမ့်မည်ဟု လူတိုင်းထင်နေချိန်မှာပင် မဒမ်ဝမ်က ရုတ်တရက်ဒေါသူပုန်ထကာ ရယ်မောခဲ့သည်။

"ရှဲ့လီဖုန်၊ နင်နဲ့ ထိုက်တန်တယ်၊ ဒါက နင်နဲ့ထိုက်တန်တယ်!"

မဒမ်ရှဲ့၏မျက်နှာသည် သိသိသာသာပြောင်းလဲသွားကာ ပတ် ဝန်းကျင်မှလူများကလည်း အံ့အားသင့်စွာအော်ကြသည်။ ကျန်းယုနှင့်ဝမ်ရူသာလျှင် မဒမ်ဝမ်အား ခေတ္တမျှစိုက်ကြည့်နေသည်။

【နောက်ဆုံးတော့ သူဝန်ခံတော့မှာလား!】 ကျီဖေးသည် စိတ်လှုပ်ရှားစွာဖြင့် ချင်ရှန့်၏လက်ကိုဆုပ်ကိုင်လိုက်သည်။

ချင်ရှန့်သည် ၎င်း၏ဇာတ်ရုပ်ကိုပြီးမြောက်အောင်မြင်ပြီးနောက်ဒရာမာကိုကြည့်ရှုရန် သူနှင့်တိတ်တဆိတ်လိုက်ပါလာကာ ဇနီးဖြစ်သူ၏ဘေးတွင် ရပ်လိုက်သည်။

မဒမ်ဝမ်သည် ယခုတော့လုံးဝရူးသွပ်သွားကာ အသိစိတ်များကို လေထဲသို့လွှင့်ပစ်လိုက်ပြီး မဒမ်ရှဲ့ကိုလှောင်ပြောင်ရင်း "နင်က အရူးပဲ၊ ငါ့သားကို အနှစ်နှစ်ဆယ်ကျော် ပြုစုပျိုး ထောင်ပေးနေတာ အရူးပဲ၊ နင့်ရဲ့သားအစစ်က အနှစ်နှစ်ဆယ်ကျော်လောက်ကာကွယ်ပေးမဲ့အဖေမရှိ၊ ချစ်ပေးမဲ့အမေမရှိပဲ ဒုက္ခခံနေရတဲ့အချိန်မှာ နင့်ရဲ့အရိပ်အာဝါသအောက်မှာ ရှင် သန်နိုင်ဖို့ ဖိအားပေးခံနေရပြီး ငါ့ဆီက မိခင်မေတ္တာလေးနည်းနည်းရဖို့ကို အပြင်းအထန်ကြိုးစားနေရရှာတယ်။ သူ့ရဲ့သနားစဖွယ်အောက်ကျို့ခံမှုလေးတွေက အရမ်းရယ်ရတာပဲ၊ ဘာတစ်ခုမှ ကျင်းယုနဲ့ ယှဉ်ပြိုင်ရဲတဲ့သတ္တိ‌တောင်မရှိဘူး။ ကိုယ့်သားကိုယ် သေချာမသိတာ အဲ့တာ နင့်ရဲ့ကံကြမ္မာပဲ။"

ဤစကားများသည် အလွန်အဆိပ်ပြင်းပြီး နှလုံးသားထဲသို့ တည့်တည့်တိုးဝင်သွားကြသည်။

မဒမ်ရှဲ့လို သန်မာသည့်အမျိုးသမီးတစ်ဦးပင်၊ ယခုအချိန်တွင်ပင် သူ့မျက်လုံးများသည် ထိန်းမနိုင်သိမ်းမရလှိမ့်ဆင်းလာသည့် မျက်ရည်များဖြင့်ပြည့်နေသည်။ သူ ကျန်းရန်ကိုလှည့်ကြည့်လိုက်သောအခါ သူ့မျက်နှာတွင်လည်း မျက်ရည်များစီးကျနေသည်။

မဒမ်ရှဲ့သည် သူ့နှလုံးကိုတင်းတင်းဆုပ်ထားပြီး မဒမ်ဝမ်၏ ကော်လာအား လည်ပင်းညှစ်လုနီးပါး ဆောင့်ဆွဲခဲ့သည်။

"ဘာလို့လဲ၊ နင် ခုလောက်ထိဆိုးသွမ်းအောင်လို့ ငါ ဘာလုပ်ခဲ့ဖူးလို့လဲ ? ဘာလို့လဲ၊ ဘာလို့လဲလို့!"

"အကိုကြီးကြောင့်မို့လား ?"

ဒုတိယသခင်ကြီးကျန်းက ရုတ်တရက် အသံနက်ကြီးဖြင့်

"အဲ့ဒါ ငါ့အကိုကြီးကြောင့်မဟုတ်လား?!"

ယခုအကြိမ်သည် ဒုတိယသခင်ကြီးကျန်းမှ သူ့ဇနီးကို အာဏာလွှဲပြောင်းထားခဲ့ပြီးနောက် ပထမဦးဆုံးအကြိမ် ဒေါသတကြီးဖြင့် သူ့အသံဩဇာကိုထုတ်ပြခဲ့ခြင်းဖြစ်သည်။ ဤအချိန်တွင် သားဖြစ်သူအားကာကွယ်လိုသည့် ဖခင်၏ဗီဇက ပေါ်လာခဲ့ပြီး သူ့လက်သီးများအား သွေးကြောများပင်ပေါက်ထွက်လုမ တတ်အထိ တင်းတင်းကြပ်ကြပ်ဆုပ်ကိုင်ထားခဲ့သည်။

"ဘာကိုလဲ ?" မဒမ်ရှဲ့သည် သူ့ခင်ပွန်းအား စိတ်ရှုပ်ထွေးစွာကြည့်နေသည်။

ဒုတိယသခင်ကြီးကျန်းသည် မဒမ်ရှဲ့အား ဝမ်းနည်းစွာကြည့်ရင်း "ဒီမိန်းမက ဒီလောက်တောင်ရူးသွပ်နေမှန်း ကိုယ်တကယ်မသိလိုက်ဘူး။ မင်းကို အိမ်မှာပါစိတ်မချမ်းမသာဖြစ်မှာဆိုးလို့ ကိုယ်ဘယ်တုန်းကမှမပြောပြခဲ့တာ။ တကယ်တော့၊ အဲ့ဒီတုန်းက..."

ဒုတိယသခင်ကြီးကျန်းမှ ပြန်ပြောပြသည်နှင့်အမျှ၊ ထိုနှစ်၏ အဖြစ်အပျက်များနှင့် မဒမ်ဝမ်၏ ယုတ္တိမရှိသည့်အမုန်းတရားများအကြောင်းကို လူတိုင်းသိရှိခဲ့ကြသည်။

မဒမ်ရှဲ့နှင့်ကျန်းရန်တို့သည် သင့်လျော်စွာ မတုံ့ပြန်နိုင်ကြပုံပေါ်သည်။ ကျန်းလောင်တနဲ့ မဒမ်ဝမ်တို့ကြားကကွဲလွဲမှုများ သည် သူတို့သားအမိနှင့်ပတ်သက်ဆက်နွှယ်နေတယ်ဆိုတာကို ရိုးရိုးရှင်းရှင်းပင် တွေးကြည့်လို့မရချေ။ ဘယ်လောက်တောင် ရယ်စရာကောင်းလိုက်လဲ။

မဒမ်ရှဲ့လှည့်ကြည့်လိုက်ရာ မဒမ်ဝမ်ကသူ့ကို မုန်းတီးစွာစိုက်ကြည့်နေတုန်းဖြစ်ပြီး တစ်ကိုယ်လုံး ဒေါသများဖြင့်တဆတ် ဆတ်တုန်နေသည်။

"ငါ အကြီးဆုံးအကိုကြီးနဲ့ ဘာမှမလုပ်ခဲ့ဘူး၊ ငါဒါကို သိတောင်မသိဘူး! နင်ရှင်းရှင်းလင်းလင်းကိုသိနေတယ်၊ နင် ရှင်းရှင်း လင်းလင်းကိုသိနေတယ်! နင် ဘယ်လိုများရက်စက်နိုင်ရတာလဲ? နင် ငါ့ကိုမုန်းတယ်၊ ကျင်းရန်ကိုတောင် မုန်းတယ်၊ နင့်မှာ ဘာအခွင့်အရေးရှိလဲ... နင့်မှာ ဘာအခွင့်အရေးရှိလို့လဲ!"

"ငါ့မှာ နင့်ကို မုန်းခွင့်မရှိဘူးလား? နင် လက်ထပ်ပြီးပြီပဲ၊ ငါ့ယော်ကျားက နင့်ကိုဆက်ကြိုက်နေဖို့ နင် ခွင့်မပြုပေးသင့်ဘူး။ အဲ့တာအကုန် နင့်အမှားပဲ၊ ပြီးတော့ နင့်သားရောပဲ။ သူမွေးလာလို့သာမဟုတ်ရင် ငါဒီလိုဒုက္ခတွေကို ဖြတ်ကျော်ခဲ့ရမှာမဟုတ်ဘူး။"

မဒမ်ဝမ်သည် အလွန်တရာမှားယွင်းပြီး တရားမျှတမှု ရှိသကဲ့သို့ မောက်မာစွာတုံ့ပြန်ခဲ့သည်။

မဒမ်ရှဲ့တစ်‌ယောက်တည်းတင်မဟုတ်ပဲ လူတိုင်းနီးပါးက ဤအရူးအား ယုံမှားသံသယဖြစ်ခဲ့ကြသည်။

"ငါ့မှာဘာကြောင့် ခက်ခဲပင်ပန်းခဲ့ရတယ်ဆိုတာ နင်သိလား? ငါတို့က တစ်ချိန်တည်းမှာမွေးတာဆိုတော့ အဲဒီလူက နင့်ကိုစိတ်ပူလို့ နင့်အိပ်ယာဘေးမှာပဲနေပြီး ငါ့ကိုအရမ်းစိတ်ဒုက္ခ ရောက်အောင်လုပ်ခဲ့တယ်လေ၊ အဲ့တာကြောင့်ပဲ ကျင်းယုကို လမစေ့ပဲမွေးခဲ့ရပြီး သေလုမျောပါးဖြစ်ခဲ့တယ်။ အဲ့တာက နင့်ကြောင့် မဟုတ်ဘူးလား၊ နင်နဲ့နင့်သားကြောင့် မဟုတ်ဘူးလား ?”

All Chapters