အခန်း (၂၉၀)
Vol. 29 Ch. 290
သူ့ကိုယ်သူ နစ်နာသူတစ်ယောက်ကဲ့သို့ ကျိုးကြောင်းမဆီ လျော်သည့် စွပ်စွဲချက်မျိုးဖြစ်သည်။
သူ့အား ပြန်ပြောခဲ့သူကတော့ ဒုတိယသခင်ကြီးကျန်းဖြစ် သည်။
"မဟုတ်ဘူး၊ အဲ့ဒီအချိန်တုန်းက ငါအိမ်မှာမရှိဘူး။ မဒမ်ဝမ်ရဲ့ ကျန်းမာရေးအခြေအနေပြတဲ့စက်တွေက ကလေးမွေးဖွားနေတဲ့အချိန်မှာ အန္တာရာယ်ရှိကြောင်းပြနေတာ။ ငါ့အကိုကြီးအနေနဲ့ အရာရာတိုင်းကိုစောင့်ကြည့်နေဖို့က သူ့တာဝန်ပဲ။ အဲဒါက မင်းရဲ့အသေးအမွှားပြဿနာကို ဖြစ်ပေါ်စေခဲ့ပြီး မတော်တဆမှုတစ်ခုကြောင့် မင်း အချိန်မတန်ခင်မွေးခဲ့တာ။ မင်းကိုယ်တိုင်ပဲလုပ်ခဲ့တာလေ။"
【ပြောတာကောင်းတယ်။ အခုအချိန်မှာ ဒုတိယသခင်ကြီးကျန်းက ငါပြောချင်တာကို ပြောချလိုက်တာပဲ။ အပြစ်တင်ရတာကိုကြိုက်တဲ့သူတွေက အမှန်တရားကိုလည်းရင်ဆိုင်ရဲရမယ်။ မဒမ်ဝမ်ရဲ့မျက်နှာကိုကြည့်ပါဦး၊ ဒေါသကြောင့်စိမ်းလာပြီ။ သူ့ရဲ့မလုံခြုံတဲ့ခံစားချက်ကို အသံမြင့်မြင့်နဲ့ ဖုံးကွယ်ဖို့ကြိုးစားနေပေမယ့် သူ့ကိုယ်သူ မြေမာပေါ်မှာရပ်နေတာမဟုတ်မှန်း မသိရှာဘူး။ ]
မဒမ်ဝမ်သည် သူ့အပြစ်သူဖုံးကွယ်ရန် အသံမြှင်ပြီးပြောနေသောကြောင့် ချင်မိသားစုသည် ကျီဖေး၏မှတ်ချက်များမှာ မှန်ကန်ကြောင်း တွေ့ရှိခဲ့သည်။
"ဟင့်အင်း၊ အဲဒါအားလုံး သူတို့အပြစ်ပဲ! ငါက ယုအာကိုမွေးပေးခဲ့တာ၊ ပြီးတော့ အကြာကြီးစောင့်ခဲ့တာတောင် အဲဒီလူက ငါ့သားကိုတစ်ချက်ကလေးကြည့်ဖို့တောင် ရောက်မလာခဲ့ဘူး။ နင့်ရဲ့သားကိုပဲ သူ့သားအရင်းလို သွားတွေ့ခဲ့တယ်လေ။ သူ့မျက်နှာသာပေးမှုက အရမ်းကိုမျက်နှာပြောင်တိုက်တယ်နော်၊ ငါ့ကို လုံးဝဂရုမစိုက်ပေးခဲ့ဘူး။ ငါ သူ့ကိုမုန်းတယ်! သူ ငါ့သားကိုပဲ ပိုကောင်းအောင်ဆက်ဆံသင့်တယ်။"
"အဲ့တာကြောင့် နင် သူတို့ကို လဲလိုက်တယ်ပေါ့။" မဒမ်ရှဲ့သည် ဒေါသတကြီးဖြင့် အံကြိတ်ထားသည်။
"ကံကောင်းတာက ကံကြမ္မာကငါ့ဘက်မှာရှိတယ်။ ကလေးနှစ်ယောက်က ကြီးလာတော့ပိုပိုပြီးတူလာတယ်။ နင်အလုပ်ကိစ္စနဲ့ခရီးဝေးသွားနေတုန်း ငါ အခွင့်အရေးယူခဲ့တယ်။ ဘယ်သူမှသတိမထားမိဘူး။ သူ့ကို သွားခွင့်ပေးလိုက်ပြီး သူ့သားအရင်းကိုကောင်းကောင်းစောင့်ရှောက်ခွင့်ပေးလိုက်တယ်! အဲ့တာက အဓိပ္ပါယ်မရှိဘူးလား? ဒါပေမဲ့ သူ သေသွားတယ်။ ငါကလေးတွေကို လဲတောင် မလဲရသေးဘူး သူက ကျန်းရန်ဆီကအ သတ်ခံလိုက်ရတယ်။"
"မင်း ရူးနေပြီ၊ လုံးဝကို ရူးနေပြီ!" ဒုတိယသခင်ကြီးကျန်းက ချက်ချင်းပြန်ခဲ့ပြောသည်။
"ငါ အခု မှတ်မိပြီ။ အဲဒီနေ့က ငါ့အကိုကြီးက မင်းနဲ့အငြင်းပွားနေတဲ့အတွက် ကားတိုက်မှုဖြစ်သွားတာ။ သူ အမြန်ထွက်သွားပြီး မတော်တဆမှုဖြစ်သွားခဲ့တာ။ ငါတို့တွက်ကြည့်လိုက်တော့ သူ့ကို အဲ့လိုဖြစ်စေခဲ့တာ မင်းပဲ!"
"မဟုတ်ဘူး၊ အဲ့တာ ကျန်းရန်ကြောင့်၊ သူ ကျန်းရန်ကိုရှာဖို့ ထွက်သွားခဲ့တာကြောင့် မတော်တဆမှုဖြစ်သွားတာ။" မဒမ်ဝမ်လန့်သွားသည်။
ရုတ်တရက်၊ ကျန်းမိသားစုမှတစ်ယောက်က "ငါအခုမှမှတ်မိတယ်၊ မင်း ကျန်းရန်ကိုဖျောက်ပစ်လိုက်လို့ပဲ။ အကြီးဆုံးအကိုကြီးက သူ့ကိုထွက်ရှာဖို့အလျင်လိုနေခဲ့တာ၊ အဲဒါကြောင့်... နောက်ပိုင်းမှာ ကျန်းရန်ကိုရှာတွေ့ခဲ့ပေမယ့် အားလုံးက အကြီးဆုံးအကိုကြီးကိုလိုက်ရှာတဲ့အခါကျ ကားမတော်တဆမှုအ ကြောင်းပဲ ကြားလိုက်ရတယ်။ အဲဒါကြောင့် သူ့ဆွေမျိုးတွေကနေ ကျန်းရန်နဲ့ပတ်သက်တဲ့ကောလာဟလတွေ ထွက်လာခဲ့တာ။ အခုမှ ငါ အဲ့တာကို စဉ်းစားမိတယ်..."
"ကလေးချင်းလဲခဲ့တာကြောင့် ကျွန်တော်လျစ်လျူရှုခံခဲ့ရတယ်။ ခင်ဗျားက ကျွန်တော့်ကိုပျောက်ကွယ်သွားစေချင်ခဲ့တာတောင် ဖြစ်နိုင်တယ်။ ဒါပေမယ့် သူကျွန်တော့်ကို သူ့ကလေး ကျန်းယုလို့ထင်ခဲ့တာ။ ခင်ဗျားရဲ့တင်းမာမှုတွေကြောင့် ဒီကလေးကို သူမကြိုက်ခဲ့တာဖြစ်နိုင်ပေမယ့် သူက ဖခင်တစ်ယောက်ရဲ့တာဝန်ကိုယူပြီး ကျွန်တော့်ကိုလိုက်ရှာဖို့ပြေးလာခဲ့တာ... ဟက်၊ သူ့ကိုသတ်ခဲ့တာ ခင်ဗျားပဲ! ခင်ဗျား ကျွန်တော်ကိုအပြစ်မတင်ရသေးခင် ဒီနှစ်တွေတစ်လျှောက်လုံးမှာ ကျွန်တော့်ကို ဖခင်ကိုသတ်ခဲ့တဲ့သားဆိုပြီး အရိပ်မဲကြီးလိုက်နေအောင်လုပ်ခဲ့တာ။ ခင်ဗျား ဘယ်လိုလုပ် ကိုယ်ချစ်တဲ့သူကို ကိုယ့်ဘာသာကိုယ်သေစေခဲ့ပြီး ဆိုးရွားလွန်းတဲ့အမှန်တရားကို ဘယ်လိုများရင်ဆိုင်မလဲ ?]
ကျန်းရန်သည် အမှန်တရားကိုခွဲခြမ်းစိတ်ဖြာရင်းရေရွတ်လိုက်ပြီး မဒမ်ဝမ်အား အေးတိအေးစက်လှောင်ပြောင်ကာ ကြည့်လိုက်သည်။
သို့သော်မဒမ်ဝမ်သည် သူ၏နောက်ဆုံးဂုဏ်သိက္ခာကို ဖြိုခွင်းလိုက်သောကြောင့် အော်ဟစ်ကာတုံ့ပြန်ခဲ့သည်။
"မဟုတ်ဘူး၊ အဲ့တာနင့်ကြောင့်၊ နင့်ကြောင့်ပဲ!"
သို့ပေမယ့် လူအုပ်ထဲမှအကြည့်များကတော့ အကုန်လုံးကိုပြောပြနေသည်။
တကယ့်ကို ရယ်စရာကောင်းသည့်အမှန်တရားပင်။
မဒမ်ဝမ်မိသားစု၏ဖြစ်ရပ်ဆိုးသည် သူကိုယ်တိုင် လုပ်ခဲ့တာဟု သိခဲ့ရသည်။
မင်းအနေနဲ့ အမှားအမှန်ကို အရူးအမူးငြင်းခုံလို့မရပေ။ ထို့ ကြောင့် မဒမ်ရှဲ့က အရာအားလုံးကိုစွန့်လွှတ်ပြီး သူ့လက်ထဲရှိကိစ္စများကို သိမ်းထားလိုက်သည်။
ကျန်းရန်၏ဘဝတစ်လျှောက်လုံးတွင် မဒမ်ရှဲ့သည် မဒမ်ဝမ်အားတစ်ကြိမ်သာပါးရိုက်လိုက်သည်။
အားလုံးအသိစိတ်ပြန်ဝင်လာသောအခါတွင် မဒမ်ဝမ်၏မျက် နှာသည် ရောင်ရမ်းလာပြီး၊ သူ၏ အရေးအကြောင်းများသည် တင်းကြပ်စွာ ဆန့်ထွက်နေသည်။
ခံတွင်းထဲတွင် တံတွေးနှင့်သွေးများဖြင့်ရောနှောနေပြီး မဒမ်ဝမ်သည် ဦးစွာအံ့အားသင့်သွားကာ ဒေါသတကြီးဖြစ်သွားပြီး
" နင်ငါ့ကို ဘယ်လိုရိုက်ရဲရတာလဲ?"
နောက်တစ်စက္ကန့်တွင် သူသည် "ကျန်းရန်၊ နင် အဲဒီမှာရပ်ပြီး နင့်အမေကိုအနိုင်ကျင့်ခိုင်းမှာလား ?" ဟု အော်လိုက်သည်။
အမှန်တရားပေါ်ထွက်လာမှုကြောင့် အမျိုးမျိုးသော စိတ်ခံစားမှုများဖြင့် ပြည့်နှက်နေပြီး စိတ်လွင့်နေသည့်ကျန်းရန်သည် ယင်းအတွက် အမှန်တကယ်ပင်ကြည်နူးနေသည်။
"ခင်ဗျား ဘယ်သူ့ကိုပြောနေတာလဲ ? ခင်ဗျားရဲ့သားအစစ် ကျန်းယုကိုအကူအညီတောင်းသင့်တယ်။"
ကျန်းရန်ကရယ်ပြီး ကျန်းယုအား စိုက်ကြည့်လိုက်သည်။
ကျန်းယုသည် လန့်ဖျပ်သွားပုံရပြီး မဒမ်ဝမ်အား ထိတ်လန့်ပြီးရွံရှာနေသည်။
"မဟုတ်ဘူး၊ သူက ငါ့အမေမဟုတ်ဘူး၊ လုံးဝကိုမဟုတ်ဘူး! အရူးမ၊ မင်းဘာသာမင်းရှင်းပြရမယ်။"
မဒမ်ဝမ်သည် သူ့စကားထဲရှိအထင်အမြင်သေးမှုများကြောင့် စိတ်ထိခိုက်သွားသည်။
"နင်ဘာလို့အဲ့လိုပြောတာလဲ။ နင်အသာစီးရဖို့ ငါတတ်နိုင်သ လောက်လုပ်ပေးခဲ့တယ်။ နင့်ကို အကောင်းဆုံးနေရာရောက်အောင်လုပ်ပေးခဲ့တယ်၊ ဒါတောင်မှ နင်က ကျန်းရန်ကိုမရိုက်နိုင်ခဲ့ဘူး။ ငါ့သားက ဘာလို့ သူ့သားကိုမရိုက်နိုင်ရတာလဲ!"
"ပါးစပ်ပိတ်ထားစမ်း!"
ကျန်းယုသည် နားထင်ကိုဖိကာ ဤလူ၏ သူ့အမေဖြစ်ကြောင်းသရုပ်မှန်ကို ဂရုမစိုက်ပဲ တိုက်ရိုက်ပင်ပြန်အော်ခဲ့သည်။
မဒမ်ဝမ်သည် အော်သံကြောင့်ထိတ်လန့်သွားပြီး ရူးသွပ်သွားခဲ့သည်။
"မဟုတ်ဘူး အဲ့တာငါ့သားအပြစ်မဟုတ်ဘူး၊ အဲ့တာ ရှဲ့လီဖုန်ကြောင့်..." သူက မဒမ်ရှဲ့ကိုကြည့်လိုက်သည်။
"နင်က အားယုကို နင့်သားလိုဆက်ဆံခဲ့ပေမယ့် အမွေဆက်ခံမဲ့ရာထူးကိုတော့ သူ့ကိုမပေးခဲ့ဘူး။ နင် အရမ်းဆိုးသွမ်းလွန်းတယ်။" မဒမ်ဝမ်က အဓိပ္ပါယ်မဲ့စွာရယ်မောလိုက်သည်။
ဒီတစ်ခါတော့ ကြည့်ရှုသူများပင်သည်းမခံနိုင်တော့ပေ။
"ကောင်းကင်မှာ မျက်လုံးတွေတကယ်ရှိတယ်ထင်တယ်။"
"မအေတူသားပဲ၊ ကြွက်ရဲ့သားက တွင်းတူးဖို့ပဲတတ်တယ်။"
"သူ့ရဲ့မျိုးရိုးဗီဇကြောင့် သူဆီကနေ ဘာကောင်းတဲ့အရာကို မွေးထုတ်ပေးနိုင်မှာလဲ? ကျန်းယုနဲ့ဝမ်ရူနှစ်ယောက်လုံးက ငကြောင်တွေချည်းပဲ။ နဂါးဝတ်ရုံကို၀တ်ထားရင်တောင် ဘယ် တော့မှ ဘုရင့်သားတော်တွေဖြစ်မလာနိုင်ဘူး။"
"တကယ်တော့ အဲ့တာက သူ့ရဲ့မကျွမ်းကျင်မှုကြောင့်မဟုတ်ဘူး၊ သူတို့က မောင်နှမတွေဖြစ်နေလို့ပဲ..."
"အိုး၊ ရွံစရာကြီး။ မပြောစမ်းနဲ့။ အရင်က သူတို့မိသားစုရဲ့ ရန်လိုမှုတွေအကြောင်းတွေးပြီး မရယ်ပဲမနေနိုင်တော့ဘူး။ ကျန်းရန်ကိုအပြစ်ဖို့ချင်နေတာ အံ့သြစရာတော့မဟုတ်ဘူး။ သူကိုယ်တိုင်တောင် လက်မခံနိုင်တာဖြစ်နိုင်တယ်။"
"တကယ်တော့ တစ်ခုခုက ဒီလိုဖြစ်သွားစေခဲ့တာ။ ရှင်းပါတယ်၊ ပြဿနာရဲ့အရင်းမြစ်က ရှုပ်ထွေးနေတယ်။"
"ကံပါပဲ၊ ဒါအားလုံးက ကံပဲလေ။ ကောင်းကင်ကြီးကတောင် သူ့ဒေါသတွေကိုသည်းမခံနိုင်ဘူး။ သူ့ကိုယ်သူ မှားနေတယ်လို့မထင်သေးဘူး။ သူ့ရဲ့ ဆိုးရွားတဲ့ရည်ရွယ်ချက်တွေက သူ့ကလေးတွေအပေါ်သက်ရောက်ခဲ့တာကို သူမမြင်သေးဘူးလား?"
"အစောက အဲ့ဒီအခန်းအကြောင်းကိုတွေးနေတာ၊ ဝိုးး၊ သူတို့ကိုယ် သူတို့မရွံဘူးလား?"
"တော်သေးတာပေါ့၊ သူတို့ တွဲနေတာကြာပြီ၊ ပြီးတော့ အဲဒါကကျန်းရန်ကို စိတ်မသက်မသာဖြစ်အောင် တမင်တကာလုပ်လိုက်တာပဲ။"
"ဝိုးး၊ အမှန်ပဲ၊ မကောင်းဆိုးရွားကနေ မကောင်းဆိုးရွားလေးပဲမွေးလာမှာ။ ကိုယ် စိုက်တဲ့စပါး ကိုယ်ပြန်ရိတ်သိမ်းရတာပဲ။"
ရုတ်တရက် အော်ဟစ်သံတစ်ခုက ဖြတ်သန်းသွားသည်။ နောက်ဆုံးတော့ ဝမ်ရူသည်းမခံနိုင်တော့ဘဲ "မဟုတ်ဘူး၊ ငါ့ကောက ကျန်းရန်ပဲ၊ မဟုတ်ဘူး..."
သူ ကျန်းယုကိုတောင်မကြည့်နိုင်တော့ဘဲ ကျန်းယုလည်း သဘောပေါက်သွားသည်။ ဤအခိုက်အတန့်တွင် ဝမ်ရူကိုကြည့်ရန် အလွန်စက်ဆုပ်သွားခဲ့သည်။
သူတို့ဘာတွေလုပ်ခဲ့မိတာလဲ ?
ဘာလို့ ဒီတွေအားလုံးဖြစ်ပျက်ခဲ့တာလဲ ?
"ကော!"
ဝမ်ရူသည် သူ၏မိခင်ကဲ့သို့ပင် ကျန်းရန်ကိုအနိုင်ကျင့်ပြီး သနားညှာတာမှုကင်းမဲ့ခဲ့သော်လည်း မှားယွင်းသွားသောအခါတွင် သူ၏ပထမဆုံးတုံ့ပြန်မှုသည် ကျန်းရန်ကိုရှာဖွေရန်ဖြစ်သည်။
ကျန်းရန်၏တုန့်ပြန်မှုက "ငါ မင်းရဲ့ကောမဟုတ်ဘူး၊ မင်းရဲ့ကောက အဲ့တစ်ယောက်ပဲ။ မင်းတို့ရဲ့ ဆက်ဆံရေးက... အရမ်းကောင်းတယ်မဟုတ်လား ? မင်း သူ့ကို အကူအညီတောင်းသင့်တယ်။"
သူက ကျန်းယုကိုညွှန်ပြသည်။ သူသည် သူတို့အတွက်ဖုံး ကွယ်ရန်ရည်ရွယ်ချက်မရှိသလို ခံစားခဲ့ရသမျှဒုက္ခအားလုံးအား အဆတစ်ရာကျော်အထိ ပြန်ဆပ်စေချင်သည်။
ဝမ်ရူသည် နောက်ဆုံးတွင် ထိုးနှက်မှုကိုမခံနိုင်တော့ဘဲ ရူးသွပ်စွာထွက်ပြေးသွားခဲ့သည်။
ကျန်းယုလည်း လွတ်မြောက်ချင်နေသည်။ သူ၏ကိုယ်ရေးအချက်အလက်များ ပြောင်းလဲမှုကိုမဆိုထားနှင့် လူစုလူဝေး ၏အကြည့်များကိုပင် မရင်ဆိုင်ရဲပေ။
မစ္စတာဝမ် တုန်လှုပ်သွားပြီး ဆက်မနေရဲတော့ချေ။ သူက သူ့မိန်းမကိုမနှောင့်ယှက်ဘဲ သူ့သမီးကိုစိတ်ပူဟန်ဆောင်ကာ လိုက်ရှာခဲ့သည်။
မဒမ်ဝမ်သည် ပြတ်သားသည့်အခိုက်အတန့်တွင် စိုးရိမ်စွာအော်ဟစ်နေသော်လည်း လုံခြုံရေးအစောင့်များ၏ချုပ်ထားမှုမှမလွတ်မြောက်နိုင်ပေ။
သူသည် သူ့ဒေါသကို ကျန်းရန်ထံလွှဲပေးလေ့ရှိသည်။
"အဲ့တာအားလုံး နင့်ကြောင့်၊ အားလုံးက နင့်ကြောင့်ပဲ။ နင် သူတို့အကြောင်းကိုသိတယ်... နင် ဘာလို့ ငါ့ကိုမပြောခဲ့တာလဲ? နင် ဘာလို့ ငါ့ကိုကြိုသတိမပေးခဲ့တာလဲ! နင်သာ သတိပေးခဲ့မယ်ဆိုရင် ဒီလိုတွေဖြစ်လာမှာမဟုတ်ဘူး... နင်ဘာလို့ အရမ်းရက်စက်ရတာလဲ!"
မဒမ်ဝမ်သည် အော်ဟစ်လိုက်ပြီး သူ့လုပ်ရပ်များ၏အကျိုး ဆက်ကိုလုံး၀မရင်ဆိုင်နိုင်သောကြောင့် ကျန်းရန်ကိုသာလှမ်းဆွဲပြီး အပြစ်တင်နေခဲ့သည်။