← Chapters

အခန်း (၂၈၄)

Vol. 29 Ch. 284

အခန်း (၂၈၄)

Vol. 29 Ch. 284

ဝမ်ရူသည် ဤတစ်ကြိမ်တွင် အမှန်တကယ်ပင် ကြောက်ရွံ့နေခဲ့သည်။ "မား မား..."

"ပါးစပ်ကိုပိတ်ထားစမ်း! နင်စကားတစ်ခွန်းမှမပြောနဲ့! သွားကြရအောင်၊ ဒီနေရာကနေ သွားကြစို့" မဒမ်ဝမ်သည် အစောတလျှင် တုန်လှုပ်နေသော အသံဖြင့် ပြောလိုက်သည်။

ဝမ်ရူ တွန့်ဆုတ်နေသော်လည်း မဒမ်ဝမ်သည် သူမကို ဆွဲခေါ်သွားပြီးဖြစ်သည်။

"ခ‌ဏလေး နင်တို့တွေ ရှင်းမပြရသေးဘူး၊ ဘယ်သူက ထွက်သွားခွင့်ပေးလို့လဲ" မဒမ်ရှဲ့ ပြောလိုက်သည်။

"သူက ကျွန်မ သားလေ၊ ကျွန်မ သူ့ကို ဘယ်လို ဆက်ဆံတယ်ဆိုတာ ရှင်းပြဖို့မလိုဘူး၊ ပြီးတော့ ကျန်းယုက နင့်သားဆိုတော့ နင်လည်း ရှင်းပြစရာ မလိုဘူး!" မဒမ်ဝမ် ရုတ်တရက် ကျယ်လောင်စွာပြောလိုက်သည်။

"ကျွန်မတို့က တူမှမတူတာ၊ ကျန်းယု အမှားလုပ်မိလို့ ကျွန်မအပြစ်ပေးတာ၊ ကျန်းရန်က ဘာအမှားလုပ်မိလို့တာလဲ? နင် သူ့ကို ဘယ်လိုတောင်ဆက်ဆံရတာလဲ? နင့်ကြောင့် စမ်မိသား စုက မစ္စစမ်တောင် နစ်နာသွားရတာ၊ အခု ခေါင်းရှောင်လို့ရမယ်လို့ ထင်နေတာလား? ကျန်းယုက ပြောပဲပြောတာ နင်ကမှ...တရားခံပဲ၊ ယောင်းမဟောင်း... နင် ဘာလုပ်ဖို့ ကြိုးစားနေတာလဲ!"

မဒမ်ရှဲ့သည် ကျန်းရန်အတွက် စိတ်မကောင်းဖြစ်မိသည်။ မိခင်တစ်ဦးသည် သားဖြစ်သူကို အဘယ့်ကြောင့် ထိခိုက်အောင်လုပ်နိုင်သည်ကို သူမ နားမလည်ချေ။

လူအုပ်ကြီးလည်း အချင်းချင်း အတင်းမတုတ်ပဲမနေနိုင်ကြပေ။ မဒမ်ဝမ် ကျန်းမိသားစုတွင်ရှိစဉ်က ကျန်းရန်ကို မည်သို့ နှိပ်စက်ခဲ့သည်ကို လူအချို့ သိကြသည်။ သူတို့ထင်သည်မှာ မဒမ်၀မ်သည် ကလေးကို ခက်ခက်ခဲခဲ မွေးခဲ့ရသည့်အပြင် ခင်ပွန်းဖြစ်သူသေဆုံးခြင်းသည် သူမ စိတ်ကိုထိခိုက်စေသဖြင့် သားဖြစ်သူထံကိုသာ ခံစားချက်များ ဖွင့်ထုတ်နေသည့် သနားစရာ အမျိုးသမီးဟုထင်မိသည်။

သို့သော် ယခုအခါတော့ သူ လွန်သွားလေပြီ။

သူသည် သားဖြစ်သူ၏ ဂုဏ်သိက္ခာကို ဖျက်ဆီးချင်ရုံသာမက သူ၏အနာဂတ်ကိုလည်း ဖျက်ဆီးချင်နေသည်။

ယခုလို စိတ်ပိုင်းဆိုင်ရာ ချို့ယွင်းမှုသည် သူမကို စိတ်အထူးကုဆေးရုံသို့ ပို့နိုင်လောက်သည့် အနေအထားပင်။

ကျန်းရန်သည် ယခုလိုဆက်ဆံခံရခြင်းများကို ကျင့်သားရနေပြီဖြစ်သဖြင့် ထိတ်လန့်မနေပေ။ ထို့ကြောင့် သူ့အမေနှင့် ညီမတို့ လုပ်ခဲ့သမျှကို စိတ်မဝင်စားချေ။ ယခင်ကလည်း ထိုသို့အကြိမ်ကြိမ်ဖြစ်ဖူးသဖြင့် သူနေသားကျနေပြီဖြသည်။

မဒမ်ဝမ်သည် ယခုထိ ရှင်းပြရန် လိုလားပုံမပေါ်ပေ။ သူမသည် မဒမ်ရှဲ့ကို ပြင်းပြင်းထန်ထန် စိုက်ကြည့်နေပြီး "ရှင်က အဲ့လောက်တောင် ပြောစေချင်နေမှတော့ ကောင်းပြီ... ကျွန်မက သူ့အမေ၊ ရူအာက သူ့ညီမပဲ၊ ရှင် ထပ်သိချင်ရင် ကျွန်မသားကို သွားမေးလေ"

[အရှက်မရှိချက်က လွန်လွန်းသွားပြီ၊ သူ ထပ်ပြီးတော့ ဒါနဲ့ပဲ ကိုင်ပေါက်ပြန်ပြီး၊ ဒီလိုအခြေအနေသာဆို ရဲကိုခေါ်ဖို့တောင် တော်တော်ခက်မှာ၊ ဒီကိစ္စက အောင်လည်းမအောင်မြင်လိုက်သလို မိသားစုဝင်တွေကြားထဲမှာဖြစ်ခဲ့တော့ ကိုယ်တွယ်ရတာ ခက်လိမ့်မယ်]

"ဒါဆို နင်က တာဝန်မယူချင်ဘူးပေါ့" မဒမ်ရှဲ့ အေးစက်စွာပြောလိုက်သည်။

ထိုအချိန်တွင်ပင် အသံတစ်ခုသည် ကြားဖြတ်၀င်ရောက်လာသည်။

"တာဝန်ယူရမယ်? ဒါပေမယ့် ဒီကိစ္စက လူတိုင်းထင်သလောက်တော့ မပြင်းထန်ပါဘူး"

လူတစ်ယောက်သည် ခန်းမထဲသို့အမြန်လျှောက်လာသည်။

သူမ မေးစရာမလိုဘဲ ချင်ရှန့်သည် ချက်ချင်းဆိုသလို ပြောလာသည်။"သူက မစ္စတာဝမ်၊ ဝမ်ချွမ်"

[Pfft သူ ဒီသားအမိကို ကယ်တင်ဖို့ ဘယ်လိုစီစဉ်ထားလဲဆိုတာကြည့်ဖို့ မစောင့်နိုင်တော့ဘူး]

ဝမ်ချွမ်သည် နိုင်ငံရပ်ခြားတွင် အလုပ်ကိစ္စစေ့စပ်ညှိနှိုင်းပြီး သည်နှင့် ပြန်လာခဲ့ခြင်းဖြစ်သည်။ သူရောက်သည်နှင့် သမီးဖြစ်သူထံမှ ဖုန်းလက်ခံရရှိကာ ၎င်းတို့သည် ကျန်းမိသားစုတွင် ပိတ်မိနေသည်ကိုကြားလိုက်ရသဖြင့် အခြေအနေကို စုံစမ်းစစ်ဆေးရန် လူများကိုစေလွှတ်ပြီးနောက် အမြန်ပြေးလာခဲ့ခြင်းဖြစ်သည်။

ဝမ်ချွမ်သည် ပါးနပ်စွာ "တကယ်တော့ နားလည်မှုလွဲသွားတာပါ"

"မစ္စတာဝမ် ဘာဖြစ်မှန်း မသိဘူးမလား၊ ဒီကိစ္စကို လူတော် တော်များများ မျက်မြင်တွေ့ထားတာပါ၊ ဒါက နားလည်မှုလွဲနေတာလို့ မင်းတကယ်ထင်တာလား" ကျန်းမိသားစုမှလူသည် ချက်ချင်းပြောလာသည်။

ဝမ်ချွမ် ပြုံးကာ "အဖြစ်မှန်က ကျွန်တော့်သမီးနဲ့ ကျန်းယုတို့က တွဲနေကြတာပါ၊ ဒါပေမဲ့ ကျန်းယုက မဒမ်ရှဲ့ရဲ့ဖိအားတွေကြောင့် စေ့စပ်ပွဲကိုမငြင်းဆန်ရဲဘူး၊ ကျွန်တော့်မိန်းမက ကလေးနှစ်ယောက် ဝေးရတာကို မမြင်ချင်လို့ အခုလိုစီစဉ်ရတာပါ၊ ပြီးတော့ သားကိုလည်း သင်ခန်းစာလေးတစ်ခုပေးဖို့ ရည်ရွယ်ထားခဲ့တာ၊ ဒီလောက်ထိဖြစ်သွားမယ်လို့ မမျှော်လင့်ထားပါဘူး"

[ဪ.. အရှက်မဲ့တာက တကယ်မျိုးရိုးလိုက်တက်တာပဲ၊ မိသားစုမဟုတ်ရင် တံခါးမဟုတ်ဘူးပေါ့! သူ ဘယ်လိုတောင် ပေါ်တင်လိမ်တာလဲ?]

သို့သော် ချင်ရှန့်သည် ဝမ်ချွမ်၏အကြံအစည်မှာ ထိုမျှလောက် ရိုးရှင်းမည်မဟုတ်ကြောင်း သတိပြုမိသဖြင့် အနည်းငယ်မျက် မှောင်ကြုတ်လိုက်မိသည်။

သူမှန်းထားသလိုပင် ဝမ်ချွမ်သည် ဆက်၍ "သူတို့လုပ်ခဲ့တဲ့အမှားအတွက် နောက်ကျရင် သေချာတောင်းပန်ခိုင်းလိုက်ပါ့မယ်၊ ဒီကို ကျွန်တော့်မှာ တစ်ခုခုပြောစရာရှိလို့ လာတာပါ၊ ကျွန်တော့်ဇနီးနဲ့ ကျန်းရန်တို့ကဖောက်ဖျက်လို့မရတဲ့ အမေနဲ့သား ဆက်ဆံရေးရှိလို့ ဒီဟာကိုပိုပြီး ခိုင်ခံ့အောင် ကျွန်တော်တို့ မဟာမိတ်မဖွဲ့ကြတာလဲ? ကျန်းယုနဲ့ ကျွန်တော့်သမီးဝမ်ရူတို့ကတွဲနေကြတာဆိုတော့ ဒီနေ့ပဲ စေ့စပ်ကြောင်းလမ်းတာကိုကြော် ငြာမယ်ဆိုရင်ရော ? အခုကစပြီး ကျွန်တော်တို့အားလုံး မိသား စုတစ်စုဖြစ်လာတော့မှာ ဒါက အကောင်းဆုံးပဲမဟုတ်လား?"

ဝမ်ချွမ် စကားဆုံးသောအခါ အားလုံးအံ့ဩသွားကြသည်။ ၎င်းတို့နှစ်ယောက်ကြားရှိအချစ်ရေးအကြောင်းကို သိထားသော်လည်း သိပ်အရေးမထားမိချေ။ ယခုအခါ ဝမ်ချွမ်၏ စကားကို ကြားလိုက်ရသည့်အခါ မည်သို့ပြောရမှန်းပင်မသိတော့ချေ။

ဝမ်မိသားစုသည် အလွန်အင်အားကြီးသော အထက်တန်းစားမိသားစုမဟုတ်ပေ။ ကျန်းရန်နှင့် ဆက်သွယ်မှုကြောင့်သာ အနည်းငယ် မြင့်တက်လာသည်ဟုဆိုရမည်။ ယခုဆိုအခါ ဝမ်ချွမ်သည် ကျန်းမိသားစုထဲသို့ သူ့သမီးကို လက်ထပ်ပေးရန် ကြိုးစားနေသည်။ သူ၏ စီးပွားရေးဆန်သေည စကားများကို လူတိုင်းမှန်းဆမိသည်။

ဝမ်ရူနှင့် စမ်ထင်တို့သည် တူညီသောအဆင့်တွင်မရှိချေ။ သာမန်ဆိုလျှင် ယခုလို အိမ်ထောင်ရေးမျိုးသည် မဖြစ်နိုင်ပေ။ ယခုမူ ဝမ်ချွမ်၏ စကားများကြောင့် ငြင်းလို့မရအောင်ဖြစ်နေသည်။

သူသည် သွယ်ဝိုက်သောနည်းဖြင့် ဝန်ခံထားသောကြောင့် ၎င်းတို့သည အိမ်ထောင်ပြုမည်ဆိုပါက သူတို့၏ဂုဏ်သိက္ခာကို ဆယ်တင်နိုင်မည်ဖြစ်သည်။ အဆုံးတွင် အချိန်သည်စကား ပြောသွားမည်ဖြစ်ပြီး အချို့ကျန်းမိသားစုများလည်း လက်ခံလာနိုင်ကြမည်။

[ဘူရားရေ! ဒါက လူတစ်ယောက်ရဲ့ အရှက်မရှိတာထက်ကို လွန်သွားပြီ၊ ၀မ်ချွမ်အကြံက တကယ့်ကိုပြည့်စုံတာပဲ၊ သူ့သမီးနာမည်ပျက်သွားတာကိုသိတော့ ကျန်းယုကို သိပ်သဘောမကျပေမဲ့ ကျန်းမိသားစုထဲကိုတောင်၀င်နိုင်ပြီး ကျန်းယုရဲ့ ကလေးတောင်ရရင် အဲဒီကလေးက မဒမ်ရှဲ့ရဲ့မြေးဖြစ်မှာပဲ၊ ဒါဆို သေချာပျိုးထောင်ပေးလိုက်ရင် နောက်ထပ်မယ့် အမွေဆက်ခံသူတောင်ဖြစ်နိုင်တယ်၊ ပြီးတော့ သူတို့က ကလေးမိခင်ဘက်က မိသားစုတွေဖြစ်လို့ ဝမ်မိသားစုရဲ့ အဆင့်အတန်းကလည်း မြင့်မားလာမှာပဲ၊ ဒီမြေခွေးအိုကြီးက တကယ့်ကို ရေရှည်တွေးထားတာပဲ။]

ချင်ရှန့်: ...တကယ်တော့ သူက ခြေတစ်လှမ်းဆုတ်တဲ့ နည်း ဗျူဟာတွေကိုပဲ သိတာ၊ တကယ်လို့ ဝမ်ရူသာ ကျန်းယုကိုလက်ထပ်လိုက်မယ်ဆိုရင် သူတို့ ဝမ်မိသားစုတစ်ခုလုံးက ကျန်းရန်ကိုပဲ တိုက်ခိုက်ဖို့ပစ်မှတ်ထားတော့မှာ၊ သူ့စိတ်ကူးတွေက မဒမ်ဝမ်ထက်တောင် ရက်စက်သေးတယ်

ဝမ်ချွမ်သည် တည်ငြိမ်စွာသာရှိနေသော မဒမ်ရှဲ့ကိုစိုက်ကြည့်ကာ "ကျွန်တော့်သမီးက ငယ်သေးပါတယ်၊ ကျန်းယုက သူမရဲ့ အချစ်ဦးပါ၊ ကျွန်တော့် သမီးကို အသုံးချခံရသူမဖြစ်စေချင်ဘူး"

[ဒါကလည်း အလိမ်ပဲလား ? ဒီမှာ တကယ့်တရားခံက မဒမ်ဝမ်လို့ထင်ကြပေမဲ့ တကယ်က ကျန်းယုရဲ့အကြံတွေပဲ၊ ဒါက တကယ်ပါးနပ်လွန်းတယ် သူက မဒမ်ရှဲ့ကိုတောင် ခြိမ်းခြောက်လိုက်တာပဲ သူမသာ သဘောမတူရင် ကျန်းယုကို အပြစ်တွေအကုန်ပုန်ချလိမ့်မယ်]

မဒမ်ရှဲ့၏အမူအရာသည် အမှန်တကယ် မည်းမှောင်သွားခဲ့သည်။ သူမသည် ကျန်းယုအား အမွေဖြတ်လိုက်ခြင်းမဟုတ်ပါကဝမ်ရူလို အမျိုးသမီးတစ်ဦးကို မိသားစုထဲသို့ ဘယ်တော့မှ ၀င်ခွင့်ပြုမည်မဟုတ်ချေ။ ထိုအရာ ချင်ရှန့်လည်းသိသလို သူမလည်းသိပေသည်။

ထိုစဉ် ဝမ်ချွမ်သည် ဝမ်ရူကိုတစ်ချက်ကြည့်လိုက်သည်။ ဝမ်ရူလည်း အနည်းငယ် စဉ်းစားလိုက်သည်။ သူမ၏နာမည်သည် ပျက်နေပြီဖြစ်သည်။ သို့ဖြစ်ရာ ကျန်းယုကို လက်ထပ်သည်မှာ အကောင်းဆုံးရွေးချယ်မှုဖြစ်လိမ့်မည်။ မဒမ်ရှဲ့သည် ကျန်းယုကို အမွေဖြတ်မည်ဟု သူမ မယုံခဲ့ပေ။ ၎င်းတို့သည် တဖြည်း ဖြည်း ကျန်းရန်နှင့် စမ်ထင်ကိုကျောက်ချလို့ရသည်။

ကျန်းယုသည် ကြောင်တောင်တော်ဖြစ်နေသော်လည်း ငြင်း ဆန်ချင်မိသည်။ သေချာသည်မှာ သူ ဝမ်ရူကိုလက်မထပ်ချင်ပေ။ သူမနှင့် ပျော်ပါးရတာ အဆင်ပြေသော်ငြား လက်ထပ်သည်တော့အဆင်မပြေချေ။ ထို့အပြင် ကြုံရာကျပန်းလူအချို့ကို သူ့ကံကြမ္မာအား အဘယ်ကြောင့် ဆုံးဖြတ်ခွင့်ပေးရမည်နည်း။ သူ သဘောမတူနိုင်ချေ။ ထို့အပြင် ဤအဘိုးကြီးသည် သူ့ကို ခြိမ်းခြောက်နေသည်ကိုသိသဖြင့် နည်းနည်းမှမကျေနပ်ပေ။

သို့သော် ကျန်းယု စကားမပြောမီတွင် အသံတစ်သံသည် ဦးစွာ ထွက်လာသည်။

"ဘယ်လိုမှ မဖြစ်နိုင်ဘူး!"

ဒရာမာကို ကြည့်နေသော လူအုပ်ကြီးလည်း အံ့အားသင့်သွားကြသည်။ မဒမ်ဝမ်သည် ဝမ်ချွမ်ကိုကြည့်ကာ ပြတ်သားစွာ

"သူတို့ လုံးဝ အတူရှိနေလို့မရဘူး!"

[ဘယ်လိုတောင်ထူးဆန်းတာလဲ၊ မဒမ်ဝမ် တုံ့ပြန်တာကြီးက အရမ်းပြင်းထန်လွန်းနေတာပဲ၊ ခဏလေး ဒါက ဒရမ်မာကြီးလာတော့မှာတော့၊ ငါ အခုထက်ပိုပြီး စစ်ဆေးကြည့်ဦးမှ...]

All Chapters