← Chapters

အခန်း (၂၈၃)

Vol. 29 Ch. 283

အခန်း (၂၈၃)

Vol. 29 Ch. 283

မဒမ်ရှဲ့၏ စကားသည် လူတိုင်းအတွက်အံ့အားသင့်စရာဖြစ်နေခဲ့သည်။ သူမ စမ်ထင်အား လေးစားမှုပြခဲ့ခြင်းဖြစ်သည်။

စမ်ထင်လည်း အနည်းငယ် တုန်လှုပ်သွားသည်။ မကြာသေးမီကပင် သူမ ဒုက္ခရောက်ခဲ့သည်။ ယခုလိုအဖြစ်ဆိုးမျိုးကြုံလာရပြီးနောက် သူမအပေါ်ထားသည့် ကျန်းရန်၏ ခံစားချက်များကြောင့်လည်း ရှုပ်ထွေးနေမိသည်။

ယခုမူ မဒမ်ရှဲ့၏စကားကြောင့် သူမကိုတုတ်ချီထားသော ကြိုးများမှ လွတ်မြောက်သွားသလို ခံစားရပြီးပြန်လည်မွေးဖွားလာသလိုပင်။

မဒမ်ရှဲ့သည် ပြုံးကာ "သမီး ဘာရွေးမလဲ၊ ဒါမှမဟုတ် အန်တီ စဉ်းစားဖို့ အချိန်ပေးရမလား?"

အဆုံးတွင် စမ်ထင်သည် သူမရွေးချယ်ခဲ့သောသူဖြစ်ပြီး သူမ ၏သားကြောင့် ဒုက္ခရောက်ခဲ့ရသောကြောင့် သူမတာဝန်ယူရမည်ဖြစ်သည်။

မဒမ်ရှဲ့၏ ကျိုးကြောင်းဆင်ခြင်မှုကို ကျန်းမိသားစုနှင့် စမ်မိသားစုတို့ နှစ်စုလုံး လက်ခံထားသော်ငြား ၎င်းတို့သည် ပိုမိုတည်ငြိမ်ပြီး စိတ်ချရပုံပေါ်သည့် အိမ်ထောင်ရေးမဟာမိတ်တစ်ခုကို အားသာနေဆဲပင်။ စမ်မိသားစုဝင်များသည် ထိုအရာကို ရွေးချယ်ရန် စမ်ထင်အား အရိပ်အမြွက်ပြခဲ့သည်။

စမ်ထင်သည် ဤအခြေအနေကို အမှန်တကယ် ရွေးရခက်ခက်နေမည်ဟု ထင်ကြသည်။

၎င်းတို့သည် စမ်ထင် မည်သည့်အရာကို ရွေးချယ်မည်ကိုတောင် မှန်းဆနေကြသည်။

ကျီဖေးသည် ချင်ရှန့်နား ခပ်တိုးတိုးကပ်ကာ "ရှင်ဘယ်လိုထင်လဲ"

ချင်ရှန့် ခေါင်းခါလိုက်သည်။ "မပြောတတ်ဘူး"

ကျီဖေးသည် "ကျွန်မတို့ အလောင်းအသား လုပ်ကြရင်ရော ဘယ်လိုလဲ? ရှင်တစ်ခုရွေး၊ ကျွန်မ တစ်ခုရွေးမယ်၊ မှန်တဲ့သူက မှားတဲ့သူကို ကြိုက်တာ လုပ်ခိုင်းလို့ရတယ်။"

[ဟီးဟီး စမ်ထင်တွေးနေတာ ငါသိပြီးသား၊ သူမက မဒမ်ရှဲ့ရဲ့ မွေးစားသမီးဖြစ်ဖို့ရွေးမှာ၊ ငါ နိုင်မှာသေချာတယ်! အခု ချင်ရှန့်ကို ဘာလုပ်ခိုင်းရင်ကောင်းမလဲပဲ စဉ်းစားရုံပဲ... ဟီးဟီး...]

ကျီဖေး၏စိတ်ထဲရှိ ရယ်သံသည် ပိုကျယ်လောင်လာခဲ့သည်။

ချင်ရှန့်သည် ကျီဖေး ဘာတွေတွေးနေလဲမသိသော်ငြား သူမရှက်သွားသည်ကိုတော့ မြင်မိလိုက်သည်။

“ကောင်းပြီ… ကောင်းပြီ” သူ ပြောလိုက်သည်။ "ဒါဆို ကိုယ် ပထမရွေးချယ်စရာဖြစ်တဲ့ လက်ထပ်တာကို ရွေးတယ်"

ကျီဖေးချက်ခြင်းပင် ပျော်မြူးသွားပြီး "ဒါဆို ကျွန်မက ရှင့်ဆန္ဒကိုလိုက်လျောပြီး ဒုတိယဟာကိုရွေးမယ်၊ မွေးစားသမီးလုပ်တာကိုရွေးတယ်"

ကျီဖေးသည် သူမ အပိုင်ရသွားသလို အပြုံးလေးပြုံးလိုက်သောကြောင့် ချင်ရှန့်လည်း မပြုံးပဲမနေနိုင်တော့ချေ။

သူတို့စားပွဲရှိလူများသည် သူတို့ စကားသံကိုကြားပြီး လောင်း ကစားတွင် ပါဝင်ခဲ့ကြသည်။

"ဒီကိစ္စကို ကျန်းရန် ဘယ်လိုထင်လိမ့်မလဲ" လောဖေးသည် သူငယ်ချင်းဖြစ်သူ၏ ခံစားချက်ကိုတွေးလိုက်သည်။

"သူ ဟို ကြိုက်..."

ကောင်းယာလန်သည် ကျန်းရန်မှာ ယောက်ျားလေးကိုသာ ကြိုက်တာလားဟု ပြောချင်သော်လည်း လောဖေးက သူမစကားကို အမြန်ဖြတ်ပြောလိုက်သည်။

[အပျော်သဘောပြောတာက အဆင်ပြေပေမဲ့ သူငယ်ချင်းရဲ့ လိင်စိတ်တိမ်းညွှတ်မှုကိုတော့ ဘယ်တော့မှမလှောင်ပြောင်မိ စေနဲ့တဲ့လား] ကျီဖေး အော်ရယ်မိမတက်ပေ။

[ကျန်းရန် ဘယ်လိုတောင် ပိပိရိရိ Crush လဲဆိုရင် သူ့ သူငယ် ချင်းတွေတောင် သတိမထားမိဘူး၊ သူတို့က သူ့ လိင်ပိုင်းဆိုင်ရာကို မေးခွန်းထုတ်နေကြပြီ၊ သနားစရာကောင်းလိုက်တဲ့ ကျန်းရန်၊ သူ့သူငယ်ချင်းတွေသာ သူခံစားချက်ကိုသိရင် အခုချက်ချင်း စမ်ထင်နဲ့အောင်သွယ်ပေးဖို့ ကြိုးစားကြလိမ့်မယ်]

သူ ထိုအရာကိုတွေးရင်း စမ်ထင်ကိုလှမ်းကြည့်လိုက်သည်။ သူမသည် တွန့်ဆုတ်တက်သူတစ်ယောက်မဟုတ်ပေ။ အရင်တုန်းကတော့ သူမတွင် ရွေးချယ်စရာမရှိသော်ငြား အခုချိန်မှာတော့ ရှိနေလေသည်။

"အန်တီ ကျွန်မ..."

"စမ်ထင်" ကျန်းရန် နောက်ဆုံးတော့ မထိန်းနိုင်တော့ပေ။

သူ့ အဒေါ်၏ ကြင်နာမှုများကြောင့် သူ တိုက်ခိုက်ဖို့အတွက် အလွန်ကြောက်ခဲ့ဖူးသည်။ ယခုအခါ အိမ်ထောင်ရေးသည် ကျန်းယုကိုယ်တိုင်ဖျက်စီးခဲ့ခြင်းပင်။ ဤ အချိန်တောင် သူ ရှေ့ကို ဆက်လျှောက်ဖို့ တုံ့ဆိုင်းနေမည်ဆိုပါက သူရဲဘော ကြောင်ခြင်းဖြစ်သွားပေမည်။ သူ ဆယ်နှစ်ကြာချစ်ခဲ့ရသောလူအတွင် ဤတစ်ကြိမ်တွင် တိုက်ပွဲဝင်လိုသည်။

သူ ဆယ်နှစ်ကြာအောင်တိတ်တဆိတ်ချစ်ခဲ့ရသော်လည်း သူတို့၏အနီးကပ်ဆုံးကာလမှ သူမလက်ကလေးကို ကိုင်ဖူးချင်း ပင်။

ကျန်းရန် စကားပြောခါနီးတွင် စမ်ထင်သည် "ကျွန်မ ဆုံးဖြတ်ပြီးပြီ"

သူမ၏ အေးစက်သောလေသံသည် ကျန်းရန်၏စကားများတွင် ရပ်တန့်သွားစေသည်။ သူတို့ မျက်လုံးချင်းဆုံလိုက်ပြီး စကားတစ်ခွန်းမှမပြောသော်လည်း အဖြေသည် ရှင်းနေပြီဟုခံစားရသည်။

စမ်ထင် သူ့ခံစားချက်တွေကို သိသည်။

သို့သော် စမ်ထင်သည် သူမ ဆုံးဖြတ်ချက်ဖြင့် ရွေးချယ်ခဲ့သည်။

ထို့အပြင် သူ့တွင် စွက်ဖက်ပိုင်ခွင့်လည်း မရှိချေ။

ကျန်းရန်တိတ်ဆိတ်သွားပြီး ပိုလို့တောင် စိတ်ပျက်သွားသည်။ သူ အသည်းများ တစ်စစီအက်ကွဲသွားသလိုပင်။

လူများသည် ထိုသို့သော ရိုးရှင်းသောအကြည့်တွင် ဇာတ်လမ်းအချို့ပါ၀င်နေကြောင်း သတိမထားမိပဲ စမ်ထင်၏ရွေးချယ်မှုကိုသာသိချင်ကြသည်။

မဒမ်ရှဲ့သည် စမ်ထင် မည်မျှမြန်မြန်ဆန်ဆန် ဆုံးဖြတ်ချက်ခဲ့သည်ကို တွေးကာ အံ့သြနေမိသည်။

"ကျွန်မ အန်တီ့ရဲ့ မွေးစားသမီးဖြစ်ချင်ပါတယ်" စမ်ထင် ပွင့်လင်းစွာပြောလိုက်သည်။

သူမပါးစပ်မှ ပြောလာသည့်အခိုက်တွင် လူအများသည် မယုံနိုင်စွာ ပင့်သက်ရှိုက်မိသွားကြသည်။

၎င်းတို့သည် စမ်ထင်သည် ကျန်းရန်ကို လက်ထပ်ရန် ရွေးချယ်မည်ဟု ထင်မိသည်။ အကြောင်းမှာ ၎င်းတို့ နှစ်ယောက်စလုံးသည်နှစ်အတော်ကြာ ခင်မင်ရင်းနှီးခဲ့ကြပြီး နှစ်ယောက်လုံးသည် အကျင့်စာရိတ္တကောင်းမွန်ကာ အရည်အချင်းရှိသူဟု သတ်မှတ်လို့ရသည်။ သို့သော် စမ်ထင်သည်တော့ လိုက်ဖက်သော အိမ်ထောင်တစ်ခုကို တည်ထောင်ရန် စိတ်မ၀င်စားပေ။

စမ်မိသားစုသည် စိတ်ပျက်မိသော်လည်း ကလေးမလေးကို အတင်းအကြပ် တွန်းအားမပေးချင်တော့ချေ။

စားပွဲပေါ်ရှိ လူများသည်လည်း ၎င်းတို့နှစ်ယောက်တစ်ယောက် အပေါ်တစ်ယောက် ခံစားချက်မရှိဘူးဟာ ထင်ကြသဖြင့် ထွေထွေထူးထူးတွေးမနေပေ။

ကျီဖေးသည် ချင်ရှန့်ကို ချက်ချင်းပြုံးပြလိုက်သည်။

ချင်ရှန့် ပြုံးလိုက်ပြီး "မင်း နိုင်ပါတယ်၊ ကိုယ့်ကို ဘာလုပ်စေချင်တာလဲ"

ကျီဖေးသည် "ကျွန်မ ဖြည်းဖြည်းချင်း စဉ်းစားလိုက်ဦးမယ်"

"ဟုတ်ပြီ"

မဒမ်ရှဲ့သည် သူမကို မွေးစားလျှင်တောင် ပေါ့ပေါ့ဆဆ လုပ်မည်မဟုတ်ပေ။ ထိုအတွက် အခမ်းအနားတစ်ခုကျင့်ပရန် ကောင်းမွန်သောနေ့ကို ရွေးချယ်ရမည်ဖြစ်သည်။

မဒမ်ရှဲ့သည် ထိုကိစ္စကို ကိုင်တွယ်ပြီးနောက် တရားခံသုံးယောက်ကို အာရုံစိုက်လိုက်သည်။

"ကျန်းယု မင်း အမှားကို ဝန်ခံပြိလား"

ကျန်းယုသည် သူ့ရန်သူများမှာ ကောင်းစွာ ဂရုစိုက်ခံရသည်ကို မြင်လိုက်ရသောကြောင့် ဒေါသထွက်သွားပြီး မတ်တပ်ထရပ်ကာ "ကျွန်တော့်အမှားကို ဝန်ခံရမှာလား? ခင်ဗျားက ကျန်းရန်ကို သားတစ်ယောက်လိုပဲ ဆက်ဆံတယ်၊ အခုစမ်ထင်ကိုလည်း မွေးစားချင်နေပြီ၊ ဒါပေမယ့် ခင်ဗျား ကျွန်တော့်ကိုတော့ မလို ချင်ဘူးမလား ရှဲ့လီဖုန်! ခင်ဗျား သိပ်တော်တာပဲ၊ ကျွန်တော် ခံစားခဲ့တာတွေကျတော့ ခင်ဗျား မမြင်ဘူး၊ ခင်ဗျား ကျွန်တော့်ကိုအထင်တောင်သေးနေတာ၊ ဒါပေါ့ ကျွန်တော်လည်း ခင်ဗျားကို သောက်ဂရုကိုမစိုက်တာ၊ ဒီနေ့ ကျွန်တော် ခင်‌ဗျားနဲ့ အဆက်အသွယ်ဖြတ်ချင်တယ်! သူတို့အမေပဲ သွားလုပ်လိုက်"

ကျန်းယု၏ဖခင်သည် အလွန်တုန်လှုပ်သွားပြီး ချက်ချင်း ရှေ့ ထွက်လာခဲ့ကာ "မင်းအမေကို ဒီလိုပြောရဲတာ မင်းမှားသွားပြီ၊ အခုချက်ချင်းတောင်းပန်စမ်း!"

"နင် ငါ့ကို ခြိမ်းခြောက်နေတာလား?"

မဒမ်ရှဲ့သည် သားဖြစ်သူ၏စကားကြောင့် စိတ်ထိခိုက်သွားသော်လည်း သူမ၏ခံစားချက်များကိုထိန်းထားနိုင်ခဲ့သည်။

ကျန်းယု၏ ရက်စက်ကြမ်းကြုတ်သောအမူအရာသည် ဤတိုက်ပွဲတွင် သူ့မိခင်ကို အနိုင်ယူရန်စိတ်ပိုင်းဖြတ်ထားကြောင်း ပြသနေကာ မည်သူသည် ဦးစွာနောက်ဆုတ်ရမည်ကို သိချင်လာကြသည်။

"ဒါက နင်ရဲ့ဆုံးဖြတ်ချက်ဆိုရင် ငါမကန့်ကွက်ပါဘူး"

မဒမ်ရှဲ့ အေးဆေးတည်ငြိမ်စွာပြောလိုက်သည်။ သူမကို ခြိမ်း ခြောက်နိုင်မှာ မဟုတ်ပေ။ ကျန်းယုသည် ပျက်စီးနေသော လူတစ်ယောက်ဆိုတာ သူမသိကတည်းက ပြင်းပြင်းထန်ထန် အပြစ်ပေးဖို့ ဆုံးဖြတ်ခဲ့ပြီးဖြစ်သည်။

ယခုတိုင် မဒမ်ရှဲ့သည် သားဖြစ်သုကို ကယ်တင်ချင်သေးသည်။ အဆက်အသွယ်ဖြတ်ခြင်း၊ သူ၏ ငွေများကိုဖြတ်တောက်ခြင်တို့ကိုလုပ်ပါလျှင် သူလည်း ရင့်ကျက်လာနိုင်လောက်သည်။ သူမသားကို ပြုပြင်ဖို့အတွက် သူမ သဘောတူဖို့ဆန္ဒရှိမိသည်။

"ခင်..ခင်ဗျား...ခင်ဗျား .."

ကျန်းယုသည် မဒမ်ရှဲ့၏ သဘောတူညီချက်ကြောင့် အလွန်တုန်လှုပ်သွားပြီး မူးဝေလုနီးပါးဖြစ်သွားသည်။

"ရှင်က ဘယ်လိုတောင် ရက်စက်ရတာလဲ၊ ယုကောကို ဘယ် လိုတောင် ဆက်ဆံနိုင်တာလဲ" ဝမ်ရူ နှုတ်ဆိတ်မနေနိုင်ပဲ

"ရှင်ကတကယ်ပဲ သူ့အမေအရင်းလား"

ဝမ်ရူ၏ စကားကြောင့် ကြည့်ရှုသူများ ကျယ်လောင်စွာရယ် မောသွားခဲ့သည်။

လူတိုင်းတွင် တူညီသည့် အတွေးတစ်ခုရှိခဲ့သည်။

[ ကြောင်သူတော်မ! နင်နဲ့ နင့်အမေက ကျန်းရန်ထက်တောင် ရက်စက်သေးတယ်။ ဒီလို အလိမ်အညာပေါင်းစုံတက်တဲ့သူမျိုးကို ဘယ်သူကပြုစုပျိုးထောင်ပေးထားတာလဲ? ဪ ဟုတ်သား သူ့အမေလေ အဲ့လိုပဲလေ၊ မထူးဆန်းတော့ပါဘူး ]

ဝမ်ရူ သတိမထားမိသော်လည်း သူမ စကားကြောင့် မဒမ်ဝမ်သည် ရုတ်တရက်နောက်ဆုတ်သွားပြီး ဝမ်ရူကို ပြန်ဆွဲခေါ်ရန် ကြိုးစားနေသည်။

သို့သော် မဒမ်ရှဲ့သည် ဝမ်ရူကို စိုက်ကကည့်နေပြီးဖြစ်သည်။ ၎င်း၏အေးစက်သောအကြည့်နှင့် အကြည့်ခံလိုက်ရသော ကြောင့် ဝမ်ရူတစ်ယောက် အေးခဲသွားမလိုပင်။

"မင်းက ငါတို့မိသားစု၀င်လည်းမဟုတ်သေးပဲနဲ့ ဒီကိစ္စတွေကို ဝင်စွက်ဖက်နေတာလဲ? နင်နဲ့ နင့်အမေ လုပ်ခဲ့တာတွေကို ရဲတွေဆီ တိုင်ကြားမယ်"

ဝမ်ရူသည် ချက်ချင်းပင် တိတ်ဆိတ်သွားသည်။ သူမ အမေကို အကူအညီတောင်းဖို့ ကြိုးစားသော်လည်း နောက်သို့ပြန်အဆွဲခံလိုက်ရသည်။

"မား!" ဝမ်ရူ အထိတ်တလန့်နဲ့ လှမ်းကြည့်လိုက်သည်။

သူမကို ဆူပူကြိမ်းမောင်းနေပုံရသည့် မဒမ်ဝမ်၏ဒေါသတကြီးအကြည့်နှင့် စုံလိုက်ချိန် သူမနောင်တရမိသွားပြီးကြောက်စိတ်များထုံးလွှမ်းလာသည်။ သူမ၏သွေးပြန်ကြောများတင်းမာ လာပြီး မျက်လုံးများသည်နီရဲလုနီးပါးပင်။

All Chapters