အခန်း (၂၈၂)
Vol. 29 Ch. 282
"စမ်ထင်! မင်းက အရမ် ရွံဖို့ကောင်းတဲ့ ကောင်မပဲ" အစပိုင်း ကျန်းယု ပါးရိုက်ခံလိုက်ရကြောင့် ကြောင်အသွားသော်လည်း သတိ၀င်လာသည်နှင့် တပြိုင်နက် အမျိုးသမီးတစ်ဦးထံမှ ထိုသို့ အဆက်အဆံခံရခြင်းကို မခံမရပ်နိုင်ဖြစ်မိသည်။
သို့သော် သူ့လက်ကို မြှောက်လိုက်သည်နှင့် လက်ကောက်ဝတ်ကို ဖမ်းကိုင်ခံလိုက်ရသည်။ ကျန်းယု ခေါင်းကိုလှည့်ကြည့်လိုက်ချိန် ကျန်းရန်သည် သူ့ မျက်နှာချင်းဆိုင်တွင် ရောက်နေပြီဖြစ်ကြောင်း တွေ့လိုက်ရသည်။
ထိုအရာသည် ကျန်းယု၏ဒေါသကို ပိုတိုးပွားလာစေပြီး ယခုအချိန် သူ ကျန်းရန်အားသတ်ပစ်ချင်စိတ်သာဖုံးလွှမ်းနေတော့ သည်။
"မင်းက သူ့ကိုအရမ်းကာကွယ်ပေးနေတာပဲ! မင်းတို့နှစ်ယောက်ကြားမှာ တစ်ခုခုတော့ရှိမှာသေချာတယ်! ငါ အလိမ်ခံခဲ့ရတာမဟုတ်လား? မင်း ငါ့ရဲ့စေ့စပ်သူကို ကြိတ်ကြိုက်နေတာပဲ၊ မင်းတို့ နှစ်ယောက်အရှက်မရှိပဲ အတူတူနေနေကြတာမလား!"
ကျန်းရန်သည် ကျန်းယု၏အပြစ်တင်မှုများကို အံ့ကြိတ်သည်း ခံနေသော်လည်း သူဒေါသကြောင့် အော်ရယ်မတက်ပင်
"မင်းက ဒီကလူတိုင်းကို အရူးတွေလို့ ထင်နေတညလား"
ကျန်းယု ဂရုမစိုက်ပေ။ မည်သို့ပင်ဖြစ်စေ သူ ၎င်းတို့ပေါ် အပြစ်ပုံချဖို့ ဆုံးဖြတ်ထားသည်။
"မင်း သူ့ကို တစ်ခါမှ မထိဖူးဘူးလို့ ပြောရဲလား! ငါ မင်းကို ဘယ်တော့မှမယုံဘူး မင်းတို့ နှစ်ယောက်က..."
ရုတ်တရက်ပင် ဒုတိယတစ်ကြိမ် ပိုမိုပြင်းထန်စွာပါးရိုက်ခံလိုက်ရသည်။
ကျန်းယု၏ မျက်နှာသည် ရိုက်ချက်ကြောင့် တစ်ဖက်သို့လွှဲ သွားသည်။ သူ၏ နာကျင်နေသော မျက်နှာကို ဆုပ်ကိုင်ထားရင်း အံ့အားသင့်တကြီးဖြင့် သူ့ကိုရိုက်သော မဒမ်ရှဲ့ကိုမော့ ကြည့်လိုက်သည်။
"ဆေးခတ်တယ်၊ လိမ်တယ်၊ စွပ်စွဲတယ်၊ ပြီးတော့ အခုလည်း အရှက်မရှိငြင်းသေးတယ်၊ ကျန်းယု မင်းကို ငါတကယ်စိတ် ပျက်သွားပြီ"
မဒမ်ရှဲ့သည် အပြင်ပန်းတွင် တည်ငြိမ်နေပုံပေါက်သော်လည်း သူမစိတ်ထဲတွင်တော့ ပြိုလဲနေသည်။ သူ့ သားသည် လူ ကောင်းတစ်ယောက်မဟုတ်ကြောင်း သိသော်လည်း ဤမျှလောက် အတွင်းထဲထိညစ်ပတ်နေလိမ့်မည်ဟု မထင်ခဲ့ပေ။
မဒမ်ရှဲ့အပေါ် ကျန်းယု၏အကြည့်သည် ပြောင်းလဲသွားသည်။ သူသည် သူမအပေါ်တွင် အမြဲတစေ နာကြည်းမိသော်လည်း ယခုအခါ မုန်းတီးမှုအဖြစ်သို့ပြောင်းလဲသွားခဲ့သည်။
သူ့မားသည် ဗီဒီယိုကိုကြည့်ပြီး ဖြစ်ပျက်ခဲ့သည်ကို သိလိုက်ရသည့်အချိန်မှာ သူ့အားကူညီဖို့နေနေသာ အပြစ်တင်ခဲ့ပြီး ကျန်းရန်ဘက်တွင်နေခဲ့သည်။ သာမာန်အားဖြင့် သူ ထိုအရာကို သည်းခံနိုင်သော်လည်း ယခုကိစ္စသည် သူနှင့် ကျန်းရန်တို့၏ အားပြိုင်မှုအခိုက်အတန့်ပင်။ သူ့အမေသာ သူ့ဘက်တွင်ရပ် တည်ပါက အခြေအနေသည် ပြောင်းပြန်ဖြစ်နိုင်သည်။
သို့သော် သူမသည် အပြင်လူကို မျက်နှာသာပေးရန် ရွေးချယ်ခဲ့သဖြင့် ကျန်းယု နှလုံးသားတွင် အမုန်းတရားများ ပြည့်နှက်လာကာ နက်ရှိုင်းစွာ လောင်ကျွမ်းနေခဲ့သည်။
"မား ကျွန်တော့်ကို ဘာလို့ အခုလို ဆက်ဆံရတာလဲ"
မဒမ်ရှဲ့သည် သားဖြစ်သူ၏ အကြည့်ကို မခံနိုင်သဖြင့် အခြေ အနေကို ထိန်းချုပ်ရန်ရှေ့သို့ တိုးသွားခဲ့သည်။
"ဒီနေ့ကိစ္စအတွက် တောင်းပန်ပါတယ်၊ ကျွန်မသား ဒီလိုအပြု အမူမျိုးဖြစ်အောင် ဦးဆောင်ခဲ့တဲ့သူဆိုတော့ မိခင်တစ်ယောက်အနေနဲ့ သူ့ကို သင်ပေးဖို့ ပျက်ကွက်ခဲ့မိပါတယ်၊ အခု ကျွန်မ ဒီနေရာမှာပဲ စမ်ထင်နဲ့ ကျန်းယုတို့ရဲ့ စေ့စပ်ကြောင်း လမ်းတာကို ဖျက်သိမ်းတယ်လို့ တရားဝင်ကြေညာတယ်"
စမ်ထင်သည်လည်း ထိုစကားကြားမှ သူမမျက်လုံးများ တောက်ပလာပြီး အသက်၀၀ရှုနိုင်တော့သည်။
ဤရလဒ်ကို လူတိုင်း မျှော်လင့်ထားကြသော်လည်း မဒမ်ရှဲ့သည် တိုက်ရိုက်ကြေငြာလာသဖြင့် အနည်းငယ် ကို့ရို့ကားယညးဖြစ်မိသည်။ လွန်ခဲ့သည့်တစ်နာရီလောက်က သတ်မှတ်ထားသော စေ့စပ်ပွဲသည် ယခုအခါဖျက်သိမ်းလိုက်ပြီဖြစ် သည်။
ကျန်းမိသားစုနှင့် စမ်မိသားစုများလည်း ရှုပ်ထွေးစွာ အကြည့်ချင်းဖလှယ်ကြသည်။ ၎င်းတို့သည် စမ်ထင်ကို ထိုသို့သော တိရစ္တာန်ကောင်မျိုးနှင့် စေ့စပ်ခွင့်မပြုနိုင်သော်လည်း ယခုလိုဆိုပါက ၎င်းတို့ မိသားစုများကြားရှိ ပူးပေါင်းဆောင်ရွက်မှုသည် မည်သို့ဖြစ်သွားမည်နည်း။
မဒမ်ရှဲ့သည် စမ်ထင်ဘက်လှည့်ပြီး တောင်းပန်လာသည်။
"မင်းက တကယ် တော်တဲ့ကလေးတစ်ယောက်ပါ၊ အရင်မှားတာက ငါတို့ ကျန်းမိသားစုပဲ၊ ဒါကြောင့် မင်းတို့မိသားစုကသာ ငါတို့နဲ့ ပေါင်းစည်းချင်သေးတယ်ဆိုရင် ကျန်းမိသားစုရဲ့ လက်မထပ်ရသေးတဲ့ မိသားစုဝင်တွေထဲက ကြိုက်တဲ့သူကို မင်း ရွေးချယ်နိုင်တယ်"
စမ်ထင်ထိတ်လန့်သွားပြီး ကျန်းရန်လည်း ချက်ချင်းတောင့် တင်းသွားကာ သူ့မျက်လုံးများသည် စမ်ထင်ဆီသို့ အလိုအ လျောက်ရောက်သွားသည်။ ထိုအခါမှ စစ်မိသားစုနှင့် ကျန်းမိသားစုတို့လည်း ၀မ်းသာသွားကြသည်။
【မဒမ်ရှဲ့က တကယ်ကိုထူးခြားတဲ့သူပဲ၊ သူက စမ်ထင်ရဲ့စေ့စပ်ထားသူ နေရာကို တစ်ခါတည်း အစားထိုးဖို့လုပ်လိုက်တာပဲ]
လူအုပ်ကြီးသည်လည်း စိတ်လှုပ်ရှားလာသည်။ ကျန်းမိသားစုတွင် လက်မထပ်ရသေးသော လူများစွာရှိသော်လည်း ထိုထဲတွင် အထင်ရှားဆုံးနှင့် အဖမ်းစားဆုံးမှာ ကျန်းရန်မှလွဲ၍ အခြားသူမဟုတ်ပေ။ သူတို့ ထင်တာမှန်နေမလား ?
မဒမ်ရှဲ့သည် လေးနက်စွာပြောလိုက်သည်။
"ဟုတ်တယ်၊ နင် အမွေဆက်ခံသူကိုလည်း ရွေးလို့ရတယ်"
ထိုစကားသည် လူတိုင်းကို တုန်လှုပ်ချောက်ချားသွားစေသည်။
စမ်ထင်သည် ကျန်းရန်ကို မော့မကြည့်ပဲမနေနိုင်လိုက်ရာ သူတို့မျက်လုံးချင်းဆုံမိသွားသည်။
စမ်မိသားစုသည် ချက်ချင်းပင် စိတ်လှုပ်ရှားသွားပြီး "အမွေဆက်ခံသူလား ?"
သူတို့မိသားစုသည် အမွေဆက်ခံသူနှင့် လက်ထက်ရန်အရည် အချင်းမပြည့်မီသောကြောင့်မဟုတ်ဘဲ သမီးဖြစ်သူ၏ စရိုက်ကိုနားလည်သောကြောင့် တစ်ခါမျှမစဉ်းစားခဲ့ကြပေ။ စစ်ထင် သည် သူမ၏ကိုယ်ပိုင်ကမ္ဘာထဲတွင် နှစ်မြှုပ်ပြီး သူမ၏ အိပ် မက်များကို အကောင်အထည်ဖော်ရန် နှစ်သက်သောကြောင့် အိမ်ထောင်ရေးကိစ္စကို အရေးမထားပေ။
ထင်ရှားသောမိသားစုတိုင်းတွင် ကုမ္ပဏီတွင် အလုပ်မလုပ်လျှင်တောင် မိသားစု၏ အရေးကိစ္စများကိုလျစ်လျူမရှုကြပေ။ ၎င်းတို့သည် လူမှုအသိုင်းအဝိုင်းတွင် ဆက်သွယ်ရဦးမည်မလား? သို့သော် စမ်ထင်သည် ထိုအရာကို မလိုချင်သဖြင့် မိသားစုစီးပွားရေးကို တာဝန်မယူနိငင်သော ကျန်းယုလိုလူမျိုးနှင့်သင့်လျော်သည်ဟုထင်မိသည်။ ၎င်းတို့သာ လက်ထပ်ပါက အချင်းချင်းမမြင်ချင်ယောင်၊ မကြားချင်ယောင်ဆောင်၍ အေးဆေးစွာဖြတ်သန်းသွားရမည်ဟု ထင်မိသည်။
ယခု မဒမ်ရှဲ့၏ကမ်းလှမ်းချက်ကြောင့် ၎င်းတို့လည်း အပေး အယူလုပ်ရန် ဆန္ဒရှိမိသည်။ စမ်ထင်သည် လွတ်လွတ်လပ်လပ် နေထိုင်နိုင်သလို လျော်ကြေးအဖြစ် သူမကို မြင့်မားသည့် ရားထူးပေးလိုက်ခြင်းပင်။
ထိုသည်မှာ စမ်မိသားစုကို ဘေးကျပ်နံ့ကျပ်ဖြစ်စေသည်။ သူတို့သည် သမီးလေးဖြစ်သူအတွက် တရားမျှတမှုကို ရှာပေးချင်သော်လည်း ထိုသို့ ရိုးရိုးသားသား တောင်းပန်မှုနှင့်ဆိုပါက သူမကို ဖိအားပေးရန် ခက်လှသည်။
မဒမ်ရှဲ့သည် "အခု ကျွန်မ ဒီနေရာမှာ ကျန်းမိသားစုရဲ့ အနာ ဂတ်အမွေဆက်ခံသူကို ရွေးချယ်လိုက်ပြီလို့ တရားဝင်ကြေငြာပါတယ်" သူမသည် ကျန်းမိသားစုမှ အကြီးအကဲများအား ခေါင်းညိတ်ကာ ကျန်းရန်ကိုလက်လှမ်းပြလိုက်သည်။
"ကျန်းရန် ရှေ့ကိုတိုးလိုက်"
ကျန်းရန် ရှေ့သို့ တစ်လှမ်းတိုးလိုက်သည်။
မဒမ်ရှဲ့သည် "ဒီနေ့ကစပြီး ကျန်းရန်က ကျွန်မတာဝန်တွေကို တဖြည်းဖြည်းယူတော့မယ်၊ ရှင်တို့အားလုံး ကျွန်မတို့ကျန်းမိသားစုရဲ့ ကလေးကို လက်တွဲကူညီပေးမယ်လို့မျှော်လင့်ပါတယ်"
ပတ်၀န်းကျင်တစ်ခုလုံး တိတ်ဆိတ်သွားသည်။ ၎င်းတို့သည် ဒရာမာကြည့်နေရင်းမှာ ဆက်ခံသူ ကြော်ငြာပွဲသို့ ရောက်သွားငလိုပင်။ ကျန်းယုသည် ဇနီးလောင်းဖြစ်သူနှင့် စစ်အင်အားကို ဆုံးရှုံးသွားသည်ဟုပင် ရည်ညွှန်းရန် ထိုက်တန်ပေသည်။
【မယုံနိုင်စရာပဲ! ကျန်းရန်က တကယ်ပဲ ဒီအခွင့်အရေးကို ရခဲ့တာလား? ငါခေါင်းရှုပ်လာပြီ၊ ငါ မအောင်တွယ်ပေးပဲနဲ့ အဆင် ပြေကြတော့မယ်၊ ငါ အခုလောလောဆယ် ကျန်းယုကို အင်တာ ဗျူးကြည့်ချင်လိုက်တာ၊ သူ ကြိုးစားသမျှကိုဆုံးရှုံးလိုက်ရလို့ ဘယ်လိုခံစားရလဲဆိုတာ အရမ်းသိချင်တာပဲ]
ကျန်းယု၏တုံ့ပြန်မှုကို လူတိုင်းသည် စိတ်အားထက်သန်စွာ စောင့်နေကြချိန် ကျန်းယုသည် အဆုံးတွင်ပေါက်ကွဲထွက်လာသည်။
"မား ဘယ်လိုတောင် ဘက်လိုက်ရတာလဲ၊ ကျွန်တော်က မားရဲ့သားလား? သူက မားရဲ့သားလား? မားက သူတို့ကိုတောင် လက်ထပ်ပေးဖို့လုပ်နေသေးတယ်၊ ကျွန်တော့်ကို ဘာလို့ အခုလိုလုပ်ရက်တာလဲ"
ကျန်းယုသည် ဒေါသအလွန်ထွက်ကာ မျက်လုံးများနီရဲလာသည်။ သူသည် စေ့စပ်ပွဲကို ဖျက်သိမ်းလိုက်ခြင်းနှင့် အမွေဆက်ခံခွင့် ဆုံးရှုံးခြင်းတို့ကို ခံနိုင်ရည်ရှိသော်လည်း ထိုအရာအားလုံးကို ရသူမှာ ကျန်းရန်ဖြစ်နေသည်ကိုတော့ သူ လုံးဝလက်မခံနိုင်ချေ။
ဝမ်ရူသည် သူမ၏အခွင့်အရေးရလာပြီဆိုတာ မြင်လိုက်ရသည်။ မူလတွင် သူမသည် သူတို့ကို လှည့်စားရန် နည်းလမ်းမရှိဟု ခံစားရသော်လည်း ယခုအခါတွင် တက်ကြွစွာပြောလိုက်သည်။
"ကျွန်မသိနေတယ်၊ သိနေတယ်၊ ရှင်က အစထဲက သူတို့နှစ်ယောက်ဆက်ဆံရေးကိုသိနေလို့ ဒီအခွင့်အရေးကို အသုံးချတာမလား ? ပြောပါတယ် ကျွန်မ မလိမ်ပါဘူးဆို၊ ကျွန်မ မကြာခဏဆိုသလို သူတို့နှစ်ယောက်က သံသယဖြစ်စရာကောင်းနေဝာကိုခဏခဏမြင်တယ်၊ သက်သေလိုချင်ရင် ကျွန်မက သက်သေပဲ!"
【ဒီမိန်းကလေးက သူ့အစ်ကိုကိုဖျက်စီးဖို့ငရဲတောင်မကြောက်တော့ဘူးပဲ၊ မဟုတ်မှ သူ ရှုံးတာကို ဝန်ခံဖို့ ဇွတ်ငြင်းနေတာလား】
ချင်ရှန့်: အခေါင်းကိုမတွေ့မချင်း သူ ငိုဖို့ ငြင်းနေဦးမှာပဲ။
"ဝမ်ရူ... မင်းက ရွှေငါးလား ? ကျန်းယုကဆေးခတ်ပြီး စွပ်စွဲခဲ့တယ်ဆိုတာ ဝန်ခံခဲ့တာကို မင်း မေ့သွားပြီလား" ကျန်းရန် ပြင်းပြင်းထန်ထန် သတိပေးလိုက်သည်။
သို့သော် အချို့သောလူများသည် ထိုကဲ့သို့ပင်။ သူတို့သည် ဖြစ်ပျက်ခဲ့သည့်အရာများကို လျစ်လျူရှုပြီး အခြေအမြစ်မရှိ သော စွပ်စွဲမှုများကို ဆက်လက်ပြုလုပ်ဆဲဖြစ်သည်။
"ဒါဆို သူမ စေ့စပ်ထားသူကို ဘာလို့ ရုတ်တရက် ပြောင်းသွားတာလဲ? ဘာမှမဖြစ်ဘူးလို့ ဘယ်သူကယုံမှာလဲ။"
ဝမ်ရူသည် လိုင်းပေါ်တွင် ခိုးကြောင်ခိုးဝှက် ပြဿနာမဖြစ်ဖြစ်အောင် ကောလာဟလများဖြန့်တက်သည့်လူနှင့်တူသည်။
သို့သော် လူအများစုသည် ၎င်းတို့၏ အတွေးရှိကြသဖြင့် သူမသည် လူရွှင်တော်တစ်ယောက်သာဖြစ်နေသည်။
မဒမ်ရှဲ့သည်လည်း ရှေ့သို့လှမ်းပြီး "ငါ နင်နဲ့ နင့်အမေလုပ်ခဲ့တာကို စာရင်းမရှင်းရသေးဘူး၊ နင် အရမ်းသတ္တိရှိလွန်းနေဝာာပဲ၊ ငါသူတို့ကို လက်ထပ်ပေးဖို့လုပ်နေတာလို့ နင့်ကို ဘယ်သူပြောလဲ၊ ငါက စမ်ထင်ကို ရွေးချယ်ခွင့်ပေးလိုက်တာ"
ထို့နောက် မဒမ်ရှဲ့သည် အနည်းငယ်မျက်မှောင်ကြုတ်နေသည့် စမ်ထင်ကို ကြည့်လိုက်သည်။
"ဒါက အန်တီ့ရဲ့အကြံပြုချက်တစ်ခုပဲ၊ သမီး ကျန်းမိသားစုကို လက်မထပ်ချင်ဘူးဆိုရင် အန်တီသမီးအဖြစ် မွေးစားမယ်၊ သမီး ကျန်းမိသားစုနဲ့ ဘာပတ်သက်မှုမှမလုပ်ချင်ဘူးတိုရင်တောင့် အန်တီ သမီးကိုတခြားနည်းနဲ့ လျော်ကြေးပေးပါ့မယ်"
မဒမ်ရှဲ့သည် အမျိုးသမီးတစ်ဦး၏ လက်တွဲဖော်ကို အစားထိုးခြင်းအား လျော်ကြေးဖြစ်သည်ကို ဘယ်သောအခါမှ မသတ် မှတ်ခဲ့ပေ။ စစ်မှန်သောလျော်ကြေးသည် သူမ၏ကိုယ်ပိုင်ရွေး ချယ်မှုများ ပြုလုပ်ရန် ယုံကြည်မှုပေးခြင်းဖြစ်သည်။
သမီးအဖြစ်မွေးစားခြင်းသည် မိသားစုနှစ်စုကြားရှိ ဆက်ဆံရေးကိုဆက်လက်ထိန်းသိမ်းထားနိုင်သည်။ သူမ ထိုအရာကိုမလိုချင်ပါက တခြားနည်းလမ်းရှိပေသည်။ တိုတိုပြောရလျှင် စမ်ထင်လိုချင်သမျှကို ကျန်းမိသားစုသည် လက်ခံမည်ဖြစ် သည်။