← Chapters

အခန်း (၂၉၁)

Vol. 30 Ch. 291

အခန်း (၂၉၁)

Vol. 30 Ch. 291

【မဖြစ်နိုင်ဘူး၊ မဖြစ်နိုင်ဘူး၊ ဒီအမျိုးသမီးက ကျန်းရန်ကိုအပြစ်တင်ဖို့ သူ့ရဲ့အမေဆိုတဲ့အထောက်အထားကိုသုံးလို့ရမယ်လို့ ထင်နေသေးတာလား? သူ့အညစ်အကြေးတွေကို ရှင်းဖို့ကူညီပေးရမလား? သူ့ဦးနှောက်က တကယ့်ကို ရေဝင်နေတာဖြစ်မယ်။】 ကျီဖေးက မကျေမနပ်ညည်းညူနေသည်။

ကျီဖေးတစ်ယောက်တည်းမဟုတ်ခဲ့ချေ။ တက်ရောက်သူအားလုံးနီးပါးသည် မဒမ်ဝမ်အား မယုံကြည်မှုနှင့် အထင်အ မြင်သေးမှုရောနှောနေသည့် အကြည့်များဖြင့် ကြည့်ရှုနေကြသည်။

မဒမ်ဝမ်၏စွပ်စွဲချက်ကိုရင်ဆိုင်ရင်း ကျန်းရန်၏နှုတ်ခမ်းများသည် လှောင်ပြောင်သရော်မှုအရှိဆုံး အပြုံးတစ်ခုအဖြစ်သို့ ရောက်ရှိသွားခဲ့သည်။

တကယ်တော့သူ့ကို အကြိမ်ပေါင်းများစွာ သတိပေးခဲ့သော် လည်း ရှင်းရှင်းလင်းလင်းမမြင်နိုင်ခဲ့ပေ။

"ကျွန်တော် ခင်ဗျားကိုသတိပေးထားတယ်မဟုတ်လား?သူကသံသယရှိတဲ့လူတွေနဲ့တွဲနေတယ်လို့၊ ဒါပေမယ့်ခင်ဗျားက နားပိတ်ထားပြီး ကျွန်တော့်ကိုပဲ အော်ငေါက်နေခဲ့တယ်မဟုတ်လား? ကြည့်ရတာ ဒါက ကံကြမ္မာပဲနဲ့တူတယ်။" ဟု ကျန်းရန်က ဖြည်းညှင်းစွာပြောလိုက်သည်။

မဒမ်ဝမ်အေးခဲသွားပြီး၊ သူ့မျက်နှာသည် ဝမ်းနည်းခြင်းများဖြင့် လုံးလုံးလျားလျားဖုံးလွှမ်းသွားကာ သူ၏မျက်ဆံများ သည် အဖြစ်မှန်ကိုလက်မခံနိုင်ကြသေးပေ။

ကျန်းရန်၏ အေးခဲနေသည့်အကြည့်သည် မဒမ်ဝမ်ဆီသို့ကျရောက်သွားသည်။ သူသည် သူ့သားသမီးများကိုအမှန်တကယ်ချစ်သော်လည်း ကံမကောင်းစွာပဲ၊ သူ၏မိုက်မဲမှုနှင့်တစ်ကိုယ် ကောင်းဆန်မှုတို့က ၎င်းတို့ကို လုံးဝပျက်စီးစေခဲ့သည်။

" အခု ခင်ဗျားကိုယ်ခင်ဗျားပဲစိတ်ပူနေသင့်တယ်။ ခင်ဗျား ကျွန်တော့်အပေါ်လုပ်ခဲ့သမျှအားလုံးကို တစ်ခုပြီးတစ်ခု ပြန်ပေးဆပ်ရမယ်!"

ကျန်းရန်၏လေသံသည် ရုတ်တရက်ပြောင်းသွားသဖြင့် မဒမ်ဝမ်ထိတ်လန့်သွားကာ နောက်ပြန်ဆုတ်သွားခဲ့သည်။

မဒမ်ရှဲ့လည်းအော်ဟစ်ပြီး အေးစက်စက်နှင့် ခြိမ်းခြောက် သည်။ "ဟုတ်တယ်၊ အားလုံးဖြေရှင်းပေးရမယ်။"

ဒုတိယသခင်ကြီးကျန်း၏နှလုံးသားသည်လည်း နာကြည်းမှုများနှင့်ပြည့်နှက်နေသည်။ ကျန်းရန်ကို သူ့ကလေးအဖြစ်လက်ခံရတာမခက်ပေ။ အစ်ကိုကြီးကွယ်လွန်ပြီးနောက်၊ သူသည် ကျန်းမိသားစုတွင် ကျန်းရန်၏အရင်းနှီးဆုံးဆွေမျိုးဖြစ်လာခဲ့ပြီး ကျန်းရန်အား သူ့သားလေးအဖြစ်အမြဲဆက်ဆံခဲ့သည်။

သူ့ကလေးခိုးယူခံခဲ့ရတာ အနှစ်နှစ်ဆယ်ကျော်နေပြီဆိုတာသိလိုက်ရတော့ သူ့တွင် အပြစ်ရှိသလိုခံစားရတယ်။ ထိုအချိန်တွင်သူသည် မဆိုင်းမတွပဲ သူ့သား၏နံဘေးတွင် အခိုင်အမာရပ်တည်နေသည်။

သူ ရှေ့သို့ခြေတစ်လှမ်းတိုးလိုက်ကာ ပထမဆုံးအနေဖြင့်၊ သူတို့သည် အမှန်တကယ်ပင် မိသားစုဝင်သုံးယောက်ဖြစ်လာသည်။

တက်ရောက်လာသူတိုင်းက မအော်နိုင်ဘဲမနေနိုင်‌ပေ။

[တကယ့်ကို၊ ရုပ်ရည်က နှလုံးသားကိုထင်ဟပ်စေတာပဲ။ ဒီမိသားစုဝင်သုံးယောက်က အမှန်ပဲလို့ခံစားရတယ်။ ကျီဖေး အရမ်းကိုမှကျေနပ်နေသည်။

ချင်ရှန့်လည်း တိုးတိုးလေးရယ်လိုက်ပြီး အရာအားလုံးအဆင် ပြေသွားသည်။

ဆန့်ကျင်ဘက်တွင်တော့ မဒမ်ဝမ်နှင့်ကျန်းယုတို့သည် ပြတ် ပြတ်သားသား အနိုင်ယူခံခဲ့ကြရသည်။

မဒမ်ဝမ် မှင်တက်သွားခဲ့သည်။ ထုံးစံအတိုင်း သူသည် အနီးနားရှိလူများအား အမိန့်ပေးရန်ကြိုးစားဆဲဖြစ်သည်။

သို့သော်ကျန်းရန်သည် သူ၏ဒေါသကို အလိုအလျောက်ထုတ် ဖော်နိုင်သည့် သူ့သား မဟုတ်တော့ချေ။

သူ ဦးတည်ရာမဲ့ကြည့်နေရင်း သူ့မျက်လုံးများထဲတွင် နောက်ညဆုံးတော့ အရာအားလုံးပြီးဆုံးသွားသည်ကိုသိလိုက်သလိုပင် ကြောက်ရွံ့မှုဖြင့် တဖြည်းဖြည်းပြည့်လာသည်။

တုန်ရီနေသည့်နှုတ်ခမ်းများက တစ်စုံတစ်ခုကို ပြောရန်ကြိုး စားသော်လည်း မမျှော်လင့်ထားစွာ အဝေး၌ချုပ်နှောင်ခံထားရသည့်ကျန်းယုသည် ရုတ်တရက်လွတ်မြောက်သွားပြီး သူ့ထံသို့ပြေးလာသည်။

သူ့အမူအရာက ခွေးရူးလိုရက်စက်နေပြီး မဒမ်ဝမ်၏ဗိုက်ကို အားအပြည့်နှင့်ထိုးလိုက်သည်။

"အရူးမ၊ အဲ့တာ ခင်ဗျားအပြစ်ပဲ၊ ခင်ဗျားက ရူးနေတဲ့မိန်းမပဲ! ခင်ဗျားက ကျွန်တော့်ရဲ့အရာအားလုံးကို ဖျက်ဆီးပစ်လိုက်တာ၊ ခင်ဗျားအကုန်ဖျက်စီးပစ်လိုက်တာ! ခင်ဗျား ဘာလို့ သေမသွားသေးတာလဲ၊ သေစမ်း၊ သေစမ်း!"

ရုတ်တရက်တိုက်ခိုက်မှုမှာ အလွန်ပြင်းထန်သဖြင့် လုံခြုံရေးအစောင့်များပင် မြေပြင်ပေါ်သို့လဲကျနေသည့်မဒမ်ဝမ်ကို မထိန်းနိုင်ခဲ့ကြပေ။ သူ၏ နာကျင်သည့်အမူအရာသည် ရှုံ့မဲ့သွားပြီး ခဏအကြာတွင် အသက်ဝဝမရှုမီ ချောင်းဆိုးကာ ပါးစပ်ထဲမှသွေးများထွက်လာသည်။

ဤမြင်ကွင်းကြောင့် လူတိုင်းထိတ်လန့်သွားပြီး မဒမ်ဝမ်ကိုသတ်နေသည့် ကျန်းယု၏အကြည့်များသည် လုံးဝစိတ်လွတ်သွားကြောင်းပြသနေသည်။

သို့သော် မဒမ်ဝမ်သည် ဝမ်းနည်းပူဆွေးကာ "ဒါတွေအားလုံး နင့်အတွက်ငါလုပ်ပေးခဲ့တာ‌လေ၊ နင်က နင့်အဖေလိုပဲ၊ အဲ့ဒီခွေးမ ရှဲ့လီဖုန်ကိုပဲ အမြဲရွေးနေတယ်!"

သို့ပေမယ့် ကျန်းယုက "ပါးစပ်ပိတ်ထား! ကျန်းရန်လောက် ကျွန်တော့်ကိုရူးနေတယ်လို့ထင်နေလား? အကုန်လုံးက ကျွန်‌ တော့်အတွက်ဟုတ်လား? အဲ့တာအားလုံး ခင်ဗျားကိုယ်ခင်ဗျားအတွက်ပဲလေ! ခင်ဗျားက နာကြည်းနေလို့ ကျွန်တော့်လဲပစ် လိုက်တာ။ ဘယ်လိုအမေမျိုး သူ့သားသူ အခြားတစ်ယောက်ကိုပေးပစ်မှာလဲ?"

【Tsk tsk tsk၊ ကျန်းယုက နောက်ဆုံးတော့ မှန်ကန်တဲ့လူကိုမုန်းလိုက်တာပဲ။ သူ့အမေကသာ ဒီအရာအားလုံးရဲ့ နောက် ကွယ်ကကြိုးကိုင်သူဆိုတာကို သူသဘောပေါက်တယ်။]

ချင်ရှန့် တစ်ချက်ကြည့်လိုက်တော့ မဒမ်ဝမ်၏မျက်နှာပြာနှမ်းသွားသည်ကို တွေ့လိုက်ရသည်။

ရောက်ရှိလာသူအားလုံးသည် ကျန်းယု၏အတိဒုက္ခအား အမှန်တကယ်ပင် ကိုယ်ချင်းစာမိကြသည်။

"ဟုတ်တယ် အမေဖြစ်သူက မနာလိုစိတ်နဲ့ သူ့သားကိုတခြားသူကိုပေးလိုက်တာ။"

"သူက သူ့အဖေအရင်းကိုတောင်သတ်ပစ်လိုက်တယ်။ အဲဒါက စိတ်ကူးကြည့်လို့တောင်မရဘူး။"

"သူ့ရဲ့သားသမီးတွေကို မှားယွင်းတဲ့ပေါင်းသင်းဆက်ဆံမှုမှာ အဆုံးသတ်စေခဲ့တာကို မပြောသေးဘူး။"

"ရယ်စရာအကောင်းဆုံးကတော့ သူ့ရဲ့ခိုးယူထားတဲ့အိမ် ထောင်ရေးကြောင့် အစပြုခဲ့တာပဲ၊ ဒါပေမယ့် သူ့ဆီကအချစ်ကို သူတောင်းဆိုနေတုန်းပဲ။ ဟိုက သူ့ကိုမချစ်တော့ သူ့ကိုယ်သူအကြောင်းပြချက်မရှာပဲ အပြင်လူတွေကိုပဲ အပြစ်လိုက်တင်နေခဲ့တယ်။"

"ဒီလိုအရှက်မဲ့တာကို ငါတစ်ခါမှမတွေ့ဖူးဘူး။"

"သူက သူ့ကိုယ်သူ မဒမ်ရှဲ့နဲ့တောင်နှိုင်းယှဉ်ချင်နေတာ။ ဘယ် လောက်ရယ်စရာကောင်းလိုက်လဲ။ သူကကန်းနေပြီး ဦးနှောက် လည်းမရှိဘူး၊ ကျန်းရန်ရဲ့အဖေကိုလည်း မှန်းနေသေးတာလား?"

"ငါသာ ကျန်းရန်ရဲ့အဖေဖြစ်ခဲ့ရင် ငါသူ့ကို ဘယ်တော့မှမကြည့်ဘူး။"

တီးတိုးတီးတိုးသံများသည် သူ့ပတ်ဝန်းကျင်တွင် မိုးခြိမ်းသံများကဲ့သို့ပေါက်ကွဲထွက်ကာ သူ၏ ဝိညာဉ်ကို လောင်ကျွမ်းစေခဲ့သည်။ ယခုသူ့ကို မုန်းတီးစွာကြည့်နေသည့် သူ့ရှေ့မှကလေးကိုပင် မဆိုလိုချေ။

သူသည် ခဏအတွင်းပင် ဆယ်စုနှစ်များစွာကြာသွားသကဲ့သို့ အိုစာလာသော်လည်း တစ်စုံတစ်ခုကိုငြင်းဆန်နေသကဲ့သို့ပင် သူ့ခေါင်းကို အပြင်းအထန်ခါနေသေးသည်။

ပြဇာတ်မှာ ဆက်စရာအကြောင်းမရှိတော့ပေ။

ကျန်းရန်သည် အိမ်တော်ထိန်းကို ရဲခေါ်ဖို့အချက်ပြပြီးသွားပြီဖြစ်သည်။ ဒီညပဲဖြစ်ဖြစ် လွန်ခဲ့သည့်အနှစ်နှစ်ဆယ်က အဖြစ် အပျက်တွေပဲဖြစ်ဖြစ်၊ အရာအားလုံးဟာ တရားမျှတသည့်စီရင်ချက်နှင့် ထိုက်တန်ပါသည်။

ဥပဒေမှလွဲ၍ ကျန်းမိသားစုသည်မည်သည့်အရာကိုမှ အလွယ် တကူခွင့်မလွှတ်နိုင်ပေ။

မူလကစေ့စပ်ပွဲ ပြီးမြောက်သွားသည်။ ဧည့်သည်များသည် ဒရာမာတွင်နစ်မြုပ်နေကြပြီး ကျန်းမိသားစုထံမှ ကျေနပ်စွာထွက်ခွာသွားကြသည်။

စိတ်ဝင်စားစရာအကောင်းဆုံးကတော့ ကျန်းယုသည် ဖိတ် ကြားထားသည့်ဖျော်ဖြေရေးသတင်းထောက်များအား သူတို့ရိုက်ကူးထားသည့် ဓာတ်ပုံများဒါမှမဟုတ်ဗီဒီယိုများကို ဖျက်ခိုင်းခြင်းမပြုခဲ့ပေ။ အရာအားလုံးကို တိတ်တဆိတ်ခွင့်ပြုထားပုံရသည်။

အရှုပ်တော်ပုံအားဖော်ထုတ်ရန် ရည်ရွယ်ထားသော်လည်း မဒမ်ရှဲ့သည် သူ့သားမှာ အမှန်တကယ်မည်သူဖြစ်သနည်းနှင့် နောက်ကွယ်တွင် မည်သူဖြစ်သည်ကို ပြင်ပကမ္ဘာမှသိရှိစေလိုပြီး ဤအဖြစ်ဆိုးအားလုံးကို ဖြစ်ပေါ်စေခဲ့သည်။

"ဒါက ကျန်းရန်နဲ့စမ်ထင်ကို ထိခိုက်စေမှာမဟုတ်ဘူးလား?" ကျီဖေးက ချင်ရှန့်မှ သတင်းသမားများအား သူတို့အကြောင်းဘာမှမပြောရန် သတိပေးဖို့ တစ်စုံတစ်ယောက်ကိုစီစဉ်နေတာ တွေ့လိုက်ရသည်။

ချင်ရှန့်သည် သူ့ဇနီးကို စိတ်ရှည်ရှည်ရှင်းပြသည်။ "မဒမ်ရှဲ့က သတင်းအပြည့်အစုံမရှိပဲ တစ်ယောက်ယောက်က ကျန်းရန်နဲ့စမ်ထင်တို့ရဲ့ မိသားစုနှစ်ခုလုံးကိုပစ်မှတ်ထားပြီးဆဲဆိုဖို့ အ ချက်အလက်တွေကို အခွင့်ကောင်းယူမှာကို ကြောက်နေတာ။ အဲ့တာကြောင့် လူသိရှင်ကြားပြောပြီး ဟာသလုပ်ခွင့်ပေးလိုက်တာ။ ပြိုင်ဘက်တွေက သတင်းအချက်အလက်တွေကို အချိန်မတန်မီပေါက်ကြား‌စေဖို့ အခွင့်အရေးကိုဆုပ်ကိုင်ထားရင် သူများတွေအမြင်ပြောင်းသွားလိမ့်မယ်..."

" 'လိမ်ညာမှုက လျင်လျင်မြန်မြန်ပဲ ပြန့်နှံ့သွားလိမ့်မယ်၊ ဒါပေမယ့် အမှန်တရားကိုအမီလိုက်နိုင်ဖို့က ခြေလှမ်းတစ်ရာလောက်လိုတယ်' ဆိုတဲ့အဓိပ္ပါယ်ပဲ။ " ဟု လော့ဖေးက အော်ဟစ်လိုက်သည်။

"ဒီလိုအရာမျိုးက အစကိုဆုပ်ကိုင်ထားဖို့ပဲ။ ကျန်းရန်ရဲ့ အမွေဆက်ခံသူရာထူးနဲ့ မဒမ်ရှဲ့ရဲ့မွေးစားသမီးအဖြစ် စမ်ထင်ရဲ့အ ဆင့်အတန်းက အရှိန်အဟုန်မြှင့်ပြီး လူထုအမြင်ကိုမြှင့်တင်ပေးတယ်။" ဟု ကောင်းယာလန်က ကျီဖေး၏ပုခုံးကိုဖက်ကာ ပြုံးပြခဲ့သည်။

ထိုသို့ပြောပြီးနောက် သူသည် ကျီဖေးကိုပြုံးပြုံးလေးကြည့်ရင်း နှစ်ကြိမ်ခန့် တောက်ခေါက်လိုက်သည်။

"ဘာလို့လဲ ?" ကျီဖေးအံ့အားသင့်စွာ မေးလိုက်သည်။

ချင်ရှန့်သည် ကျီဖေးအားဖက်ထားသည့် ကောင်းယာလန်၏ လက်မောင်းကို တစ်ချက်ကြည့်လိုက်သည်။

"ဘာဖြစ်လို့လဲ ? မျက်လုံးတွေအားလုံးက နင့်ကိုအာရုံစိုက်နေတာ နင်သတိမထားမိဘူးလား?"

ပိုင်ရှောင်ရှီလည်းထွက်လာပြီး ကျီဖေးကိုလက်ဆွဲကာ ပြုံးပြပြီး "ဟေး နောက်တစ်ခါ နင် အတင်းအဖျင်းစားဖို့သွားရင် ငါ့ကိုလည်းခေါ်သွား‌ပေး အိုကေလား? အဲ့တာက အရမ်းစိတ် ဝင်စားဖို့ကောင်းတယ်။"

ချင်ရှန့်သည် ပိုင်ရှောင်ရှီမှ ကျီဖေးကိုဖက်ထားစဉ် သူ့မျက်ခုံးများပိုလို့ပင်တွန့်သွားသည်။

ပိုင်ရှောင်ရှီ၏အတင်းအဖျင်းမျက်လုံးလေးများကို မြင်လိုက်ရတော့ ကျီဖေးစကားမပြောနိုင်ပေ။ အမှန်တော့ နည်းနည်းလောက်အာရုံစိုက်ထားရင်တောင် သူတို့အပေါ် စူးစိုက်ကြည့်နေသည့်အကြည့်များအား ခံစားနိုင်သည်။

သူ၏ဂုဏ်ပုဒ်များသည် ရှည်လျားလာသည်နှင့်အမျှရှည်လျားလာသည် —ဖျော်ဖြေရေးနယ်ပယ်ကတရားသူကြီး၊ ချမ်းသာတဲ့မိသားစုများထဲက ဖရဲသီးတို့ရဲ့ဘုရင်မ၊ သူ့အမှားဖြစ်သင့်လား ? သူ့ကြောင့်ဖြစ်သင့်လား? အရှင်းကြီးကို၊ ဒီလူတွေကသာ သူ့ကို ဖရဲသီးထိုးကျွေးနေတာလေ ???

【ချမ်းသာတဲ့သူတွေနဲ့ ကျော်ကြားတဲ့သူတွေရဲ့ဘဝက ပုံမှန်ထက်ပိုပြီးရှုပ်ထွေးတယ်။ ချမ်းသာမှုက ငြီးငွေ့စရာ‌ကောင်းတာကြောင့် ရှောင်လွှဲလို့မရဘူး။ သာမာန်လူတွေက ကိုယ့်ကိုကိုယ်ထောက်ပံ့ဖို့ အလုပ်များနေတယ်၊ ဒရာမာထဲမှာဆိုရင် တောင် သာမာန်ဖရဲသီး‌တွေပဲရှိလိမ့်မယ်။ ဒီလောက်ဇာတ်ကွက်အများကြီး ဘယ်မှာရှိမှာလဲ? ကြည့်နေတုန်းပဲလား? အမှန်‌ တော့၊ အတင်းအဖျင်းဆိုတာက လူသားမျိုးနွယ်ရဲ့နတ်သုဒ္ဒါပဲ။ လူတိုင်းက ငါ့ ကိုကြည့်ပြီး ငတ်မွတ်နေကြတယ်။]

ချင်ရှန့်၏နှုတ်ခမ်းသည် တွန့်သွားပြီး နောက်ဆုံးတွင် ဇနီးဖြစ်သူကိုတွယ်ကပ်နေသည့် အမျိုးသမီးနှစ်ဦးကိုဖယ်ရှားရန် နောက်ကနေတွန်းလိုက်သည်။ သူ၏မြင့်မားသည့်အရပ်က သူ့ရင်ခွင်ထဲတွင် ကျီဖေးကိုကာကွယ်ထားပြီး မြင်ကွင်းအများစုကိုပိတ်ဆို့ထားလိုက်သည်။

All Chapters