အခန်း (၂၉၂)
Vol. 30 Ch. 292
မူလက လူတိုင်းသည် အတင်းအဖျင်းစကားများကို တက်ကြွစွာ ဆွေးနွေးခဲ့ကြသော်လည်း ချင်ရှန့်၏ ကြားဖြတ်နှောက်ယှက်မှုနောက်တွင် သူတို့အားလုံး တိတ်ဆိတ်သွားကာ သူ့ကို စိုက်ကြည့်လိုက်ကြသည်။
သူတကယ်ပဲ နားလည်ရပိုခက်လာသည်။ ထို့နောက် ကျီဖေးကိုကြည့်လိုက်ကြသော်လည်း သူ ဘာမှသတိမထားမိသလို ဘာတုံ့ပြန်မှုလည်း မပြခဲ့ပေ။
မကြာသေးမီကပဲ ကျီဖေးသည် ချင်ရှန့်ကိုအရူးအမူးစွဲလမ်း သူ့နောက်ကို အဆက်မပြတ်လိုက်နေပုံကို မမှတ်မိပဲနေနိုင်လိမ့် မည်နည်း။
အခုတော့ ဆန့်ကျင်ဘက်ဖြစ်နေပုံရသည်။
သူတို့နှစ်ယောက်ရဲ့ လက်ရှိအခြေအနေအရတော့ မကြာခင်မှာ မင်္ဂလာပွဲကျင်းပဖို့ စီစဉ်ထားသည်ဟုသိရသည်။
မင်္ဂလာပွဲအကြောင်းပြောမှ လောဖေးနှင့် ကောင်းယာလန်သည် ယွီယွဲ့ကို သနားစိတ်ဖြင့် မကြည့်နိုင်ဘဲမနေနိုင်ပေ။ ဒီလိုတွေးရတာ နည်းနည်းရိုင်းတယ်ထင်ရပေမယ့် အခုကျီဖေးက အခုပွဲတစ်ခုခုကိုသွားတက်ပြီး အတင်းအဖျင်းမရှိဘူးဆိုရင် မယုံနိုင်စရာကောင်းသွားလိမ့်မည်။
ယွီယွဲ့သည် အကြည့်ကိုခံစားမိပြီး စိတ်အေးလက်အေးနှင့် ဂရုမစိုက်သည့်အမူအရာနှင့်ပင် သူ၏ချစ်သူ ပိုင်ရှောင်ရှီ၏လည် ပင်းကို ဖက်ကာ စစနောက်နောက်နှင့် ပြောလိုက်သည်။
"နောက်အတင်းအဖျင်းက ငါ့မိသားစုအတွက် ဖြစ်မယ်ထင်တယ်နော်။ ဘယ်လိုဒရာမာမျိုးဖြစ်လဲဆိုတာ သိချင်လိုက်တာ။"
“ရှင်ကတကယ်ပဲ တစ်ခုခုပဲ။" ပိုင်ရှောင်ရှီက ရယ်မောလိုက်ပြီး ယွီယွဲ့ကို ရွှတ်နောက်နောက်နှင့် ရိုက်လိုက်သည်။ "ကိုယ့်ဟာကို ထိန်းဦး။"
"ဒါက သူတို့ ထိန်းမလား၊ မထိန်းဘူးလားအပေါ် မူတည်တယ်။ ပွင့်ပွင့်လင်းလင်းပြောရရင် အသစ်ရောက်လာတဲ့ ကလေးက ငါ့ညီ ဟုတ်၊ မဟုတ်ဆိုတာ နည်းနည်းတော့ သံသယဖြစ်မိတယ်။ ကံကောင်းစွာနဲ့ ကျီဖေးက ငါကိုကူပြီးစစ်ပေးလို့ရတယ်လေ။ သူနဲ့ ပတ်သတ်ပြီးတစ်ခုခုမှားနေသရွေ့ ကျီဖေးနဲ့ အ ဆက်အသွယ်လုပ်လိုက်ရုံနှင့်ပင် အမှန်တရားကိုအမှန်အတိုင်း ဖော်ထုတ်နိုင်သွားလိမ့်မယ်" ဟု ယွီယွဲ့ပြောလိုက်သည်။
[ငါက အလိမ်ရှာစက်လား။ နင်ဆရာဝန်သာ သွားရှာလိုက်သင့်တယ်။]
ယွီယွဲ့က စကားမပြီးသေးခင်မှာပင် ချင်ရှန့်၏မျက်လုံးများ အနည်းငယ်ကျဉ်းမြောင်းလာသည်ကို မြင်လိုက်ရသည်။ သူ့မိန်းမအား ထိုသို့ပြောနေသည့် တစ်စုံတစ်ယောက်ကြောင့်မကျေမနပ်ဖြစ်နေသည်မှာ ထင်ရှားသည်။
ယွီယွဲ့ ပြေရုာပြေကြောင်းအပြုံးလေးမြန်မြန်ပြုံးပြလိုက်သည်။
"ဘာလဲ၊ နင့်အဖေရဲ့ဇနီးအသစ်မှာ ကိုယ်ဝန်ရှိနေပြီလား။"
ကောင်းယာလန် တုံ့ပြန်လိုက်ပြီး သူမရဲ့ အသံမှာ အံ့အားသင့်စွာကျယ်လောင်သွားတယ်။
ကောင်းယာလန်တင်မကဘူး လောဖေးပါ တအံ့တသြနှင့် မျက်လုံးပြူးသွားသည် ။
ယွီယွဲ့က မျက်ခုံးပင့်ကာ ရယ်မောလိုက်သည်။ သေချာပေါက်ပဲ။ မင်းထင်သလို ငါးညှီနံ့ရှိနေတာ။ ပြီးတော့ IVF လည်းမဟုတ်ဘူး သဘာဝအတိုင်းဆောင်တဲ့ ကိုယ်ဝန်တဲ့လေ။ ငါကအသစ်ရောက်လာသူကို မလေးစားတာ မဟုတ်ဘူး။ ဒါပေမယ့် ဒါ အရမ်းမယုံနိုင်စရာကောင်းနေရုံပဲ။"
ကျီဖေး၏မျက်လုံးများ တောက်ပလာသည်။ စောစောက ယွီယွဲ့ရဲ့အတင်းအဖျင်းစကားကို မတော်တဆ ကြားပြီးနောက် အသေးစိတ်အချက်အလက်များအား သူမ သိလိုက်ရသည်။
[ယွီမိသားစုက ကလေးအများကြီးမွေးတာကို တန်ဖိုးထားတဲ့ မိသားစုတစ်ခုရဲ့ ဥပမာတစ်ခုပဲ။ မိသားစုဝင်တစ်ယောက်မှာ သားများများရှိလေလေ ထောက်ပံကြေးများများရလေလေ၊ ဥစ္စာပစ္စည်း များမျာရလေလေပဲ။ ဒါ့ကြောင့် မစ္စတာယွီ မွေး ချင်းတစ်ဒါဇင်ကျော်ရှိတယ်။ ပြီးတော့ သူ့အငယ်ဆုံးညီဖြစ်သူကတောင် ယွီယွဲထက် နှစ်နဲနဲပဲကြီးတယ်။]
[ဒီလို မိသားစုပတ်ဝန်းကျင်ရဲ့ လွှမ်းမိုးမှုကြောင့် မစ္စတာယွီက ကလေးတွေအများကြီ: မွေးတာကို နှစ်သက်ပြီးတော့ သူ့ညီ အစ်ကိုတွေနဲ့ ပြိုင်ဆိုင်လိုစိတ်ရှိတယ်။ ဒါ့ကြောင့် သားဦးယွီယွဲ့ မွေးဖွားပြီး မကြာခင်မှာပဲ ဇနီးဖြစ်သူကို ကိုယ်ဝန်ထပ်ဆောင်စေတယ်။ သူမရဲ့ခန္ဓာကိုယ်က အပြည့်အဝပြန်လည်ကောင်း မွန်ခြင်းမရှိတဲ့အတွက်၊ မြန်မြန်ကိုယ်ဝန်ဆောင်တဲ့ ကိုယ်ဝန်က ကလေးမွေးဖွားစဉ်မှာ ရှုပ်ထွေးမှုတွေဖြစ်ပေါ်လာစေပြီး မိခင်ရောကလေးပါသေဆုံးသွားတယ်။ ယွီယွဲ့ မိခင်မရှိဘဲကျန်ရစ်ခဲ့တယ်။]
ချင်ရှန့်သည် ယွီယွဲ့ကို ပထမဆုံးတွေ့ချိန်တုန်းက သူသည် မိဘအုပ်ထိန်းမှုမရှိတဲ့ ပုန်ကန်တတ်တတ်သည့် ဆယ်ကျော်သက်တစ်ယောက်သာဖြစ်ခဲ့သည်။
သူ့အမေကို ဆုံးရှုံးလိုက်ရပြီး သူ့အဖေဟာ လက်ထပ်ခြင်းနှင့် သားသမီး မွေးခြင်းမှာသာစိတ်ရောက်နေကာ 'အကြီးဆုံးမြေး'ဆိုတဲ့ အနေအထားနဲ့တောင်မှ ယွီယွဲ့သည် အချစ်နှင့် ဂရုစိုက်မှု ကင်းမဲ့ခဲ့ရသည်။
[နောက်ပိုင်း မစ္စတာယွီ ဘယ်လောက် အိမ်ထောင်ထပ်ပြုပါစေ သူကလေးမရတော့ဘူး။ သူ့ခန္ဓာကိုယ်က သဘာဝအတိုင်း မျိုးမအောင်တော့နိုင်ဘူးလို့ ဆရာဝန်တွေ ပြောခဲ့တယ်။ ယွီယွဲ့၏ မိခင်ကသာ မျိုးအောင်နိုင်တဲ့ ခန္ဓာကိုယ်အမျိုးအစားရှိသူသည့်ပုံပေါ်တယ်။ မဟုတ်ရင် မစ္စတာယွီထံမျိုးရိုးဆက်ခံစရာလုံးဝ မရှိခဲ့လောက်ဘူး ။ သူ အခု အသက်ငါးဆယ်ကျော်နေပြီ နောက်ထပ်အခြား သန္ဓေအောင်တဲ့အမျိုးသမီးတွေ့ရင်တောင်မှ ကိုယ်ဝန်ရဖို့ခက်ခဲလိမ့်မယ်။ ယွီယွဲ့ သံသယဖြစ်နေတာ အံ့သြစရာ မဟုတ်ဘူးပဲ။]
ကျီဖေးသည် မစ္စတာယွီသို့မဟုတ် မစ္စစ်ယွီအသစ်နှင့် မတွေ့ဆုံဖူးသဖြင့် အကန့်အသတ်ရှိသောကြောင့် အချက်အလက်များကိုအခြေခံ၍သာ ခွဲခြမ်းစိတ်ဖြာပြီးကောက်ချက်ချနိုင်ခဲ့သည်။
တစ်ချိန်တည်းမှာပင် ယွီယွဲ့က ဆက်ပြောလိုက်သည်။
"ရှောင်ရှီနဲ့ ငါတို့ နှစ်ယောက်စလုံး အဲဒီအမျိုးသမီးကိုတွေ့ဖူးတယ်။ သူက နူးညံ့သိမ်မွေ့ပြီး ကြင်နာတတ်ပုံရတယ် ငါ့တို့ကိုလည်းတော်တော်လေး ကောင်းကောင်းမွန်မွန်ဆက်ဆံတယ်။ ရန်လိုတာမျိုးလဲ လုံးဝမရှိဘူး ငါ ကျေနပ်အောင်လုပ်ဖို့တောင် စိတ်အားထက်သန်နေပုံရတယ်။ ဒါပေမယ့် ငါ့အဖေနဲ့ အဆက်အဆံရှိဖို့ အရင်ဇနီးဟောင်းကို အစားထိုးပြီးတွယ်တက်လာတဲ့ အတွင်းရေးမှူးတစ်ယောက်က ဘယ်လိုလူမျိုးဖြစ်နိုင်မလဲ။ ဒီလိုအဖြစ်ပျက်မျိုး အကြိမ်ပေါင်းမရေနိုင်အောင်ဖြစ်ဘူးတယ်။ ဒီမိသားစုရဲ့ စည်းမျဉ်းတွေထဲမှာ လက်မထပ်ခင်သဘောတူညီချက်တွေ ရှိလို့သာမဟုတ်ရင် ငါ့အဖေ ဒီအိမ်ထောင်ရေးတွေ အားလုံးနဲ့ ဒေဝါလီတောင်ခံရလောက်ပြီးပြီ။ ”
ထိုအချိန်တွင် ပိုင်ရှောင်ရှီ၏အမူအရာမှာ ခဏတာအေးခဲသွားသည်။
ပိုင်ရှောင်ရှီသည် ချစ်စရာကောင်း၊နုံအပြီး ချိုမြိန်သော မိန်းက လေးတစ်ယောက်၏ စံပုံစံဖြစ်ပြီး ထိုကဲ့သို့စိတ်ရှုပ်ထွေးပြီး ဒုက္ခရောက်နေသော အမူအရာများကိုပြလေ့မရှိပေ။ ဤကြုံခဲလှသော အခိုက်အတန့်ကို ဆန့်ကျင်ဘက်ရပ်နေသော ကျီဖေးနှင့် ချင်ရှန့်တို့က ရှင်းရှင်းလင်းလင်း သတိပြုမိသည်။
ချင်ရှန့်သည် အခြားသူများ၏ကိစ္စများတွင် ဝင်ရောက်စွက် ဖက်တတ်သူ မဟုတ်သော်လည်း ကျီဖေးသည် အတင်းအဖျင်းပြောတတ်သူဖြစ်သည်။
ဤအမူအရာကိုမြင်လျှင် သူမသည် တစ်ခုခုဖြစ်နေပြီဟု ချက်ခြင်းခံစားလိုက်ရပြီး မနေနိုင်ဘဲ ထိုကိစ္စအားစူးစမ်းလိုက်သည်။
ထို့ကြောင့် ရှောင်ရှီသည် ဇနီးအသစ်အပေါ် သူမ၏ယူဆချက်နှင့် ပတ်သက်၍ အနည်းငယ်စိတ်ရှုပ်နေပုံရသည်ကို တွေ့လိုက်ရသည်။ လေဒီအသစ်သည် ပေါင်းသင်းရလွယ်ကူပြီး အလွန်နူးညံ့သိမ်မွေ့သည်ဟု သူမထင်ခဲ့သည်။ ဒါပေမယ့် သူတို့ရဲ့ ပထမဆုံးတွေ့ဆုံသည့် ညစာစားပွဲမှာ ယွီယွဲ့က ပိုင်ရှောင်ရှီကိုလက်ထပ်ချင်တယ်လို့ပြောတဲ့အခါ ဇနီးအသစ်က ရှောင်ရှီကို နှစ်ကိုယ်ကြားလျှို့ဝှက်စွာပြောခဲ့သည်။
ဒါကိုကြားတော့ ချင်ရှန့်လည်း သိချင်လာသည်။
ကိုယ်ဝန်ကြောင့်လေဒီအသစ်က ယွီယွဲ့ဟာ သူမရဲ့ဗိုက်အတွက် ပြိုင်ဖက်အဖြစ်မြင်ပြီး ပိုင်ရှောင်ရှီကို ခြိမ်းခြောက်ဖို့ကြိုးစားနေတာများလား ??,
[သူပြောခဲ့တာက အိမ်ထောင်ရေးသည် လိုက်ဖက်သောလူမှု ရေးအဆင့်အတန်းခြင်းတွဲဖက်သည်ကို အလေးပေးသော် လည်း စီစဉ်သောအိမ်ထောင်ရေးကို အသုံးပြုပြီး တစ်စုံတစ်ယာက်ကိုချည်နှောင်ခြင်းသည် တော်တော်လေးသနားစရာကောင်းပြီး ရက်စက်သည်ဟုပင်။ မင်း သူ့ကို တကယ်ကြိုက်ရင် သူ့ကိုလက်လွှတ်ပေးလိုက်တာ ပိုကောင်းတယ်။ ငါယွီမိသားစုထဲဝင်ပြီးတာနဲ့ နောက်မျိုးဆက်သစ်တွေက သူတို့ချစ်တဲ့သူကို ရွေးချယ်နိုင်စွမ်းရှိစေဖို့ ငါအစွမ်းကုန်ကြိုးစားပြီး သူတို့အားလုံးစစ်မှန်တဲ့ပျော်ရွှင်မှုနဲ့ စစ်မှန်တဲ့အချစ်ကို ရှာတွေ့နိုင်မယ်လို့ မျှော်လင့်တယ်။ မင်းလည်း မင်းတကယ်ချစ်တဲ့သူကို ရှာတွေ့နိုင်မယ်လို့လည်း မျှော်လင့်ပါတယ်တဲ့]
ချင်ရှန့်: ?
[ကောင်းပြီ၊ ပိုင်ရှောင်ရှီမပြောနဲ့ ငါတောင် စိတ်ရှုပ်တယ်။]
ချင်ရှန့်: တကယ် ရှုပ်နေတာပဲ။ အထက်တန်းစားလူ့အဖွဲ့ အ စည်းမှမဟုတ်တာ၊ တစ်ယောက်က အိမ်ထောင်ရေးလွတ်လပ်မှုအတွက်လှုံ့ဆော်ပြီး စီစဉ်ထားတဲ့အိမ်ထောင်ရေးအပေါ် ဝေဖန်နေတာနဲ့တူတယ်၊ ဒါ့ပြင်...
[ဒါပေမယ့် သူတို့ဟာ လွတ်လွတ်လပ်လပ် ချစ်နေကြတဲ့ ဆက် ဆံရေး မဟုတ်ဘူးဆိုတာ သူက ဘယ်လိုလုပ်သေချာပြောနေတာလဲ။]
ကျီဖေးသည် ပိုင်ရှောင်ရှီနှင့် ယွီယွဲ့တို့ကိုလှမ်းကြည့်လိုက်သည်။ ယွီယွဲ့သည် ရေဘဝဲနီးနီးပင် အလွန်ကိုတွယ်ကပ်ကာ သူတို့နှစ်ယောက် ဆက်ဆံရေးမှာ အလွန်ချိုမြိန်ပြီး အော့အန်ချင်လောက်အောင်ကို ချိုမြိန်သည်။ ဘယ်သူမဆို တကယ်ချစ်ကြသည်ဟုသာ မြင်ကြမည်ပင်။
လေဒီအသစ်ရဲ့ အမြင်က မကောင်းဘူးလား။ ဒါမှမဟုတ် ဖုံးကွယ်ထားတဲ့ အဓိပ္ပါယ်များရှိနေလား။
ပိုင်ရှောင်ရှီသည် လေဒီအသစ်အပေါ် သဘောထားကွဲလွဲနေသည်မှာ အံ့သြစရာမဟုတ်တော့ပေ။
သို့သော် စိုးရိမ်စရာ မလိုပါချေ။နောက်ဆုံးတော့ ယွီယွဲ့နဲ့ ပိုင်ရှောင်ရှီတို့ဟာ သူတို့ရဲ့အကြီးအကဲတွေနဲ့ သိပ်ဆက်ဆံဖို့ မလိုအပ်ပါချေ။ မင်္ဂလာဆောင်ပွဲတက်ပြီးသည်နှင့် သူတို့ နိုင်ငံ ခြားကို ထပ်သွားတော့မည်ထင်သည်။
လောလောဆယ် အိမ်ထောင်မပြုသေးသည်မှာအကြောင်းအရင်း နှစ်ခုကြောင့်ပင်။ ပထမ၊ သူတို့ပြန်လာတိုင်း မစ္စတာယွီဟာ အရှုပ်တော်ပုံ အမျိုးမျိုးဖြစ်လေ့ရှိကာ အတိတ်နိမိတ်မကောင်းဘူးဟု ယူဆရသည့်အတွက်ပင်။ ဒုတိယ၊ ပိုင်ရှောင်ရှီ၏မိဘများသည် သမီးဖြစ်သူကိုချစ်ကြပြီး စောစောလက်မထပ်စေကြပေ။
ထုံးစံအတိုင်း၊ ကျီဖေးသည် သူမ၏ အတင်းအဖျင်းစနစ်မှ ဖုံးကွယ်ထားသော အကြောင်းရင်းများကို သိသော်လည်း ဤအရာများသည် ပိုင်ရှောင်ရှီ၏ ကိုယ်ရေးကိုယ်တာဖြစ်ပြီး ချင်ရှန့်၏ သူငယ်ချင်းများပင် သတိမထားမိသောကြောင့် ကျီဖေး သည်လည်း မသိဟန်ဆောင်နေလိုက်သည်။ ထိုစုံတွဲချစ်ပြီး ချိုမြိန်နေသရွေ့ကောင်းသည်။ ဒါအရေးကြီးဆုံးပဲ။
သို့သော် ယခုတွင် သူတို့နှစ်ယောက်လုံး အသက်နှစ်ဆယ့်ရှစ်နှစ်ရှိပြီဖြစ်သည်။ ဤခရီးစဉ်အတွင်း သူတို့ အတည်ဖြစ်သွားနိုင်ခြေလည်းရှိသည်။
ယွီယွဲ့ သူ့အမွေအား တစ်ယောက်ယောက်မှ ဝင်ပြိုင်မလားဆိုတာ လုံးဝ ဂရုမစိုက်ဟု ထုတ်ဖော်ပြောခဲ့သည်။ နောက်ဆုံး သူလိုချင်တာ အားလုံးသည် သူချစ်ရတဲ့ ပိုင်ရှောင်ရှီနဲ့ အတူရှိဖို့ပါပဲ။ ပြင်းပြသော ရည်မှန်းချက်မရှိဘဲ ချစ်ခြင်းမေတ္တာသက် သက်ပင်။
သူတို့ အတင်းပြောနေချိန်မှာပဲ ယွီယွဲ့ ရုတ်တရက် မရင်းနှီးတဲ့ ဖုန်းခေါ်ဆိုမှုတစ်ခုကို လက်ခံရရှိခဲ့သည်။
"ဟယ်လို၊ ဒါ ယွီယွဲ့လား။ ငါပါ"
မိန်းမလေးတစ်ယောက်ရဲ့အသံပင်။ ယွီယွဲ့ ခဏတာ အံ့ဩသွားကာ မေးလိုက်သည်။
"ဘယ်သူလဲ မသိဘူး။"
တဖက်လူကအတော်အံ့အားသင့်သွားပုံရပြီး နာကျင်သွားသလို အသံတိုးသွားသည်။
"နင် ငါ့နံပါတ်ကိုတောင် မသိမ်းထားဘူးလား ? ခယ့်ယွမ်အာပါ။"
ယွီယွဲ့၏အမူအရာမှာ ခဏတာရှုပ်ထွေးသွားသည်။
"အန်တီအသစ်လား ? ဘာကိစ္စရှိလို့လဲ အဖေ ကျွန်တော့်ကို ဆက်သွယ်ခိုင်းလိုက်လို့လား။”