← Chapters

အခန်း (၂၉၃)

Vol. 30 Ch. 293

အခန်း (၂၉၃)

Vol. 30 Ch. 293

ယွီယွဲ့ လူတိုင်းအား အကူအညီမဲ့နေသောအမူအရာဖြင့် စကား ပြောလိုက်သည်။ သူ စနောက်ချင်နေသဖြင့် လူတိုင်းကြားနိုင်စေရန် စပီကာဖွင့်ဖို့ဆုံးဖြတ်လိုက်သည်။

"...ဒါက ဒီလိုပါ၊ ငါကိုယ်ဝန်ဆောင်ဆေးစစ်မှုလုပ်ရမယ်။ ဒါပေမယ့် နင့်အဖေက အလုပ်ရှုပ်နေတယ်။ နင် ငါ့ကို လိုက်ပို့နိုင်မလား ?"

ခယ့်ယွမ်အာ ချီတုံချတုံနှင့် ပြောလိုက်သည်။

"ဒီကိုယ်ဝန်က တော်တော်လေးအန္တရာယ်များတယ်ဆိုတာ မင် သိပါတယ်။"

အားလုံး နည်းနည်းအံ့သြသွားသည်။ အကယ်၍ မိထွေးနှင့် သားအကြားဆက်ဆံရေးသည် လိုက်လျောညီထွေရှိမည်ဆိုပါက၊ ထိုသို့သောတောင်းဆိုမှုအား နားလည်နိုင်သော်လည်း ၎င်းတို့သည် အလွန်ရင်းနှီးကြသည်မဟုတ်ပေ။

ယွီယွဲ့၏အမူအရာမှာ အတော်လေးစိတ်ကုန်သွားပုံရသည်။ သူပိုင်ရှောင်ရှီအား လျှာထုတ်ပြလိုက်ပေမယ့် သူ့စကားကိုတော့ ထိန်းမပြောခဲ့ပေ။

"မဟုတ်သေးဘူး။ အန္တရာယ်ရှိတယ်ဆိုမှတော့ ငါ မင်းနဲ့ဝေးဝေးမှာနေသင့်တာပေါ့။ တစ်ခုခုမှားသွားပြီး အဖေအသက် ကြီးမှကလေးရတဲ့ သူ့ရဲ့ပျော်ရွှင်မှုကိူ ဖျက်ဆီးမိသွားရင် ဘယ်လိုလုပ်ရမလဲ ? သူက ငါ့ကိုပွားလိမ့်မယ်။ ငါကတော့တာဝန်မယူချင်ဘူး။ တခြားတစ်ယောက်ကိုရှာလိုက်တာ ပိုကောင်းမယ်။ သံသယတွေ ရှောင်ပြီးသားလည်းဖြစ်၊ နှစ်ယောက်စလုံးလည်း ဘေးကင်းတာပေါ့။"

ထိုသို့ပြောပြီးနောက် ဖုန်းအားဖုံးကာ လူတိုင်းထံပြောလိုက်သည်။

"သူ ငါနဲ့ ကြိတ်ပုန်းခုတ်ဖို့ကြိုးစားချင်နေတာလား ?"

ချမ်းသာတဲ့မိသားစုတွေမှာ ဘာတွေဖြစ်နေလဲဆိုတာ ဘယ်သူမှမသိကြပေမယ့် အချက်အလက်များအား ဆွဲဆန့်ကြည့်မယ်ဆိုလျှင် သည်အခြေအနေမှာသိပ်မထူးဆန်းလှပါပေ။

နောက်ဆုံး မဒမ်အသစ်သည် အားကိုးစရာမိသားစုမရှိဘူးလို့ ပြောလို့ရပြီး သည်လိုအခြေအနေမျိုးမှာ ယွီယွဲ့အား အိမ်တော်ရဲ့သခင်လေးလို့ မှတ်ယူပြီး အကူအညီတောင်းသည်က မျှတမှုတော့ရှိသည်။

လောဖေးပြောလိုက်သည်။

"ဒါ မင်းအဖေရဲ့အကြံလားမှမသိတာ"

သေချာတာပေါ့၊ နောက်တစ်စက္ကန့်မှာ ခယ့်ယွမ်အာပြောသည်ကို သူတို့ကြားလိုက်ရသည်။

"ဒါ နင့်အဖေရဲ့အကြံပါ"

ကောင်းယာလန်သည် ချက်ချင်းဆိုသလို လောဖေးအားလက်မ ထောင်ပြပြီး လောဖေးမှ ပခုံးတွန့်လိုက်သည်။

ကျီဖေးသည် လောဖေးအား အံ့အားသင့်စွာ ကြည့်လိုက်သည်၊

[မျှော်လင့်ထားတဲ့အတိုင်း ရဲတစ်ယောက်ရဲ့ တုံ့ပြန်မှုက ချင်ရှန့်ရဲ့ ဦးနှောက်ထက်တောင်မြန်သေးတယ်။]

ချင်ရှန့်: မဟုတ်ဘူး၊ သူ ထုတ်မပြောရုံပဲ။ စဉ်းစားမိပြီးသား!

ချင်ရှန့်သည် သူ့မိန်းမအားအနည်းငယ်နစ်နာချက်နှင့် ကြည့်လိုက်ပြီး ကြွားဝါချင်သော်လည်း ဒါသူ့ပုံစံမဟုတ်ပေ။ သူ့မိန်းမ လောဖေးအားသဘောကျနေတာကို မြင်လိုက်ရချိန် သူ့ရင်ထဲမှာ အတော်လေးချဥ်တူးသွားရသည်။

ယွီယွဲ့ ပြန်ဖြေလာသည်အား ကြားလိုက်သောအခါ နှုတ်ခမ်းစူလိုက်သည်။ ဘယ်သူ့စိတ်ကူးဖြစ်ဖြစ် အရေးမကြီးချေ၊ အမျိုး သမီးကိုယ်ဝန်စစ်ဆေးဖို့ရာ သူ့မိခင်ရင်းဖြစ်လျှင်ပင် သူ လိုက် ပို့ပေးမည်မဟုတ်ပေ။ သူက အားနေတဲ့ပုံပေါ်နေလို့လား ??

သူငြင်းခါနီးတွင် ခယ့်ယွမ်အာထပ်ပြောပြန်သည်၊ သူ့ လေသံမှာ အနည်းငယ်ဝမ်းနည်းနေပုံပေါ်သည်။

"ဘာပဲဖြစ်ဖြစ် ဒီကလေးက နင့်ရဲ့ဆွေမျိုးပဲလေ။ နင် လုံးဝဂရုမစိုက်ဘူးလား။"

ယွီယွဲ့ ရုတ်တရက်ဆိုသလို ကျောရိုးတစ်လျှောက်အေးစက် သွားသည်။

[ဗုဒ္ဓေါ ဒီလေသံက၊ မသိရင်၊ သူက ယွီယွဲ့ရဲ့ အဖေတူအမေကွဲကလေးမဟုတ်ပဲ၊ ယွီယွဲ့ ကလေးအကြောင်းပြောနေတယ်လို့ ထင်မိမှာပဲ၊ ဒီဇနီးအသစ်က ဘာဖြစ်နေတာလဲဟ၊ အရမ်းထူးဆန်းတယ်။]

ဒီကိစ္စတွေမှာ အမျိုးသမီးများသည် အမျိုးသားများထက် ပိုပြီး ထိရှလွယ်သည်။

ကောင်းယာလန်သည် ချက်ချင်းမျက်ခုံးပင့်ကာ သူမ၏ အမူ အရာသည် စက်ဆုတ်သွားဟန်ရသည်။

ပိုင်ရှောင်ရှီမျက်တောင်ခတ်လိုက်ပြီး ရိပ်မိသွားပုံမရပေမဲ့ သူမလည်း စိတ်မသက်မသာခံစားလိုက်ရသည်။

"ဂရုစိုက်ဖို့ ? ယွီမိသားစုရဲ့ကံကြမ္မာကောင်း ဒါမှမဟုတ် အဖေ့ရဲ့ချစ်ခြင်းမေတ္တာကို လာယှဉ်ပြိုင်လာမယ့်သူကို ဂရုစိုက်ရမှာလား။ စိတ်မပူပါနဲ့၊ ငါ ဂရုမစိုက်ပါဘူး။"

ယွီယွဲ့သည် တစ်ဖက်လူ ဘာစမ်းသပ်နေသည်ကို မသိသော ကြောင့် အရာအားလုံးအား ရှင်းရှင်းလင်းလင်းလုပ်ရန်ဆုံး ဖြတ်လိုက်သည်။

“ငါ...အဲလိုကို ပြောချင်တာမဟုတ်ပါဘူး။ ဒီကလေးက နင်နဲ့ ဘယ်လိုပြိုင်နိုင်မှာလဲ၊ စိတ်မပူပါနဲ့၊ အဲ့လိုလုံးဝမဖြစ်ဘူး။"

ခယ့်ယွမ်အာ၏ တုန်လှုပ်သွားသောအသံသည် တဖြည်းဖြည်း တည်ငြိမ်သွားပြီး နောက်တစ်ခါအားထုတ်ဟန်ဖြင့်ပြောလာသည်။

"ငါ... ငါ့ခန္ဓာကိုယ်က အခုတလော နေလို့မကောင်းဖြစ်နေလို့ပါ။ ငါမျှော်လင့်တာက နင် ငါ့ကို ကူညီပေးနိုင်မလားလို့ပါ။ ဒီတစ်ခေါက်ထဲပါ အရမ်းမများပါဘူး။"

ခယ့်ယွမ်အာ ဤကဲ့သို့ ပြုမူလေလေ၊ ယွီယွဲ့သည် သူမ အား နည်းဟန်ဆောင်နေသည်ဟု ခံစားရ လေလေဖြစ်ကာ သူ့အား အန္တရာယ်ပြုရန်ထောင်ချောက်တစ်ခုဆင်သည်လို့ ထင်လေလေဖြစ်သည်။

သူငြင်းခါနီးတွင် ပိုင်ရှောင်ရှီသည် သူ့အားလှမ်းဆွဲလာသည်။

ရှင်းရှင်းကြီးကို၊ တစ်ဖက်လူ၏ ပေါ့ပေါ့တန်တန် စကားပြောပုံတွေဟာ သူမအား စိတ်မသက်မသာဖြစ်စေသော်လည်း၊ ထိုဗိုက်ထဲမှ ကလေးသည် ယွီယွဲ့၏အနာဂတ် မောင်နှမများဖြစ် လာနိုင်သောကြောင့် သူမလည်း အနည်းငယ်စိုးရိမ်မိသည်။ ဒါဟာ ယွီယွဲ့၏အရင်းနှီးဆုံးဆွေမျိုးဖြစ်လာမှာပင်။

ယွီယွဲ့လည်း ညီအကိုမောင်နှမများလိုဆက်ဆံနိုင်ပြီး ညီအကိုမောင်နှမများကဲ့သို့ ချစ်ခင်တွယ်တာနေသရွေ့ မောင်နှမတွေ ထပ်မွေးပါကလည စိတ်မရှိဘူးဟုဖွင့်ဟခဲ့ဖူးသည်။

ပိုင်ရှောင်ရှီသည် ခယ့်ယွမ်အာအား နောက်ဆုံးမြင်လိုက်ရသော အခါတုန်းတွင် ခယ့်ယွမ်အာသည် သူမ၏ဗိုက်အားအလွန်ဂရုတစိုက်ရှိပြီး ကလေးအား ချစ်မြတ်နိုးကြောင်း ရှင်းရှင်း လင်းလင်းသိရသည်။

သူမ မသက်မသာဖြစ်နေပြီ: သူမ၏ အခြေအနေအတွက် တကယ်ပဲ စိတ်ပူနေခဲ့တာဖြစ်နိုင်သလို မစ္စတာယွီ အလုပ်များနေသောကြောင့် သူမအား လိုက်ပါကူညီပေးဖို့ အဓိက ကူညီထောက်ပံ့မည့်လူကို လိုနေတာဖြစ်နိုင်သည်။

"အတူတူသွားရအောင်။" ပိုင်ရှောင်ရှီ ပြောလိုက်သည်။

ယွီယွဲ့ ကန့်ကွက်ချင်ပေမယ့် တစ်ခုခု တွေးမိသွားပုံရပြီး သူ့မျက်လုံးတွေ နည်းနည်းပြောင်းသွားသည်။ သူ ပိုင်ရှောင်ရှီရဲ့ ခေါင်းအား ချစ်ခင်စွာ ပွတ်သပ်ပြီး ပြောလိုက်သည်။

"ငါ့အချစ်လေး လိုချင်တာ ဘာဖြစ်ဖြစ်။"

ပိုင်ရှောင်ရှီ ချက်ချင်းပြုံးလိုက်သည်။

ဒါနဲ့ ယွီယွဲ့ ဖုန်းကိုင်ပြီး သူကိုင်တွယ်လိုက်မည်ဟုပြောကာ ဖုန်းချလိုက်သည်။

စမ်ထင် သူတို့အားလာရှာချိန်တွင် ပိုင်ရှောင်ရှီနဲ့ ယွီယွဲ့တို့ထွက်သွားပြီးဖြစ်သည်။

တခြားသူတွေကတော့ ယွီမိသားစုနှင့် ခယ့်ယွမ်အာရဲ့ လာမယ့်မင်္ဂလာပွဲအကြောင်းဆွေးနွေးနေကြသည်။

စမ်ထင်အနည်းငယ် အံ့သြသွားသည်။ သူတို့ ဒီနေ့အတင်းအ ဖျင်းအကြောင်း ဆွေးနွေးကြလိမ့်မည်လို့ သူမထင်ခဲ့တာဖြစ်သည်။

"ဒီအကြောင်းပြောနေတာလား ?"

စမ်ထင် ရှင်းရှင်းလင်းလင်းကို သူတို့၏အတင်းအဖျင်းအသစ်ဆီရွေ့တဲ့နှုန်းကမြန်လွန်းသည်ဟု ထင်မိသည်။

"ငါတို့ အတင်းအဖျင်းပြောတာ များလှပြီ၊ ဘယ်လောက်ပဲ အခြေအနေ ဆိုးနေပါစေ ငါတို့အတွက် ဖရဲသီးစားရတဲ့နောက်ထပ်တစ်ရက်ပဲ။"

ကောင်းယာလန် စမ်ထင်ဆီ လျှောက်သွားကာ ပွေ့ဖက်လိုက်သည်။

"ဘယ်လိုလဲ၊ ကျန်းမိသားစုရဲ့ အနာဂတ်မိသားစုဝင်တစ်ဝက်လေး။?"

စမ်ထင် ပြောလိုက်သည်။

"ဒီလိုပါပဲ။ ငါပြန်ဖို့လုပ်နေတာ၊ နင် လိုက်မှာလား။"

"ကျန်းရန် ထွက်မလာသေးဘူးလား။" လောဖေး မေးလိုက်သည်။

"ဒီလောက် ကိစ္စကြီးကို၊ ကျန်းမိသားစုက ဒါနဲ့ပတ်သတ်ပြီး သေချာဆွေးနွေးဖို့လိုတယ်။ပြီးတော့ ..."

စမ်ထင်ပြောနေတုန်း ဗီလာအပြင်ဘက်မှ ရဲဥသြသံများ ထွက်လာသည်။ မဒမ်ဝမ်နှင့် ကျန်းယုတို့ လက်ထိတ်ခတ်ခံထားရ ကာ ကြမ်းကြမ်းတမ်တမ်းခေါ်ထုတ်သွားခံထားရသည်ကိုမထွက်ခွာသွားသေးသော ဧည့်သည်များမှကြည့်ရှုခဲ့ကြသည်။

မိသားစုအသစ်ဖြစ်လာတဲ့ သုံးယောက်သားတံခါးဝမှာ မတ်တပ်ရပ်ကာ ၎င်းတို့အားထိခိုက်နစ်နာစေခဲ့တဲ့ လူမျထွက်ခွာသွားသည်ကိုကြည့်ရှုခဲ့ကြသည်။

ထုံးစံအတိုင်း၊ အဖွဲ့ငယ်လေးသည် ကျန်းရန်၏အခြေအနေအတွက် စိုးရိမ်နေကြသည်။ အေးဆေးတည်ငြိမ်တဲ့အမူအရာနဲ့ သူ့ကိုမြင်ရပြီး သူထိန်းချုပ်ထားမှန်း သိသာထင်ရှားပြီး အား နည်းချက်အား ပြခွင့်မပြုသည်ထိ သူ့မာနကြီးလှသည်။

အားလုံး အဝေးမှ နှုတ်ဆက်ပြီး အတူတူထွက်ခွာခဲ့ကြသည်။

"ဟေး ညီမလေး၊ နင်တကယ်ပဲ မဒမ်ရှဲ့ရဲ့ မွေးစားသမီးဖြစ်တော့မှာလား။ ဆိုလိုတာက နင်က ကျန်းရန်ရဲ့ မွေးစားညီမ ဖြစ်လိမ့်မှာ အဲ့လိုမဟုတ်လား။"

ကောင်းယာလန်က သူမစိတ်ဝင်စားဆုံးအသေးစိတ်အချက်ကို ထောက်ပြလိုက်သည်။

"စေ့စပ်ထားသူဖြစ်ဖြစ် ဒါမှမဟုတ် မွေးစားညီမပဲ ဖြစ်ဖြစ်၊ မင်းက သူနဲ့ တကယ်ကို ဆက်စပ်မှုရှိတုန်းပဲ။ ဘာလို့ အခုက တည်းက အဆင်ပြေအောင်မကြိုးစားတာလဲ ကျစ် ကျစ် ~"

စမ်ထင်သည် ဘာပြောရမှန်း မသိကာ မျက်မှောင်ဖျော့ဖျော့ကြုတ်ကာ သူ့အမူအရာသည် ယခင်လို မတည်ငြိမ်တော့ပေ။

[Pfft၊ ကျန်းရန် အကြောင်းကိုမသိခင်က ပြောဖို့ခက်ပေမယ့် အခုတော့ ရယ်စရာကြီး။ တိတ်တခိုး တစ်ဖက်သတ်အချစ်က အခုတော့ မွေးစားညီမဖြစ်သွားပြီး...]

ချင်ရှန့်သည် မျက်ခုံးပင့်လိုက်သည်။ ကျန်းရန်၏စရိုက်လက္ခဏာအရ... စမ်ထင်သည် အခြားသူနှင့် အတူရှိမနေသရွေ့ သူ့ကိုယ်သူ အပြည့်အဝ လွတ်မြောက်ခွင့်ပေးပြီး စမ်ထင်ကို လိုက်ရန် ပြင်းပြင်းထန်ထန် ကြိုးစားပေလိမ့်မည်။

သို့သော် စမ်ထင်သည် မကျရှုံးလောက်ပေ။

သေချာတာပေါ့။ သူတို့ စမ်ထင်ပြောတာကြားလိုက်သည်။

"ဒါကို ဟာသလုပ်မနေနဲ့။ လွတ်လွတ်ကျွတ်ကျွတ်နဲ့ ငါ့မိသားစု မစ်ရှင်ကို ပြီးသွားတာကို ဘာလို့ထောင်ထဲသွားချင်ရမှာလဲ။”

"ဟားဟား၊ ငါ့ညီမလေး ငါမျှော်လင့်ထားတဲ့အတိုင်းပဲ။ ငါတို့ရဲ့ ပင်ကိုယ်စရိုက်တွေက ကမ္ဘာခြားနေပေမယ့် အိမ်ထောင်ရေးအပေါ် တူညီတဲ့အမြင်ရှိတယ်။" ကောင်းယာလန်ရယ်လိုက်သည်။

"သေချာတာပေါ့၊ အိမ်ထောင်ရေးဆိုတာ လှောင်အိမ်တစ်ခုပဲ။" ကျီဖေးလည်း ဝင်ရောက်အသံပြုလိုက်သည်။

သူမ ပြောလာသောအခါတွင် အားလုံး သူ့အားကြည့်လာကာ နောက်ချင်ရှန့်အား သံသယဖြင့်ကြည့်လိုက်ကြသည်။

ချင်ရှန့်:...

ဇနီးဖြစ်သူ၏အင်္ကျီလက်စအား အနည်းငယ်သောနစ်နာမှုဖြင့် ဆွဲကိုင်လိုက်သည်။

ကျီဖေး ချက်ခြင်းသဘောပေါက်သွားသည်။ ဟုတ်သား ! ငါက အိမ်ထောင်ကျပြီးသားပဲ။ ငါ ဒီလို မညည်းညူသင့်ဘူး။

"သာယာတဲ့အိမ်ထောင်ရေးကတော့ အဲ့လိုမဟုတ်ပါဘူး!"

ကျီဖေး အမြန်ဖုံးဖိရန်ကြိုးစားလိုက်ရသည်။

All Chapters