အခန်း (၂၉၄)
Vol. 30 Ch. 294
အားလုံး ရယ်မောလိုက်ကြသည်။
"ဒါဆို ကြည့်ရတာ ချင်ရှန့်နဲ့ နင့်တို့ရဲ့အိမ်ထောင်ရေးက သာယာတဲ့အိမ်ထောင်ရေးထင်တယ်။ ဟမ်?" ကောင်းယာလန် နောက်ပြောင်လိုက်သည်။
ကျီဖေး ခေတ္တအံ့အားသင့်သွားပြီး မည်သို့တုံ့ပြန်ရမည်မသိဖြစ်သွားသည်။ သူမ ချင်ရှန့်အားတစ်ချက်ကြည့်လိုက်ရာ သူ၏ပုံမှန်နက်မှောင်သော မျက်လုံးများသည်လရောင်အောက်တွင် အလင်းမှုန်လေးများဖြင့်တောက်ပနေသော ရေကန်တစ်ကန်နှင့် ဆင်တူသည့် ကြည်လင်သောမျက်လုံးတစ်စုံအား သူမတွေ့လိုက်သည်။ သေချာကြည့်လိုက်လျှင် ထိုအလင်းမှုန်များသည် သူမ၏ရုပ်သွင်အဖြစ်ပြောင်းသွားကာ အလွန်ဖမ်း စားနိုင်သဖြင့် ကျီဖေးနှလုံးခုန်သံမြန်သွားရသည်။
【အဲဒါက……အခုထိ သာယာတယ်】
ချင်ရှန့်၏နှလုံးသားသည် ခံစားချက်များဖြင့်ပြည့်နှက်နေပြီး သူမနေနိုင်ပဲ ကျီဖေး၏လက်ကိုဆုပ်ကိုင်ကာ လက်ချောင်းများကို ရောယှက်လိုက်သဖြင့် ကျီဖေးအားရှက်ရွံ့သွားစေသည်။
【ရှင်ဘာလို့ ရုတ်တရက်ကြီး လက်လာကိုင်နေတာလဲ။】
သူ သူမ ပြောတာကိုကြားသော်လည်း ချင်ရှန့် မလွှတ်ခဲ့ပေ။ ထိုအစား သူတည်ငြိမ်ဟန်ဆောင်ပြီး ပေါ့ပေါ့ပါးပါးပင် ခေါင်းစဥ် ပြောင်းလိုက်သည်။
“ပါး၊ မားတို့ အာ့ကျဲနဲ့ အတူတူစောင့်နေကြတယ်။ မြန်မြန်သွားရအောင်။” သည်လိုနှင့် ချင်ရှန့်ကျီဖေးအား “တတိယဘီးများ”နှင့်ဝေးရာသို့ အမြန်ခေါ်လာခဲ့သည်။
အခြားသူများအရှက်မရှိ သူတို့နောက်သို့လိုက်မည်မဟုတ်ကြောင်းသေချာသောအခါ၊ ချင်ရှန့်သည် ဇနီးဖြစ်သူ၏လက် ကိုင်ထားရင်း တရွတ်ဆွဲခေါ်လာရာမှနှေးလိုက်ကာ ၎င်းတို့အား စောင့်နေသည့် "တတိယဘီး" သုံးဘီးရှိသည့် ကားဆီသို့သွားလိုက်သည်။
ချင်မိသားစုဝင်သုံးယောက် : ... ဘာလို့ နှေးနှေးလေးလျှောက်နေကြတာလဲ ?
အိမ်အပြန်လမ်းတွင် လူတိုင်းသည် ကျန်းမိသားစုအကြောင်း အရည်ရွှမ်းသောအတင်းအဖျင်းကို ဆွေးနွေးနေကြသည် ။ အဆိုပါ အရှုပ်တော်ပုံသည် အလွန်ပြင်းထန်ပြီး လူတိုင်းဆီပျံ့နှံ့သွားသည်။
ချင်မိသားစုသည် ကျီဖေးအား ပိုချစ်လာကြသည်။ သူတို့၏ အဖိုးတန်ကျီဖေးသာမရှိပါက တချို့လူများ၏ဘဝများပျက် စီးသွားရပေလိမ့်မည်။
သူတို့သည် အလွန်ကျေးဇူးတင်သော်ငြား ယင်းအကြောင်းအား ပွင့်ပွင့်လင်းလင်းမပြောနိုင်ကြပေ။ သူတို့သည် ချင်ရှန့်အားအထင်သေးစွာ မကြည့်ဘဲမနေနိုင်တော့ပေ။ အပေါ်ယံတွင် အရာအားလုံးကိုဖော်ထုတ်ခဲ့သူမှာ ချင်ရှန့်ဖြစ်နေသော ကြောင့်ပင်။ ကျန်းမိသားစုသည်လည်း ချင်ရှန့်ကို သေချာ ပေါက် ကောင်းကောင်းမွန်မွန်ကျေးဇူးတင်လိမ့်မည်။
ချင်မိသားစုဝင်သုံးယောက် - ကျစ်~ သူ့မိန်းမရဲ့ကျေးဇူးနဲ့ ကံကောင်းနေတဲ့ကောင်ပဲ
အိမ်ပြန်ရောက်သည်နှင့် လူတိုင်း ၎င်းတို့၏ပုံမှန်လူနေမှုအသိုင်းအဝိုင်းသို့ ကျင်လည်ရပြန်သည်။
သေချာပေါက် ကျန်းမိသားစုရဲ့ကလေးလဲခံလိုက်ရသည့် အရှုပ်တော်ပုံသည် လူနေမှုအသိုင်းအဝိုင်းတိုင်းတွင် ပေါက်ကြားနေပြီး ယခင်နာမည်ကြီး အရှုပ်တော်ပုံများထက်ပိုစိတ်လှုပ်ရှားစရာကောင်းသည်။ ဤသည်မှာ အရှုပ်တော်ပုံသည် အားကောင်းနေခြင်းကြောင့်မဟုတ်၊ ကျန်းမိသားစု၏မီး လောင်ရာလေပင့်မှုကြောင့်ဖြစ်သည်။
"မဒမ်ရှဲ့ နယ်ပယ်စုံကနေ ဇာတ်ညွှန်းရေးဖို့ လူတွေစီစဉ်ထားတာဖြစ်ရမယ်။" ချင်ရှန့် ရေချိုးပြီး ရေချိုးခန်းထဲမှ ထွက်လာချိန်တွင် ကျီဖေး၏ညည်းညူသံအား ကြားလိုက်ရသည်။
ချင်ရှန့်သည် ယခုအခါတွင် အလွန်အောင်မြင်နေကာ ကျီဖေးနှင့်အတူနေထိုင်ခွင့်ရရှိပြီး သူ၏ရေချိုးခန်းသုံးပစ္စည်းများနှင့် အဝတ်အစားများအားလုံးကို သူမ၏နေရာသို့ရွှေ့ပြောင်းထားပြီးဖြစ်သည်။
ဒါ သူ့၏မလျှော့သောဇွဲရလဒ်ပင်။
သို့သော် ချင်မိသားစုဝင်များ၏အမြင်တွင်မူ သူသည် အလွန်သနားစရာကောင်းဆဲပင်။ ဒီအချိန်ထိ သူ့အောင်မြင်မှုသည် ကုတင်တစ်လုံးတည်း အတူအိပ်ခွင့်သာရှိသေးသည်ကိုက မယုံနိုင်စရာပင်။
ကျီဖေး ချင်ရှန့်ထွက်လာသည်ကိုမြင်မြင်ချင်း ညီးညူလိုက်သည်။
"ရှင် သိလား။ ဒီညရဲ့ အရှုပ်တော်ပုံက ဒီလောက်ကြီးတာကို ဘာလို့ ခုချိန်ထိ အင်တာနက်သုံးစွဲသူတွေက ကျမကိုပဲ အာရုံ စိုက်နေကြတာလဲ။"
ချင်ရှန့် ငုံ့ကြည့်လိုက်သည်။ ကျီဖေးသည် သူ့အလုပ်ကွန်ပြူတာနှင့် ဝဘ်အားဖွင့်ထားခဲ့သည်။ ကျန်းမိသားစု၏ဒရမ်မာဆန်ဆန်ချစ်ခြင်းမေတ္တာနှင့် ကလဲ့စားချေခြင်း ဇာတ်လမ်းအပြင် ကျီဖေး၏ကျော်ကြားမှုသည်လည်း မိုးထိမြင့်မားနေသည်။
ထိုစကားပုံသည်အမှန်ဖြစ်နေသကဲ့သို့ပင်- သူမသည် စင်မြင့်ပေါ်တွင် မရှိသော်ငြား ကမ္ဘာကြီးသည် ကျီဖေး၏ဒဏ္ဍာရီများနှင့်ပြည့်နေသည်။
"ဖေးဖေး မင်း အဲ့နေရာကို ဘယ်လိုလုပ်ထပ်ရောက်သွားပြန်တာလဲ ?"
"ဖေးကျဲရဲ့ အတင်းအဖျင်းနယ်ပယ်မှာ ငါတို့မသိသေးတဲ့ အံ့သြစရာတွေ အများကြီးရှိရမယ်!"
"ဖေးကျဲရဲ့ပရိသတ်တွေက ကမ္ဘာပေါ်မှာအပျော်ဆုံးပဲ ဖေးဖေးရဲ့ အတင်းအဖျင်းနယ်ပယ်က ငါ ထင်ထားတာထက်တောင် ပိုပြီး ဒရမ်မာဆန်သေးတယ်။"
ဤသည်မှာ အခြား celebritieများ လိုက်တုလို့မရနိုင်သော စိတ်လှုပ်ရှားမှုပင်။ Fei Gate Followers လေးများ ထိန်းမရတော့ချေ။
"ဖေးကျဲက ရှေးဂရိနိုင်ငံက အတင်းအဖျင်း နတ်ဘုရားမဖြစ်ရမယ်!"
...
ထို့နောက်တွင် အရှုပ်တော်ပုံများဖြစ်ပွားချိန်တွင် ကျီးဖေးရှိနေခဲ့သည်ပွဲ့များကိုစာရင်းပြုစုလိုက်ကြသည်။ သေချာပေါက် သူ မရှိသည့် ပွဲဟူ၍မရှိပေ။
【ဒီလိုနှုန်းနဲ့သာဆို လူတိုင်း ငါ့ကိုရှောင်ကြတော့မှာပဲ၊ နောက် ထပ် အခင်းဖြစ်တဲ့နေရာကိုကိုယ်တိုင်သွားပြီး အတင်းအဖျင်းပြောရတဲ့ ပီတိကိုမခံစားနိုင်တော့ရင် ဘယ်လိုလုပ်ရမှာလဲလို့။ သေချာပေါက် စနစ်နဲ့အတင်းအဖျင်းစားရတာလည်း ကောင်းပါတယ်။ ဒါပေမယ့် လူကိုယ်တိုင်သွားစားရတာလောက်တော့ စိတ်လှုပ်ရှားစရာမကောင်းဘူးလေ။] ကျီဖေး အလွန်စိတ်ဆိုးသွားသည်။
ချင်ရှန့်သည် လူထုအမြင်အားစီမံရန် ဖေးကျဲအား ဆက်သွယ်ထားပြီးဖြစ်သော်လည်း ပရိသတ်များ၏အားပေးမှုအား လျော့ချရန် ခက်ခဲနေဆဲဖြစ်သည်။
သူကျီဖေး၏ခေါင်းကို ပုတ်ပြီးပြောလိုက်သည်။ "စိတ်မပူပါနဲ့ မင်း သွားချင်တဲ့နေရာကိုသွား။ အတင်းအဖျင်းရှိတဲ့နေရာတိုင်းကို ခေါ်သွားပေးမယ်။"
ဤရည်ရွယ်ချက်အတွက် သူ၏ CEO ပါဝါကိုအသုံးပြုသည့် သူမှာ ချင်ရှန့်က ပထမဆုံးဖြစ်သည်။
ကျီဖေး မရယ်ပဲမနေနိုင်တော့ချေ။
နောက်တစ်နေ့တွင် ကျန်းမိသားစုသုံးယောက်သည် ချင်ရှန့်အား ကျေးဇူးတင်ကြောင်းပြသည့်အနေဖြင့် လက်ဆောင်ကြီးများယူဆောင်ကာ ခြံတံခါးသို့ ရောက်ရှိလာသည်။ ချင်ရှန့်သည် ကျီဖေးမှသူ့အား သတိပေးခဲ့သည့်အတွက် သူလုပ် ဆောင်နိုင်ခဲ့ကာ သူမ၏အားထုတ်မှုဟုချက်ချင်းပြောခဲ့သည်။
ကျန်းရန် လုံးလုံးအဆင်မပြေသေးသော်ငြားပြုံးကာပြောလိုက်သည်။
"စိတ်မပူပါနဲ့ မင်းမိန်းမအပေါ်ထားတဲ့ မင်းရဲ့ချစ်ခြင်းမေတ္တာကအသိုင်းအဝိုင်းထဲမှာနာမည်ကြီးပဲ၊ ဒါကြောင့် ငါတို့ပြင်ဆင်ထားတဲ့လက်ဆောင်တွေက အစတကည်းက ကျီဖေးအတွက်ချည်းပဲ။"
ကျန်းရန်သည် အလွန်စဉ်းစားတွေးခေါ်တတ်သူဖြစ်သဖြင့် ယခင် ချင်ရှန့် ကျီဖေးအတွက် ပြင်ဆင်ထားသည့် လက်ဆောင်များအားမြင်ဘူးကာ ယခုတစ်ကြိမ်တွင် လက်ဆောင်များ ရွေး ချယ်ရာ၌ ဂရုတစိုက်ရွေးချယ်ခဲ့သည်။
ကျီဖေးသည် ထိုညတွင် ၎င်းတို့ကိုရေတွက်ရင်း သူမ ပါးစပ်မစိနိုင်သည်ထိပျော်ရွှင်နေခဲ့သည်။
နောက်ပိုင်းတွင် စမ်ထင်သည်လည်း သူတို့ သူမကိုကယ်တင်ခဲ့သောကြောင့် ကျေးဇူးတင်စကားဆိုရန်လာခဲ့သေးသည်။
ရက်အနည်းငယ်ကြာပြီးနောက် ကျန်းမိသားစုသည် မဒမ်ဝမ်အားထောင်ဒဏ်နှစ်ရှည်ကျရန် တရားစွဲရန်ဆုံးဖြတ်ထားကြောင်း ကောလာဟလများထွက်ပေါ်လာသည်။
ဝမ်မိသားစု၏အရေးကြီးသော စီးပွားရေးသဘောတူညီချက်အများအပြားသည် ကျန်းရန်ရှိသောကြောင့် အာမခံချက်ရှိခြင်းဖြစ်သည်။ ကျန်းရန်သည် သူ၏ရပ်တည်ချက်အား ဖော်ပြလိုက်သောအခါ ဝမ်မိသားစုကုမ္ပဏီသည် ငွေကြေးဆိုင်ရာ လို အပ်ချက်များ ချက်ချင်းရင်ဆိုင်လုနီးပါးဖြစ်ကာ သစ်ပင်ပြိုလဲကာမျောက်များပြန့်ကျဲသွားသည်။ မဒမ်ဝမ်၏ခင်ပွန်းသည် တိုက်ရိုက်ထွက်ပြေးသွားခဲ့ပြီး မဒမ်ဝမ်အတွက် မည်သည်မှ မချန်ရစ်ခဲ့ကာ သူ၏တစ်ခုတည်းကျန်သော အသိစိတ်မှာစိတ်ပိုင်းဆိုင်ရာနှင့် စိတ်ခံစားမှုပိုင်းဆိုင်းရာ ချို့ယွင်းသွားသော ဝမ်ရူအား နိုင်ငံခြားသို့ခေါ်ဆောင်သွားခြင်းဖြစ်သည်။
မဒမ်ဝမ်၏မူရင်းမိသားစုသည်လည်း သူမနှင့် အဆက်အ သွယ်ဖြတ်တောက်ကာ သူမ၏လုပ်ရပ်များအား သတိမပြုမိခဲ့ဘဲ အနာဂတ်တွင်လည်း ဝင်ရောက်စွက်ဖက်မည်မဟုတ်ကြောင်းပြောကြားခဲ့သည်။
ထို့ကြောင့် မဒမ်ဝမ်အား မည်သူမှမကယ်ခဲ့ကြပေ။ မဒမ်ဝမ်သည် ချက်ချင်းရူးသွပ်သွားပြီးပြဿနာရှာခဲ့သည်။ သို့သော် ကျန်းမိသားစုသည် ၎င်းအား တင်းတင်းကြပ်ကြပ်ဖုံးကွယ်ထားကာ သူမ၏ပြစ်ဒဏ်မှလွတ်မြောက်ရန် စိတ်ရောဂါအား အကြောင်းပြချက်အဖြစ် အသုံးမပြုနိုင်ရန်သေချာလုပ်ခဲ့ကြသည်။
ဝမ်ရူ ထွက်ခွာသွားခြင်းသည် မူးယစ်ဆေးဝါးနှင့် အမှုဆင်ခြင်း၏အကျိုးဆက်အချို့အား ကျန်းယုပေါ်တွင်သာ ကျရောက်စေသည်။ နောက်ဆုံး သူ့အားပြန်ထုတ်ပေးမည်ဖြစ် သည်။ သူသည် ကျန်းမိသားစုအကြီးဆုံးသား၏ အမွေဆက်ခံသူဖြစ်သည့်အတွက်ဖြစ်ကာ သူ့အားနိုင်ငံခြားပို့ကာထိန်းသိမ်းထားဖို့ဆုံးဖြတ်ခဲ့သည်။
များမကြာမီ၊ ကျန်းမိသားစုသည် ကလေးတစ်ဦးအား တရား ဝင်မွေးစားရန် ခမ်းနားသော ပွဲတစ်ခုအားကျင်းပခဲ့ပြီး ၎င်းတို့ မိသားစုသည်တည်ငြိမ်၊ အားကောင်းနေဆဲဖြစ်ကြောင်းပြသရန် ဧည့်သည်များအားဖိတ်ကြားခဲ့သည်။
ကျီဖေးနှင့် ချင်ရှန့်တို့လည်း တက်ရောက်ခဲ့ကြသော်လည်း အတင်းအဖျင်းအသစ်မရှိဘဲ အရာအားလုံးချောမွေ့ခဲ့သည်။
သူတို့ ကြားလိုက်ရသည့် အတင်းအဖျင်းမှာ ယွီယွဲ့ထံမှဖြစ် သည်။
လျှို့ဝှက်ချက်ဖြစ်သော်လည်း ယွီယွဲ့သည် သူ့အဖေ၏အရှက်ကိုဂရုမစိုက်စွာ သူ့သူငယ်ချင်းများနှင့်မျှဝေခဲ့သည်။
【လန့်စရာကြီး၊ ယောက်ျားပီသဖို့ဆေးသောက်ပြီး ပြဿနာတက်သွားတယ်—ဒီပါးပါးယွီက တကယ်ကိုပြဿနာဆို အကုန်လုပ်နေတာပဲ...နေပါဦး၊ သူ့ဇနီးအသစ်က ကိုယ်ဝန်ရှိနေပြီး မဟုတ်ဘူးလား။ သူက ဘာလို့ ဆေးသောက်နေရသေးတာလဲ။ အိုး... သူ့အရင်မိန်းမအတွက် ဆေးသောက်ခဲ့တာကိုး။ ရပ်လိုက်တော့ ကျန်နေတဲ့ ဆေးအာနိသင်တွေစုပုံလာပြီးပေါက်ကွဲသွားတာ။]
ယွီယွဲ့ ညီးညူလိုက်သည်။
"ဟမ့်၊ သူ့ခန္ဓာကိုယ်ကတော့ ပျက်စီးသွားပြီး။ သူ လုံးဝမသန်မစွမ်းဖြစ်သွားတာမဟုတ်ပေမယ့် နောက်ဘယ်တော့မှ အဖေ မဖြစ်နိုင်တော့ဘူး။ သူ့မျိုးဆက်ဆိုလို့ ငါနဲ့ မမွေးရသေးတဲ့ ကလေးပဲကျန်တော့တယ်။ သူ့ကလေးတွေကို အမြဲတမ်းအ တွက်ဆုံးရှုံးသွားရပြီ။ ဒါဝဋ်ကြွေးလာလို့တောင် ထင်ရတယ်။”
"အဲ့လို မပြောပါနဲ့။"
ပိုင်ရှောင်ရှီ မျက်မှောက်ကြုတ်ကာ လေးနက်သောအသံဖြင့် ပြောလိုက်သည်။
ယွီယွဲ့ သူ့အချစ်လေးအားအမြန်နှစ်သိမ့်လိုက်သည်။
တခြားသူတွေ ဘာမှသိပ်မပြောကြပေ။ သူဆေးရုံတက်နေသောကြောင့် စီစဥ်ထားသော မင်္ဂလာပွဲအားဆက်ကျင်းပမည်လားဆိုသည်အား သိချင်နေကြသည်။
ယွီယွဲ့ ပခုံးတွန့်ကာ သူ မသိကြောင်းပြသည်။ သို့သော် မကြာမီ ခယ့်ယွမ်အာနေမကောင်းသောကြောင့် သူမ၏ကိုယ်ဝန်အား ဂရုစိုက်ရန်လိုအပ်ကာ မင်္ဂလာပွဲမှာ တစ်ပတ်နှောင့်နှေးမည်ဖြစ်ကြောင်း အကြောင်းကြားစာရခဲ့ကြသည်။
သို့သော် တကယ့်အဖြစ်အပျက်မှာ...