← Chapters

အခန်း (၂၉၅)

Vol. 30 Ch. 295

အခန်း (၂၉၅)

Vol. 30 Ch. 295

ပါးပါးယွီ သေရမည်ကို ကြောက်သည်။ ထို့ကြောင့် အထူးတ လည် နိုင်ငံခြားသွားကာ ဆေးကုသမှုခံယူသည်။ သူသည် ကလေးယူခြင်းအား အမှန်တကယ် စွဲလမ်းနေသည်။ သူ့ကလေးလွယ်နိုင်သည့် အမျိုးသမီးရှာ့တွေ့ဖို့ရန် မလွယ်လှပေ။ မည်သည့်အမှားအယွင်းမှ အဖြစ်မခံနိုင်ပေ။

အမှန်တရားအား ကြားပြီးနောက် ချင်မိသားစု တိတ်တဆိတ် ခေါင်းခါသည်။

"ယွီမိသားစုက သူတို့ အမွေပေးစရာရှိတော့ ကြောက်နေကြတာထင်တယ်။”

【လောလောဆယ်တော့ မျှော်လင့်ချက်မဲ့နေပုံပဲ။】

ချင်မိသားစု စိတ်မပူပါချေ။ မင်္ဂလာပွဲအား ရွှေ့ဆိုင်းထားသည်သာ။ မကြာမီက အတင်းအဖျင်းကြီးရှိခဲ့သောကြောင့် သူတို့အပေါ်စိတ်ဝင်စားမှုနည်းနေသည်။

သို့သော် လတ်တလော၌ ကျီဖေးအလုပ်များနေသည်။ သူမအား မည်သည့်အလုပ်ရှုပ်နေရသနည်း မေးသည့်အခါတိုင်း လျှို့ဝှက်ထားဆဲဖြစ်ကာ ချင်ရှန့်တစ်ယောက်သာ ရတတ်မအေးဖြစ်နေရသည်။ ထိုည သူ ရေချိုးခန်းမှထွက်လာချိန်တွင် ကျီဖေးပြုံးနေသည်ကိုတွေ့ လိုက်ရသည်။

ကျီဖေး၏မျက်လုံးများသည် ငါးဖမ်းမိခဲ့သည့် ကြောင်တစ်ကောင်လိုတောက်ပနေသည်။ သူ အပြုံးလေးနှင့်

"ကျမ နိုင်သွားတာလေ။ အဲ့ဒါလေးကို ကျမတို့အခုစလိုက်ကြမလား။"

စမ်ထင်၏ရွေးချယ်မှုကြောင့် ကျီဖေးသည် အလောင်းအစားနိုင်ခဲ့ပြီး ယခုမူလိုရာဖြည့်ဆည်းပေးချိန်ရောက်ပြီဖြစ်သည်။

ချင်ရှန့် အနေခက်သော်ငြား မှန်တင်ခုံရှေ့တွင်နာခံစွာထိုင်နေ သည်။

သူ အနည်းငယ်စိတ်ပျက်ပြီး ကူကယ်ရာမဲ့သွားသည်။

“ကိုယ်တို့ ဒါမလုပ်ပဲ တခြားဟာလုပ်ရအောင်လေ။” ချင်ရှန့် ကန့်ကွက်ကြည့်သည်။

မူလတွင် ကျီဖေး နိုင်သွားသည့်အတွက် တစ်ခုခုတောင်းဆိုလာမည် ထင်ခဲ့သည်။ သို့သော် ထိုအစား…..

ကျီဖေး သူမ၏မိတ်ကပ်အိတ်အားကိုင်ကာ စိတ်လှုပ်ရှားစွာ ပြောသည်။

"အဝတ်အစားတွေနဲ့ ဆံပင်လည်းအကုန်ပြင်ပြီးပြီ။ ရှင့်ကို အလှလေးအဖြစ် သေသေချာချာလေးပြောင်းလဲပေးဖို့ ထန်အာ့ဆီကနေ သေသေချာချာသင်ခဲ့တာနော်။”

【ဟီးဟီး၊ ချင်ရှန့်ရဲ့မျက်နှာလှလှလေး။ သူသာ မိန်းကလေးဆိုရင် မြို့တွေ၊ နိုင်ငံတွေကို ဖျက်စီးနိုင်တဲ့ ပြည်ဖျက်အလှလေးဖြစ်မှာ။ ကလေးတုန်းက ပုံမှာတောင် အလှလေးမှန်းသိ သာတယ်။ အခု ချင်ရှန့် မိန်းကလေးဝတ်စုံဝတ်တာ မြင်ဖူးတော့မယ်။ ပြီးရင် ကျဲလှလှလေးကိုပွေ့ဖက်ပစ်မယ်။]

ချင်ရှန့် မည်သည့်အမူအရာမှ မရှိတော့ပေ။ ကျီဖေးအား ဤ သို့အကြံဆိုးပေးလိုက်သည့် သူ့မိဘတွေကိုသာအပြစ်တင်ရင်း သက်ပြင်းချလိုက်သည်။

လွန်ခဲ့သည့် တစ်ပတ်မှစ၍ ကျီဖေး ထိုအကြံကို တွေးမိခဲ့ခြင်းဖြစ်သည်။ ကျီဖေးသည် သူ မိသားစုဓာတ်ပုံအယ်လ်ဘမ်မှ သူ မင်းသမီးလေးကဲ့သို့ဝတ်ဆင်ထားသည့် ဓာတ်ပုံအားမြင်သွားသည်။

သူငယ်စဥ်က စကတ်ဝတ်ခဲ့သည်ကိုမမှတ်မိတော့ပေ။ မားမားချင်သည် သူ့အား မိန်းကလေးလိုဝတ်ဆင်ပေးရသည်ကို ဝါသ နာပါသည်ဟုတွေးကာ သိပ်ဂရုမစိုက်ခဲ့ပေ။

အဝေးအခန်းရှိ မားမားချင် နှာချေလိုက်သည်။

"ဘာဖြစ်နေတာလဲ၊ အအေးမိနေလား။" ပါးပါးချင် မေးသည်။

လက်ရှိတွင် မားမားချင်သည် ဓာတ်ပုံများအားအယ်လ်ဘမ်ထဲသို့ထည့်နေပြီး သူမ၏ နှာခေါင်းကိုပွတ်ကာ "ဟင့်အင်း၊ ဒီဓာတ်ပုံကို ကြည့်စမ်းပါဦး။ ရှင့်သား ဖေးဖေးကိုငေးကြည့်နေတာ၊ ဒီအမေအိုကြီးရဲ့ နှလုံးသားအရည်ပျော်သွားရပြီ"

ပါးပါးချင် ငုံ့ကြည့်လိုက်သည်။ ၎င်းသည် မကြာသေးမီက ဧည့်ခန်းတွင်ရိုက်ထားသော ဓာတ်ပုံဖြစ်သည်။ ကျီဖေးနှင့် ချင်ရန် စိတ်လှုပ်ရှားစွာစကားပြောနေကြကာ ချင်ရှန့်သည် စကားဝိုင်းတွင်မပါဝင်သော်လည်း ကျီဖေးအားကြည့်နေခဲ့သည်။ သူ့မျက်လုံးထဲမှ ချစ်ခြင်းမေတ္တာသည် ကြည်လင်ပြတ်သားလွန်းလှကာ ထိုဓာတ်ပုံသည်သက်သေပင်။ သူ သူမအားချစ်ကျွမ်း ဝင်နေသည်။

"တကယ်တော့ ရှန့်အာက ဖေးဖေးရဲ့ကျေးဇူးကြောင့် အများကြီးပြောင်းလဲသွားတာ။ အရင်တုန်းကဆို ရှန့်အာက ငါတို့နဲ့ စကားမပြောဘူး။ အတင်းအဖျင်းမပြောဘူး။ သူ အမြဲတမ်း တိတ်ဆိတ်ပြီး သူဟာသူနေတာ။" ပါးပါးချင် သက်ပြင်းချသည်။

“ဟုတ်ပါ့ ဖေးဖေးကျေးဇူးတွေ။ ဖေးဖေးက ငါတို့ ချင်ရှန့်လေးရဲ့ ကံကောင်းတဲ့ ကြယ်ပွင့်လေးလေ။"

မားမားချင် ဓာတ်ပုံထည့်ရင်းအပြုံးလေးနှင့်ပြောလိုက်သည်။ ထို့နောက် သူတို့နှစ်ယောက်ကြား အခြေအနေတင်းမာခဲ့သည့် လွန်ခဲ့သည့်တစ်နှစ်မှ ဓာတ်ပုံကိုကြည့်လိုက်သည်။

မာမားချင်သည် မတူသောကာလမှ မတူသောကျီဖေးအား ကြည့်ကာ ထူးဆန်းသွားသည်။ ယှဥ်ကြည့်လျှင် မျက်နှာတူသော်ငြား ကွဲပြားသောလူနှစ်ယောက်လိုပင်။

ထုံးစံအတိုင်းဓာတ်ပုံထဲမှ သူမသားသည်လည်း ကွဲပြားသည်။ တစ်ဦးမှာ အေးစက်အထီးကျန်ကာ ကျန်တစ်ဦးမှာ ချစ်ကျွမ်းဘဝင်နေသည်။ အမေတစ်ယောက်အနေနှင့် နှစ်ယောက်လုံး ချင်ရှန့်မှန်း သူမသိသည်။

သို့သော် သူမ အယ်လ်ဘမ် အစဆုံးမှ ဓာတ်ပုံအား လှန်ကြည့်လိုက်သည်။

ကလေးလေးချင်ရှန့် ကင်မရာအား ကြည့်သည့် ဓာတ်ပုံမှာရှားသည်။

အမှန်မှာ သူသည် ကင်မရာအားမကြည့်ဘဲ ဓာတ်ပုံရိုက်နေသည့်လူကို ကြည့်နေခြင်းဖြစ်သည်။

ဤဓာတ်ပုံတွင် ချို့ယွင်းချက်တစ်ခု ရှိခဲ့သည်။ ညာဘက်အပေါ်ထောင့်တွင် တစ်စုံတစ်ခုက ပိတ်ထားသည်။ ကလေးလေးဖြစ်သည် ဖေးဖေး ပထမဆုံးအကြိမ် ကင်မရာ ကိုင်ခြင်းဖြစ်သည်။ တည်ငြိမ်စွာ မကိုင်နိုင်ခြင်းကြောင့် ဓာတ်ပုံရိုက်သည့်အခါ သူ့လက်ချောင်းများသည် မှန်ဘီလူးကိုမတော်တ ဆပိတ်မိသွားသည်။

ဖေးဖေးသည် အကျင့်ပုတ်စွာ ဓာတ်ပုံရိုက်ရန်တာဝန်အားထမ်း ဆောင်ခဲ့သည်။ သူမသည် ချင်ရှန့်၏ဖိအားပေးခံရကာ မင်းသမီးဝတ်စုံ ဝတ်ဆင်သည့် ဤအခိုက်အတန့်ကို ဓာတ်ပုံရိုက်ချင်ခဲ့ခြင်းဖြစ်သည်။

အပြာနုရောင် ဂါဝန်၊ အနက်ရောင်ဆံနွယ်တွင် ဖဲကြုးပြာချည်ထားကာ နီရဲသော နှုတ်ခမ်း၊အဖြူရောင်သွားများနှင့် အလွန် ဖြူစင်၊လှပနေသည်။

ဖေးဖေးသည် အရုပ်ကြီးရလိုက်သကဲ့သို့ ချင်ရှန့်ကလေးအား အချိန်အတော်ကြာ ပျော်ရွှင်စွာပွေ့ဖက်ထားခဲ့သည်။

မားမားချင် သူ့သားအား မိန်းကလေးအဝတ်ဆက်ပေးချင်ခဲ့သော်လည်း ဒီမတော်တဆမှုကြောင့် ချင်ရှန့် မပူးပေါင်တော့ပါချေ။ ချင်ကျောက်သည် ချင်ရှန့်ကလေးအားနှိပ်စက်ခဲ့သေးသည်။

ယခု ကလေးများကြိုးပျင်းလာချိန်မှာ ဤကဲ့သို့ ထပ်မစနိုင်တော့ချေ။

သူမချွေးမသည် လက်ရှိ ဤကဲ့သို့ဆော့နေကြောင့်မသိကာ နောင်တရစွာပြောလိုက်သည်။

မှန်တင်ခုံရှေ့ထိုင်ကာ သူ့မျက်နှာပေါ် အလွှာပေါ်အလွှာဆင့်နေသည်အား ခံစားရသည်မှာ တစ်နာရီကျော်နေပြီဖြစ်သည်။

ချင်ရှန့် ရင်နာသွားကာ ပြောလိုက်သည်။

"မင်း လက်မနာဘူးလား? ငါ့ကိုတကယ်ပြင်ဆင်စေချင် ငါတို့ မိတ်ကပ်ပညာရှင် ငှားလို့ရတယ်လေ..."

"မရပါဘူး။ ချင်ရှန့်ရဲ့မိန်းကလေးပုံကို ဘာလို့သူများတွေကို ပြရမှာလဲ။ လောင်ကစားဆိုပေမယ့် မျက်နှာပျက်အောင်တော့ မလုပ်ပါဘူး။” ကျီဖေး ပြောသည်။

အနဲ့ငယ် ရှက်ဖွယ်ဆိုသော်ငြား ချင်ရှန့် သူ့ဇနီးအား မခံစားစေလိုပါ။ ကျီဖေး များသောအားဖြင့် မိတ်ကပ်မလိမ်းကာ ဤနယ်ပယ်ရှိ သူမ၏ကျွမ်းကျင်မှုသည်အခြေခံသာ။ ရုတ်တရက်သွားသင်လိုက်ရသည်။ အစတွင် သူမပျော်နေသည်ကိုမြင်သောကြောင့် သူမကို မတားချင်ခဲ့ပေ။ သို့သော် ယခုတွင် သူမလက်ကောက်ဝတ်မှာတုန်ရီနေကာ သူ မပြောပဲမနေနိုင်တော့ချေ။

သူမည်သည်မှ ဆက်မပြောသေးခင် ကျီဖေး၏ အတွေးအား ကြားလိုက်ရသည်။

[ ပြီ:တော့ ချင်ရှန့်မျက်နှာကို အခြားသူကို မထိခိုင်းချင်ပါဘူး။]

ချင်ရှန့်အံ့အားသင့်သွားသည်။ ထိုရိုးရှင်းသောစကားလုံးများ သည် နှလုံးခုန်မြန်သွားစေကာ သူမည်သည့်စကားမှ မပြောနိုင်တော့ချေ။

မှန်တယ်၊ ကျီဖေးပဲ သူ့မျက်နှာကိုထိနိုင်တာ။

မကြာခင်မှာပင် မိတ်ကပ်ပြင်ပြီးကာ ဆံပင်တုလည်းတပ်ပြီးသွားကာ သူ့မျက်နှာပေါ်မှ သူမလက်သည် နောက်ဆုံးတွင် ရပ်တန့်သွားသည်။

ချင်ရှန့် မျက်လုံးဖွင့်ကာ ကျီဖေးအားကြည့်လိုက်ရာ မှိန်းမောနေသော မျက်လုံးတစ်စုံကို မြင်လိုက်ရသည်။

ချင်ရှန့် ချက်ခြင်း စိတ်မသက်မသာဖြစ်သွားကာ "ထူးဆန်းနေလို့လား?"

ကျီဖေး တဖြည်းဖြည်း ရှက်သွေးဖြာသွားပြီး သူမ၏မျက်လုံးများသည် စိတ်လှုပ်ရှားမှုများဖြင့်တောက်ပလာသည်။

"မြန်မြန်၊ မြန်မြန် အဝတ်လဲလိုက်။”

ချင်ရှန့် မတ်တပ်ရပ်လိုက်သည်။ သူ စောစောက ရေချိုးပြီး ရေချိုး၀တ်စုံ ဝတ်ထားသည်။ ကျီဖေးသည် သူ့အတွက် အဖြူသန့်သန့်ဖြင့် ဒီဇိုင်းဖော်ထားသော အမျိုးသမီး ညဝတ်ဂါဝန်အားပြင်ဆင်ထားသည်။ သူဝတ်ပြီးနောက်တွင် အနည်းငယ် ထူးဆန်းသလို ခံစားလိုက်ရသော်လည်း စောင်၊ ခေါင်းအုံးများဖြင့် ယောက်ျားဆန်သောကြွက်သားလိုင်းများအား ဖုံးအုပ်လိုက်သည်။ သူ အိပ်ယာပေါ်လှဲအိပ်လိုက်သည်နှင့် ခွဲခြားမသိနိုင်တော့ပေ။

အပေါ်မှကြည့်လျှင် ရေခဲနတ်ဘုရားမလေး၊ တော်ဝင်ပန်းက လေးတစ်ပွင့်ဟာ အိပ်ယာတွင် အိမ်နေသည့်အတိုင်းပင်။

ဖေးကျဲသာဒါကိုမြင်ရင် ဒူးထောက်ပြီးတော့ဖြစ်ဖြစ် အနုပညာရှင်လုပ်ဖို့တောင်းဆိုလိမ့်မယ်။

သရုပ်ဆောင်တတ်ဖို့မလို၊ ကျွမ်းကျင်သည့် စကေးများရှိဖို့ မလို၊ သူ့မျက်နှာလေးနှင့်ပင် နေရာတိုင်းကို စိုးမိုးထားနိုင်သည်။ ကျီဖေးသည် အရူးအမူး သူ့ဖုန်းဖြင့် ရှုထောင့်အမျိုးမျိုးမှ ဓာတ်ပုံရိုက်သည်။ မည်သို့ ပိုစ်ပေးရမည်မသိသော ချင်ရှန့်သည် ကျီဖေးဆီ အကြည့်နှင့်သာပူးပေါင်းနိုင်ခဲ့သည်။

[Ahhh၊ သေချာပေါက်ကို ချင်ရှန့်ရဲ့ဆွဲဆောင်မှုကတော့နော် ယောက်ျားလေးပဲဖြစ်ဖြစ်၊ မိန်းကလေးပဲဖြစ်ဖြစ် ရင်သပ်ရှု မောစရာပဲ။]

"Ahhh ငါ့ လောင်ပေါ၊ ငါ လာပြီ!"

ကျီဖေးဓာတ်ပုံရိုက်ပြီးနောက် သူ့ ဖုန်းအား ဘေးသို့လွှင့်ပစ်ကာ ချင်ရှန့်အားခုန်မအုပ်ခင် ရွှတ်နောက်နောက်အော်လိုက်သည်။

All Chapters