အခန်း (၂၉၆)
Vol. 30 Ch. 296
အမျိူးသမီးဝတ်စုံနှင့် ချင်ရှန့်သည် ချဥ်းကပ်ရလွယ်သည့် ပုံပေါ်သောကြောင့်ဖြစ်မည်။ ကျီဖေးသည် ကုတင်ပေါ်ရှိ အလှလေး ချန့်ရှန့်ပေါ်ပစ်လှဲလိုက်သည်။
သူမ သူ့ရင်ခွင်ထဲသို့ ရုတ်တရက်ဝင်လာသည်မို့ သူလွှတ်ခနဲ့ ညည်းလိုက်မိသည်။ သတိဝင်လာသည့်အခါ သူမအား ကြင်နာယုယစွာ ပွေ့ဖက်လိုက်သည်။
"မင်း ကိုယ့်ကို ဘယ်လိုခေါ်လိုက်တာလဲ။"
ချင်ရှန့်သည် ကူကယ်ရာမဲ့သောလေသံနှင့် ပြောကာ မျက်ခုံးပင့်လိုက်သည်။
ကျီဖေးသည် ချင်ရှန့်၏ကြွက်သားများပေါ် လှဲလျောင်းကာ ညအိပ်ဝတ်စုံ၏ နူးညံ့သော အထိအတွေ့ကို ခံစားရင်း ရယ်မောလိုက်သည်။
ကျီဖေးသည် အလှလေးအားယုတ်မာသောအပြုံးဖြင့် ကြည့်ကာ “ ဒီလိုအလှမျိုးနဲ့ မင်းလေးက ငါ့လောင်ပေါပဲဖြစ်ရမယ်။”
【အချောဆုံးခင်ပွန်းနဲ့ အလှဆုံးဇနီး နှစ်ယောက်စလုံးရှိတဲ့ ကံကောင်းတဲ့သူက ဘယ်သူများလဲ။ ငါပဲ!!】
ကျီဖေးသည် အလှလေးဆီမှဖမ်းစားခံရကာ မူးဝေလုနီးပါးပင်။
ဤ”ချီးမွှမ်းမှု”အား ခံလိုက်ရသည့် ချင်ရှန့် မျက်လုံးများ နက်မှောင်သွားသည်။ ကျီဖေး၏ တက်ကြွနေသည့် အမူအရာမှာ ချင်ရှန့် နှလုံးဆီ စိုက်ဝင်သွားသည်။ သူ့စိတ်ဝိညာဥ်ထိပါရိုက် ခတ်သွားကာ တစ်ချိန်က ဤကဲ့သို့ လှပသော မြင်ကွင်းအား မြင်တွေ့ခဲ့ဘူးသလိုပင်။
ချင်ရှန့်၏နှလုံးခုန်သံများသည် ညအိပ်ဝတ်စုံပါးပါလေးမှတစ်ဆင့် ကျီဖေးဆီကူးစက်သွားသည်။
ကျီဖေး ရုတ်တရက်လန့်သွားက သူ့နှင့်အကြည့်ဆုံသွားသည်။ ထိုမျက်လုံးများသည် မိတ်ကပ်အစွမ်းကြောင့် နူးညံကာ အေးစက်မှုများပျောက်ဆုံးနေသည်။ ချစ်စဖွယ်၊ နူးညံသောမျက် လုံးတစ်စုံသည် ကျီဖေးအားစိတ်လွတ်သွားစေသည်။
သူ့ရှေ့ရှိ မြင်ကွင်းသည် မားမားချင်ပြခဲ့သည့် ဓာတ်ပုံထဲက အတိုင်းပင်။
ထင်ယောင်မြင်မှားဖြစ်သွားသောကြောင့်လားမသိ၊ သူမစိတ်ထဲတွင် တွန်းအားတစ်ခုပေါ်လာသည်။
ဒီလိုအလှလေးကို ပွေ့ဖက် နမ်းရှုံ့ပစ်သင့်တယ်….. ဤသည်မှာ ပထမဆုံးအကြိမ် မဟုတ်သကဲ့သို့ပင် သူမလုပ်ပစ်လိုက်သည်။
ချင်ရှန့် မတုန့်ပြန်နိုင်ခင်မှာပင် အရာအားလုံးဖြစ်ပျက်သွားသည်။
ကျီဖေး၏မျက်နှာသည် ရုတ်တရက် အနားကပ်လာကာ အေး မြသောနှုတ်ခမ်းနီအဆီဆိုးထားသော နှုတ်ခမ်းသည် သူ့အား နွေးထွေးစွာဖိကပ်လာသည်။ သူတို့ အသက်ရှုသံများရောထွေးသွားကာ စိတ်ဝိညာဥ်ထိပါခံစာလိုက်ရသည်။
ချင်ရှန့် ရုတ်တရက် မီးဖိုထဲသို့ ပြုတ်ကျသွားသလို ခံစားလိုက်ရကာ သူ့သွေးများဆူပွက်ပြီ သူခန္ဓာကိုယ်မှစွမ်းအင်များကျား သစ်တစ်ကောင်လို ထိုးထွက်လာသည်။ ဤလှပသော အခိုက် အတန့်သည် ထင်ယောင်မြင်မှားဖြစ်သွားကာ သူလှုပ်ရှားမှုသည် သူမအား အသိဝင်အောင်နိုးမိသွားမည် စိုးရိမ်သဖြင့် သူထိန်းချုပ်ထားလိုက်ရသည်။
ချင်ရှန့် ငြိမ်နေသော်လည်း သူ့နှုတ်ခမ်းပေါ်မှဖိအားသည် ရုတ်တရက်ပျောက်သွားသည်။
အလိုလိုပင် ချင်ရှန့်ဆက်နမ်းရှိုက်ချင်သောကြာင့် ခေါင်းမော့လိုက်သည်။
[Ahhh ငါ အခုလေးတင် သူ့ကို နမ်းလိုက်တာလား။]
ကျီဖေး သူ့မျက်နှာအားအုပ်ကာ ဘေးသို့လှိမ့်သွားသော ကြောင့် ချင်ရှန့် ဖမ်းမမိလိုက်ပေ။
【Ahhh၊ အမျိုးသမီး CEO က တကယ်ကို ပိုနမ်းချင်စရာလေး။ သိပ်ကြောက်စရာလည်း မကောင်းဘူး။ အဲဒါမို့ သူကို သွားနောက်ပြောင်ချင်သွားတာထင်တယ်။]
[ဒါပေမယ့် သူ့နှုတ်ခမ်းတွေက နူးညံ့ပြီး မွှေးနေတာပဲ၊ ငါအရမ်းကြိုက်တယ် ဟီးဟီး...ဒါပေမယ့် ငါ့သူ့ကို လက်လွတ်စ ပယ် နမ်းတယ်ထင်သွားရင် ဘယ်လိုလုပ်မလဲ။】
[အားးးး မေးလာရင် ဘယ်လိုဖြေရမလဲ။]
【ဒါပေမယ့်... ငါတကယ် သူ့ကို ထပ်နမ်းချင်တယ်။】
ကျီဖေး၏ဖရိုဖရဲ အတွေးများအား ကြားလိုက်ရသည့် ချင်ရှန့် ကူကယ်ရာမဲ့စွာ သက်ပြင်းချလိုက်သည်။ ချင်ရှန့် ကျီဖေးကို ဆွဲကာ ရင်ခွင်ထဲထည့်လိုက်သည်။ သေချာပေါက်ပင် သူ့ရင် ခွင်ထဲမှလူသည် တောင့်ခဲသွားသည်။ ကျီဖေး၏ ပုံမှန်နီရဲနေသော ပါးပြင်ကို သူမြင်လိုက်သည်။ သူမ ရှက်နေခြင်းပင်။
ကျီဖေး စိတ်လှုပ်ရှားသွားသော်လည်း ချင်ရှန့်မေးသံကို ကြားလိုက်ရသည်။ “မင်း ကျေနပ်ရဲ့လား။”
“ဟမ်… အင်း။ အရမ်း ကျေနပ်တယ်။” ကျီဖေး စကားထစ်သွားသည်။
“ကိုယ်အခု မိတ်ကပ်သွားဖျက်လို့ရပြီလား။” ချင်ရှန့် တည်ငြိမ်စွာပြောလိုက်သည်။
ကျီဖေး လျင်မြန်စွာ ထကာခေါင်းငြိမ့်လိုက်သည်။
"ရှင်အဝတ်အစား အရင်လဲချည်။ မိတ်ကပ်ကူဖျက်ပေးမယ်။"
[ထူးဆန်းလိုက်တာ၊ သူ ဘာလို့ ဘာမှမပြောတာလဲ။]
ချင်ရှန့် ကျီဖေးအား ဖိအားမပေးချင်ပေ။ သူတို့ဆက်ဆံရေးတွင် ကျီဖေး ဘက်မှအစပျိုးလေ့ရှိပေမယ့် သူမှာမကျေနပ်ချက်အနည်းငယ်ရှိသည်။
ချင်ရှန့် ရေချိုးခန်းထဲသွာကာ ကျီဖေး မိတ်ကပ်ဖျက်ရလွယ်စေရန်ခေါင်းငုံ့ပေးလိုက်သည်။ ပုံမှန် ချောမောသော CEOပြန်ဖြစ်သွားသည်နှင့် ကျိဖေးလက်များ နှေးသွားသည်။
နှုတ်ခမ်းနီဖျက်ချိန်တွင် သူမ လုပ်ခဲ့သည်အား ပြန်တွေးမိကာ ကျီဖေး အပြစ်ရှိသလိုခံစားလိုက်ရသည်။ ချန်ရှန့်ကိုယ်တိုင် လုပ်ခိုင်းဖို့ စဥ်းစားလိုက်သော်လည်း သူမကိုယ်တိုင်သာ မြန်မြန်လုပ်ရန် ဆုံးဖြတ်လိုက်သည်။
သူမ အလျင်စလိုလုပ်လိုက်သဖြင့် ချင်ရှန်းနှုတ်ခမ်းများ အနည်းငယ်ရောင်ရမ်းသွားသည်။
သူမ လက်အားဖယ်ဖို့ကြံလိုက်ချိန်တွင် ချင်ရှင့် သူမလက် ကောက်ဝတ်ကို ရုတ်တရက်ဆုတ်ကိုင်လိုက်သည်။ ထိုအခိုက် အတန့်တွင် ချင်ရှန့် မျက်လုံးဖွင့်လိုက်သည်။ မိတ်ကပ်ဖျက်နေစဥ် သူတို့မျက်နှာများ နီးကပ်နေပြီး ပတ်ဝန်းကျင်ရှိ အပူချိန်မှာ မြင့်တက်နေသည်။ ကျီဖေး စကားထစ်သွားသည်။
“ရှင် ဘာ ဘာလုပ်နေတာလဲ။”
"မင်း ယောက်ျားလေးကိုကြိုက်တာလား။ မိန်းကလေးကို ကြိုက်တာလား။"
ရုတ်တရက်ဆန်သော မေးခွန်းသည် ကျီဖေး ဦ:နှောက်ကို အေးခဲသွားစေသည်။
“ ဟင်? ဒါပေါ့ ယောကျာ်းလေးပေါ့။”
ချင်ရှန့်မျက်လုံးများ တစ်ဖျက်ဖျက်လက်သွာကာ တံတွေးမျိုချလိုက်သည်။” တော်သေးတာပေါ့။ ကိုယ် နဲနဲတောင် စိုးရိမ်သွားတယ်…..။”
နောက်ထပ် စကားလုံးများဟာ သူတို့နှုတ်ခမ်းများကြား ပျောက်ဆုံးသွားပြန်သည်။
ကျီဖေး မျက်လုံးပြူးသွားကာ မျက်လုံးအိမ်များပင် ပိုလှုပ်ရှားသွားသည်။
ပထဆုံးအနမ်းသည် တစ်ဝက်တစ်ပျက်သာ ကြင်လင်ပြတ် သားမှုရှိသော အနမ်းဖြစ်သည်။
ယခု ချင်ရှန့်အစစ်မှာမူ သူမ နိုးကြားနေချိန်တွင် သူမအားဆွဲဖက်ကာ……
အပြစ်ကင်းစင်သောအနမ်းဖြစ်နေဆဲ့ပင်။ သို့သော် သူတို့ရဲ့ နှလုံးသားထဲတွင် မီးရှူးမီးပန်းများ ပေါက်ကွဲနေသလိုခံစားလိုက်ရသည်။
ကျီဖေး အသိဝင်လာချိန်တွင် ကြည်နူးမှုအား ဖိနှိပ်ထားရဟန်တူသော သံလိုက်ကဲ့သို့သော အသံအားကြားလိုက်ရသည်။ အပျော်လွန်နေသော်လည်း တည်ငြိမ်ဟန်ဆောင်ထားသော အသံဖြင့် “အခုတော့ ကိုယ် စိတ်မပူတော့ဘူး။”
ကျီဖေး မည်သို့ အိပ်ပျော်သွားလဲမသိလိုက်ပေ။ နောက်နေ့မနက် သူ အိပ်တစ်ဝက်ဖြစ်နေချိန်တွင် ပုံမှန် သူ့နဖူးပေါ်တွင် ခံစားရမည့်အနမ်းအစား နှုတ်ခမ်းပေါ်တွင် ပွတ်တိုက်မှုကို ခံစားလိုက်ရသည်။ သူ့အား ယားယံသွားစေကာ လျှာသပ်မိလိုက်ချိန်တွင် တံတွေးမြိုချသံကိုကြားလိုက်ရသည်။
အိမ်မက်ထဲတွင် အန္တရာယ်အားခံစားလိုက်ရသော ကျီဖေး သည် စောင်အောက်ဝင်ကာ အိမ်မက်ချိုချိုလေးကိုသာ ဆက်မက်လိုက်သည်။
သို့သော် တစ်စုံတစ်ယောက်သည်တော့ အခန်းမှ မထွက်ခွာမီ ရေချိုးခန်းဝင်လိုက်ရသည်။
သူတို့စုံတွဲသည် ဖြည်းဖြည်းချင်းသွားနေကြသည်။
သို့သော် ယွီမိသားစု၏မင်္ဂလာပွဲနေ့သည် နောက်ဆုံးတော့ ရောက်ရှိလာခဲ့ပြီဖြစ်သည်။
ယွီပါးပါး သားသမီးထပ်မရနိုင်တော့သော်လည်း မင်္ဂလာသည်တော့ ဆက်လက်ကျင်းပရမည်ဖြစ်သည်။
ထိုညနေခင်းတွင် အားလုံး ဧည့်ခန်းတွင်ထိုင်ကာ မနက်ဖြန်တွင် ကျင်းပမည့် မင်္ဂလာပွဲကို တက်ရောက်ရန် ဆွေးနွေးနေကြချိန်တွင် ကောင်းယာလန်မှ ကျီဖေးအား မက်ဆေ့များပို့လာခဲ့သည်။
အရေးတကြီးကိစ္စဟုထင်သောကြောင့် သူမ ဖတ်ကြည့်ရာ လတ်တလော ယွီယွဲ့နှင့် ပိုင်ရှောင်ရှီကြား ဖြစ်နေသည်များအား သူမ သိလား မေးထားခြင်းဖြစ်သည်။
ကျီဖေး ? များနှင့် ပြည့်နှက်သွားသည်။ သေချာစစ်ဆေးကြည့်လိုက်ရာ ဖြစ်ပုံမှာ − ကောင်းယာလန်နှင့် စမ်ထင်တို့ မင်္ဂလာလက်ဆောင်ပို့ရန် ပိုင်ရှောင်ရှီထံဆက်သွယ်ချိန်တွင် သူမ ပြန်ဖြေလာသော်ငြား လေသံမှာနုံးချည့်နေကာ အလိုအလျှောက်ပြန်ဖြေသော ဆော့ဝဲလ်အတိုင်းပင် စကားလုံးအနည်းငယ်သာ ပြန်ဖြေကာဖုန်းချသွားသည်။
ကျီဖေးပြန်ပြောချင်တာက နင်တို့လို ဆယ်စုနှစ်လောက်ခင်လာတဲ့ သူငယ်ချင်းတွေတောင် မသိတာ ငါဆို ဘယ်လိုလုပ်သိမှာလဲဟုပင်။
သို့သော် သူမ မည်သည်မျှပြန်မပြောရသေး ကောင်းယာလန် တိုက်ရိုက်ပင်မေးလာသည်။
"ဖရဲသီးဘုရင်မရေ ဖရဲသီးရှိလား ပြောပြပါဦး။”
ကျီဖေး:...
ကျီဖေး ဖုန်းကို ချင်ရှန့်ထံပြလိုက်သည်။ သူခဏတာ စဥ်းစားကာပြောလာသည်။
"လတ်တလော ယွီယွဲက အလုပ်ရှုပ်နေတယ်ထင်တယ်။”
တစ်မိသားစုလုံး စိတ်ဝင်စားသွာကာ ဘာဖြစ်နေတာလဲ မေးလာကြတော့သည်။
ထိုအချိန်တွင် ကျီဖေးသည် စနစ်အားစစ်ဆေးရန် အခွင့်အ ရေးယူခဲ့သည်။
【ဘာဖြစ်နိုင်မလဲ။ တစ်ချက်လောက်ကြည့်ကြည့်ဦးမှပဲ ... ဟမ်?!?!?!】
တစ်မိသားစုလုံး နားစွင့်လိုက်ကြသည်။ အခြေအနေက ဘယ် လိုဖြစ်နေတာလဲ။ အတင်းအဖျင်းရှိတာလား။ ယွီပါးပါးရဲ့ ကလေးမမွေးနိုင်တော့တာအပြင် အခြားဟာရှိသေးတာလား။
【မိုက်ပါ့ဟယ်။ ဒါကြီးက ဘယ်လိုတောင်လဲ။ ဒေါ်လေးအ သစ်က ကိုယ်ဝန်ပျက်ကျသွားတယ်။ အဲ့မတော်တဆမှုက ပိုင်ရှောင်ရှီကြောင့်။ အခုတော့ ပါးပါးယွီမျော်လင့်ချက်မဲ့သွားပြီ။ သူ ကလေးမရနိုင်လို့ ဒီနောက်ဆုံးကလေးကိုမျှော်လင့်ချက်ကြီးကြီးထားခဲ့တာ။ သူသာ အမှန်တရားကိုသိသွားရင် တော် တော်ဆိုးဆိုးဖြစ်တော့မှာပဲ။】