အခန်း (၂၉၇)
Vol. 30 Ch. 297
ချင်မိသားစုသည် အခြေအနေ၏ဆွဲငင်မှုအား သဘောပေါက်ပြီး တခဏချင်းအေးခဲသွားသည်။ ယွီမိသားစုသည် သူတို့၏ သားစဉ်မြေးဆက်များအား မည်မျှတန်ဖိုးထားသည်နှင့် ပါးပါးယွီ၏ လက်ရှိကျန်းမာရေးအားထည့်သွင်းစဉ်းစားထားသည်... အကယ်၍ ဤအရာမှထွက်သွားပါက ဘေးဥပဒ်ဖြစ်စေမည်ဖြစ်သည်။ ပိုင်ရှောင်ရှီသည် သူ့အနာဂါတ်ခဲအိုနှင့်ယောင်းမကို အမှတ်တမဲ့ဆုံးရှုံးသွားခဲ့သည်။ အိမ်ထောင်မပြုခင်မှာပင် စိတ်ဝမ်ကွဲမှုများဖြစ်နေသည်။
ချင်မိသားစုသည် ပိုင်ရှောင်ရှီအကြောင်းကောင်းကောင်းသိပြီး ၎င်းဟာမတော်တဆမှုတစ်ခုဖြစ်ကာ မယုံနိုင်လောက်အောင်ကံဆိုးသည်ဟုနားလည်သည်။ ထိုသို့သောအရှုပ်အထွေးများဖန်တီးရန် အရာများစုံလင်အောင် မည်သို့ချိန်ညှိနိုင်မည်နည်း ?
သူတို့သည် ယွီယွဲ့နှင့်ပိုင်ရှောင်ရှီတို့အား တစ်ယောက်နှင့်တစ်ယောက် ရန်ငြိုးထားခြင်းမရှိစေရန်သာ မျှော်လင့်နိုင်ကြသည်။
ယွီယွဲ့အကြောင်း ချင်ရှန့်၏နားလည်မှုအပေါ်အခြေခံ၍ ယွီယွဲ့သည် စိတ်ထဲမထားသော်လည်း ပိုင်ရှောင်ရှီကတော့ထားနိုင် သည်။
ကျီဖေးသည်လည်း ချင်ရှန့်နှင့်အတွေးတူသည်။
【ပိုင်ရှောင်ရှီရဲ့ပင်ကိုယ်စရိုက်ကြောင့် သူက ကိုယ့်ကိုယ်ကိုယ်အပြစ်တင်နေပြီး ယွီယွဲ့အတွက် အရမ်းဝမ်းနည်းနေပုံပဲ။ ယွီယွဲ့က သူ့ကိုဒုက္ခမပေးချင်ဘဲ အရာအားလုံးကိုကိုင်တွယ်ဖြေရှင်းရင်း အိမ်မှာပဲနေခိုင်းလိုက်တယ်။ အခုယွီယွဲ့က သူ့ရဲ့လော လောလတ်လတ်ကိုယ်ဝန်ပျက်ကျထားတာကို ဖုံးကွယ်ဖို့ မင်္ဂလာပွဲမတိုင်ခင် ပြန်ကောင်းလာအောင်ကြိုးစားနေပြီး ဆေး ရုံမှာ ခယ့်ယွမ်အာနဲ့အတူတူနေပေးနေတယ်။ အနည်းဆုံးတော့ ပိုင်ရှောင်ရှီနဲ့ပတ်သက်ဆက်နွှယ်တာမျိုး မဖြစ်အောင်တားဆီးဖို့ အခုလောလောဆယ် ခယ့်ယွမ်အာနဲ့ဆွေးနွေးထားတယ်။ နောက်ပိုင်းမှာတော့ အဖြေတစ်ခုထွက်လာလောက်တယ်။ ဟမ် ?】
၎င်းကိုကြားပြီး ချင်မိသားစုမှ ထပ်တူထပ်မျှအံ့ဩသွားသည်။ သတို့သမီးအသစ်နှင့် ယွီယွဲ့အကြားဆက်ဆံရေးသည် မည်သို့ပင်ရှိစေကာမူ ထိုကဲ့သို့လေးနက်သည့်ကိစ္စရပ်အား ဖုံးကွယ်ထားမည်မဟုတ်ကြောင်း ၎င်းတို့ယူဆခဲ့ကြသည်။ သတို့သမီးအသစ်သည် အမှန်တကယ်ပင် ကိုယ်ကျိုးမဖက်သည်မှာဖြစ်နိုင်ရဲ့လား?
【ဟမ့်...သူက သူတော်စင်မ မို့လို့လား?】
ကျီဖေးသည် ပိုင်ရှောင်ရှီ၏ယခင်ယူဆချက်ကြောင့် ခယ့်ယွမ်အာ၏စိတ်ရင်းမှာ ပိုသံသယဖြစ်ဖွယ်ကောင်းသည်ဟု တွေ့ရှိခဲ့သည်။
မကြာခဏနောက်အိမ်ထောင်ပြုပြီး ကိုယ်ဝန်ရခဲသည့် ပါးပါးယွီလိုလူမျိုးကြောင့် ကလေးတစ်ယောက်ဟာ ခယ့်ယွမ်အာအတွက် ယွီမိသားစုမှ သူ့ရာထူးကိုလုံခြုံစေဖို့ အကြီးမားဆုံးအာမခံချက်ဖြစ်သည်။ အဘယ်ကြောင့် ယွီယွဲ့နှင့်ပူးပေါင်းရန် ဆန္ဒရှိရသနည်း ?
ချင်ရှန့်လည်း ၎င်းအားစဉ်းစားနေသည်။ ကလေးမရှိလျှင် ခယ့်ယွမ်အာသည် ပို၍ထိခိုက်လွယ်သည်ဟု သူထင်ခဲ့သည်။ ပါးပါးယွီ၏သစ္စာမဲ့မှုကြောင့် သူသည် အလွယ်တကူစွန့်ပစ်ခံရနိုင်သည်။ ယခုအချိန်တွင် အမှန်တရားကိုဖုံးကွယ်ထားပြီး မင်္ဂလာပွဲအား ဆက်လုပ်နေခြင်းသည် သူ့အတွက်ပိုအကျိုးရှိလိမ့်မည်။
【မင်္ဂလာပွဲမတိုင်ခင် ဒီလိုပြဿနာမျိုးကြုံရရင်... မနက်ဖြန်ကျ မင်္ဂလာပွဲမှာ... အိုး... နောက်ထပ် ပရမ်းပတာတွေဖြစ်ဦးမှာလား?】
ကျီဖေး ရုတ်တရက်အတွေးကိုထုတ်ပြလိုက်ပြီး သူ့အမူအရာသည် စိတ်ခံစားချက်များရောထွေးနေသည်။
ချင်မိသားစုသည် ထပ်တူထပ်မျှပင် ခံစားမိကြသည်။ နောက် ဆုံးတွင်၊ သားဖြစ်သူ၏ရည်းစားကြောင့်ဖြစ်ရသည့် သတို့ သမီးအသစ်၏ကိုယ်ဝန်ပျက်ကျမှုသည် နှစ်သက်ဖွယ်မဟုတ်ချေ။
ရယ်စရာကောင်းသည့်ဇာတ်လမ်းများအကြောင်း အတင်းအ ဖျင်းပြောခြင်းကိုနှစ်သက်သည့် ကြည့်ရှုသူများသည် ယွီယွဲ့မှ အရာရာချောမွေ့စွာစီမံခန့်ခွဲနိုင်ပြီး လူငယ်စုံတွဲသည် ဤခက်ခဲသည့်အခြေအနေအား ကျော်လွှားနိုင်ရန်မျှော်လင့်ခဲ့ကြသည်။
စူးစမ်းလိုစိတ်နှင့် စိုးရိမ်စိတ်တို့ရောနှောကာ နောက်ဆုံးတွင် မင်္ဂလာပွဲသို့ ရောက်ရှိလာခဲ့ကြသည်။
ခန်းမထဲရောက်သည်နှင့် တပြိုင်နက်အံ့သြသွားကြသည်။
သူတို့မျှော်လင့်ထားသည်ထက် ပိုများသည့်လူများသည် ဤနေရာတွင်ရှိနေကြသည်။
ပါးပါးယွီသည် မကြာခဏပင် နောက်အိမ်ထောင်ပြုလေ့ရှိသောကြောင့် ၎င်းတို့၏လူမှုအသိုင်းအဝိုင်းမှ သြဇာရှိသူအများအပြားသည် မင်္ဂလာပွဲအား မကြာခဏပင်ကျော်သွားကာ လက် ဆောင်တစ်ခုသာပေးပို့တတ်ကြသည်။
သို့သော် ယခုတစ်ခေါက်တွင် ဧည့်သည်စာရင်းသည်များပြားလှသည်။
"ဘာတွေဖြစ်နေတာလဲ ?" ပါးပါးချင် အံ့သြသွားသည်။
မားမားချင်မှ "လောင်ယွီက ဒီလိုခိုင်မာတဲ့ဆက်ဆံရေးတွေကို ဘယ်တုန်းကတည်ဆောက်ခဲ့တာလဲ ?"
ယနေ့သည် ချင်ရှီ၏အားလပ်ရက်ဖြစ်၍ ချင်ရန်မှ ချင်ရှီအား မင်္ဂလာပွဲသို့ခေါ်သွားခဲ့သည်။ ချင်ရန်သည် လှည့်ပတ်ကြည့်ရှုပြီး ထပ်တူထပ်မျှရှုပ်ထွေးသွားသည်။
ချင်ရှီမှ သတိထားပြီး " လူတွေအများကြီး သားတို့ကိုစိုက်ကြည့်နေသလိုပဲ။" ဟု မှတ်ချက်ပေးခဲ့သည်။
ကလေးတစ်ယောက်အတွက်မူ အကြောင်းပြချက်မှာ ရိုးရှင်းသည်။ ၎င်းမှာ အတော်လေးနာမည်ကြီးသည့် အာ့ရှုရှုနှင့် အာ့ရီတို့ကြောင့်သာဖြစ်ရမည်။
သို့သော် လူကြီးများသည် ၎င်းအာရုံစိုက်မှုများမှာ ကျီဖေးအ ပေါ်သို့ကျရောက်နေမှန်း သတိထားမိသည်။
ကျီဖေးသည် အပြစ်ကင်းစွာမျက်တောင်ခတ်လိုက်သည်။
【ငါ လာမယ်ကြားလို့ ရောက်လာကြတာဖြစ်နိုင်လား ? ဒါနည်းနည်း ချဲ့ကားလွန်းနေသလိုပဲ!】
"ဝိုး၊ လူတွေအများကြီးပဲ။ အားလုံးက ကျီဖေးဒီမှာရှိမယ်ဆိုတာ သိနေပုံရတယ်၊ အဲ့ဒါကြောင့် သူ့ကိုတွေ့ခွင့်ရဖို့လာခဲ့ကြတာ" ဟု ကောင်းယာလန်က နောက်ပြောင်သည်။
" အဲ့တာကို ဘယ်လိုပြောလဲ ? 'ငြိမ်းချမ်းတဲ့ကမ္ဘာရဲ့အကြောက်တရား'လား?"
"နင် ဒီကိုရောက်နေတာလဲ အဲ့တာကြောင့် မဟုတ်ဘူးလား?" စမ်ထင် အေးအေးဆေးဆေးမှတ်ချက်ပေးသည်။
ကောင်းယာလန် သူ့လျှာကိုထုတ်လိုက်ကာ အစောမှရောက် လာသည့် မိသားစုအား ဝှေ့ယမ်းပြလိုက်သည်။
"ကျီဖေး၊ နင့်ရဲ့လွှမ်းမိုးမှုကြီးက နင့်ယောက်ျားထက်တောင်သာနေပြီ။" ကောင်းယာလန် ရယ်လျက်ပြောလာသည်။
ကျီဖေးပြုံးလိုက်ပြီး "နင် ဒီလွှမ်းမိုးမှုကိုကြိုက်တယ်လား?"
【အတင်းအဖျင်းပြောသူတွေဆီက အာရုံစူးစိုက်ခံရတာက သိပ်မကောင်းဘူး။ အဲ့တာက အနာဂါတ်မှာ အတင်းအဖျင်းတွေလိုက်ရှာနေရတာထက် အခန့်သင့်ရနေတာ။ အရမ်းစိတ် ပျက်ဖို့ကောင်းတယ်။】
ချင်မိသားစုသည် သူ၏အတွေးများအားကြားလိုက်ရသဖြင့် ရယ်မောသွားခဲ့သည်။
ခန်းမထဲသို့အတူတူဝင်လာရင်း ပါးပါးယွီအား ကြည်နူးနေသည့်အပြုံးဖြင့်တွေ့လိုက်ရသည်။ သူ့ဘေးတွင် သူနှင့်တူသော်ငြား ယွီယွဲ့ မဟုတ်သည့်လူငယ်တစ်ဦးရပ်နေသည်။
"ယွီယွဲ့က သူ့အဖေကိုယ်စား ဧည့်သည်တွေကိုဧည့်ခံပေးဖို့ စိတ်မ၀င်စားဘူးဆိုတာ ငါ သိသားပဲ" ဟု ကောင်းယာလန်မှ တိုးတိုးလေးပြောသည်။
ကျီဖေး သိချင်လာသည်။
【သူ ခယ့်ယွမ်အာနဲ့ ဆွေးနွေးနေတုန်းပဲထင်တယ်... ရလဒ်ကဘာဖြစ်မသိဘူး】
ယခုတွင်သူတို့ အိမ်ရှင်များအား နှုတ်ဆက်လိုက်သည်။
ထိုအချိန်တွင်ကျီဖေးသည် ပါးပါးယွီအနားတွင် ရပ်နေသည့်လူငယ်အား ယွီယွဲ့နေရာတွင်အစားထိုးလိုက်သည်ကို မှတ်မိ သည်။
【အံ့ဩစရာကြီး၊ အဘိုးကြီးယွီက တကယ့်ကို... ယွီယွဲ့နဲ့အ သက်တူတဲ့ ဒီလူငယ်လေးက တကယ်တော့ ယွီယွဲ့ရဲ့ဦးလေး၊ ပါးပါးယွီရဲ့အငယ်ဆုံးညီ ယွီရီပဲ။ သူရဲ့စိတ်မရှည်တဲ့အမူအရာက ကြည့်ရတာ သူ့ကိုကူညီဖို့ ဒီနေရာကိုဆွဲခေါ်ခံလာရတာဖြစ်မယ်။ ဘာလို့ဆို သူ့ကျဲကျဲတွေအားလုံးက ဧည့်သည့်တွေအဖြစ်နဲ့ ပွဲတက်လာပြီး ဧည့်ခံပေးဖို့လူက သူပဲရှိတယ်လေ]
ခန်းမထဲသို့ရောက်သည်နှင့် လော့ဖေးနှင့်ကျန်းရန်မှ သူတို့အား အဝေးမှလက်ပြနှုတ်ဆက်နေသည်ကို တွေ့လိုက်ရသည်။ သူတို့ စောစောရောက်နေကြသည်။
ကျီဖေး၏အတင်းအဖျင်းအကြည့်များသည် ကျန်းရန်နှင့် စမ်ထင်အကြားမှ မသိမသာခြားနားနေမှုအား သတိပြုမိသည်။ ယခင်က စမ်ထင်အပေါ်ဘယ်တုန်းကမျှမကျရောက်ခဲ့ဖူးသည့် ကျန်းရန်၏အကြည့်များသည် ယခုအခါ သူမအား ပွင့်ပွင့်လင်းလင်းစိုက်ကြည့်နေခဲ့သည်။
သို့သော်၊ သူတို့သည် ကျန်းမိသားစုမှ အတူတူစွန့်ခွာခဲ့သော်ငြား အတူတူရှိမနေကြသည်ကိုကြည့်လျှင် စမ်ထင်သည် သူ့မွေးစားအစ်ကိုအား ထူးထူးခြားခြားငြင်းပယ်နေပုံရသည်။
ကျီဖေးသည် သူ့အာရုံကို အခြားနေရာသို့အမြန်ပြောင်းလိုက်သည်။
ထိုစဉ် ပိုင်ရှောင်ရှီသည် သူတို့နှင့်အတူထိုင်နေသည်။ ပိုင်ရှောင်ရှီးအား ယွီယွဲ့မပါပဲမြင်ရခဲလှသည်။
ပိုင်ရှောင်ရှီ၏ ခပ်ကြောင်ကြောင်အမူအရာကိုကြည့်လျှင် သူပြန်ကောင်းမလာသေးမှန်းသိသာသည်။ သူ့ကိုယ်အလေးချိန် အနည်းငယ်ကျသွားပုံရသည်။
သူ၏ပူပင်သောကများသည် တစ်ချက်ကြည့်ရုံနှင့်ပင် သိသာထင်ရှားသည်။
လော့ဖေးနှင့်ကျန်းရန်တို့သည် စောစောရောက်လာပြီး ပိုင်ရှောင်ရှီအားမေးခဲ့ပေမယ့် သူ စကားမပြောချင်ပုံရပြီး ယောက်ျားတစ်ယောက်အနေဖြင့် သူတို့ ဖိအားမပေးချင်ပေ။
အခြားလူများရောက်လာသည်နှင့်အမျှ လော့ဖေးနှင့်ကျန်းရန်တို့သည် အမြန်အချက်ပြလိုက်ကြသည်။
ကျီဖေးနှင့်ချင်ရှန့်မှလွဲ၍ အခြားသူများသည် အမှန်တရားကိုမသိခဲ့ကြပေ။ သို့ဖြစ်၍ ကောင်းယာလန်မှ မဆိုင်းမတွပင် "ဘာဖြစ်နေတာလဲ? နင် ခုနကတည်းက ထူးဆန်းနေတယ်။ နင် ယွီယွဲ့နဲ့ရန်ဖြစ်ခဲ့တာလား?"
ပိုင်ရှောင်ရှီမှ အတင်းပြုံးပြပြီး "ပေါက်ကရတွေ မပြောနဲ့၊ ငါအဆင်ပြေပါတယ်၊ ငါ ဒီတိုင်း... မနေ့ညက ကောင်းကောင်းမအိပ်ခဲ့ရလို့။"
"ချစ်လေး၊ နင်အရမ်း အတွေးတွေများနေပြီ။ ငါ နောက်မှပဲ ယွီယွဲ့ကို ဒဲ့မေးလိုက်တော့မယ်။" ဟု ကောင်းယာလန်မှ ပိုင်ရှောင်ရှီအား ဖိအားမပေးချင်သဖြင့်ပြောလိုက်သည်။
"ဒါနဲ့စကားမစပ်၊ ယွီယွဲ့ဘယ်မှာလဲ ? အပေါက်ဝမှာလည်းမရှိဘူး၊ သူ့အဖိုးတန်လေးနားမှာလည်း စောင့်ပေးမနေဘူး။ သူဘာလုပ်နေတာလဲ ?"
သူပြောပြီးသည်နှင့် လော့ဖေးနှင့်ကျန်းရန်တို့သည် မသိမသာ မျက်စပစ်နေကြသည်။
ကောင်းယာလန်ရိပ်မိသွားပြီး တစ်စုံတစ်ခုဖြစ်ပျက်သွားသည်ကို ချက်ချင်း ခံစားလိုက်ရသည်။ "ဘာဖြစ်တာလဲ?"
"ဘာမှမဟုတ်ပါဘူး။ သူ့ရဲ့ အသစ်စက်စက်မိထွေးက ခေါ်သွားတာ။" လော့ဖေးက တည်ငြိမ်စွာပြန်ဖြေသည်။
ကျန်းရန် ပြုံးပြပြီး "သူ နေမကောင်းဖြစ်နေတဲ့ပုံပဲ၊ မင်္ဂလာ ဆောင်မှာပြဿနာဖြစ်မှာဆိုးလို့ ယွီယွဲ့ကို အကူအညီတောင်းခဲ့တာ။"