အခန်း (၂၉၈)
Vol. 30 Ch. 298
ချင်ရှန့်သည် သူတို့နှင့်အတော်လေးရင်းနှီးသောကြောင့် သူတို့၏အမူအရာများမြင်လိုက်ရုံဖြင့် တစ်စုံတစ်ခုကိုဖုံးကွယ်ထားမှန်း သိလိုက်သည်။ ၎င်းသည် လျှို့ဝှက်ချက်မဟုတ်သော်ငြား ယွီယွဲ့အားရှာဖို့လာသည့် ခယ့်ယွမ်၏မြင်ကွင်းက ပိုထူး ခြားသည်ဟု ခံစားမိသောလူနှစ်ယောက်၏ရင်တွင်းခံစားချက်ထက်ပိုသည်။
ထိုစဉ်ယွီယွဲ့သည် ပိုင်ရှောင်ရှီအား နှစ်သိမ့်ရန်ကြိုးပမ်းနေပြီး နှစ်ယောက်သား အပြန်အလှန်တီးတိုးပြောနေကြသည်။ ကျန်းရန်နှင့်လော့ဖေးတို့သည် ပိုင်ရှောင်ရှီမှတစ်ခုခုကြောင့်ဝမ်းနည်း နေသည်ဟု ယူဆထားသောကြောင့် ၎င်းတို့သည် သဘာဝအတိုင်းခိုးကြောင်ခိုးဝှက်မလုပ်ခဲ့ကြပေ။
ထို့နောက် မင်္ဂလာပွဲ၏သတို့သမီးလေးခယ့်ယွမ်အာ ရောက်ရှိလာသည်။ သူ၏လေသံထဲ နာကျည်းမှုအပြည့်ရှိနေပြီး သူ့အမူအရာမှာ အသနားခံနေသည်။
"ငါ နင့်ကိုလိုက်ရှာနေတာ။ နင်ဘာလို့ ဖုန်းမကိုင်တာလဲ?"
ရိုးရိုးသားသားပြောရလျှင် ကျန်းရန်နှင့်လောဖေးတို့သည် သူတို့၏ကျောရိုးထဲမှ စိမ့်ပြီးကျက်သီးများထသွားသည်ဟု ခံစားခဲ့ရသည်းသူငယ်ချင်း၏ရည်းစားမှ သူတို့သူငယ်ချင်းအား လာရှာနေသလိုပင်။
ယွီယွဲ့လည်း ထိတ်လန့်သွားသော်လည်း သူနှင့်ပိုင်ရှောင်ရှီနှစ်ယောက်စလုံးက တစ်စုံတစ်ခုအား ဖုံးကွယ်ထားသောကြောင့် လောဖေးနှင့်ကျန်းရန်ကဲ့သို့ပင် တုံ့ပြန်ခြင်းမပြုခဲ့ကြပေ။
"ဘာလို့လဲ ?" ယွီယွဲ့က မေးသည်။
"ငါ... ငါနေမကောင်းဘူး။ ငါနည်းနည်း စိတ်ပူနေတယ်။ နင်လာပေးလို့ရမလား?"
ယွီယွဲ့၏အမူအရာ အနည်းငယ်ပြောင်းလဲသွားသည်။ စကားအများကြီးမပြောပဲ ထရပ်ကာ ခယ့်ယွမ်အာနောက်သို့လိုက်သွားခဲ့သည်။
ဤမြင်ကွင်းသည် ကျန်းရန်နှင့်လော့ဖေးအား အံသြသွားစေခဲ့သည်။
ခယ့်ယွမ်အာ တကယ်မသက်မသာဖြစ်နေတာလား? နေသိပ်မကောင်းရင် သူ့ခင်ပွန်းဆီသွားသင့်တယ်လေ! သူတို့ကိုယ်သူတို့ ယုံကြည်မှုလွန်ကဲမနေသော်ငြား ခယ့်ယွမ်အာ၏ သူတို့သူငယ် ချင်းအပေါ်ကြည့်သည့်ပုံစံမှာ ထူးဆန်းလွန်းနေသောကြောင့် သံသယဖြစ်မိသည်။
သူတို့သူငယ်ချင်း၏တုံ့ပြန်မှုမှာ အံ့သြစရာပင်။ သာမာန်အား ဖြင့်သူသည် အခြားအမျိုးသမီးများနှင့် လုံးဝမပတ်သတ်ပဲ သူ၏ယခင်မိထွေးများအား မည်သည့်အခါမျှ ဂရုစိုက်မှုမပြခဲ့ပေ။ သူ ခယ့်ယွမ်အာအား အဘယ်ကြောင့် မတူကွဲပြားစွာဆက်ဆံရသနည်း? ခယ့်ယွမ်အာမှ သူ့ဝမ်းကွဲအားလွယ်ထားရသောကြောင့်ဖြစ်နိုင်သလား?
ပိုင်ရှောင်ရှီအားကြည့်လိုက်ရာ သူသည်လည်း ပြင်းပြင်းထန် ထန်တုံ့ပြန်ပုံမပေါ်ချေ။ သူတို့ လွန်လွန်ကဲကဲတုံ့ပြန်နေတာများလား?
ထို့ကြောင့် ခဏတာအတွင်းတွင် သူတို့ ဘာမှမပြောကြသေးပေ။
ထုံးစံအတိုင်း သူတို့၏တွေ့ဆုံမှုသည် ကျီဖေး၏အာရုံစိုက်မှုမှ မလွတ်ကင်းခဲ့ပေ။ ကျီဖေးသည် "ဖရဲသီးစားခြင်း" (အတင်း အဖျင်း) ပြီးသွားခဲ့ပြီး၊ ချင်ရှန့်နှင့် အခြားချင်မိသားစုဝင်များလည်း ထိုအကြောင်းအရာအား ကြားလိုက်ရသည်။
တစ်ခုခုလွတ်သွားသည်ဟု ခံစားမိပေမယ့် ထူးဆန်းသည့်ဆက်ဆံရေးအကြောင်းအား ကောက်ချက်မချချင်ကြချေ၊ အထူးသဖြင့် ၎င်း၏နောက်ကွယ်မှ အကြောင်းရင်းကိုသိနေသည့်အတွက်ကြောင့်ဖြစ်သည်။
သို့သော် နောက်အခိုက်အတန့်တွင် ကောင်းယာလန်သည် အရှက်တရား၏မျက်နှာဖုံးအားဆုတ်ဖြဲလိုက်သည်။
"သောက်ကျိုးနည်း? ဒီမိထွေးကဘာလို့ သူ့လင်ပါသားလေးကို အမြဲလိုက်ရှာနေတာလဲ? သူက ဖအေနဲ့လက်ထပ်မှာလား၊ သားနဲ့လက်ထပ်မှာလား? သူ မိထွေးနဲ့လင်ပါသားလိုမျိုး အချစ်ဇာတ်လမ်းလေးတွေဖန်တီးဖို့ လုပ်နေတာတော့မဟုတ်ပါဘူးနော်?"
ဒီမှတ်ချက်ကြောင့် လက်ဖက်ရည်သောက်နေသည့်စမ်ထင်သည့် သူ့ပုံရိပ်ကိုပင်ဂရုမစိုက်နိုင်ပဲ လက်ဖက်ရည်များအား မှုတ်ထုတ်မိသွားသည်။
ကျန်းရန် လက်သုတ်ပုဝါတစ်ထည်အား အမြန်လွှဲပေးလိုက်ရသည်။
စမ်ထင်သည် တရားခံကောင်းယာလန်အား စိုက်ကြည့်နေ သည်။
"နင်တို့အားလုံး ငါ့ကိုဘာလို့ အဲ့လိုကြီးကြည့်နေကြတာလဲ? မိထွေးငယ်ငယ်လေးနဲ့ ချောမောတဲ့လင်ပါသားဇာတ်လမ်းတွေက နိုင်ငံခြားမှာအဆန်းမဟုတ်ဘူးရယ်။" ကောင်းယာလန် ပြုံးလိုက်သည်။
"အဲ့အပြင် သူတို့က သွေးသားတော်ဆက်မှုလည်းမရှိဘူး၊ ပြီးတော့ အသက်အရွယ်ချင်းလည်းတူတယ်၊ ဒီတော့ သူတို့ သံသ ယတွေကနေရှောင်သင့်တယ်။ အဲဒီအမျိုးသမီးရဲ့အမူအရာက မသင့်လျော်ပေမယ့် ပိုပြီးစိတ်ညစ်စရာကောင်းတာက ယွီယွဲ့ပဲ။ သူက ဘယ်အချိန်ကတည်းကစပြီး ယဉ်ကျေးသိမ်မွေ့လာတာလဲ ? သူ့အဖေက ဧည့်သည်တွေကို လာနှုတ်ဆက်ရမယ့်အစား သံသယဝင်ခံရအောင်လို့ သူ့ကောင်မလေးကိုထားခဲ့တယ်။ အဲ့တာက သူ့ပုံစံနဲ့မတူဘူး။ ငါ နည်းနည်းမသင်္ကာဘူး။"
သာမာန်အားဖြင့်၊ ကျီဖေးသည် ယွီယွဲ့နှင့်ခယ့်ယွမ်အာတို့အ ကြောင်းအား ကောင်းယာလန်နှင့်အတူ ပြောဆိုလေ့ရှိသော် လည်း - ကိုယ်ဝန်ပျက်ကျမှုကြောင့် ယွီယွဲ့မှလိုက်လျောပေးနေကြောင်း အဖြစ်မှန်ကိုသိသည်။ ထိုကြောင့် ၎င်းတို့ကိုအပြစ်မတင်ပဲ ကသိကအောက်ဖြင့်ရယ်မောရုံသာ တတ်နိုင်ခဲ့သည်။
ကောင်းယာလန်မှပြောပြီးသွားသောအခါ ရောက်ရှိလာသူအားလုံး၏အံ့အားသင့်သွားသည့်ပုံစံကိုလျစ်လျူရှုပြီး ပိုင် ရှောင်ရှီထံ လက်ပြလိုက်သည်။
"ရှောင်ရှီ၊ မစိုးရိမ်ပါနဲ့။ ယွီယွဲ့ နင့်အပေါ်အပြစ်လုပ်ရဲရင် ငါတို့နင့်ဘက်မှာရပ်တည်ပေးမယ်။"
ပိုင်ရှောင်ရှီသည် နောက်ဆုံးတွင် သူ၏အသက်ရှုမှုကိုထိန်းနိုင်ခဲ့ပြီး သူ့လက်ကို ဝှေ့ယမ်းလိုက်သည်။
"မဟုတ်ဘူး၊ နင်တကယ်နားလည်မှုလွဲနေပြီ။"
ကောင်းယာလန်ပခုံးတွန့်လိုက်သည်။ " ငါလည်း အတွေးလွန်နေရုံသပ်သပ်ပဲဖြစ်မယ်လို့ မျှော်လင့်ပါတယ်။"
ပိုင်ရှောင်ရှီမှ ချက်ချင်းငြင်းချင်သော်လည်း တစ်စုံတစ်ခုမှ သူ့အား ခေတ္တရပ်တန့်သွားစေခဲ့သည်။ သူ၏မျက်ဆံများသည် အနည်းငယ်လှုပ်ခါသွားပြီး၊ "ယွီယွဲ့၊ မလုပ်နဲ့!"
[ထူးဆန်းတယ်၊ ပိုင်ရှောင်ရှီရဲ့တုံ့ပြန်မှုက သူလည်း မိထွေးအချစ်ဇာတ်လမ်းလိုမျိုးတွေကို သံသယဝင်နေပုံပဲ၊ ဟုတ်တယ်မလား?]
တစ်ခါတစ်ရံတွင် မိန်းကလေးများ၏ပင်ကိုသိစိတ်သည် မှန်နေတတ်သည်ကို ကျီဖေး မအံ့ဩပဲမနေနိုင်ပေ။
ဤအတွေးသည် အနီးရှိချင်မိသားစုဝင်သုံးယောက်လုံးအား ထိတ်လန့်စေခဲ့သည်။
ဘယ်လို မိထွေးအချစ်ဇာတ်လမ်းမျိုးလဲ? အဲဒါက သူတို့ထင်ခဲ့ဟာလား?
ကိုယ်ဝန်ပျက်ကျလို့ မဟုတ်ဘူးလား?
【ခန၊ ဘာပါလိမ့်? ဓာတ်ပုံလား? ]
ချင်မိသားစု- ဓာတ်ပုံ ? ဘယ်လိုဓာတ်ပုံမျိုးလဲ ? မိထွေးအချစ်ဇာတ်လမ်းက ဘယ်လိုမျိုးလဲ?
ချင်ရှန့်လည်းအံ့အားသင့်သွားပြီး ဇနီးဖြစ်သူ၏ကုတ်အင်္ကျီအား ချိန်ညှိပေးနေရင်းရပ်တန့်သွားခဲ့သည်။
【လွန်ခဲ့တဲ့နှစ်အနည်းငယ်ကရိုက်ထားတဲ့ ဓာတ်ပုံတစ်ပုံထဲမှာ ခယ့်ယွမ်အာနဲ့ယွီယွဲ့တို့အတူတူ အရက်သောက်နေတာကိုပြထားသည်။ ပိုင်ရှောင်ရှီက စိတ်မြန်လက်မြန်နဲ့ ခယ့်ယွမ်အာရဲ့ဖုန်းကို လှမ်းဆွဲလိုက်တော့ သူ လန့်ဖျပ်သွားပြီး ကိုယ်ဝန်ပျက်ကျသွားခဲ့တယ်။ ပိုကြီးတဲ့အဖြစ်အပျက်ကြောင့် ပိုင်ရှောင်ရှီက ဓာတ်ပုံကိုမေ့သွားပေမယ့် အခု သူ့ဆီပြန်ရောက်လာပြီ... အဲ့ဒါကြောင့် ယွီယွဲ့ပြောတဲ့ သူ ခယ့်ယွမ်အာကိုလုံးဝမသိဘူးဆိုတာက ဟုတ်လား မဟုတ်လားမသေချာဘူး။ 】
ချင်ရှန့် မျက်မှောင်ကြုတ်ပြီး : သူတို့နှစ်ယောက်က တစ်ယောက်နဲ့ တစ်ယောက် သိနေကြတာလား?
ချင်မိသားစု : သူတို့ စုံတွဲတွေဖြစ်နိုင်လား? ဒါက ဒရာမာတစ်မျိုးလား?
【ယွီယွဲ့သာ သူ့ကိုလိမ်နေရင် သူတော့လုံးဝအသဲကွဲလိမ့်မယ်၊ ဘာလို့ဆို ခယ့်ယွမ်အာက သူ့ကိုကူညီဖို့ပြေးလာတဲ့ ယွီယွဲ့ရဲ့ရင်ခွင်ထဲမှီကျသွားတာကို သူ မှတ်မိနေသေးတယ်။ ခယ့်ယွမ်အာက သနားစရာကောင်းတဲ့အသံနဲ့ သူနာမည်ကိုခေါ်ပြီး ယွီယွဲ့ရဲ့ရင်ခွင်ထဲ 'ငါ့ကလေး၊ ငါ့ကလေး...' လို့ ငိုပြီးပြောနေတဲ့မြင်ကွင်းက မမြင်ရတဲ့ဆူးတွေလိုပဲ ပိုင်ရှောင်ရှီကိုဘယ်လိုတုံ့ပြန်ရမှန်းမသိဖြစ်စေတယ်။ အဆုံးမှာတော့ သူက အပြစ်မဲ့တဲ့ကလေးကို သေစေခဲ့တဲ့သူပဲလေ။ သူက သူ့ကိုယ်သူ အခြားသူတွေရဲ့အသေးစိတ်တွေကိုအာရုံစိုက်ဖို့ အရမ်းလောဘကြီးနေတယ်လို့ခံစားနေရတာ။】
ချင်မိသားစု- ...ကောင်းပြီ၊ အဲဒါက ပိုပိုပြီးဒရာမာဆန်လာပြီ။
နူးညံ့သိမ်မွေ့သည့်ခံစားချက်များအား သိပ်နားမလည်သည့်ချင်ရှန့်သည်ပင် သူသာဆိုလျှင် ခယ့်ယွမ်အာ၏အပြုအမူအား စိတ်အနှောက်အယှက်ဖြစ်ပြီး မပါဝင်ချင်တော့ကြောင်း ခံစားလိုက်ရသည်။
【ဟက်၊ ငါသူ့ဆီကနေ အားနည်းပြီးကြာပန်းဖြူဆန်တဲ့ အငွေ့ အသက်မျိုးရနေတယ်။ ထူးဆန်းတာက ယွီယွဲ့ဘက်ကကြည့်ရင် ခယ့်ယွမ်အာအကြောင်း သူ တကယ်မသိတဲ့ပုံပဲ။ သူ့အပေါ်စိုးရိမ်မှုတွေအားလုံးက သူ ပိုင်ရှောင်ရှီကို မဖော်ထုတ်အောင် သေချာစေဖို့အတွက်ပဲ။]
ချင်မိသားစု : ကောင်းတယ်၊ ကောင်းတယ်။ ဒါက အဓိပ္ပါယ်မရှိတဲ့ ဆက်ဆံရေးမျိုးမဟုတ်ဘူးပဲ။
ချင်ရှန့်: ... သေချာပေါက် မဟုတ်ဘူးပေါ့။
အဘယ်ကြောင့်ဆိုသော် ကျီဖေး၏ "ဖရဲသီးစားခြင်း" စနစ်သည် ပုဂ္ဂိုလ်ရေးရှုထောင့်မှကြည့်နိုင်သောကြောင့်ဖြစ်သည်။ ယွီယွဲ့သည် အမှန်တကယ်မမှတ်မိခဲ့ပါက သို့မဟုတ် သူ့အသိ စိတ်ထဲတွင် ထိုလူအား လုံးဝမသိခဲ့ပါက၊ ယွီယွဲ့အတွက် သူ သူ့ကိုမသိသလိုဖြစ်သည်။
၎င်းက လမ်းမှာတွေ့သည့် လမ်းသွားလမ်းလာတစ်ယောက်လိုပင်၊ မင်း သူတို့ကိုအာရုံမစိုက်မိသောကြောင့် မင်း သူတို့ကိုသိမည်မဟုတ်ချေ။ သို့ပေမယ့် တစ်ဖက်လူမှ မင်းကိုလေးလေး နက်နက် စွဲလမ်းနေပြီး တွေ့ဆုံမှု၏ဓာတ်ပုံပင်ရှိနေသေးသည့် အခြေအနေမှာ ရှင်းပြရခက်သည်။
ပိုင်ရှောင်ရှီ စိတ်မသက်မသာဖြစ်လာသဖြင့် ယွီယွဲ့အား သူလိုက်ရှာခဲ့သည်။
သူ့တုံ့ပြန်မှုမှာ လူအများအပြားရှိနေခြင်းအား အနည်းငယ် စိတ်မသက်မသာဖြစ်နေပုံရသည်။ သူတို့အားလုံးသည် ဒီစုံတွဲ ဒီလောက်ကြာကြာတွဲလာခဲ့သည်ကို ကြည့်ခဲ့ကြပြီး သူတို့၏ အချစ်ရေးကိုထိန်းသိမ်းရန်ကူညီပေးချင်ခဲ့ကြသည်။ ထို့ ကြောင့် နောက်ပိုင်းတွင် ယွီယွဲ့နှင့်စကားပြောရန် အားလုံးစဉ်းစားခဲ့ကြပြီး မိထွေးနှင့်သူ၏ဆက်ဆံရေးကိုသတိထားရန် သတိပေးခဲ့ကြသည်။
ထိုအချိန်တွင်၊ ယွီယွဲ့သည် လုံးဝအံ့အားသင့်သွားခဲ့သည်။
သူသည် သူ့အား သနားစဖွယ်မျက်လုံးများဖြင့်ကြည့်နေသည့် တွယ်ကပ်တတ်သောစပျစ်နွယ်ပင်၏ အရိပ်အယောင်မျိုးရှိသော သူ့ရှေ့မှအမျိုးသမီးအားကြည့်လိုက်သည်။ သူသည် သူ့နားနှင့်ဆက်ဆက် ကြားလိုက်ရသည်ကို မယုံနိုင်ဖြစ်နေပြီး
" ငါအခု နားကြားမှားသွားတာလား?"
ခယ့်ယွမ်အာ၏မျက်လုံးများသည် မကျေနပ်ချက်များနှင့် ပြည့်နေသည်။
"နင် နားမလည်သလို ဟန်ဆောင်နေမှာလား? ကောင်းပြီလေ၊ ငါ ရှင်းရှင်းပဲပြောမယ်။ နင့်ကို ငါနဲ့ ကလေးတစ်ယောက်ယူစေချင်တယ်၊ အဲ့တာဆို ငါတို့ ဒါကိုဖုံးကွယ်ထားနိုင်လိမ့်မယ်။"
【 သူတို့ အဆုံးထိရောက်နေပြီလား ငါ ကြည့်လိုက်ပါဦးမယ်... အားး!】
ကျီဖေး၏အတွေးများသည် ချင်မိသားစုဝင်များ၏နှလုံးခုန်နှုန်းကိုရပ်တန့်သွားစေခဲ့သည်။
ဘာဖြစ်တာလဲ ?!
[ဒီမိထွေးနဲ့လင်ပါသားရဲ့ဆက်ဆံရေးမှာ တကယ့်ကိုလျှို့ဝှက်ဗုံးတစ်လုံးရှိနေတာပဲ! သူက လင်ပါသားနဲ့ကလေးယူဖို့ စီစဉ်နေတာလား?]
ချင်မိသားစု: ဘာ ? ဘာ ? ဘာဖြစ်တယ် ? ဘာယူမလို့ ? ငါဘာတွေကြားလိုက်တာလဲ? ငါ့နားတွေတော့ ညစ်ပတ်ကုန်ပါပြီ။