← Chapters

အခန်း (၂၉၉)

Vol. 30 Ch. 299

အခန်း (၂၉၉)

Vol. 30 Ch. 299

ယွီယွဲ့သည် သူတို့၏သီးသန့်စကားဝိုင်းအားကြားနိုင်စွမ်းရှိသည့် ကျီဖေးလိုလူရှိမည်ဟု ထင်မည်မဟုတ်ပေ။ သို့မဟုတ်ပါက သူ ခေါင်းမဖော်နိုင်လောက်အောင် ရှက်မိလိမ့်မည် ။

"မင်း နေမကောင်းဘူးလား ?"

ယွီယွဲ့သည် သတိပြန်ကပ်လာကာ ရွဲ့စောင်းစွာပြောလိုက်သည်။

ယွီယွဲ့သည် ထိုသို့ပြောလာခြင်းမဟုတ်ပါက ကျီဖေး သူ့အပေါ် သံသယဝင်မိတော့မည်။

ထိုအခါမှ ကျီဖေး၏ အတွေးများကို နားထောင်နေသည့် ချင်မိသားစုဝင်များလည်း သက်ပြင်းချနိုင်သွားသည်။

သူသာ ကလေးရရန်အတွက် အခြားမိန်းမတစ်ယောက်ဖြင့် အိပ်ပါက တစ်မျိုးတစ်မည်ဖြစ်သွားလိမ့်မည်။ ဤသည်မှာ ယွီယွဲ့၏ဘ၀တစ်လုံးကို ပျက်စီးသွားစေနိုင်သည့် ကြီးမားသော အရှုပ်တော်ပုံတစ်ခုပင်။

[ခဏလေး ခယ့်ယွမ်အာပြောတဲ့ 'နောက်တစ်ခါ' ဆိုတာက ဘာလဲ ? အရင်ကလေးကကော မဟုတ်မှ...]

ချင်မိသားစုဝင်များလည်း အံ့သြသွားကြသည်- မဖြစ်နိုင်ဘူး!!

ထိုစဉ် ချင်ရှန့်သည် တည်ငြိမ်စွာသာရှိနေသည်။ ကလေးသည် ယွီယွဲ့ က‌လေးသာဖြစ်ပါက ကျီဖေး၏အတင်းအဖျင်းစနစ်သည် သေချာပေါက်ရှာတွေ့ပေမည်။

ထင်ထားသလိုပင်၊ နောက်တစ်စက္ကန့်အကြာ ကျီဖေး အတွေးများကို ကြားလိုက်ရသည်။

[ငါ ခဏလောက် စိုးရိမ်သွားပေမဲ့ အနည်းဆုံးတော့ ယွီယွဲ့မှာ ပိုင်ရှောင်ရှီဆိုတဲ့ မိန်းမတစ်ယောက်ပဲရှိဖူးတာ]

ချင်မိသားစုဝင်များလည်း စိတ်သက်သာရစွာ သက်ပြင်းချမိလိုက်သည်- ယွီယွဲ့ အပြစ်ကင်းကြောင်း သက်သေပြရန်အ တော်လေးခက်ခဲမည်ဖြစ်သော်လည် အတင်းအဖျင်းစနစ်သည် ယခုလို သုံးနိုင်မည်ဆို မည်သူထင်ထားမည်နည်း။ မိုက်လိုက်တာ!

ချင်ရှန့်သည် သူလူပျိုဖြစ်ကြောင်း သူမ သိသွားသော အတိတ်ကိုပြန်တွေးမိသောအခါ အတင်းအဖျင်းစနစ်ကို ကျေးဇူးတင်မိသည်။ သို့မဟုတ်ပါက သူ အပြစ်ကင်းကြောင်း မည်သူယုံမည်နည်း? ထိုသို့သာဆိုလျှင် သူ့ဇနီးလေးသည် အမြဲတစေ သူ့အား သံသယများစွာဖြင့် အထင်လွဲကောင်းလွဲနိုင်သည်။

အမှန်တွင် ယောက်ျားတစ်ယောက်၏အပြစ်ကင်းစင်မှုသည် လောကတွင် အကောင်းဆုံးခန်းဝင်ပစ္စည်းပင်။

ချင်ရှန့် ဘ၀င်နည်းနည်းမြင့်သွားသလိုခံစားလိုက်ရပြီး သူ့ဇနီးလေးကို အနားပိုနီးကပ်အောင်ဆွဲဖက်မိလိုက်သည်။

သို့သော် ကျီဖေးသည် အတင်းအဖျင်းအပေါ်သာ အာရုံစိုက်နေခဲ့သည်။

[ယွီယွဲ့က အပြစ်ကင်းတာကို ခေယွန်းအာက ဘာလို့ဒီလိုပြောရတာလဲ? သူ မှားပြောမိတာလား၊ အား... အရမ်း စိတ်ရှုပ်ဖို့ကောင်းတာပဲ၊ ငါ ခယ့်ယွမ်အာကို မြန်မြန်တွေ့ချင်နေပြီ၊ အဲ့မိန်းမ ဘာတွေတွေးနေလဲ ငါ ကြည့်ချင်တယ်၊ ဒီလို ရယ်စရာ ကောင်းတဲ့ တောင်းဆိုမှုကို သူမ ဘယ်လိုတောင်ပြောနိုင်တာလဲ၊ မဟုတ်မှလွဲရော သူက အဖေကိုမဟုတ်ပဲ သားကိုကြိုက်နေတာလား? သူမ အတွင်းမီးတောက်စေချင်တာလား? မိထွေးနေရာကို ယူပြီး ယွီယွဲ့ပါးပါးရဲ့ နှာခေါင်းအောက်မှာ တွဲခုတ်ချင်တာများလား]

ယွီယွဲ့သည် ခယ့်ယွမ်အာ ပြောသည်ကို အသေအချာတွေး တောရင်း ပိုမိုတုန်လှုပ်လာမိသည်။

ခယ့်ယွမ်အာ ပြောသည့် 'နောက်ထပ် ကလေးယူရအောင်' ဆိုသည့် စကားမှာ ယွီယွဲ့အထင် သူမ ကိုယ်ဝန်ပျက်ကျခဲ့သဖြင့် နောက်ထပ်ကလေးယူရန် သူမကိုယ် သူမကိုပြောသည်ဟုသာထင်မိသည်။ ထိုစကားများသည် သူတို့နှစ်ယောက်လုံးကိုရည် ညွှန်းလိုက်မှန်း အမှတ်မထားမိချေ။

"နင် မျက်နှာမပျက်ချင်တာ ငါသိတယ်၊ အဲ့အတွက် နင် တာဝန်ယူစရာ မလိုအပ်ဘူး၊ ဒါပေမယ့် နင် ငါ့ကိုအဲ့တစ်ခုလေးပဲ လုပ်ပေးလို့မရဘူးလား" ခယ့်ယွမ်အာသည် ယွီယွဲ့ကို ရက်စက်သည့်သူတစ်ယောက်ပမာ ကြည့်နေသည်။

ယွီယွဲ့သည် ထိတ်လန့်နေဆဲဖြစ်ပြီး ခယ့်ယွမ်အာပြောသည့်အဓိပ္ပါယ်ကို နားလည်အောင် အတတ်နိုင်ဆုံးကြိုးစားနေဆဲဖြစ်သည်။

ပိုင်ရှောင်ရှီကြောင့် ခယ့်ယွမ်အာ ကိုယ်ဝန်ပျက်ကျခဲ့သော ကြောင့် သူလည်းအရှက်ရလိမ့်မည်ဟု ပြောခြင်းဖြစ်နိုင်သည်။

သူမ ပြောလိုက်သည့် တာ၀န်ဆိုသည့်အရာနှင့် တောင်းဆိုသည့်အရာသည် ပိုင်ရှောင်ရှီ၏လုပ်ရက်ကြောင့်ဖြစ်နိုင်သည်။

ဒါပဲဖြစ်လောက်မှာ... ဒါပေမယ့် သူ စဉ်းစားလေလေနားမလည်တော့လေလေပင်...

ဟင့်အင်း၊ မဟုတ်သေးဘူး၊ သူ အဲ့ဒါကို နားမလည်နိုင်င်သေးဘူး။ သူမပြောသည်ကို သူနားလည်နိုင်သော်လည်း အဘယ့် ကြောင့် ထိုနည်းလမ်းကို အသုံးပြုမည်နည်း။ မဟုတ်မှလွဲရော...

သူ ခေယွမ်အာကို လှမ်းပြီး သူ့ခြေထောက်များနောက်ပြန်ဆုတ်သွားမိပြီး သူ့ အမူအရာလည်း ဆိုးရွားသွားသည်။

[ယွီယဲ့လည်း သံသယ၀င်နေတဲ့ပုံပဲ၊ ဒါကတော်တော်ကြီး ဖြစ်နိုင်တယ်၊ ဒါက ဒရမ်မာအကြီးစားပဲ၊ ဒီအစ်မကြီးက ကိတ်မုန့်ကိုလည်း လိုချင်တယ်၊ စားလည်းစားချင်တယ်]

ချင်မိသားစုဝင်များလည်း ဤအတင်းအဖျင်းမှာ မယုံနိုင်လောက်အောင် ရင်ဖိုစရာကောင်းသည်ကို တွေ့လိုက်ရသည်။

သူတို့ တစ်စုံတစ်ယောက်၏ လျှို့ဝှက်ကြံစည်မှုကို အချိန်နှင့်တစ်ပြေးညီ ဖနားထောင်ရင်းမှ အရှုပ်တော်ပုံတစ်ခုကို တွေ့လိုက်သည်။— မည်သူ စိတ်လှုပ်ရှားပဲ နေမည်နည်း။

ခယ့်ယွမ်အာ၏ မျက်လုံးများသည် အောက်ငုံ့ထားသော ကြောင့် ရှောင်ယွီ၏တုံ့ပြန်မှုကို သတိမထားမိဘဲ ငိုကြွေးလျက် "နင့်အဖေနဲ့ လက်ထပ်ဖို့က ငါ့ ရွေးချယ်မှုမဟုတ်ဘူး၊ ဒါပေမယ့် အခုပြီးတာက ပြီးသွားတော့ ငါ့မှာ ရွေးချယ်စရာမရှိတော့ဘူး၊ နင့်အဖေရဲ့ဒေါသကို နင်သိပါတယ်၊ သူ့လက်ရှိကျန်းမာ ရေးအရ... ငါ ကိုယ်ဝန်ပျက်တာကိုသိရင်..."

ယွီယွဲ့၏အမူအရာပြောင်းသွားသော်လည်း တုံ့ပြန်ခြင်းမရှိပေ။

ခယ့်ယွမ်အာသည် ဆက်ကာ "နင်သိမှာပါ၊ အကောင်းဆုံးဖြေ ရှင်းချက်က ကိုယ်ဝန်အမြန်ဆုံးပြန်ရဖို့ပဲ"

ယွီယွဲ့သည် မျက်လုံးများကို မှိတ်ထားပြီး "ခင်ဗျား တခြားတစ် ယောက်ယောက်ကို ရှာလိုက်ပါ၊ ကျွန်တော် ဒါကို လျှို့ဝှက်ထားပေးမယ် ဒါမှမဟုတ်..." နည်းလမ်းများစွာရှိသည်။

သို့သော် ယွီယွဲ့ စကားမဆုံးခင် ခယ့်ယွမ်အာသည် သစ္စာဖောက်ခံလိုက်ရသလို နာကျင်စွာဖြင့် "နင် ဘယ်လိုတောင်ပြောရက်တာလဲ။ ငါ့ကို ဘယ်လိုလူမျိုးထင်နေတာလဲ၊ ငါ့ကို တခြားယောက်ျားနဲ့ အိပ်စေချင်နေတာလား"

ခယ့်ယွမ်အာ၏ နီရဲနေသော မျက်လုံးများကြောင့် ယွီယွဲ့လည်း အံ့သြသွားသည်။

[ဒါဆို နင်က ယွီယွဲ့နဲ့တော့ အိပ်ချင်တယ်ပေါ့ ? နင့်အရှက်တွေဘယ်ရောက်သွားတာလဲ? တခြားသူတွေ နင့်ကို ဘယ်လိုထင်ကြမလဲ၊ ငါ ယွီယွဲ့ရဲ့ လက်သီးစုတ်တွေကိုမြင်လိုက်ရတော့ ရုတ်တရက် သူ့ကို ကိုယ်ချင်းစာမိသွားတယ်။]

ချင်မိသားစုဝင်များလည်း ယွီယွဲ့အပေါ် အနည်းငယ်စာနာမိပါသည်။ သူ ဘယ်လိုတောင် ကံဆိုးရတာလဲ။

ယွီယွဲ့ တက္ကသိုလ်မတက်ခင် သူ့ဘဝသည် တော်တော်ခက်ခဲခဲ့သည်။ အဆုံးတွင် သူ၏မိထွေးသည် ပြောင်းလဲလာကာ လူတိုင်းသည် သူ့အတွက် ဆူးညောင့်ဖြစ်လာသည်။ ဤတစ်ခုသည်လည်း မကွဲပြားချေ။

ချင်ရှန့်သည် ယခုအချိန်တွင် သူ့သူငယ်ချင်းမှာ နန်းတွင်းရေးရာများတောင် သူ့လောက်မရှုပ်ထွေးဟု ထင်မိသည်။

ယွီယွဲ့ စကားမပြောသည်ကို ခယ့်ယွမ်အာ မြင်ချိန် စိုးရိမ်သွားသည်။

ယွီယွဲ့သာ ယခုလို ဆက်တည်ငြိမ်သနေပါက လက်ခံမည်မဟုတ်ဟု သူမ ထင်ခဲ့သည်။

"ငါဒီလျှို့ဝှက်ချက်ကို သေချာထိန်းသိမ်းထားမှာပါ၊ ပြီးတော့ နင်တို့ယွီမျိုးရိုးထဲကို တစ်ခြားသူရဲ့သွေး မ၀င်စေချင်ဘူးမလား၊ ဒါကြောင့် ငါတို့ အတူတူလုပ်တာ အကောင်းဆုံးရွေး ချယ်မှုပဲ၊ နင့် ကလေးက မိသားစုအမွေအတွက် နင်နဲ့ ပြိုင်မှာမဟုတ်ဘူး၊ ဒီလျှို့ဝှက်ချက်ကို ငါတစ်သက်လုံး သိမ်းထားပေးလို့ရတယ်"

ယွီယွဲ့သည် ခယ့်ယွမ်အာမှာ ထပ်တလဲလဲ ကတိပေးနေသော် လည်း ဤသို့လူကျင့်ဝတ်ဖောက်ဖျက်သည့်ကိစ္စကို သူ မယုံ ကြည်ပေ။

သူ့ အရင်သူငယ်ချင်းများ၏ကံဆိုးမှုများကို ပြန်အတွေးရောက်ချိန် ကျောရိုးတစ်လျှောက်စိမ့်တက်သွားသည်။

ဘာလဲ? အခုခေတ်စားနေတဲ့ ကလေးတစ်ယောက်မှာ အဖေနှစ်ယောက်ရှိတယ်ဆိုတဲ့ ဒရမ်မာလား? တစ်ယောက်က အမည်ခံဖခင် နောက်တစ်ယောက်က ဖခင်အရင်းလား?

ယွီယွဲ့သည် ခယ့်ယွမ်အာကို မယုံကြည်နိုင်စွာကြည့်မိသည်။ သို့သော် ခယ့်ယွမ်အာ၏ ပါးပြင်များသည် ရှက်ရွံမှုကြောင့် တဖြည်းဖြည်းနီလာသည်။

"စိတ်မပူပါနဲ့၊ ဒါက ငါတို့နှစ်ယောက်ပဲ သိမှာပါ၊ ငါတို့ရဲ့ လျှို့။ဝှက်ချက်ပဲ၊ နင် အိမ်မှာခဏနေရုံနဲ့ ငါ ကိုယ်ဝန်ရသွားမှာ သေချာတယ်"

ခယ့်ယွမ်အာသည် သူမကိုယ် သူမ ယွီယွဲ့ ရင်ခွင်ထဲသို့ ခုန်ချတော့မည့်အလား ရှေ့တိုးလာသည်။

ယွီယွဲ့သည် လျင်မြန်စွာ ရှောင်တိမ်းကာ ခြေလှမ်းပေါင်းများစွာ နောက်ပြန်ဆုတ်လိုက်ချိန် ခယ့်ယွမ်အာ၏ ဒေါသနှင့် ရှက်ရွံ့မှုတို့ရောယှက်နေသော အကြည့်ဖြင့်စုံမိသွားသည်။

အခုတော့ သူသေချာသွားလေပြီ။ ဒီရူးနေတဲ့မိန်းမက သူ့ကိုကြံနေတာပဲ၊ သူမ ခဲတစ်လုံးတည်းနဲ့ ငှက်နှစ်ကောင်ကို သတ်ပစ်ချင်‌နေတာ—ယွီမိသားစုမှ သံသယဖြစ်ဖွယ်မရှိသောသွေးဆက်တစ်ခုကိုရရှိန် သူ့ကို ဤအရှုပ်အထွေးထဲသို့ ဆွဲသွင်းကာ သူနှင့်အတူအိပ်ချင်နေသည်။

[ဒါက ခိုင်လုံတဲ့ အကြောင်းတစ်ခုပဲ၊ အဲ့စဉ်းစားဉာဏ်မရှိတော့တဲ့ အစ်မကြီးက ယွီယွဲ့ရဲ့ခန္ဓာကိုယ်ကို စွဲလန်းပြီး သူနဲ့ မသင့်‌ တော်တဲ့ ဆက်ဆံရေးကို တည်ဆောက်ချင်နေတာ၊ တကယ်တော့ နည်းလမ်းတွေက အများကြီးရှိတယ်—နည်းပညာတွေကလည်း တိုးနက်နေလို့ ကလေးတစ်ယောက်က လွယ်လွယ်မွေးလို့ရတယ်၊ ယွီယွဲ့ကို ရွေးဖို့ အကြောင်းပြချက်သာမရှိပဲ ခယ့်ယွမ်အာမှာ သူ့အတွက် ခံစားချက်မရှိရင် သူမ နည်းပညာကို အသုံးချရင်ရနေတာပဲ၊ ဘာကြောင့် အခုလို အတင်းတွေ လာတောင်းဆိုနေတာလဲ၊ ငါ့မှာ အတင်းအဖျင်းစနစ်မရှိရင် တောင်မှ ဒါကို မြင်တယ်]

ချင်မိသားစုဝင်များလည်း တိတ်တဆိတ် ခေါင်းညိတ်လိုက်သည်။ အမှန်ပဲ ခယ့်ယွမ်အာရဲ့ ရည်ရွယ်ချက်တွေက ရှင်းလင်းနေတာပဲ

သို့သော် ချင်ရှန့်သည် တစ်ခုခု ထူးဆန်းနေသည်ကို တွေ့လိုက်ရသည်။ ဒါဆို ခယ့်ယွမ်အာက ယွီယွဲ့ကို ဒီလောက်အန္တရာယ်များတဲ့ အခြေအနေမှာတောင်လိုချင်နေတုန်းလား? ကိုယ်ဝန် ပျက်ကျတာနဲ့ စွန့်ပစ်မခံရနိုင်ပေမဲ့ ယွီယွဲ့နဲ့ သူမရဲ့ ဆက်ဆံရေးကိုတောင် မတော်တဆတွေ့သွားရင် ယွီယွဲ့ဘာမှမထိခိုက်လောက်ပေမဲ့ သူ့ ဘ၀တော့ သွားပြီ]

ချင်ရှန့် ယခင်က ယွီယွဲ့နှင့် ခယ့်ယွမ်အာတို့ အဆက်အစပ်ရှိနေသည်ဟု ထင်ရသည့် ဓာတ်ပုံအကြောင်းကို သူကြားဖူး သည်။ ထို့ကြောင့် သူ့မိန်းမ အတင်းအဖျင်းလွယ်လွယ် ပြောနိုင်အောင် ခယ့်ယွမ်အာ၏အတိတ်ကိုစုံစမ်းရန် တစ်ယောက် ယောက်ကို စေလွှတ်ထားပြီးသားပင်။

သတင်းအချက်အလက်များ မကြာခင်ရောက်လာတော့မည်ဖြစ်၍ သူ ယွီယွဲ့ကို ထိုအခါမှသာသတိပေးလိုက်မည်။

All Chapters