အခန်း (၃၀၀)
Vol. 30 Ch. 300
ယွီယွဲ့သည် ရွံရှာခြင်းနှင့် စိတ်မသက်မသာဖြစ်ခြင်းကို ခံစားနေရသည်။ အဆုံးတွင် သူ့ရှေ့ရှိ အမျိုးသမီးသည် သူ့အဖေနဲ့ အိပ်ဖူး သူ….... သူ့ မိထွေးပင်။ သူ၏ ကိုယ်ကျင့်တရားသည် ထိုမျှလောက်ညစ်ထွေးမနေပေ။ သူမသည် သူနှင့်ရွယ်တူဖြစ်သော် လည်း ယွီယွဲ့၏မျက်လုံးထဲတွင်တော့ လူလတ်ပိုင်းအရွယ် အဒေါ်ကြီးတစ်ယောက်ဖြစ်ကာ သူ့ထက်မျိုးဆက်ပိုကြီးသူပင်။ သူနှင့် အတူအိပ်ဖို့ ကြိုးစားနေသည့် အဒေါ်ဖြစ်သူ၏ အတွေးမှာ သူ့ကို အိပ်မက်ဆိုးမက်စေလောက်အောင်ပင်။
သို့သော် ခယ့်ယွမ်အာသည် သူ၏ပျော့ကွက် အမှန်တကယ် ထိနိုင်ခဲ့သည်။ သူမ ပြတ်ပြတ်သားသား မပြောခဲ့သော်လည်း ယွီယွဲ့သာ မပူးပေါင်းပါက ကိုယ်ဝန်ပျက်ကျခြင်းနှင့် ပတ်သက်သည့် အမှန်တရားကိုဖော်ထုတ်လိမ့်မည်ဆိုတာ ယွီယွဲ့ သိသည်။
ခယ့်ယွမ်အာကို ကိုယ်ဝန်ပျက်စေခဲ့တဲ့သူမှာ ရှောင်ရှီဆိုတာကို ပါးပါးသာ သိသွားပါက၊ ခယ့်ယွမ်အာ၏ ဗိုက်ထဲရှိ ကလေးကို ပါးပါး တန်ဖိုးထားပုံအရဆို လွယ်လွယ် လွှတ်ပေးမှာမဟုတ်တာ သေချာသည်။ ထို့အပြင် ယွီမိသားစုသည် ကလေးများအပေါ် အလွန်အရေးပေးသောကြောင့် ရှောင်ရှီ ထိုသို့သောအခြေအနေမျိုးတွင် ပါဝင်သွားခြင်းမှာ အလွန်ကံမကောင်းသည်ဟု ထင်မိကြလိမ့်မည်။ ရှောင်ရှီဆိုတာကို သိသွားပါက...
ထိုသည်ကိုတွေးပြီး ယွီယွီ၏ မျက်နှာလည်း မည်းမှောင်သွားသည်။ သူရှောင်ရှီ ထိခိုက်မည်ကို လုံးဝခွင့်မပြုနိုင်ချေ။
ဒီအန္တရာယ်သည် ကြီးလွန်းပေသည်။ သူ ဦးစွာ ဤရူးသွပ်သည့်မိန်းမကို တည်ငြိမ်အောင် ထိန်းရမည်။
ခယ့်ယွမ်အာသည် ရူးသွပ်စွာ နာကျင်မှုအပြင့်ဖြင့် ယွီယွဲ့ကို ငေးကြည့်နေသော်လည်း သူမတွင် နာကြည်းမှုမရှိပေ။
"ငါ နင့်ကို စဉ်းစားဖို့ အချိန်ပေးနိုင်ပေမယ့် အချိန်တွေက မြန်မြန်မယ်ဆိုတာ နင်သိထားရမယ်၊ နောက်ကျမီ ကိုယ်ဝန်ရှိရင် သံသယတွေ ပို၀င်လာလိမ့်မယ်၊ ယွီယွဲ့... ငါအများကြီးလိုက် လျောမှုပြီးပြီ၊ ငါ့ကိုခက်ခဲအောင်ထပ်မလုပ်နဲ့တော့၊ ငါလည်း နာကျင်တက်တယ်၊ ဝမ်းနည်းတက်တယ်"
[သူ့ကိုငြင်းလိုက်! အော်ပြီး ငြင်းလိုက်လေ! အရူး! အရှက်မရှိဘူး ဆိုပြီးအော်ပြောလေ! ]
ကျီဖေး၏ ရုတ်ခြည်းဆန်သော အတွေးများကြောင့် ချင်မိသား စုဝင်များလည်း ထိတ်လန့်သွားသည်။ သူ ဘာလို့ အလောတ ကြီးဖြစ်သွားတာလဲ?
ယွီယွဲ့၏အမူအရာသည် အဆင်မပြေသော်လည်း ခဏတညတုံ့ဆိုင်းသွားပြီးနောက် "ငါ စဉ်းစားပေးပါ့မယ်၊ မင်္ဂလာဆောင်ပြီးရင် အဖြေပေးပါ့မယ်"
ခယ့်ယွမ်အာ၏မျက်လုံးများသည် ပေကလက် ပေကလက်ဖြင့် အဆုံးတွင် ခေါင်းသာညိတ်လိုက်သည်။ ယွီယွဲ့သည် အခန်းထဲမှ အမြန်ထွက်သွားတော့သည်။
ချင်မိသားစုသည် ရလဒ်ကို စိတ်အားထက်သန်စွာ စောင့်မျှော်နေသည်။
ထိုစဉ် ကျီဖေး၏ ခပ်တိုးတိုးလေး အတွေးကို ကြားလိုက်ရသည်။
[ယွီယွဲ့.... နင်တော့ သွားပြီ၊ နင်တကယ် စဉ်းစားပါ့မယ်ဆိုပြီး ပြောခဲ့တာပဲ]
ချင်ရှန့် မျက်မှောင်ကြုတ်လိုက်မိသည်။ ထိုသည်မှာ ယွီယွဲ့နှင့် မတူချေ။ သူသည် အဖေဖြစ်သူနှင့် ဆက်ဆံရေးအားလုံးကိုတောင် ဖြတ်တောက်ပြီး ယုမိသားစုကို စွန့်ခွာရမည်ဆိုလျှင်တောင် ဂရုမစိုက်မှာမဟုတ်ပေ။ သို့ဖြစ်ရာ သူ အဘယ့်ကြောင့် သဘောတူလိုက်ရသနည်း။
ထို့နောက် ကျီဖေး၏ညည်းညူသံကိုကြားလိုက်ရသည်။
["စဉ်းစားမယ်" ဆိုတဲ့စကားက အဲ့ရူးနေတဲ့ မိန်းမကို ခဏလောက်တားဖို့ နည်းဗျူဟာပဲ၊ ယွီယွဲ့က ဒီကိစ္စတွေကို မဖြေရှင်းနိုင်ရင် သူထွက်ပြေးဖို့ ကြံစည်ထားပြီးသား၊ သူက ပိုင်ရှောင်ရှီကိုပဲလိုချင်လို့ မင်္ဂလာပွဲပြီးရင် ဘယ်သူ့ကိုမှမပြောဘဲ ပိုင်ရှောင်ရှီကို နိုင်ငံခြားကိုခေါ်သွားမယ်ပေါ့၊ သူ့အစီအစဉ်က ချောချောမွေ့မွေ့ပါပဲ]
ချင်မိသားစုများလည်း အနည်းငယ် ရယ်မောလိုက်ကာ သက်ပြင်းတစ်ချက်ချလိုက်သည်။ ယွီယွဲ့က ဉာဏ်ကောင်းတာပဲ။
ချင်ရှန့် အံ့ဩသွားသည်။ ထိုသို့ဆိုပါက ကျီဖေး အဘယ့်ကြောင့် စိုးရိမ်နေရသနည်း။
ထိုစဉ် ကျီဖေး လက်များသည် ဂနာမငြိမ်ဖြစ်နေသည်ကို သူတို့မြင်လိုက်ရပြီး သူမ အဓိကအကြောင်းကိုဆိုတော့သည်။
[ယွီယွဲ့က တကယ်ကံဆိုးတာပဲ၊ သူ "နံရံတွေမှာနားတွေရှိတယ်" ဆိုတာကို မသိဘူးလား? သူတို့ နောက်ခန်းမှာရှိတဲ့ ပိုင်ရှောင်ရှီက အားလုံးကိုကြားသွားပြီ]
ချင်မိသားစု: ဟမ်... ဘာကြီး ?!
ချင်ရှန့်သည် ၎င်းတို့၏ အိမ်ပုံစံကိုမှတ်မိနေသည်။ ၎င်းတို့အပေါ်ထပ် အခန်းတိုင်းတွင် ကိုယ်ပိုင်လသာဆောင်ထားထား သည်။ လသာဆောင်တံခါးများကိုသာ ဖွင့်ထားလျှင် နောက်ခန်းမှတစ်ယောက်ယောက်ပြောနေသည့် စကားကိုသေချာကြားနိုင်မည်ဖြစ်သည်။
သို့သော် မင်္ဂလာပွဲကို အောက်ထပ်မှာကျင်းပမည်ဖြစ်သော ကြောင့် အခန်းထဲတွင် မည်သူမှ မရှိသင့်ချေ။ အထူးသဖြင့် ယွီယွဲ့နှင့် ခယ့်ယွမ်အာတို့သည် အခန်းများတွင် လူမရှိမှန်း သိသဖြင့် လသာဆောင်တံခါးများကို ပိတ်ရန်မလုပ်ခြင်းပင်။
အမှန်ပင် ကံကြမ္မာ၏ရက်စက်သော လှည့်ကွက်ပင်။
[ယွီယွဲ့က အမြန်ထွက်သွားလို့ နောက်ခန်းမှာ ရှိနေတဲ့လူကို သတိမထားမိဘူး၊ ပိုင်ရှောင်ရှီ လသာဆောင်မှာ ပုန်းအောင်းနေပြီး အခုထိငိုနေတုန်းပဲ၊ ငါ ဘယ်လိုမှ ထိုင်ကြည့်မနေနိုင်တော့ဘူး။ တီဗွီထဲမှာတောင် ဒီလိုနားလည်မှုလွဲတာပါရင် ငါ ကလိကလိဖြစ်မိတာ၊ အရင်ဆုံး သူတို့နှစ်ယောက်ကိုရှာရမယ်၊ ပြီးရင် အချင်းချင်းတွေ့ပေးရမယ်၊ ပိုင်ရှောင်ရှီက စိတ်ထားလေးဖြူစင်တော့ သူ ဘာကိုမှဖုံးကွယ်ထားမှာမဟုတ်ဘူး]
ချင်မိသားစုမိလည်း စိတ်အနှောက်အယှက်ဖြစ်မိသည်။အခြား သူများ၏ဘဝထဲကို ဝင်ရောက်စွက်ဖက်ခြင်းမပြုခြင်းသည်မှာ အကောင်းဆုံးဖြစ်သော်လည်း ဤအရာကိုတော့ သူတို့လျစ် လျူမရှုနိုင်ချေ။
"ကျွန်မ..." ကျီဖေးသည် အကြောင်းပြချက်ရှာမရစဉ် ချင်ရှန့် ရုတ်တရက်ပြောလာသည်။ "မင်း ဘယ်သွားချင်လဲ၊ ကိုယ်လိုက်ခဲ့မယ်
ကျီဖေးသည် ချင်ရှန့်ကို ကြည့်ကာ သူ့ထံမှ ဖုံးကွယ်ထားရန် မလိုဟု ခံစားလိုက်ရသဖြင့် "ကျွန်မ ရှောင်ရှီနဲ့ ယွီယွဲ့ကို ရှာချင်တယ်"
ချင်ရှန့်: သူက သူမရဲ့ လျှို့ဝှက်ချက်လေးတွေကို ဝေမျှနိုင်တဲ့သူတစ်ယောက်လို ဖြစ်လာတဲ့ပုံပဲ။
မှန်လှစွာပင် ထိုသည်မှာ ကျီဖေး၏ မသိစိတ်မှ တုန့်ပြန်မှုပင်။ သူမသည် အကြောင်းပြချင်ရှာရန် မတော်သလို ချင်ရှန့်သည်လည်း အမေးမြန်းမထူသဖြင့် သူမနှင့်လိုက်ရန် ပြောလာမှတော့ တစ်ပါတည်း ခေါ်သွားဖို့ ဆုံးဖြတ်ခဲ့ခြင်းပင်။
[အင်း ချင်ရှန့်က အရမ်းထက်မြက်တာ သူကကိစ္စတွေကို လျင်လျင်မြန်မြန် ဖော်ထုတ်နိုင်ပြီးတော့ အမှန်တရားကိုလည်း ခွဲခြမ်းစိတ်ဖြာနိုင်တယ်ထ သူသာ ဦးဆောင်မယ်ဆိုရင် ငါမလုပ်နိုင်တဲ့ဟာကိုလည်း လုပ်နိုင်လိမ့်မယ်၊ ပြီးတော့ ထူးဆန်းတယ်ထင်တဲ့လူတွေအတွက်လည်း စိတ်ပူနေစရာမလိုတော့ဘူး]
ချင်ရှန့်သည် ကျီဖေးကို ဆွဲခေါ်လာလိုက်ရင်း တိတ်တဆိတ် ပြုံးလိုက်သည်။
သိပ်ကောင်းတာပဲ၊ သူ့မိန်းမက သူ့ကို ပိုပိုပြီး အားကိုးလာပြီ၊ ဒါက ကျီဖေးနှလုံးသားထဲမှာ သူရှိနေတယ်ဆိုတာ သက်သေပြတာပဲ၊ သူ တကယ်ပျော်တယ်!
အစောပိုင်းတွင် ယွီယွဲ့သည် သတို့သမီးကို ရှာနေကြောင်း ပြောသဖြင့် ရှောင်ရှီလည်း သူ့ကိုရှာရင် သတို့သမီးအတွက် ပြင်ဆင်ထားသည့် အခန်းကို သွားခဲ့သည်။ သူတို့လည်း ၎င်းတို့ကိုရှာရန်ဟုဆိုကာ တက်လာခဲ့သည်။
သူမသည် အပေါ်ထပ်အခန်းတွင်ရှိပြီး အောက်ထပ်တွင် ဓာတ်လှေကားရှိသောကြောင့် ချင်ရှန့်နှင့် ကျီဖေးသည် အောက်ထပ်သို့ဆင်းသွားသော ယွီယွဲ့နောက်ကို မလိုက်ခဲ့ကြပေ။
ကျီဖေးသည် ပိုင်ရှောင်ရှီမှာ အခန်းထဲတွင်သာပုန်းပြီးငိုနေမှန်းသိသဖြင့် စိတ်မပူမိချေ။ သူထိုနေရာကိုအရင်သွားကြပေမည်။
သူတို့ သွားမည့် အခန်းကို ရောက်ခါနီးတွင် ထောင့်တစ်နေရာတွင် အခန်းထဲကိုဝင်သွားသည့် လူတစ်ယောက်ကို တွေ့လိုက်သည်။
၎င်းတို့ နှစ်ယောက်စလုံး ရပ်တန့်ကာ အကြည့်ချင်းဖလှယ်လိုက်ကြသည်။
"အဲဒါက...?"
ကျီဖေးက မသေချာပေ။ သူမသည် ၎င်း၏ ဘေးဘက်ရုပ်ကို ခဏမျှ မြင်လိုက်ရခြင်းပင်။
"ယွီယွဲ့ရဲ့ဦးလေး ယွီရီ" ချင်ရှန့်၏ လေသံသည် နည်းနည်းထူးဆန်းနေသည်။
သူသည် ဦးလေးဖြစ်သူမှာ မရီးအခန်းထဲကိုအဘယ့်ကြောင့် ရုတ်တရက်ဝင်သွားသနည်းဟု သံသယဝင်နေခြင်း မဟုတ်ပဲ သူဝင်လာချိန်တွင် ယွီရီမျက်နှာပေါ်ရှိ ဒေါသကြောင့် ထူးဆန်းနေမိခြင်းပင်။
သိပ်မကြာခင် ကျီဖေး အဖြေပေးလာသည်။
[ဘုရားရေ၊ အဲ့ဒီလူကလည်း နောက်ခန်းမှာခိုးနားထောင်နေတာပေါ့? ယွီယွဲ့... နင် ပိုသတိထားရင်ကောင်းမယ်၊ နင့် မိသားစုရဲ့အခန်းတွေက စက္ကူနဲ့လုပ်ထားတာကျနေတာပဲ]
ချင်ရှန့်လည်း မပြောစရာစကားပျောက်နေမိသည်။
ချင်မိသားစုဝင်များရှုပ်ထွေးသွားသည်။ သူ ဘယ်သူ့အ ကြောင်း ပြောနေတာလဲ?
[သူက တစ်စုံတစ်ယောက်ကို ခြိမ်းခြောက်မလို့လား? တစ်ချက်လောက် စစ်ဆေးဦးမှ...]
ချင်ရှန့်သည် ကျီဖေးကို ပိုင်ရှောင်ရှီ၏အခန်းသို့ ဦးစွာခေါ်သွားရန် ဆုံးဖြတ်လိုက်သည်။
သူ တံခါးခေါက်ရမည်ဟု ထင်ထားခဲ့သော်လည်း ပွင့်နေပြီဖြစ်သည်။ ချင်ရှန့်သည် ယွီရီ တစ်ခုခုမှားနေသည်ဆိုတာသိသဖြင့် မည်သူမှသတိမထားမိအောင် ကျီဖေးကို အခန်းထဲခေါ်လာလိုက်ရုံဖြစ်သည်။
ပိုင်ရှောင်ရှီသည် လသာဆောင်တွင် ရှိနေတုန်းပင်။ သူမသည် သတင်းတစ်ခုခု သိထားသလို သူမပါးစပ်ကို ထိတ်လန့်တကြား ဖုံးထားသည်။ သူမသည် အခန်းထဲတွင် ရုတ်တရက်ပေါ် လာသည့် ၎င်းတို့နှစ်ယောက်ကိုတောင် တုံ့ပြန်ဖို့တောင်အချိန်မရှိခဲ့ပေ။
တစ်ချိန်တည်းမှာပင် ကျီဖေးစိတ်ထဲလည်းတုန်လှုပ်သွားသည်။
[အိုး ဘုရားရေ! ဒီနှစ်ခုလုံးနဲ့သက်ဆိုင်နေတာပဲ၊ ခယ့်ယွမ်အာရဲ့ ကလေးက သူ့ဟာလို့ ဘာလို့ ယွီရီကသံသယ၀င်နေတာပဲ၊ သူ ကလေးပျက်ကျပြီး နောက်ထပ်ကလေးယူပြီးအစားထိုးဖို့ ကြံစည်နေတယ်ဆိုတာကြားတော့ ဒီလိုသံသယ၀င်မိတာပဲ၊ ဘုရားရေ ဒီကမ္ဘာကြီးက ဘာတွေဖြစ်ကုန်တာလဲ!]