အခန်း (၄၅၇-၄၅၉)
Vol. 31 Ch. 457-459
အခန်း (၄၅၇) လော့ချန်းရွှယ်မှတ်ဉာဏ်ပြန်ရလာပြီ (၂)
လင်းဇီချန်သည် အချိန်ဖြုန်းမနေတော့ဘဲ အမြန်ပင် သတိလစ်နေသောသူများကို အဆိပ်ဖြေဆေးပေးလိုက်သည်။ အဆိပ်ပြေလာသည်နှင့် အားလုံးသည် ဖြည်းဖြည်းချင်း မျက်လုံးဖွင့်လာကြကာ အသိပြန်ဝင်လာကြသည်။ အမြန်ဆုံးပြန်နိုးလာသူမှာ လန်ထျန်ပိုင်၊ ကျောက်ချင်ရှန်းနှင့် ကျန်းထောင်တို့ပင်ဖြစ်ကာ အားလုံးသည် သခင်အဆင့်သက်ရှိများဖြစ်ပြီး အခြားအဖွဲ့ဝင်များထက် ခန္ဓာကိုယ်ပိုင်းဆိုင်ရာ အားကောင်းကြသည်။
မိနစ်ဝက်ခန့်ကြာပြီးနောက်တွင် မြေကြီးပေါ်မှသတိလစ်နေသောသူအားလုံးသည် ဖြည်းဖြည်းချင်း သတိပြန်ရလာပြီး တွေဝေစွာဖြင့် ဘေးဘီသို့ ကြည့်နေမိသည်။ အားလုံးသည် အမွှေးရနံ့ကြောင့် ဆွဲဆောင်ခံလိုက်ရသည်ကို သတိမထားမိပေ။ အားလုံး၏မှတ်ဉာဏ်သည် အမွှေးရနံ့မရခင် အချိန်တွင်သာ စဉ်းစားနေမိကြသည်။ အချိန်ပမာဏတစ်ခုပြီးနောက်တွင် ရုတ်တရက်ပင် လော့ချန်းရွှယ်ကို တစ်ယောက်ယောက်က ကြည့်ပြီး လက်နက်ကိုမြှောက်ကာ မျက်မှောင်ကြုတ်ပြီး မေးခွန်းထုတ်လိုက်သည်။
"မင်းက ဘယ်သူလဲ။ ဘာလို့ လင်းဇီချန်ကို တိုက်ခိုက်ရတာလဲ။"
လော့ချန်းရွှယ်ကို မေးခွန်းထုတ်လိုက်သောလူငယ်သည် သွေးမျိုးဆက်စွမ်းအားအဆင့်က အဆင့်မြင့်အဌမအဆင့်သာရှိသည်။ စိတ်သည် ရနံ့ဖြင့် ဆွဲဆောင်မခံရခင်တွင် လော့ချန်းရွှယ်သည် ရေခဲမြူများကို စုစည်းနေသည်ကို တွေ့လိုက်ရပြီး လင်းဇီချန်က လှောင်ချိုင့်ကို ဖျက်မည်ကို တားခဲ့သည်။ ထို့မတိုင်ခင်တွင် လော့ချန်းရွှယ်သည် အမွှေးရနံ့ဖြင့် ဆွဲဆောင်ခံရသည်ကိုမူ သတိမထားမိဘဲ သူမသည် ဂြိုလ်သားပါရမီရှင်အဖွဲ့ထဲသို့ ဝင်လာသည့်သူလျှိုဟုသာ ထင်နေပြီး အရေးကြီးသောအချိန်တွင် သေစေနိုင်သောတိုက်ခိုက်မှုမျိုး လုပ်သည်ဟု ထင်နေသည်။ လူငယ်၏မေးခွန်းကို နားထောင်ပြီးနောက်တွင် အခြားသူများလည်း သဘောပေါက်သွားကာ မိမိတို့သတိမမေ့ခင်က အကြောင်းကို ပြန်စဉ်းစားလိုက်ပြီး လော့ချန်းရွှယ်သည် လင်းဇီချန်က အားလုံးကို ကယ်မည်ဟု တားခဲ့ကြောင်း မှတ်မိသွားသည်။ ချက်ချင်းဆိုသလိုပင် လေထုအခြေအနေက တင်းမာသွားသည်။
လင်းဇီချန်နှင့် ရှန်ချင်းဟန်မှလွဲ၍ အားလုံးသည် လက်နက်ကို တင်းတင်းကျပ်ကျပ်ဆုပ်ကိုင်ကာ လော့ချန်းရွှယ်ကို တရားခံတစ်ယောက်ကဲ့သို့ ကြည့်နေကြသည်။ သို့သော်လည်း ရနံ့ဖြင့် ပထမဆုံးဆွဲဆောင်ခံလိုက်ရသူမှာ လော့ချန်းရွှယ်ဖြစ်ပြီး ထိုအချိန်အတွင်းတွင် ဖြစ်နေသည်များကို မစဉ်းစားတတ်တော့ပေ။ ထို့ကြောင့် အားလုံး၏အကြည့်ဖြင့်ရင်ဆိုင်ရသည့်အခါတွင် လော့ချန်းရွှယ်လည်း စိတ်ရှုပ်သွားသည်။
"ငါအမြဲပြောခဲ့သားပဲ။ သူကမတူဘူး၊စိတ်လည်းမတူဘူးလို့။ ငါတို့တွေ ဒီဂြိုလ်သားကို ဂြိုလ်သားလူသားအဖွဲ့ထဲ ပေးမဝင်ခဲ့သင့်ဘူး။ သူက မြို့ထဲမှာကို မနေသင့်တာ။"
ကျောက်ကျစ်ရွှမ်သည် လော့ချန်းရွှယ်မကို ကြောက်စရာကောင်းသောမျက်လုံးများဖြင့် ငေးကြည့်ကာ ပြောလိုက်သည်။
ဂြိုလ်သားလူသားပါရမီရှင်အဖွဲ့တွင် ဂြိုလ်သားများနှင့်ပက်သက်၍ သူမ၏မလိုမုန်းထားစိတ်က အပြင်းထန်ဆုံးဖြစ်သည်။ မိဘများသည် ဂြိုလ်သားများလက်ထဲတွင် သေသွားသောကြောင့် ကလေးဘဝကတည်းကပင် ဂြိုလ်သားများကို မကျေမချမ်းဖြစ်နေခဲ့ကာ မူလမြေမှဂြိုလ်သားများအားလုံးပျောက်ကွယ်သွားရန် မျှော်လင့်နေမိသည်။
"ချန်းရွှယ် ဇီချန်က ငါတို့ကို ကူညီပြီး လှောင်ချိုင့်ကို ဖျက်ဖို့ ကြိုးစားတုန်းက မင်းက ဘာလို့ သူ့ကို ဝင်နှောင့်ယှက်ရတာလဲ။"
လက်ထဲ၌ ခုတ်ဓားကြီးကိုင်ထားသည့် လန်ထျန်ပိုင်က မေးလိုက်သည်။
လော့ချန်းရွှယ်က မျက်မှောင်အသာကြုတ်၍ ဖြေလိုက်သည်။
"ဘာတွေပြောလဲဆိုတာကို မသိတော့ဘူး။ လင်းဇီချန်ကို ဝင်တားတာလည်း မမှတ်မိတော့ဘူး။ တစ်ခုခု အထင်လွဲနေတာဖြစ်မယ်။"
"အထင်လွဲတယ်တဲ့လား ဟ..."
ကျောက်ကျစ်ရွှမ်က ချောင်းဟန့်၍ ပြောလိုက်သည်။
"ဒီလောက် စောင့်ကြည့်နေတဲ့မျက်လုံးအများကြီးရှိတာကိုး။ မင်းက လင်းဇီချန်ကို တားခဲ့တာကို မမှတ်မိဘူးလို့ပြောတယ်။ ငါတို့ကို အရူးများ မှတ်နေလား။"
လူငယ်က ထပ်၍ ပြောလိုက်သည်။
"လော့ချန်းရွှယ် ဟန်ဆောင်နေတာတော်တော့။ ဂြိုလ်သားက ဂြိုလ်သားပဲ။ ဘယ်တော့မှ ကမ္ဘာမြေပေါ်က ဖြစ်လာမှာမဟုတ်ဘူး။ တုံးချင်ယောင်ဆောင်တာနဲ့ လွတ်မယ်မထင်နဲ့။"
နောက်ထပ်လူငယ်တစ်ဦးက ပြောလိုက်သည်။
"သူနဲ့စကားများမနေနဲ့။ သူ့ကို ချုပ်ပြီး မြို့ကို ပြန်ခေါ်သွားကြမယ်။ စည်းကမ်းထိန်းသိမ်းရေးအဖွဲ့က သူ့ကို စီမံလိမ့်မယ်။"
အခြားသူများလည်း လော့ချန်းရွှယ်ကို နှုတ်ဖြင့် တိုက်ခိုက်ကြသည်။
လေသံက လွန်စွာပြင်းကြသည်။ လော့ချန်းရွှယ်ကို မြို့ထဲကို သူလျိုလာလုပ်သော ဂြိုလ်သားအဖြစ် ပြောကြကာ သူမကို စီမံရန် စိတ်အားပြင်းထန်နေကြသည်။ အားလုံး၏ရက်စက်သောစကားများကို ကြားရသည့်အခါတွင် လော့ချန်းရွှယ်သည် ခေါင်းငုံ့ပြီး နှုတ်ခမ်းကို တင်းတင်းစေ့ထားကာ လက်သီးကို ကျစ်ကျစ်ပါအောင်ဆုပ်ပြီး မှားနေသည်ဟုသာ ခံစားမိသည်။
သူမသည် အသက်ရှစ်နှစ်ကတည်းကပင် မြို့နံပါတ်တစ်၌ နေလာခဲ့ပြီး ထိုနှစ်တွင်ပင်ဂြိုလ်သားလူသားအဖွဲ့ထဲသို့ ရောက်ခဲ့သည်။ သူမသည် မြို့နံပါတ်တစ်၏ဒေသခံဟုပင် ဆိုနိုင်ပေသည်။ သို့တိုင် မြို့မှလူများနှင့် အဖွဲ့သားများကပင် သူမကို မယုံကြည်နိုင်ကြကာ သူမသည် စိတ်နှလုံးမတူ၊ ၎င်းတို့နှင့်မတူသောလူဟုသာ ဆက်ဆံကြကာ အမြဲပင် သူမအပေါ်တွင် ရိုင်းပျခဲ့ကြသည်။ ယခုတွင်မူ သူမကို အခြေအမြစ်မရှိသည်များနှင့် စွပ်စွဲနေကြပြန်ကာ နာကျင်ရစေပြန်သည်။ သူမသည် ဂြိုလ်သားမဖြစ်ချင်ခဲ့ပေ။ သူမသည် မြို့နံပါတ်တစ်တွင်သာ အေးချမ်းစွာနေလိုကာ ရံဖန်ရံခါတွင် ဆရာဖြစ်သူယွမ်သုန်ကျီဆီသို့ အလည်သွားပြီး နွေးထွေးသောအခိုက်အတန့်လေးများကို ခံစားရသည်။
သို့သော်လည်း အဘယ့်ကြောင့်နည်း
တောင်းဆိုမှုလေးတစ်ခုကိုတောင်မှ အားလုံးက မဖြည့်ဆည်းပေးနိုင်ကြဘူးလား
ငါ့ကို သူတို့က ဘာလို့ အဲ့လောက်တောင် မုန်းနေရတာလဲ
ငါဘာများမှားခဲ့လို့လဲ
ငါက ဂြိုလ်သားဖြစ်နေတာကြောင့်လား
လော့ချန်းရွှယ်သည် ပို၍စဉ်းစားလေလေ ပို၍ ဝမ်းနည်းလာလေလေဖြစ်ကာ မျက်ဝန်းတို့သည် စိုစွတ်လာလေသည်။ သူမသည် အဖွဲ့ထဲတွင် ထူးချွန်စွာဆောင်ရွက်နိုင်သည်ကို မခံယူရဘဲ လူအများဝိုင်းကြဉ်ထားခြင်းကိုသာ ခံခဲ့ရသည်။
"အားလုံးပဲ စိတ်လျော့ကြပါ။"
အခြေအနေကို ထိန်းချုပ်၍မရသည်ကို မြင်သဖြင့် လင်းဇီချန်က ပြောလိုက်သည်။
လင်းဇီချန်ပြောသည်ကို မြင်သောအခါတွင် အားလုံးသည် ခေါင်းလှည့်ကြည့်လိုက်ကြပြီး ဆက်ပြောမည်ကို စောင့်နေကြသည်။
"လော့ချန်းရွှယ်က ငါလှောင်ချိုင့်ကိုဖျက်မှာကို တားခဲ့တာအမှန်ဆိုပေမဲ့လို့ သူ့ရည်ရွယ်ချက်မရှိဘူး။ သူ့စိတ်ကို အနံ့က ထိန်းချုပ်သွားပြီး သူ့ကိုယ်သူ ထိန်းချုပ်လို့မရတာကြောင့်ပါ။"
ပြောပြီးနောက်တွင် လင်းဇီချန်က ထပ်ပြောလိုက်သည်။
"လော့ချန်းရွှယ်က ငါ့ကို တားပြီးတော့ ငါ့ကို တိုက်ခိုက်ပေမဲ့လို့ သူ့စိတ်ကို အဲ့အနံ့ကထိန်းချုပ်ထားတာ။ မင်းတို့လည်း အနံ့မရခင် အခြေအနေကို မှတ်မိတယ်ဆိုရင် နားလည်မှာပါ။ အဲ့နောက်မှဖြစ်တဲ့ဟာတွေကို ဘာမှမမှတ်မိတော့ဘူး။"
"...."
လင်းဇီချန်ပြောသည်ကို ကြားသောအခါတွင် အားလုံးသည် အတွေးနက်နေကြသည်။ ပြန်စဉ်းစားကြည့်ပြီးနောက်တွင် လင်းဇီချန်ပြောသည်မှာ အမှန်ဖြစ်ပြီး အနံ့မရခင်က မှတ်ဉာဏ်များသာရှိပြီး ဘာကိုမှ မမှတ်မိတော့ပေ။ ထိုအချိန်တွင် အားလုံးသည် မိမိတို့က လော့ချန်းရွှယ်ကို အထင်လွဲနေမိကြကြောင်း သိလိုက်သည်။ သို့သော်လည်း အထင်လွဲသော်လည်း သူမ၏ဂြိုလ်သားဆိုသောအရာကို မလိုမုန်းထားစိတ်ရှိသောကြောင့် လော့ချန်းရွှယ်ကို ဆန့်ကျင်နေကြဆဲဖြစ်သည်။
အထူးသဖြင့် ကျောက်ကျစ်ရွှမ်ပင်ဖြစ်ကာ အခိုင်အမာပြောဆိုနေသည်။
"အထင်လွဲတာ ဟုတ်ဟုတ်မဟုတ်ဟုတ် ငါတို့တွေက လော့ချန်းရွှယ်ကို အဖွဲ့ထဲကနေ ထုတ်သင့်ပြီ။ သူ့ကို ငါတို့နဲ့အတူပေးမနေခိုင်းသင့်တော့ဘူး။ အန္တရာယ်ကင်းအောင်ပေါ့။"
ထိုစကားသည် မနာလိုမုန်းထားစိတ်ဖြင့်ပြည့်နေသော်လည်း အဓိပ္ပာယ်ရှိဆဲဖြစ်သည်။ အားလုံးက လော့ချန်းရွှယ်ကို အဖွဲ့ထဲမှထုတ်ရန် သဘောတူလိုက်ကြသည်။ ဂြိုလ်သားတစ်သောင်းကိုမဆိုထားနှင့်၊ ဂြိုလ်သားတစ်ယောက်ကိုပင် ကြောက်နေကြသည်။
ထိုသို့အလားအလာရှိသောအဖြစ်အပျက်များအတွက် အားလုံးသည် ပြဿနာကို ကြိုတင်ကာကွယ်ရန်သာ ရွေးချယ်တတ်ကြသည်။
"အားလုံးပဲ အဲ့လိုမျိုး မလုပ်ပါနဲ့။ ငါငယ်ငယ်လေးကတည်းက သူ့ကိုသိတာပါ။ သူက တကယ်လူကောင်းပါ။ သေချာပေါက် ငါတို့ကို သစ္စာဖောက်တာမျိုး လုပ်မှာမဟုတ်ပါဘူး။"
ရှန်ချင်းဟန်သည် ရပ်မကြည့်နေနိုင်သောကြောင့် သတ္တိမွေးကာ အားလုံးကိုတားလိုက်သည်။ သူမ၏ခင်ပွန်လောင်းလည်း ပြောနေသည်ကို မြင်သဖြင့် သူမကလည်း ကူပြောပေးသည်။
"မဖြစ်သေးတဲ့ကိစ္စတွေကို သံသယဝင်နေဖို့မှ မလိုတာ။ အဓိပ္ပာယ်မရှိတဲ့သံသယတွေနြ့ လူတွေကို မောင်းထုတ်နေတာ။ ဒီကိစ္စကိုကျော်ပြီး မပြောဘဲနေကြရအောင်။"
အားလုံးက သံသယရှိသည်ကို လင်းဇီချန်ထောက်ခံသော်လည်း ထိုသံသယများက မှန်နေသည်ဟုမူ မပြောခဲ့ပေ။ လင်းဇီချန်၏စကားကို နားထောင်ပြီးနောက်တွင် အားလုံးလည်း ထပ်မပြောကြတော့ပေ။ လင်းဇီချန်၏ဆင့်ကဲပြောင်းလဲခြင်းပါရမီသည် အားလုံးမြင်နိုင်သည့်အရာမျိုး ဖြစ်သည်။ မမျှော်လင့်ထားသောအရာမျိုး ဖြစ်လာခဲ့လျှင်ပင် လင်းဇီချန်သည် နောင်တွင် ကမ္ဘာမြေ၏ထိပ်တန်းတိုက်ပွဲစွမ်းအားတစ်ခု ဖြစ်လာပေမည်။ မည်သူမှ ထိုသို့သူမျိုးကို မစော်ကားလိုကြပေ။
တစ်ဖက်တွင်မူ လော့ချန်းရွှယ်သည် လင်းဇီချန်နှင့် ရှန်ချင်းဟန်တို့က မိမိကိုယ်စားပြောပေးနေသည်ကို ကြည့်ကာ ထိုအခြေအနေမျိုးကို ဖြစ်ခဲ့ဖူးသည်ဟု ခံစားနေရသည်။ သူမသည် မှတ်ဉာဏ်ထဲတွင် ရှာကြည့်သည်။ သို့သော်လည်း ဦးနှောက်က စူးခနဲနာကျင်သွားသည်။
"ရှောင်ချန် ပိုင်ရွှယ်ကြည့်ရတာ သနားဖို့ကောင်းလိုက်တာ။ သူ့ကို ကူညီကြရအောင်နော်။ ဟုတ်ပြီလား။"
"ကွမ်းချွင် ပိုင်ရွှယ်ရဲ့ခုံစောင်းကို ရေနဲ့ပြန်သုတ်ပေးလိုက်။"
"အရင်က ပိုင်ရွှယ်ကို အနိုင်ကျင့်ဖူးတဲ့သူတွေ။ အခုရှေ့ထွက်လာပြီး သူ့ကိုလာတောင်းပန်ကြ..."
လော့ချန်းရွှယ်တစ်ယောက် အကြဉ်ခံထားရသည်။ လင်းဇီချန်က လက်တန်းပြောကာ ကာကွယ်ပေးခဲ့သည်။ လော့ချန်းရွှယ်သည် တစ်ခုခုကို အမှတ်ရသွားဟန်ရှိသည်။ သူမအနိုင်ကျင့်ခံသည်ကို အမှတ်ရသွားပြီး သူမက ပိုင်ရွှယ်ဖြစ်သည်ကိုလည်း သိလိုက်ရပေသည်။
အခန်း (၄၅၈) လော့ချန်းရွှယ်က အရင်ဆုံးလာလည်တယ်
လော့ချန်းရွှယ်သည် သူမ ပိုင်ရွှယ်ဆိုသည်ကို မှတ်မိသွားသည်။ လင်းဇီချန်နှင့် ရှန်ချင်းဟန်ကို ပြောပြရန် ပြင်လိုက်စဉ်တွင်ပင်
"ဝှစ်"
"ဝှစ်"
"ဝှစ်"
အထက်အမြင့်မှ လေကိုဖြတ်၍ ပစ္စည်းများဖြတ်သံကို ကြားလိုက်ဿည်။ အားလုံးအပေါ်သို့ မော့ကြည့်လိုက်သောအခါတွင် ချင်ချွမ်းတို့အဖွဲ့ ပြန်လာသည်ကို မြင်လိုက်ရသည်။
မြို့အရှင် ပြန်လာလေပြီ။
ထိုအဖွဲ့သည် ရှေ့တန်းတွင် တိုက်ပွဲကို နိုင်လာခဲ့သည်။ လန်ထျန်ပိုင်နှင့် အခြားသူများသည် အပြောင်းအလဲကြောင့် အားလုံးအံ့အားသင့်သွားသည်။ ၎င်းးတို့သိထားသည်မှာ ကမ္ဘာဘက်က အရေးနိမ့်နေပြီး တိုက်ပွဲကြီးတွင် မြို့ကို မသိမ်းအောင်ရုန်းကန်နေရလေသည်။ တိုက်ပွဲကိုနိုင်ရန်မှာ မျှော်လင့်ချက်မရှိဟု ထင်မိသည်။ ချင်ချွမ်းနှင့် အခြားသူများ ဆင်းသက်လာသည်ကို မြင်သည်နှင့် ချက်ချင်းပင် ရှန်ချင်းဟန်ရှိရာသို့ လျှောက်သွားသည်။ ထိုမြင်ကွင်းကို မြင်သည့်အခါတွင် ရှန်ချင်းဟန်သည် လင်းဇီချန်နောက်တွင် ဝင်ပုန်းနေလိုက်သည်။
လင်းဇီချန်သည် ဖြစ်နေသည်များကို ခန့်မှန်းမိပြီးဖြစ်သဖြင့် ချင်ချွမ်းနှင့် သူ၏အပေါင်းအဖော်များသည် စောနက ကောင်းကင်ပေါ်တွင် ပေါ်လာသော ရေနတ်ဘုရားနန်တော်နှင့် ထိုအလင်းတန်းများက ရှန်ချင်းဟန်၏ကောင်းကင်တံခါးထဲသို့ဝင်သွားသည်ကို သတိထားမိပြီးဖြစ်ပေမည်။ ချင်ချွမ်းက ရှန်ချင်းဟန်အနားသို့ ချဉ်းကပ်လာသည်နှင့် တရိုတသေဖြင့် ပြောလိုက်သည်။
"မိန်းကလေးရှန် မြို့ကို ပြန်ပြီး စကားပြောဖို့အချိန်ရှိလား။"
သူမ၏ကိုယ်ပိုင်သဘောထားမရှိဘဲ ရှန်ချင်းဟန်က လင်းဇီချန်ကိုသာ မော့ကြည့်လိုက်သည်။ သူမ မော့ကြည့်သည်ကို မြင်သောအခါတွင် လင်းဇီချန်က ကိုယ်စားပြောပေးလိုက်၏။
"သူ့မှာအချိန်ရှိပါတယ်။"
ထိုသို့ပြောပြီးနောက်တွင် ထပ်ပြောလိုက်သည်။
"ကျွန်တော်ကော လိုက်ခဲ့လို့ရမလား။"
"ရပါတယ်။"
ချင်ချွမ်းက သဘောတူလိုက်သည်။
အခြားသူများကိုမူ နေခိုင်းခဲ့ကာ တိုက်ပွဲကိုရှင်းလင်းခိုင်းပြီးနောက်တွင် ချင်ချွမ်းသည် အတွေးတစ်ချက်ဖြင့် လင်းဇီချန်နှင့် ရှန်ချင်းဟန်ကို မြို့တော်ကို ပြန်ခေါ်သွားတော့သည်။ အခြားသောမြို့အကြီးအကဲများက လိုက်ချင်သော်လည်း ချင်ချွမ်းက ငြင်းကာ တိုက်ပွဲမြေပြင်ကိုရှင်းရမည်ဟုသောဆင်ခြေဖြင့် ချန်ထားရစ်ခဲ့သည်။
မြို့အရှင်က ရှန်ချင်းဟန်နဲ့ ဘာလုပ်ချင်တာလဲ
လင်းဇီချန်သာ ဖြစ်သင့်သည်ဟု အားလုံးစဉ်းစားနေကြသည်။
ဘာတွေဖြစ်နေတာလဲ
လန်ထျန်ပိုင်နှင့် အခြားသူများသည် အကြည့်ချင်းဖလှယ်ပြီး စိတ်ရှုပ်ထွေးသွားကြလေသည်။
မြို့အရှင်၏ ရုံးခန်းကျယ်ကြီးအတွင်းတွင် ချင်ချွမ်းသည် လက်ဖက်ရည်စားပွဲရှေ့တွင်ထိုင်ပြီး လင်းဇီချန်နှင့်ရှန်ချင်းဟန်အတွက် လက်ဖက်ရည်ပူပူ ငှဲ့ပေးသည်။ တစ်ငုံသောက်ပြီးနောက်တွင် ရှန်ချင်းဟန်ကို ကြည့်၍ မေးလိုက်သည်။
"မိန်းကလေးရှန် လွန်ခဲ့တဲ့တစ်နာရီတုန်းက မင်း နန်းတော်ကြီးပေါ်မှ ပျံနေတာကို တွေ့တယ်။ အဲ့ဒါတွေအားလုံးကဘာလဲ။ မင်းငါ့ကို ပြောပြလို့ရမလား။"
ရှန်ချင်းဟန်က ချက်ချင်းတန်းမဖြေသော်လည်း ဘေးနားမှ လင်းဇီချန်ကိုသာ ကြည့်မိသည်။ လင်းဇီချန်သည် ထိုကိစ္စကို မျက်မြင်တွေ့ထားသူဖြစ်သဖြင့် ဖုံးကွယ်ထားရန် မလိုပေ။ ထို့ကြောင့် ရှန်ချင်းဟန်ကိုယ်စားပြောပေးလိုက်သည်။
"ဖြစ်နေတာတွေနဲ့ ပက်သက်ပြီးတော့ သူရော ကျွန်တော်ပါ ကောင်းကောင်းနားမလည်ဘူး။"
"ဒါပေမဲ့ ကိစ္စတစ်ခုကတော့ သေချာတယ်။ သူ့ရဲ့ခန္ဓာကိုယ်ကဖွဲ့စည်းတည်ဆောက်ပုံက ကလေးဘဝကတည်းက အရမ်းထူးခြားတယ်။ ရေနဲ့ပက်သက်တဲ့စွမ်းအားတွေက သာမန်သူထက်သာတယ်။ သူ့ရဲ့ရေနဲ့ပက်သက်တဲ့စွမ်းအားက အတော်လေးထူးကဲတယ်။"
"ကြည့်ရတာက သူက ရေနဲ့ဆက်စပ်တဲ့ အမွေဆက်ခံတာမျိုး ရသွားသလိုမျိုးပဲ။"
"မွေးရာပါအမွေဆက်ခံတာမျိုးပေါ့။"
"နန်းတော်အတွက်ကတော့ သူရောကျွန်တော်ပါ အခြေအနေကို နားမလည်ဘူး။"
ချင်ချွမ်းသည် အားလုံးကို သိသော ဗဟုသုတပြည့်ဝသည့် မြို့အရှင်ဖြစ်သဖြင့် အဖြေပေးနိုင်မည်ထင်သောကြောင့် အကြမ်းဖျင်းပြောပြလိုက်သည်။ နားထောင်ပြီးနောက်တွင် ချင်ချွမ်းက မေးစေ့ကို လက်တစ်ဖက်ဖြင့်ပွတ်ပြီး တွေးနေလေသည်။
ရေနဲ့ပက်သက်တဲ့အမွေမျိုးလား
သစ်ပင်အကြီးအကဲကိုယ်ပွားပြောခဲ့သော 'ရေနတ်ဘုရားအသက်ရှင်လာပြီ'ဟုသောစကားနှင့် ရေနတ်ဘုရားနန်းတော်ဟုသောနန်းတော်အကြောင်းကို မှတ်မိသွားသည်။ ချင်ချွမ်းသည် ရှန်ချင်းဟန်၌ ရေနတ်ဘုရားအမွေအနှစ်ဆက်ခံထားသည်ဟု ခန့်မှန်းထားလိုက်သည်။ သို့သော်လည်း ရေနတ်ဘုရား၏တည်ရှိမှုကို မသိသကဲ့သို့ မူလမြေ၌ ရေနတ်ဘုရားဟုသောအသုံးအနှုန်းကိုလည်း မကြာဖူးတော့ပေ။
ခေတ္တမျှစဉ်းစားပြီးနောက်တွင် ချင်ချွမ်းက မေးလိုက်သည်။
"ဒါနဲ့ ရေနတ်ဘုရားနန်းတော်နဲ့ အဲ့ကို ဝိုင်းထားတဲ့ရေတွေက ဘယ်ကို ရောက်သွားတာလဲ။ လေထဲမှာ ဘယ်လိုလုပ် ပျောက်သွားတာလဲ။"
ထိုစကားကို ကြားသည့်အခါတွင် လင်းဇီချန်နှင့် ရှန်ချင်းဟန်တို့သည် ပို၍တွေဝေလာကြသည်။ ရေနတ်ဘုရားနန်းတော်နှင့် ထိုပတ်ဝန်းကျင်မှရေတို့သည် ထူးခြားစွာဖြင့် ရှန်ချင်းဟန်၏ကောင်းကင်တံခါးဆီသို့ ရွာသွန်းသွားသည်။ ရှေးဘိုးဘေးအဆင့် ချင်ချွမ်းက ထိုမြင်ကွင်းကို မမြင်လိုက်ပေ။
ဘယ်သူမှ မမြင်လိုက်တာများလား
မဟုတ်ရင်လည်း ချင်ချွမ်းက မမြင်နိုင်တာများလား
စဉ်းစားရင်းဖြင့် လင်းဇီချန်သည် တွန့်ဆုတ်နေမိပြီး ရှန်ချင်းဟန်ကောင်းကင်တံခါးအတွင်းမှ ရေနတ်ဘုရားနန်းတော်ကို ထုတ်ဖော်ရမည်လား မထုတ်ဖော်ရမည်လားကို မသိတော့ပေ။ အသေးစိတ်စဉ်းစားပြီးနောက်တွင် လင်းဇီချန်သည် ရှန်ချင်းဟန်၏လျှို့ဝှက်ချက်ကို ဖုံးကွယ်မထားရန် ဆုံးဖြတ်လိုက်ပြီး ချင်ချွမ်းကို ပြောပြလိုက်သည်။
"ရေနတ်ဘုရားနန်းတော်နဲ့ အဲ့ကရေတွေက ကောင်းကင်နန်းတော်တံခါးထဲကို ဝင်သွားတာ။"
"အဲ့ရေတွေက အသိစိတ်ပင်လယ်ရဲ့ အစိတ်အပိုင်းဖြစ်လာပြီး အဆပေါင်းရာချီ ကြီးမားလာတယ်။"
"နန်းတော်ကတော့ အခု သူ့ရဲ့အသိစိတ်ပင်လယ်ထဲမှာ မျောနေတယ်။"
"...."
ထိုမျှကြီးမားသောနန်းတော်ကြီးနှင့် များပြားလှစွာသောရေပမာဏများအားလုံးကို ကောင်းကင်တံခါးထဲကို သွန်ချလိုက်တာလား
ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ
အသိစိတ်ပင်လယ်ထဲတွင် သိုလှောင်နေရာတစ်ခု ဖန်တီးခြင်းသည် ရှေးဘိုးဘေးအဆင့် မဟုတ်လျှင် ဒဏ္ဍာရီအဆင့်များသာ လုပ်နိုင်သောအရာမျိုးဖြစ်သည်။ သူမသည် သခင်အဆင့်သာဖြစ်သည်ကို မည်သို့လုပ်နိုင်နေသနည်း။
ရေနတ်ဘုရားရဲ့ အမွေကိုဆက်ခံလိုက်တာနဲ့ အဲ့လိုဟာမျိုးတွေ လုပ်နိုင်သွားတာလား
ချင်ချွမ်းသည်မယုံကြည်နိုင်ဖွယ်ဖြစ်နေပြီး ပို၍ပင် ရေနတ်ဘုရားနှင့်ပက်သက်၍ စပ်စုချင်လာသည်။ စဉ်းစားရင်းဖြင့် ရှန်ချင်းဟန်က ပြောလိုက်သည်။
"အဲ့လိုဆို ပြီးရင် မင်းရဲ့အသိစိတ်ပင်လယ်ကို ငါ့ရဲ့ဝိညာဉ်စွမ်းအားနဲ့ စူးစမ်းကြည့်မယ်။ အခြေအနေဘယ်လိုရှိလဲသိရအောင်။ ဖြစ်စဉ်က နည်းနည်းလေးတော့ အဆင်မပြေရှိလိမ့်မယ်။"
တောင်းဆိုခြင်းမဟုတ်ဘဲ အသိပေးခြင်းသာ ဖြစ်သည်။
ထိုသို့ပြောပြီးသည်နှင့် ချင်ချွမ်း၏ဝိညာဉ်စွမ်းအားသည် ရှန်ချင်းဟန်၏အသိစိတ်ပင်လယ်ကို ကျူးကျော်လာလေသည်။ ရှန်ချင်းဟန်သဘောတူမတူကို ဂရုမစိုက်ပေ။ ထိုသည်မှာ ဒဏ္ဍာရီအဆင့်တစ်ယောက်၏မောက်မာမှုပင် ဖြစ်လေသည်။ သခင်အဆင့်တစ်ယောက်အတွက် ထည့်စဉ်းစားပေးရန် မလိုပေ။ ချင်ချွမ်း၏ဝိညာဉ်စွမ်းအား ဖြန့်ကျက်လိုက်သည်ကို အာရုံခံမိသောလင်းဇီချန်ကလည်း ထိုသို့ပိုင်စိုးပိုင်နင်းဆန်သောအပြုအမူအတွက် မကျေမနပ်ဖြစ်မိလေသည်။
အခန်း (၄၅၉) လော့ချန်းရွှယ်က အရင်ဆုံးလာလည်တယ် (၂)
သို့သော်လည်း မိမိတတ်နိုင်သည်မှာ မကျေမနပ်ဖြစ်ရခြင်းသာဖြစ်သည်။ လင်းဇီချန်သည် ပြိုင်ဘက်များထက် ခွန်အားကြီးသော်လည်း အဆုံးသတ်တွင်မူ သခင်အဆင့်တစ်ယောက်သာ ဖြစ်သည်။ ချင်ချွမ်းကဲ့သိ့သူမျိုးရှေ့တွင် မိမိသည် ပုရွက်ဆိတ်တစ်ကောင်သာသာ သာဖြစ်ပေမည်။ တစ်ဖက်သူ၏လွှမ်းမိုးခြယ်လှယ်သောအပြုအမူကို ပြန်တုံ့ပြန်ရန် မိမိ၍ ခွန်အားမရှိပေ။
လင်းဇီချန်သည် စိတ်ပျက်နေစဉ်တွင် ရှန်ချင်းဟန်က အနည်းငယ်မျှ ထိုင်းမှိုင်းနေသည်။
"အား"
ချင်ချွမ်းပါးစပ်မှ ရုတ်တရက်အော်သံ ထွက်ပေါ်လာသည်။
လင်းဇီချန်နှင့် ရှန်ချင်းဟန်တို့နှစ်ဦးလုံး မမျှော်လင့်ထားသော ထိုအသံကြောင့် ကြောင်သွားပြီး နှစ်ဦးသား ချင်ချွမ်းကို တွေဝေနေသောအမူအရာဖြင့် ကြည့်လိုက်မိကြသည်။ ထို့နောက်တွင် အလန့်တကြားဖြင့် ချင်ချွမ်းကဲ့သို့ ဒဏ္ဍာရီအဆင့်တစ်ယောက်သည် ဒွာရအပေါက်များမှ သွေးများစီးကျလာပြီး သွေးကြောများဖောင်းလာကာ လွန်စွာပြင်းထန်သောဝေဒနာကို ခံစားနေရသည်နှင့်တူသည်။
"ဇီချန် မြို့အရှင်က ဘာဖြစ်တာလဲ။"
ရှန်ချင်းဟန်တစ်ယောက် အနည်းငယ်မျှ ပျာယာခတ်သွားသည်။ ယခင်က ထိုသို့ပုံစံကို မျှော်လင့်မထားခဲ့ဖူးသောကြောင့် မသက်မသာခံစားရကာ နှစ်သိမ့်နိုင်ရန်အတွက် လင်းဇီချန်လက်ကို ကိုင်၍ မေးမိသည်။
လင်းဇီချန်လည်း မျက်မှောင်ကြုတ်ကာ စိုးရိမ်နေဟန်ရှိသည်။
မိမိတို့ထဲတွင် အတော်ဆုံးဖြစ်သည့် ချင်ချွမ်းကဲ့သို့ ဒဏ္ဍာရီအဆင့်တစ်ယောက်က ရုတ်တရက် အဘယ့်ကြောင့် ပြင်းထန်သောခန္ဓာကိုယ်ထိခိုက်မှုကို ခံစားနေရပါသနည်း။
အခြေအနေက အသားမကျလှပေ။တစ်ဖက်တွင်မူ ချင်ချွမ်းသည် ခရမ်းရောင်အငွေ့အသက်များလွှမ်းမိုးနေသည့်သက်ရှည်ဆေးကို ထုတ်ယူ၍ ချက်ချင်းမျိုချလိုက်သည်။ ဆေးသည် ပါးစပ်ထဲရောက်သွားသည်နှင့် အရည်ပျော်သွားပြီး ချင်ချွမ်း၏ခန္ဓာကိုယ်ဒဏ်ရာများကို မယုံနိုင်စရာနှုန်းဖြင့် ကုသပေးနေသည်။
မျက်စိတစ်မှိတ်အတွင်းတွင်ပင် ဒွါရပေါက်တိုင်းမှ သွေးထွက်ကာ စက္ကူတစ်ရွက်ကဲ့သို့ ဖြူဖတ်နေသောချင်ချွမ်းသည် လုံးဝပြန်ကောင်းသွားပြီး ဒဏ်ရာရခဲ့သည့်အရိပ်အယောင်ပင် မရှိတော့ပေ။ ပြန်ကောင်းရန် ခေတ္တအချိန်ယူပြီးနောက်တွင် လင်းဇီချန်နှင့်ရှန်ချင်းဟန်တို့၏ မသက်မသာမျက်နှာများကို ကြည့်ကာ စတင်ရှင်းပြလိုက်သည်။
"ငါရုတ်တရက် ဒဏ်ရာရသွားတဲ့အကြောင်းက မိန်းကလေးရှန်ရဲ့ အသိစိတ်ပင်လယ်တိုက်ခိုက်တာကို ခံလိုက်ရတာ။ တိတိကျကျပြောလိုက်ရတာ မိန်းကလေးရှန်ရဲ့ အသိစိတ်ပင်လယ်ထဲမှာရှိတဲ့ရေနတ်ဘုရားနန်းတော် တိုက်ခိုက်တာကို ခံလိုက်ရတာ။"
"အရမ်းကို အားကောင်းတဲ့ဝိညာဉ်စွမ်းအား တိုက်ခိုက်မှုမျိုးပဲ။ တစ်ခါပဲဆိုပေမဲ့ ငါတောင်မှ မခုခံနိုင်ဘူး။ မိန်းကလေးရှန်ရဲ့အသိစိတ်ထဲက ရေနတ်ဘုရားနန်းတော်က အရမ်းကို ထူးခြားတဲ့အရင်းအမြစ်ကနေလာတာ။ ပိုင်ရှင်က သေချာပေါက် ရှေးဘိုးဘေးအဆင့်ဖြစ်မှာပဲ။ ဒီရှေးဘိုးဘေးအဆင့်က ဒီနန်းတော်ရဲ့နာမည်ဖြစ်တဲ့ ရေနတ်ဘုရားကလွဲလို့ အခြားသူမဖြစ်နိုင်ဘူး။"
ချင်ချွမ်းသည် အတွင်းမှနာကျင်မှုကို သည်းခံပြီး ထိုအချက်အလက်များကို ယုတ္တိကျကျ သုံးသပ်နေသည်။
ထိုစကားကို ကြားသည်နှင့် လင်းဇီချန်သည် တုန်လှုပ်သွားမိသည်။ ရှန်ချင်းဟန်၏အသိစိတ်ပင်လယ်ထဲ၌ ရှိသော ရေနတ်ဘုရားနန်းတော်သည် ထိုမျှအားကောင်းလိမ့်မည်ဟု မထင်ခဲ့ပေ။ နောင်တွင် သူမသည်လည်း သေချာပေါက်အားကောင်းလာလိမ့်မည်ဟု ဆိုလိုခြင်းပင်ဖြစ်သည်။ မည်သို့ပင်ဖြစ်စေ ထိုနန်းတော်သည် သူမ၏အမွေအနှစ်ဖြစ်သည်။ ရေနတ်ဘုရားထံမှ အမွေအနှစ်ပင် ဖြစ်လေသည်။
"ငါနည်းနည်းမကောင်းသေးလို့ နားဖို့လိုသေးတယ်။ ဘာကိစ္စမှမရှိတော့ဘူးဆိုရင် မင်းတို့နှစ်ယောက် သွားသင့်ပြီ။"
ချင်ချွမ်းသည် ဝိညာဉ်သည် သိသိသာသာ အထိုးနှက်ခံလိုက်ရသဖြင့် ချက်ချင်းနားရန်လိုအပ်နေကာ မိမိကို ရှေးဘိုးဘေးအဆင့်သို့ ဆင့်ကဲပြောင်းလဲခြင်းမှ တားဆီးထားသလိုဖြစ်နိုင်သည့် အကျိုးသက်ရောက်မှုများကို ရှောင်ရှားရန်ပင် ဖြစ်သည်။ ထိုတိုက်ခိုက်မှုက သေးငယ်လေးလည်း မိမိလျစ်လျူမရှုရဲပေ။ လင်းဇီချန်နှင့်ရှန်ချင်းဟန်တို့ တိတ်တဆိတ်ထွက်ခွာသွားကြသည်။ နှစ်ဦးသား ထွက်သွားသောအခါတွင် ချင်ချွမ်းသည် ချက်ချင်းပင် ရုံးခန်းတစ်ခုလုံးကို ချိတ်စည်းခတ်လိုက်ပြီး သူ၏ ကောင်းကင်ပစ္စည်းများနှင့်ရတနာများကိုထုတ်ယူကာ မိမိ၏အသိစိတ်ပင်လယ်ကို ပြန်လည်အားဖြည့်ရန်ဖြစ်ပြီး အဆက်မပြတ်ထိုအရာများကို စားပြီး ဗိုက်ထဲတွင် စုပ်ယူကာ သန့်စင်လေသည်။
မည်မျှကြာသွားသည်ကို မည်သူသိမည်နည်း။ နောက်ဆုံးတွင် ချင်ချွမ်းတစ်ယောက် အနည်းငယ်မျှ ပြန်ကောင်းလာသည်။ ထို့နောက်တွင် မျက်လုံးဖွင့်လိုက်ပြီး ဝိညာဉ်စွမ်းအားတိုက်ခိုက်ခံရမှုကို ပြန်စဉ်းစားကြည့်သည်။ ပို၍စဉ်းစားလေလေ ပို၍ကြောက်လာမိလေလေပင် ဖြစ်သည်။
"စောနက အန္တရာယ်များလိုက်တာ။ မြန်မြန်ပြန်ဆုတ်လိုက်တာတော်သေးတယ်။ မဟုတ်ရင် အကျိုးဆက်က မတွေးရဲစရာပဲ။ စက္ကန့်ဝက်လောက်သာ နောက်ကျသွားရင် ငါ့ဝိညာဉ်ပျက်စီးသွားတာကို ပြန်ကောင်းဖို့ နှစ်အများကြီး အချိန်ယူရလောက်တယ်။"
"ရေနတ်ဘုရားဆိုတာက ဘယ်လိုတည်ရှိမှုမျိုးပါလိမ့်။ ဒီလိုနေရာမျိုးလေးနဲ့ ဒီလောက်ကြီးတဲ့ဝိညာဉ်စွမ်းအားတိုက်ခိုက်မှုမျိုးကို လုပ်နိုင်တယ်လား။"
"နတ်ဘုရားကိုယ်တိုင်က တိုက်ခိုက်တယ်ဆိုရင် ငါက ချက်ချင်း ထိခိုက်သွားမှာမဟုတ်လား။ မဟုတ်သေးပါဘူး။ ငါ့ဝိညာဉ်က ပြန်ကောင်းသွားတာနဲ့ ပြည်နယ်အရှင်ဆီသွားပြီး ဒီကိစ္စကို အကြောင်းကြားရမယ်။" ပြီးတော့ အဲ့မိန်းကလေး ရှန်ချင်းဟန်ကိုလည်း အာရုံစိုက်ထားရမယ်။ ပြီးရင် သူ့ကို အရင်းအမြစ်တွေ ထောက်ပံ့ပေးရမယ်။"
ချင်ချွမ်းသည် ဗိုက်ကို သန့်စင်ပြီးသည်နှင့် ထိုအတွေးများကို တွေးနေမိတော့သည်။
....
အဆောင်သို့ ပြန်ရာလမ်းတွင် ရှန်ချင်းဟန်သည် နှုတ်ခမ်းလေးထော်၍ ပြောလိုက်သည်။
"မြို့အရှင်ကြည့်ရတာက ဒဏ်ရာအပြင်းအထန်ရသွားသလိုပဲ။ သူအဆင်မှပြေရဲ့လားမသိဘူး။ ငါ့ကိုငါ လူဆိုးလို့ ခံစားရတယ်။"
လင်းဇီချန်ကမူ သဘောမတူပေ။
"ဘာကို ဆိုးတယ်ခံစားရမှာလဲ။ မင်းအမှားမှမဟုတ်တာ။ မင်းခွင့်ပြုချက်မရဘဲ မင်းရဲ့အသိစိတ်ပင်လယ်ထဲကို ဇွတ်ဝင်လာတာက မြို့အရှင်လေ။ အဲ့ဒါကြောင့် မတော်မဆဖြစ်သွားတာ။"
ထိုစကား မကျေနပ်ချက်ဖြင့် ပြည့်နေပြီး ထိုမကျေနပ်ချက်က ချင်ချွမ်း၏လွှမ်းမိုးတတ်သောအပြုအမူကြောင့် ဖြစ်သည်။ ရှန်ချင်းဟန်က ထိုမကျေမနပ်ပြောသည်ကို ကြားသည်နှင့် စိတ်ထဲ၌ မသက်မသာဖြစ်နေမှုက လျော့ပါးသွားသည်။
အဆောင်သို့ ပြန်ရောက်သောအခါတွင် ပထမဆုံးလုပ်ကြသည်မှာ ရေချိုးခန်းသို့သွားပြီး ရေတူတူချိုးကြခြင်းဖြစ်၏။ အဆောင်ရေချိုးခန်းက ရိုးရှင်းပြီး မတ်တတ်ရပ်၍သာ ရေချိုးရပြီး ကျောင်းမှအဆောင်ကဲ့သို့ ရေစိမ်ချိုး၍ မရပေ။ ရေမြန်မြန်ချိုးပြီးနောက်တွင် ရေချိုးခန်းထဲမှ ထွက်လာကြသည်။ နောက်တွင် အိပ်ရာပေါ်သို့ တူတူလဲလျောင်းပြီး မိမိတို့၏ဆက်ဆံရေးကို ပို၍နက်ရှိုင်းအောင်လုပ်ကြသည်။ ထိုသို့လုပ်ပြီးနောက်တွင် နှစ်ဦးသား ဖက်၍ အိပ်ရန်စီစဉ်ကြကာ စွမ်းအားများ ပြန်လည့်ဖြည့်တင်းရန် ဖြစ်သည်။
သို့သော်လည်း အိပ်ပြောပြီးမကြာခင်တွင်ပင် အပြင်မှ တံခါးခေါက်သံကို ကြားလိုက်ရသည်။
လင်းဇီချန်က ထလိုက်ပြီး ဝိညာဉ်စွမ်းအားဖြန့်ကာ အာရုံခံကြည့်သောအခါတွင် ဆံပင်ဖြူလော့ချန်းရွှယ်က အပြင်တွင် ရပ်နေသည်ကို တွေ့ရသည်။ မိမိသည် မအံ့ဩမိဘဲ မနေနိုင်ပေ။ လော့ချန်းရွှယ်က အဘယ့်ကြောင့် တံခါးလာခေါက်ရသနည်း။
သူက ငါ့ကို လာရှာတာလား
မဟုတ်ရင် ဟန်ဟန်ကို လာရှာတာလား
ဘာအတွက်လာရှာတာလဲ
ထိုစဉ်တွင် ရှန်ချင်းဟန်သည်လည်း လော့ချန်းရွှယ်ရောက်လာသည်ကို အာရုံခံမိသဖြင့် ချက်ချင်းပင် မျက်လုံးလေးများ ကွေးသည်အထိ ပြုံးကာ ပြောလိုက်သည်။
"ဇီချန် သူရောက်လာပြီ။ တံခါးသွားဖွင့်ပေးလိုက်ဦးမယ်။"
"အင်း။ သွားလေ။"
ရှန်ချင်းဟန်သည် အင်္ကျီဝတ်၍ ဖိနပ်စိးကာ တံခါးဖွင့်ရန် ထွက်သွားသည်။
"ကျွီ..."
အဆောင်တံခါးက ပွင့်လာသည်။ ထို့နောက်တွင် သိုင်းဝတ်စုံဝတ်ထားသည့် လော့ချန်းရွှယ်ကို မြင်လိုက်ရသည်။ သိုင်းဝတ်စုံသည် လျော့ရဲနေသော်လည်း လော့ချန်းရွှယ်ကိုယ်ပေါ်တွင် လိုက်ဖက်လှ၏။
ထိုမျက်စိပဒါဿဖြစ်နေမှုသည် လော့ချန်းရွှယ်၏ကိုယ်ပိုင်အလှဆီမှ လာခြင်းဖြစ်သည်။ သူမဝတ်ထားသောဝတ်စုံနှင့်မဆိုင်ပေ။
"အယ်...အစ်မ...ငါတို့ဆီက အကူအညီလိုလို့များလား။"
ရှန်ချင်းဟန်က နူးညံ့စွာပြောပြီး အပြင်တွင် ရပ်နေသည့်လော့ချန်းရွှယ်ကို ကြည့်လိုက်သည်။ ထိုမေးခွန်းကို မေးပြီးသည်နှင့် သူမသည် အခွင့်အရေးယူကာ လော့ချန်းရွှယ်ကို အနားတိုးကြည့်လိုက်ပြီး သူမ၏ စီနီယာအစ်မသည် ပိုင်ရွှယ်ဖြစ်သည်ကို သဘောပေါက်သွားသည်။
"ငါ့ကို အစ်မလို့ ခေါ်နေစရာမလိုဘူး။ ငါ့နာမည်လော့ချန်းရွှယ်လို့ပဲ ခေါ်ပါ။"
လော့ချန်းရွှယ်က တည်ငြိမ်သောမျက်နှာအနေအထားဖြင့် ပြောလိုက်သည်။
နှစ်ဦးလုံးသည် ယွမ်သုန်ကျီ၏တပည့်များဖြစ်သော်လည်း အဆက်အဆံမရှိသောကြောင့် ဆက်ဆံရေးက မရင်းနှီးလှပေ။ ထိုအခြေအနေမျိုးတွင် ညီအစ်မဟုခေါ်ခြင်းက ထူးဆန်းနေပေသည်။
"အယ်...ချန်းရွှယ်ဘာများအရေးကြီးကိစ္စ ရှိလို့လဲ။"
ရှန်ချင်းဟန်သည် လော့ချန်းရွှယ်မှာ အရေးကြီးကိစ္စရှိသောကြောင့်မိမိတို့ထံသို့ ရောက်လာခြင်းဖြစ်မည်ဟု တွေးထားမိသည်။
တစ်ချိန်တည်းတွင်ပင် အိပ်ရာမှထလာသောလင်းဇီချန်သည် အရေးကြီးကိစ္စရှိသည်ဟု ထင်မိသည်။ သို့သော်လည်း လော့ချန်းရွှယ်တွင် အရေးကြီးကိစ္စမရှိပေ။ လင်းဇီချန်နှင့် ရှန်ချင်းဟန်တို့၏အကြည့်အောက်တွင် သူမက တည်ငြိမ်စွာ ဆိုလိုက်သည်။
"ငါအားလုံးကို မှတ်မိပြီ။ ဒုတိတန်းတုန်းက ပျော်စရာကောင်းခဲ့တဲ့အချိန်တွေကိုလည်း မှတ်မိပြီ။ ငါ့နာမည်ပိုင်ရွှယ်ဆိုတာရယ်၊ ငါက နင်တို့နှစ်ယောက်လုံးနဲ့ ကောင်းမွန်တဲ့ဆက်ဆံရေးရှိတယ်ဆိုတာကိုလည်း မှတ်မိပြီ။"
"...."
ထိုစကားကို ကြားသည်နှင့် လင်းဇီချန်နှင့် ရှန်ချင်းဟန်တို့နှစ်ယောက်လုံး မျက်လုံးပြူးသွားကြကာ အစတွင် နားကြားမှားသည်ဟုသာ ထင်မိသည်။ မိမိတို့ရှေ့မှ ဆံဖြူမိန်းကလေးသည် ဒုတိယတန်းက အချိန်ကို မှတ်မိပြီတဲ့လား
ထိ့နောက်တွင် သူမက ပိုင်ရွှင်ဖြစ်သည်ကိုလည်း မှတ်မိကြောင်းပြောသည်။ သို့သော်လည်း ပြောရုံသာဖြစ်ပြီး စိတ်ခံစားချက်ပါသည့်ပုံမပေါ်ပေ။ သူမသည် ပိုင်ရွှင်ဖြစ်သည်ကိုမှတ်မိသည်။ ထိုမျှလောက်သာ ဖြစ််၏။ ဒုတိယတန်းမှ အဖြစ်အပျက်တစ်ခုသာဖြစ်သည်။ လင်းဇီချန်က ဂရုမစိုက်ပေ။ လော့ချန်းရွှယ်ကလည်း ဂရုမစိုက်ပေ။ ရှန်ချင်းဟန်ကသာ အရေးလုပ်သည်။ ရှန်ချင်းဟန်သည် လော့ချန်းရွှယ်ဖြင့် ပက်သက်ဆက်ဆံသူ ဖြစ်လေသည်။
....