← Chapters

ဒီနေ့ ရှင် ဒီနေရာကို ချဉ်းကပ်ချင်တယ်ဆိုရင် ကျွန်မကို အရင်သတ်ရလိမ့်မယ်

Vol. 77 Ch. 1141

ဒီနေ့ ရှင် ဒီနေရာကို ချဉ်းကပ်ချင်တယ်ဆိုရင် ကျွန်မကို အရင်သတ်ရလိမ့်မယ်

Vol. 77 Ch. 1141

ခွန်းလွန်မြို့ရှိ လူတိုင်းသည် လျင်မြန်စွာ တုံ့ပြန်လာကြသည်။ ဤခေတ်သည် ကျင့်ကြံရေးခေတ်ဖြစ်သည့်အပြင် လူတိုင်း ကျင့်ကြံထားကြသောကြောင့် လူတိုင်းသည် နဂါးများနှင့်ပင် ဆင်တူသည်။ လူတိုင်းတွင် ကျင့်ကြံရေးအဆင့်များရှိကြ၍ ၎င်းတို့၏ တစ်ခုတည်းသော ကွာခြားချက်သည် ကျင့်ကြံမှုအဆင့်သာဖြစ်သည်။ လူတိုင်းသည် ၎င်းတို့၏နှလုံးသားများ သံတူကြီးဖြင့် ရိုက်နှက်ခံလိုက်သကဲ့သို့ နှလုံးသားများ ခုန်လှုပ်သွားကြသည်။ အခြေအနေသည် အလွန် ဆိုးရွားနေမှန်း ၎င်းတို့ သဘောပေါက်သွားကြသည်။

အလွန်အစွမ်းထက်သော ဖြစ်တည်ရှိမှုတစ်ခု ပေါ်ပေါက်လာခဲ့သည်။ ဤခံစားချက်သည် ၎င်းတို့ကို အလွန်အမင်း စိတ်ဓာတ်ကျစေကာ၊ ဤသည်မှာ ဘဝအဆင့်အတန်း ခြားနားချက်တစ်ခုဖြစ်သည်။ အဆင့်နိမ့်သော ဘဝဖြစ်တည်များအပေါ် အဆင့်မြင့်မားသော ဘဝဖြစ်တည်မှုများ၏ ဖိနှိပ်ချုပ်ချယ်မှုသည် ဘဝအရင်းအမြစ်မှ ဆင်းသက်လာခြင်းဖြစ်သည်။

အခြေစိုက်စခန်းမြို့သုံးမြို့၏ ကာကွယ်ရေးစနစ်များကို တစ်ချိန်က အလွယ်တကူ ဖျက်ဆီးခဲ့သည့် ကြောက်မက်ဖွယ်ဖြစ်တည်မှုသည် ပြန်လည်ရောက်ရှိလာခဲ့သည်။ ထိုပုဂ္ဂိုလ်သည် ဤနည်းဖြင့် သူ ပြန်လည်ရောက်ရှိလာကြောင်း ကြေညာလိုက်သည်။ ဤကြောက်မက်ဖွယ် ဖိအားများပေါ်လာသည်နှင့် တစ်ပြိုင်နက် ခွန်းလွန်မြို့၏ အချက်ပေးသံများ မြို့၏ ထောင့်နေရာတိုင်းမှ ကျယ်လောင်စွာ ထွက်ပေါ်လာသည်။

ဤသည်မှာ မရေတွက်နိုင်သော မွန်းစတားများ မြို့အနီးတစ်ဝိုက်တွင် ပေါ်ပေါက်လာခြင်းကြောင့်ဖြစ်သည်။ ၎င်းတို့သည် စဉ်ဆက်မပြတ် ပေါ်ပေါက်လာရန်အတွက် တယ်လီပို့စနစ်ဖွဲ့စည်းပုံကို အသုံးပြုနေကြသည်။ မရေတွက်နိုင်သော ဝေဟင် မွန်းစတားများသည် ကောင်းကင်တွင် ပြည့်ကျပ်နေသည်။ ပင်လယ်နက်ထဲရှိ ကြောက်မက်ဖွယ် ဧရာမ သားရဲများပင်ရှိနေ၍ ၎င်းတို့သည် ကုန်းမြေပေါ်တွင် ပြေးလွှားနေလေသည်။ ၎င်းတို့သည်လည်း ထပ်တူကြောက်မက်ဖွယ်ကောင်းလှသည်။

ဤမွန်းစတားများသည် တောင်များ ပင်လယ်များကဲ့သို့ များပြားလာရာ၊ အရေအတွက်မည်မျှ ရှိနေသည်ကို မည်သူမျှ အတိအကျ မသိနိုင်ပေ။ ခန့်မှန်းခြေ အကြမ်းဖျင်းအားဖြင့်၊ ကောင်းကင်နှင့် မြေကြီးကို ဖုံးလွှမ်းနေသည့် ကြောက်မက်ဖွယ် သားရဲပေါင်း သန်းရာနှင့်ချီ၍ ရှိနေပြီဖြစ်သည်။

မြို့၏ အချက်ပေးသံများ ထွက်ပေါ်လာသည်နှင့် အဆောက်အဦးများထဲမှ လူတိုင်း ပြေးထွက်လာကြသည်။ သာမာန်လူများသည် ရဲများနှင့် စစ်တပ်များ၏အကူအညီဖြင့် မြို့အနှံ့ ပြန့်ကျဲနေသော မြေအောက်စခန်းများဆီသို့ ဝင်ရောက်ခိုလှုံလိုက်ကြသည်။ ထိုအချိန်တွင် အထူးစစ်ဆင်ရေးဌာနချုပ်တွင်ရှိနေသော သမ္မတကြီးက ရုတ်တရက် ထရပ်လိုက်သည်။ သူ့နံဘေးရှိ အရာရှိများနှင့် အစောင့်အကြပ်များက ထိတ်လန့်နေကြသည်။

"ခိုလှုံရာဌာနကို မြန်မြန်သွားကြရအောင်လား သမ္မကြီး" ကျန်းယွမ်ပင်က အလျင်အမြန် အကြံပြုလိုက်သည်။

"မသွားဘူး။ ဒီနေရာသာ မလုံခြုံရင် ခွန်းလွန်မြို့မှာ ဘေးကင်းတဲ့ နေရာရှိပါတော့မလား။ ကျုပ်က ကျင့်ကြံမှုတွေကို ဆုံးရှုံးသွားပေမယ့် ဒုက္ခိတတစ်ယောက် မဟုတ်ဘူး” သမ္မတကြီးက အခိုင်အမာ ငြင်းဆိုလိုက်သည်။

သမ္မတကြီးသည် ကျန်းယွမ်ပင်နှင့် အခြားသူများကို ငြင်းဆန်လိုက်သည်။ သူ၏လက်ရှိကျင့်ကြံမှုအရ၊ သူ့တွင် ကျင့်ကြံမှုအဆင့်များ မရှိတော့သော်လည်း သူ၏တိုက်ခိုက်ရေးစွမ်းအင်များ လုံးလုံးလျားလျား ဆုံးရှုံးသွားသည်ဟု မဆိုလိုပေ။ သာမာန်နတ်အဆင့်များသည် သူနှင့် မယှဉ်ပြိုင်နိုင်သေးပေ။

“သူ ဘယ်တော့ ပေါ်လာမလဲဆိုပြီး ကျုပ် သိချင်နေခဲ့တာ။ သူ နတ်ဆိုးတွေနဲ့ အဏ္ဏဝါမျိုးနွယ်စုတွေကို ဆက်သွယ်ဖို့သွားခဲ့ပုံပဲ"

သမ္မတကြီးသည် ကမ္ဘာတစ်ဝှမ်းမှ သတင်းအချက်အလက်များကို လျင်မြန်စွာ လက်ခံရရှိခဲ့၍ ဂြိုလ်တုမှရရှိလာသော ပုံရိပ်များကို ဖန်သားပြင်ပေါ်တွင် မြင်တွေ့ခဲ့ရသည်။ သူ၏ တွက်ချက်မှုများအရ၊ လွန်ခဲ့သော တစ်လခွဲခန့်က ပြန်လည်သက်သာလာသင့်သည့် နတ်ဘုရားသည် နောက်ထပ် တစ်လခွဲအကြာ၌သာ ပေါ်ထွန်းလာခဲ့ကြောင်း နောက်ဆုံးနားလည်သွားသည်။ နတ်ဘုရားသည် အဏ္ဏဝါမျိုးနွယ်စုများနှင့် နတ်ဆိုးများကို ဆက်သွယ်ရန် သွားခဲ့ပုံပေါ်သည်။

အနန္တနတ်ဆိုးတောင်တန်းနှင့် အဏ္ဏဝါမျိုးနွယ်စုမဟာမိတ်တို့သည် ပြည်ထောင်စုကို ဝိုင်းရန်ခဲ့ကြသော်လည်း နတ်ဆိုးများနှင့် အဏ္ဏဝါမျိုးနွယ်စုများကြားတွင် ရန်လိုမှုမျိုးမရှိဘူးဟု မဆိုလိုပေ။ အမှန်မှာ ၎င်းမျိုးနွယ်စုနှစ်ခုကြားတွင် ရန်သူအမြောက်အမြားရှိနေဆဲဖြစ်သည်။ ၎င်းတို့ကို စည်းလုံးညီညွတ်အောင် ပြုလုပ်နိုင်သူ လိုအပ်နေခြင်းသာဖြစ်သည်။ နတ်ဘုရားသည် ၎င်းတို့ကို ခြိမ်းခြောက်ခြင်းသော်လည်းကောင်း သွေးဆောင်ခြင်းသော်လည်းကောင်း အောင်မြင်သည်အထိ ပြုလုပ်နိုင်ခဲ့သည်။

“သိပ်ကောင်းတဲ့ အစီအစဉ်ပါလား"

သမ္မတကြီးသည် နတ်ဘုရား၏ အကြံအစည်များကို နားလည်ထားသည်။ ပြည်ထောင်စုသည် နတ်ဘုရားကို ထိခိုက်ရန် ခက်ခဲသော်လည်း ခွန်းလွန်မြို့၏ လက်ရှိ ကာကွယ်ရေးအဆင့်အရဆိုလျှင် သူ တစ်ယောက်တည်းရှိနေပါက၊ နတ်ဘုရားပင် ၎င်းတို့ကို တိုက်ခိုက်နိုင်မည် မဟုတ်ပေ။ ၎င်းတို့၏ တန်ဖိုးကြီးလက်နက်မျိုးစုံကို တစ်ပြိုင်နက်တည်း ပစ်ခတ်မှုဖြင့်ဆိုလျှင် နတ်ဘုရားသာ ပြည်ထောင်စု၏ ခဲယမ်းမီးကျောက်များကို စမ်းသပ်ကြည့်ရန် မရည်ရွယ်ထားပါက တစ်လက်မပင် ရွေ့လျားရန် ခက်ခဲပေလိမ့်မည်။

ယခုမူကား ခွန်းလွန်မြို့၏ ကာကွယ်ရေးစနစ်အများစုကို ထိန်းချုပ်ထားနိုင်သည့် နေရာတိုင်းတွင် မွန်းစတားများနှင့် ပင်လယ်သားရဲများရှိနေပြီဖြစ်သည်။ သမ္မတကြီးသည် အပေါ်သို့ မော့ကြည့်လိုက်သောအခါ ခွန်းလွန်မြို့၏ အထက်တွင် ပျံဝဲနေသော ပုံရိပ်တစ်ခုကို တွေ့ရှိလိုက်ရသည်။ မြို့တော်သည် လျင်မြန်စွာ တုံ့ပြန်လာခဲ့၍ မီးတောက်ရှည် ဒုံးကျည်များဖြင့် ထိုပုံရိပ်ကို ပစ်ခတ်လိုက်ကြသည်။

သို့သော် ဤလူသည် အလွန် လျင်မြန်ပေသည်။ ဒုံးကျည်များသည် ဝေဟင်ထဲတွင် ပေါက်ကွဲသွားခဲ့သော်လည်း သူနှင့် လုံးလုံးလျားလျားပင် မနီးကပ်နိုင်ခဲ့ပေ။ ၎င်းတို့သည် နည်းဗျူဟာမြောက် နျူကလီးယားဗုံးငယ်များကို တစ်လုံးပြီးတစ်လုံး ပစ်လွှတ်နေသည်။ ထိုကဲ့သို့သော နျူကလီးယားဗုံးများသာ နတ်အဆင့်ရှိ ကျွမ်းကျင်သူများကို ပြင်းထန်စွာ ဒဏ်ရာရစေနိုင်သည်။ သို့သော် နျူကလီးယားဗုံးများကို လျင်မြန်စွာ ပစ်လွှတ်ခဲ့သော်လည်း နတ်ဘုရားကို မထိခိုက်နိုင်ခဲ့ပေ။

ဘုံး

ဘုံး

ဘုံး

နေရာတိုင်းတွင် ကြောက်မက်ဖွယ် တိုက်ခိုက်မှုများရှိနေသည်။ နတ်ဘုရား လှုပ်ရှားလိုက်သည့်အခါတိုင်း၊ မြို့၏ ကြီးမားသော ခံစစ်အတားအဆီး ဧရိယာသည် ဖျက်ဆီးခံနေရသည်။ နတ်ဘုရားသည် နျူကလီယားဗုံးငယ်များကို ရှောင်တိမ်းနေချိန် မြို့တော်၏ ကာကွယ်ရေးစနစ်ကို တိုက်ခိုက်ရန် အချိန်ရရှိနေသေးသည်။ နျူကလီးယားပေါက်ကွဲမှုများ၏ စွမ်းအင်သည် အလွန်ကြီးမားသောကြောင့် အနီးနားရှိ ဝေဟင် မွန်းစတားများအားလုံးကို သုတ်သင်နိုင်ခဲ့သော်လည်း ၎င်းဗုံးများသည် နတ်ဘုရားကို မည်သို့မျှ ထိခိုက်အောင် မလုပ်ဆောင်နိုင်သေးပေ။

တစ်ခုသည် နည်းပညာ၏ အမြင့်ဆုံးအောင်မြင်မှုကို ကိုယ်စားပြု၍ ကျန်တစ်ခုသည် သိုင်းပညာ၏ အသန်မားဆုံး ဖြစ်တည်မှုကို ကိုယ်စားပြုသည်။ အထူးစစ်ဆင်ရေးဌာနအတွင်းရှိ လူများစွာ၏အမူအရာများ ပို၍ ဆိုးရွားလာလာသည်။ နတ်ဘုရားသည် အထူးစစ်ဆင်ရေးဌာနများထံ ချဉ်းကပ်လာစဉ် တိုက်ခိုက်မှုများကို ရှောင်တိမ်းနေကြောင်း ၎င်းတို့ မြင်တွေ့နိုင်သည်။ သူသည် အထူးစစ်ဆင်ရေးဌာန၏ ဖြစ်တည်မှုအကြောင်း အချိန်အတော်ကြာ သိရှိထားကြောင်း သိသာထင်ရှားသည်။

ယခုအချိန်တွင် အထူးစစ်ဆင်ရေးဌာနတွင် အရေးပါသော ပုဂ္ဂိုလ်နှစ်ဦးရှိနေသည်။ တစ်ဦးသည် ပြည်ထောင်စု၏ သမ္မတကြီးဖြစ်၍ ကျန်တစ်ဦးသည် အနာဂတ်သမ္မတကြီးအဖြစ် သတ်မှတ်ခံထားရသော ချူးယွင်ဖန်းဖြစ်သည်။ အကယ်၍ ၎င်းတို့နှစ်ဦးစလုံး တစ်ခုခုမှားယွင်းသွားပါက ပြည်ထောင်စုကြီး လုံးလုံးလျားလျား ပျက်ဆီးသွားခြင်းနှင့် ညီမျှပေလိမ့်မည်။ ရုတ်တရက်ဆိုသလိုပင် အထူးစစ်ဆင်ရေးဌာနအတွင်းမှ ပုံရိပ်တစ်ခု ထွက်ပေါ်လာကာ နတ်ဘုရား၏ ဦးတည်ရာသို့ ချီတက်သွားလေသည်။ ထိတ်လန့်တုန်လှုပ်ဖွယ်ကောင်းသော ဓားအလင်းရောင်တစ်ခု ထွက်ပေါ်လာကာ နတ်ဘုရား၏ ဦးတည်ရာသို့ ခုတ်ပိုင်းလိုက်သည်။

ဘန်း

နတ်ဘုရားသည် လက်ကို ပေါ့ပေါ့ပါးပါး ဝှေ့ယမ်းခြင်းဖြင့် ၎င်းဓားအလင်းရောင်ကို လေထုထဲတွင် ဖောက်ခွဲပစ်လိုက်သည်။ တောင်တစ်စင်းကိုပင် ဖျက်ဆီးနိုင်သည့် ဓားအလင်းရောင်သည် နတ်ဘုရားအရှေ့တွင် အလွန်အားနည်းလွန်းသည့်အပြင် သူ့ကို အနည်းငယ်မျှ ခြိမ်းခြောက်မှုမပြုလုပ်နိုင်ပေ။ သို့သော် ၎င်းသည် နတ်ဘုရား၏ ချီတက်မှုကို ရပ်တန့်သွားစေ၍ ရှေ့မတိုးနိုင်စေရန် တားဆီးထားလိုက်သည်။

ဤအချိန်တွင် လူတိုင်းသည် နတ်ဘုရား၏ အသွင်အပြင်ကို ရှင်းရှင်းလင်းလင်း မြင်တွေ့လိုက်ရသည်။ ၎င်းသည် ဆံပင်ဖြူဖြူနှင့် ကျန်းမာသော အသားအရေမျိုးရှိသည့် အဘိုးအိုတစ်ယောက်ဖြစ်သည်။ သူသည် အဖြူရောင် ဘုန်းတော်ကြီး ၀တ်စုံကို ဝတ်ဆင်ထား၍ အလွန်တရာ ကျက်သရေရှိလှသည်။ သို့သော် သူ့တွင် သာမန်လူများ စိတ်ကူးမယဉ်နိုင်သည့် စွမ်းအင်များရှိနေသည်။ သူသည် ကောင်းကင်နှင့်မြေကြီးကြားတွင် တည်ရှိနေသော်လည်း ထင်ယောင်ထင်မှားဖြစ်တည်မှုဟုလည်း ခံစားချက်မျိုးရရှိစေသည်။

"မင်းကို" နတ်ဘုရားသည် သူ့အရှေ့ရှိ အမျိုးသမီးကို အေးစက်စွာ စိုက်ကြည့်သည်။ သူမသည် တန်စီယုမှလွဲ၍ မည်သူဖြစ်နိုင်မည်နည်း။

သူသည် တန်စီယုနှင့် ပတ်သက်၍ မသိရှိထားခြင်းဟုပေ၊ သို့သော် သူမသည် ရွှေအမတေအဆင့်သို့ ခြေလှမ်းတစ်ဝက် ဝင်ရောက်နေမည်ဟု မျှော်လင့်မထားခဲ့ပေ။ နတ်ဘုရားသည် အနည်းငယ် ထိတ်လန့်သွားသော်လည်း တန်စီယုကို အလေးအနက်မထားခြင်း မရှိပေ။

"ပြည်ထောင်စုမှာ ချူးယွင်ဖန်းအပြင် မင်းလိုလူမျိုး ရှိနေဦးမယ်လို့ ကျုပ် မထင်ထားဘူး။ မင်းကို အချိန်အတိုင်းအတာတစ်ခုသာ ပေးမိရင် ရွှေအမတေအဆင့်ကို တကယ် ဝင်ဖို့အခွင့်အရေးရသွားနိုင်တယ်၊ ဒါပေမယ့် ကျုပ် မင်းကို အဲ့ဒီအခွင့်အရေး ပေးမှာမဟုတ်ဘူး" နတ်ဘုရားက ဘာသိဘာသာ ပြောလိုက်သည်။

"ဒီနေ့ ရှင် ဒီနေရာကို ချဉ်းကပ်ချင်ရင် ကျွန်မကို အရင်သတ်နိုင်မှရလိမ့်မယ်" သူမ အရှေ့ရှိ လူသည် ရွှေအမတေအဆင့်သို့ ရောက်ရှိနေပြီဖြစ်သော်လည်း တန်စီယုက ခေါင်းမာစွာ ပြောလိုက်သည်။

သူမတွင် အခြားသော ရွေးချယ်စရာဟူ၍ မရှိမှန်း သူမ သိနေသည်။ သမ္မတကြီးသည် သူ၏ ကျင့်ကြံမှုအဆင့်များ လုံးလုံးလျားလျား ယိုယွင်းသွားခဲ့သည်။ သူမမှလွဲလျှင် ခွန်းလွန်နယ်မြေရှိ မည်သူတစ်ဦးတစ်ယောက်ကမျှ နတ်ဘုရားကို တားဆီးနိုင်မည် မဟုတ်ပေ။

"မင်းက ကျုပ်ကိုတားမယ်တဲ့လား" နတ်ဘုရားက လှောင်ရယ်လိုက်ပြီးနောက် သူ၏ ကြီးကျယ်ခမ်းနားသော အရောင်အဝါများဖြင့် ချက်ခြင်း တိုက်ခိုက်လိုက်သည်။

All Chapters