← Chapters

ဆရာဝန် ချူးယွင်ဖန်း

Vol. 77 Ch. 1155

ဆရာဝန် ချူးယွင်ဖန်း

Vol. 77 Ch. 1155

နာရီဝက်ခန့်ကြာသောအခါ အခန်းထဲသို့ လှပသော အမျိုးသမီးနှစ်ဦး ရောက်ရှိလာကြသည်။ ပြီးနောက် ၎င်းတို့သည် ချူးယွင်ဖန်းအရှေ့တွင် ထိုင်လိုက်ကြသည်။

"တောင်းပန်ပါတယ် ကျွန်မတို့နောက်ကျသွားတယ်" စီတုမြောင်ယီသည် ချူးယွင်ဖန်းကိုကြည့်၍ ပြောလိုက်သည်။

ချူယွင်ဖန်းသည် တစ်နာရီကြာမျှ စောင့်ဆိုင်းခဲ့ရသော်လည်း စိတ်ဆိုးနေပုံမပေါ်သောကြောင့် သူမကို အံ့အားသင့်သွားစေသည်။ မှန်သည်၊ သူမသည် ရည်ရွယ်ချက်ရှိရှိ နောက်ကျခဲ့ခြက်းဖြစ်သည်။ သူမသည် ချူးယွင်ဖန်းကို ဒေါသထွက်သည်အထိ ရန်ဆွချင်ခဲ့သည်၊ ထိုမှသာ ၎င်းတို့အချင်းချင်း ခိုက်ရန်ဖြစ်ပွားကာ လမ်းခွဲနိုင်ပေလိမ့်မည်။ သို့သော် ချူးယွင်ဖန်းက မတုန်မလှုပ်ဖြစ်နေလိမ့်မည်ဟု မည်သူသိမည်နည်း။

"ကိစ္စမရှိပါဘူး" ချူးယွင်ဖန်းသည် စီတုမြောင်ယီကို လှည့်ကြည့်၍ ခပ်ဖျော့ဖျော့ ပြုံးပြလိုက်သည်။

သူသည် စီတုမြောင်ယီ၏ အတွေးများကို အလွန်လွယ်ကူစွာ မြင်တွေ့နိုင်သည်။ ဤသည်မှာ ကလေးမလေးတစ်ဦး၏ အတွေးအမြင်များသာဖြစ်သည်။ ချူးယွင်ဖန်းသည် သူမထက် နှစ်အနည်းငယ်မျှသာ အသက်ကြီးသော်လည်း သူတွေ့ကြုံခဲ့ရသည့်အရာများသည် စီတုမြောင်ယီ စိတ်ကူးယဉ်နိုင်မည့် အရာမျိုးမဟုတ်ပေ။ ချူးယွင်ဖန်း၏မျက်လုံးများတွင် သူမ၏လှည့်ကွက်များသည် ကလေးတစ်ဦး သောင်းကျန်းနေခြင်းမျှသာဖြစ်ပေသည်။

"ဒါက ကျွန်မသူငယ်ချင်း အန်းရှို့ရှို့" စီတုမြောင်ယီက သူမ နံဘေးရှိ အန်းရှို့ရှို့ကို မိတ်ဆက်ပေးလိုက်သည်။

ချူးယွင်ဖန်းသည် အန်းရှို့ရှို့ကို တစ်ချက်ကြည့်လိုက်သောအခါ အနည်းငယ် အံ့ဩသွားလေသည်။ အန်းရှို့ရှို့သည် သူ့ထက် နှစ်အနည်းငယ်သာ ငယ်ရွယ်ပုံပေါ်သော်လည်း သူမသည် နတ်အဆင့်သို့ ဝင်ရောက်နေပြီဖြစ်သည်။ သူနှင့် တန်စီယုကဲ့သို့လအထူးခြားသော အခြေအနေမျိုးအပြင် အသက်နှစ်ဆယ်အရွယ်တွင် နတ်အဆင့်သို့ ဝင်ရောက်နိုင်ခြင်းသည် ပြည်ထောင်စုတွင်ပင် စိတ်ကူးမယဉ်နိုင်သော အံ့ဖွယ်ဖြစ်ရပ်မျိုးဖြစ်သည်။ ချူးယွင်ဖန်း မပေါ်လာမီတွင် ပြည်ထောင်စု၏ နတ်အဆင့်များသည် ယေဘူယျအားဖြင့် ဆယ်စုနှစ် သို့မဟုတ် နှစ်ပေါင်းတစ်ရာကျော်သော အသက်အရွယ်များတွင်သာ ထိုအဆင့်သို့ တက်ရောက်နိုင်ကြသည်။

အသက်နှစ်ဆယ်အရွယ် နတ်အဆင့်၏ အလားအလာနှင့် အသက်တစ်ရာအရွယ်ရှိ နတ်အဆင့်တို့၏ အလားအလာသည် ကမ္ဘာတစ်ခုမျှ ကွာခြားနေခြင်းကို ပြောပြရန်ပင် မလိုပေ။ ထိုသို့သော ပုဂ္ဂိုလ်မျိုးကို ပြည်ထောင်စုတွင် နှစ်ရာနှင့်ချီလျှင်ပင် တွေ့ရှိရန် ခဲယဥ်းပေသည်။ သို့သော် သူသည် ဤနေရာ၌ အမှန်တကယ် တွေ့ဆုံခဲ့ရသည်။ ဝိညာဉ်နယ်မြေ၏ သိုင်းတာအို ဖွံ့ဖြိုးတိုးတက်မှုသည် ပြည်ထောင်စုထက် အနည်းဆုံးလျှင် အဆင့်တစ်ဆင့်မျှ အားကောင်းသန်မာနေသည်။

အန်းရှို့ရှို့သည် ချူးယွင်ဖန်းကို တစ်ချက်ကြည့်လိုက်ပြီးနောက် အနည်းငယ်ထူးဆန်းနေသည်ဟု ခံစားလိုက်ရသည်။ သူသည် ကြည်လင်သော နွေဦး၏ ခံစားချက်မျိုး ရှင်းလင်းစွာ ပေးစွမ်းနေသည်။ သူမသည် နွေဦး၏အောက်ခြေကို တစ်ချက်တည်းဖြင့် မြင်တွေ့နိုင်သည်။ သူ့တွင် မည်သည့်ကျင့်ကြံမှုမျှ မရှိသင့်သော်လည်း သူမ မမြင်တွေ့နိုင်သော အလွှာတစ်ခုရှိနေသည်။ ဤဖြစ်စဥ်သည် သူမကို အလွန်ထူးဆန်းသော ခံစားချက်မျိုး ပေးစမ်းစေသည်၊ သို့သော် ၎င်းကြောင့် ချူးယွင်ဖန်းသည် ကောလဟာလများအတိုင်း အသုံးမကျသူ မဟုတ်ကြောင်း သေချာသွားစေသည်။

သူ့တွင် ကျင့်ကြံမှုအဆင့်မရှိသော်လည်း ဖော်လံဖားသူ မဟုတ်သည့်အပြင် မောက်မာသူလည်း မဟုတ်ပေ။ သူ့အရှေ့တွင် ထိုက်တောင်တောင်ပြိုကျလျှင်ပင် မျက်နှာအမူအရာ မပြောင်းလဲနိုင်သည့် စိတ်ဓာတ်မျိုးရှိပုံပေါ်သည်။ သူသည် တစ်နာရီကျော်ကြာ စောင့်ခဲ့ရသော်လည်း တည်ငြိမ်အေးဆေးစွာ ပြုမူနိုင်ခဲ့သည်။ ဤသည်မှာ သာမန်လူတစ်ယောက် ပြုလုပ်နိုင်သည့်အရာမျိုး မဟုတ်ပေ။

"ဒဲ့ပဲပြောကြရအောင်။ ကျုပ်တို့နှစ်ယောက်လုံး ဒီမှာကြင်ဖက်တွေ့ဖို့ တွန်းအားပေးခံခဲ့ရတဲ့အပြင် ကြည့်ရတာ ခင်ဗျားလည်း ကျုပ်ကို စိတ်ဝင်စားပုံမပေါ်ဘူး။ ဒီလိုဆိုရင် ကွက်တိပဲလေ၊ အားလုံးလည်း အဆင်ပြေသွားတာပေါ့’’ ချူးယွင်ဖန်းက ဘာသိဘာသာ ပြောလိုက်သည်။

"ကောင်းပြီ၊ ရှင်က တော်တော်လေး ရိုးသားသားပဲ" စီတုမြောင်ယီက ခေါင်းညိတ်ပြလိုက်သော်လည်း သူမစိတ်ထဲတွင် အနည်းငယ် ထူးဆန်းနေသကဲ့သို့ ခံစားလိုက်ရသည်။ ချူးယွင်ဖန်း၏ သူမကို အနှောက်အယှက်မပေးလိုသော အပြုအမူသည် အကောင်းဆုံးရလဒ်ဖြစ်သော်လည်း သူသည် သူမကို မျက်နှာချင်းဆိုင်၍ပင် သေချာ မကြည့်သောကြောင့် အနည်းငယ် မယုံကြည်နိုင်ဖြစ်နေခဲ့သည်။ ချူးယွင်ဖန်းသာ သူမ၏ စိတ်အခြေအနေကို သိခဲ့လျှင် ရယ်ရမဲ့မဲ့ ငိုရမဲ့မဲ့ ဖြစ်နေပေလိမ့်မည်။

"ရှင်က ဘာမှအသုံးမကျတဲ့လူဆိုပြီး အပြင်မှာ လူတွေက ကောလဟာလတွေ ဖြန့်နေကြတယ်၊ ဒါပေမယ့် အခုကြည့်ရတာ ကောလဟာလတွေက မယုံရလောက်ဘူးထင်တယ်" အန်းရှို့ရှို့က ပြောလိုက်သည်။ သူမသည် ချူးယွင်ဖန်း စကားပြောနေချိန်တွင် စိုက်ကြည့်နေခဲ့သောကြောင့် သူသည် ကြိုးရှည်ရှည်လှန်ဆွဲ၍ မျက်နှာရရန် ကြိုးစားနေခြင်း မဟုတ်ကြောင်း သူမ သေချာသိနေသည်။

"မင်းရဲ့ ကျင့်ကြံမှုလည်း မဆိုးပါဘူး။ တကယ့်ကို အထင်ကြီးစရာပါပဲ" ချူးယွင်ဖန်းက ပြုံး၍ပြောလိုက်သည်။

"ရှင် မြင်နိုင်တယ်လား" အန်းရှို့ရှို့သည် ချူးယွင်ဖန်းကို အံ့အားသင့်စွာ ကြည့်လိုက်သည်။ သူမ၏ထင်မြင်ယူဆချက်အရ ချူးယွင်ဖန်းသည် သူမ၏အခြေအနေကို မြင်တွေ့ရန် မဖြစ်နိုင်ပေ။

"နည်းနည်းတော့ ပြောနိုင်ပါတယ်" ချူးယွင်ဖန်းသည် လက်ဖက်ရည်သောက်လျက် ပြောလိုက်သည်။

"ခင်ဗျားကို ကျော်ကြားတဲ့ ဆရာတစ်ယောက်က လမ်းညွှန်ခဲ့တာ ဖြစ်ရမယ်။ ခင်ဗျားက တော်တော်လေး ငယ်သေးပေမယ့် နတ်အဆင့်ကို ရောက်နေပြီ၊ ဒါက လူတိုင်းလုပ်နိုင်တဲ့အရာ မဟုတ်ဘူး"

အန်းရှို့ရှို့၏ မျက်နှာတွင် အံ့အားသင့်နေသော အမူအရာမျိုး ပေါ်ပေါက်လာသည်။ ချူးယွင်ဖန်းသည် သူမ၏ အခြေအနေကို အမှန်တတကယ် မြင်နိုင်လိမ့်မည်ဟု သူမ မမျှော်လင့်ထားခဲ့ပေ။

"ဒါပေမယ့်..." ချူးယွင်ဖန်းက ဆက်ပြောလိုက်သည်။

"ဒါပေမယ့် ဘာဖြစ်လဲ" အန်းရှို့ရှို့က အလျင်အမြန် မေးမြန်းလိုက်သည်။ ချူးယွင်ဖန်းသည် ကောလာဟလများကဲ့သို့ မဆိုးလှကြောင်း သူမ ခံစားမိသောကြောင့် သူ ဆက်ပြောမည့်စကားကို သိချင်နေမိသည်။

"ဒါပေမယ့် ခင်ဗျားရဲ့ နောက်ကျောက မင်မန်နဲ့ ထျန်ကျုံးအကြောတွေက ညဘက်တွေမှာ နာကျင်လာတတ်တယ် မဟုတ်လား" ချူးယွင်ဖန်းက ပြောလိုက်သည်။

"ရှင် ဘယ်လိုသိတာလဲ" အန်းရှို့ရှို့က အံ့အားသင့်သွားသည်။ သူမသည် ဤအကြောင်းကို အခြားလူများထံ မပြောပြဖူးသော်လည်း ချူးယွင်ဖန်းက မည်သို့ကြောင့် သိနေခြင်းဖြစ်သနည်း။ ဘေးတွင်ထိုင်နေသော စီတုမြောင်ယီသည်လည်း ထိတ်လန့်သွားသည်။ ချူးယွင်ဖန်းသည် အန်းရှို့ရှို့၏အာရုံကို ဆွဲဆောင်ရန်အတွက် ဤသို့သော နည်းပရိယာယ်မျိုး အသုံးပြုနေခြင်းဖြစ်သည်ဟု သူမ ထင်မှတ်လိုက်သည်။

သူမသည် အလွန် မကျေမနပ်ဖြစ်သွားမိသည်။ ချူးယွင်ဖန်းသည် သူမကို လုံးလုံးလျားလျား ဂရုမစိုက်သော်လည်း အန်းရှို့ရှို့ကို အလွန်စိတ်ဝင်စားနေပုံပေါ်သည်။ ဤဖြစ်စဥ်သည် ကိုယ့်ကိုယ်ကို အမြဲတမ်း အထင်မြင်ကြီးလေ့ရှိသော သူမကို အလွန် မကျေမနပ်ဖြစ်စေသည်။ သို့သော် ချူးယွင်ဖန်းပြောသည့်စကားနှင့် အန်းရှို့ရှို့၏ တုံ့ပြန်မှုအရ သူမသည် ထိုအကြောင်းအရာများကို အမှန်အတိုင်းပြောနေခြင်းဖြစ်ကြောင်း သိသာထင်ရှားသည်။ ဤလူ၏ စကားများသည် အမှန်တရားများဖြစ်လေသလော။

"ခင်ဗျားက မီးလျှံဖွဲ့စည်းပုံနဲ့ မွေးဖွားလာတာ၊ ဒါကြောင့် ခင်ဗျားရဲ့သိုင်းပညာလမ်းကြောင်းကို လမ်းညွှန်ပေးတဲ့လူက မီးစွမ်းအင်ကျင့်ကြံနည်းကို ရွေးပေးသင့်တာ။ ဒါက ပုံမှန်ဆိုရင်တော့ ကိစ္စမရှိပါဘူး။ ကျင့်ကြံမှုနိမ့်နေတဲ့အချိန်မှာ သိပ်အရေးမကြီးဘဲ ကျင့်ကြံမှုတွေတောင် ပိုပြီးမြန်မြန်ဆန်ဆန် တိုးတက်လာနိုင်မယ်။ ဒါပေမယ့် နတ်အဆင့်ကို ရောက်သွားရင်တော့ ပြဿနာရှိလာလိမ့်မယ်" ချူးယွင်ဖန်းက ခေါင်းခါ၍ ပြောလိုက်သည်။

"တသီးခြား ရင်စွမ်းအင်ရော ယန်စွမ်းအင်ပါ မကြီးထွားနိုင်ဘူးဆိုတဲ့ နိယာမကို ခင်ဗျား ကြားဖူးလား။ ခင်ဗျားက ယောက်ျားလေးဆိုရင် ကိစ္စမရှိပေမယ့် အခု ခင်ဗျားက မိန်းကလေးဆိုတော့ ဒီလိုမျိုး ပြင်းထန်တဲ့ နည်းစနစ်ကို ကျင့်ကြံနေတော့ ခင်ဗျား မကြာခင်မှာ ပြဿနာနဲ့ ကြုံရလိမ့်မယ်"

အန်းရှို့ရှို့သည် ထိုအချိန်တွင် မျှော်လင့်ချက်သိပ်မထားဘဲ နားထောင်ရုံမျှသာ နားထောင်နေသည်။ မည်သို့ပင်ဆိုစေကာမူ၊ သူမ၏ ဤပြဿနာသည် နတ်အဆင့်သို့ ရောက်ရှိကတည်းက ပေါ်ပေါက်လာခြင်းဖြစ်သည်။ သူမသည် ဆေးပညာစာအုပ်များစွာကို ရှာဖွေခဲ့သော်လည်း ယင်းပြဿနာကို မည်သည်ကမျှ မဖြေရှင်းနိုင်ခဲ့ပေ။

သူမသည် ဆရာဝန်အချို့ကိုပင် သီးသန့်ဆွေးနွေးတိုင်ပင်ခဲ့သော်လည်း ပြဿနာကို ရှာမတွေ့ခဲ့ဘဲ ချူးယွင်ဖန်းသည် ၎င်းကို တစ်ချက်တည်းကြည့်ရုံဖြင့် သိရှိခဲ့သည်။ ယင်းဖြစ်စဉ်ကြောင့် ချူးယွင်ဖန်းသည် ၎င်းပြဿနာကို ဖြေရှင်းရန် နည်းလမ်းရှိနေနိုင်ကြောင်း သူမ သဘောပေါက်သွားသည်။ ချူးယွင်ဖန်းသည် ဆရာဝန်တစ်ဦးမဟုတ်သော်လည်း ဆေးဧကရာဇ်၏ မှတ်ဉာဏ်များကို အမွေဆက်ခံပြီးနောက် သူ၏ အသိပညာသည် သာမာန်လူများ စိတ်ကူးမယဉ်နိုင်သည်အထိ ကြွယ်ဝလှကြောင်း သူမ မသိခဲ့ပေ။

ဆရာဝန်ကောင်းတစ်ဦးသည် ဆေးပညာရှင်ကောင်းတစ်ဦးဟု မဆိုလိုနိုင်ပေ။ သို့သော် ဆေးပညာရှင်ကောင်းတစ်ဦးသည်လကျော်ကြားသော ဆရာဝန်တစ်ဦးဖြစ်လာနိုင်သည်။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့သည် ဆေးလုံးများကို လူများ သောက်သုံးရန် ရည်ရွယ်ချက်ဖြင့် ဖော်စပ်ထားသောကြောင့်ဖြစ်သည်။ လူ့ခန္ဓာကိုယ်ကို လုံလောက်စွာ နားမလည်ပါက၊ ဆေးလုံးများသည် လူများကို သေဆုံးသွားစေနိုင်သည်။

ဆေးဧကရာဇ်သည် ၎င်းဆေးပညာရှင်များအနက် အကောင်းဆုံးဖြစ်သည်။ သူ၏ဘဝတစ်လျှောက်တွင် ဆေးများကို ဖော်စပ်ရုံမျှသာမကဘဲ မရေတွက်နိုင်သော ကျွမ်းကျင်သူများ၏ ထူးဆန်းသောရောဂါများကိုလည်း ကုသပေးခဲ့သည်။ ထိုထူးဆန်းသော ရောဂါများနှင့် နှိုင်းယှဉ်ပါက၊ အန်းရှို့ရှို့၏ပြဿနာသည် အလွန် သေးငယ်လှသည်။

၎င်းအကြောင်းအရာများကို အန်းရှို့ရှို့က အသေးစိတ် မေးမြန်းခါနီးတွင် ချူးယွင်ဖန်းက ရုတ်တရက် မေးမြန်းလိုက်သည်။

"ဒီတလော ခင်ဗျားတို့နှစ်ယောက် စော်ကားခဲ့တဲ့လူရှိလား"

"ဟင့်အင်း၊ မရှိပါဘူး" ချူးယွင်ဖန်းက မည်သို့ကြောင့် ဤမေးခွန်းကို မေးမြန်းနေသည်ကို သူမ နားမလည်သော်လည်း စီတုမြောင်ယီက ခေါင်းခါလိုက်သည်။ ထိုအခါ အန်းရှို့ရှို့သည်လည်း ခေါင်းခါပြလာသည်။

"ခင်ဗျားတို့နှစ်ယောက်လုံး မဟုတ်ဘူးဆိုတော့ ခင်ဗျားတို့လူကြီးတွေပဲဖြစ်ရမယ်" ချူးယွင်ဖန်းသည် လက်ဖက်ရည်သောက်နေစဉ် ဘာသိဘာသာ ပြောလိုက်သည်။

"မိတ်ဆွေ၊ ဒီကိုရောက်နေပြီဆိုမှတော့ ထွက်လာခဲ့ပါတော့လား၊ ပြောစရာရင် ကိုယ်တိုင်ပြောလို့ မရဘူးလား"

All Chapters